← Chapters

ဆေးတာအ်ိုတိုက်ပွဲ

Vol. 92 Ch. 1303

ဆေးတာအ်ိုတိုက်ပွဲ

Vol. 92 Ch. 1303

"လီဖူချန်း၊ မင်း ငါနဲ့  ဆေးတိုက်ပွဲတစ်ခုကို ဆင်နွှဲရဲလား" ချင်းရွှယ်ထျန်းချန်က ကျယ်လောင်စွာ အော်မေးလိုက်တယ်။

လီဖူချန်းက မြောက်ပိုင်းနယ်မြေရဲ့ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံရဲ့နံပါတ်တစ်ဖြစ်ပေမယ့် ချင်းရွှယ်ထျန်းချန်က ဂုဏ်သတင်းမရှိတဲ့လူတစ်ယောက်မဟုတ်ဘူး။ စောစောက သူက သူ့ရဲ့ခွန်အားအပြည့်ကို အသုံးမပြုခဲ့ပါဘူး၊ သူက အသုံးပြုခဲ့ရင် သူ့အနေနဲ့ အဆုံးစွန်းအဆင့်၉နတ်ဘုရားဆေးလုံးတွေကို သန့်စင်ဖို့က မခက်ခဲပါဘူး။

"ဓားဆေးဆန်းကြယ်နတ်ဘုရားလီဖူချန်းက ဒီနေရာမှာလား"

လူတိုင်းက ချင်းရွှယ်ထျန်းချန်ရဲ့အကြည့်မှတစ်ဆင့် လီဖူချန်းကို ချက်ချင်းမြင်တွေ့ခဲ့တယ်။

"ဒီချင်းရွှယ်ထျန်းချန်က ယုံကြည်မှုလွန်ကဲနေပုံပဲ"

လီဖူချန်းက ငါတို့မြောက်ပိုင်းနယ်မြေရဲ့နံပါတ်တစ်‌ဆေးတာအိုပါရမီရှင်ပဲ။ သူက အရှေ့ပိုင်းနယ်မြေရဲ့နံပါတ်သုံးလောက်နဲ့" တစ်ယောက်ယောက်က မကျေမနပ်ပြောလိုက်တယ်။

"ငါတို့တွေ ချင်းရွှယ်ထျန်းချန်ကို အထင်သေးလို့မရဘူး။ ငါတို့တွေ ဝန်ခံမခံခံကိစ္စမရှိဘူး၊ အရှေ့ပိုင်းနယ်မြေရဲ့ဆေးတာအိုက ငါတို့မြောက်ပိုင်းနယ်မြေထက် ပိုထွန်းကားတယ်။ အရှေ့ပိုင်းနယ်မြေမှာ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာရဲ့ဆေးနတ်ဘုရားအရှင်သတ်မှတ်ချက်ရဲ့သုံးယောက်ရှိပေမယ့် ငါတို့မြောက်ပိုင်းနယ်မြေမှာ တစ်ယောက်ပဲ ရှိတယ်။ ဒါက ပြဿနာအများကြီးကို ရှင်းပြဖို့ လုံလောက်တယ်"

"မင်း ဒီလိုပြောလို့မရဘူး။ အရှေ့ပိုင်းနယ်မြေရဲ့ဆေးတာအို အရမ်းထွန်းကားပေမယ့် ငါတို့မြောက်ပိုင်းနယ်မြေက သူတို့ကို ကျော်ဖြတ်ဖို့ အခွင့်အရေးမရှိဘူးလို့တော့ မဆိုလိုဘူး"

လူတိုင်းက ဆေးတိုက်ပွဲမျှော်စင်ပတ်လည်မှာ ဆွေးနွေးနေကြတော့တယ်။

မူလက လီဖူချန်းက ဆေးမျှော်စင်ပေါ်ကို မတက်ချင်ပေမယ့် သူက ‌မြောက်ပိုင်းနယ်မြေကြယ်လေးလုံးဆေးတာအိုညီလာခံရဲ့နံပါတ်တစ်ဖြစ်ပြီး မြောက်ပိုင်းနယ်မြေရဲ့လူငယ်မျိုးဆက်ရဲ့ကိုယ်စားပြုဖြစ်တာကို တွေးလိုက်မိတဲ့အခါ သူက စင်ပေါ်ကို မတက်ခဲ့ရင် သူ့ကိုယ်သူအရှက်ရစေရုံသာမက မြောက်ပိုင်းနယ်မြေရဲ့‌ဆေးတာအိုတစ်ခုလုံးကိုလဲ အရှက်ရစေလိမ့်မယ်။ သူက ဘယ်လိုကောလဟာလကိုမှ မကြောက်ပေမယ့် ကိစ္စတွေက ဒီလိုဖြစ်လာမှတော့ ဆေးတိုက်ပွဲတစ်ခုကို ဆင်နွှဲဖို့က အကောင်းဆုံးရွေးချယ်မှုပါပဲ။

လိုရင်းပြောရရင် သူက ကြယ်လေးလုံးဆေးတာအိုညီလာခံရဲ့နံပါတ်တစ်ဖြစ်ပြီး ဆုလာဒ်တွေအများကြိီးလက်ခံထားမှတော့ သူက တာဝန်တစ်ခုကို ယူရပါမယ်။

တာဝန်မဲ့တာက သူ့ရဲ့ဓားတာအိုမဟုတ်ဘူး၊ သူ့ရဲ့စရိုက်လက္ခဏာမဟုတ်ဘူး။

"ဒါ လီဖူချန်းပဲ၊ သခင်မလေးကို မြန်မြန်သတင်းပို့လိုက်"

ဒိီ‌ နေရာမှာ မူရုံကလန်ရဲ့ကလန်သားတွေ ရှိတယ်။ ချင်းရွှယ်ထျန်းချန်က လီဖူချန်းကို စိန်ခေါ်တာကို မြင်တဲ့အခါ သူတို့က မူရုံဖှေးဝူထံ ချက်ချင်းသတင်းပို့ခဲ့ကြတယ်။

"ကောင်းပြီလေ၊ မင်းက ဒီလောက်ထိ ယုံကြည်ချက်ရှိနေမှတော့ ငါ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။ ဒါပေမယ့် မင်း ငါနဲ့ ဆေးတိုက်ပွဲတစ်ခုကို ဆင်နွှဲချင်ရင် ဆုလာဒ်အလုံအလောက်ရှိရမယ်။ မင်း ဘယ်လိုဆုလာဒ်ကို ပေးဖို့ ဆန္ဒရှိလဲ" လီဖူချန်းက ချင်းရွှယ်ထျန်းချန်ကို လွယ်ကူစေမှာမဟုတ်ဘူး၊ သူက ချင်းရွှယ်ထျန်းချန်ကို သွေးပွက်ပွက်အန်စေချင်ခဲ့တယ်။

ချင်းရွှယ်ထျန်းချန်က  မျက်မှောင်ကြုတ်လိုက်တယ်။ တစ်ဖက်လူက ဒီလိုဆိုမှတော့ လောင်းကြေးဆုလာဒ်က နိမ့်ကျလို့မရဘူး။ သို့မဟုတ်ရင် သူက ကြောက်နေတယ်လို့ လူတွေက ထင်ကြလိမ့်မယ်"ကြယ်ငါးလုံးအလယ်ဆင့်ဆေးမီးပြင်းဖိုဖြစ်တဲ့လေးဖက်နတ်ဘုရားဆေးမီးပြင်းဖို၊ ဒါ လုံလောက်ရဲ့လား"

သူ့အနေနဲ့ လေးဖက်နတ်ဘုရားဆေးမီးပြင်းဖိုကို ရဖို့က မလွယ်ဘူး။ သူ့မှာ လေးဖက်နတ်ဘုရား‌ဆေးမီးပြင်းဖိုအပြင် အခြားကြယ်ငါးလုံး‌ဆေးမီးပြင်းဖိုတွေ ရှိပေမယ့် အားကောင်းတဲ့‌ဆေးနတ်ဘုရားတစ်ယောက်မှာ ‌ဆေးမီးပြင်းဖိုအနည်းငယ်ရှိတာ ပုံမှန်ပဲ။ အဓိကအကြောင်းရင်းကတော့ ဆေးမီးပြင်းဖိုတစ်ခုစီမှာ တစ်မူထူးခြားတဲ့ကိုယ်ပိုင်သက်ရောက်မှုတွေ ရှိလို့ပဲ။ အချို့က ဒီနတ်ဘုရားဆေးအမျိုးအစားကို သန့်စင်ရမှာ ကောင်းပြိး အချို့က ဟိုနတ်ဘုရားဆေးအမျိုးအစားကို သန့်စင်ရာမှာ ကောင်းတယ်။ ‌ဆေးမီးပြင်းဖိုက နတ်ဘုရားဆေးလုံးနဲ့ လိုက်ဖက်ညီနေခဲ့ရင် ‌ဆေးလုံးရဲ့အရည်အ‌သွေးကို မြှင့်တင်ဖို့က မခက်ခဲတော့ဘူး။

"အိုး၊ သူက အရှေ့ပိုင်းနယ်မြေရဲ့နံပါတ်သုံးကျွမ်းကျင်သူဆိုတာ အံ့ဩစရာမရှိဘူးပဲ။ ချင်းရွှယ်ကလန်ရဲ့တိုက်ရိုက်မျိုးဆက်အနေနဲ့ သူက ကြယ်ငါးလုံးအလယ်ဆင့်ဆေးမီးပြင်းဖိုတစ်ခုကို တိုက်ရိုက်ထုတ်ပေးနိုင်ခဲ့တာပဲ။ ကြယ်ငါးလုံးနတ်ဘုရားဆေးဆရာအများစုမှာတောင် ကြယ်ငါးလုံးဆေးမီးပြင်းဖိုတစ်ခုမရှိဘူး၊ သူတို့က ကြယ်လေးလုံးအဆင့်မြင့်‌ဆေးမီးပြင်းဖိုတစ်ခုကိုပဲ အသုံးပြုရတယ်။ ကြယ်ငါးလုံးဆေးနတ်ဘုရားတွေမှာပဲ ကြယ်ငါးလုံးဆေးမီးပြင်းဖိုရှိတာ။ ဒါ့အပြင် သူတို့က ပုံမှန်အားဖြင့် ကြယ်ငါးလုံးအဆင့်နိမ့်ဆေးမီးပြင်းဖိုတစ်ခုကိုပဲ အသုံးပြုကြတာ"

"ချင်းရွှယ်ကလန်က သမိုင်းကြောင်းရှည်တစ်ခုရှိတဲ့ရှေးကျတဲ့ဆေးတာအိုကလန်တစ်ခုပဲ။ ဒီ‌တော့ ဒါက ပုံမှန်ပါပဲ။ ဒါပေမယ့် ဒါကို ကြည့်ရင် ချင်းရွှယ်ထျန်းချန်က အလွန်ယုံကြည်ချက်ရှိတယ်ဆိုတာကို မြင်နိုင်တယ်။ တကယ်တော့ ကြယ်ငါးလုံးဆေးမီးပြင်းဖိုတစ်ခုက ဂေါ်ဖီထုပ်လို့ နေရာတိုင်းမှာ တွေ့နိုင်တာ မဟုတ်ဘူးလေ။  ချင်းရွှယ်ကလန်မှာတောင် အများကြီးရှိမှာမဟုတ်ဘူး"

လူတိုင်းက အံ့အားသင့်သွားပြီး ချင်းရွှယ်ထျန်းချန်ရဲ့ဆုလာဒ်အပေါ် မနာလိုနေမိတော့တယ်။

"ကြယ်ငါးလုံးအလယ်ဆင့်ဆေးမီးပြင်းဖိုတစ်ခုလား။ ကောင်းပြီ၊ ငါ ဒီဆုလာဒ်ကို လက်ခံတယ်"

လီဖူချန်းက ကြယ်လေးလုံးဆေးညီလာခံမှာ ကြယ်ငါးလုံးအဆင့်မြင့်ဆေးမီးပြင်းဖိုတစ်ခုကို ရရှိခဲ့ပြီး အဲဒါက လေးဖက်နတ်ဘုရားဆေးမီးပြင်းဖိုထက် တစ်ဆင့်ပိုမြင့်တယ်။ ဒါပေမယ့် ကြယ်ငါးလုံးဆေးမီးပြင်းဖိုက ပိုများလေလေ၊ ပိုကောင်းလေပဲ။ ကြယ်ငါးလုံးအလယ်ဆင့်‌ဆေးမီးပြင်းဖိုတစ်ခုမပြောနဲ့၊ ကြယ်ငါးလုံးအဆင့်နိမ့်ဆေးမီးပြင်းဖိုတစ်ခုက‌တောင် တွေ့ချင်တိုင်းတွေ့လို့ရတဲ့အရာမဟုတ်ဘူး။

"ကောင်းပြီလေ၊ ငါ့ရဲ့ဆုလာဒ်က လေးဖက်နတ်ဘုရားဆေးမီးပြင်းဖိုပဲ။ မင်းကရော" ချင်းရွှယ်ထျန်းချန်က မေးလိုက်တယ်။

လီဖူချန်းက ပြောလိုက်တယ်"သာမန်အလယ်ဆင့်ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခု။ ဘယ်လိုလဲ"

ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကလဲ အခွင့်အရေးရှိမှ တွေ့နိုင်တဲ့အရာတွေပါ။ တကယ်တော့ သူတို့က ကမ္ဘာနတ်ဘုရားတွေအသုံးပြုတဲ့လက်နက်ဖြစ်ပြီး ဈေးကွက်ထဲမှာ မလည်ပတ်ပါဘူး။ အဆင့်မြင့်လေလံပွဲတွေနဲ့အဆင့်မြင့်ကုန်သွယ်ရေးနေရာတွေမှာပဲ ကမ္ဘာနတ်ဘုရားအသုံးအ‌ဆောင်ပစ္စည်းတွေက ရှားရှားပါးပါးရှိတာပါ။

ဒါပေမယ့် အဆင့်နိမ့်ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရဲ့တန်ဖိုးက ကြယ်ငါးလုံးအလယ်ဆင့်ဆေးမီးပြင်းဖိုတစ်ခုထက် နိမ့်ကျပါတယ်။

အလယ်ဆင့်ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့မှ ညီမျှမှာပါ။

လီဖူချန်းမှာ ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေအများအပြားရှိတာကြောင့် သူက သာမန်အလယ်ဆင့်ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ယူထုတ်ရရင်တောင် သူက ဘာမှမခံစားရပါဘူး။

"သာမန်အလယ်ဆင့်ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းလား" ချင်းရွှယ်ထျန်းချန်ရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားတယ်။ လီဖူချန်းမှာ အလယ်ဆင့်ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရှိမယ်လို့ သူ မထင်ထားခဲ့ဘူး။

နတ်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့အဆင့်က ပိုမြင့်လေလေ၊ ၎င်းက ပိုရှားပါးလေပါပဲ။

ချင်းရွှယ်ကလန်မှာ ကမ္ဘာနတ်ဘုရားများစွာရှိတယ်၊ ဒါပေမယ့် ချင်းရွှယ်ထျန်းချန်သိထားတာအရ ချင်းရွှယ်ကလန်ရဲ့ကမ္ဘာနတ်ဘုရားတွေအားလုံးက သာမန်အဆင့်နိမ့်ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို အသုံးပြုတယ်။ အလယ်ဆင့်ကမ္ဘာနတ်ဘုရားတွေကပဲ ထူးကဲဒါမှမဟုတ်ပြီးပြည့်စုံခြင်းအဆင့်နိမ့်ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို အသုံးပြုတယ်။ အလယ်ဆင့်ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေအနည်းငယ်သာရှိတယ်။

တန်ဖိုးအရ သာမန်အလယ်ဆင့်ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက ကြယ်ငါးလုံးအလယ်ဆင့်ဆေးမီးပြင်းဖိုတစ်ခုနဲ့ ယှဉ်နိုင်တယ်။

"ကျွတ်ကျွတ်၊ ဒီလီဖူချန်းကို အထင်သေးလို့မရဘူးပဲ။ သူ့မှာ ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုတောင်ရှိတာပဲ။ သူ ဒါကို ဘယ်ကရပါလိမ့်"

"ဒီပါရမီရှင်‌တွေက ကံကြမ္မာအခွင့်အလမ်းတွေ အများကြီးရှိတယ်၊ အဲတော့ သူတို့မှာ ပစ္စည်းကောင်းတွေအများကြီးရှိတာ ပုံမှန်ပါပဲ"

လီဖူချန်းက ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ဆုလာဒ်တစ်ခုအဖြစ် ယူထုတ်လိုက်တဲ့အတွက် လူတိုင်းက အထိတ်တလန့်ဖြစ်သွားခဲ့ကြတယ်။

"စင်မြင့်ပေါ်ကို တက်ပါ" ချင်းရွှယ်ထျန်းချန်က လီဖူချန်းရဲ့ဆုလာဒ်ကို သဘောတူခဲ့တယ်။

လျှပ်တစ်ပြက်အတွင်း လီဖူချန်းက ဆေးမျှော်စင်ပေါ်မှာ ထွက်ပေါ်လာပြီး သူက မေးလိုက်တယ်"ငါတို့ ဘယ်လို ယှဉ်ပြိုင်ကြမလဲ"

ချင်းရွှယ်ထျန်းချင်က ပြောလိုက်တယ်"အရမ်းရိုးရှင်းပါတယ်၊ မင်းနဲ့ငါ ကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားဆေးဖြစ်တဲ့ဆန်းကြယ်မူလဆေးကို သန့်စင်မယ်။ အချိန်အတိုဆုံးနဲ့အမြင့်ဆုံးအရည်အသွေးကိုရတဲ့သူက အနိုင်ရမယ်။ ဒါ့အပြင် သန္ဓေပြောင်းဆေးတွေကလဲ အရည်အသွေးကို တစ်ဆင့်တိုးပေလိမ့်မယ်။ ဥပမာအားဖြင့် မင်းက အဆုံးစွန်းအဆင့်၉ဆန်းကြယ်မူလဆေးတစ်လုံးကို သန့်စင်ပြီး သန္ဓေပြောင်းနတ်ဘုရားဆေးတစ်လုံးဖြစ်ရင်  မင်းရဲ့နောက်ဆုံးအဆင့်က အဆုံးစွန်းအဆင့်၁၀ဖြစ်ပေလိမ့်မယ်။ နှစ်လုံးဆိုရင် မင်းရဲ့အဆင့်က အဆုံးစွန်းအဆင့်၁၁ဖြစ်လိမ့်မယ်"

လီဖူချန်းက မေးလိုက်တယ်"အင်းကွက်ခုနှစ်ခုသ‌န္ဓေပြောင်းနတ်ဘုရားဆေးလုံးတစ်လုံးဆိုရင်ရော"

ချင်းရွှယ်ထျန်းချန်က ပြောလိုက်တယ်"အင်းကွက်ခုနှစ်ခုသန္ဓေပြောင်းဆေးက အရည်အသွေးကို သုံးဆတိုးစေလိမ့်မယ်။ အင်းကွက်ရှစ်ခုသန္ဓေပြောင်းဆေးက အရည်အသွေးကို ငါးဆတိုးစေလိမ့်မယ်။ ဒါပေမယ့် အင်းကွက်ခုနှစ်ခုသန္ဓေပြောင်းနတ်ဘုရားဆေးတစ်လုံးကို သန့်စင်နိုင်တာကတင် တော်တော်လေးကောင်းနေပြီ။ အင်းကွက်ရှစ်ခုသန္ဓေပြောင်းနတ်ဘုရားဆေးတစ်လုံးအတွက်ကတော့......"

သူက အင်းကွက်ခြောက်ခုသန္ဓေပြောင်းနတ်ဘုရားဆေးတစ်လုံးနှစ်လုံးလောက်ကို သန့်စင်နိုင်မယ်လို့တော့ ချင်းရွှယ်ထျန်းချန်က ယုံကြည်တယ်။ ဒါပေမယ့် အင်းကွက်ခုနှစ်ခုသန္ဓေပြောင်းနတ်ဘုရားဆေးအတွက်ကတော့ ကံအပေါ်မှာပဲ မူတည်လိမ့်မယ်။ အင်းကွက်ရှစ်ခုသ‌န္ဓေပြောင်းနတ်ဘုရားဆေးဆိုရင် စဉ်းတောင်မစဉ်းစားနဲ့တော့။

အရှေ့ပိုင်းနယ်မြေမှာ အင်းကွက်ရှစ်ခုသ‌န္ဓေပြောင်းနတ်ဘုရားဆေးကို တစ်ကြိမ်သန့်စင်ခဲ့တဲ့လူငယ်မျိုးဆက်ရဲ့နံပါတ်တစ်ပါရမီရှင်တစ်ယောက်ရှိတယ်။ သူက အရှေ့ပိုင်းနယ်မြေရဲ့ပြိုင်ဘက်ကင်းဆေးတာအိုပါရမီရှင်လို့ လူသိများတယ်။

"ကောင်းပြီလေ၊ ဒီအတိုင်း သွားကြတာပေါ့" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။

ဆေးတိုက်ပွဲစင်မြင့်ပေါ်မှာ ကိုယ်ပိုင်ဆေးမီးပြင်းဖိုကို အသုံးပြုခွင့်မရှိပါဘူး။ ဆေးတိုက်ပွဲမျှော်စင်ပေါ်ရှိ ဆေးမီးပြင်းဖိုကိုပဲ အသုံးပြုဖို့ ခွင့်ပြုတယ်။ အဆင့်မြင့်ဆေးတိုက်ပွဲမျှော်စင်ပေါ်ရှိဆေးမီးပြင်းဖိုက ကြယ်လေးလုံးအလယ်ဆင့်ဆေးမီးပြင်းဖိုတစ်ခုဖြစ်တယ်။ အဲဒါက ကောင်းတာလဲမဟုတ်ဆိုးတာလဲ မဟုတ်ပါဘူး၊ ဒါပေမယ့် သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေကို သန့်စင်ဖို့က အလွန်ခက်ခဲနေပါသေးတယ်။

ဒါ့အပြင် အဆင့်မြင့်ဆေးတိုက်ပွဲမျှော်စင်ပေါ်မှာ ကြယ်လေးလုံးနတ်ဘုရားမီးလျှံကိုသာ ခွင့်ပြုပြီး ကြယ်ငါးလုံးနတ်ဘုရားမီးလျှံကို ခွင့်မပြုပါဘူး။

ဆေးတိုက်ပွဲက မကြာခင်စတင်လာခဲ့တယ်။

ဆေးနတ်ဘုရားတွေအနေနဲ့ သူတို့ရဲ့နေရာလပ်လက်စွပ်တွေမှာ ဆေးပစ္စည်းတွေမျိုးစုံရှိတယ်။

နှစ်ယောက်လုံးရဲ့ဆေးသန့်စင်ခြင်းအရှိန်က အလွန်မြန်တယ်။ ဆန်းကြယ်မူလဆေးပစ္စည်းကြီးမားတဲ့ပမာဏတစ်ခုကို ဆေးမီးပြင်းဖိုထဲသို့ ပစ်ထည့်လိုက်တယ်။

အချိန်တိုအတွင်းမှာ ‌ဆေးမီးပြင်းဖိုက အပြာရင့်ရောင်အလင်းတစ်ခုကို ထုတ်လွှတ်ခဲ့ပြီး ဖျော့တော့တော့ရနံတစ်ခုက လွင့်မျောနေတော့တယ်။

ဟိန်းသံ.....

နှစ်ယောက်လုံးက တစ်ချိန်တည်းနီးပါး ပြီးတယ်လို့ဆိုရမယ်။ သန့်စင်မှုပြီးတဲ့အခါ အပြာဖျော့ရောင်နတ်ဘုရားနဂါးတစ်ကောင်က ချင်းရွှယ်ထျန်းချန်ရဲ့ဆေးမီးပြင်းဖိုအထက်မှာ ထွက်ပေါ်လာတယ်။ ၎င်းက ဆေးမီးပြင်းဖိုပတ်လည်မှာ လှည့်ပတ်နေပြီး မြင့်မြတ်ထူးကဲတဲ့အရှိန်အဝါတစ်ခုရှိတယ်။

ဒါကို မြင်ပြီး ချင်းရွှယ်ထျန်းချန်က ပြုံးလိုက်တယ်။

ဒီတစ်ခါတော့ သန္ဓေပြောင်းနတ်ဘုရားဆေးလုံးအနည်းဆုံးငါးလုံးရှိတယ်။ ငါးလုံးလုံးက အင်းကွက်ခြောက်ခုသန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေဆိုရင်တောင် သူ့ရဲ့နောက်ဆုံးရလဒ်က အဆုံးစွန်းအဆင့်၁၄အထက်မှာ ရှိပါလိမ့်မယ်။

"နတ်ဘုရားနဂါးသဘာဝဖြစ်စဉ်။ မယုံနိုင်စရာပဲ။ လီဖူချန်းက ကံဆိုးပြီထင်တယ်"

လူတိုင်းက ထိတ်လန့်တုန်လှုပ်သွားကြတယ်။

ယေဘုယျပြောရရင် သဘာဝဖြစ်စဉ်က ပိုကြီးလေလေ၊ သန့်စင်တဲ့နတ်ဘုရားဆေးလုံးတွေရဲ့အရည်အသွေးက ပိုမြင့်လေလေဖြစ်ပြီး သန္ဓေပြောင်းနတ်ဘုရားဆေးလုံး‌တွေကို ပိုသန့်စင်နိုင်လေလေပဲ။

နတ်ဘုရားနဂါးသဘာဝဖြစ်စဉ်က အလွန်အမင်းအားကောင်းတဲ့သဘာဝဖြစ်စဉ်တစ်ခုဖြစ်တယ်။

သာမန်သဘာဝဖြစ်စဉ်တစ်ခုက ယှဉ်နိုင်တဲ့အရာမဟုတ်ပါဘူး။

ချင်းရွှယ်ထျန်းချန်ရဲ့အပြုံးက ကြွလာတော့တယ်။  ဆန်းကြယ်မူလဆေးလုံး၃၆လုံး၊ သူတို့ထဲကခြောက်လုံးက သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေဖြစ်တယ်။ သူတို့ထဲကငါးလုံးက အင်းကွက်ခြောက်ခုသ‌န္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေဖြစ်ပြီး တစ်လုံးက အင်းကွက်ခုနှစ်ခုသန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေဖြစ်တယ်။ ကျန်ရှိနေတဲ့ဆန်းကြယ်မူလဆေးလုံးတွေအားလုံးက အဆုံးစွန်းအဆင့်၉ရှိတယ်။

အခြားစကားဖြင့်ဆိုရရင် သူ့ရဲ့နောက်ဆုံးရလဒ်က အဆုံးစွန်းအဆင့်၁၇ဖြစ်တယ်။ လီဖူချန်းရဲ့ရလဒ်က အဆုံးစွန်းအဆင့်၁၇ကို ကျော်မယ်လို့တော့ သူက မယုံပါဘူး။

ဒါပေမယ့် ချင်းရွှယ်ထျန်းချန်ရဲ့အပြုံးက အကြာကြီးမခံပါဘူး။ နှစ်ယောက်လုံးရဲ့ဆေးသန့်စင်မှုက တစ်ပြိုင်နက်တည်းနီးပါးပြီးခဲ့ပေမယ့် ချင်းရွှယ်ထျန်းချန်ရဲ့သဘာဝဖြစ်စဉ်က အရင်ထွက်ပေါ်လာခဲ့တယ်။ အခုက လီဖူချန်းရဲ့အလှည့်ပါပဲ။

နဂါးဟိန်းသံတစ်ခု၊ ကျားဟိန်းသံတစ်ခု၊ ဖီးနစ်အော်သံတစ်ခုနဲ့ လိပ်အော်သံတစ်ခုတို့ ထွက်ပေါ်လာတယ်။

လီဖူချန်းရဲ့မီးပြင်းဖိုအထက်မှာ အပြာနုရောင်နတ်ဘုရားနဂါးတစ်ကောင်၊ အပြာနုရောင်ဧရာမကျားတစ်ကောင်၊ နီပြာရောင်မီးငှက်တစ်ကောင်နဲ့ နက်ပြာရောင်လိပ်တစ်ကောင်တို့ ထွက်ပေါ်လာတယ်။

ချင်းရွှယ်ထျန်းချန်ရဲ့နတ်ဘုရားနဂါးဖြစ်စဉ်က နတ်ဘုရားသားရဲလေးကောင်သဘာဝဖြစ်စဉ်နဲ့ ယှဉ်ရင် ချက်ချင်းမှေးမှ်ိန်သွားတော့တယ်။

"သူ့ဆေးတာအိုအတတ်က နောက်ထပ် တိုးတက်လာပြန်ပြီပဲ"

ဆေးတိုက်ပွဲစင်မြင့်အောက်မှာ မူရုံဖှေးဝူက ရောက်ရှိလာခဲ့တယ်။

လီဖူချန်းရဲ့ဆေးသန့်စင်ခြင်းမှထုတ်လွှတ်ခဲ့တဲ့သဘာဝဖြစ်စဉ်ကို မြင်တဲ့အခါ သူမက ထိတ်လန့်တုန်လှုပ်သွားခဲ့ရတယ်။

ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံအတွင်း လီဖူချန်းရဲ့‌ဆေးအတတ်က လူတိုင်းထက် အပြတ်အသတ်သာလွန်နေခဲ့ပြီ။ အဲဒါက လီဖူချန်းရဲ့အကန့်အသတ်ဖြစ်မဟုတ်ဘူးလို့ မူရုံဖှေးဝူက မမျှော်လင့်ထားခဲ့ဘူး၊ လီဖူချန်းရဲ့အကန့်အသတ်က ဘယ်လောက်လဲဆိုတာ သူမက မသိတော့ပါဘူး။

လီဖူချန်းက ဆေးမီးပြင်းဖိုအဖုံးကို ဖွင့်လိုက်တယ်။

တောက်ပတဲ့အလင်းတစ်ခုက ကောင်းကင်သို့တက်သွားပြီး ဆန်းကြယ်မူလဆေး၃၆လုံးက ထွက်ပေါ်လာတော့တယ်။ ဆေးချီက အလွန့်အလွန်ကြီးမားလှတယ်။

အနီးကပ်ကြည့်ပြီးနောက် သ‌န္ဓေပြောင်းနတ်ဘုရားဆေးလုံး၁၂လုံးရှိတယ်။ အင်းကွက်ခြောက်ခုသန္ဓေပြောင်းဆေးလုံးက ခြောက်လုံး၊ အင်းကွက်ခုနှစ်ခုသန္ဓေပြောင်းဆေးလုံးက လေးလုံးနဲ့ အင်းကွက်ရှစ်ခုသန္ဓေပြောင်းဆေးလုံးက နှစ်လုံးရှိတယ်။ ကျန်တာတွေအားလုံးက အဆုံးစွန်းအဆင့်၉ဆန်းကြယ်မူလဆေးလုံးတွေပါပဲ။

ရလဒ်အရ အဆုံးစွန်းအဆင့်၃၇ရှိပြီး ချင်းရွှယ်ထျန်းချန်ရဲ့အဆုံးစွန်းအဆင့်၁၇ထက် အဆင့်နှစ်ဆယ်ပိုမြင့်တယ်။ နှိုင်းယှဉ်ဖို့တောင် မလိုအပ်ပါဘူး။

"မဖြစ်နိုင်ဘူး"

ချင်းရွှယ်ထျန်းချန်က သွေးပွက်ပွက်အန်လုနီးပါးဖြစ်သွားခဲ့တယ်။

‌ဆေးတိုက်ပွဲမတိုက်ခင် သူက အခုလိုသနားစဖွယ်ကောင်းလောက်အောင်ရှုံးနိမ့်ရမယ်လို့ သူ ဘယ်တော့မှ မတွေးထားခဲ့ပါဘူး။

သန္ဓေပြောင်းနတ်ဘုရားဆေးလုံးဆယ့်နှစ်လုံးနဲ့ နှစ်လုံးက အင်းကွက်ရှစ်ခုသန္ဓေပြောင်းနတ်ဘုရားဆေးလုံးတဲ့။ လီဖူချန်း ဘယ်လိုလုပ်ခဲ့တာလဲ။ အရှေ့ပိုင်းနယ်မြေရဲ့နံပါတ်တစ်ပါရမီရှင်ကတောင် အခုလို လုပ်နိုင်မှာမဟုတ်လောက်ဘူး.....

စင်မြင့်အောက်မှာ အစမှာ လူတိုင်းက ထိတ်လန့်သွားခဲ့ကြပေမယ့် သူတို့က တဖြည်းဖြည်းနဲ့ ပိုစိတ်လှုပ်ရှားလာခဲ့ကြတယ်။

မြောက်ပိုင်းနယ်မြေက အနိုင်ရသွားပြီ၊ ဒါက ရှင်းလင်းပြတ်သားတဲ့အောင်ပွဲတစ်ခုပဲ။ သူတို့က အနိုင်ရသူမဟုတ်ပေမယ့် သူတို့က အလွန်ဂုဏ်ယူနေမိပါတယ်။ သူတို့အားလုံးက လီဖူချန်းကို လေးစားစွာ ကြည့်လိုက်ကြတယ်။

***

All Chapters