← Chapters

စပ်ကြောင်းမဲ့ဓားခန္ဓာကိုယ်

Vol. 92 Ch. 1306

စပ်ကြောင်းမဲ့ဓားခန္ဓာကိုယ်

Vol. 92 Ch. 1306

ဖုံးကွယ်လမ်းလျို့ဝှက်ချိတ်ပိတ်ကို ကျင့်ကြံတာက ဘေးအလုပ်တစ်ခုမျှပဲ။ လီဖူချန်းရဲ့နေ့စဉ်အားထုတ်မှူတွေက ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တွေဖန်‌တီးခြင်းအပေါ်မှာပဲ။

ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်‌တွေအလုံအလောက်ဖန်တီးပြီးတာနဲ့ သူက ဓားတာအိုဥပဒေသကို ကမ္ဘာနတ်ဘုရားနယ်ပယ်သို့ သေချာပေါက်တွန်းပို့နိုင်မယ်လို့ လီဖူချန်းက ခံစားချက်တစ်ခုရှိနေတယ်။

"စပ်ကြောင်းမဲ့ဓားခန္ဓာကိုယ်"

တည်းခိုခန်းရဲ့ခြံဝင်းထဲမှာ လီဖူချန်းက ဓားချီတစ်ခုအဖြစ် ပြောင်းသွားပြီး ဟင်းလင်းပြင်ကို အလွန်အမင်းအရှိန်နဲ့ ဖြတ်သန်းသွားတော့တယ်။

မူလအဆုံးစွန်းဓားခန္ဓာကိုယ်က မူလအဆုံးစွန်းခုတ်ချက်မှ မွေးဖွားလာခဲ့တယ်။

စပ်ကြောင်းမဲ့ဓားခန္ဓာကိုယ်က စပ်ကြောင်းမဲ့ခုတ်ချက်မှ မွေးဖွားလာခဲ့တယ်။

ဒီဓားတာအိုနတ်ဘုရားခန္ဓာကိုယ်ပိုင်နက်နတ်ဘုရားအတတ်က လီဖူချန်းကို ပုံသဏ္ဍာန်ရှိခြင်းနဲ့ ပုံသဏ္ဍာန်မဲ့ခြင်းကြား၊ နေရာလပ်နဲ့စပ်ကြောင်းမဲ့ကြားမှာ တည်ရှိစေတယ်။ သေချာတဲ့အတိုင်းအတာတစ်ခုအထိ တစ်ယောက်ယောက်ရဲ့ကျင့်ကြံခြင်းအဆင့်က အလုံအလောက်မြင့်မားသရွေ့ သူတို့က အဆင့်မြင့်နတ်ဘုရားအစီအရင်တွေကို အလွယ်တကူဖြတ်သန်းကာ ခရီးနှင်နိုင်လိမ့်မယ်။ လီဖူချန်းရဲ့လက်ရှိကျင့်ကြံခြင်းအဆင့်အရ ကြယ်ငါးလုံးအဆင့်နိမ့်နတ်ဘုရားအစီအရင်တွေက သူ့ကို မတားဆီးနိုင်ပါဘူး။ ဘာအနှောင့်အယှက်မှမဖြစ်ဘဲ သူ ဆန္ဒရှိသလို ဝင်နိုင်ထွက်နိုင်တယ်။

ဒါက အဓိကအကြောင်းရင်းကတော့ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က နိမ့်လို့ပဲ။ သူက အဆင့်နိမ့်ပိုင်နက်နတ်ဘုရားတစ်ယောက်ဖြစ်လာတာနဲ့ ကြယ်ငါးလုံးအလယ်ဆင့်နတ်ဘုရားအစီအရင်တွေက သူ့ကို ရပ်တန့်နိုင်လိမ့်မှာမဟုတ်ဘူး။

နတ်ဘုရားအစီအရင်ကိုတိတ်တဆိတ်ဝင်ရောက်ခြင်းက နတ်ဘုရားအစီအရင်ကိုအတင်းအကြပ်ဝင်ရောက်ခြင်းထက် ဆယ်ဆဒါမှမဟုတ်အဆတစ်ရာပိုခက်ခဲတယ်။

တစ်ယောက်ယောက်က နတ်ဘုရားအစီအရင်ထဲကို တိတ်တဆိတ်ဝင်နိုင်မယ်ဆိုရင် ဘယ်သူမှ သတိမပြုဘဲ သူတို့လိုချင်တာဘာပဲဖြစ်ဖြစ် သူတို့က လုပ်နိုင်လိမ့်မယ်။

တစ်ယောက်ယောက်က နတ်ဘုရားအစီအရင်ကို အတင်းအကြပ်ဝင်ရောက်ခဲ့ရင် သူတို့က သေချာပေါက်ရှာတွေ့ခံရလိမ့်မယ်၊ ပြင်းထန်တဲ့တိုက်ပွဲတစ်ခုကို ရှောင်လွှဲလို့ရမှာမဟုတ်တော့ဘူး။

လွတ်လွတ်လပ်လပ်သွားနိုင်လာနိုင်တဲ့စွမ်းရည်အပြင် စပ်ကြောင်းမဲ့ဓားခန္ဓာကိုယ်ရဲ့အကြီးမားဆုံးစွမ်းရည်က ထိခိုက်မှုကို ခံနိုင်ရည်ရှိတာပဲ။

ဒါကို စဉ်းစားကြည့်ရအောင်၊ တစ်ယောက်ယောက်ရဲ့ခန္ဓာကိုယ်က ပုံသဏ္ဍာန်ရှိခြင်းနဲ့ပုံသဏ္ဍာန်မဲ့ခြင်းကြားမှာ ရှိတယ်၊ ရန်သူက တိုက်ခိုက်ဖို့အသာထား ပုံရိပ်ကိုတောင် ဖမ်းဖို့ တတ်နိုင်မှာမဟုတ်ဘူး။ ရန်သူက ပုံရိပ်ကို ဖမိးမိနိုင်ရင်တောင် တိုက်ခိုက်မှုက ထိမှန်နိုင်လိမ့်မှာမဟုတ်ပါဘူး။

စပ်ကြောင်းမဲ့၊ စပ်ကြောင်းမဲ့၊ ဒါက အပြောတစ်ခုပဲမဟုတ်ပါဘူး။

ဒါပေမယ့် နှစ်ဖက်ကြားကွာဟချက်က မကြီးမားရဘူးဆိုတာကိုတော့ ကြိုတင်သိထားရမယ်။

ရန်သူရဲ့ခွန်အားက လီဖူချန်းထက် အဆတစ်ရာဒါမှမဟုတ်အဆတစ်ထောင်ပိုသန်မာရင် စပ်ကြောင်းမဲ့ဓားခန္ဓာကိုယ်က ဘယ်လောက်ပဲ ဆန်းကြယ်နေပါစေ၊ အကြွင်းမဲ့ခွန်အားနဲ့ရင်ဆိုင်ရတဲ့အခါမှာတော့ အရာအားလုံးက တဒင်္ဂပါပဲ။

စပ်ကြောင်းမဲ့ဓားခန္ဓာကိုယ်တိုးလာတာနဲ့အတူ လီဖူချန်းမှာ ဓားတာအိုနတ်ဘုရားခန္ဓာကိုယ်ပိုင်နက်နတ်ဘုရားအတတ်သုံးခုရှိလာပါပြီ။

သူတို့ကတော့ ထာဝရတည်မြဲခြင်းဓားချီ၊ မူလအဆုံးစွန်းဓားခန္ဓာကိုယ်နဲ့ စပ်ကြောင်းမဲ့ဓားခန္ဓာကိုယ်တို့ပါပဲ။

ထာဝရတည်မြဲခြင်းဓားချီက အမတခန္ဓာကိုယ်အမျိုးအစားနဲ့သက်ဆိုင်တဲ့ဓားတာအိုနတ်ဘုရားခန္ဓာကိုယ်ပိုင်နက်နတ်ဘုရားအတတ်တစ်ခုဖြစ်တယ်။

မူလအဆုံးစွန်းဓားခန္ဓာကိုယ်က ခံစစ်ဓားတာအိုနတ်ဘုရားခန္ဓာကိုယ်ပိုင်နက်နတ်ဘုရားအတတ်တစ်ခုဖြစ်တယ်။

စပ်ကြောင်းမဲ့ဓားခန္ဓာကိုယ်က အထူးခြားဆုံးဖြစ်တယ်။ ၎င်းက လီဖူချန်းရဲ့အသန်မာဆုံးဓားတာအိုနတ်ဘုရားခန္ဓာကိုယ်ပိုင်နက်နတ်ဘုရားအတတ်ဖြစ်တယ်။

"ဓားတာအိုပိုင်နက်အမျိုးအစားပိုင်နက်နတ်ဘုရားအတတ်နှစ်ခု၊ ဓားတာအိုနတ်ဘုရားခန္ဓာကိုယ်ပိုင်နက်နတ်ဘုရားအတတ်သုံးခု"

လီဖူချန်းက သူ့ရဲ့လက်ရှိရလဒ်အပေါ် အလွန်ကျေနပ်မိတယ်။

နတ်ဘုရားအတတ်တွေကြားမှာ ပိုင်နက်အမျိုးအစားနတ်ဘုရားအတတ်တွေက အကောင်းဆုံးဖြစ်ပြီး နတ်ဘုရားခန္ဓာကိုယ်နတ်ဘုရားအတတ်တွေက ဘုရင်ဖြစ်တယ်။

ပိုင်နက်အမျိုးအစားနတ်ဘုရားအတတ်နဲ့ဆိုရင် စစ်မြေပြင်ကို မင်းရဲ့အိမ်ကွင်းအဖြစ် ပြောင်းလဲတာနဲ့ ညီမျှတယ်။ ခွန်အားကွာခြားချက်မကြီးမားတဲ့အနေအထားတစ်ခုမှာ ရန်သူက သတ်ဖြတ်ခံရမှာက်ိုစောင့်ဆိုင်းနေတဲ့စဉ့်နှီးတုံးပေါ်ရှိငါးတစ်ကောင်ပမာ ဖြစ်ပေလိမ့်မယ်။

နတ်ဘုရားခန္ဓာကိုယ်နတ်ဘုရားအတတ်နဲ့ဆိုရင် မင်းက အသက်ရှင်ဖို့ ပိုသန်မာတဲ့စွမ်းရည်တစ်ခုကို ရှိလာပါလိမ့်မယ်။

ပိုင်နက်အမျိုးအစားပိုင်နက်နတ်ဘုရားအတတ်တစ်ခုရှိတာက မလုံလောက်ဘူးလို့ ပြောနိုင်တယ်။ သူက နတ်ဘုရားခန္ဓာကိုယ်နတ်ဘုရားအတတ်တစ်ခုကို အသုံးပြုရတယ်။

ဒါပေမယ့် အခြားနတ်ဘုရားအတတ်တွေက အရေးမကြီးဘူးလို့တော့ မဆိုလိုပါဘူး။

တကယ်တော့ နတ်ဘုရားအတတ်တိုင်းက မရှိမဖြစ်ပါပဲ။

တိုက်ခိုက်ရေးနတ်ဘုရားအတတ်တွေက တိုက်ခိုက်မှုကို ပိုသန်မာလာစေနိုင်တယ်။ သို့မဟုတ်ရင် ရန်သူကို မသတ်နိုင်ရင် ပိုင်နက်အမျိုးအစားနတ်ဘုရားအတတ်တစ်ခုရှိရင်တောင် အသုံးမဝင်ပါဘူး။

ခံစစ်နတ်ဘုရားအတတ်တွေကို နတ်ဘုရားခန္ဓာကိုယ်နတ်ဘုရားအတတ်နဲ့ တွဲဖက်ကာ အသုံးပြုနိုင်တယ်။ အနိုင်မယူနိုင်တဲ့ရန်သူတစ်ယောက်နဲ့တွေ့တဲ့အခါ အနည်းဆုံးတိုက်ခိုက်မှုလှိုင်းအနည်းငယ်ကို တားဆီးနိုင်ပါလိမ့်မယ်။

မြန်နှုန်းနတ်ဘုရအတတ်တွေက ခြေလှမ်းတိုင်းမှာ ကြိုဦးစေပြီး အလွယ်တကူဆုတ်နိုင်တက်နိုင်တယ်။

ဒါပေမယ့် နှိုင်းယှဉ်ရရင် နတ်ဘုရားခန္ဓာကိုယ်နတ်ဘုရားအတတ်နဲ့ပိုင်နက်အမျိုးအစားနတ်ဘုရားအတတ်တွေလောက်တော့ အရေးမကြီးပါဘူး။

"နောက်ထပ် ငါ အခက်အခဲပိုမြင့်မားတဲ့ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တွေကို စိန်ခေါ်နိုင်ရမယ်"

လီဖူချန်းမှာ အတွေးတစ်ခုရှိတယ်။ ပိုင်နက်နဲ့တိုက်ခိုက်မှုကိုပေါင်းစပ်ထားတဲ့နတ်ဘုရားအတတ်တစ်ခုကို ဘာလို့ မဖန်တီးရမှာလဲ။

ဘယ်လိုပိုင်နက်နတ်ဘုရားအတတ်မဆို တိုက်ခိုက်ရေးစွမ်းအားရှိပေမယ့် တိုက်ခိုက်ရေးစွမ်းအားက ပိုင်နက်ရဲ့တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး အားကောင်းတယ်လို့ မဆိုနိုင်ပါဘူး။

လီဖူချန်းက အားကောင်းတဲ့တိုက်ခိုက်မှုရှိတဲ့ပိုင်နက်တိုက်ခိုက်ရေးနတ်ဘုရားအတတ်တစ်ခုကို ဖန်တီးချင်ခဲ့တယ်။

ဒီစိတ်ကူးက ကောင်းကင်ဘုံဓားပိုင်နက်မှ လာတယ်။

ကောင်းကင်ဘုံဓားပိုင်နက်ကို တိုက်ခိုက်ရေး-ပိုင်နက်အမျိုအစားနတ်ဘုရားအတတ်တစ်ခုလို့ဆိုနိုင်တယ်။

ဒါပေမယ့် လီဖူချန်းရဲ့အမြင်အရ တိုက်ခိုက်ရေးစွမ်းအားက လုံလုံလောက်လောက်မသန်မာပါဘူး။

သူ လုပ်ချင်တာကတော့ ကောင်းကင်ဘုံဓားပိုင်နက်ကို ဓားသင်္ဂြိုလ်ခြင်းနဲ့ ပေါင်းစပ်ဖို့ပဲ။

ဒါကို တွေးရင်း လီဖူချန်းက တိုက်ခိုက်ရေး-ပိုင်နက်အမျိုးအစားနတ်ဘုရားအတတ်ကို စတင်လေ့လာခဲ့တယ်။

…

အချိန်ကြာလာတာနဲ့အမျှ ပိုင်နက်-တိုက်ခိုက်ရေးနတ်ဘုရားအတတ်တစ်ခုကို ဖန်တီးရာမှာ တိုးတက်မှုအချို့ရှိလာတယ်။

ဖန်တီးခြင်းဖြစ်စဉ်အတွင်း သူ့ရဲ့ဓားတာအိုအုတ်မြစ်က လျင်မြန်စွာ တိုးတက်လာတယ်လို့ လီဖူချန်းက သဘောပေါက်ခဲ့တယ်။

အတွေးပြောင်းလဲမှုက လီဖူချန်းအတွက် တံခါးအသစ်တစ်ချပ်ဖွင့်ပေးခဲ့ပုံရပြီး သူ့စိတ်ထဲမှာ အတွေးအသစ်တွေ ရှိလာာတယ်။

"လီဖူချန်းမလား။ ငါ့သခင်က မင်းကို မီးငှက်ပန်းခြံစုဝေးပွဲကို ဖိတ်ခေါ်ခိုင်းခဲ့တယ်။ ကျေးဇူးပြုပြီး ငါ့နောက်ကနေ လိုက်လာခဲ့ပေးပါ..."

ဒီနေ့မှာတော့ သူ့မှာမရှိတဲ့နတ်ဘုရားဆေးပင်အချို့ကို လီဖူချန်းက ဝယ်ယူနေစဉ်မှာ နားချွန်အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်က လျှောက်လာခဲ့တယ်။

"မင်းရဲ့သခင်က ဘယ်သူလဲ" လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။

နားချွန်အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားက ဂုဏ်ယူစွာ ပြောလိုက်တယ်"ငါ့သခင်က ရွှေဖြူကလန်က အန်ဂါလက်ပဲ"

"‌တောင်းပန်ပါတယ်၊ စိတ်မဝင်စားဘူး" လီဖူချန်းက ငြင်းပယ်ခဲ့တယ်။

"မင်းက ငါ့သခင်ရဲ့ဖိတ်ခေါ်မှုကို ငြင်းပယ်ရဲတယ်လား" နားချွန်အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားက မျက်လုံးတွေ ကျဉ်းမြောင်းသွားပြီး ဆန်းကြယ်နတ်ဘုရားဆရာသခင်ပိုင်ဆိုင်တဲ့ချီတည်ရှိမှုတစ်ခုကို ပေါက်ကွဲထွက်စေခဲ့တယ်။

သူက အန်ဂါလက်ကို သခင်လို့ ဆိုပေမယ့် သူက အသုံးမဝင်တဲ့ကျွန်တစ်ယောက်တော့မဟုတ်ဘူး။ သူက ပါရမီရှင်ဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်ဖြစ်တယ်။

ဆေးတာအိုကိုကျင့်ကြံတဲ့လီဖူချန်းလိုအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်က သူ့ချီတည်ရှိမှုကို ငြင်းပယ်နိုင်လိမ့်မှာမဟုတ်ဘူး။

"ငါ ငြင်းတော့ရော ဘာဖြစ်လဲ။ ဘေးဖယ်စမ်း"

လီဖူချန်းကလဲ သူ့ရဲ့ချီတည်ရှိမှုကို ထုတ်လွှတ်ခဲ့တယ်။

ဒါပေမယ့် သူ့ရဲ့ချီတည်ရှိမှုက နားချွန်အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားကို သေသွားစေမှာကို သူက စိုးရိမ်တယ်၊ ဒါကြောင့် သူက ချီတည်ရှိမှုအရိပ်အယောင်တစ်ခုမျှသာ ထုတ်လွှတ်ကာ ၎င်းကို ချက်ချင်းပြန်ရုတ်သိမ်းခဲ့တယ်။

ဒီလိုဆိုပေမယ့် နားချွန်အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားက ဒီချီတည်ရှိမှုအရိပ်အယောင်မျှကို မရင်ဆိုင်ခဲ့ပါဘူး။ သူ့ခန္ဓာကိုယ်က လွင့်ထွက်သွားပြီး မရေမတွက်နိုင်တဲ့သွေးပေါက်တွေက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားသလို သွေးတွေ ပန်းထွက်လာတော့တယ်။

သူ့နှာခေါင်းကို ညစ်လျက် လီဖူချန်းက အနည်းငယ်ရှက်သွားတယ်၊ သူက သူ့ရန်သူကို အထင်ကြီးလွန်သွားပုံရတယ်။

သူ့ရဲ့လက်ရှိခွန်အားက သန်မာလွန်းပြီး အားနည်းသူနဲ့ရင်ဆိုင်ရတဲ့အခါမှာ ခွန်အားဘယ်လောက်အသုံးပြုမလဲကို သူတောင် မသိတော့ပါဘူး။

စောစောက သူက ချီတည်ရှိမှုအရိပ်အယောင်တစ်ခုမျှသာ ထုတ်လွှတ်ခဲ့တယ်။ ဒီချီတည်ရှိမှုအရိပ်အယောင်က အနည်းငယ်ထက်ရှပြီး မရေမတွက်နိုင်တဲ့ဓားချည်မျှင်တွေနဲ့ တူတယ်။

ဒီနေရာက လမ်းထောင့်မှာ ရှိပြီး လူအများကြီးမရှိပါဘူး။ ဒီလိုဆိုပေမယ့် နားချွန်အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအကြောင်းပြချက်မရှိလွင့်ထွက်သွားပြီးသွေးအန်သွားခဲ့ရတာကို မြင်တဲ့သူတွေ ရှိပါသေးတယ်။ သူတို့အားလုံးက လီဖူချန်းကို ထိတ်လန့်တကြား ကြည့်လိုက်ကြတယ်။

သူတို့က အရူးမဟုတ်ပါဘူး၊ နားချွန်အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားက လီဖူချန်းရဲ့ချီတည်ရှိမှုကြောင့် လွင့်ထွက်သွားတာကို သူတို့က သိတယ်။

သို့မဟုတ်ရင် မီးငှက်မြို့ရဲ့နတ်ဘုရားအစီအရင်မှ တုံ့ပြန်မှုတစ်ခု သေချာပေါက် ရှိလာပါလိမ့်မယ်။

ချီတည်ရှိမှုမျှနဲ့ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်ကို ဒဏ်ရာရစေဖို့ လုံလောက်တယ်။ ဒါ ဘယ်လိုခွန်အားမျိုးလဲ။

"မဆိုးဘူး၊ မဆိုးဘူး။ သခင်က မင်းကို မြင့်မြင့်တွေးထားတာ မမှားဘူးပဲ"

ငါးပါးဟပ်တွေနဲ့လူရွယ်တစ်ယောက်က အနီးနားရှိအဆောက်အဦးတစ်ခုရဲ့ခေါင်းမိုးပေါ်မှာ ထွက်ပေါ်လာခဲ့တယ်။

အဆင့်နိမ့်ပိုင်နက်နတ်ဘုရား။

ငါးပါးဟပ်တွေနဲ့လူရွယ်က တကယ်ကို အဆင့်နိမ့်ပိုင်နက်နတ်ဘုရားတစ်ယောက်ပဲ။ သူ့ချီတည်ရှိမှုက သိပ်သည်းကာ ပင်လယ်ပမာ နက်ရှိုင်းတယ်။

လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်"မင်းဆရာက ငါ့ကို ဘာအတွက် ဖိတ်ခေါ်တာလဲ"

သူက မီးငှက်ဥယျာဉ်ကို သွားရတော့မယ်ဆိုတာ လီဖူချန်းက သိတယ်။

သို့မဟုတ်ရင် သူက ငါးပါးဟက်လူရွယ်နဲ့ တိုက်ခိုက်ရလိမ့်မယ်။ သူက လူရွယ်ကို ချီတည်ရှိမှုမျှနဲ့ အလွယ်တကူသတ်နိုင်ပါတယ်။

ဒါပေမယ့် လီဖူချန်းက ဒါကို မလုပ်ချင်ပါဘူး။

သူက လှုပ်ရှားတာနဲ့ မီးငှက်မြို့ရဲ့နတ်ဘုရားအစီအရင်မှ တုံ့ပြန်မှုတစ်ခုဖြစ်လာစေပြီး မြို့စောင့်တွေကို ဆွဲဆောင်မိပေလိမ့်မယ်။

ငါးပါးဟက်လူရွယ်က အန်ဂူလက်ရဲ့ကျွန်ဖြစ်ပြီး မြို့အစောင့်တွေက သူ့ကို ဘာမှ မလုပ်နိုင်ပါဘူး။ ဒါပေမယ့် လီဖူချန်းအတွက်တော့ မတူပါဘူး။ သူက မုရုံဖှေးဝူရဲ့သူငယ်ချင်းဆိုတာ ဒီလူတွေက မသိရင် သူ့ကို ‌အကျဉ်းချဖို့ ဖြစ်နိုင်ပါတယ်။

ပြီးရင်တော့ မူရုံဖှေးဝူ သူ့ကို လာကယ်တာကို စောင့်နေရမှာလား။

မူရုံဖှေးဝူမှာ စွမ်းရည်မရှိတဲ့အချက်ကို ဘေးဖယ်ထားလိုက်ရင်တောင် လီဖူချန်းက အကျဉ်းချခံရတာကို လက်မခံနိုင်ပါဘူး။

ဒါပေမယ့် သူက မခုခံနိုင်ပါဘူး။

သူ ခုခံလိုက်တာနဲ့ ထာဝရကမ္ဘာနတ်ဘုရားဆရာသခင်ရဲ့အာဏာကို စိန်ခေါ်သလို ဖြစ်လာပြိီး အကျိုးဆက်က ကြောက်မက်ဖွယ်ရာဖြစ်ပေလိမ့်မယ်။

သူ့မှာ ဝှက်ဖဲတွေအများကြီးရှိပြီး ကြယ်ခြောက်လုံးအလယ်ဆင့်နတ်ဘုရားရုပ်သေးဖြစ်တဲ့ကျောက်တုံးကြီးရှိပေမယ့် ထာဝရကမ္ဘာနတ်ဘုရားဆရာသခင်နဲ့ ရင်ဆိုင်ရတဲ့အခါ သေခြင်းတရားသာ ကျန်ရှိပေလိမ့်မယ်။

တစ်ယောက်ယောက်က ကမ္ဘာနတ်ဘုရားအဆင့်ကို ရောက်သွားတဲ့အခါ ခြေလှမ်းတိုင်းက ကမ္ဘာတစ်ခုအလားခြားနားတယ်လို့ ပြောနိုင်တယ်။ အဆင့်နိမ့်ကမ္ဘာနတ်ဘုရားတစ်ယောက်နဲ့အလယ်ဆင့်ကမ္ဘာနတ်ဘုရားတစ်ယောက်ကြားခြားနားချက်က ကြီးမားတယ်။ သူတို့အထက်မှာ ဒုတိယတန်းစားအဆင့်မြင့်ကမ္ဘာနတ်ဘုရားတွေ၊ ပထမတန်းစားအဆင့်မြင့်ကမ္ဘာနတ်ဘုရားတွေ၊ သာမန်ကမ္ဘာနတ်ဘုရားဆရာသခင်တွေ၊ ပျမ်းမျှကမ္ဘာနတ်ဘုရားဆရာသခင်တွေ၊ အဆင့်မြင့်ကမ္ဘာနတ်ဘုရားဆရာသခင်တွေနဲ့အားကောင်းကမ္ဘာနတ်ဘုရားဆရာသခင်တွေ ရှိတယ်။ သူတို့တစ်ယောက်ချင်းစီက အခြားသူတွေထက် ပိုသန်မာတယ်။

တကယ်တော့ ကမ္ဘာနတ်ဘုရားက ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှာ အဆင့်မြင့်ဆုံးဖြစ်တယ်။ သူက နောက်ထပ်တိုးတက်ချင်ရင် ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှ ထွက်ခွာပြီး မဟာချီလီယိုခါဇန်နတ်ဘုရားကမ္ဘာဆီ ဦးတည်ရလိမ့်မယ်။

ဒါကို ကြားပြီး ငါးပါးဟက်နဲ့လူရွယ်က ပြောလိုက်တယ်"နားလည်မှုမလွဲပါနဲ့။ သခင်မလေးမူရုံဖှေးဝူကလဲ မီးငှက်ပန်းခြံမှာ ရှိနေတယ်။ ဒါက မိတ်ဖွဲ့တွေ့ဆုံမှုတစ်ခုပါပဲ"

"ကောင်းပြီလေ၊ လမ်းပြပါ" သူက မငြင်းပယ်နိုင်မှတော့ လီဖူချန်းက လက်ခံရမှာပေါ့။

ငါးပါးဟက်နဲ့လူရွယ်က ခေါင်းညိတ်ကာ အဆောက်အဦးပေါ်မှ ခုန်ချပြီး လမ်းကို ဦးဆောင်သွားတယ်။

မီးငှက်ပန်းခြံက မီးငှက်မြို့ရဲ့နံပါတ်တစ်ပန်းခြံဖြစ်တယ်။

မီးငှက်ပန်းခြံတစ်ခုလုံးကို နယ်မြေကိုးဆယ့်ကိုးခုခွဲခြားထားပြီး စုဝေးရာ‌နေရာက နယ်မြေတွေထဲကတစ်ခုဖြစ်တယ်။

မီးငှက်ပန်းခြံကို ဝင်ရောက်ပြီးနောက် မီးငှက်တွေမရေမတွက်များစွာကို လီဖူချန်းက မြင်တွေ့ခဲ့ရတယ်။ ဒီမီးငှက်တွေက ပုံမှန်အားဖြင့် သာမန်နတ်ဘုရားသားရဲတွေ၊ အစစ်အမှန်နတ်ဘုရားသားရဲတွေ ဖြစ်တယ်။ ရံဖန်ရံခါမှာတော့ စိတ်ဝိညာဉ်နတ်ဘုရားသားရဲအနည်းငယ်ရှိတယ်။

နတ်ဘုရားသားရဲမီးငှက်နေရာတွေကို ကျော်ဖြတ်ပြီးနောက် သူတို့က စုဝေးရာနေရာတစ်ခုဖြစ်တဲ့နယ်မြေတစ်ခုရဲ့အလယ်ဗဟိုကို ရောက်ရှိလာတယ်။

စုဝေးရာ‌နေရာက အလွန်သက်ဝင်လှုပ်ရှားနေတယ်။ မီးငှက်တွေက ပျံလိုက်ဆင်းသက်လိုက်နဲ့ ဝိုင်ပုလင်း‌တွေ၊ သစ်သီးနဲ့အချိုပွဲတွေကို ပါဝင်သူတွေထံ လိုက်လံပို့ဆောင်နေတော့တယ်။ စုဝေးနေရာရဲ့အလယ်ဗဟိုမှာ ဧရာမပူဖောင်းတစ်ခုရှိတယ်။ ပူဖောင်းက ၎င်းကိုယ်တိုင်က ‌နေရာလပ်တစ်ခုဖြစ်ပုံရပြီး အထဲမှာ လူများစွာက တိုက်ခိုက်နေတယ်။ ပူ‌ဖောင်းရဲ့ထူးခြားမှုကြောင့် အပြင်ဘက်ရှိသူတွေက နေရာပြောင်းလျက် တိုက်ခိုက်မှုတွေကို ထောင့်အမျိုးမျိုးမှ ကြည့်ရှုနိုင်တယ်။

"ဒီနတ်ဘုရားအစီအရင်က အတော်လေးအဆင်ပြေသားပဲ"

လီဖူချန်းက တိတ်တဆိတ်ခေါင်းညိတ်လိုက်တယ်။

"လီဖူချန်း၊ မင်း ဘာလို့ ဒီနေရာမှာ ရှိနေရတာလဲ" လီဖူချန်းရဲ့ပုံရိပ်ကို မြင်ပြီးနောက် မူရုံဖှေးဝူက ထိုင်ခုံမှ လျှောက်လာတယ်။

လီဖူချန်းက ပြန်ဖြေလိုက်တယ်"တစ်ယောက်ယောက် ငါ့ကို ဖိတ်ခေါ်ထားလို့"

"အန်ဂူလက်လား" မူရုံဖှေးဝူရဲ့အမူအရာက နက်မှောင်သွားတော့တယ်။

သူမက လီဖူချန်းကို ဖိတ်ခေါ်ချင်ရင် သူမ လုပ်ခဲ့တာ ကြာရောပေါ့၊ အန်ဂူလက်ကိုတောင် စောင့်နေစရာမလိုပါဘူး။

လီဖူချန်းကို အန်ဂူလက်နဲ့ ပြဿနာမဖြစ်စေချင်တာကြောင့် သူမက လီဖူချန်းကို မဖိတ်ခေါ်ခဲ့တာပါ။ တစ်ချိန်တည်းမှာ လီဖူချန်းက ဒီလိုအခမ်းအနားပွဲတွေကို မနှစ်သက်ဘူးဆိုတာ သူမ သိတယ်။

ဒါပေမယ့် အန်ဂူလက်က လီဖူချန်းကို ဖိတ်ခေါ်ခဲ့မယ်လို့ သူမက မမျှော်လင့်ထားခဲ့ပါဘူး။

ဒါက အန်ဂူလက်က လီဖူချန်းကို ပစ်မှတ်ထားနေတယ်လို့ ဆိုလိုတယ်။

ဒါကို စဉ်းစားမိပြီး မူရုံဖှေးဝူက ဒေါသထွက်သွားတယ်။ လီဖူချန်းကို သူမက ပတ်သက်နေခဲ့မိတာပါ၊ သူမက လီဖူချန်းနဲ့ ခွာလိုက်ရင် အန်ဂူလက်က သူ့ကို ‌ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်တော့မှာမဟုတ်ဘူး။

လီဖူချန်းက ဒီ‌နေရာမှာ မရှိရင်တောင် သူမက အန်ဂူလက်ကို ရွေးချယ်မှာမဟုတ်ဘူး။

ဒီလူက နိုင်လိုမင်းထက်ပြုမူလွန်းလို့ပဲ။

ဒါမှမဟုတ် ရွှေဖြူကလန်ရဲ့အဖွဲ့ဝင်တွေအားလုံးက နိုင်လိုမင်းထက်ပြုမူတာလား။

***

All Chapters