ကြယ်ငါးလုံးဆေးနတ်ဘုရား
Vol. 92 Ch. 1304
"မင်း ရှုံးသွားပြီ" လီဖူချန်းက သူ့ပြိုင်ဘက်ကို ကကြည့်လိုက်တယ်။
အနိုင်ရဖို့ လွယ်လွန်းပါတယ်၊ သူက သူ့ရဲ့ခွန်အားအပြည့်ကိုတောင် အသုံးမပြုခဲ့ရပါဘူး။
သူက ဆန္ဒရှိရင် အနည်းဆုံးသန္ဓေပြောင်းနတ်ဘုရားဆေးလုံးနှစ်ဆယ်အထိ သန့်စင်နိုင်ပါတယ်။
ဒါပေမယ့် ဒါက ပြင်ပအရာတွေကို ဖယ်ထုတ်ထားတဲ့ အခြေအနေကြောင့်ပဲ။
ကြယ်ငါးလုံးဆေးမီးပြင်းဖို၊ ကြယ်ငါးလုံးနတ်ဘုရားမီးလျှံ၊ ဆေးတာအိုအသုံးအဆောင်ပစ္စည်း၊ ဆေးတာအိုနေရာလပ်ဇုန်တို့လို ပြင်ပအရာတွေ ရှိရင် ဆန်းကြယ်မူလဆေးကိုအသာထား၊ သူက ကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားဆေးလုံးအသုတ်တိုင်းမှာ သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေကို သန့်စင်နိုင်ပါလိမ့်တယ်။ တကယ်တော့ သူက ကြယ်ငါးလုံးအဆင့်နိမ့်နတ်ဘုရားဆေးလုံးတွေအတွက် သန္ဓေပြောင်းနတ်ဘုရားဆေးလုံးအနည်းငယ်ကို သန့်စင်နိုင်မယ်လို့ သူက ယုံကြည်တယ်။
ဒါတောင် သူက ကြယ်ငါးလုံးအဆင့်နိမ့်နတ်ဘုရား ဆေးလုံးတွေကို စတင်သန့်စင်တာ သိပ်မကြာသေးလို့ပဲ။ မဟုတ်လို့ကတော့ သူက အသုတ်တိုင်းမှာ အနည်းဆုံးသန္ဓေပြောင်းနတ်ဘုရားဆေးတစ်ဝက်လောက်ကို သန့်စင်နိုင်မယ်။
"မင်းနောက်ထပ်အလောင်းအစားလုပ်ရဲလား" ချင်းရွှယ်ထျန်းချန်က မေးလိုက်တယ်။
လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်"မင်း အလောင်းအစားလုပ်ဖို့ သဘောတူခဲ့မှတော့ အရှုံးကို လက်ခံရမှာပေါ့။ ဘယ်မှာလဲ ငါ့ရဲ့ဆုလာဒ်....."
လေးဖက်နတ်ဘုရားဆေးမီးပြင်းဖိုဆိုတဲ့နာမည်က အတော်လေးကောင်းတယ်။ မတော်တဆဖြစ်တာတွေကို ကာကွယ်ဖို့ အရင်ဆုံးရယူတာ ပိုကောင်းတယ်။
"ကြယ်ငါးလုံးအလယ်ဆင့်ဆေးမီးပြင်းဖိုတစ်ခုလေးပဲကိုး။ ယူလိုက်"
ချင်းရွှယ်ထျန်းချန်က လက်ဝါးအရွယ်အစားလေးရောင်ခြယ်ဆေးမီးပြင်းဖိုတစ်ခုကို ယူထုတ်ကာ လီဖူချန်းကို ပစ်ပေးလိုက်တယ်။
လီဖူချန်းက လက်ခံခဲ့ပြီး ကျေနပ်အားရစွာ ခေါင်းညိတ်ခဲ့တယ်။ ဒီလေးဖက်နတ်ဘုရားမီးပြင်းဖိုမှာ ကြယ်ငါးလုံးနတ်ဘုရားမီးလျှံငါးမျိုးပါဝင်တယ်။ သူတို့က အဆင့်နိမ့်ကြယ်ငါးလုံးနတ်ဘုရားမီးလျှံတွေဖြစ်ပေမယ့် မီးပြင်းဖိုရဲ့လမ်းညွှန်မှုအောက်မှာ သူတို့က လိုက်ဖက်ညီစွာ ပေါင်းစပ်ခဲ့ကြတယ်။ ဒါက အတော်လေးဆန်းကြယ်တယ်။
လေးဖက်နတ်ဘုရားမီးပြင်းဖိုကို သိမ်းပြီးနောက် လီဖူချန်းက ချင်းရွှယ်ထျန်းချန်ကို ကြည့်လိုက်တယ်"ထပ်ယှဉ်ပြိုင်ဖို့ မလိုတော့ဘူးလို့ ငါ ထင်တယ်။ မင်းက ငါ့အတွက် ပြိုင်ဘက်မဟုတ်ဘူး"
သူက အမှန်တရားကို ပြောနေတာပဲ။
စောစောက လီဖူချန်းက သန္ဓေပြောင်းနတ်ဘုရားဆေးလုံးဆယ့်နှစ်လုံးကို သန့်စင်ခဲ့ပြီး အင်းကွက်ရှစ်ခုသန္ဓေပြောင်းနတ်ဘုရားဆေးလုံးက နှစ်လုံးရှိတယ်။ ချင်းရွှယ်ထျန်းချန်က သူနဲ့ ဘာယှဉ်ပြိုင်နိုင်အုံးမှာလဲ။
ချင်းရွှယ်ထျန်းချန်က ပြောလိုက်တယ်"ကြယ်လေးလုံးအဆင့်မြင့်ဆေးနတ်ဘုရားတစ်ယောက်အနေနဲ့ ကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားဆေးလုံးတွေ ဘယ်လိုသန့်စင်သလဲဆိုတာပဲ မင်း သိတယ်လို့တော့ ငါ မထင်ဘူး။ ကြယ်ငါးလုံးအဆင့်နိမ့်နတ်ဘုရားဆေးလုံးတွေသန့်စင်တာကို ယှဉ်ပြိုင်ကြစို့။ ဒီတစ်ခါတော့ ငါ့ရဲ့ဆုလာဒ်က အဆင့်၄ဆေးနတ်ဘုရားအတတ်တစ်ခုပဲ"
"အဆင့်၄ဆေးနတ်ဘုရားအတတ်လား"
လီဖူချန်းက မေးငေါ့လိုက်တယ်။
လင်ယွင်ခယ်ချန်ထားခဲ့တဲ့ဆေးဗဟုသုတထဲမှာ ဆေးနတ်ဘုရားအတတ်အချို့ရှိတယ်။ ဒါပေမယ့် သူတို့အားလုံးက အဆင့်သတ်မှတ်ချက်မဲ့ဒါမှမဟုတ်အဆင့်၁ဆေးနတ်ဘုရားအတတ်တွေ ဖြစ်ကြတယ်၊ ဒါကြောင့် သူတို့က အများကြီးအသုံးမဝင်ပါဘူး။
ဆေးနတ်ဘုရားအတတ်တွေက သာမန်နတ်ဘုရားအတတ်တွေနဲ့ မတူပါဘူး။ သူတို့ကို အဆင့်ကိုးဆင့်ခွဲခြားထားပြီး အဆင့်၁က အဆင့်နိမ်ဆုံးဖြစ်ပြီး အဆင့်၉က အဆင့်မြင့်ဆုံးဖြစ်တယ်။
ဆေးနတ်ဘုရားအတတ်တွေအများကြီးမရှိပါဘူး။ အရည်အသွေးတိုးစေတဲ့ဆေးနတ်ဘုရားအတတ်တွေ၊ အောင်မြင်မှုနှုန်းတိုးစေတဲ့ဆေးနတ်ဘုရားအတတ်တွေ၊ သန္ဓေပြောင်းနှုန်းကိုတိုးစေတဲ့ဆေးနတ်ဘုရားအတတ်တွေဆိုပြီး ရှိတယ်။
ယေဘုယျပြောရရင် ဆေးအရည်အသွေးတိုးစေဖို့ ဆေးနတ်ဘုရားက ဆေးသန့်စင်ခြင်းနတ်ဘုရားအတတ်ကို အများဆုံးအသုံးပြုကြတယ်။
ဒါပေမယ့် ဆေးနတ်ဘုရားတွေရဲ့ဆေးသန့်စင်ခြင်းနတ်ဘုရားအတတ်အများစုက အဆင့်၁သာ ရှိတယ်။ အနည်းငယ်က အဆင့်၂ရှိတယ်။
ယခုချင်းရွှယ်ထျန်းချန်လောင်းကြေးထပ်တဲ့ဆေးနတ်ဘုရားအတတ်က အဆင့်၂ဆေးတာအိုနတ်ဘုရားအတတ်တစ်ခုမဟုတ်ဘဲ အဆင့်၄ဆေးတာအိုနတ်ဘုရားအတတ်တစ်ခုဖြစ်တယ်။
ပွင့်လင်းစွာပြောရရင် လီဖူချန်းအနေနဲ့ ဆွဲဆောင်မှုမခံရဖို့က မဖြစ်နိုင်ပါဘူး။
အဆင့်၄ဆေးနတ်ဘုရားအတတ်တွေက အလွန်အားကောင်းတဲ့ကြယ်ငါးလုံးဆေးနတ်ဘုရားတွေကပဲ ရှာဖွေဖော်ထုတ်နိုင်တဲ့ ဆေးနတ်ဘုရားအတတ်တွေ ဖြစ်တယ်။ သာမန်ကြယ်ငါးလုံးဆေးနတ်ဘုရားအများစုက အဆင့်၃ဆေးနတ်ဘုရားအတတ်တစ်ခုကိုပဲ အများဆုံးဆုပ်ကိုင်ထားကြတယ်။
လီဖူချန်းက အဆင့်၂ဆေးနတ်ဘုရားအတတ်လောက်ကို စိတ်မဝင်စားပေမယ့် သူက အဆင့်၄ဆေးနတ်ဘုရားအတတ်ကိုတော့ အတော်လေးစိတ်ဝင်စားတယ်။
"အဲဒါက ဘယ်ကဏ္ဍကို တိုးတက်စေလဲ" လီဖူချန်းက မေးလိုက်တယ်။
ချင်းရွှယ်ထျန်းချန်က ပြောလိုက်တယ်"ဒီဆေးနတ်ဘုရားအတတ်က သန္ဓေပြောင်းနတ်ဘုရားဆေးလုံးသန့်စင်တဲ့နှုန်းကို တိုးစေနိုင်တယ်"
လီဖူချန်းနဲ့ ထပ်တိုက်ခိုက်ဖို့အတွက် သူက အားလုံးထုတ်ပြရမှာပါ။
"ကောင်းပြီ၊ ငါ မင်းနဲ့ ထပ်လောင်းမယ်"
.
လီဖူချန်းက သန္ဓေပြောင်းနှုန်းကိုတိုးစေတဲ့နတ်ဘုရားအတတ်တစ်ခုကို လိုအပ်တယ်။ ၎င်းက သူ့ကို သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေရဲ့လျို့ဝှက်ချက်ကို ရှာဖွေဖို့ ကူညီပေးနိုင်လောက်တယ်။
"မင်းဘက်ကရော ဘာလဲ"
လီဖူချန်းက ပြောလိုက်တယ်"ထူးကဲအဆင့်နိမ့်ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုနဲ့ပျမ်းမျှအလယ်ဆင့်ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခု။ ဘယ်လိုလဲ"
လီဖူချန်းမှာ ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေအများကြီးရှိတယ်၊ အနည်းငယ်လောက် ထုတ်ပြတာက သူ့ကို မနာကျင်စေပါဘူး။
"နောက်ထပ်ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းသုံးခု။ ဒီလောက်များတဲ့ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို သူ ဘယ်နေရာကနေ ရခဲ့တာလဲ"
"ကြည့်ရတာ လီဖူချန်းက ကမ္ဘာနတ်ဘုရားတစ်ယောက်ရဲ့ရတနာသိုက်ကို ရထားပုံပဲ။ ဒါကြောင့်မို့ ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေ ဒီလောက်အများကြီးရှိနေတာ"
လူတိုင်းက အံ့အားသင့်ကာ အားကျသွားခဲ့ကြတယ်။
ချင်းရွှယ်ထျန်းချင်က တစ်ခဏစဉ်းစားပြီးနောက် သဘောတူခဲ့တယ်။
ချင်းရွှယ်ထျန်းချန်ကလန်က ဆေးကလန်တစ်ခုဖြစ်ပြီး ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေ ကင်းမဲ့တယ်။ ဒီကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းသုံးခုက ချင်းရွှယ်ကလန်အတွက် အလွန်အရေးပါတယ်။
ဆေးတိုက်ပွဲစည်းမျဉ်းက အလွန်ရိုးရှင်းပါတယ်။ သူတို့နှစ်ယောက်လုံးက မိမိအကျွမ်းကျင်ဆုံးကြယ်ငါးလုံးအဆင့်နိမ့်နတ်ဘုရားဆေးလုံးကို သန့်သင်ရမယ်။ အချိန်အတိုဆုံးနဲ့နတ်ဘုရားဆေးလုံးအရည်အသွေးအမြင့်ဆုံးကို သန့်စင်နိုင်တဲ့သူက အနိုင်ရလိမ့်မယ်။
ချင်းရွှယ်ထျန်းချန်က ကြယ်ငါးလုံးအဆင့်နိမ့်နဂါးငွေ့တန်းဆေးကို ရွေးချယ်ခဲ့တယ်။ ၎င်းက သာမန်အခက်အခဲရှိတဲ့နတ်ဘုရားဆေးတစ်ခုဖြစ်ပြီး သူအကျွမ်းကျင်ဆုံးနတ်ဘုရားဆေးလဲ ဖြစ်တယ်။
လီဖူချန်းက ကြယ်ငါးလုံးအဆင့်နိမ့်ကြည်လင်ပြတ်သားဆေးက်ု ရွေးချယ်ခဲ့တယ်၊ ၎င်းက နဂါးငွေ့တန်းဆေးထက် အနည်းငယ်အခက်အခဲပိုမြင့်တယ်။
ဆေးသန့်စင်ခြင်းက စတင်လာပါပြီ။
ချင်းရွှယ်ထျန်းချန်က အလွန်သတိထားနေမှန်း သိသာတယ်။ အဆင့်တိုင်းက ပြီးပြည့်စုံမှုရှိနေပြီး အားနည်းချက်တစ်ခုတစ်လေတောင် မရှိပါဘူး။
တစ်ဖက်မှာတော့ လီဖူချန်းရဲ့လှုပ်ရှားမှုတွေက နူးညံ့ချောမွေ့ပြီး အဟန့်အတားမရှိဖြစ်တယ်။
မူရုံဖှေးဝူက ပြုံးလိုက်တယ်၊ လီဖူချန်းအနိုင်ရမယ်ဆိုတာ သူမ သိပါတယ်။
ဆေးသန့်စင်ခြင်းတစ်ဝက်လောက်ရောက်တဲ့အခါမှာတော့ ချင်းရွှယ်ထျန်းချန်က ဆေးလုံးကို စတင်သိပ်သည်းခဲ့တယ်။
သူ့လက်တွေက အရိပ်ပမာဖြစ်ပြီး သူက အဆုံးမဲ့လက်ချိတ်ပိတ်တွေကို ချက်ချင်း ဖွဲ့စည်းခဲ့တယ်။ လက်ချိတ်ပိတ်တစ်ခုစီမှာ ပြိုင်ဘက်ကင်းဆေးတာအိုဥပဒေသတစ်ခု ပါဝင်တယ်။
အဆင့်၃ဆေးသန့်စင်ခြင်းနတ်ဘုရားအတတ်- သန့်စင်ခြင်းတစ်ရာဆေးနည်းစနစ်။
ဒီဆေးသန့်စင်ခြင်းနတ်ဘုရားအတတ်က နတ်ဘုရားဆေးလုံးရဲ့အရည်အသွေးကိုတိုးစေနိင်တဲ့နတ်ဘုရားအတတ်တစ်ခုဖြစ်တယ်။ ချက်ချင်းပဲ ပြိုင်ဘက်ကင်းဆေးတာအိုဥပဒေသက နတ်ဘုရားဆေးလုံးထဲရှိမသန့်စင်မှုတွေကို ဖယ်ထုတ်ကာ ဆေးချီတွေ ပိုထည့်သွင်းပေးလိုက်တယ်။
ဒါပေမယ့် ဒီဆေးသန့်စင်ခြင်းနတ်ဘုရားအတတ်ကို သူ လေ့လာဖော်ထုတ်ထားတာမဟုတ်ဘူး။ သူက အသက်တစ်သိန်းတောင် မရှိသေးဘူးလေ၊ အဆင့်၃ဆေးသန့်စင်ခြင်းနတ်ဘုရားအတတ်ကို ရှာဖွေဖော်ထုတ်ဖို့ ဘယ်အချိန်ရှိပါ့မလဲ။
သန့်စင်ခြင်းတစ်ရာဆေးနည်းစနစ်က ချင်းရွှယ်ကလန်ရဲ့ပြိုင်ဘက်ကင်းဆေးသန့်စင်ခြင်းနတ်ဘုရားအတတ်ဖြစ်တယ်။ တိုက်ရိုက်မျိုးဆက်တွေကသာ ၎င်းကို ကျင့်ကြံဖို့ အရည်အသွေးမှီတယ်။
မီးပြင်းဖိုထဲရှိနတ်ဘုရားဆေးလုံးတွေရဲ့အရည်အသွေးက ပြောင်းလဲနေတယ်။ မူလသာမန်နတ်ဘုရားဆေးလုံးတွေက ပျမ်းမျှနတ်ဘုရားဆေးလုံးတွေအဖြစ် ပြောင်းလဲလာတယ်။ မူလပျမ်းမျှနတ်ဘုရားဆေးလုံးတွေက ထူးကဲနတ်ဘုရားဆေးလုံးတွေအဖြစ် ပြောင်းလဲခဲ့တယ်။
ဒါက ချင်းရွှယ်ထျန်းချန်ကို ပိုစိတ်သက်သာရာရစေခဲ့တယ်။
ကြယ်ငါးလုံးအဆင့်နိမ့်နတ်ဘုရားတွေသန့်စင်တဲ့အခါမှာ လီဖူချန်းက သူ့ကို ကျော်ဖြတ်နိုင်မယ်လို့ သူ မယုံကြည်ပါဘူး။
သူက ကြယ်ငါးလုံးအဆင့်နိမ့်နတ်ဘုရားဆေးလုံးတွေကို သန့်စင်လာတာ တော်တော်ကြာပေါ့၊ အထူးသဖြင့် နဂါးငွေ့တန်းဆေးလုံးကိုပေါ့။
လီဖူချန်းလဲ ဆေးလုံးကို စတင်သိပ်သည်းခဲ့တယ်။ ကြည်လင်ပြတ်သားခြင်းဆေးလုံးက တစ်မူထူးခြားတာကြောင့် သူ့ရဲ့ဆေးသန့်စင်ခြင်းအရှိန်က ချင်းရွှယ်ထျန်းချန်ထက် အနည်းငယ်ပိုနှေးတယ်။ သန့်စင်ခြင်းအချိန်က တိုတောင်းရင် အရည်အသွေးကို သက်ရောက်ပါလိမ့်မယ်။ လီဖူချန်းက သန့်စင်ခြင်းအချိန်ကို ထိန်းချုပ်ထားခဲ့တယ်။
လီဖူချန်းက သူ့ရဲ့ဆေးသန့်စင်ခြင်းနတ်ဘုရားအတတ်ကို မထုတ်ဖော်ခဲ့ဘဲ ဆေးလုံးကို ရိုးရိုးရှင်းရှင်းပဲ သိပ်သည်းခဲ့တယ်။
ဒါကို မြင်ပြီး ချင်းရွှယ်ထျန်းချန်က နှာခေါင်းရှုံ့လိုက်တယ်။ ဆေးနတ်ဘုရားအတတ်တောင်မရှိဘဲနဲ့ သူနဲ့ဘယ်လိုတိုက်ခိုက်နိုင်မှာလဲ။
နတ်ဘုရားဆေးလုံးရဲ့အဆင့်က ပိုမြင့်လေ၊ နတ်ဘုရားအတတ်ရဲ့သက်ရောက်မှုက ပိုကြီးမားလေပဲ။ ဒါက ဘယ်သူမဆိုထက် ပိုကောင်းတယ်ဆိုတာ ချင်းရွှယ်ထျန်းချန်က သိတယ်။
နာရီဝက်ကြာပြီးနောက် ချင်းရွှယ်ထျန်းချန်က ဆေးလုံးတွေကို စတင်သန့်စင်ခဲ့တယ်။
ဒီတစ်ခါမှာတော့ ဆေးတာအိုသဘာဝဖြစ်စဉ်တစ်ခုမှ မတွေ့ခဲ့ရပါဘူး။
ဘယ်လိုဟာသလဲ။ အဆုံးစွန်းအဆင့်မြင့်နတ်ဘုရားဆေးတစ်လုံးကို သန့်စင်အခါမှသာ ဆေးတာအိုသဘာဝဖြစ်စဉ်က ထွက်ပေါ်လာတာပါ။ ချင်းရွှယ်ထျန်းချန်က ဒါကို လုပ်နိုင်ဖို့ အဝေးကြီးလိုပါသေးတယ်။
ဆေးမီးပြင်းဖိုအဖုံးကို ဖွင့်ရင်း ချင်းရွှယ်ထျန်းချန်က သူ့ရဲ့လက်ဖဝါးကို လှန်လိုက်တယ်၊ နဂါးငွေ့တန်းဆေးလုံး၃၆လုံးက လေထဲမှာ လွင့်မျောနေပြီး လူတိုင်းက မြင်တွေ့နေရတော့တယ်။
"အင်းကွက်တစ်ခု၊ အင်းကွက်နှစ်ခု၊ အင်းကွက်သုံးခု။ ဘုရားသခင်၊ အင်းကွက်သုံးခုနတ်ဘုရားဆေးလုံးတွေ တကယ်ရှိတာပဲ။ ဒီချင်းရွှယ်ထျန်းချန်က အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်သာဖြစ်ပေမယ့် သူက ကြယ်ငါးလုံးအဆင့်နိမ့်နတ်ဘုရားဆေးလုံးတွေကို တကယ်သန့်စင်နိုင်ခဲ့တာပဲ" တစ်ယောက်ယောက်က အံ့အားသင့်စွာ ပြောလိုက်တယ်။
ထူးကဲအဆင့်နိမ့်ကြယ်ငါးလုံးနတ်ဘုရားဆေးလုံးတွေသန့်စင်ခြင်းက ချင်းရွှယ်ထျန်းချန်အနေနဲ့ အဆင့်နိမ့်ကြယ်ငါးလုံးဆေးနတ်ဘုရားတစ်ယောက်ဖြစ်ဖို့ မဝေးတော့ဘူးလို့ ဆိုလိုတယ်။
ပုံမှန်အားဖြင့် ပြီးပြည့်စုံခြင်းအဆင့်နိမ့်ကြယ်ငါးလုံးနတ်ဘုရားဆေးလုံးတွေကိုတည်တည်ငြိမ်ငြိမ်နဲ့ သန့်စင်နိုင်တာက အဆင့်နိမ့်ကြယ်ငါးလုံးငွေရောင်ဆေးနတ်ဘုရားတစ်ယောက်လို့ သတ်မှတ်နိုင်တယ်။
ချင်းရွှယ်ထျန်းချန်ရဲ့နဂါးငွေ့တန်းဆေးတစ်သုတ်က အရည်အသွေးအားဖြင့် အတော်လေးကောင်းတယ်ဆိုတာ တစ်ယောက်ယောက်က ဝန်ခံရမှာပဲ။ သာမန်နဂါးငွေ့တန်းနတ်ဘုရားဆေးငါးလုံးသာရှိပြီး ပျမ်းမျှအဆင့်က နှစ်ဆယ့်ငါးလုံး၊ ထူးကဲအဆင့်က ခြောက်လုံးရှိတယ်။
ဒီအချိန်မှာ လီဖူချန်းကလဲ သူ့ရဲ့ဆေးလုံးတွေကို စတင်စုဆောင်းခဲ့တယ်။
ချင်းရွှယ်ထျန်းချန်နဲ့အလားတူစွာပင်၊ လီဖူချန်းကလဲ ဘာဆေးတာအိုသဘာတဖြစ်စဉ်တစ်ခုမှ မဖြစ်ပေါ်စေနိုင်ခဲ့ပါဘူး။
ကြယ်လေးလုံးမီးပြင်းဖိုနဲ့ကြယ်လေးလုံးနတ်ဘုရားမီးလျှံနဲ့ဆိုရင် လီဖူချန်းက အဆုံးစွန်းအဆင့်မြင့်ကြယ်ငါးလုံးအဆင့်နိမ့်နတ်ဘုရားဆေးလုံးတွေကို မသန့်စင်နိုင်သေးပါဘူး။
ဒါပေမယ့် ဒါက သူ့အနေနဲ့ ချင်းရွှယ်ထျန်းချန်ကို အနိုင်ယူခြင်းမှ သူ့ကို မတားဆီးနိုင်ပါဘူး။
မီးပြင်းဖိုအဖုံးကို ဖွင့်လိုက်တဲ့အခါ အလွန်အမင်းတောက်ပတဲ့အလင်းတစ်ခုက ကောင်းကင်သို့ ထိုးတက်သွားတယ်။ တစ်ချက်အမြန်ကြည့်လိုက်ရုံနဲ့ နေငယ်တစ်စင်းက အထဲမှာ ပုန်းကွယ်နေတယ်လို့ ထင်ပါလိမ့်မယ်။
လီဖူချန်းက သူ့ရဲ့ညာဘက်လက်ကို လှုပ်လိုက်ရာ ကြည်လင်ပြတ်သားခြင်းဆေးလုံးသုံးဆယ့်ခြောက်လုံးက ဆေးတိုက်ပွဲမျှော်စင်အထက်မှာ လွင့်မျောနေတော့တယ်။
"အင်းကွက်လေးခု၊ အင်းကွက်ငါးခု....."
"ဘာ၊ ငါ ဘာတွေ မြင်နေရတာလဲ....."
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"သူ ဘယ်လိုတောင် လုပ်ခဲ့တာလဲ"
လူတိုင်းက အလွန်အံ့အားသင့်သွားကြတော့တယ်။
မူရုံဖှေးဝူကတောင် မှင်တက်သွားခဲ့ရတယ်။
ချင်းရွှယ်ထျန်းချန်ကတော့ ဒါကို လက်မခံနိုင်ပါဘူး။
လီဖူချန်းသန့်စင်ခဲ့တဲ့ကြည်လင်ပြတ်သားခြင်းဆေးလုံးသုံးဆယ့်ခြောက်လုံးထဲမှာ ပြီးပြည့်စုံခြင်းက ဆယ့်ရှစ်လုံးရှိပြီး အဆုံးစွန်းက ဆယ့်ရှစ်လုံးရှိတယ်။ ပြီးပြည့်စုံခြင်းအဆင့်အောက် တစ်လုံးတောင် မရှိပါဘူး။
"ဒါ ဘာကို ဆိုလိုတာလဲ"
လူတိုင်းက သူတို့ရဲ့နှလုံးသားထဲမှာ ရှင်းရှင်းလင်းလင်းသိတယ်။
လီဖူချန်းက ပါရမီရှင်ကြယ်ငါးလုံးအဆင့်နိမ့်ငွေရောင်ဆေးနတ်ဘုရားတစ်ယောက်လို့ဆိုလိုတယ်။ သူက ကြယ်ငါးလုံးအဆင့်နိမ့်ရွှေရောင်ဆေးနတ်ဘုရားတစ်ယောက်တောင် ဖြစ်နိုင်တယ်။ သူတို့ဘယ်လိုလုပ်ပြီး မထိတ်လန့်နိုင်ရမှာလဲ။
"နင် ဘယ်လိုလူမျိုးမှန်းကို ငါ တကယ် မသိတော့ဘူး"
မူရုံဖှေးဝူရဲ့မျက်လုံးထဲမှာ လီဖူချန်းကို သိပ်သည်းတဲ့မြူအလွှာတစ်ခုက ဖုံးလွှမ်းထားတယ်လို့ သူမက ခံစားရတယ်။
"မင်း ရှုံးသွားပြီ"
လီဖူချန်းရဲ့အသံက အလွန်တည်ငြိမ်နေပေမယ့် အဲဒါက ချင်းရွှယ်ထျန်းချန်ရဲ့နားထဲကို ဝင်ရောက်သွားတဲ့အခါ သေမင်းအော်သံပမာ ခံစားရတယ်။
"မင်း လှည့်စားနေတာပဲဖြစ်ရမယ်။ မဟုတ်ရင် မင်းက ဘယ်လိုလုပ်ပြီး အဆုံးစွန်းအဆင့်နတ်ဘုရားဆေးလုံးကို သန့်စင်နိုင်မှာလဲ" ချင်းရွှယ်ထျန်းချန်က အော်လိုက်တယ်။
ဒီအချိန်မှာ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာက လုံးဝကို ပျက်ဆီးသွားတော့တယ်။
လီဖူချန်းက ပြောလိုက်တယ်"ဒီလောက်များတဲ့မျက်လုံးတွေနဲ့ ကြည့်နေမှတော့ ငါ ဘယ်လိုလှည့်စားနိုင်မှာလဲ။ မင်းက ဆေးနတ်ဘရားတစ်ယောက်ပဲ၊ ဘာလို့ အရှုံးကို ဝန်မခံနိုင်ရတာလဲ"
"ချင်းရွှယ်ထျန်းချန်၊ နင့်ရဲ့ချင်းရွှယ်ကလန်ကို အရှက်မရစေနဲ့တော့" မူရုံဖှေးဝူရဲ့အသံက ချင်းရွှယ်ထျန်းချန်ရဲ့နားထဲသို့ ဝင်ရောက်လာခဲ့တယ်။
ချင်းရွှယ်ထျန်းချန်က အလွန်ရှက်သွားတော့တယ်။
လီဖူချန်းကို ရှုံးတာက ရှက်စရာကောင်းတယ်ဆိုပေမယ့် မူရုံဖှေးဝူရဲ့အရှေ့မှာ လီဖူချန်းကို ရှုံးတာကတော့ ပိုတောင်ရှက်စရာကောင်းတယ်။ သူက ပုန်းဖို့ အပေါက်တစ်ခုကို ချက်ချင်းတောင် ရှာလိုက်ချင်မိတယ်။
"ကောင်းတယ်၊ အရမ်းကောင်းတယ်။ ငါ ဒီနေ့ရဲ့အရှက်ရမှုကို မှတ်ထားမယ်"
ချင်းရွှယ်ထျန်းချန်က အဆင့်၄ဆေးနတ်ဘုရားအတတ်ပါတဲ့ကျောက်စိမ်းစာလိပ်တစ်ခုကို လီဖူချန်းထံ ပစ်ပေးလိုက်တယ်။ လျှပ်တစ်ပြက်အတွင်း သူက ဆေးတိုက်ပွဲစင်မြင့်မှ ပြေးဆင်းသွားပြီး ခြေရာလက်ရာတစ်ခုတောင်မကျန်ဘဲ ပျောက်ကွယ်သွားတော့တယ်။
ဘုတ်.....
ဘုတ်.....
လက်ခုပ်ဩဘာသံတစ်ခုက ထွက်ပေါ်လာတယ်။ ငွေရောင်ဆံပင်နဲ့အရပ်မြင့်မြင့်လူရွယ်တစ်ယောက်က လမ်းလျှောက်လာပြီး ပြုံးကာ ပြောလိုက်တယ်"မိုက်တယ်၊ တကယ်ကို မိုက်တယ်၊ အရမ်းမိုက်တယ်။ မြောက်ပိုင်းနယ်မြေရဲ့ကြယ်လေးလုံးဆေးညီလာခံရဲ့နံပါတ်တစ်ဖြစ်ဖို့ တကယ်ထိုက်တန်တယ်။ ဖှေးဝူ၊ နင့်ရဲ့ဒီသူငယ်ချင်းက မရိုးရှင်းဘူးပဲ။ မင်း ငါ့ကို ဘာလို့ စောစောမိတ်ဆက်မပေးတာလဲ"
***