← Chapters

ဖုံးကွယ်လမ်းလျို့ဝှက်ချိတ်ပိတ်

Vol. 92 Ch. 1305

ဖုံးကွယ်လမ်းလျို့ဝှက်ချိတ်ပိတ်

Vol. 92 Ch. 1305

မူရုံဖှေးဝူရဲ့အမူအရာက ပြောင်းလဲသွားတယ်။ ဒီငွေရောင်ဆံပင်လူရွယ်က အနောက်ပိုင်းနယ်မြေရွှေဖြူကလန်ရဲ့ကျင့်ကြံခြင်းပါရမီရှင်အန်ဂူလက်ပါပဲ။ သူက ဒီနှစ်မှာ အသက်နှစ်သိန်းတောင် မပြည့်သေးသလို အလယ်ဆင့်ပိုင်နက်နတ်ဘုရားတစ်ယောက်ဖြစ်နေပါပြီ။

ဒါ့ပြင် သူက အရင်းအမြစ်တွေအားကိုးပြီး အလယ်ဆင့်ပိုင်နက်နတ်ဘုရားတစ်ယောက်ဖြစ်လာတာမဟုတ်ဘူး။

သူ ဆန်းကြယ်နတ်ဘုရားနယ်ပယ်မှာတုန်းက သူက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအတတ်ဒါဇင်ကျော််ကို ပေါင်းစပ်ခဲ့တယ်။ သူ့ခွန်အားက သာမန်ဆန်းကြယ်နတ်ဘုရားဆရာသခင်တွေထက် အများကြီးသာလွန်ခဲ့တယ်။

အလယ်ဆင့်ပိုင်နက်နတ်ဘုရားတစ်‌ယောက်အနေနဲ့  သာမန်အဆင့်မြင့်ပိုင်နက်နတ်ဘုရားတွေကတောင် သူ့ကို မယှဉ်နိုင်ပါဘူး။

လီဖူချန်းကို အန်ဂူလက်က ပစ်မှတ်ထားတာက ကောင်းတဲ့အရာတစ်ခုမဟုတ်ဘူး။

မူရုံဖှေးဝူက ပြောလိုက်တယ်"အန်ဂူလက်၊ နင် ဘယ်တုန်းကများ ဆေးတာအိုမှာ စိတ်ဝင်စားခဲ့လို့လဲ။ ငါ့ရဲ့သူငယ်ချင်းက နင်နဲ့လမ်းကြောင်းမတူဘူးနော်"

အန်ဂူလက်က ပြောလိုက်တယ်"ငါက ဆေးတာအိုကို စိတ်မဝင်စားပါဘူး၊ ဆေးတာအိုက အသုံးမဝင်ဘူး၊ အထောက်အပံ့တစ်ခုအနေနဲ့သာ အသုံးချနိုင်တယ်လို့ ငါ ခံစားခဲ့ရတယ်။ ဒါပေမယ့် အဲဒါက အတိတ်တုန်းကပါ။ အခု ငါက ဆေးတာအိုကို အရမ်းစိတ်ဝင်စားနေပြီ။ မင်း ဒီလောက်စွဲလမ်းနေတဲ့ဆေးတာအိုရဲ့ဆန်းကြယ်မှုက ဘာလဲဆိုတာ ငါ သိချင်တယ်"

"အန်ဂူလက်၊ ဖှေးဝူဆိုတာ မင်း ခေါ်ခွင့်ရှိလို့လား..... " ထိုအချိန်မှာ နောက်ထပ်လူငယ်အသံတစ်ခုက ပဲ့တင်ထပ်လာတယ်။

လူတိုင်းက ကြည့်လိုက်တယ်၊ နဖူးပေါ်မှာ ထာဝရဖီးနစ်ငှက်အမှတ်အသားနဲ့လူရွယ်တစ်ယောက်က လျှောက်လမ်းလာခဲ့တယ်။

"ဒါ လူငယ်မြို့အရှင်ယန်မင်ဇန်ပဲ"

"လူငယ်မြို့အရှင်က အန်ဂူလက်နဲ့ အမြဲတမ်း သဘောထားကွဲလွဲနေကြပဲ။ ငါတို့တော့ ပြပွဲကောင်းတစ်ခု ကြည့်ရတော့မယ်နဲ့ တူတယ်"

လူတိုင်းက အသစ်ရောက်လာသူကို ချက်ချင်းသိလိုက်တယ်။

လူငယ်မြို့အရှင်ယန်မင်ဇန်က မီးငှက်မြို့အရှင်ထာဝရကမ္ဘာနတ်ဘုရားဆရာသခင်ရဲ့ဒုတိယမြောက်သားဖြစ်တယ်။ သူက ထာဝရကမ္ဘာနတ်ဘုရားဆရာသခင်မျက်နှာသာအပေးဆုံးသားလဲ ဖြစ်တယ်။

ထာဝရကမ္ဘာနတ်ဘုရားဆရာသခင်က ပိုင်နက်နတ်ဘုရားနယ်ပယ်မှာရှိစဉ်တုန်းက ယုမင်ဇန်ကို သူ့ရဲ့တတိယဇနီးမှ မွေးဖွားခဲ့တယ်။ ထာဝရကမ္ဘာနတ်ဘုရားဆရာသခင်က ဆန်းကြယ်နတ်ဘုရားနယ်ပယ်မှာရှိတုန်းက သူ့ရဲ့ပထမသားကို ပထမဇနီးမှ မွေးဖွားခဲ့တယ်။ မွေးရာပါပါရမီအရဖြစ်စေ၊ အလားအလာအရဖြစ်စေ၊ ယန်မင်ဇန်က သူ့ရဲ့အကိုကြီးထက် အများကြီးပိုမြင့်တယ်။

အန်ဂူလက်လိုပဲ၊ ယန်မင်ဇန်ကလဲ အလယ်ဆင့်ပိုင်နက်နတ်ဘုရားတစ်ယောက်ဖြစ်တယ်။ ဒါပေမယ့် ယန်မင်ဇန်က အန်ဂူလက်ထက် အသက်အများကြီးပိုကြီးပြီး အသက်သုံးသိန်းနီးပါးရှိတယ်။

ဒါပေမယ့် ပိုင်နက်နတ်ဘုရားတစ်ယောက်ရဲ့သက်တမ်းက တစ်ဒါမှမဟုတ်နှစ်ဘီလီယံလောက် ရှည်လျားတယ်။ နှစ်သိန်းအနည်းငယ်ကွာခြားတာက ခြားနားချက်တစ်ခုမဟုတ်ပါဘူး။

"ယုမင်ဇန်၊ မင်း ဒါ ဘာဆိုလိုတာလဲ။ ငါ့ရာငါ ဘယ်လိုပဲ ခေါ်ခေါ်ပေါ့။ အဲဒါ ငါ့ရဲ့လွတ်လပ်ခွင့်ပဲ။ မင်းက ငါ့ကို ထိန်းချုပ်စရာဘာအကြောင်းမှမရှိဘူး"

ဒါက ထာဝရကမ္ဘာနတ်ဘုရားဆရာသခင်ရဲ့ပိုင်နက်ဖြစ်ပေမယ့် အန်ဂူလက်က လုံးဝမကြောက်ပါဘူး။ သူ့ရဲ့ရွှေဖြူမိသားစုက မြောက်ပိုင်းနယ်မြေမှာ မတည်ရှိပေမယ့် မြောက်ပိုင်းနယ်‌မြေရှိဂိုဏ်းအားလုံးက သူ့ကို မျက်နှာသာပေးရပါတယ်။

"ဒါက ငါ့ပိုင်နက်ပဲ၊ ဒါကြောင့် ငါ့မှာ ကြားဝင်စွက်ဖက်ပိုင်ခွင့်ရှိတယ်"

ယန်မင်ဇန်က အန်ဂူလက်ရောရွှေဖြူမိသားစုကိုပါ မကြောက်ပါဘူး။

ရွှေဖြူကလန်က သူ့ကလန်ထက် အနည်းငယ်ပိုသန်မာပါတယ်။ ဒါပေမယ့် သူ့အဖေက အဆင့်မြင့်ကမ္ဘာနတ်ဘုရားဆရာသခင်ဖြစ်တဲ့ထာဝရကမ္ဘာနတ်ဘုရားဆရာသခင်ပဲလေ။

"ဒါဆိုလဲ မင်း ဒါကို ဘယ်လိုကိုင်တွယ်မလဲ ကြည့်ရတာပေါ့။ မင်း ငါနဲ့ တိုက်ပွဲစင်မြင့်မှာ တိုက်ခိုက်ချင်လား"

ဆေးတိုက်ပွဲမျှော်စင်က ဆေးတာအိုတိုက်ပွဲ‌တွေအတွက် ‌နေရာဖြစ်တယ်။ နာမည်အတိုင်းပဲ တိုက်ပွဲစင်မြင့်က သိုင်းတိုက်ပွဲတွေအတွက် ‌နေရာဖြစ်တယ်။

ထာဝရကလန်ရဲ့ထာဝရဖီးနစ်သွေးမျိုးဆက်က အရမ်းအားကောင်းတယ်လို့ ပြောကြတယ်။ အန်ဂူလက်က ဒါကို ကိုယ်တိုင်တွေ့ကြုံခံစားချင်ခဲ့တယ်။

"ငါက ဘာလို့မရဲရမှာလဲ"

ယန်မင်ဇန်က အလွန်ယုံကြည်ချက်ရှိတယ်။ သူ့ကလန်ရဲ့ထာဝရဖီးနစ်သွေးမျိုးဆက်က သာမန်နတ်ဘုရားသားရဲသွေးမျိုးဆက်မဟုတ်ဘဲ ကောင်းကင်ဘုံနတ်ဘုရားသားရဲသွေးမျိုးဆက်ဖြစ်တယ်။ သူက ပိုင်နက်နတ်ဘုရားဒါဇင်ကျော်နဲ့ တိုက်ခိုက်ဖလှယ်ခဲ့တယ်၊ သူတို့ထဲကတစ်ယောက်မှ သူ့ကို အနိုင်မယူနိုင်ခဲ့ပါဘူး။

အန်ဟူလက်နဲ့လီဖူချန်း တိုက်ခိုက်တော့မှာကို မြင်တဲ့အခါ မူရုံဖှေးဝူက စိတ်သက်သာရာရသွားသေးတယ်။

သူတို့က လီဖူချန်းကို ပစ်မှတ်မထားသရွေ့ အဆင်ပြေပါတယ်။

လီဖူချန်းက ဓားဆေးဆန်းကြယ်နတ်ဘုရားအဖြစ် လူသိများတယ်။ သူ့ရဲ့ဆေးတာအိုအပြင် သူ့ရဲ့ဓားတာအိုအောင်မြင်မှုကလဲ အလွန်အမင်းမြင့်မားတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ မြင့်မားနေပါစေ၊ သူ့အနေနဲ့ အန်ဂူလက်နဲ့ယန်မင်ဇန်တို့ကို အနိုင်ယူဖို့ကာ မဖြစ်နိုင်ပါဘူး။

အရာအားလုံးကို ဘေးချိတ်ထားလိုက်အုံး၊ ကျင့်ကြံခြင်းအဆင့်ကွာခြားချက်တာကပဲ လိုက်မီဖို့ ခက်ခဲနေပါပြီ။

အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်နဲ့အလယ်ဆင့်ပိုင်နက်နတ်ဘုရားတစ်ယောက်။ သူတို့က ဘယ်လိုလုပ်တိုက်ခိုက်နိုင်မှာလဲ။ ဒါက မဖြစ်နိုင်ပါဘူး။

ပြီးတော့ လီဖူချန်းမှာ ဘာကျောထောက်နောက်ခံမှ မရှိပါဘူး။

ဒါပေမယ့် အန်ဂူလက်မှာ နာမည်ကျော်ရွှေဖြူကလန်ရဲ့နောက်ခံရှိတယ်။

ယန်မင်ဇန်ကို ထာဝရကမ္ဘာနတ်ဘုရားဆရာသခင်က နောက်ခံပေးထားခဲ့တယ်။

‌ဆေးတိုက်ပွဲစင်မြင့်မှ ဆင်းလာပြီးနောက် လီဖူချန်းက ပြောလိုက်တယ်"သူတို့နှစ်ယောက်က အရမ်းထူးချွန်တာပဲ။ ဘာလို့ မင်း သူတို့ကို သဘောမကျတာလဲ"

အန်ဂူလက်နဲ့ယန်မင်ဇန်တို့က မူရုံဖှေးဝူကို စိတ်ဝင်စားနေတာကို သူ ဘယ်လိုလုပ်မမြင်နိုင်ရမှာလဲ။ မဟုတ်ရင် သူတို့က တစ်ယောက်နဲ့တစ်ယောက်အချင်းများလာစရာအကြောင်းမရှိပါဘူး။

မူရုံဖှေးဝူက ပြောလိုက်တယ်"ကျင့်ကြံခြင်းပါရမီအရ ကြည့်မယ်ဆိုရင် သူတို့က တကယ်ကို ထူးချွန်တယ်။ ဒါပေမယ့် ငါ၊ မူရုံဖှေးဝူက အဲဒီလိုပေါ့ပျက်ပျက်လူတစ်ယောက်မဟုတ်ဘူး။ ငါ တာအိုလက်တွဲဖော်တစ်ဥိီးလိုချင်ရင် ငါနဲ့အတွေးတူတဲ့သူကိုပဲ ရှာမှာပါ"

"ဆေးတာအိုကို လူနှစ်ယောက် ကျင့်ကြံတာက ပျင်းစရာကောင်းတယ်လို့ မထင်ဘူးလား" လီဖူချန်းက မေးလိုက်တယ်။

မူရုံဖှေးဝူက ပြောလိုက်တယ်"တစ်ဖက်လူက ‌ဆေးတာအိုကို မကျင့်ကြံနိုင်ပေမယ့် သူတို့က ‌ဆေးတာအိုနဲ့ပတ်သက်ပြီးနားလည်မှုအချို့တော့ ရှိရမယ်။ ဒါပေမယ့် ဒါက ကျွမ်းကျင်သူတွေကိုသာ လေးစားတဲ့ကမ္ဘာတစ်ခုပဲ။ တစ်ဖက်လူရဲ့ကျင့်ကြံခြင်းပါရမီကလဲ ထူးခြားရင်တော့ အကောင်းဆုံးပေါ့"

သူမ လီဖူချန်းကို စိတ်ဝင်စားတဲ့အကြောင်းရင်းကတော့ လီဖူချန်းက ဆေးတာအိုက ကြောက်စရာကောင်းလွန်းပြီး သူမကို လုံးဝဖမ်းစားထားလို့ပဲ။

ဒုတိယ၊ လီဖူချန်းက ဓားဆေးဆန်းကြယ်နတ်ဘုရားအဖြစ် လူသိများပြီး သူ့ရဲ့ဓားတာအိုပါရမီကလဲ အလွန်အမင်းမြင့်မားလောက်တယ်။ သူက အနာဂတ်မှာ ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ယောက် ဖြစ်လာနိုင်တယ်။

တတိယ၊ လီဖူချန်းမှာ ဆန်းကြယ်တဲ့အရှိန်အဝါတစ်ခုရှိတယ်ဆိုတာ သူမက ဝန်ခံရမှာပဲ။ ဒီဆန်းကြယ်တဲ့အရှိန်အဝါက အလွန်ဆွဲဆောင်နိုင်တယ်၊ အထူးသဖြင့် အမျိုးသမီးတွေကိုပေါ့။

"ဒါက ခက်ခဲလွန်းတယ်" လီဖူချန်းက ရယ်လိုက်တယ်။ သူက အခြေအနေနှစ်ရပ်လုံးနဲ့ ပြည့်စုံပေမယ့် သူက မူရုံဖှေးဝူကို ပြောစရာမလိုပါဘူး။

ဆေးတိုက်ပွဲမျှော်စင်နဲ့ယှဉ်ရင် တိုက်ပွဲမျှော်စင်က အများကြီးပိုကြီးတယ်။ တိုက်ပွဲမျှော်စင်တစ်ခုလုံးကို နေရာလပ်နတ်ဘုရားအစီအရင်တစ်ခုအထဲမှာ လွှမ်းခြုံထားတယ်၊ ဒါကြောင့် အတွင်းက အပြင်ထကထ အများကြီးပိုကြီးတယ်။

သူတို့နှစ်ယောက်က အလယ်ဆင့်ပိုင်နက်နတ်ဘုရားတွေဆိုတဲ့အတိုင်းပဲ။ သူတို့က အကွက်တွေ မဖလှယ်ခင် သူတို့ရဲ့ပိုင်နက်နတ်ဘုရားစွမ်းအားက ထိပ်တိုက်တွေ့ပြီးနေပါပြီ။

"ထာဝရဖီးနစ်ငှက်....."

ရန်မင်ဇန်က အော်လိုက်ပြီး သူ့ခန္ဓာကိုယ်က ကြောက်စရာကောင်းတဲ့မီးလျှံတွေ ပေါက်ကွဲထွက်လာတော့တယ်။ မီးလျှံတွေမှာ ထာဝရနဲ့မဖျက်ဆီးနိုင်တဲ့အနှစ်သာရပါဝင်တယ်။ မထင်မရှားမီးလျှံငှက်တစ်ကောင်က သူ့နောက်ကျောမှာ ထွက်ပေါ်လာတယ်။

ထာဝရဖီးနစ်ငှက်သွေးမျိုးဆက်၊ ကောင်းကင်ဘုံနတ်ဘုရားသားရဲသွေးမျိုးဆက်။

ထာဝရကလန်ရဲ့အခြေခံအုတ်မြစ်။

"အခြားသူတွေက မင်းရဲ့ထာဝရဖီးနစ်ငှက်သွေးမျိုးဆက်ကို ကြောက်ပေမယ့် ‌ငါ၊ အန်ဂူလက်တော့ မဟုတ်ဘူး" အန်ဂူလက်ရဲ့ခန္ဓာကိုယ်က ငွေရောင်ပြောင်းသွားပြီး ငွေရောင်သတ္တုလူသားတစ်ယောက်နဲ့ တူတယ်။

ရွှေဖြူဘီလူးသွေးမျိုးဆက်၊ အဆင့်၈ဆန်းကြယ်သက်ရှိသွေးမျိုးဆက်။

နတ်ဘုရားကမ္ဘာမှာ အဓိကမျိုးနွယ်စုသုံးစုရှိတယ်။ သူတို့က နတ်ဘုရားမျိုးနွယ်၊ နတ်ဘုရားသားရဲမျိုးနွယ်နဲ့ ဆန်းကြယ်သက်ရှိမျိုးနွယ်တို့ပါပဲ။

သူတို့အထဲမှာ အထူးခြားဆုံးက ဆန်းကြယ်သက်ရှိတွေပါပဲ။ သူတို့က နတ်ဘုရားကမ္ဘာကပြုစုပျိုးထောင်ထားတဲ့သက်ရှိတွေဖြစ်ကြတယ်၊ ဒါကြောင့် ဆန်းကြယ်သက်ရှိတိုင်းက အခြားနတ်ဘုရားကမ္ဘာတွေမှာ မတည်ရှိပါဘူး။

အလေးအနက်ပြောရရင် ရွှေဖြူဘီလူးက ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှ ဆန်းကြယ်သက်ရှိမဟုတ်ပါဘူး၊ ၎င်းက မဟာချီလီယိုခါဇန်နတ်ဘုရားကမ္ဘာမှဆန်းကြယ်သက်ရှိတစ်ခုဖြစ်တယ်။

အကြောင်းကတော့ အလတ်စားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာက အဆင့်၈ဆန်းကြယ်သက်ရှိတွေကို မပျိုးထောင်နိုင်လို့ပါပဲ။

ဒါပေမယ့် ထာဝရဖီးနစ်ငှက်ကလဲ အလတ်စားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာမှမဟုတ်ဘဲ မဟာချီလီယိုခါဇန်နတ်ဘုရားကမ္ဘာမှဖြစ်တယ်။

အုန်း.....

ကြမ်းတမ်းတဲ့ငွေရောင်အလင်းက မီးလျှံအလင်းနဲ့ ထိပ်တိုက်တွေ့တဲ့အခါမှာ နှစ်ယောက်စလုံးရဲ့ပုံရိပ်တွေကို လုံးဝဖုံးလွှမ်းသွားခဲ့တယ်။

အုန်း အုန်း အုန်း အုန်း.....

ငွေရောင်အလင်းနဲ့မီးလျှံအလင်းအတွင်းမှာ ရွှေဖြူဘီလူးတစ်ကောင်နဲ့မီးငှက်တစ်ကောင်ရှိတယ်။ ဘယ်သူက အသာစီးရနေလဲ ဘယ်သူက အသားစီးမရနေလဲဆိုတာ မသိတော့ပါဘူး။

"ယန်မင်ဇန်က ရှုံးလိမ့်မယ်"

စင်မြင့်အောက်မှာ လီဖူချန်းက ပြောလိုက်တယ်။

"ဘာလို့လဲ" မူရုံဖှေးဝူက အနည်းငယ်အံ့အားသင့်သွားတယ်။

လီဖူချန်းက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်မျှပဲလေ၊ သူက ဘာကို မြင်နိုင်တာလဲ။

လီဖူချန်းက ဖြေလိုက်တယ်"မသိစိတ်အရပါ"

ဒါပေမယ့် သူက သူ့ရဲ့မသိစိတ်ကို အားကိုးတာမဟုတ်ဘူး၊ သူ့ရဲ့အမြင်အာရုံကိုပဲ အားကိုးခဲ့တာပါ။

မူရုံဖှေးဝူက ပြောလိုက်တယ်"ငါတော့ အဲလိုမထင်ဘူး၊ ယန်မင်ဇန် အနိုင်ရမယ်လို့ ငါ ထင်တယ်။ နင် ထာဝရကလန်ရဲ့ထာဝရဖီးနစ်ငှက်သွေးမျိုးဆက်ကို ဘယ်တော့မှ မမြင်ဖူးပါဘူး၊ ထာဝရဖီးနစ်ငှက်သွေးမျိုးဆက်က ဘယ်လောက်အားကောင်းလဲ နင် မသိပါဘူး"

သူမက ထာဝရကလန်တိုက်ခိုက်နေတာကို ယခင်က မြင်ဖူးတာ တစ်ကြိမ်နှစ်ကြိမ်မကတော့ဘူး။ အသူတရာချောက်နက်ကျူးကျော်လာတုန်းက သူမက နေ့တိုင်း မြင်နေခဲ့ရတယ်။

အခြားကလန်တွေက အသူတရာချောက်နက်ကျူးကျော်မှုနဲ့ ရင်ဆိုင်ရတုန်းက ပြင်းထန်တဲ့သေကျေပျက်ဆီးမှုတွေကို ခံစားခဲ့ရတယ်။ ထာဝရကလန်ကပဲ သေကျေပျက်ဆီးခြင်းမရှိလုနီးပါးဖြစ်ခဲ့ရတာပါ။

"ဘာလို့ ဒီလိုဖြစ်ရတာလဲ"

ဒါက ထာဝရဖီးနစ်ငှက်သွေးမျိုးဆက်ကြောင့်ပဲ။

ထာဝရဖီးနစ်ငှက်သွေးမျိုးဆက်ကိုပိုင်ဆိုင်တဲ့ထာဝရကလန်ရဲ့အဖွဲ့ဝင်တိုင်းက မှင်တက်စရာကောင်းတဲ့တိုက်ခိုက်ရေးခွန်အားရှိရုံသာမက သူတို့ရဲ့ကုသနိုင်စွမ်းကလဲ ပိုတောင်ထိတ်လန့်ဖို့ကောင်းတယ်။ သူတို့ရဲ့ဒဏ်ရာက ဘယ်လောက်ပဲ ပြင်းထန်နေပါစေ၊ သူတို့မှာ ချီတည်ရှိမှုတစ်ခုကျန်ရှိနေသရွေ့ သူတို့က အချိန်တိုအတွင်းမှာ ပြန်ကောင်းလာနိုင်တယ်။ ဒါ့အပြင် ပိုတိုက်ခိုက်လေ၊ သူတို့က ပိုရဲရင့်လာလေပဲ။

"ထာဝရဖီးနစ်ငှက်က အားကောင်းပါတယ်။ ဒါပေမယ့် ထာဝရဖီးနစ်ငှက်သွေးမျိုးဆက်ပိုင်ဆိုင်ထားသူတိုင်းက ချို့ယွင်းချက်မရှိတာတော့ မဟုတ်ဘူးလေ" လီဖူချန်းက သူ့ခေါင်းကို ခါယမ်းလိုက်တယ်။

ထာဝရဖီးနစ်ငှက်က အားကောင်းပေမယ့် ရွှေဖြူဘီလူးကလဲ အားမနည်းပါဘူး။

ထိုအချိန်မှာ မွေးရာပါအလားအလာယှဉ်ပြိုင်မှုတစ်ခုပါပဲ။

အန်ဂူလက်ရဲ့မွေးရာပါအလားအလာက ယန်မင်ဇန်ထက် အများကြီးပိုသာလွန်မှန်း သိသာတယ်။

အန်ဂူလက်ရဲ့ပိုင်နက်နတ်ဘုရားစွမ်းအားက ယန်မင်ဇန်ထက် အရည်အသွေးအရရောအရေအတွက်အရရော အများကြီးပိုသာလွန်တယ်။

လီဖူချန်း ခန့်မှန်းတာ မမှားရင် ဆန်းကြယ်နတ်ဘုရားနယ်ပယ်မှာတုန်းက အန်ဂူလက်က ယန်မင်ဇန်ထက် ဆန်းကြယ်နတ်ဘုရားအတတ်တွေပိုပေါင်းစပ်ထားခဲ့တာပဲ။

ဒါက အုတ်မြစ်ကောင်းတစ်ခုရှိခြင်းရဲ့အရေးပါမှုပါပဲ။

အဆင့်နိမ့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်အခုခြောက်ဆယ်နဲ့ပေါင်းစပ်ထားတဲ့လီဖူချန်းဆိုရရင်ရော။ သူက ပိုင်နက်နတ်ဘုရားတစ်ယောက်ဖြစ်လာတာနဲ့ ဒီအတတ်တွေက သူ့ရဲ့အခြေခံအုတ်မြစ်တိုက်ပွဲခွန်အား ဖြစ်လာပါလိမ့်မယ်။ သူ့ရဲ့အခြေခံအုတ်မြစ်တိုက်ပွဲခွန်အား သန်မာတာနဲ့ ကဏ္ဍအားလုံးမှာသူ့ခွန်အားကို အဆမရေမတွက်များစွာ မြှင့်တင်ပေးပါလိမ့်မယ်။

အုန်း.....

လီဖူချန်းက ပြောပြီးလျှင်ချင်း တိုက်ပွဲစင်မြင့်‌ပေါ်ရှိမီးလျှံတွေက ပြန့်ကျဲသွားခဲ့တယ်။ ယန်မင်ဇန်က လွင့်ထွက်သွားပြီး သူ့ရင်ဘက်မှာ အပေါက်ကြီးတစ်ခုရှိနေတယ်။

မျက်နှာချင်းဆိုင်မှာတော့ အန်ဂူလက်ရဲ့ခန္ဓာကိုယ်က ဆယ်မီတာပိုမြင့်နေတယ်။ သူက အေးစက်စွာ ပြောလိုက်တယ်"ယန်မင်ဇန်၊ မင်း အရှုံးကို ဝန်မခံသေးဘူးလား။ မင်းက ငါ့အတွက် ပြိုင်ဘက်မဟုတ်ဘူး"

"စဉ်းတောင်မစဉ်းစားနဲ့"

သူ့ရင်ဘက်ရှိအပေါက်က ပြန်ကောင်းလာတာနဲ့ ယန်မင်ဇန်က အန်ဂူလက်ကို ထပ်မံတိုက်ခိုက်လာခဲ့ပြန်တယ်။

အန်ဂူလက်က ယန်မင်ဇန်ရဲ့တိုက်ခိုက်ရေးပုံစံနဲ့ ရင်းနှီးပြီးသားဖြစ်နေတာ စိတ်မကောင်းစရာတစ်ခုပဲ၊ သူက ယန်မင်ဇန်ကို အခွင့်အရေးတစ်ခုတောင် မပေးပါဘူး။ သူတို့ဖလှယ်တဲ့အခါတိုင်းမှာ သူက ယန်မင်ဇန်ရဲ့ပိုင်နက်နတ်ဘုရားစွမ်းအားအစိတ်အပိုင်းတစ်ခုကို ကုန်ဆုံးစေခဲ့တယ်။

ထာဝရဖီးနစ်ငှက်သွေးမျိုးဆက်က ဘယ်လောက်ပဲ အားကောင်းနေပါစေ၊ ၎င်းက နတ်ဘုရားစွမ်းအားကို လိုအပ်တယ်။ နတ်ဘုရားစွမ်းအားမရှိရင် ထာဝရဖီးနစ်ငှက်သွေးမျိုးဆက်က ၎င်းရဲ့သက်ရောက်မှုတွေအားလုံးကို ဆုံးရှုံးသွားရပါလိမ့်မယ်။

အဆုံးမှာတော့ လီဖူချန်း ပြောခဲ့သလိုပဲ၊ ယန်မင်ဇန်က ရှုံးနိမ့်သွားခဲ့ရတယ်။

"နင့်ရဲ့မသိစိတ်က အတော်လေးတိကျတာပဲ" မူရုံဖှေးဝူက ပြောစရာစကားမဲ့နေတယ်။

…

"ဒါက အဆင့်၄ဆေးနတ်ဘုရားအတတ်တစ်ခုဆိုတာ အံ့ဩစရာမရှိဘူးပဲ"

တည်းခိုခန်းသို့ ပြန်ရောက်ပြီးနောက် လီဖူချန်းက ချင်းရွှယ်ထျန်းချန်မှရရှိထားတဲ့အဆင့်၄ဆေးနတ်ဘုရားအတတ်ကို စတင်လေ့လာခဲ့တယ်။

ဒီဆေးနတ်ဘုရားအတတ်ကို ဖုံးကွယ်လမ်းလျို့ဝှက်ချိတ်ပိတ်လို့ခေါ်တယ်။ ဖော်ပြချက်အရ ၎င်းကို အကြိုပြီးပြည့်စုံခြင်းအထိ ကျင့်ကြံသရွေ့ ၎င်းက သ‌န္ဓေပြောင်းနတ်ဘုရားဆေးလုံးသန့်စင်အောင်မြင်မှုနှုန်းကို ငါးရာခိုင်နှုန်း တိုးစေလိမ့်မယ်။ ပြီးပြည့်စုံခြင်းအဆင့်ပြီး‌နောက် အောင်မြင်မှုနှုန်းကို နှစ်ဆယ်ရာခိုင်နှုန်းတိုးစေလိမ့်မယ်။

ဒါက တစ်ခြားသူရဲ့ဆေးနတ်ဘုရားအတတ်တစ်ခုဖြစ်တာ စိတ်မကောင်းစရာပဲ၊ အဲဒါကို ရှစ်ဆယ်ရာခိုင်နှုန်းကျွမ်းကျင်မှုအထိပဲ ကျင့်ကြံနိုင်တယ်။

"ဒါကို အရင်ကျင့်ကြံရတာပေါ့"

လီဖူချန်းက ဖုံးကွယ်လမ်းလျို့ဝှက်ချိတ်ပိတ်ကို စတင်ကျင့်ကြံခဲ့တယ်။

***

All Chapters