← Chapters

ကျောက်တုံးကြီးတိုက်ခိုက်ရေးကမ္ဘာနတ်ဘုရားရုပ်သေး

Vol. 92 Ch. 1298

ကျောက်တုံးကြီးတိုက်ခိုက်ရေးကမ္ဘာနတ်ဘုရားရုပ်သေး

Vol. 92 Ch. 1298

ဒီကမ္ဘာနတ်ဘုရားရဲ့ကြွယ်ဝမှုက အများကြီးပိုနည်းတယ်။ သူ့မှာ အဆင့်မြင့်နတ်ဘုရားကျောက်တုံးငါးသိန်းထရီလီယံကျော်နဲ့ကမ္ဘာနတ်ဘုရားအသုံးအ‌ဆောင်ပစ္စည်ငါးခုသာရှိတယ်။ အဆင့်မြင့်ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုမှ မရှိဘဲ အလယ်ဆင့်ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့အဆင့်နိမ့်ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းလေးခုသာ ရှိတယ်။ နတ်ဘုရားဆေးလုံးတွေ၊ နတ်ဘုရားဆေးပင်တွေ၊ နတ်ဘုရားအဆောင်တွေ‌အချို့တော့ ရှိတယ်။ သူတို့အားလုံးက အခြေခံအားဖြင့် ကြယ်ခြောက်လုံးအဆင့်နိမ့်တွေပါပဲ။

ကြယ်ခြောက်လုံးနတ်ဘုရားရုပ်သေးတွေကတော့ သူ့မှာ တစ်ခုတောင် မရှိပါဘူး။

ဒီကမ္ဘာနတ်ဘုရားရဲ့ကြွယ်ဝမှုက ဆံရှည်ကမ္ဘာနတ်ဘုရားရဲ့ကြွယ်ဝမှုရဲ့တစ်ဆယ်ရာခိုင်နှုန်းတောင် မရှိပါဘူး။ အဲဒါက ငါးရာခိုင်နှုန်းပတ်လည်ပဲ ရှိ‌လောက်တယ်။

"ကြည့်ရတာ ကမ္ဘာနတ်ဘုရားတွေကြားမှာ ကြီးမားတဲ့ကွာချက်တစ်ခုရှိပုံပဲ"

ရုတ်တရက် လီဖူချန်းက ရယ်လိုက်တယ်။ ဒါ ဟုတ်တယ်လေ၊ သူ့ကိုပဲ ကြည့်ပေါ့.....

သူက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်မျှသာဖြစ်ပေမယ့် ကြွယ်ဝမှုအရ ပိုင်နက်နတ်ဘုရားအများစုထက်တောင် သာလွန်တယ်။

လူတစ်ယောက်ရဲ့ကြွယ်ဝမှုကို ကျင့်ကြံခြင်းအဆင့်က မဆုံးဖြတ်ပါဘူး၊ သူတို့ရဲ့ခွန်အားကပဲ ဆုံးဖြတ်တာပါ။

ခွန်အားပိုသန်မာလေ၊ ပိုကြွယ်ဝလေပဲ။

ဒီကမ္ဘာနတ်ဘုရားရဲ့ကြွယ်ဝမှုက မျှော်လင့်ထားသလောက်မဟုတ်ပေမယ့် လီဖူချန်းက အတော်လေး‌‌ကျေနပ်ပါတယ်။ အဆင့်မြင့်နတ်ဘုရားကျောက်တုံးငါးသိန်းထရီလီယံက အကြီးစားနဂါးအင်းကွက်ရွှေသတ္တုငါးဆယ်ကျော်နဲ့ ညီမျှတယ်လေ။

"နောက်ထပ်ကမ္ဘာနတ်ဘုရားအလောင်းလား။ သူ ဘာလို့ မသေတာလဲ။ ဘာလို့ ကမ္ဘာနတ်ဘုရားအလောင်းကို ရတာ ငါ မဟုတ်ရတာလဲ"

လီဖူချန်းက ပထမမြောက်ကမ္ဘာနတ်ဘုရားအလောင်းကို ရတုန်းက လူတိုင်းက အားကျမနာလိုခဲ့တယ်။ ဒါပေမယ့် အပေါ်ယံမှာတော့ သူတို့က သူတို့ရဲ့သမာဓိကို ထိန်းသိမ်းထားခဲ့သေးတယ်။ အခု လီဖူချန်းက ဒုတိယမြောက်ကမ္ဘာနတ်ဘုရားအလောင်းကို ရတဲ့အခါ လူတိုင်းရဲ့မနာလိုမှုက ချက်ချင်းပေါက်ကွဲထွက်လာတယ်။ သူတို့က အံကြိတ်ထားကြတယ်၊ လီဖူချန်းရဲ့ကမ္ဘာနတ်ဘုရားအလောင်းက သူတို့ပိုင်ဆိုင်ထားတာဆိုတဲ့အတိုင်းပဲ။

လီဖူချန်းက အခြားသူတွေရဲ့အတွေးကို ဂရုမစိုက်ပါဘူး၊ သူက တတိယမြောက်ကမ္ဘာနတ်ဘုရားအလောင်းကို ဆက်စောင့်နေခဲ့တယ်။

ဒီ‌တစ်ခါမှာတော့ စောင့်ရတာ တော်တော်ကြာတယ်။ တစ်လကြာပြီးမှ လီဖူချန်းက တတိယမြောက်ကမ္ဘာနတ်ဘုရားအလောင်းကို ရရှိခဲ့တယ်။

ဒီကမ္ဘာနတ်ဘုရားအလောင်းမှာ ကြွယ်ဝမှုများစွာရှိတယ်။ သူ့ရဲ့နေရာလပ်လက်စွပ်မှာ အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်သန်းထရီလီယံကျော်နဲ့အခြားရတနာတွေရှိတယ်။

လီဖူချန်းက စတုတ္ထမြောက်နတ်ဘုရားအလောင်းကို စောင့်နေစဉ်မှာပဲ အသံတစ်ခုက ပဲ့တင်ထပ်လာတယ်။

"မိတ်ဆွေလေး၊ ဒီလောက်ဆို လုံလောက်ပြီ။ လောဘမကြီးလွန်းနဲ့၊ လောဘကြီးရင် မင်းကိုယ်မင်း ကပ်‌ဘေးတွေ သယ်ဆောင်လာတတ်တယ်"

မသိလိုက်မသိဘာသာနဲ့ လှေပျက်တစ်စင်းက လီဖူချန်းအနီးနားမှာ ရွက်လွှင့်လာတယ်။ လှေပျက်ပေါ်မှာ ဝါးဦးထုပ်ကိုဆောင်းထားတဲ့အရိုးပေါ်အရေတင်လှေသမားတစ်ယောက်ပါလာတယ်။

လီဖူချန်းက မေးလိုက်တယ်"ခင်ဗျာက ဘယ်သူလဲ"

လှေသမားက ပြောလိုက်တယ်"ငါက ဒီလူသေမြစ်ကိုတာဝန်ယူရတဲ့နာမည်မရှိတဲ့လူတစ်ယောက်ပဲ"

"လူတစ်ယောက်ကို ကမ္ဘာနတ်ဘုရားလက်စွပ်သုံးကွင်းပဲ ယူခွင့်ပြုတာလား" လီဖူချန်းက မေးလိုက်တယ်။

လှေသမားက ခေါင်းခါယမ်းလိုက်တယ်"အဲလိုစည်းမျဉ်းတော့ မရှိဘူး။ မင်း ဆန္ဒရှိ‌သလောက် ကမ္ဘာနတ်ဘုရားလက်စွပ်တွေကို ဆက်ယူနိုင်တယ်။ ငါက မင်းကို လောဘမကြီးဖို့ အကြံပေးတာပဲ၊ မဟုတ်ရင် မလိုလားအပ်တဲ့ဘေးဒုက္ခတွေကို မင်းကိုယ်တိုင် ယူဆောင်လာတတ်တယ်"

ရုတ်တရက် လီဖူချန်းက ကြာပွတ်နက်ပိုင်နက်နတ်ဘုရားအုပ်ချုပ်သူနဲ့ပတ်သက်ပြီး တွေးမိကာ သူက လှေသမားကို မေးလိုက်တယ်"လိုဏ်ဂူထဲကလူကရော ကမ္ဘာနတ်ဘုရားလက်စွပ် ဘယ်လောက်ထိ ရတာလဲ"

"သုံးကွင်း" လှေသမားက ဖြေလိုက်တယ်။

"မင်း သူ့ကို ဖျောင်းဖျဖို့ ကြိုးစားခဲ့လား"

"ငါ လုပ်ခဲ့တယ်"

"ငါ နားလည်ပြီ"

လီဖူချန်းက သဘောပေါက်သွားတယ်။ ကမ္ဘာနတ်ဘုရားလက်စွပ်သုံးကွင်းကို ရပြီးနောက် ကပ်ဘေးတစ်ခု ဖြစ်လာပုံပဲ။ ဒီကပ်ဘေးကို ကာကွယ်ဖို့ မဖြစ်နိုင်ဘူး၊ ဘယ်လိုပုံစံနဲ့လာမလဲဆိုတာ မသိဘူး။

"ကောင်းပြီလေ၊ ငါ သွားတော့မယ်"

လီဖူချန်းက ဒါကို မယုံကြည်ဘူး၊ ကမ္ဘာနတ်ဘုရားလက်စွပ်တွေကို ဆက်ယူချင်ခဲ့ပေမယ့် မလိုအပ်ဘူးလို့ သူက ခံစားမိတယ်။ သူက ကြွယ်ဝမှုအလုံအလောက်ရရှိနေပြီပဲ၊ သူ့အသက်နဲ့ ကစားဖို့ မလိုအပ်တော့ပါဘူး။

အချိန်လမ်းက အလွန်အမင်းထူးဆန်းတယ်၊ သူက စိုးရိမ်ပူပန်မှုမရှိဘူးလို့ ပြောဖို့က မဖြစ်နိုင်ပါဘူး။

ထွက်သွားတာ အကောင်းဆုံးပဲ၊ ဒါက ဉာဏ်အရှိဆုံးရွေးချယ်မှုပဲ။

လီဖူချန်းက ထွက်သွားဖို့ ရည်ရွယ်ချက်ရှိတာကို မြင်ပြီး လှေသမားက တိတ်တဆိတ်ခေါင်းညိတ်လိုက်တယ်။ သူက လူတွေအများကြီးမြင်ဖူးတယ်၊ သူတို့အားလုံးက အလွန်လောဘကြီးပြီး သနားစရာကောင်းတဲ့အခြေအနေတွေနဲ့ပဲ အဆုံးသတ်သွားခဲ့ရတယ်။

လီဖူချန်းလို သူတို့ရဲ့လောဘကို ထိန်းချုပ်နိုင်တဲ့သူက အနည်းငယ်ပဲ ရှိတယ်။

အဆုံးမှာတော့ လီဖူချန်းက ထွက်လာခဲ့တယ်။

လူတိုင်းက လောဘကြီးပါတယ်၊ လီဖူချန်းကလဲ ချွင်းချက်မဟုတ်ပါဘူး။

လီဖူချန်းနေရာမှာ အခြားတစ်ယောက်ဆိုရင် သူတို့က အကြံကို လက်မခံဘဲ ကမ္ဘာနတ်ဘုရားလက်စွပ်တွေကို ဆက်ယူနေလောက်တယ်။ တကယ်တော့ လီဖူချန်းမှာ ရွှေရောင်အဆောင်ရှိပြီး သူ့ကံက အတော်လေးကောင်းနေပြီးသားပါ။ ဒီလိုအခြေအနေတွေနဲ့အတူ သူက ဘာလို့ ကပ်ဘေးကို ကြောက်ရမှာလဲ။ ကပ်ဘေးတစ်ခုရှိရင်တောင် ယခင်ကလိုပဲ သူက ရှောင်ဖယ်သွားနိုင်လိမ့်မယ်။

ဒါပေမယ့် လီဖူချန်းက အဲလိုမထင်ပါဘူး။ လူတစ်ယောက်ရဲ့ကံက လျော့နည်းလာလိမ့်မယ်လို့ သူက ခံစားရတယ်။ တစ်ယောက်ယောက်မှာ ကံတွေ ဘယ်လောက်ပဲ ရှိနေပါစေ၊ လျော့နည်းမယ့်တစ်နေ့ရှိလာပါလိမ့်မယ်။

တစ်ယောက်ယောက်က အချိန်တိုင်းမှာ အန္တရာယ်နဲ့ တွေ့နေရင် ကံလျော့နည်းမှုက ဆယ်ဆဒါမှမဟုတ်အဆတစ်ရာတိုးလာလိမ့်မယ်။ မိမိရဲ့ကံဘယ်အချိန်မှာ လျော့နည်းမလဲဆိုတာ တစ်ယောက်မှ မသိပါဘူး။

တစ်စုံတစ်ယောက်က သူတို့ရဲ့ကံကို လျင်မြန်စွာ မလျော့ကျချင်ဘူးဆိုရင် ငြိမ်ငြိမ်ပဲ နေရပါမယ်။ ဒါပေမယ့် စွန့်စားဖို့ လိုအပ်တဲ့အခါမျိုးဆိုရင်လဲ စွန့်စားရပါမယ်။ စွန့်စားခြင်းကလဲ တစ်စုံတစ်ယောက်ရဲ့ကံကို တိုးစေပါတယ်။

ဥပမာအားဖြင့် ရွှေရောင်အဆောင်မှာ ကြီးမားတဲ့ကံကြမ္မာပမာဏတစ်ခု ပါဝင်လောက်မယ်။ သို့မဟုတ်ရင် လီဖူချန်းရဲ့ကံက ဘာလို့ဒီလောက်ထိကောင်းသလဲကို ရှင်းပြဖို့ မဖြစ်နိုင်ပါဘူး။

ဒါ့အပြင် ကြီးမားတဲ့ကံကြမ္မာပမာဏပါဝင်တဲ့ကောင်းကင်ဆန့်ကျင်အသုံးအဆောင်အချို့ရှိတယ်။

ဒါက အချို့ပြိုင်ဘက်ကင်းပါရမီရှင်တွေက ဘာလို့ ဒီလောက်ထိ ကံကောင်းသလဲဆိုတာ ရှင်းပြခဲ့တယ်။

ဒါပေမယ့် ဒီစွန့်စားမှုမှ ကံကောင်းမှုတစ်ခုခုကို ရရှိမယ်လို့တော့ လီဖူချန်းက မခံစားမိခဲ့ပါဘူး။

ဒါက လူသေမြစ်တစ်စင်းဖြစ်ပြီး သူရထားတဲ့နေရာလပ်လက်စွပ်တွေအားလုံးက လူသေတွေကပဲလေ။

အခြားစကားဖြင့်ဆိုရရင် သူက လူသေတွေကနေ အမြတ်ထုတ်နေတာပဲ။

ဒီလိုကြွယ်ဝမှုမျိုးက အတော်လေးမင်္ဂလာမရှိတာ တကယ်ပါပဲ။

လှေသမားမထွက်ပေါ်လာရင်တော့ အဆင်ပြေပါတယ်။ လှေသမားထွက်ပေါ်လာပြီးအကြံပေးမှတော့ ထွက်သွားတာ ပိုကောင်းပါတယ်။

ဒါက ကြောက်တာတော့ မဟုတ်ဘူး၊ ဒါက သတိရှိခြင်းတစ်မျိုးပဲ။

သူ့ရဲ့ချီကံကြမ္မာကို ဒီလိုကပ်ဘေးတစ်ခုမှာ ဖြုန်းတီးဖို့ လီဖူချန်းက ဆန္ဒမရှိပါဘူး။

ဒါက မထိုက်တန်ပါဘူး။

"အဆင့်မြင့်နတ်ဘုရားကျောက်တုံးငါးသန်းထရီလီယံ၊ ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းဒါဇင်၊ ‌ကမ္ဘာနတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးဒါဇင်၊ ကြယ်ခြောက်လုံးနတ်ဘုရားနတ်ဘုရားဆေးတွေမျ၊ နတ်ဘုရားဆေးပင်တွေ၊ နတ်ဘုရားအဆောင်တွေများစွာ။ ကြယ်ခြောက်လုံးအလယ်ဆင့်တိုက်ခိုက်ရေးနတ်ဘုရားရုပ်သေးတစ်ရုပ်လဲ ရှိတယ်။ ဒီလောက်ဆို လုံလောက်ပြီပေါ့"

လီဖူချန်းရဲ့အကြီးမားဆုံးအသုံးစရိတ်က သူ့ရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်မှ လာတယ်။ ဓားတာအိုနဲ့ဖျက်ဆီးခြင်းတာအိုက နတ်ဘုရားကျောက်တုံး‌တွေများစွာကို သုံးစွဲတယ်။ လီဖူချန်းရရှိခဲ့တဲ့နတ်ဘုရားကျောက်တုံး၉၉ရာခိုင်နှုန်းလောက်ကို ဒီတာအိုနှစ်ခုအပေါ်မှာပဲ အသုံးပြုခဲ့တယ်။

ဒါပေမယ့် နတ်ဘုရားကျောက်တုံးတွေ သူ ပိုသုံးစွဲလေလေ၊ သူက ပိုသန်မာလာလေလေပဲ။ နတ်ဘုရားကျောက်တုံးတွေ အသုံးပြုရတာကို သူက ကြောက်နေမှာ မဟုတ်ပါဘူး။

လူသေမြစ်မှ ထွက်လာပြီးနောက် လီဖူချန်းက အချိန်တံတားကို စတင်ရှာဖွေခဲ့တယ်။

အချိန်လမ်းမှထွက်သွားဖို့ နည်းလမ်းနှစ်ခုရှိတယ်။ ပထမနည်းလမ်းက အချိန်ဥပဒေသကို အလွန်မြင့်မားတဲ့အဆင့်တစ်ခုအထိ ကျင့်ကြံပြီး ဖိအားပေးထွက်ခွာသွားတာပဲ။

ဒုတိယနည်းလမ်းက အချိန်တံခါးမှ ထွက်ခွာသွားတာပဲ။

အချိန်တံခါးက အလွန်ရှားတယ်။ လက်ရှိအချိန်ထိ လီဖူချန်းက အချိန်တံတားကို ရှာမတွေ့သေးပါဘူး။

"အလျင်လိုစရာမလိုဘူး၊ အေးဆေးပေါ့"

လီဖူချန်းက အချိန်တံခါးကို ရှာဖွေရင်း ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းဓားတစ်လက်ကို သန့်စင်နေခဲ့တယ်။

ဒီကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းဓားက ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းကြာပွတ်ထက် သန့်စင်ရတာ ပိုခက်တယ်။ အကြောင်းကတော့ ကြာပွတ်က သာမန်အဆင့်နိမ့်ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပြီး ဒီဓားက ပြီးပြည့်စုံခြင်းအဆင့်နိမ့်ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တယ်။

အခြားတစ်ယောက်ယောက်သာဆိုရင် သူတို့က အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအဆင့်မှာ ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို သန့်စင်နိုင်လိမ့်မှာမဟုတ်ဘူး၊ သူတို့ရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားက ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းကို သန့်စင်ဖို့ မလုံလောက်လို့ပါပဲ။ သန့်စင်နိုင်ရင်တောင် သူတို့က အသုံးပြုနိုင်လိမ့်မှာမဟုတ်ဘူး။ ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက ကမ္ဘာနတ်ဘုရားတွေအသုံးပြုတဲ့လက်နက်တွေဖြစ်ပြီး အသက်သွင်းဖို့ ကြီးမားတဲ့နတ်ဘုရားစွမ်းအားပမာဏတစ်ခုကို လိုအပ်တယ်။

ဒါပေမယ့် လီဖူချန်းအတွက်တော့ မတူပါဘူး။ လီဖူချန်းရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားက အဆင့်မြင့်ကမ္ဘာနတ်ဘုရားအများစုထက် အရည်အသွေးအရရောအရေအတွက်အရရော သာလွန်တယ်။ ဒါကြောင့် ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို သန့်စင်ဖို့ လိုအပ်ချက်ရော၊ အသက်သွင်းဖို့ လိုအပ်ချက်နဲ့ရော ကိုက်ညီတယ်။

နောက်ထပ်လအနည်းငယ်ကြာပြီးနောက် လီဖူချန်းက ဒီကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းဓားကို သန့်စင်နိုင်ခဲ့တယ်။

ဒီကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းဓားကို သက်တံနီလို့ခေါ်တယ်။ ၎င်းက အနီရောင်တောက်ပြီး အနီရောင်ပုံဆောင်ခဲမှသန့်စင်ထားတဲ့ဓားတစ်လက်နဲ့ တူတယ်။ ၎င်းကို ကြည့်ရတာ အန္တရာယ်များသလို ခမ်းနားထည်ဝါတယ်။

"ဒီလိုဆန်းကြယ်တဲ့ဓားအင်းကွက်တစ်ခု"

သက်တံနီအတွင်းရှိဓားအင်းကွက်က လီဖူချန်းကို အတော်ယစ်မူးစေတယ်။ လီဖူချန်းက အချိန်တံခါးကို ရှာဖွေနေတာကြောင့်မဟုတ်ရင် သူက ဓားအင်းကွက်ကို နားလည်နေလောက်ပြီ။

"ငါ နောက်ဆုံးတော့ မင်းကို တွေ့ပြီးပဲ"

ဒီနေ့မှာတော့ ပြဿနာကြီးတစ်ခု ပေါ်ပေါက်လာတယ်။

အဆင့်နိမ့်ကမ္ဘာနတ်ဘုရားတစ်ယောက်က လီဖူချန်းကို ပစ်မှတ်ထားလာတယ်။

"မင်းက ငါ့ကို ရှာတာ တော်တော်ကြာပြီပေါ့။ ဘာအတွက်လဲ" လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။

"မင်းရဲ့နေရာလပ်လက်စွပ်ကို ငါ့ကိုပေး၊ အဲဒါဆိုရင် ငါ မင်းရဲ့အလောင်းကို ကောင်းကောင်းမွန်မွန်ချန်ထားပေးမယ်" ကမ္ဘာနတ်ဘုရားဝူလန်က လီဖူချန်းရဲ့နေရာလပ်လက်စွပ်ကို မျက်စိကျနေတယ်။

လူသေမြစ်က အလွန်ထူးခြားတယ်။ ကမ္ဘာနတ်ဘုရားအဆင့်အောက်သူတွေက ကမ္ဘာနတ်ဘုရားလက်စွပ်သုံးကွင်းကို အန္တရာယ်ကင်းကင်းနဲ့ ရရှိနိုင်တယ်။ သုံးကွင်းထက် ပိုရင် ကပ်ဘေးတစ်ခုဖြစ်လာလိမ့်မယ်။ ကမ္ဘာနတ်ဘုရားတွေက ကမ္ဘာနတ်ဘုရားလက်စွပ်တစ်ကွင်းကို အန္တရာယ်ကင်းကင်းနဲ့ ရနိုင်တယ်။ တစ်ကွင်းထက် ပိုရင် ကပ်ဘေးတစ်ခုဖြစ်လာလိမ့်မယ်။

အလယ်ဆင့်ကမ္ဘာနတ်ဘုရားတစ်ယောက်ကို လူသေမြစ်ထဲရှိမွန်းစတားကြီးတစ်ကောင်က တစ်ကိုက်ထဲနဲ့ ဝါးမျိုသွားတာကို သူ တစ်ခါ မြင်ခဲ့ဖူးတယ်။

ဒါ့ပြင် လူသေမြစ်ထဲရှိလှေသမားက ကမ္ဘာနတ်ဘုရားတစ်ယောက်ဖြစ်မယ်လို့ သူက သံသယရှိတယ်။

ဒါကြောင့် သူက လူသေမြစ်ကို အလွန်လေးစားတယ်။ ကမ္ဘာနတ်ဘုရားလက်စွပ်တစ်ကွင်းကို ရပြီးနောက် သူက နောက်တစ်ကွင်းကို မယူရဲတော့ပါဘူး။

လီဖူချန်းက ကမ္ဘာနတ်ဘုရားလက်စွပ်သုံးကွင်းရခဲ့တယ်။ ဒီအပေါ် ကမ္ဘာနတ်ဘုရားဝူလန်က အလွန်မနာလိုဖြစ်မိတယ်။ သူက ကမ္ဘာနတ်ဘုရားတစ်ယောက်ဖြစ်ပေမယ့် အဆင့်နိမ့်ကမ္ဘာနတ်ဘုရားတစ်ယောက်ဖြစ်ကာ ကြွယ်ဝမှုတွေ အများကြီးမရှိဘူးလေ။

"အလောင်းကို မလိုအပ်ပါဘူး၊ ကျောက်တုံးကြီး၊ သူ့ကို တိုက်ခိုက်လိုက်စမ်း"

လီဖူချန်းက ကျောက်တုံးကြီးကို ချက်ချင်း ထုတ်လိုက်တယ်။

အုန်း.....

ကြောက်စရာကောင်းတဲ့အလယ်ဆင့်ကမ္ဘာနတ်ဘုရားစွမ်းအားက ပေါက်ကွဲထွက်လာတယ်။ ကျောက်တုံးကြီးရဲ့ကမ္ဘာနတ်ဘုရားစွမ်းအားက နတ်ဘုရားကြယ်တစ်လုံးအလား လေးလံပြီး ကမ္ဘာနတ်ဘုရားဝူလန်ကို ဖိနှိပ်ထားခဲ့တယ်။ တစ်ချိန်တည်းမှာ ကျောက်တုံးကြီးရဲ့လက်က သတ္တုတုတ်တစ်ချောင်းနဲ့အတူ ထွက်ပေါ်လာတယ်။ တုတ်က မှင်တက်စရာကောင်းတဲ့ကမ္ဘာနတ်ဘုရားစွမ်းအားနဲ့အတူ ချက်ချင်း သိပ်သည်းသွားခဲ့တယ်။

နောက်ပိုင်းမှာ မရေမတွက်နိုင်တဲ့တုတ်အရိပ်တွေက နတ်ဘုရားလိပ်တစ်ကောင်အဖြစ် ပြောင်းသွားပြီး ကမ္ဘာနတ်ဘုရားဝူလန်ထံ တိုက်ခိုက်လာတယ်။

ကမ္ဘာနတ်ဘုရားအတတ်၊ နတ်ဘုရားလိပ်အက်ကွဲတောင်။

အား.....

ကမ္ဘာနတ်ဘုရားဝူလန်က‌ အော်လိုက်တယ်။ အကြည့်တစ်ချက်နဲ့ ကျောက်တုံးကြီးက သူ့ထက်ပိုသန်မာတဲ့ကြယ်ခြောက်လုံးနတ်ဘုရားရုပ်သေးတစ်ရုပ်မှန်း သူက ပြောနိုင်တယ်။ သတိပေါ့နေတာကြောင့် သူက သူ့လက်ကို ကြက်ခြေခတ်သဏ္ဍာန်ပြုကာ သူ့အရှေ့မှာ ဒိုင်းကာတစ်ခုကို သိပ်သည်းနိုင်ခဲ့တယ်။

ဖြောက်.....

ဒိုင်းကာက အက်ကွဲသွားပြီး ကမ္ဘာနတ်ဘုရားဝူလန်က ‌သွေးပွက်ပွက်အန်ကာ လွင့်ထွက်သွားခဲ့တယ်။

ကျောက်တုံးကြီးက ‌ရှေ့သို့ ခြေလှမ်းကြီးတစ်လှမ်း,လှမ်းကာ ‌သတ္တုတုတ်ကို ထပ်မံဝှေ့ယမ်းခဲ့တယ်။ အဆုံးမဲ့တုတ်အရိပ်တွေက နတ်ဘုရားလိပ်တွေအဖြစ် ပြောင်းသွားပြီး ကမ္ဘာနတ်ဘုရားဝူလန်ကို တိုက်ခိုက်လာခဲ့တယ်။

တစ်၊ နှစ်၊ သုံး.....

အသက်တစ်ခါရှုချိန်အတွင်း ကျောက်တုံးကြီးက ကမ္ဘာနတ်ဘုရားဝူလန်ထံ တုတ်ချက်၁၈ချက်ကို ထုတ်ဖော်ခဲ့တယ်။ တုတ်ချက်တစ်ချက်စီက ခွန်အားအပြည့်ပါဝင်တယ်။

ကမ္ဘာနတ်ဘုရားဝူလန်က မှင်တက်သွားပြီး သူ့ရဲ့ကမ္ဘာနတ်ဘုရားစွမ်းအားက ရေပမာ စီးထွက်လာတယ်။

"တောက်၊ အမှောင်တိမ်တိုက်ပွဲခန္ဓာကိုယ်"

ကမ္ဘာနတ်ဘုရားဝူလန်က သူ့ရဲ့ဒဏ်ရာတွေနဲ့ပတ်သက်ပြီး ဂရုမစိုက်အားဘဲ နတ်ဘုရားခန္ဓာကိုယ်ကမ္ဘာနတ်ဘုရားအတတ်တစ်ခုကို ထုတ်ဖော်ခဲ့တယ်။ သူက ကြီးမားတဲ့အနက်ရောင်တိမ်တစ်ခုအဖြစ် ပြောင်းသွားခဲ့တယ်။

ဒီတစ်ခါမှာတော့ ကျောက်တုံးကြီးရဲ့သတ္တုတုတ်က အ‌နက်ရောင်တိမ်ကိုသာ ထိုးဖောက်ခဲ့ပြီး ကမ္ဘာနတ်ဘုရားဝူလန်အပေါ် ဘာထိခိုက်မှုမှ မဖြစ်စေခဲ့ပါဘူး။

ကျောက်တုံးကြီးက အသံတစ်သံတောင် မထွက်ဘဲ သတ္တုတုတ်ကို လှည့်ပတ်လိုက်တယ်။ ကမ္ဘာကို လှန်ပြီး နေနဲ့လက ပြောင်းပြန်ဖြစ်သွားသလို ခံစားရတယ်။ ကမ္ဘာနတ်ဘုရားဝူလန်ပြောင်းခဲ့တဲ့အမှောင်တိမ်အစိတ်အပိုင်းတစ်ခုက ချက်ချင်းပြန့်ကျဲသွားတယ်။

ကမ္ဘာနတ်ဘုရားအတတ်၊ ကောင်းကင်ဘုံမြေပြင်‌ ပြောင်းပြန်လှန်ခြင်း။

အား.....

ကမ္ဘာနတ်ဘုရားဝူလန်က သနားစဖွယ်အော်ဟစ်လိုက်ပြီး ဒေါသနဲ့အတူ ထိတ်လန့်တုန်လှုပ်မှုတွေပါ ရောနှောနေတော့တယ်။ လီဖူချန်းက ကမ္ဘာနတ်ဘုရားလက်စွပ်မှကြယ်ခြောက်လုံးရုပ်သေးတစ်ရုပ်ကို ရရှိခဲ့တယ်ကိုသာ သူသိရင် သူက အခုလိုကမူးရှူးထိုးလုပ်မှာမဟုတ်တော့ဘူး။

"မင်း ငါ့ကို သတ်လို့မရဘူး။ မင်း အခုရပ်လိုက်ရင် ညှိုနှိုင်းလို့ရသေးတယ်။ မဟုတ်လို့ကတော့ ငါ့ကို အပြစ်မတင်နဲ့တော့" ကမ္ဘာနတ်ဘုရားဝူလန်က တင်းမာတဲ့အမူအရာနဲ့ ပြောလိုက်တယ်။

လီဖူချန်းက ကမ္ဘာနတ်ဘုရားဝူလန်ကို ဂရုမစိုက်ပါဘူး။ သူ့လက်ဖဝါးကို လှန်လိုက်ရာ နတ်ဘုရားအဆောင်တစ်ခုက လက်ထဲမှာ ထွက်ပေါ်လာတယ်။

***

All Chapters