နေရာလပ်ဥပဒေသကျင့်ကြံခြင်း
Vol. 92 Ch. 1299
လီဖူချန်းက လှုပ်ရှားခဲ့မှတော့ စေ့စပ်ညှိနှိုင်းဖို့အစီအစဉ် သူ့မှာ မရှိပါဘူး။
ဝူလန်က ကမ္ဘာနတ်ဘုရားတစ်ယောက်ဆိုတော့ရော ဘာဖြစ်လဲ။ သူ့ရဲ့ကျောက်တုံးက ကြယ်ခြောက်လုံးအလယ်ဆင့်နတ်ဘုရားရုပ်သေးတစ်ရုပ်ဖြစ်တယ်။ ကျောက်တုံးကြီးက အလယ်ဆင့်ကမ္ဘာနတ်ဘုရားအများစုလောက် မသန်မာရင်တောင် သူက သာမန်အလယ်ဆင့်ကမ္ဘာနတ်ဘုရားတွေနဲ့ ယှဉ်နိုင်ပါသေးတယ်။
ဒါပေမယ့် ကမ္ဘာနတ်ဘုရားဝူလန်က အဆင့်နိမ့်ကမ္ဘာနတ်ဘုရားတစ်ယောက်မျှသာဖြစ်ပြီး သူနဲ့အလယ်ဆင့်ကမ္ဘာနတ်ဘုရားတစ်ယောက်ကြားမှာ ကြီးမားတဲ့ကွာဟချက်တစ်ခုရှိတယ်။
သူက အခုလိုသနားစဖွယ်အခြေအနေတစ်ခုမှာ ရှိနေပြီ၊ နောက်ကျရင် သူက ပိုတောင် အခြေအနေဆိုးလာပါလိမ့်မယ်။ သူက လုလန်ကို သတ်ဖို့ အခွင့်အလမ်းတစ်ခုရှိတယ်လို့ လီဖူချန်းက ခံစားရတယ်။
ဒါကြောင့် သူက ကျောက်တုံးကြီးကို ဘေးကနေ ထောက်ပံ့ပေးဖို့ လီဖူချန်းက ဆုံးဖြတ်ခဲ့တယ်။
လီဖူချန်းမှာ ကြယ်ခြောက်လုံးအလယ်ဆင့်နတ်ဘုရားအဆောင်တွေများစွာနဲ့ကြယ်ခြောက်လုံးအဆင့်မြင့်နတ်ဘုရားအဆောင်အနည်းငယ်ရှိတယ်။
အခု သူက ကြယ်ခြောက်လုံးအလယ်ဆင့်တိုက်ခိုက်ရေးအဆောင်တစ်ခုဖြစ်တဲ့ပျက်သုဉ်ခြင်းအစိမ်းရောင်မိုးကြိုးအဆောင်ကို ကိုင်ထားတယ်။
ကျောက်တုံးကြီးရဲ့သတ္တုတုတ်က လှည့်ပတ်ပြီးနောက် ဝူလန်ပြောင်းလဲထားတဲ့အနက်ရောင်တိမ်တွေက ပိုတောင်ပါးလွှာလာတယ်။
သူက ဒီလိုဆက်သွားလို့မရဘူးဆိုတာ ကမ္ဘာနတ်ဘုရားဝူလန်က သိတယ်၊ သို့မဟုတ်ရင် သူက သေသွားရပါလိမ့်မယ်။
အမှောင်တိမ်တွေက သိပ်သည်းသွားပြီး ကမ္ဘာနတ်ဘုရားဝူလန်က နတ်ဘုရားခန္ဓာကိုယ်နတ်ဘုရားအတတ်တစ်ခုကို ထုတ်ဖော်တော့မယ့်အခိုက်မှာ။
ထိုအချိန်မှာ လီဖူချန်းက လှုပ်ရှားလာခဲ့တယ်။ သူက နတ်ဘုရားအဆောင်ကို ပစ်ထုတ်လိုက်တယ်၊ ကြောက်စရာကောင်းတဲ့အစိမ်းရောင်မိုးကြိုးတစ်ခုက ကမ္ဘာနတ်ဘုရားဝူလန်ရဲ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့တယ်။
ဖြောက်.....
ကမ္ဘာနတ်ဘုရားဝူလန်ရဲ့ခန္ဓာကိုယ်က ကျောက်မီးသွေးပမာ တူးခြစ်သွားပြီး သူ့ရဲ့ကမ္ဘာနတ်ဘုရားစွမ်းအားဘယ်လောက်ထိပျက်ဆီးသွားသလဲကို မသိတော့ပါဘူး။
ပြီးနောက် ကျောက်တုံးကြီးရဲ့တိုက်ခိုက်မှုက ချက်ချင်းကျရောက်လာခဲ့တယ်။ ကျောက်တုံးကြီးရဲ့သတ္တုတုတ်က ကမ္ဘာနတ်ဘုရားဝူလန်ရဲ့ရင်ဘက်ကို ထိုးဖောက်သွားခဲ့တယ်။ ထို့နောက် ကမ္ဘာနတ်ဘုရားဝူလန်ရဲ့ခန္ဓာကိုယ်က ဖုန်မှုန့်တွေအဖြစ် ချက်ချင်းပြောင်းလဲသွားပြီး နေရာလပ်လက်စွပ်တစ်ကွင်းက ပျံသန်းလာခဲ့တယ်။
"မသေသေးဘူးလား"
ရွေးချယ်စရာမရှိဘဲ လီဖူချန်းက နောက်ထပ်ကြယ်ခြောက်လုံးအလယ်ဆင့်တိုက်ခိုက်ရေးနတ်ဘုရားအဆောင်တစ်ခုဖြစ်တဲ့မီးဘောလုံးကမ္ဘာပျောက်အဆောင်ကို အသက်သွင်းခဲ့တယ်။
ကြောက်စရာကောင်းတဲ့အပူကိုထုတ်လွှတ်နေတဲ့ဧရာမမီးဘောလုံးတစ်လုံးက ကမ္ဘာနတ်ဘုရားဝူလန်ရဲ့ကြေမွပျက်ဆီးနေတဲ့ခန္ဓာကိုယ်ကို ဝါးမျိုသွားခဲ့တယ်။
အား.....
ကမ္ဘာနတ်ဘုရားဝူလန်က သွေးရူးသွေးတန်းနဲ့ အော်လိုက်တယ်။ မီးဘောလုံးထဲမှာ ရုန်းကန်လှုပ်ရှားတွန့်လိမ်နေတဲ့ပုံရိပ်တစ်ခုက ရှိနေတယ်။
အချိန်အတော်ကြာပြီးနောက် သနားစဖွယ်အော်သံက တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ကမ္ဘာနတ်ဘုရားဝူလန်ပိုင်ဆိုင်တဲ့ချီတည်ရှိမှုကလဲ ပျောက်ကွယ်သွားတော့တယ်။
သူလုပ်ချင်သလိုလုပ်နိုင်တံ့အဆင့်နိမ့်ကမ္ဘာနတ်ဘုရားတစ်ယောက်က အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ရဲ့လက်ထဲမှာ ဒီလိုနဲ့သေသွားခဲ့ရတယ်။
"ကျောက်တုံးကြီး၊ အရမ်းတော်တယ်"
လီဖူချန်းက ချီးကျူးလိုက်တယ်။
ကျောက်တုံးကြီးမရှိရင် သူ့မှာ အလယ်ဆင့်ကြယ်ခြောက်လုံးနတ်ဘုရားအဆောင်တစ်ခုရှိရင်တောင် သူက ကမ္ဘာနတ်ဘုရားဝူလန်ကို သတ်နိုင်လိမ့်မှာမဟုတ်ပါဘူး။
တကယ်တော့ လီဖူချန်းရဲ့အကူအညီမရှိရင်တောင် ကျောက်တုံးကြီးက သူ့ရန်သူကိုသတ်ဖြတ်ဖို့ မြင့်မားတဲ့အခွင့်အရေးတစ်ခုရှိတယ်။
လီဖူချန်းက အမှားအယွင်းတစ်ခုခုမဖြစ်ချင်လို့ပါပဲ။
ကမ္ဘာနတ်ဘုရားဝူလန်က ကြွယ်ဝမှုအမြောက်အများရှိတယ်။ သူ့မှာ အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ထရီလီယံကျော်ရှိတယ်။
နောက်တစ်လမှာတော့ လီဖူချန်းက အချိန်တံခါးကို တွေ့ရှိခဲ့တယ်။
အချိန်တံခါးကို အသုံးပြုနောက် လီဖူချန်းက အချိန်လမ်းမှ ထွက်ခွာလာခဲ့တယ်။
…
ကောင်းကင်ဘုံထာဝရမြို့။
"မင်း ထွက်လာဖို့ ရာစုနှစ်အနည်းငယ်ကြာလောက်မယ်လို့ ငါ ထင်ထားခဲ့တာ" လီဖူချန်း ထွက်လာတာ စောလွန်းတဲ့အတွက် ကောင်းကင်ဘုံဆေးဆန်းကြယ်နတ်ဘုရားယုမင်ကွမ်က အလွန်အံ့အားသင့်သွားတယ်။
လီဖူချန်းက ပြောလိုက်တယ်"အချိန်လမ်းက တကယ်အန္တရာယ်များတယ်။ အချိန်တံခါးတွေ့တာနဲ့ ငါ ချက်ချင်းထွက်လာခဲ့တာပဲ"
"မင်း ထွက်လာတာ ကောင်းတယ်။ အဲနေရာက လူသားတွေဝင်လို့ကောင်းတဲ့နေရာတစ်ခုမဟုတ်ဘူး"
တစ်ခါက ယုမင်ကွမ်းက စီနီယာတစ်ယောက်နောက်ကနေ အချိန်လမ်းသို့ ရောက်သွားခဲ့တယ်၊ ဒါကြောင့် အချိန်လမ်းရဲ့အန္တရာယ်နဲ့ထူးဆန်းမှုတွေကို သူ သိတယ်။ ထိုကတည်းက သူက ဘယ်တော့မှ ထပ်မဝင်ခဲ့တော့ပါဘူး။
အခု သူ့ရဲ့ဓားတာအိုဥပဒေသက အဆင့်မြင့်ပိုင်နက်နတ်ဘုရားပြီးပြည့်စုံခြင်းမှာရှိတာကြောင့် လီဖူချန်းအနေနဲ့ အဆင့်နိမ့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တွေကို ဖန်တီးရတာ ပိုတောင်လွယ်ကူလာတယ်။
ကောင်းကင်ဘုံထာဝရမြို့သို့ပြန်ရောက်ပြီးမကြာခင်မှာ လီဖူချန်းက အဆင့်နိမ့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်၄၅ခုလုံးကို အဆုံးစွန်းအဆင့်သို့ မြှင့်တင်ခဲ့တယ်။
လက်ရှိမှာ လီဖူချန်းရဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၄၅ထရီလီယံမှ.၁၃၅၀၀ထရီလီယံသို့ တိုးလာခဲ့တယ်။
ဒါက အဓိကအကြောင်းအရင်းကတော့ ဆန်းကြယ်နတ်ဘုရားတွေက ပိုင်နက်နတ်ဘုရားအတတ်တွေကို ပေါင်းစပ်တဲ့အခါ ဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းတိုးလာမှုက လွန်ကဲလွန်းနေခဲ့တာပဲ။
ထူးကဲအဆင့်နိမ့်ပိုင်နက်နတ်ဘုရားအတတ်တွေနဲ့ပေါင်းစပ်တဲ့အခါ နတ်ဘုရားအတတ်တစ်ခုစိီက ဆန်းကြယ်နတ်ဘုရားစွမ်းအားကို ၇၅ထရီလီယံ တိုးစေပါလိမ့်မယ်။
ပြီးပြည့်စုံခြင်းအဆင့်နိမ့်ပိုင်နက်နတ်ဘုရားအတတ်တွေနဲ့ ပေါင်းစပ်တဲ့အခါ နတ်ဘုရားအတတ်တစ်ခုစီက ဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းကို ၁၅၀ထရီလီယံလောက် တိုးစေပါလိမ့်မယ်။
အဆုံးစွန်းအဆင့်နိမ့်ပိုင်နက်နတ်ဘုရားအတတ်တွေနဲ့ ပေါင်းစပ်တဲ့အခါ နတ်ဘုရားအတတ်တစ်ခုစီက ဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းကို ၃၀၀ထရီလီယံလောက် တိုးစေပါလိမ့်မယ်။
လီဖူချန်းက အဆုံးစွန်းအဆင့်အဆင့်နိမ့်ပိုင်နက်နတ်ဘုရားအတတ်၄၅ခုနဲ့ ပေါင်းစပ်ခဲ့တဲ့အခါမှာ ဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၁၃၅၀၀ထရီလီယံလောက် တိုးလာခဲ့တာပေါ့။
.
ဒါပေမယ့် ဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းအပြင် လီဖူချန်းရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားခွန်အားက အဆအနည်းငယ်တိုးလာခဲ့တယ်။
သူက လက်ရှိမှာ ကမ္ဘာနတ်ဘုရားတစ်ယောက်မဟုတ်ရင်တောင် မဝေးတော့ဘူးလို့ လီဖူချန်းက ယူဆထားတယ်။
လီဖူချန်းက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတွေရဲ့အကန့်အသတ်ကို သိချင်တယ်၊ ပိုင်နက်နတ်ဘုရားအတတ်တွေ ဘယ်လောက်ထိ ပေါင်းစပ်ထားနိုင်လဲပေါ့၊ ဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ဘယ်လောက်ထိရောက်ရှိနိုင်သလဲပေါ့။
ဒီအကန့်အသတ်ကို မရောက်ဘဲနဲ့ အဆင့်နိမ့်ပိုင်နက်နတ်ဘုရားနယ်ပယ်ကို တက်လှမ်းဖို့ လီဖူချန်းက အစီအစဉ်မရှိပါဘူး။
ဒါပေမယ့် သူ အဆင့်နိမ့်ပိုင်နက်နတ်ဘုရားနယ်ပယ်ကို မတက်ရတဲ့အကြောင်းပြချက်ကတော့ သူက ဆန်းကြယ်နတ်ဘုရားတွေရဲ့အကန့်အသတ်ကို သိချင်တာအပြင် သူက ကောင်းမွန်တဲ့အသက်အားအခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်ချင်လို့ပဲ။
ယခင်က သူ့ရဲ့အသက်အားအဆင့်က လျင်မြန်စွာ တိုးနေခဲ့ပြီး သူ့ရဲ့အုတ်မြစ်က မတည်ငြိမ်ပါဘူး။ အဆင့်နိမ့်ပိုင်နက်နတ်ဘုရားနယ်ပယ်ကို အခုတိုးတာက အဆင်ပြေသေးပေမယ့် သူက သူ့ရဲ့အသက်အားအဆင့်ကို ဆက်တိုးချင်ရင် လွယ်ကူတော့မှာမဟုတ်တော့ဘူး။ သူက နှစ်ပေါင်များစွာ တစ်နေနိုင်တယ်။
ဓားတာအိုဥပဒေသက ကမ္ဘာနတ်ဘုရားနယ်ပယ်မှ ခြေတစ်လှမ်းသာ ကွာဝေးတော့တယ်။ လီဖူချန်းအနေနဲ ဘာအတွေးတစ်ခုမှ မရှိဖို့က မဖြစ်နိုင်ပါဘူး။
အဆင့်မြင့်ပိုင်နက်နတ်ဘုရားပြီးပြည့်စုံခြင်းက မယုံနိုင်စရာကောင်းပုံပေါ်ပေမယ့် ကမ္ဘာနတ်ဘုရားနယ်ပယ်နဲ့ယှဉ်ရင် ၎င်းက အများကြီးဝေးကွာလွန်းပါတယ်။
လီဖူချန်းက ချိုးဖြတ်တာနဲ့ သူ့ရဲ့ဓားတာအိုက အပြင်းအထန်ပြောင်းလဲလာလိမ့်မယ်။
ပြီးရင်တော့ သူ့ရဲ့ဓားတာအိုခွန်အားက ပိုသန်မာလာရုံတင်မက ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တွေဖန်တီးတဲ့အရှ်ိန်ကလဲ ပိုမြန်လာပါလိမ့်မယ်။
ဒါပေမယ့် ဓားတာအိုဥပဒေသအနေနဲ့ ကမ္ဘာနတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်ဖို့က မလွယ်ပါဘူး။ လီဖူချန်းမှာ အခွင့်အရေးကြီးတစ်ခုမရှိခဲ့ရင် အဲဒါက အနည်းဆုံးနှစ်အနည်းငယ်ကြာပါလိမ့်မယ်။
ကောင်းကင်ဘုံထာဝရမြို့မှာ ရက်အနည်းငယ်နေပြီးနောက် လီဖူချန်းက ထွက်ခွာလာခဲ့တယ်။
ဒီတစ်ခါမှာတော့ သူက နေရာတစ်ခုမှာ အကြာကြီးနေဖို့ အစီအစဉ်မရှိတော့ပါဘူး။
ကောင်းကင်မှာ ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်တစ်စင်းက အရှိန်မြှင့်လျက် ပျံသန်းနေတယ်။
လီဖူချန်းက ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်တစ်စင်းရှိပေမယ့် မမောက်မာလွန်းချင်ပါဘူး။
ကမ္ဘာနတ်ဘုရားအများစုမှာ သူတို့ရဲ့ကိုယ်ပိုင်ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်တွေ မရှိကြပါဘူး။ လီဖူချန်းက ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်တစ်စီးကို ယူထုတ်ခဲ့ရင် သူ့ကို ကမ္ဘာနတ်ဘုရားတွေက သေချာပေါက်ပစ်မှတ်ထားပါလိမ့်မယ်။
တကယ်တော့ ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ယူထုတ်ခြင်းက ဒုက္ခအမြောက်အများကို ဖန်တီးပါလိမ့်မယ်။
ဒါပေမယ့် လီဖူချန်းက ဒုက္ခကို ကြောက်တဲ့သူတော့ မဟုတ်ဘူး။ သူက ဒုက္ခကို ကြောက်ရင် စွန့်စားခန်းတောင် ထွက်လာမှာမဟုတ်ပါဘူးလေ။
အာကာသယာဉ်ရဲ့ကုန်းပတ်ပေါ်မှာ လီဖူချန်းက မတ်တပ်ရပ်နေတယ်။
"ဓားတာအိုဥပဒေသနဲ့အချိန်ဥပဒေသအတွက်ကတော့ ငါက အဆင့်မြင့်ပိုင်နက်နတ်ဘုရားပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိထားပြီ။ နေရာလပ်ဥပဒေသက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်မှာ ရှိပြီး ဖျက်ဆီးခြင်းဥပဒေသက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်မှာ ရှိတယ်။ လေလောဆယ် ပထမနှစ်ခုကို မစဉ်းစားတော့ဘူး။ နေရာလပ်ဥပဒေသနဲ့ဖျက်ဆီးခြင်းဥပဒေသမှာ ဘယ်တစ်ခုကို တိုးတက်အောင် လုပ်ရမလဲ"
လီဖူချန်းက တိတ်တဆိတ်တွေးဆနေတယ်။
သူ့ရဲ့နေရာလပ်ဥပဒေသက အဆင့်မြင့်ပိုင်နက်နတ်ဘုရားပြီးပြည့်စုံခြင်းကို ရောက်ရှိပြီး အချိန်ဥပဒေသနဲ့ပေါင်းစပ်လိုက်ရင် သူ့ရဲ့နေရာလပ်-အချိန်ဥပဒေသက ကမ္ဘာနတ်ဘုရားအဆင့်ကို ချက်ချင်းချိုးဖြတ်သွားလိမ့်မယ်။
ဒါပေမယ့် နေရာလပ်ဥပဒေသကို တိုးဖို့က လွယ်တဲ့အလုပ်မဟုတ်ဘူး။ နောက်တော့ လီဖူချန်းက နတ်ဆိုးစတိုးဆိုင်မှဖလှယ်ထားတဲ့အဆင့်မြင့်နေရာလပ်ဆန်းကြယ်နတ်ဘုရားအတတ်ကို ကျင့်ကြံဖို့ ပြင်ဆင်နေခဲ့တယ်။ သူက နေရာလပ်ဥပဒေသကို အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားပြီးပြည့်စုံခြင်းအထိ အရင်တိုးမြှင့်ပါလိမ့်မယ်။
ဖျက်ဆီးခြင်းဥပဒေသကို တိုးမြှင့်ဖို့ဆိုတာကတော့ လီဖူချန်းမှာ အခြားနည်းလမ်းတွေမရှိပါဘူး။
သူ့ကိုယ်သူသာ အားကိုးပြီး ၎င်းကို ဖြည်းဖြည်းချင်းနားလည်အောင် အားထုတ်ရမယ်၊ အသေးစားချီလီယိုခါဇန်ဖျက်ဆီးခြင်းကျောက်တုံးလိုဖျက်ဆီးခြင်းတာအိုအခွင့်အလမ်းတစ်ခုရရှိမလားဆိုတာကို သူက ရှာဖွေရမယ်။
လီဖူချန်းရဲ့လက်ရှိထိုးထွင်းသိမြင်မှုအရ သူ့အနေနဲ့ အဆင့်မြင့်နေရာလပ်ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုကို နားလည်ဖို့က အလွန်လွယ်တယ်။
နှောင်းပိုင်းအလယ်ဆင့်ဆန်းကြယ်နတ်ဘုရား၊ အထွတ်အထိပ်အလယ်ဆင့်ဆန်းကြယ်နတ်ဘုရား၊ ပြီးပြည့်စုံခြင်းအလယ်ဆင့်ဆန်းကြယ်နတ်ဘုရား။
စဦးအဆင့်မြင့်ဆန်းကြယ်နတ်ဘုရား၊ ပျမ်းမျှအဆင့်မြင့်ဆန်းကြယ်နတ်ဘုရား။
မကြာမီမှာပဲ လီဖူချန်းရဲ့နေရာလပ်ဥပဒေသက ပျမ်းမျှအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိခဲ့တယ်။
တစ်ချိန်တည်းမှာ လီဖူချန်းရဲ့နေရာလပ်-အချိန်ဥပဒေသအဆင့်က အဆင့်နိမ့်ပိုင်နက်နတ်ဘုရားစဦးအခြေအနေကို ရောက်ရှိလာခဲ့တယ်။
"ဒါမလုံလောက်သေးဘူး"
လီဖူချန်းက အဆင့်နိမ့်နေရာလပ်ပိုင်နက်နတ်ဘုရားအတတ်တွေကို စတင်နားလည်ခဲ့တယ်။
နတ်ဘုရားစတိုးဆိုင်က သူ့အတွက် အလွန်အဆင်ပြေစေတယ်ဆိုတာ လီဖူချန်းက ဝန်ခံရမှာပဲ။ နေရာလပ်-အချိန်နတ်ဘုရားအတတ်တွေရှားပါးတာကလွဲပြီး စတိုးဆိုင်မှာ နေရာလပ်နတ်ဘုရားအတတ်တွေအများအပြားရှိတယ်။ နေရာလပ်ပိုင်နက်နတ်ဘုရားနတ်ဘုရားအတတ်တွေရှိပြီး အဆင့်မြင့်နေရာလပ်ပိုင်နက်နတ်ဘုရားအတတ်တွေဒါမှမဟုတ်နေရာလပ်ကမ္ဘာနတ်ဘုရားအတတ်တွေတော့ မရှိပါဘူး။
အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားနှောင်းပိုင်း၊ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအထွတ်အထိပ်၊ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားပြီးပြည့်စုံခြင်း။
နောက်ဆုံးမှာတော့ လီဖူချန်းရဲ့နေရာလပ်ဥပဒေသက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိလာခဲ့တယ်။
ဆန်းကြယ်နတ်ဘုရားမှပိုင်နက်နတ်ဘုရားအထိကို တံခါးဝတစ်ခု၊ ဧရာမတစ်ဆို့မှုတစ်ခုလို့ ပြောနိုင်တယ်။
အထူးသဖြင့် နေရာလပ်ဥပဒေသလို ထိပ်တန်းအဆင့်ဥပဒေသတွေအတွက်ပေါ့။
ဒါပေမယ့် ဒါက အခြားသူတွေအတွက်ပါပဲ။ အချိန်လမ်းထဲမှာ လီဖူချန်းက အချိန်ဥပဒေသတစ်ဆို့မှုတွေကို ဆက်တိုက်ချိုးဖြတ်ခဲ့တာပဲလေ။
ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့ကျယ်ပြောတဲ့ကုန်းပတ်ပေါ်မှာ လီဖူချန်းက တင်ပျဉ်ခွေထိုင်နေခဲ့တယ်။ ပတ်ဝန်းကျင်နေရာလပ်ဇုန်က ရုတ်တရက် တွန့်လိမ်သွားခဲ့တယ်။
နေရာလပ်တွန့်လိမ်မှုက ပိုပိုကြီးလာတယ်။ ရံဖန်ရံခါမှာ လီဖူချန်းရဲ့ပုံရိပ်က ခေါက်ဆွဲဖတ်တွေပမာ တွန့်လိမ်သွားပြီး အလွန်သေးသွယ်လာတယ်။ တစ်ခါတစ်ရံမှာ မရေမတွက်နိုင်တဲ့လီဖူချန်းတွေအဖြစ် ပြောင်းလဲနေတယ်၊ ရုပ်စုံမှန်ပြောင်းလိုပေါ့။ တစ်ခါတစ်ရံမှာတော့ ဖုန်မှုန့်တွေပမာ ကျုံ့သွားနေလေတယ်။
အချိန်ဘယ်လောက်ကြာသလဲကို မသိပါဘူး၊ နေရာလပ်ဇုန်က ပုံမှန်အတိုင်းပြန်ဖြစ်လာခဲ့တယ်။ လီဖူချန်းက သူ့မျက်လုံးတွေ ဖွင့်လိုက်တယ်၊ သူ့မျက်လုံးတွေက အဆုံးမဲ့မြင်ကွင်းတွေကို ထင်ဟပ်ပြနေတဲ့ရုပ်စုံမှန်ပြောင်းနှစ်ခုနဲ့တူတယ်။
နေရာလပ်ဥပဒေသရဲ့ဆန်းကြယ်မှုက တကယ်ကို မှင်တက်စရာပါပဲ။
"ငါက အခု အဆင့်နိမ့်ပိုင်နက်နတ်ဘုရားစဦးအခြေအနေမှာ ရှိပြီပေါ့"
လီဖူချန်းက ပြုံးလိုက်တယ်။
သူ့ရဲ့နေရာလပ်ဥပဒေသနယ်ပယ်က အဆင့်နိမ့်ပိုင်နက်နတ်ဘုရားစဦးအခြေအနေကို ရောက်ရှိလာခဲ့တယ်။ သူ့ရဲ့နေရာလပ်-အချိန်ဥပဒေသက ရုတ်တရက်ခုန်တက်ခဲ့ပြီး အဆင့်နိမ့်ပိုင်နက်နတ်ဘုရားပြီးပြည့်စုံခြင်းအခြေအနေကို ရောက်ရှိလာခဲ့တယ်။
ဒီလိုတိုးတက်မှုအရှိန်က ပျံ့နှံ့သွားရင် သေချာပေါက် ထိတ်လန့်သွားကြပေလိမ့်မယ်။
နေရာလပ်ဥပဒေသနဲ့အချိန်ဥပဒေသက နက်ရှိုင်းတဲ့ဆက်သွယ်မှုတစ်ခုရှိပုံရတယ်လို့ လီဖူချန်းက ရေးတေးတေးခံစားမိလာခဲ့တယ်။
အချိန်ဥပဒေသနယ်ပယ်က ပိုမြင့်လေလေ၊ နေရာလပ်ဥပဒေသကျင့်ကြံခြင်းက ပိုချောမွေ့လေပါပဲ။
ဒါက နေရာလပ်ဥပဒေသနဲ့အချိန်ဥပဒေသတို့ကို နေရာလပ်-အချိန်ဥပဒေသအဖြစ် ပေါင်းစပ်နိုင်တဲ့ အဓိကအကြောင်းပြချက် ဖြစ်လောက်ပါတယ်။
***