← Chapters

အလောင်းအစား

Vol. 92 Ch. 1307

အလောင်းအစား

Vol. 92 Ch. 1307

"ဒါဆို ဂရုစိုက်အုံး။ တစ်ယောက်ယောက်က နင့်ကို လာစိန်ခေါ်ရင် စိန်ခေါ်မှုကို လက်မခံဖို့ ရွေးချယ်လို့ရတယ်။ တကယ်တော့ နင်က ဆေးတာအိုကို ကျင့်ကြံတာပဲလေ။ နင် စိန်ခေါ်မှုကို လက်မခံရင်တောင် ဘယ်သူမှ နင့်ကို ဘာမှ ပြောမှာမဟုတ်ဘူး။ နင် မကိုင်တွယ်နိုင်ရင် ငါ နင့်ကို ကူညီတားဆီးပေးမယ်" မူရုံဖှေးဝူက ပြောလိုက်တယ်။

သူမက အန်ဂူလက်နဲ့ စည်းသတ်ဖို့ ပြင်ဆင်ထားခဲ့ပြီးသားပါ။ အန်ဂူလက်က မောက်မာအနိုင်ကျင့်လွန်းပြီး ယန်မင်ဇန်ကတောင် ဒီလောက်မဟုတ်ပါဘူး။

သူမက သူမရဲ့သဘောထားကို မဖော်ပြခဲ့ရင် သူမက မူရုံဖှေးဝူဘယ်ဟုတ်တော့မလဲ။

ဒါ့အပြင် ရွှေဖြူကလန်က အားကောင်းပေမယ့် သူတို့က မူရုံကလန်ကို ဖယ်ရှားနိုင်မှာတဲ့လား။ ပထမ၊ မီးငှက်မြို့က ထာဝရကမ္ဘာနတ်ဘုရားဆရာသခင်ရဲ့ပိုင်နက်ဖြစ်တယ်။ ထာဝရကမ္ဘာနတ်ဘုရားဆရာသခင်ရှိသရွေ့ ရွှေဖြူကလန်က ပြဿနာမရှာရဲပါဘူး။ ဒုတိယ၊ သူမရဲ့မူရုံကလန်က သိုင်းခွန်အားနိမ့်ကျပြီး ဆေးတာအိုကလန်တစ်ခုသာ ဖြစ်ပေမယ့် ခင်မင်ရင်းနှီးတဲ့သိုင်းတာအိုကလန်တွေအများကြီးရှိပါတယ်။ ရွှေဖြူကလန်က ဘယ်လောက်ပဲ နိုင်လိုမင်းထက်ပြုမူနေပါစေ၊ သူတို့က မူရုံကလန်ကို မရင်ဆိုင်ခင် နှစ်ခါစဉ်းစားရပါလိမ့်မယ်။

ဒါကြောင့် မူရုံဖှေးဝူက အန်ဂူလက်ကို မကြောက်ပါဘူး၊ သူမက ကလန်ကို ဒုက္ခတွေ မယူဆောင်လာချင်ရုံမျှပဲ။

ဒါပေမယ့် သူမမှာ သူမရဲ့ကိုယ်ပိုင်ဂုဏ်သိက္ခာနဲ့နောက်ဆုံးစည်းမရှိဘူးလို့တော့ မဆိုလိုပါဘူး။

အန်ဂူလက်က သူမရဲ့‌နောက်ဆုံးစည်းကို ထိတွေ့ခဲ့ပြီးပါပြီ။

"ကိစ္စမရှိဘူး။ ဘာပဲဖြစ်ဖြစ် ငါ့ဟာငါ ဖြေရှင်းယူမယ်"

အန်ဂူလက်က ဘယ်လိုလှည့်ကွက်တွေ ထုတ်လာမလဲကို လီဖူချန်းက မြင်ချင်တယ်။ သူက သူ့ရဲ့ခွန်အားကို မထုတ်ပြချင်ပေမယ့် ဒါက စုဝေးပွဲတစ်ခုမျှသာဖြစ်ပြီး သူ့ခွန်အားအများကြီး ထုတ်ပြစရာမလိုပါဘူး။ သူက သူ့ခွန်အားအရိပ်အယောင်တစ်ခုထုတ်ပြရုံနဲ့ ပြဿနာအားလုံးကို ဖြေရှင်းဖို့ လုံလောက်ပါတယ်။

အရေးကြီးဆုံးကတော့ လီဖူချန်းက မသည်းခံချင်တာပဲ။

သူက တစ်ခါသည်းခံရင် ‌ဒုတိယအကြိမ်ဆိုတာ သေချာပေါက်ရှိလာမှာပဲ။

စုဝေးပွဲအတွင်း သူ့ကို စိန်ခေါ်လာသူဘယ်သူပဲဖြစ်ဖြစ် သူက လက်ခံမယ်။ သူတို့က ပို့စရာလူမရှိတော့တဲ့အထိ သူက တစ်ဖက်လူတွေကို အနိုင်ယူပြမယ်။

မူရုံဖှေးဝူက ပြောလိုက်တယ်"ဒေါသမဖြစ်ပါနဲ့။ ငါ အန်ဂူလက်ကို သိတယ်။ သူက ယုံကြည်ချက်မရှိတဲ့အရာတွေကို လုပ်မှာ မဟုတ်ဘူး။ သူက မင်းကိုအရှက်ခွဲဖို့ ဆန်းကြယ်နတ်ဘုရားဆရာသခင်များစွာကို စီစဉ်ထားပြီးလောက်ပြီ"

မူရုံဖှေးဝူရဲ့အမြင်အရ ဆန်းကြယ်နတ်ဘုရားဆရာသခင်တွေက အလွန်အားကောင်းတယ်။ သူမက ဒုတိယတန်းစားအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်သာဖြစ်ပြီး ဒါကလဲ သူမက ဒြပ်စင်ငါးခုဥပဒေသကို ကျင့်ကြံထားလို့ပဲ။ သူမက သာမန်ဥပဒေသကို ကျင့်ကြံထားရင် တတိယတန်းစားအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားပဲ ဖြစ်နေလိမ့်မယ်။

သူမရဲ့အမြင်အရ လီဖူချန်းက အများဆုံးသာမန်ဒါမှမဟုတ်အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်ပေါ့။

အရေးကြီးဆုံးကတော့ လီဖူချန်းက ငယ်ရွယ်လွန်းပြီး အသက်တစ်ထောင်သာ ရှိတယ်။ သူက နောက်ထပ်နှစ်အနည်းငယ်ထပ်ကျင့်ကြံခဲ့ရင် သူက အားကောင်းဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်ဒါမှမဟုတ်မီးငှက်မြို့ရဲ့ဆန်းကြယ်နတ်ဘုရားဆရာသခင်စာရင်းပေါ်ရှိဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်ဖြစ်လာနိုင်ပါတယ်။

"မစိုးရိမ်ပါနဲ့၊ ငါ့ကို အရှက်ခွဲဖို့ဆိုတာ မလွယ်ကူပါဘူး" လီဖူချန်းက ရယ်ကာ ပြောလိုက်တယ်။

"ကောင်းပြီလေ"

လီဖူချန်းရဲ့မာနအရ လက်ရှိမှာ ဘာပဲပြောပြောအသုံးမဝင်ဘူးဆိုတာ သူမက သိတယ်။ လီဖူချန်းရဲ့ဓားတာအိုခွန်အားက ပြောင်မြောက်ပြီး ‌ဆိုးဆိုးဝါးဝါးမရှုံးပါစေနဲ့လို့ပဲ ဆုတောင်းရမှာပေါ့။

"နင် ငါ့ဘေးမှာ ထိုင်လို့ရတယ်"

မူရုံဖှေးဝူက ထိုင်ချလိုက်တယ်။

လီဖူချန်းက ခေါင်းညိတ်ကာ ထိုင်ချလိုက်တယ်။

ဝိုင်တစ်ခွက်သောက်ပြီးနောက် လီဖူချန်းက ပူဖောင်းထဲရှိအနေအထားကို အကဲဖြတ်ခဲ့တယ်။ လီဖူချန်းက ပတ်ဝန်းကျင်ကို စစ်ဆေးခဲ့ပြီး နောက်ကျလာတဲ့အန်ဂူလက်ကို လျင်မြန်စွာ သတိပြုမိခဲ့တယ်။

"အားလုံးပဲ၊ ငါ စောနက တစ်ခုခုကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရတာပါ။ အားလုံးပဲ စိတ်မကွက်ဖို့ မျှော်လင့်ပါတယ်" ပြောရင်း အန်ဂူလက်က မူရုံဖှေးဝူနဲ့လီဖူချန်းတို့ဆီ လျှောက်လာတယ်။

"လီဖူချန်း၊ မင်း နေရာရွှေ့ပေးနိုင်မလား။ ငါ ဖှေးဝူနဲ့ ပြောစရာတစ်ခုခုရှိတယ်၊ ဒါပေမယ့် မင်း ဘေးမှာရှိနေတော့ အဆင်မပြေဘူးဖြစ်နေတယ်" အန်ဂါလက်က ပြောလိုက်တယ်။

မူရုံဖှေးဝူရဲ့မျက်လုံးတွေက ဒေါသကြောင့် အရောင်လက်သွားတယ်"အန်ဂါလက်၊ နင် ပြောစရာတစ်ခုခုရှိတယ်မလား၊ အခုပဲ ပြောလိုက်၊ ငါ နားထောင်နေတယ်"

အန်ဂါလက်က မတုံ့ပြန်ပါဘူး၊ သူက လီဖူချန်းကို စိုက်ကြည့်ကာ သူ့အတွက် ထိုင်ခုံ‌နေရာရွှေ့ပေးဖို့ အချက်ပြခဲ့တယ်။

သူက အန်ဂါလက်ကို မမြင်သလို လီဖူချန်းက ပြုမူခဲ့ပြီး သူက ဝိုင်‌သောက်ကာ အစားအစာတွေကို ဆက်စားနေခဲ့တယ်။

"လီဖူချန်း"

အန်ဂါလက်က ဒေါသထွက်သွားပြီး သူ့ချီတည်ရှိမှုကို အဆုံးစွန်းထိ သိပ်သည်းစေကာ လီဖူချန်းကို လွှမ်းခြုံလာခဲ့တယ်။

အန်ဂါလက်ရဲ့ချီတည်ရှိမှုထိန်းချုပ်နိုင်စွမ်းက အထူးကောင်းမွန်တယ်။ လီဖူချန်းကလွဲပြီး အခြားသူတွေကို ချီတည်ရှိမှုက မသက်ရောက်ခဲ့ဘူး၊ ချီတည်ရှိမှုရဲ့အရိပ်အယောင်ကိုတောင် မခံစားနိုင်ခဲ့ဘူး။ သူမက အနီးကပ်ရှိနေတာကြောင့် မူရုံဖှေးဝူကသာ တစ်ခုခုမှားနေတယ်ဆိုတာ ခံစားမိခဲ့တယ်။

လီဖူချန်းက အန်ဂါလက်ကို လှည့်ကြည့်လိုက်တယ်"ဒါ မင်း ဖိတ်ခေါ်ထားတဲ့သူကို ဆက်ဆံတဲ့ပုံစံလား"

အန်ဂါလက်ရဲ့ချီတည်ရှိမှုက အရမ်းအားကောင်းပေမယ့် လီဖူချန်းအတွက်တော့ အေးဆေးပါပဲ။

တစ်ဖက်လူက အလယ်ဆင့်ပိုင်နက်နတ်ဘုရားတစ်ယောက်မဆိုထားနဲ့၊ အဆင့်မြင့်ပိုင်နက်နတ်ဘုရားတစ်ယောက်ဒါမှမဟုတ်အဆင့်နိမ့်ကမ္ဘာနတ်ဘုရားတစ်ယောက်ဒါမှမဟုတ်အလယ်ဆင့်ကမ္ဘာနတ်ဘုရားတစ်ယောက်ဆိုရင်တောင် ချီတည်ရှိမှုလောက်နဲ့ သူ့ကို ထိခိုက်စေဖို့က ဘယ်ဖြစ်နိုင်ပါ့မလဲ။

ကျောက်တုံးကြီးက နတ်ဘုရားရုပ်သေးတစ်ရုပ်ဖြစ်ပြီး အစစ်အမှန်သက်ရှိမဟုတ်ပေမယ့် ၎င်းက ချီတည်ရှိမှုကို ထုတ်လွှတ်နိုင်ပါသေးတယ်။ လက်ရှိမှာ လီဖူချန်းက ကျောက်တုံးကြီးရဲ့ချီတည်ရှိမှုကို ရင်ဆိုင်နိုင်နေပါပြီ။

ကျောက်တုံးကြီးက ကြယ်ခြောက်လုံးအလယ်ဆင့်နတ်ဘုရားရုပ်သေးဖြစ်ပြီး အလယ်ဆင့်ပိုင်နက်နတ်ဘုရားတစ်ယောက်နဲ့ ယှဉ်နိုင်ပါတယ်။

"ငါ အန်ဂါလက်က မင်းကို မြင့်မြင့်တွေးပြီး ဖိတ်ခေါ်ထားခဲ့တာ။ မင်းက ငါ့ကို မျက်နှာသာမပေးဘူးလို့ ငါ မထင်ထားခဲ့ဘူး။ အရမ်းကောင်းတယ်"

အန်ဂါလက်ကို သူ့ရဲ့ချီတည်ရှိမှုကို ပြန်ရုတ်သိမ်းခဲ့ပြီး တိတ်တဆိတ်ထိတ်လန့်နေတော့တယ်။ ဒီလီဖူချန်းက သာမန်ဆန်းကြယ်နတ်ဘုရားတစ်‌ယောက်မဟုတ်ဘူးပဲ၊ မဟုတ်ရင် လီဖူချန်းက သူ့ရဲ့ချီတည်ရှိမှုကို ဘယ်လိုလုပ်ရင်ဆိုင်နိုင်မှာလဲ။

"မျက်နှာသာဆိုတာ အခြားသူတွေက ပေးတာမဟုတ်ဘူး၊ ကိုယ်တိုင်ယူရတာ" လီဖူချန်းက ထူးမခြားနားစွာ ပြောလိုက်တယ်။

"ဟမ့်"

အန်ဂါလက်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်တယ်။ ဒီစုဝေးပွဲကို အသုံးပြုပြီး လီဖူချန်းကို သင်ခန်းစာတစ်ခုပေးဖို့ သူ ဆုံးဖြတ်ခဲ့ပြီးပြီ။ ဆေးတာအိုက ဘယ်လောက်ပဲ အံ့မခန်းဖြစ်နေပါစေ၊ သိုင်းခွန်အားရဲ့အရှေ့မှာ ဒူးထောက်ရလိမ့်မယ်။ လီဖူချန်း စိန်ခေါ်မှုကို လက်ခံမခံဆိုတာကတော့ အန်ဂါလက်က မစိုးရိမ်ပါဘူး။ သူ့မှာ လီဖူချန်းလက်ခံအောင်ဖိအားပေးဖို့ နည်းလမ်းအများကြီးရှိတယ်။

မူရုံဖှေးဝူအတွက်ကတော့ သူမ မပျော်မရွှင်ဖြစ်မှာကို အန်ဂါလက်က လုံးဝမစိုးရိမ်ပါဘူး။

သူမက မပျော်မရွှင်ဖြစ်တော့ရောဘာအရေးလဲ။ ဒီလက်ထပ်မဟာမိတ်ပြုတာက သူမလိုဂျူနီယာတစ်ယောက်ပြောနိုင်တဲ့အရာတစ်ခုမဟုတ်ဘူး။ သူမက လိုက်နာရုံပဲ တတ်နိုင်မှာပါ။

လီဖူချန်းနဲ့မူရုံဖှေးဝူတို့ကလွဲပြီး ကျန်ရှိနေတဲ့ပါဝင်သူတွေအားလုံးက အခြေခံအားဖြင့် ပိုင်နက်နတ်ဘုရားတွေပါပဲ။

သူတို့က မီးငှက်မြို့ထဲရှိ ကြယ်ခြောက်လုံးကလန်နဲ့ကြယ်ခြောက်လုံးဂိုဏ်းတွေမှလူငယ်ပိုင်နက်နတ်ဘုရားတွေပါပဲ။

ပူဖောင်းထဲမှာ ယှဉ်ပြိုင်နေသူတွေက စုဝေးပွဲရဲ့ပါဝင်သူတွေမဟုတ်ပါဘူး၊ သူတို့ခေါ်လာတဲ့ဆန်းကြယ်နတ်ဘုရားဆရာသခင်တွေပါပဲ။

အဆင့်၃နတ်ဘုရားမြို့တွေရဲ့ပိုင်နက်နတ်ဘုရားအဆင့်စုဝေးပွဲအတွင်း အလောင်းအစားတိုက်ပွဲတွေ ပြုလုပ်တာ ပုံမှန်ပါပဲ။

အလောင်းအစားတိုက်ပွဲတွေက ကိုယ်တိုင်တိုက်ခိုက်တာမဟုတ်ဘဲ ဆန်းကြယ်နတ်ဘုရားဆရာသခင်တွေကိုပဲ တိုက်ခိုက်စေတာပါ။ ဒီဆန်းကြယ်နတ်ဘုရားဆရာသခင်တွေက သူတို့ရဲ့ကျွန်တွေ၊ သူတို့ကလန်ကပြုစုထားတဲ့လက်ရွေးစင်တွေ၊ နောက်လိုက်တွေဒါမှမဟုတ်သီးသန့်ဖိတ်ခေါ်ထားသူတွေပါပဲ။

တိုတိုရှင်းရှင်းပြောရရင် ဆန်းကြယ်နတ်ဘုရားဆရာသခင်တွေက ပိုအနိုင်ရလေ၊ သူတို့က ပိုဂုဏ်ရှိလေပဲ။

ပိုင်နက်နတ်ဘုရားတွေရဲ့သက်တမ်းက ရှည်လွန်းတော့ သူတို့က ပျော်စရာအချို့ရှာတာ ပုံမှန်ပါပဲ။

"အားလုံးပဲ၊ ငါ လူတိုင်းကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ။ မင်းတို့တွေ ဒီလူကို သိမယ်လို့ ငါ ယုံကြည်တယ်။ သူက မင်းတို့မြောက်ပိုင်းနယ်မြေဆေးနတ်ဘုရားညီလာခံရဲ့နံပါတ်တစ်ဓားဆေးဆန်းကြယ်နတ်ဘုရားလီဖူချန်းပဲ" အန်ဂူလက်က ရုတ်တရက် ကျယ်လောင်စွာ ပြောလိုက်တယ်။

"ဒါဆို သူက ဓားဆေးဆန်းကြယ်နတ်ဘုရားလီဖူချန်းပေါ့"

"ဆေးတာအိုမှာ ဒီလ်ိုအောင်မြင်မှုရှိတယ်ဆိုတော့ တကယ်ကို အံ့မခန်းပဲ"

"မြောက်ပိုင်းနယ်‌မြေဆေးတာအိုလူရွယ်မျိုးဆက်ရဲ့နံပါတ်တစ်။ ဒီနာမည်က အလွန်ထူးကဲလှပေတယ်"

လူတိုင်းက ပြောဆို‌နေကြတော့တယ်။

သူတို့အများစုက ယခင်က လီဖူချန်းကို ဘယ်တော့မှ မမြင်ခဲ့ဖူးပါဘူး၊ ဒါပေမယ့် သူတို့အားလုံး သူ့ရဲ့နာမည်ကို ကြားဖူးပါတယ်။ တကယ်တော့ မီးငှက်မြို့က ‌‌ဆေးတာအိုနတ်ဘုရားမြို့တစ်ခုပဲလေ။ သူတို့အနေနဲ့ မြောက်ပိုင်းနယ်မြေရဲ့လူငယ်ဆေးတာအိုမျိုးဆက်ရဲ့နံပါတ်တစ်ကို မသိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

အန်ဂူလက်က ရယ်ကာ ပြောလိုက်တယ်"ငါ၊ အန်ဂူလက်လဲ ‌‌ဆေးတာအိုနဲ့ပတ်သက်ပြီး အရမ်းသိချင်နေတာ။ ဒါပေမယ့် ငါ လီဖူချန်းရဲ့ဓားတာအိုခွန်အားကို ပိုသိချင်တာ။ သူက ဓားဆေးဆန်းကြယ်နတ်ဘုရားလို့ လူသိများတယ်။ ‌‌ဆေးတာအိုအောင်မြင်မှုတွေအပြင် သူ့ရဲ့ဓားတာအိုအောင်မြင်မှုကလဲ မနိမ့်ပါဘူး။ ငါတို့ ဘာလို့ လီဖူချန်းကို တစ်ကွက်နှစ်ကွက်လောက် မလှုပ်ရှားခိုင်းရမှာလဲ"

အဲလို တွေးမိတယ်"

"လီဖူချန်း၊ ငါတို့ကို တစ်ကွက်နှစ်ကွက်လောက်ပြပေးပါ"

"ငါ ငါ့ရဲ့‌နောက်လိုက်ကို မင်းနဲ့ တိုက်ခိုက်ဖို့ လွှတ်လိုက်မယ်။ သူက သာမန်ဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်ပဲ"

တစ်ယောက်ယောက်က ကျယ်လောင်စွာ ပြောလိုက်တယ်။

အန်ဂူလက်က ပြောလိုက်တယ်"မလိုဘူး။ ဒိီတစ််ကြိမ်တော့ ငါ အရှေ့ပိုင်းနယ်‌မြေရဲ့ဆန်းကြယ်နတ်ဘုရားဆရာသခင်တွေကို ခေါ်လာခဲ့တယ်။ ငါ သူတို့ကို မြောက်ပိုင်းနယ်မြေဆေးတာအိုလူငယ်မျိုးဆက်နံပါတ်တစ်ရဲ့ခွန်အားကို မြင်တွေ့ ခွင့်ပေးရမယ်။ ဓားဆေးဆန်းကြယ်နတ်ဘုရားက သူ့ရဲ့နာမည်နဲ့ ထိုက်တန်သလားဆိုတာ သူတို့ မြင်ရမှာပါ"

"လီဖူချန်း၊ သတိထားပါ" မူရုံဖှေးဝူက လီဖူချန်းကို ကြည့်လိုက်တယ်။

အန်ဂါလက်ရဲ့စကားတွေက အကျိုးအကြောင်းညီညွတ်ပါတယ်။ လီဖူချန်းက စိန်ခေါ်မှုကို လက်မခံရင် လီဖူချန်းရဲ့အမှားပဲ ဖြစ်မှာပါ။ ဒါကြောင့် လက်ရှိအချိန်မှာ သူမက လီဖူချန်းကို မဖျောင်းဖျနိုင်ပါဘူး။

လီဖူချန်းက ခေါင်းညိတ်ကာ ထရပ်လိုက်တယ်။

"ဒီလိုဆိုမှတော့ ငါ အရှေ့ပိုင်းနယ်မြေရဲ့ဆန်းကြယ်နတ်ဘုရားဆရာသခင်တွေရဲ့ခွန်အားကို တွေ့ကြုံခံစားရတာပေါ့"

ပြောရင်း လီဖူချန်းရဲ့ပုံရိပ်က လျှပ်တစ်ပြက်လက်ကာ ပူဖောင်းထဲသို့ ဝင်ရောက်သွားခဲ့တယ်။

မကြာခင်မှာပဲ ဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်က လိုက်ဝင်လာခဲ့တယ်။

ဒီလူက သာမန်ဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်မဟုတ်ဘဲ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်ပဲ။

"ကျေးဇူးပြုပြီး ငါ့ကို အကြံပေးပါ" ဒီအလယ်ဆင့်ဆန်းကြယ်နတ်ဘုရားဆရာသခင်က သူ့ရဲ့သတ်ဖြတ်ကွက်ကို ချက်ချင်း အသုံးပြုခဲ့တယ်။

လက်ဝါးအမှတ်အသားအလွှာတွေက လီဖူချန်းကို ဝန်းရံလာခဲ့တယ်။

ဒုန်း.....

လက်ဝါးအလွှာတွေက လွင့်မျောနေတဲ့တိမ်တွေပမာ ‌ပျောက်ကွယ်သွားခဲ့တယ်။ ဒီအလယ်ဆင့်ဆန်းကြယ်နတ်ဘုရားဆရာသခင်က ဘာဖြစ်သွားမှန်းတောင် မသိခဲ့ဘူး။ သူက လွင့်ထွက်သွားပြီး မရေမတွက်နိုင်တဲ့သွေးပေါက်တွေက သူ့ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာခဲ့တယ်။

"အံ့မခန်းပဲ။ ဓားလက်ချောင်းတစ်ချက်က အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်ကို ခုခံနိုင်စွမ်းမဲ့စေခဲ့တယ်။ သူက တကယ်ကို ဓားတာအိုဆန်းကြယ်နတ်ဘုရားတစ်ယောက်ပဲ။ ဒီဓားတာအိုခွန်အားက အရမ်းပြောင်မြောက်တာပဲ"

"သက်သေပြဖို့ လိုမယ်လို့တောင် ငါ မထင်တော့ဘူး။ လီဖူချန်းရဲ့ဓားတာအိုခွန်အားက အားကောင်းဆန်းကြယ်နတ်ဘုရားဆရာသခင်အဆင့်မှာရှိမှန်း သိသာတယ်။ သူက ဓားတာအိုဆန်းကြယ်နတ်ဘုရားဆိုတဲ့နာမည်နဲ့ တကယ်ထိုက်တန်တာပဲ"

"ဒါ ဟုတ်တယ်"

လူတိုင်းက ခေါင်းညိတ်ခဲ့ပြီး လီဖူချန်းရဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားတစ်ယောက်ဆိုတဲ့နာမည်ကို အသိအမှတ်ပြုခဲ့တယ်။

အန်ဂါလက်ရဲ့အမူအရာက မည်းမှောင်သွားတော့တယ်။ သူ့ရဲ့နောက်လိုက်က လျင်မြန်စွာ ရှုံးနိမ့်သွားခဲ့ပြီး သူက လီဖူချန်းရဲ့ခွန်အားကို စမ်းသပ်ဖို့အချိန်တောင် မရှိခဲ့ဘူး။

"အလောင်းအစားဆိုမှတော့ လောင်းကြေးမရှိဘဲ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ၊ ရှုံးနိမ့်သူက ဖျော်ဖြေတင်ဆက်မှုတစ်ခုကို လုပ်ပြရမယ်"

အန်ဂါလက်က လီဖူချန်းနဲ့ ရတနာတွေ အလောင်းအစားလုပ်ဖို့ အစီအစဉ်မရှိပါဘူး။ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်မှာ ဘယ်လိုရတနာမျိုးတွေ ရှိနိုင်မှာလဲ။

ဖျော်ဖြေတင်ဆက်မှုတစ်ခုကတော့ မတူပါဘူး။

တစ်ခါနှစ်ခါဖျော်ဖြေတင်ဆက်ရတာတော့ အဆင်ပြေပါတယ်၊ ဒါပေမယ့် အကြိမ်များစွာဖျော်ဖြေတင်ဆက်ရရင် သိက္ခာကျစရာဖြစ်ပါလိမ့်မယ်။

မျောက်တစ်ကောင်လိုကစားခိုင်းတာနဲ့ အတူတူပါပဲ။

လီဖူချန်းက ပြောလိုက်တယ်"မင်းလဲ ဖျော်ဖြေတင်ဆက်မှုမလုပ်ရင် ငါက အသာစီးမရဖြစ်သွားမှာပေါ့"

"ငါက လုပ်ဆောင်ရမယ်"

အန်ဂူလက်က တစ်ခစ်ခစ်ရယ်လိုက်တယ်"ဘယ်လိုဟာသလုပ်ရမလဲကို မင်း တကယ် သိတာပဲ။ ဒါပေမယ့် ဒီဟာသက လုံးဝမရယ်ရဘူး။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ၊ ငါ ‌နောက်ထပ်လောင်းကြေးတစ်ခုကို ပြောမယ်။ မင်း အနိုင်ရတာနဲ့ ငါ မင်းကို အဆင့်မြင့်နတ်ဘုရားကျောက်တုံတစ်ထရိီလီယံပေးမယ်"

အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ထရီလီယံက သေးငယတဲ့ပမာဏတစ်ခုမဟုတ်ပါဘူး။ ဆန်းကြယ်နတ်ဘုရားဆရာသခင်များစွာမှာ အဆင့်မြင့်နတ်ဘုရားကျောက်တုံးထရီလီယံအနည်းငယ်ဒါမှမဟုတ်ထရီလီယံထောင်အနည်းငယ်ပဲ ရှိတာပါ။

"တစ်ထောင်ထရီလီယံ။ ဒါ့အပြင် ပြိုင်ပွဲတိုင်းက်ို အနိုင်ရတိုင်း ယခင်ပြိုင်ပွဲရဲ့နှစ်ဆ"

ပွင့်ပွင့်လင်းလင်းပြောရရင် တစ်ရာထရီလီယံက လီဖူချန်းအတွက် မလုံလောက်ပါဘူး။ သူ့ရဲ့နေရာလပ်လက်စွပ်ထဲမှာ အဆင့်မြင့်နတ်ဘုရားကျောက်တုံးထရီလီယံငါးသိန်းကျော်ရှိတယ်။

"မင်းရဲ့အလိုရမ္မက်က မသေးဘူးပဲ။ ကောင်းပြီ၊ ငါ သဘောတူပါတယ်"

အန်ဂူလက်က သိပ်တုံ့ဆိုင်းမနေခဲ့ပါဘူး။

အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ထောင်ထရီလီယံက များပေမယ့် သူက ရွှေဖြူကလန်မှတိုက်ရိုက်ဆင်းသက်လာသူတစ်ယောက်လေ။ သူ့မှာ နတ်ဘုရားကျောက်တုံးတွေအများအပြား ရှိပါတယ်။

ဒါ့အပြင် လီဖူချန်းက ပြိုင်ပွဲဘယ်လောက်ထိ အနိုင်ရနိုင်မှာလဲ။

သူ့အတွက်တော့ အဆင့်မြင့်နတ်ဘုရားကျောက်တုံးထရီလီယံအနည်းငယ်ကိုသုံးပြီး တစ်ဖက်လူကို ကစားခိုင်းတာက သံသယရှိစရာမလိုလောက်အောင် ထိုက်တန်ပါတယ်။

***

All Chapters