ကောင်းကင်ဘုံဓားပိုင်နက်
Vol. 92 Ch. 1300
နေရာလပ်ဥပဒေသကို ကျင့်ကြံနေစဉ်မှာ လီဖူချန်းက ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်ကို ဖန်တီးတာကို လက်မလျော့ပါဘူး။
ဓားတာအိုဥပဒေသက အဆင့်မြင့်ပိုင်နက်နတ်ဘုရားပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိပြီးနောက် လီဖူချန်းအနေနဲ့ အဆင့်နိမ့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တွေကို ဖန်တီးရတာ ပိုလွယ်လာတယ်။
၄၈၊ ၄၉၊ ၅၀.....
အဆုံးစွန်းအဆင့်နိမ့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်ငါးဆယ်ကို ပေါင်းစပ်ပြီးနောက် လီဖူချန်းက သူ့ခန္ဓာကိုယ်မှာ ပြည့်ဝတယ်ဆိုတဲ့အာရုံတစ်ခုကို မခံစားခဲ့ရပါဘူး။
အကျိုးသင့်အကြောင်းသင့်ပြောရရင် သူ့လိုအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်က ဒီလောက်များတဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားကို မရင်ဆိုင်နိုင်လောက်ပါဘူး။
အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ကို ရေပုံးတစ်ခုနဲ့ နှိုင်းယှဉ်ရင် ဆန်းကြယ်နတ်ဘုရားစွမ်းအားက ရေပုံးထဲရှိရေဖြစ်ပါလိမ့်မယ်။ ရေပြည့်တာနဲ့ ၎င်းက လျှံထွက်လာပါလိမ့်မယ်။
ဒါပေမယ့် လီဖူချန်းရဲ့ရေပုံးက အနည်းငယ်ကြီးပုံရတယ်။ ၎င်းက အခြားအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတွေထက် အဆတစ်သောင်းပိုကြီးတယ်။
ဒါက သူ့အနေနဲ့ ဓားတာအိုအနှစ်သာရကို နားလည်ထားပြီး အကြိုပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိထားတာကြောင့် ဖြစ်နိုင်တယ်လို့ လီဖူချန်းက ခန့်မှန်းထားတယ်။ ဒါကြောင့် သူ့ရဲ့ဓားတာအိုသွေးမျိုးဆက်က ချွင်းချက်မရှ်ိအားကောင်းပြီး နတ်ဘုရားအတတ်တွေ ပိုပေါင်းစပ်နိုင်တယ်၊ ဆန်းကြယ်နတ်ဘုရားစွမ်းအားတွေ ပိုပါဝင်နိုင်တယ်။
ဒါ့အပြင် သူ့ရဲ့အဆင့်မြင့်ပိုင်နက်နတ်ဘုရားစိတ်ဝိညာဉ်က သူ့ကို ဒီလောက်များတဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားကို အလွယ်တကူထိန်းချုပ်နိုင်စေခဲ့တယ်။
အခြားအကြောင်းပြချက်တွေရှိသလားကိုတော့ လီဖူချန်းက မသိပါဘူး။
"မိုမို၊ မင်း တိုးတက်လာပြီပဲ"
ဒီနေ့မှာတော့ နတ်ဘုရားသားရဲအိတ်က အလိုအလျောက်ပွင့်လာပြီး မိုမိုက ပျံထွက်လာတယ်။
လီဖူချန်းက တစ်ချက်ကြည့်လိုက်တယ်၊ မိုမိုက ကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားဟင်းလင်းပြင်သက်ရှိဖြစ်လာပြီပဲ။ ၎င်းက နတ်ဘုရားမျိုးနွယ်ရဲ့အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတွေနဲ့ ညီမျှပြီး ကျားလေးနဲ့ အဆင့်တူတယ်။
မိုမိုက နှုတ်ခမ်းစူလိုက်တယ်"ငါက မတိုးတက်ရင် ဘယ်လိုအသက်ရှင်ရတော့မလဲ"
ယခင်က သူ့ရဲ့တိုက်ခိုက်ရေးခွန်အားက လီဖူချန်းထက် အများကြီးပိုမြင့်တယ်။ အဲအချိန်တုန်းက ကျားလေးတောင် မရှိသေးပါဘူး။
နောက်တော့ လီဖူချန်းက သူ့ကို ကျော်ဖြတ်သွားခဲ့တာကို သူက လက်ခံခဲ့ရတယ်။
ဒါပေမယ့် ကျားလေးက သူ့ထက် သာသွားတာကိုတော့ သူက လက်မခံနိုင်ပါဘူး။
ဒါပေမယ့် လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကြောင့်ပဲ သူက ဒီလောက်လျင်မြန်စွာ တိုးတက်လာခဲ့ရတာပါ။ မဟုတ်ရင် ဒီလိုအချိန်တိုအတွင်းမှာ သူ့အနေနဲ့ ကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားဟင်းလင်းပြင်သက်ရှိတစ်ကောင်မဖြစ်လာနိုင်ပါဘူး။
အခြားနတ်ဘုရားသားရဲအိတ်က အလိုအလျောက်ပွင့်သွားပြီး ကျားလေးက ထွက်လာတယ်။
ရန်စတဲ့အမူအရာနဲ့အတူ ကျားလေးက ပြောလိုက်တယ်"ကျားလေး၊ နောက်ထပ်ယှဉ်ပြိုင်ကြတာပေါ့"
ကျားလေးရဲ့ခွန်အားက အလွန်အားကောင်းတယ်။ မိုမိုက ကြယ်လေးလုံးအလယ်ဆင့်မှာ ရှိစဉ်တုန်းက သူက မရှုံးသလို အနိုင်လဲ မရခဲ့ပါဘူး။
"ကောင်းပြီလေ" သူက မိုမိုအတွက် ပြိုင်ဘက်မဖြစ်နိုင်မှန်း သိပေမယ့် ကျားလေးက အလွန်တိုက်ခိုက်ချင်နေတယ်။
ကြယ်ရှစ်လုံးနတ်ဘုရားဟင်းလင်းပြင်သက်ရှိမှဆင်းသက်လာသူဆိုတဲ့အတိုင်းပဲ၊ မိုမိုရဲ့ခွန်အားက သန်မာလွန်းတယ်။ ကျားလေးက မိုမိုရဲ့ပထမဆုံးတိုက်ကွက်တောင် မရင်ဆိုင်နိုင်ခဲ့ဘဲ လွင့်ထွက်သွားတော့တယ်။
"ကျားလေး၊ မင်း အရှုံးပေးပြီးလား" မိုမိုက မေးလိုက်တယ်။
ကျားလေးက ကျယ်လောင်စွာ အော်လိုက်တယ်"ထပ်လာစမ်းပါ"
တောက်ပတဲ့ရွှေရောင်အလင်းတစ်ခုက ကျားလေးရဲ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာတယ်။ ဟိန်းသံတစ်ခုနဲ့အတူ ကျားလေးက မိုမိုကို ထပ်မံတိုက်ခိုက်ခဲ့တယ်။
အုန်း......
နှစ်ယောက်ကြားကွာဟချက်က ကြီးမားလွန်းတယ်။ ကျားလေးက လွင့်ထွက်သွားပြန်တယ်။
"အရှုံးမပေးသေးဘူးလား" မိုမိုက မေးလိုက်တယ်။
"အရှုံးမပေးသေးဘူး"
အုန်း.....
ရှောင်ဟူက ဒွာရခုနှစ်ပေါက်မှ သွေးတွေထွက်လာတယ်။
"မင်း အရှုံးပေးပြီးလား"
"အရှုံးမပေးဘူး"
အုန်း......
ကျားလေးရဲ့အရေပြားက စုတ်ပြတ်ပေါက်ပြဲလာတယ်။
တစ်ဖက်မှာ လီဖူချန်းက မျက်မှောင်ကြုတ်လိုက်ပေမယ့် သူက မတားခဲ့ပါဘူး။
မိုမိုက အနိုင်ကျင့်တဲ့သူမျိုးမဟုတ်ပါဘူး။ သူက အကြောင်းပြချက်မရှိဘဲနဲ့ ရှောင်ဟူကို အနိုင်မကျင့်လောက်ပါဘူး။
အကြောင်းပြချက်တစ်ခုတော့ ရှိရမယ်။
ကျားလေးရဲ့ခန္ဓာကိုယ်မှာ ပိုအားကောင်းတဲ့နတ်ဘုရားသားရဲသွေးမျိုးဆက်တစ်ခုကို ဖုံးကွယ်ထားတာများလား။
လီဖူချန်းက ဖြစ်နိုင်ချေတစ်ခုကို ရုတ်တရက် တွေးခဲ့တယ်။
နတ်ဘုရားသားရဲတိုင်းရဲ့ခန္ဓာကိုယ်မှာ နတ်ဘုရားသားရဲသွေးမျိုးဆက်တွေအဆုံးမဲ့ရှိတယ်။ ဒါပေမယ့် အဓိကနတ်ဘုရားသားရဲသွေးမျိုးဆက်ကလွဲပြီး အချို့နတ်ဘုရားသားရဲသွေးမျိုးဆက်တွေက အလွန်ပါးလွှာတယ်။ အချို့က နတ်ဘုရားသားရဲသွေးမျိုးဆက်အရိပ်အယောင်တစ်ခုမျှသာရှိပြီး အသက်သွင်းဖို့ဖြစ်နိုင်ချေမရှိပါဘူး။ အချို့က ကြွယ်ဝပြီး သေချာတဲ့အခြေအနေတွေအောက်မှာ အသက်သွင်းဖို့ဖြစ်နိုင်ချေတစ်ခုရှိတယ်။ အချို့က အဓိကနတ်ဘုရားသားရဲသွေးမျိုးဆက်နောက် ဒုတိယလိုက်ပြီး သန်မာတဲ့လှုံ့ဆော်မှုအောက်မှာ အသက်သွင်းနိုင်တယ်။
ကျားလေးက သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေအမြောက်အများသုံးစွဲခဲ့တာကြောင့် ဖြစ်နိုင်တယ်။ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားရဲ့သွေးမျိုးဆက်ထက်သာနိမ့်ကျတဲ့နတ်ဘုရားသားရဲသွေးမျိုးဆက်တစ်ခုရှိတယ်။ ဒါက နောက်ပိုင်းမှ လီဖူချန်းရှာတွေ့ခဲ့တဲ့တစ်စုံတစ်ခုပဲ။
"အရှုံးမပေးသေးဘူးလား"
မိုမိုက ကျားလေးကို သွေးပုံကြီးတစ်ခုဖြစ်တဲ့အထိ တစ်ချက်တည်းနဲ့ တိုက်ခိုက်လိုက်ပြန်တယ်။ မသိတဲ့သူတွေဆိုရင် မိုမိုက ကျားလေးကို သတ်နေတယ်လို့ ထင်မိမှာပဲ။
"အရှုံးမပေးဘူး၊ ရား...."
ကျားလေးရဲ့ခန္ဓာကိုယ်ပေါ်ရှိအလင်းဖြာထွက်မှုက စတင်ပြောင်းလဲလာတယ်။ ယခင်တောက်ပတဲ့ရွှေရောင်အလင်းဖြာထွက်မှုက အနက်ရောင်အလင်းဖြာထွက်မှုအရိပ်အယောင်တစ်ခုနဲ့ ရောနှောသွားတယ်။
ဒီအနက်ရောင်အလင်းဖြာထွက်မှုအရိပ်အယောင်က ထွက်ပေါ်လာတဲ့အခါ ကျားလေးရဲ့ချီတည်ရှိမှုက ပိုတောင် ကြောက်စရာကောင်းလာတယ်။ တစ်ချိန်တည်းမှာ အမှောင်ထုအရိပ်အယောင်တစ်ခုရှိလာတယ်။
"စိတ်ဝင်စားစရာပဲ"
မိုမိုက ပိုတောင် အညှာတာကင်းမဲ့လာတယ်။
အုန်း အုန်း အုန်း.....
ဒဏ်ရာတွေ ပိုဆိုးလာပြီး ကျားလေးရဲ့ခန္ဓာကိုယ်ပေါ်ရှိရွှေရောင်အလင်းဖြာထွက်မှုက ပိုပိုမှိန်ဖျော့လာပြီး အနက်ရောင်အလင်းဖြာထွက်မှုက အစားထိုးလာခဲ့တယ်။
တစ်ချိန်တည်းမှာ ကျားလေးရဲ့ခွန်အားက လျင်မြန်စွာ တိုးလာတယ်။
ဒါပေမယ့် မိုမိုနဲ့ယှဉ်ရင် ကွာဟချက်က သိသာနေပါသေးတယ်။
မိုမိုက ကြယ်ရှစ်လုံးနတ်ဘုရားဟင်းလင်းပြင်သက်ရှိတစ်ကောင်ဖြစ်တယ်။ သူက အရွယ်မရောက်သေးပေမယ့် သူ့ခွန်အားက ဆန်းကြယ်နတ်ဘုရားအဆင့်ကို ကျော်ဖြတ်ပြီး ပိုင်နက်နတ်ဘုရားအဆင့်ကို ရောက်ရှိနေပါပြီ။
မိုမိုက ကျားလေးကို တိုက်ခိုက်ခဲ့တဲ့အကြိမ်အရေအတွက် ဘယ်လောက်ထိ ရှိသလဲကို မသိတော့ဘူး။ ကျားလေးရဲ့ခန္ဓာကိုယ်ပေါ်ရှိရွှေရောင်အလင်းဖြာထွက်မှုက လုံးဝပျောက်ကွယ်သွားခဲ့တယ်။ ကြောက်စရာကောင်းတဲ့အနက်ရောင်အလင်းဖြာထွက်မှုက အကန့်အသတ်မရှိပေါက်ကွဲထွက်လာတယ်။
တစ်ချိန်တည်းမှာ ကျားလေးရဲ့ပုံစံက စတင်ပြောင်းလဲလာခဲ့တယ်။
ကျားလေးရဲ့နောက်ကျောမှာ အနက်ရောင်အသားတောင်ပံတစ်စုံရှိတယ်။ ကျားလေးရဲ့ခန္ဓာကိုယ်ပေါ်ရှိအမွေးအများစုက အနက်ရောင်ပြောင်းသွားပြီး သေးငယ်တဲ့အစိတ်အပိုင်းတစ်ခုကသာ ရွှေရောင်ဖြစ်လျက် ကျန်နေတယ်။ သူ့အမြီးက ပိုရှည်လာပြီး အနက်ရောင်သံကြာပွတ်တစ်ချောင်းပမာ ဖြစ်လာတယ်။ အမြီးရဲ့ထိပ်မှာ လောင်ကျွမ်းနေတဲ့အနက်ရောင်မီးလျှံတစ်ခုရှိတယ်။ ဒီအနက်ရောင်မီးလျှံက မဖျက်ဆီးနိုင်တဲ့ဂုဏ်သတ္တိရှိတယ်။ ကျားလေးက ဘယ်လောက်ပဲ လွှဲယမ်းနေပါစေ၊ အနက်ရောင်မီးလျှံက လုံးဝမကျုံ့သွားခဲ့ဘူး။
"အမှောင်ထုစိတ်ဝိညာဉ်ခွဲဖြာကျား......"
ကျားလေးက အမှောင်ထုစိတ်ဝိညာဉ်ခွဲဖြာကျားအဖြစ် ဆင့်ကဲပြောင်းလဲသွားတယ်ဆိုတာ လီဖူချန်းက ချက်ချင်းသိလာခဲ့တယ်။
လီဖူချန်းက ကျေနပ်ဝမ်းသာသွားခဲ့တယ်။
တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားရဲ့ကြီးထွားမှုအကန့်အသတ်က အဆင့်မြင့်ပိုင်နက်နတ်ဘုရားသားရဲဖြစ်တယ်။
အမှောင်ထုစိတ်ဝိညာဉ်ခွဲဖြာကျားရဲ့ကြီးထွားမှုအကန့်အသတ်က အဆင့်မြင့်အထိီးကျန်ပိုင်နက်နတ်ဘုရားသားရဲတစ်ကောင်ဖြစ်တယ်။
အထီးကျန်နတ်ဘုရားသားရဲက ကမ္ဘာနတ်ဘုရားသားရဲထက် သာလွန်တဲ့ ကြောက်စရာကောင်းတဲ့တည်ရှိမှုတစ်ခုဖြစ်တယ်။
နတ်ဘုရားမျိုးနွယ်မှာဆိုရင် ၎င်းက အထီးကျန်နတ်ဘုရားနဲ့ ညီမျှတယ်။
နတ်ဘုရားဟင်းလင်းပြင်သက်ရှိမှာဆိုရင် ၎င်းက ကြယ်ခုနှစ်လုံးနတ်ဘုရားဟင်းလင်းပြင်သက်ရှိနဲ့ ညီမျှပြီး မိုမိုထက် တစ်ဆင့်သာ ပိုနိမ့်တယ်။
အမှောင်ထုစိတ်ဝိညာဉ်ခွဲဖြာကျားအဖြစ် ဆင့်ကဲပြောင်းလဲပြီးနောက် ရှောင်ဟူရဲ့ခွန်အားက ဆယ်ဆဒါမှမဟုတ်အဆတစ်ရာပိုသန်မာလာတယ်။ မိုမိုက တိုက်ခိုက်လာတဲ့အခါမှာ ရှောင်ဟူက တိုက်ခိုက်မှုကို လက်ခံကာ တန်ပြန်တိုက်ခိုက်နိုင်ခဲ့တယ်။
ရှောင်ဟူရဲ့အနက်ရောင်အသားတောင်ပံတွေက တဖျပ်ဖျပ်ခတ်ပြီး အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းကာ မိုမိုဆီ ထိုးဆင်းလာတော့တယ်။
"ငါနဲ့ မြန်နှုန်းချင်း ယှဉ်ပြိုင်ချင်နေတာလား"
မိုမိုက ရွေ့လျားရေးနည်းစနစ်ကို အသက်သွင်းကာ ရှောင်ဟူနဲ့ လျင်မြန်စွာ တိုက်ခိုက်ခဲ့တယ်။
အုန်း အုန်း အုန်း အုန်း....
နှစ်ယောက်သား အရှိန်နဲ့ တိုက်ခိုက်နေခဲ့ကြတယ်။ လီဖူချန်းရဲ့ပြောင်မြောက်တဲ့ခွန်အားကြောင့်သာမဟုတ်ရင် သူက ပုံရိပ်နှစ်ခုကို ရှင်းရှင်းလင်းလင်းမြင်နိုင်လိမ့်မှာမဟုတ်ဘူး။
"ရှောင်ဟူက နည်းနည်းလိုနေသေးတယ်"
လီဖူချန်းက တွေးလိုက်တယ်။
မိုမိုက အားကုတ်မထုတ်ရသေးသလို သူက ရှောင်ဟူကို ခွန်အားအပြည့်ထုတ်သုံးဖို့ ဖိအားပေးနေမှန်း သူက သိသိသာသာမြင်နိုင်တယ်။
ဟိန်းသံ......
အကွက်ရာအနည်းငယ်ဖလှယ်ပြီးနောက် ရှောင်ဟူက သူ့ရဲ့ပါးစပ်ကို ရုတ်တရက်ဟကာ အနက်ရောင်အလင်းဘောလုံးတစ်လုံးကို မိုမိုထံ မှုတ်ထုတ်လိုက်တယ်။
"အချိန်ကျပြီ"
မိုမိုရဲ့ခြေလက်တွေထဲကတစ်ခုက ရောင်စုံအလင်းတစ်ခုကို ထုတ်လွှတ်ခဲ့ပြီး အနက်ရောင်အလင်းဘောလုံးအဖြစ် ချက်ချင်းခွဲဖြာသွားတယ်။
အကွက်တစ်ထောင်၊ အကွက်နှစ်ထောင်၊ အကွက်သုံးထောင်။
ရှောင်ဟူက သူ့ခွန်အားကို ဘယ်လောက်ပဲ တိုးမြှင့်ခဲ့ပါစေ၊ သူက မိုမိုကို မရင်ဆိုင်နိုင်သေးပါဘူး။
အချိန်ကြာလာတာနဲ့အမျှ ရှောင်ဟူရဲ့ချီတည်ရှိမှုက အနည်းငယ်ကျဆင်းလာတယ်။
တကယ်တော့ သူက ဆင့်ကဲပြောင်းလဲကာစပဲ ရှိတယ်၊ သူ့အခြေခံအုတ်မြစ်က မတည်ငြိမ်သေးပါဘူး။
"ရပြီ၊ ဒီလောက်ဆို လုံလောက်ပြီ"
လီဖူချန်းက သူတို့နှစ်ယောက်ကို ရပ်တန့်စေခဲ့တယ်။
"ကောင်းပြီ....."
မိုမိုရောရှောင်ဟူပါ ရပ်တန့်ခဲ့တယ်။
"ဒုတိယအကို၊ ကျေးဇူးအများကြီးတင်ပါတယ်" ရှောင်ဟူက မိုမိုကို ပြောလိုက်တယ်။
သူက အမှောင်စိတ်ဝိညာဉ်ခွဲဖြာကျားရဲ့သွေးမျိုးဆက်ကို အသက်သွင်းနိုင်တာကြောင့် မိုမိုက သူ့ကို ရန်စနေတယ်ဆိုတာ သူက ဘယ်လိုလုပ်ပြီးနားမလည်နိုင်ရမှာလဲ။
မိုမိုက ပြောလိုက်တယ်"ငါတို့က ညီအကိုတွေပဲ၊ ငါ့ကို ကျေးဇူးတင်ဖို့ မလိုဘူး။ မင်းရဲ့သွေးမျိုးဆက်ကို မြန်မြန်တည်ငြိမ်အောင်လုပ်လိုက်။ နောက်တစ်ကြိမ်ကျရင် အကွက်ရှစ်ရာလောက်ထိ ဖလှယ်ကြတာပေါ့"
"ကောင်းပါပြီ" ရှောင်ဟူက နတ်ဘုရားသားရဲအိတ်ထဲသို့ ပျံသန်းသွားခဲ့တော့တယ်။
"ရှောင်ဟူရဲ့ခန္ဓာကိုယ်က အခြားနတ်ဘုရားသားရဲသွေးမျိုးဆက်တွေကို ဖုံးကွယ်ထားတယ်ဆိုတာ မင်း မြင်နိုင်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး" လီဖူချန်းက မိုမိုကို ပြောလိုက်တယ်။
မိုမိုက ပြောလိုက်တယ်"ဒါက မသိစိတ်အရပဲ။ တကယ်တော့ ငါတို့သုံးယောက်က လျှို့ဝှက်ချိတ်ဆက်မှုတစ်ခုရှိနေပြီပဲလေ"
"ဒါ ဟုတ်တယ်" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။
သူ့ရဲ့စိတ်ဝိညာဉ်က မိုမိုနဲ့ကျားလေးတို့နဲ့ ချိတ်ဆက်ထားတာပဲ။
လီဖူချန်းမျှော်လင့်ထားသလိုပဲ၊ မိုမိုရဲ့လက်ရှိခွန်အားက အဆင့်နိမ့်ပိုင်နက်နတ်ဘုရားတစ်ယောက်နဲ့ ယှဉ်နိုင်နေပြီပဲ။
"အကိုကြီး၊ ငါ အရင်တုန်းက ငယ်သေးတော့ ငါ့ကိုယ်ငါတိုးတက်စေဖို့ ပြင်ပအားတွေကို အသုံးမပြုနိုင်ခဲ့ဘူး။ အခု၊ ငါ ပြင်ပအားတွေကို အသုံးပြုနိုင်ပြီ။ ဒီပစ္စည်းအနည်းငယ်ကို ရှာထားပေး" မိုမိုက ပြောလိုက်တယ်။
မိုမိုရဲ့နတ်ဘုရားစိတ်ဝိညာဉ်မှသတင်းအချက်အလက်ကို လက်ခံပြီးနောက် လီဖူချန်းက မေးလိုက်တယ်"ငါးရောင်ဟင်းလင်းပြင်ချိုးဖြတ်ဆေးပင်။ ဒါ ဘယ်လိုနတ်ဘုရားဆေးအမျိုးအစားလဲ။ ငါ ဘယ်နေရာကနေ ဒါကို ရနိုင်မလဲ"
မိုမိုက ပြောလိုက်တယ်"ပုံမှန်အားဖြင့် ငါးရောင်ခြယ်ဟင်းလင်းပြင်ချိုးဖြတ်ဆေးပင်က နတ်ဘုရားဟင်းလင်းပြင်မှာ ကြီးထွားတယ်၊ ဒါမှမဟုတ် နတ်ဘုရားကြယ်အချို့မှာ ဒါမှမဟုတ် အန္တရာယ်များတဲ့နတ်ဘုရားဟင်းလင်းပြင်နယ်မြေအချို့မှာ ကြီးထွားတယ်။ ပုံမှန်အားဖြင့် အဆင့်နိမ့်ငါးရောင်ခြယ်ဟင်းလင်းပြင်ချိုးဖြတ်ဆေးပင်တစ်ထောင်က ကြယ်ငါးလုံးအဆင့်နိမ့်နတ်ဘုရားဟင်းလင်းပြင်သက်ရှိအထိ မြင့်တက်စေနိုင်တယ်။ အလယ်ဆင့်ငါးရောင်ခြယ်ဟင်းလင်းပြင်ချိုးဖြတ်ဆေးပင်ရရင်တော့ ပိုကောင်းတာပေါ့၊ အဲဒါဆိုရင် ငါ့အနေနဲ့ မြှင့်တက်ဖို့ ဆယ်ပင်ပဲ လိုမယ်။ အဆင့်မြင့်ငါးရောင်ခြယ်ဟင်းလင်းပြင်ချိုးဖြတ်ဆေးပင်ကတော့ ပေါ်ထွက်လာဖို့ ခက်ခဲတယ်၊ တစ်ပင်လောက်ရရင်တော့ ငါ့အနေနဲ့ ကြယ်ငါးလုံးအလယ်ဆင့်နတ်ဘုရားဟင်းလင်းပြင်သက်ရှိအထိ မြင့်တက်သွားနိုင်တယ်"
"အသက်ပုံဆောင်ခဲကရော ဘာလဲ" လီဖူချန်းက ထပ်မေးလိုက်တယ်။
မိုမိုက ပြောလိုက်တယ်"အသက်ပုံဆောင်ခဲက အသက်ဘူးနွယ်မှာ တည်ရှိတယ်။ နတ်ဘုရားကမ္ဘာရောနတ်ဘုရားဟင်းလင်းပြင်ရော နှစ်ခုစလုံးမှာ အသက်ဘူးနွယ်ရှိတယ်။ ဒါပေမယ့် နတ်ဘုရားဟင်းလင်းပြင်မှာတော့ အသက်ဘူးနွယ်အများစုကို အားကောင်းတဲ့နတ်ဘုရားဟင်းလင်းပြင်မျိုးနွယ်တွေက သိမ်းပိုက်ထားတယ်"
လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။ အသက်ပုံဆောင်ခဲနဲ့ပတ်သက်ပြီး သူ မသိပေမယ့် အသက်ဘူးနွယ်က အသက်ရင်းမြစ်ဥပဒေသပါဝင်တဲ့ရတနာတစ်ခုဆိုတာတော့ သူ သိတယ်။
"မစိုးရိမ်ပါနဲ့၊ ငါ သေချာရှာပေးမှာပါ"
လက်ရှိမှာ မိုမိုပဲဖြစ်စေ၊ ရှောင်ဟူပဲဖြစ်စေ၊ ခွန်အားအရ သူတို့က လီဖူချန်းကို အများကြီးအကူအညီမပေးနိုင်ပါဘူး။
ဒါပေမယ့် သူတို့နှစ်ယောက်လုံးမှာ ကြီးမားတဲ့အလားအလာရှိတယ်။ အခွင့်အလမ်းက ရောက်လာရင် သူတို့က လီဖူချန်းကို လိုက်မီနိုင်ပါလိမ့်မယ်။
၅၅ခု၊ ၅၆ခု....
ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်က အတော်လေးသက်သောင့်သက်သာရှိတယ်။
လီဖူချန်းက ဓားတာအိုနဲ့နေရာလပ်တာအိုကို တိတ်တဆိတ်ကျင့်ကြံနေတယ်။
ရံဖန်ရံခါမှာတော့ ရူးနေတဲ့ပိုင်နက်နတ်ဘုရားတွေက ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်ကို ခိုးယူချင်ခဲ့ကြတယ်၊ ဒါပေမယ့် သူတို့က လီဖူချန်းရဲ့ဓားချီကြောင့် ဗလာနတ္ထိဖြစ်သွားခဲ့ကြတယ်။
ဒါပေမယ့် လီဖူချန်းက ကျင့်ကြံတာကိုပဲ သိတဲ့သူမဟုတ်ပါဘူး။ သူ နတ်ဘုရားမြို့တစ်မြို့ကို ဖြတ်သန်းတဲ့အခါတိုင်းမှာ လီဖူချန်းက ရပ်တန့်ပြီး မြို့ထဲမှာ လှည့်လည်ခဲ့တယ်။
၅၇ခု၊ ၅၈ခု.....
အခု၆၀.....
ဒီနေ့မှာတော့ လီဖူချန်းက အခု၆၀မြောက်အဆုံးစွန်းအဆင့်နိမ့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တစ်ခုကို နောက်ဆုံးမှာ ဖန်တီးခဲ့တယ်။ အခု၆၀မြောက်အဆုံးစွန်းအဆင့်နိမ့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်နဲ့ပေါင်းစပ်ပြီးနောက် လီဖူချန်းရဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားက ၁၈၀၀၀ထရီလီယံအထိ တိုးလာခဲ့တယ်။
ဒါ့အပြင် ဒီအခု၆၀မြောက်အဆုံးစွန်းအဆင့်နိမ့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်က ပိုင်နက်အမျိုးအစားဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တစ်ခုဖြစ်နေခဲ့တယ်။
ရန်သူတွေနဲ့တိုက်ခိုက်တဲ့အခါ ပိုင်နက်အမျိုးအစားနတ်ဘုရားအတတ်တွေက သာမန်နတ်ဘုရားအတတ်တွေထက် ပိုအသုံးဝင်တယ်။
လီဖူချန်းက ဒီဓားတာအိုပိုင်နက်နတ်ဘုရားအတတ်ကို ကောင်းကင်ဘုံဓားပိုင်နက်လို့ အမည်ပေးခဲ့တယ်။
***