မူရုံဖှေးဝူနဲ့ ထပ်မံတွေ့ဆုံခြင်း
Vol. 92 Ch. 1301
ကောင်းကင်ဘုံဓားပိုင်နက်က လိုဏ်ဂူတစ်ရာဓားပိုင်နက်နဲ့ မတူပါဘူး။
လိုဏ်ဂူတစ်ရာဓားပိုင်နက်က ခံစစ်အတွက် အဓိကထားပြီး ရန်သူရဲ့တိုက်ခိုက်မှုအားလုံးကို စုပ်ယူတယ်။
ကောင်းကင်ဘုံဓားပိုင်နက်က တိုက်စစ်အတွက် အဓိကဖြစ်တယ်။ တစ်ယောက်ယောက်က ကောင်းကင်ဘုံဓားပိုင်နက်ထဲကို ဝင်ရောက်လာတာနဲ့ သူတို့ကို ကောင်းကင်ဘုံဓားပိုင်နက်က ဖိနှိပ်ကာ တိုက်ခိုက်ပေလိမ့်မယ်။
လိုဏ်ဂူတစ်ရာဓားပိုင်နက်ဖြစ်စေဒါမှမဟုတ်ကောင်းကင်ဘုံဓားပိုင်နက်ဖြစ်စေ၊ သူတို့ကို အကြောင်းပြချက်မရှိဘဲ ဖန်တီးထားတာ မဟုတ်ပါဘူး။ လီဖူချန်းက မရေမတွက်နိုင်လောက်တဲ့ဓားတာအိုအနှစ်သာရတွေနဲ့ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တွေရဲ့အနှစ်သာရကို စုစည်းထားပြီး သူတို့ကို ဖန်တီးခဲ့တာပါ။
"ခြောက်ဆယ်က ငါ့အကန့်အသတ်မဟုတ်သေးဘူး။ နောက်ပစ်မှတ်က တစ်ရာပဲ"
ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တွေဘယ်လောက်ထိ သူ ပေါင်းစည်းနိုင်မလဲ၊ သူ့ခန္ဓာကိုယ်ထဲမှာ ဆန်းကြယ်နတ်ဘုရားစွမ်းအားဘယ်လောက်ထိ ထည့်ဝင်နိုင်မလဲကို လီဖူချန်းက မြင်ချင်ခဲ့တယ်။
တကယ်တော့ သူ့ရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားက အခြားပိုင်နက်နတ်ဘုရားတွေရဲ့ပိုင်နက်နတ်ဘုရားစွမ်းအားထက် ဆယ်ဆမဟုတ်အဆတစ်ရာပိုသန်မာတယ်လို့ လီဖူချန်းက ခံစားချက်တစ်ခုရှိနေတယ်။ လက္ခဏာရပ်တွေအရ ၎င်းက ပိုင်နက်နတ်ဘုရားစွမ်းအားနဲ့ မခြားပါဘူး။
ပိုင်နက်နတ်ဘုရားတွေရဲ့ပိုင်နက်နတ်ဘုရားစွမ်းအားက ပိုင်နက်စွမ်းအားပါဝင်တယ်။ အရိပ်အယောင်တစ်ခုကို ထုတ်လွှတ်လိုက်တာနဲ့ ၎င်းက ဟင်းလင်းပြင်နဲ့အရာအားလုံးကို အေးခဲရပ်တန့်စေလိမ့်မယ်။ ပိုင်နက်နတ်ဘုရားအောက်ဘယ်သူမဆို ပိုင်နက်နတ်ဘုရားနဲ့တိုက်ခိုက်ဖို့ အရည်အချင်းမမှီပါဘူး၊ သူတို့က ပိုင်နက်နတ်ဘုရားစွမ်းအားကြောင့် အေးခဲရပ်တန့်သွားရလိမ့်မယ်။
လီဖူချန်းရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားက စစ်မှန်တဲ့ပိုင်နက်နတ်ဘုရားစွမ်းအားမဟုတ်ပေမယ့် ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်များစွာကို ပေါင်းစည်းထားခြင်းကြောင့် ၎င်းမှာလဲ ပိုင်နက်စွမ်းအားပါဝင်တယ်။ ၎င်းက ပိုင်နက်နတ်ဘုရားရဲ့ပိုင်နက်နတ်ဘုရားစွမ်းအားလောက်တော့ မသန့်စင်ဘူးပေါ့။ ဒါပေမယ့် လီဖူချန်းရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားက လုံလုံလောက်လောက်အားကောင်းပါတယ်။
ပိုင်နက်နတ်ဘုရားရဲ့ပိုင်နက်နတ်ဘုရားစွမ်းအားကို ရေလို့ ဖော်ပြရင် လီဖူချန်းရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားက ရွှံ့နဲ့ကျောက်တုံးဖြစ်ပေလိမ့်မယ်။ ၎င်းက ဘယ်လောက်ထိလေးလံသလဲကို မသိပါဘူး၊ ၎င်းက ရန်သူကို သေတဲ့အထိ ရိုက်နှက်နိုင်တယ်။
ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်က အလွန်အမင်းမြန်ပြီး နတ်ဘုရားမြို့တစ်မြို့မှအခြားတစ်မြို့ကို သွားဖို့ အချိန်အများကြီးမလိုအပ်ပါဘူး။
ဒါ့အပြင် လီဖူချန်းက ရည်ရွယ်ချက်ရှိရှိနှေးထားခဲ့တာပါ။
မသိလိုက်မသိဘာသာနဲ့ လီဖူချန်းက မြောက်ပိုင်းနယ်မြေရဲ့အနီးဝန်းကျင်ကို ရောက်ရှိလာခဲ့တယ်။
သွေးစွန်းတိုက်ကြီးကို ငါးပိုင်းခွဲထားတယ်၊ အရှေ့၊ အနောက်၊ မြောက်၊ တောင်နဲ့ အလယ်ဆိုပြီးတော့ပေါ့။ မြောက်ပိုင်းနယ်မြေကတော့ နတ်ဘုရားမြို့တွေ ပိုနည်းရုံသာမက ကျွမ်းကျင်သူတွေလဲ ပိုနည်းပါတယ်။
မီးငှက်မြို့က အနောက်ပိုင်းနယ်မြေနဲ့နီးကပ်တဲ့ မြောက်ပိုင်းနယ်မြေရဲ့အဆင့်၃နတ်ဘုရားမြို့တစ်မြို့ဖြစ်တယ်။
ဒီနတ်ဘုရားမြို့က မီးပြင်းဖိုမြို့နဲ့ တူပြီး ဆေးတာအိုနဲ့ပတ်သက်ပြီး နာမည်ကြီးတယ်။ နတ်ဘုရားဆေးဆရာတွေနဲ့ဆေးနတ်ဘုရားတွေရဲ့အရေအတွက်က မီးပြင်းဖိုမြို့နောက် ဒုတိယလိုက်တယ်။
မူရုံကလန်က မီးငှက်မြို့ရဲ့သက်တမ်းအရင့်ဆုံးကလန်ဖြစ်တယ်။ တစ်ချိန်တည်းမှာ ၎င်းက မီးငှက်မြို့ရှိဒုတိယအကြီးဆုံးကလန်တွေထဲကတစ်ခုဖြစ်တယ်။
မီးငှက်မြို့ရဲ့နံပါတ်တစ်ကလန်က မြို့အရှင်ဖြစ်တဲ့ထာဝရကမ္ဘာနတ်ဘုရားဆရာသခင်ရဲ့ကလန်ပါပဲ။
အခြားကလန်တွေလို သူတို့ရဲ့သိုင်းစွမ်းပကားနဲ့ ကျော်ကြားတာ မဟုတ်ဘဲ မူရုံကလန်က သူတို့ရဲ့ဆေးပညာကြောင့် ကျော်ကြားတယ်။
မူရုံကလန်ရှိလူတိုင်းက နတ်ဘုရားဆေးဆရာဒါမှမဟုတ်ဆေးနတ်ဘုရားတစ်ယောက်ဖြစ်ကြတယ်။ ကြယ်တစ်လုံးနတ်ဘုရားဆေးဆရာမှကြယ်ခြောက်လုံးနတ်ဘုရားဆေးဆရာအထိ အရာအားလုံးရှိတယ်။
အထူးသဖြင့် မူရုံကလန်ရဲ့ခေါင်းဆောင်ဟောင်းဖြစ်တဲ့ကမ္ဘာနတ်ဘုရားချီတန်းက ကြယ်ခြောက်လုံးအဆင့်မြင့်ရွှေရောင်ဆေးနတ်ဘုရားတစ်ယောက်ဖြစ်တယ်။ ဒီအဆင့်ရှိဆေးနတ်ဘုရားတွေကို မြောက်ပိုင်းနယ်မြေမှာ လက်ချောင်းတွေနဲ့တင် ရေတွက်နိုင်တယ်။
ဒါပေမယ့် ဆေးတာအိုမိသားစုတစ်ခုအနေနဲ့ မူရုံမိသားစုမှာ ၎င်းရဲ့ကိုယ်ပိုင်ချို့ယွင်းချက်တွေ ရှိပါတယ်။
တကယ်တော့ ဒါက ခွန်အားနဲ့သန်မာမှုကို ဦးစားပေးတဲ့ကမ္ဘာတစ်ခုပဲလေ။
တစ်စုံတစ်ယောက်ရဲ့ဆေးအတတ်က ဘယ်လောက်ပဲ မှင်တက်စရာကောင်းနေပါစေ၊ အခြားသူတွေက လေးစားရုံပဲ ရှိပါလိမ့်မယ်။ ကြောက်ရွံ့ခြင်းဆိုတာ မရှိပါဘူး။
အကျိုးအကြောင်းမညီညတ်တဲ့လူတစ်ယောက်နဲ့ တွေ့ခဲ့ရင် ဘာမှတတ်နိုင်မှာမဟုတ်ပါဘူး။
မူရုံကလန်ရဲ့ခေါင်းဆောင်ဟောင်းဖြစ်တဲ့ကမ္ဘာနတ်ဘုရားချီတန်းကိုပဲ ဥပမာအနေနဲ့ ကြည့်ပါ။ သူက ကြယ်ခြောက်လုံးအဆင့်မြင့်ရွှေရောင်ဆေးနတ်ဘုရားတစ်ယောက်ဖြစ်ပြီး ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှာ ဆေးတာအိုရဲ့အထွတ်အထိပ်မှာ ရပ်တည်နေပေမယ့် အဆင့်မြင့်ကမ္ဘာနတ်ဘုရားတစ်ယောက်အနေနဲ့ သူ့ခွန်အားက တတိယတန်းစားအဆင့်မြင့်ကမ္ဘာနတ်ဘုရားအဆင့်မှာ ရှိတယ်။ သူ့အထက်မှာ ဒုတိယတန်းစားအဆင့်မြင့်ကမ္ဘာနတ်ဘုရားတွေ၊ ပထမတန်းစားအဆင့်မြင့်ကမ္ဘာနတ်ဘုရားတွေ၊ သာမန်ကမ္ဘာနတ်ဘုရားဆရာသခင်တွေ၊ အလယ်ဆင့်ကမ္ဘာနတ်ဘုရားဆရာသခင်တွေ၊ အဆင့်မြင့်ကမ္ဘာနတ်ဘုရားဆရာသခင်တွေ၊ အားကောင်းကမ္ဘာနတ်ဘုရားဆရာသခင်တွေနဲ့ သာလွန်ကမ္ဘာနတ်ဘုရားဆရာသခင်တွေတောင် ရှိတယ်။
ကမ္ဘာနတ်ဘုရားချီတန်းရဲ့ဆေးအတတ်က ထိပ်တန်းဖြစ်ပေမယ့် သူ့ရဲ့သိုင်းစွမ်းပကားက အမှိုက်လို့ ပြောနိုင်တယ်။ ဘယ်အဆင့်မြင့်ကမ္ဘာနတ်ဘုရားမဆို သူ့ကို အနိုင်ကျင့်နိုင်တယ်။ အချို့အားကောင်းတဲ့အလယ်ဆင့်ကမ္ဘာနတ်ဘုရားတွေကတောင် သူ့ကို အနိုင်ကျင့်နိုင်တယ်။
သူတို့ဘာလိုအပ်နေတာကိုသိပြီး မူရုံကလန်က ဟိုးအရင်ကတည်းက ကျွမ်းကျင်သူတွေကို စတင်ပျိုးထောင်ခဲ့တယ်။
ဒါပေမယ့် နှစ်ပေါင်းမရေမတွက်များစွာကြာပြီးနောက် သူတို့က အထီးကျန်နတ်ဘုရားဆရာသခင်အနည်းငယ်ကိုသာ ပျိုးထောင်နိုင်ခဲ့တယ်။ ထိုအထီးကျန်နတ်ဘုရားဆရာသခင်အနည်းငယ်က မရှိတော့တာကြာပါပြီ။ လက်ရှိမှာ မူရုံကလန်ရဲ့အသန်မာဆုံးကျွမ်းကျင်သူက ပထမတန်းစားအဆင့်မြင့်ကမ္ဘာနတ်ဘုရားဖြစ်တယ်။
ဒီတော့ မူရုံကလန်က သူတို့ရဲ့ကံကြမ္မာကို လက်ခံနေခဲ့ရတာပေါ့။ မူရုံကလန်ရဲ့သွေးကြောထဲမှာစီးဆင်းနေတဲ့သွေးမျိုးဆက်က ဆေးတာအိုအတွက်သာဖြစ်ပြီး တိုက်ခိုက်ဖို့အတွက် မဟုတ်ဘူးဖြစ်မှာပါ.......
သူတို့က သူတို့ရဲ့ကိုယ်ပိုင်ကျွမ်းကျင်သူတွေကို ပြုစုပျိုးထောင်မနိုင်တာကြောင့် မူရုံကလန်က လက်ထပ်ဖို့ကို အာရုံထားလာခဲ့ကြတယ်။ လက်ထပ်ဖို့အတွက် ဖြစ်နိုင်ချေနှစ်ခုရှိတယ်။ တစ်ဖက်က သမိုင်းကြောင်းရှည်တစ်ခုရှိတဲ့ဆေးကလန်တစ်ခုခုဒါမှမဟုတ်ကမ္ဘာနတ်ဘုရားဆရာသခင်တစ်ယောက်ရှိတဲ့အလွန်အားကောင်းတဲ့သိုင်းကလန်တစ်ခုခုပေါ့။
လက်ရှိမှာ တာအိုလက်တွဲဖော်မရှိသလိုအသက်အားဖြင့်နှစ်ထောင်အနည်းငယ်တဲ့အထက်ရှိတဲ့မူရုံကလန်ရဲ့တပည့်တွေကို ကလန်တစ်ခုခုနဲ့ လက်ထပ်ဖို့ စီစဉ်ထားခဲ့ကြတယ်။
သူတို့အထဲမှာ မူရုံဖှေးဝူက နာမည်အကြီးဆုံးပါပဲ။
သူမက ဒီနှစ်မှာ အသက်ခြောက်ထောင်ရှိတယ်။ စိတ်နေသဘောထားအရဖြစ်စေဒါမှမဟုတ်အသွင်အပြင်အရဖြစ်စေ၊ သူမက ကမ္ဘာမှာ အကောင်းဆုံးဖြစ်တယ်။ သွေးစွန်းတိုက်ကြီးက အကြွင်းမဲ့အလှတွေကို အဆင့်စီလိုက်ရင် မူရုံဖှေးဝူက စာရင်းထဲကို သေချာပေါက်ဝင်ပါလိမ့်မယ်။
စိတ်နေသဘောထားနဲ့အသွင်အပြင်ကို ဘေးချိတ်ထားလိုက်အုံး၊ သူမက တကယ်တော့ ကြယ်လေးလုံးအဆင့်မြင့်ရွှေရောင်ဆေးနတ်ဘုရားတစ်ယောက်နဲ့ကြယ်ငါးလုံးအဆင့်နိမ့်နတ်ဘုရားဆေးဆရာတစ်ယောက်ဖြစ်နေပါပြီ။ သူမက အချင်းရောအဆင်းရောပြည့်စုံတဲ့ပါရမီရှင်တစ်ယောက်လို့ ဆိုနိုင်တယ်။
မူရုံကလန်ရဲ့ဝှက်ဖဲအနေနဲ့ မူရုံကလန်က မူရုံဖှေးဝူကို အခြားကလန်တစ်ခုနဲ့ ကြုံသလို လက်ထပ်ခွင့်ပြုမှာမဟုတ်ပါဘူး။
မူရုံကလန်ရဲ့အဆင့်မြင့်အကြီးအကဲတွေရဲ့မျက်လုံးထဲမှာ မူရုံဖှေးဝူကို လက်ထပ်ချင်ရင် သူတို့က အခြေအနေများစွာနဲ့ ကိုက်ညီရပါမယ်။
ဆေးကလန်တစ်ခုဆိုရင် ကလန်ရဲ့ခွန်အားက မူရုံကလန်ထက် အားမနည်းရပါဘူး။
ဆေးကလန်ရဲ့သိုင်းခွန်အားက မလုံလောက်ပေမယ့် ဆေးလုံးတွေ တောင်းဆိုတဲ့သူတွေအများကြီးရှိပါတယ်၊ ဒါကြောင့် သူတို့နဲ့မိတ်ဖွဲ့ချင်တဲ့ကျွမ်းကျင်သူတွေအများကြီးရှိမှာပဲလေ။ မျက်စိကန်းနေတဲ့ကမ္ဘာနတ်ဘုရားဆရာသခင်တစ်ယောက်က ဆေးကလန်ကို လာရန်စခဲ့ရင် သူတို့နဲ့ဆက်ဆံရေးကောင်းရှိတဲ့ထိုကျွမ်းကျင်သူတွေက သေချာပေါက်လာကူညီပါလိမ့်မယ်။
ဥပမာအားဖြင့် မူရုံမိသားစုက အဆင့်မြင့်ကမ္ဘာနတ်ဘုရားဆရာသခင်တွေနဲ့အားကောင်းအထီးကျန်နတ်ဘုရားဆရာသခင်တွေအပါအဝင် ကမ္ဘာနတ်ဘုရားဆရာသခင်များစွာနဲ့ မိတ်ဖွဲ့ထားခဲ့တယ်လေ။
သိုင်းကလန်တစ်ခုတစ်ခုဆိုရင်တော့ ကလန်ထဲမှာ ကမ္ဘာနတ်ဘုရားဆရာသခင်တွေများစွာရှိရပါမယ်၊ အဆင့်မြင့်ကမ္ဘာနတ်ဘုရားဆရာသခင်တွေ ရှိရပါမယ်။
ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှာ သာမန်ကမ္ဘာနတ်ဘုရားဆရာသခင်တွေက ရှားပါးပေမယ့် အချို့တော့ ရှိပါသေးတယ်။
နှိုင်းယှဉ်ပြီးပြောရရင် အလယ်ဆင့်ကမ္ဘာနတ်ဘုရားဆရာသခင်တွေက အများကြီးပိုရှားတယ်။
အဆင့်မြင့်ကမ္ဘာနတ်ဘုရားဆရာသခင်တွေကတောင် ရှားတယ်၊ တတိယအဆင့်နတ်ဘုရားမြို့တွေရဲ့မြို့အရှင်တော်တော်များများက ဒီအဆင့်မှာ ရှိတယ်။
အားကောင်းကမ္ဘာနတ်ဘုရားဆရာသခင်တွေအတွက်ကတော့ သူတို့က ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာရဲ့အထွတ်အထိပ်မှာ ရပ်တည်နေပြီး ဒီကမ္ဘာနတ်ဘုရားဆရာသခင်တွေက အများအားဖြင့် ထိပ်တန်းကလန်နဲ့ဂိုဏ်းတွေမှာပဲ ရှိတယ်။
သာလွန်ကမ္ဘာတတ်ဘုရားဆရာသခင်တွေကတော့ သူတို့က နောက်တစ်ဆင့်ကို ရောက်နေပါပြီ။
သူတို့က ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာရဲ့အစစ်အမှန်အုပ်ချုပ်သူတွေပါပဲ၊ သူတို့ကိုပိုင်ဆိုင်တဲ့ဂိုဏ်းတွေအားလုံးက သာလွန်ဂိုဏ်းတွေပါပဲ၊ ဥပမာအားဖြင့် သွေးစွန်းတိုက်ကြီးရဲ့သွေးစွန်းနန်းတော်လိုပေါ့။
ပြောရရင် မူရုံကလန်က သိုင်းကလန်တစ်ခုနဲ့ လက်ထက်ထိမ်းမြားဖို့ကို ပိုလိုလားတယ်။
လက်ရှိမှာ မူရုံကလန်နဲ့ထိတွေ့ဆက်ဆံမှုအများဆုံးက မီးငှက်မြို့ရဲ့မြို့အရှင်ဖြစ်တဲ့ထာဝရကမ္ဘာနတ်ဘုရားဆရာသခင်ရဲ့ကလန်၊ အနောက်ပိုင်းနယ်မြေရွှေဖြူမြို့ရဲ့ရွှေဖြူကလန်၊ ကောင်းကင်ဝံပုလွေမြို့ရဲ့ကောင်းကင်ဝံပုလွေကလန်။
ဒီကလန်သုံးခုလုံးက သိုင်းကလန်တွေပါပဲ။
ထာဝရကမ္ဘာနတ်ဘုရားဆရာသခင်ရဲ့ကလန်နဲ့ပတ်သက်ပြီး ပြောဖို့တောင်မလိုအပ်ပါဘူး။ ထာဝရကမ္ဘာနတ်ဘုရားဆရာသခင်ရဲ့ကလန်က ရှည်လျားတဲ့သမိုင်းကြောင်းတစ်ခုမရှိပေမယ့် သူက အဆင့်မြင့်ကမ္ဘာနတ်ဘုရားဆရာသခင်တစ်ယောက်ဖြစ်တယ်။ အထူးသဖြင့် သူ့ခန္ဓာကိုယ်ထဲရှိထာဝရဖီးနစ်ငှက်သွေးမျိုးဆက်ပါပဲ။ သူတို့က သူ့ကို သေချာပေါက်သတ်ဖြတ်နိုင်မယ်လို့ အားကောင်းကမ္ဘာနတ်ဘုရားဆရာသခင်တွေကတောင် မပြောရဲပါဘူး။
အနောက်ပိုင်းနယ်မြေရွှေဖြူမြို့ရဲ့ရွှေဖြူကလန်က အလွန်အမင်းရှေးကျတဲ့သိုင်းကလန်တစ်ခုဖြစ်တယ်၊ ကလန်ထဲမှာ ကမ္ဘာနတ်ဘုရားဆရာသခင်တွေများစွာရှိပြီး အသန်မာဆုံးက အဆင့်မြင့်ကမ္ဘာနတ်ဘုရားဆရာသခင်ဖြစ်တယ်။
ကောင်းကင်ဝံပုလွေမြို့ရဲ့ကောင်းကင်ဝံပုလွေကလန်က မယုံနိုင်စရာကောင်းတယ်၊ အဆင့်မြင့်ကမ္ဘာနတ်ဘုရားဆရာသခင်နှစ်ယောက်နဲ့အလယ်ဆင့်ကမ္ဘာနတ်ဘုရားဆရာသခင်သုံးယောက်ရှိတယ်၊ သူတို့ရဲ့ပေါင်းစပ်ခွန်အားက ထာဝရကမ္ဘာနတ်ဘုရားဆရာသခင်ရဲ့ကလန်နဲ့ရွှေဖြူကလန်တို့ထက် အများကြီးသာလွန်တယ်။
သိုင်းကလန်တွေအပြင် မူရုံမိသားစုနဲ့ပိုထိတွေ့ဆက်ဆံမှုရှိတဲ့အခြားဆေးကလန်နှစ်ခုရှိတယ်။
တစ်ခုက အရှေ့ပိုင်းမဟာနယ်မြေရဲ့ခရမ်းမီးလျှံကလန်ဖြစ်ပြီး အခြားတစ်ခုက အရှေ့ပိုင်းမဟာနယ်မြေရဲ့ချင်ရွှယ်ကလန်ပါပဲ။
ခရမ်းမီးလျှံကလန်မှာ အထူးဆေးတာအိုသွေးမျိုးဆက်ရှိတယ်။ သူတို့မွေးဖွားတဲ့အခိုက်အတန့်မှာ ခရမ်းမီးလျှံအမျှင်တန်းတစ်ခုက သူတို့ရဲ့ခန္ဓာကိုယ်မှာ ထွက်ပေါ်လာလိမ့်မယ်။ ဒီခရမ်းမီးလျှံအမျှင်တန်းကို တစ်စုံတစ်ယောက်ရဲ့ခွန်အားကို တိုးဖို့ အသုံးပြုနိုင်ပြီး ဆေးသန့်စင်ဖို့အတွက်လဲ အသုံးပြုနိုင်တယ်။ ၎င်းက မွေးရာပါနတ်ဘုရားမီးတစ်ခုလို့ပြောနိုင်ပြီး ခရမ်းရောင်မီးလျှံကလန်ရဲ့အုတ်မြစ်လဲ ဖြစ်တယ်။
ဒီအထူးဆေးတာအိုသွေးမျိုးဆက်ကြောင့် ခရမ်းရောင်မီးလျှံကလန်က ဆေးတာအိုမှာ အောင်မြင်တိုးတက်ရုံသာမက သူတို့ရဲ့သိုင်းစွမ်းပကားကလဲ အားမနည်းပါဘူး။ ကလန်မှာ ကမ္ဘာနတ်ဘုရားဆရာသခင်နှစ်ယောက်ရှိတယ်၊ တစ်ယောက်က သာမန်ကမ္ဘာနတ်ဘုရားဆရာသခင်ဖြစ်ပြီး အခြားတစ်ယောက်က အလယ်ဆင့်ကမ္ဘာနတ်ဘုရားဆရာသခင်တစ်ယောက်ဖြစ်တယ်။
ချင်ရွှယ်ကလန်က မူရုံကလန်နဲ့ အတူတူပါပဲ။ သူတို့က သန့်စင်တဲ့ဆေးတာအိုကလန်တွေဖြစ်တယ်။ ဒါပေမယ့် ခွန်အားအရ ချင်ရွှယ်ကလန်က မူရုံကလန်ထက် ပိုသန်မာတယ်။ အကြောင်းကတော့ ချင်ရွှယ်ကလန်မှာ အဆင့်မြင့်ကြယ်ခြောက်လုံးရွှေရောင်ဆေးနတ်ဘုရားနှစ်ယောက်ရှိလို့ပဲ။
ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ ရွေးချယ်စရာတွေများလွန်းခြင်းက ဒုက္ခများတဲ့ကိစ္စတစ်ခုပဲ။ ဒီကလန်ငါးခုထဲကဘယ်ကလန်ကိုပဲရွေးရွေး၊ မူရုံမိသားစုက ဆုံးရှုံးနစ်နာစရာအကြောင်းမရှိပါဘူး။ ဒါပေမယ့် ဘယ်တစ်ခုကိုပဲ ရွေးချယ်ပါစေ၊ သူတို့က အခြားကလန်လေးခုကို အပြစ်ပြုသလိုဖြစ်သွားပါလိမ့်မယ်။ ဒါက မူရုံကလန်ကမမြင်ချင်တဲ့အရာပါပဲ။
ဒါကြောင့်ပဲ မူရုံကလန်က မူရုံဖှေးဝူကို ဖိအားအများကြီးမပေးခဲ့တာပဲ၊ သူမကို လွတ်လပ်မှုပမာဏအတိုင်းအတာတစ်ခု ပေးခဲ့တယ်။
လမ်းပေါ်မှာ မူရုံဖှေးဝူက လူရွယ်တစ်ယောက်နဲ့ ဘေးချင်းကပ်ရပ်လျက် လျှောက်နေတယ်။
လူရွယ်က အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူ့ခန္ဓာကိုယ်က တစ်မူထူးခြားတဲ့ဆေးချီတစ်ခုကို ထုတ်လွှတ်နေတယ်။ သူ့မျက်လုံးတွေက ဖြတ်ကျော်သွားတဲ့အမျိုးသမီးတွေအားလုံးကိုဆွဲဆောင်နိုင်တဲ့မှော်စွမ်းအားတစ်ခု ရှိနေသလိုပါပဲ။
ချင်ရွှယ်ထျန်းချန်၊ ချင်ရွှယ်ကလန်ရဲ့လူငယ်မျိုးဆက်ရဲ့နံပါတ်တစ်ဆေးတာအိုကျွမ်းကျင်သူ။ သူက မူရုံဖှေးဝူလိုပဲ၊ ကြယ်လေးလုံးအဆင့်မြင့်ရွှေရောင်ဆေးနတ်ဘုရားတစ်ယောက်နဲ့ကြယ်ငါးလုံးအဆင့်နိမ့်နတ်ဘုရားဆေးဆရာတစ်ယောက်ဖြစ်တယ်။
မူရုံဖှေးဝူက လူရွယ်ကို တစ်ချက်ကြည့်ကာ တိတ်တဆိတ်ခေါင်းခါယမ်းလိုက်တယ်၊ လူရွယ်က လုံလုံလောက်လောက်မထူးချွန်လို့တော့မဟုတ်ဘူး။ တကယ်တော့ အရှေ့ပိုင်းမဟာနယ်မြေရဲ့ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံရဲ့နံပါတ်၃အနေနဲ့ သူ့ရဲ့ဆေးတာအိုခွန်အားက အတော်လေးပြောင်မြောက်ပြီး သူမထက်တောင် ပိုသန်မာတယ်။ ဒါပေမယ့် ဘာလို့ သူမက သူ့အပေါ် ဘာခံစားချက်တစ်ခုမှ ရှိမနေလဲဆိုတာ သူမက မသိဘူး။
သူမက ခံစားချက်လုံးဝရှိမနေခဲ့ဘူး။
သူက လုံလုံလောက်လောက်မသန်မာတာကြောင့်လား။
မူရုံဖှေးဝူက ခေါင်းခါယမ်းလိုက်တယ်၊ ဒါတော့ မဟုတ်ဘူးလို့ သူမက ခံစားရတယ်။
ရုတ်တရက် မူရုံဖှေးဝူရဲ့စိတ်ထဲမှာ လီဖူချန်းရဲ့ပုံရိပ်က လျှပ်တစ်ပြက်ပေါ်လာတယ်။
ထိုကောင်......
မူရုံဖှေးဝူက ပြုံးလိုက်တယ်။
ဆေးတာအိုခွန်အားအရ ချင်ရွှယ်ထျန်းချန်ဆယ်ယောက်ကတောင် လီဖူချန်းနဲ့ မယှဉ်နိုင်ပါဘူး။
သူတို့ကို ပါရမီရှင်တွေလို့ သတ်မှတ်ရင် လီဖူချန်းက မွန်းစတားတစ်ကောင်ပဲ။
"ငါ သူ့ကို ချစ်မိသွားတာများလား" မူရုံဖှေးဝူမှာ ဒီအတွေးက ဖြစ်ပေါ်လာတယ်။
ကြိုက်တာနဲ့ချစ်တာက မတူညီတဲ့သဘောတရားနှစ်ခုပဲ၊ ဒါပေမယ့် ကြိုက်တာက အချစ်ရဲ့အခြေခံပါပဲ။
မင်းက သူတို့ကို နေ့တိုင်းတွေ့နေတာတောင် မင်း ဘယ်လိုမှချစ်လို့မရတဲ့လူအချို့ရှိတယ်။
မင်းက တစ်ခါတွေ့ရုံနဲ့ ဘယ်တော့မှ မမေ့နိုင်တဲ့လူအချို့ရှိတယ်။
"ဒါတော့ မဟုတ်ဘူး"
သူမက အချစ်ရူးတစ်ယောက်လို့တော့ မူရုံဖှေးဝူက မထင်ပါဘူး။ လီဖူချန်းက သူမအပေါ်မှာ နက်ရှိုင်းတဲ့ထင်မြင်ချက်တစ်ခုချန်ထားခဲ့တာကြောင့်ဖြစ်မယ်၊ ဒါကြောင့်ပဲ သူမက သူ့ကို တွေးမိနေတာပေါ့။
လမ်းထောင့်မှ ပြန်လှည့်ပြီးနောက် မူရုံဖှေးဝူက လူအုပ်ကြီးထဲကို အမှတ်မထင်ကြည့်လိုက်တယ်။
"လီဖူချန်း....."
မူရုံဖှေးဝူရဲ့နှုတ်မှလွှတ်ခနဲထွက်သွားတယ်။
တုံ့ပြန်တဲ့အနေနဲ့ ချင်ရွှယ်ထျန်းချန်က ကြည့်လိုက်တယ်။
လီဖူချန်းကလဲ ကြည့်လိုက်တယ်။
***