ချင်းရွှယ်ထျန်းချန်
Vol. 92 Ch. 1302
မူရုံဖှေးဝူရဲ့အကြည့်မှတစ်ဆင့် ချင်းရွှယ်ထျန်းချန်က လီဖူချန်းရဲ့တည်ရှိမှုကို သတိပြုမိခဲ့တယ်။
လူအုပ်ကြီးထဲမှာ ရပ်နေတာတောင် လီဖူချန်းရဲ့အရှိန်အဝါက တစ်မူထူးနေတာကို ဝန်ခံရမှာပဲ။ သူက လူအုပ်ကြီးနဲ့ရောနှောနေပြီးကွဲလွဲတဲ့ခံစားချက်တစ်ခုကို မပေးစွမ်းသလိုပါပဲ။ ဒါပေမယ့် တစ်ချိန်တည်းမှာ ဆွဲဆောင်မှုတစ်ခုက ရှိနေပြန်တယ်။ မင်းက သူ့ကို ကြည့်လိုက်တာနဲ့ မင်းကို သူက ဆွဲဆောင်သွားလိမ့်မယ်။
"ဖှေးဝူ၊ သူက ဘယ်သူလဲ"ချင်းရွှယ်ထျန်းချန်က မေးလိုက်တယ်။ သူ့လေသံက တစ်ခုခုဖြစ်နေသလိုပါပဲ။
မူရုံဖှေးဝူက ပြောလိုက်တယ်"သူက ငါ့သူငယ်ချင်းပါ၊ ချင်းရွှယ်ထျန်းချန်။ ငါ နင့်ကို အဖော်မပြုပေးတော့ဘူး၊ နင် အရင်ပြန်သွားလိုက်ပါလား"
"မင်း ငါ့ကို သူနဲ့ မမိတ်ဆက်ပေးတော့ဘူးလား" ချင်းရွှယ်ထျန်းချန်က အလျှော့ပေးဖို့ ဆန္ဒမရှိပါဘူး။
မူရုံဖှေးဝူက လီဖူချန်းအပေါ်မှာ နှစ်သက်တဲ့သဘောထားတစ်ခုရှိနေတာကို သူက မြင်နိုင်တယ်၊ ဒါက ယောင်္ကျားတစ်ယောက်ရဲ့မသိစိတ်အရပါပဲ။
"ငါ နင့်ကို နောက်ကျရင် သူနဲ့ မိတ်ဆက်ပေးမှာပါ" မူရုံဖှေးဝူက အနည်းငယ်မရွှင်မပြဖြစ်လာတယ်။
"ကောင်းပြီလေ"
ချင်းရွှယ်ထျန်းချန်က အရူးမဟုတ်ပါဘူး။ သူက လီဖူချန်းနဲ့ မိတ်ဆက်ပေးဖို့ ဆက်လက်တိုက်တွန်းနေရင် မူရုံဖှေးဝူရဲ့သူ့အပေါ်သဘောထားက ပိုဆုံးလာရုံပဲရှိမှာကို သူက သိတယ်။ ဒါက သူမြင်ချင်တဲ့အရာတစ်ခုမဟုတ်ပါဘူး။
သူ့မျက်နှာက ပြုံးလျက် ချင်းရွှယ်ထျန်းချင်က ပြန်လှည့်ကာ ထွက်ခွာသွားခဲ့တယ်။
ဒါပေမယ့် သူပြန်လှည့်သွားတဲ့အခိုက်အတန့်မှာ သူ့မျက်နှာက ကြောက်စရာကောင်းလှအောင်မည်းမှောင်နေတော့တယ်။
"လီဖူချန်း၊ မတွေ့တာ ကြာပြီးနော်" မူရုံဖှေးဝူက ပြုံးကာ လီဖူချန်းဆီ လျှောက်လာတယ်။
လီဖူချန်းက ပြောလိုက်တယ်"ငါ မင်းကို ဒီနေရာမှာ တွေ့မယ်လို့ မမျှော်လင့်ထားခဲ့ဘူး"
မူရြံဖှေးဝူက ပြောစရာစကားမဲ့သွားရှာတယ်"ငါ့အိမ်က မီးငှက်မြို့မှာလေ၊ နင် မသိဘူးလား"
လီဖူချန်းက ပြန်ဖြေလိုက်တယ်"တကယ်မသိတာပါ"
သူက မူရုံဖှေးဝူအပေါ် အမြင်ကောင်းတစ်ခုရှိပါသေးတယ်။
"နင် ဘာလို့ မီးငှက်မြို့ကို ရောက်လာတာလဲ။ အမှောင်ပြာမြို့က ဒီနေရာကနေ အရမ်းဝေးတယ်ဆိုတာ ငါ မှတ်မိပါတယ်"
အမှောင်ပြာမြို့က မြောက်ပိုင်းမဟာနယ်မြေရဲ့မြောက်ဘက်မှာတည်ရှိပြီး ဒီနေရာက မြောက်ပိုင်းမဟာနယ်မြေရဲ့တောင်ဘက်မှာ တည်ရှိတယ်။ တောင်တစ်ခု၊ မြောက်တစ်ခုလို့ ပြောနိုင်တယ်။
လီဖူချန်းက ပြောလိုက်တယ်"ကမ္ဘာကြီးကို စူးစမ်းရှာဖွေဖို့ ငါ ဒီနေရာကို ရောက်လာခဲ့တာ။ ငါ့မှာ ဘာပန်းတိုင်မှ မရှိဘူး၊ ငါ သွားချင်တဲ့နေရာကို သွားရုံမျှပဲ"
"ကမ္ဘာလှည့်တယ်။ မင်း၊ ဆေးနတ်ဘုရားတစ်ယောက်က အခုလို ကမ္ဘာလှည့်နေတယ်ပေါ့။ ဘယ်လိုတောင် ထူးဆန်းတဲ့ပုံပြင်တစ်ပုဒ်လဲ"
လီဖူချန်းက ဓားဆေးဆန်းကြယ်နတ်ဘုရားလို့ လူသိများပေမယ့် လီဖူချန်းရဲ့ဓားတာအိုက သူ့ရဲ့ဆေးတာအိုလောက် ထူးချွန်မယ်လို့တော့ မူရုံဖှေးဝူက မထင်ပါဘူး။ လီဖူချန်းက အများဆုံးသာမန်ဆန်းကြယ်နတ်ဘုရားဆရာသခင်အဆင့်ပေါ့။ ဒီလိုခွန်အားလောက်နဲ့ ဘာပြောရမလဲကို သူမက မသိတော့ပါဘူး။
လီဖူချန်းက ပြုံးကာ ဘာတစ်ခုမှ မပြောခဲ့ပါဘူး။
"သွားကြစို့။ နင်က ဒီနေရာကို အသစ်ရောက်လာတာဆိုတော့ ငါ နင့်ကို မီးငှက်မြို့ပတ်လည်ကို လိုက်ပြပေးမယ်" မူရုံဖှေးဝူက ပြောလိုက်တယ်။
"ဒါဆိုလဲ ငါ မင်းကို ဒုက္ခများစေပြီ"
ဒီလိုကောင်းမွန်တဲ့စေတနာကို မငြင်းချင်ပါဘူး၊ သူက သဘောတူခဲ့တယ်။
မီးငှက်မြို့က အလွန်ကြီးပြီး နတ်ဘုရားဆေးဆရာတွေ များစွာရှိတယ်။ နေရာတော်တော်များများမှာ ဆေးတိုက်ပွဲစင်မြင့်တွေကို တပ်ဆင်ထားကြတယ်။
ဆေးတိုက်ပွဲစင်မြင့်က နတ်ဘုရားဆေးဆရာတွေတစ်ယောက်နဲ့တစ်ယောက်ယှဉ်ပြိုင်တဲ့နေရာတစ်ခုဖြစ်တယ်။ မစခင် လူတိုင်းက လောင်းကြေးထပ်ရတယ်။ အနိုင်ရသူက တစ်ဖက်လူရဲ့လောင်းကြေးကို ရပြီး ရှုံးနိမ့်သူက ဘာတစ်ခုမှ မရပါဘူး။
မီးငှက်မြို့မှာ နတ်ဘုရားဆေးဆရာတွေအများကြီးရှိတာကြောင့် ဆေးတိုက်ပွဲစင်မြင့်တိုင်းမှာ ယှဉ်ပြိုင်သူတွေ ရှိပါတယ်။ ပရိသတ်တွေလဲ အများကြီးရှိတယ်။
ဆေးတိုက်ပွဲမျှော်စင်တွေမှတစ်ဆင့် မီးငှက်မြို့ရဲ့ဆေးတာအိုတိုးတက်မှုကို မြင်နိုင်ပေတယ်။ ၎င်းက မီးပြင်းဖိုမြို့ထက် မနိမ့်ကျပါဘူး။
မီးပြင်းဖိုမြို့နဲ့အခြားအဆင့်၃နတ်ဘုရားမြို့တွေလိုပဲ မီးငှက်မြို့မှာလဲ ဆေးမျှော်စင်တစ်ခုရှိတယ်။
ဆေးမျှော်စင်ထဲမှာ နေရာရထားတဲ့မူရုံမိသားစုမှလူတွေ အများကြီးရှိတယ်။ မူရုံဖှေးဝူကိုယ်တိုင်ကလဲ ဆေးမျှော်စင်ရဲ့အဆင့်နိမ့်ရွှေရောင်အကြီးအကဲတွေကတစ်ယောက်ဖြစ်တယ်။
"အကြီးအကဲမူရုံ"
"အကြီးအကဲမူရုံ၊ သူက ဘယ်သူလဲ"
"အရှေ့ပိုင်းနယ်မြေချင်းရွှယ်ကလန်မှ ချင်းရွှယ်ထျန်းချန်များလား"
ဆေးမျှော်စင်ရဲ့အထက်အကြီးအကဲတော်တော်များများက အရှေ့ပိုင်းနယ်မြေရဲ့ချင်းရွှယ်ကလန်နဲ့ပတ်သက်ပြီး သိတယ်။ ဒါက မူရုံကလန်ထက် သာလွန်တဲ့ဆေးတာအိုကလန်တစ်ခုပဲ။
"ငါ ဒီလူကို သိတယ်။ သူက ငါတို့မြောက်ပိုင်းနယ်မြေရဲ့နံပါတ်တစ်ဓားဆေးဆန်းကြယ်နတ်ဘုရားလီဖူချန်းပဲဖြစ်မယ်"
"ဪ၊ သူက ဓားဓားဆေးဆန်းကြယ်နတ်ဘုရားလီဖူချန်းကိုး"
"ဒါက သူပဲတကယ်ဆိုရင်တော့ နားလည်ဖို့ လွယ်သွားပြီ။ ချင်းရွှယ်ထျန်းချန်က အရှေ့ပိုင်းနယ်မြေရဲ့ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံရဲ့နံပါတ်သုံးဆိုပေမယ့် သူက နံပါတ်တစ်ရထားတဲ့လီဖူချန်းကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ"
"လီဖူချန်းက ဘယ်ဆေးတာအိုကလန်မှ လာလဲ ငါ သိချင်တယ်"
"မူရုံကလန်မှထိုလူအိုကြီးကို လှုပ်ရှားစေဖို့က မလွယ်ဘူး။ လက်ရှိမှာ ချင်းရွှယ်ကလန်အပြင် အရှေ့ပိုင်းနယ်မြေမှဆေးတာအိုကလန်ဖြစ်တဲ့ခရမ်းမီးလျှံကလန်၊ အနောက်ပိုင်းနယ်မြေမှကောင်းကင်ဝံပုလွေကလန်နဲ့ရွှေဖြူကလန်၊ ထာဝရကမ္ဘာနတ်ဘုရားဆရာသခင်ရဲ့ကလန်လဲပါတယ်။ စုစုပေါင်းကလန်ငါးခုပေါ့"
"သူတိုအားလုံးက ထိပ်တန်းအဆင့်ကလန်တွေပဲ။ အဆုံးမှာ မူရုံဖှေးဝူက ဘယ်တစ်ယောက်ကို ရွေးမလဲ ငါ သိချင်တယ်"
"ငါ့အမြင်အရ မြို့အရှင်ရဲ့ကလန်ဖြစ်ဖို့များတယ်။ တကယ်တော့ အဝေးမှာရှိတဲ့ရေက အနီးနားကမီးကို မငြိမ်းသက်နိုင်ပါဘူး။ ရွှေဖြူကလန်နဲ့ကောင်းကင်ဝံပုလွေကလန်က အားကောင်းပြီး ရှည်လျားတဲ့သမိုင်းကြောင်းတစ်ခုရှိပေမယ့် သူတို့က မီးငှက်မြို့မှ ဝေးလွန်းတယ်။ ခရမ်းရောင်မီးလျှံကလန်နဲ့ချင်းရွှယ်ကလန်တို့လဲ အတူတူပဲ"
"အဲလိုတော့ မဟုတ်ဘူးလေ။ အဲဒီအကွာအဝေးက ကမ္ဘာနတ်ဘုရားနယ်ပယ်အောက်ကသူတွေအတွက်တော့ ဝေးကွာလွန်းပေမယ့် ကမ္ဘာနတ်ဘုရားတွေအတွက်တော့ မဝေးပါဘူး၊ အထူးသဖြင့် ကမ္ဘာနတ်ဘုရားဆရာသခင်တွေအတွက်ပေါ့"
"ဟုတ်တယ်၊ ငါကတော့ ရွှေဖြူကလန်ကို ပိုပြီးအကောင်းမြင်တယ်။ ရွှေဖြူကလန်က အားကောင်းကမ္ဘာနတ်ဘုရားဆရာသခင်တစ်ယောက်နဲ့အတော်လေးကောင်းတဲ့ဆက်ဆံရေးတစ်ခုရှိတယ်လို့ ငါ ကြားတယ်"
ဆေးမျှော်စင်ကို ဖြတ်နေရင်း ဆေးမျှော်စင်အဖွဲ့ဝင်များစွာက ဆွေးနွေးပြောဆိုနေကြတယ်။
လီဖူချန်းက မူရုံဖှေးဝူကို ကြည့်ကာ ပြောလိုက်တယ်"ကြည့်ရတာ မင်းက လွယ်ကူတဲ့အချိန်တစ်ခု ရှိမနေဘူးနဲ့တူတယ်"
မူရုံဖှေးဝူက ခါးသီးစွာ ပြုံးကာ ပြောလိုက်တယ်"မူရုံကလန်က ရှည်လျားတဲ့သမိုင်းကြောင်းတစ်ခုရှိတဲ့ဆေးတာအိုကလန်တစ်ခုဖြစ်ပေမယ့် သိုင်းခွန်အားကို အလေးပေးတဲ့ဒီကမ္ဘာမှာ စစ်မှန်တဲ့ကျွမ်းကျင်သူတစ်ယောက်ရဲ့စောင့်ရှောက်မှုမရှိရင် အလွန်အန္တရာယ်များတဲ့ကိစ္စတစ်ခုဖြစ်ပါသေးတယ်။ ဒီအသူတရာချောက်နက်ကျူးကျော်မှုအတွင်း ငါတို့မူရုံမိသားစုရဲ့ကံက အတော်လေးကောင်းတယ်။ မီးငှက်မြို့မှာ မူရုံကလန်ထက် မနိမ့်ကျတဲ့ အဓိကကလန်တစ်ခုရှိခဲ့ပြီး ၎င်းက ချက်ချင်းသုတ်သင်ခံလိုက်ရတယ်၊ ဘာလို့လဲ၊ ကမ္ဘာနတ်ဘုရားဆရာသခင်တစ်ယောက်ရဲ့စောင့်ရှောက်မှုမရှိလို့ပေါ့"
မူရုံဖှေးဝူက မူရုံကလန်ရဲ့အပြုအမူကို တကယ်နားလည်ပေမယ့် သူမအပေါ် ဒါမျိုးဖြစ်လာတာကိုတော့ သူမက အတော်လေးလက်မခံပါဘူး။
လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။ ဒါက တကယ်ကို ဆေးတာအိုကလန်တစ်ခုရဲ့အားနည်းချက်ပဲ၊ သူတို့ရဲ့သိုင်းခွန်အားက အတော်လေးအားနည်းတာကြောင့်ပဲ။
"အချိန်ကျရင် အရာအားလုံးအဆင်ပြေလာမှာပါ။ ပိုင်ကောင်းတဲ့အလှည့်အပြောင်းတစ်ခုရှိလာမှာပေါ့" လီဖူချန်းက ပြောလိုက်တယ်။
မူရုံဖှေးဝူက သက်ပြင်းချလိုက်တယ်"ငါလဲ အဲလို မျှော်လင့်ပါတယ်"
ပြောနေရင်း သူမက လီဖူချန်းက ရုတ်တရက်ကြည့်လိုက်တယ်"ဒါနဲ့။ နင်က ဘယ်ကလန်ဒါမှမဟုတ်ဘယ်ဂိုဏ်းကလဲ"
သူမရဲ့အမြင်အရ လီဖူချန်းက ထိပ်တန်းကြယ်ခြောက်လုံးကလန်တစ်ခုဒါမှမဟုတ်ကြယ်ခြောက်လုံးဂိုဏ်းတစ်ခုရဲ့ကလန်သားတစ်ယောက်ဖြစ်ရမယ်။
လီဖူချန်းက ပြောလိုက်တယ်"ငါ မင်းကို စိတ်ပျက်စေမိမယ်နဲ့တူတယ်။ ငါက ဘယ်ကလန်၊ ဘယ်ဂိုဏ်းနဲ့မှ မပတ်သက်ဘူး"
"တကယ်လား"
မူရုံဖှေးဝူက မယုံပါဘူး။ နောက်ခံမရှိတဲ့လူတစ်ယောက်အနေနဲ့ ဒီအဆင့်ထိ ရောက်လာဖို့က လွန်ကဲလွန်းပါတယ်။
လီဖူချန်းက ပြောလိုက်တယ်"ငါ့အနေနဲ့ မင်းကို လိမ်စရာဘာအကြောင်းရှိမှာလဲ"
မူရုံဖှေးဝူက တစ်ခုခုကို တွေးလိုက်တယ်"ဒါဆိုရင် ငါ ဒီတစ်ကြိမ်တော့ အဆင်အခြင်မဲ့လွန်းသွားတာပဲ။ စောနက ငါက ချင်းရွှယ်ကလန်ရဲ့ချင်းရွှယ်ထျန်းချန်နဲ့ ရှိနေခဲ့တာ။ သူက အရှေ့ပိုင်းနယ်မြေရဲ့ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံရဲ့နံပါတ်၃ပဲ။ သူက ရည်မွန်ပြီးယဉ်ကျေးသိမ်မွေ့တယ်လို့ထင်ရပေမယ့် တကယ်တော့ သူက စိတ်သဘောထားသေးသိမ်တဲ့လူတစ်ယောက်ပဲ။ သူက နင့်ကို အရှက်ရအောင်လုပ်ဖို့ အခွင့်အရေးတစ်ခုကို သေချာပေါက်ရှာလိမ့်မယ်။ နင် ဂရုစိုက်အုံး"
" ဒီလောက်က ကိစ္စမရှိဘူး" လီဖူချန်းက စိတ်ထဲမထည့်ပါဘူး။
ချင်းရွှယ်ကလန်က အံ့မခန်းဖြစ်ပေမယ့် ဂျူနီယာနှစ်ယောက်ကြားတိုက်ပွဲတစ်ခုက အထက်အကြီးအကဲတွေရဲ့အာရုံကို ဆွဲဆောင်ဖို့ မလုံလောက်ပါဘူး။
ဒါ့အပြင် ဒါက မီးငှက်မြို့ဖြစ်ပြီး ချင်းရွှယ်ကလန်ရဲ့ပိုင်နက်မဟုတ်ပါဘူး။
လီဖူချန်းကို မီးငှက်မြို့ပတ်လည်လိုက်ပြပြီးနောက် နှစ်ယောက်သား ခွဲထွက်လာခဲ့တယ်။
တည်းခိုခန်းထဲမှာ လီဖူချန်းက နေရာလပ်ဥပဒေသကို ပုံမှန်အတိုင်း ကျင့်ကြံနေတယ်။
အချိန်တစ်ခုကြာပြီးနောက် နောက်ဆုံးမှာ သူက သူ့ရဲ့နေရာလပ်ဥပဒေသကို အဆင့်သေးတစ်ခု၊ စဦးမှပျမ်းမျှအဆင့်နိမ့်ပိုင်နက်နတ်ဘုရားအထိ မြှင့်တင်နိုင်ခဲ့တယ်။
"နေရာလပ်ဥပဒေသတိုးတက်လာဖို့က ပိုခက်ခဲလာတယ်။ နေရာလပ်ပိုင်နက်နတ်ဘုရားအတတ်တွေမှ နေရာလပ်ဥပဒေသကို နားလည်ခြင်းက အားနည်းချက်အချို့ရှိတယ်၊ လမ်းကြောင်းမှာ လမ်းခွဲအများကြီးရှိတယ်"
လီဖူချန်းက သူ့ခေါင်းကို ခါယမ်းလိုက်တယ်။ နေရာလပ်ဥပဒေသလျင်မြန်စွာ တိုးတက်လာဖို့ဆိုရင် အချိန်ဥပဒေသလိုဖြစ်မှရမယ်လို့ သူက ခံစားရတယ်။ အဲဒါက တစ်စုံတစ်ယောက်ရဲ့ကိုယ်ပိုင်ကံကြမ္မာအခွင့်အလမ်းတွေကို လိုအပ်တယ်။
အချိန်ဥပဒေသမှာ အချိန်ကျောက်မျက်ရတနာနဲ့အချိန်စွမ်းအားပါဝင်တဲ့နတ်ဘုရားဆေးပင်တွေရှိတယ်၊ ဒါပေမယ့် နေရာလပ်ဥပဒေသမှာ ဘာတစ်ခုမှမရှိဘူး။
ဒါပေမယ့် ကံကြမ္မာဆိုတာက ရှင်းပြဖို့ခက်ခဲတဲ့တစ်စုံတစ်ခုပဲ။ အဲဒါ ဘယ်အချိန်မှ ရောက်လာမလဲဆိုတာ တစ်ယောက်မှ မသိဘူး။
နေရာလပ်ဥပဒေသက အဆင့်သေးတစ်ခုသာ တိုးတက်လာခဲ့ပေမယ့် အချိန်ဥပဒေသနဲ့ ပေါင်းစပ်လိုက်တဲ့အခါ နေရာလပ်-အချိန်ဥပဒေသက ပြီးပြည့်စုံခြင်းအဆင့်နိမ့်ပိုင်နက်နတ်ဘုရားနယ်ပယ်မှ စဦးအလယ်ဆင့်ပိုင်နက်နတ်ဘုရားနယ်ပယ်သို့ မြင့်တက်ခဲ့တယ်။
လက်ရှိမှာ လီဖူချန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ရုံနဲ့ တည်ငြိမ်တဲ့နေရာလပ်-အချိန်ကို ဖန်တီးနိုင်နေပြီ။ တကယ်တော့ သူက ဆန္ဒရှိရင် နေရာလပ်-အချိန်ဥမင်တစ်ခုကို ဖန်တီးနိုင်ပြီး တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုလို လူတွေကို နေရာလပ်-အချိန်ရွှေ့ပြောင်းနိုင်တယ်။
နေရာလပ်ဥပဒေသတိုးတက်ဖို့က ခက်ခဲတယ်၊ လီဖူချန်းက သူ့ရဲ့အာရုံကို ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်ဖန်တီးတဲ့အပေါ်မှာ ထားခဲ့တယ်။
လူတစ်ယောက်တည်းက အဆုံးစွန်းအဆင့်နိမ့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်ခြောက်ဆယ်ကို ဖန်တီးဖို့က ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့အရေအတွက်တစ်ခုပဲ။ သူတို့ရဲ့တစ်ဘဝလုံးမှာ အဆင့်နိမ့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်နှစ်ဆယ်ကိုပဲ ဖန်တီးနိုင်တဲ့ အဆင့်မြင့်ပိုင်နက်နတ်ဘုရားတွေများစွာရှိတယ်။ ဒါ့အပြင် လီဖူချန်းက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်မှာသာရှိပြီး ပိုင်နက်နတ်ဘုရားတစ်ယောက်မဟုတ်ပါဘူး။
သူ ပိုင်နက်နတ်ဘုရားဖြစ်လာတဲ့အခါ ဘာတွေ ဖြစ်လာမလဲကို စိတ်ကူးဖို့ ခက်ခဲတယ်။
ယခင်က ကောင်းကင်ဘုံဓားပိုင်နက်ကို ဖန်တီးတဲ့အခါ သူက အချိန်အများကြီးသုံးစွဲခဲ့ရတယ်။ အခု အခြားဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တွေကို ဖန်တီးရတာ အများကြီးပိုလွယ်ကူတယ်။
ခြောက်ဆယ့်တစ်၊ ခြောက်ဆယ့်နှစ်၊ ခြောက်ဆယ့်ငါး......
ဒီတစ်ခါမှာတော့ လီဖူချန်းက မီးငှက်မြို့မှာ အချိန်အကြာကြီးနေခဲ့တယ်။ သူက ခရီးပဲ သွားနေတာ ကြာပြီးဆိုတော့ ငြိမ်းချမ်းတဲ့နေ့ရက်အချို့ကို လိုချင်လှပြီပေါ့။ တကယ်တော့ နေ့တိုင်းခရီးသွားရတာက အတော်လေးပျင်းစရာကောင်းတယ်လေ။
စွန့်စားခန်းထွက်တဲ့အခါမှာ အလုပ်နဲ့အနားယူတာကြားမှာ ဟန်ချက်တစ်ခုကို ထိန်းထားရပါမယ်။ ပျော်ရွှင်ဖို့ အချိန်ရောက်ရင် ပျော်ရွှင်ရပါမယ်။
မီးငှက်မြို့ရဲ့ဆေးတာအိုပတ်ဝန်းကျင်က အလွန်စုစည်းသိပ်သည်းနေတယ်။ ဒီနေ့မှာ လီဖူချန်းက ဆေးတိုက်ပွဲမျှော်စင်တစ်ခုကို ဖြတ်သွားတဲ့အခါမှာ သူက ချင်းရွှယ်ထျန်းချန်ကို တွေ့ခဲ့တယ်။ စင်ပေါ်မှာ သူက တစ်စုံတစ်ယောက်နဲ့ ဆေးတာအိုယှဉ်ပြိုင်နေတယ်။ သူ့ရဲ့ပြိုင်ဘက်က မီးငှက်မြို့မှာဆိုရင် သူ့ထက်သာနိမ့်ကျတဲ့ငယ်ရွယ်တဲ့ဆေးနတ်ဘုရားတစ်ယောက်ဖြစ်တယ်။ သူ့နာမည်ကို ဟူလွေ့လို့ခေါ်တယ်။ ဒီနှစ်ကြယ်လေးလုံးဆေးနတ်ဘုရားပြိုင်ပွဲအတွင်း ဟူလွေ့ကလဲ အဆင့်တစ်ခုရခဲ့ပြီး သူ့အဆင့်က မနိမ့်ပုံရတယ်။
ဆေးတိုက်ပွဲမျှော်စင်ကို အဆင့်နိမ့်၊ အလယ်ဆင့်နဲ့ အဆင့်မြင့်ဆိုပြီး ခွဲခြားထားတယ်။
အဆင့်နိမ့်ဆေးတိုက်ပွဲမျှော်စင်က ကြယ်နှစ်လုံးဆေးမီးပြင်းဖိုကိုသာ ထောက်ပံ့တယ်၊ အလယ်ဆင့်ဆေးတိုက်ပွဲမျှော်စင်က ကြယ်သုံးလုံးဆေးမီးပြင်းဖိုက်ု ထောက်ပံ့တယ်၊ အဆင့်မြင့်ဆေးတိုက်ပွဲမျှော်စင်က ကြယ်လေးလုံးဆေးမီးပြင်းဖိုကို ထောက်ပံ့တယ်။
ဒါ့အပြင် အဆင့်မြင့်ဆေးတိုက်ပွဲမျှော်စင်က ကြယ်လေးလုံးနတ်ဘုရားမီးလျှံတွေကိုပဲ ခွင့်ပြုတဲ့ စည်းမျဉ်းတစ်ခုရှိတယ်။ ကြယ်ငါးလုံးနတ်ဘုရားမီးလျှံတစ်ခုကို အသုံးပြုရင် ချက်ချင်းထုတ်ပယ်ခံရလိမ့်မယ်။
သူတို့နှစ်ယောက်က ဆေးတာအိုအဆင့်အတန်းအရ ကြီးမားတဲ့ကွာခြားချက်တစ်ခုရှိမှန်း သိသာတယ်။
ချင်းရွှယ်ထျန်းချန်က ကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားဆေးလုံးတစ်သုတ်ကို သန့်စင်ခဲ့ပြီး သူတို့အားလုံးက အဆင့်၈အဆုံးစွန်းအဆင့်နတ်ဘုရားဆေးလုံးတွေဖြစ်ကြတယ်။ ဒါ့အပြင် သန္ဓေပြောင်းနတ်ဘုရားဆေးနှစ်လုံးလဲ ရှိတယ်။
ဟူလွေ့က အဆင့်၄အဆုံးစွန်းကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားဆေးလုံးတစ်သုတ်ကို သန့်စင်ခဲ့ပြီး သန္ဓေပြောင်းနတ်ဘုရားဆေးတစ်လုံးတောင် မပါပါဘူး။
"အကိုထျန်းချန်ရဲ့ဆေးတာအိုအဆင့်အတန်းက တကယ်ကို အံ့မခန်းပဲ။ ဟူလွေ့က သူ့ရဲ့နိမ့်ကျမှုအတွက် ရှက်မိပါတယ်"
ဟူလွေ့က ရှုံးသွားပေမယ့် သူက လုံးဝစိတ်ဓာတ်မကျပါဘူး။ သူ့ရန်သူက အရှေ့ပိုင်းနယ်မြေရဲ့ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံရဲ့အဆင့်၃လေ။ သူနဲ့အရှေ့ပိုင်းနယ်မြေရဲ့ဆေးတာအိုပါရမီရှင်တွေကြားကွာခြားချက်ကို သိချင်လို့သာ ဟူလွေ့က ချင်းရွှယ်ထျန်းချန်နဲ့ ယှဉ်ပြိုင်ခဲ့တာပါ။ အခုကြည့်ရသလောက် ကွာဟချက်က တော်တော်ကြီးတာပဲ။
ချင်းရွှယ်ထျန်းချန်ရဲ့ဆေးတာအိုအဆင့်အတန်းက ကောင်းကင်ဘုံဆေးဆန်းကြယ်နတ်ဘုရားယုမင်ကွမ်းထက် မနိမ့်ကျပါဘူး။ ဖီးနစ်ဆေးဆန်းကြယ်နတ်ဘုရားဟွမ်ရွှယ်ကပဲ သူ့ကို ဖိနှိပ်နိုင်လောက်မယ်။ ဓားဆေးဆန်းကြယ်နတ်ဘုရားလီဖူချန်းနဲ့ဆိုရင်တော့၊ ဘာဟာသလဲ၊ နှိုင်းယှဉ်စရာတောင် မရှိဘူး။ ချင်းရွှယ်ထျန်းချန်က မယုံနိုင်စရာကောင်းပေမယ့် သူနဲ့ဓားဆေးဆန်းကြယ်နတ်ဘုရားလီဖူချန်းကြားကွာဟချက်ကို တွက်ချက်ဖို့တောင် ခက်ခဲတယ်။
"အကိုဟွေ့က နိမ့်ချလွန်းနေပါပြီ။ ငါ နည်းနည်းလေးပိုကောင်းရုံမျှပါ" ချင်းရွှယ်ထျန်းချန်က ပြုံးကာ ဆေးတိုက်ပွဲမျှော်စင်အောက်ကို တစ်ချက်ကြည့်လိုက်တယ်။
အခြားသူတွေက သူ့က်ို လေးစားအားကျတဲ့အကြည့်တွေနဲ့ ကြည့်တာကို သူက သဘောကျတဲ့သူလေ။
ထင်ထားသလိုပဲ သူ့ကို လေးစားအားကျစွာနဲ့ကြည့်သူတွေ အများကြီးရှိတယ်။
ဟူလွေ့က သာမန်ပုဂ္ဂိုလ်တစ်ယောက်မဟုတ်ပါဘူး။ သူက မီးငှက်မြို့ရဲ့နံပါတ်၂ဆေးတာအိုပါရမီရှင်တစ်ယောက်ဖြစ်ပြီး မူရုံဖှေးဝူထက်သာ နိမ့်ကျတယ်။ ဒီလူက ဟူဟွေ့ကို အလွယ်တကူအနိုင်ယူနိုင်တယ်ဆိုတော့ သူ့ရဲ့ဆေးတာအိုအဆင့်အတန်းက စိတ်ကူးလို့မရနိုင်လောက်အောင်ပဲ။
"အာ၊ အဲဒါ သူပဲ"
ချင်းရွှယ်ထျန်းချန်က လီဖူချန်းကို မြင်လိုက်တယ်။
လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း လီဖူချန်းရဲ့အောင်မြင်မှုတွေကို သူ သိခဲ့တယ်၊ လီဖူချန်းက မြောက်ပိုင်းနယ်မြေရဲ့ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံရဲ့နံပါတ်တစ်ဆိုတာကိုပေါ့။ ဒါ့အပြင် လီဖူချန်းက နံပါတ်တစ်နေရာကို အကြွင်းမဲ့အသာစီးရခဲ့တယ်ဆိုပဲ။
အရိုးသားဆုံးပြောရရင် ချင်းရွှယ်ထျန်းချန်က ဒါကို မယုံပါဘူး။
***