← Chapters

ကိုယ်ပွားဆန်းကြယ်နတ်ဘုရားအတတ်

Vol. 92 Ch. 1308

ကိုယ်ပွားဆန်းကြယ်နတ်ဘုရားအတတ်

Vol. 92 Ch. 1308

"အိုး၊ ဘုရားသခင်၊ အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ထောင်ထရီလီယံတဲ့လား။ နိုင်ပွဲတိုင်းအတွက် ယခင်နိုင်ပွဲရဲ့နှစ်ဆတဲ့လား"

"တစ်ပွဲနိုင်ရင် အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ထောင်ထရီလီယံရမယ်။ နှစ်ပွဲနိုင်ရင် သုံးထောင်ထရီလီယံရမယ်။ ဒါဆိုရင် သုံးပွဲနိုင်ရင် ခုနှစ်ထောင်ထရီလီယံပေါ့"

လီဖူချန်းရဲ့အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ထောင်ထရီလီယံကမ်းလှမ်းမှုကို ကြားပြီးနောက် လူတိုင်းက ပြောစရာစကားမဲ့နေတော့တယ်။ လီဖူချန်းက တကယ်ကို မေးရဲတာပဲ.....

အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ထောင်ထရီလီယံက သေးငယ်တဲ့ပမာဏတစ်ခုမဟုတ်ဘူး။

သူတို့က ကြယ်ခြောက်လုံးကလန်မှဆင်းသက်လာသူတွေဖြစ်ပေမယ့် အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ထောင်ထရီလီယံက သူတို့အတွက် ကြီးမားတဲ့ပမာဏတစ်ခုပါပဲ။

သူတို့က မတတ်နိုင်လို့တော့မဟုတ်ဘူး၊ အဲဒါက သူတို့ကို ရင်နာစေလိုပဲ။

အတိတ်ကစုဝေးပွဲတွေမှာ သူတို့က အများဆုံးထရီလီယံအနည်းငယ်ဒါမှမဟုတ်ဆယ်ထရီလီယံလောက်ပဲ လောင်းကြေးထပ်ခဲ့ကြတာ။ သူတို့အနေနဲ့ တစ်ထောင်ထရီလီယံမပြောနဲ့၊ တစ်ရာထရီလီယံကိုတောင် လောင်းကြေးထပ်ဖို့ မဖြစ်နိုင်ပါဘူး။

အန်ဂူလက်လို အဆင့်မြင့်ကမ္ဘာနတ်ဘုရားဆရာခင်ကြယ်ခြောက်လုံးကလန်တွေရဲ့တိုက်ရိုက်မျိုးဆက်တွေမှသာ အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ထောင်ထရီလီယံကို ဂရုမစိုက်ဘဲ လောင်းနိုင်မှာပါ။

"သုံးပွဲဆက်အနိုင်ရဖို့လား။ ဒါက မဖြစ်နိုင်ပါဘူး။

အန်ဂူလက်ရဲ့လက်အောက်မှာ ဆန်းကြယ်နတ်ဘုရားဆရာသခင်တွေများစွာရှိတယ်။ သာမန်နဲ့အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားဆရာသခင်တွေက သူ့ရဲ့ကျွန်ဖြစ်ဖို့ပဲ အရည်အချင်းမှီတယ်။ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားဆရာသခင်အထက်ကပဲ သူ့ရဲ့နောက်လိုက်ဖြစ်ဖို့ အရည်အချင်းမှီတယ်။ သူက သူ့နောက်လိုက်တွေကို အဆင့်၁၊ အဆင့်၂နဲ့ အဆင့်၃ဆိုပြီး သုံးမျိုးခွဲထားတယ်။ အဆင့်၁နောက်လိုက်တွေက အားကောင်းဆန်းကြယ်နတ်ဘုရားဆရာသခင်တွေ၊ အဆင့်၂နောက်လိုက်တွေက အဆင့်၃နတ်ဘုရားမြို့ရဲ့ဆန်းကြယ်နတ်ဘုရားဆရာသခင်စာရင်းရဲ့ဆန်းကြယ်နတ်ဘုရားဆရာသခင်တွေပဲ။ အဆင့်၃နောက်လိုက်တွေက အနောက်ပိုင်းနယ်မြေဆန်းကြယ်နတ်ဘုရားဆရာသခင်စာရင်းရဲ့ဆန်းကြယ်နတ်ဘုရားဆရာသခင်တွေပဲ။ ငါ့အမြင်အရ လီဖူချန်းက တစ်ပွဲဒါမှမဟုတ်နှစ်ပွဲလောက်ပဲ နိုင်မှာ။ သုံးပွဲနိုင်ဖို့က မဖြစ်နိုင်ဘူး....."

"ငါ ပြောကြည့်တာပေါ့နော်။ လီဖူချန်းရဲ့ဓားတာအိုက ‌သူ့ရဲ့ဆေးတာအိုလောက် မထူးချွန်ရင် သူ့အနေနဲ့ သုံးပွဲအနိုင်ရဖို့က မဖြစ်နိုင်ပါဘူး"

လက်ရှိလီဖူချန်းက မြောက်ပိုင်းနယ်မြေလူငယ်မျိုးဆက်ရဲ့နံပါတ်တစ်ဆေးတာအိုပါရမီရှင်ပဲ။ သူ့ရဲ့ဓားတာအိုကပါ သူ့ရဲ့ဆေးတာအိုလို အံ့မခန်းဖြစ်ရင် သူက မြောက်ပိုင်းနယ်မြေလူငယ်မျိုးဆက်ရဲ့နံပါတ်တစ်ဆန်းကြယ်နတ်ဘုရားဆရာသခင်ဖြစ်မှာပါ။ ဒါက မဖြစ်နိုင်ဘူးဆိုတာကို လူတိုင်းက သိပါတယ်။

မြောက်ပိုင်းနယ်မြေလူငယ်မျိုးဆက်ရဲ့နံပါတ်တစ်ဆေးတာအိုပါရမီရှင်က ဆန်းကြယ်နတ်ဘုရားဆရာသခင်စာရင်းရဲ့နံပါတ်တစ်မဟုတ်ရင်တောင် ထိပ်တန်းထဲ ဝင်နိုင်မှာပါ။

"နောက်ကျရင် အန်ဂူလက်ရဲ့မျက်နှာအမူအရာ ဘယ်လိုဖြစ်နေမလဲ ငါ အရမ်းသိချင်မိတယ်"

ဘာကြောင့်လဲတော့ မသိပေမယ့် လီဖူချန်းရဲ့မတန်မဆတောင်းဆိုမှုကို ကြားပြီးနောက် မူရုံဖှေးဝူက ပြုံးလိုက်တယ်။

သူမက လီဖူချန်းကို ကောင်းကောင်းနားမလည်နိုင်ပေမယ့် လီဖူချန်းရဲ့စရိုက်လက္ခဏာနဲ့ပတ်သက်ပြီး သူမက နားလည်မှုအချို့ရှိတယ်။

လီဖူချန်းက မောက်မာတဲ့လူတစ်ယောက်မဟုတ်ဘူး။ တစ်ဖက်မှာ သူက အလွန်နှိမ့်ချတတ်တဲ့လူတစ်ယောက်ပါ။

နှိမ့်နှိမ့်ချချနေတဲ့လူတစ်ယောက်က မောက်မာလာရင် သူက အလွန်ယုံကြည်ချက်ရှိတယ်လို့ ဆိုလိုတယ်။

ပူဖောင်းထဲမှာ။

လီဖူချန်းက အန်ဂူလက်ရဲ့နောက်လာမယ့်ဆန်းကြယ်နတ်ဘုရားဆရာသခင်ကို အေးအေးဆေးဆေးစောင့်နေတယ်။

"သခင်၊ ငါ၊ ကျိုးရီတောင်၊ သူနဲ့ သွားတွေ့မယ်"

အန်ဂူလက်ဘေးနားမှာ မျက်ခုံးနှစ်ဖက်ကြားမှာဓားမော့အမာရွတ်တစ်ခုရှိတဲ့ဓားမော့တာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်က ရှေ့သို့ တက်လာခဲ့တယ်။

"ကောင်းပြီ၊ သတိမမဲ့နဲ့"

အန်ဂူလက်က ခေါင်းညိတ်လိုက်တယ်။ ကျိုးရီတောင်က အားမနည်းပါဘူး။ သူက အဆင့်၁နောက်လိုက်တွေထဲကအသန်မာဆုံးတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားက အဆင့်၂နောက်လိုက်တစ်ယောက်နဲ့တောင် ယှဉ်နိုင်တယ်။

ဒါကို ကြားပြီး ကျိုးရီတောင်က လျှာသပ်လိုက်လေတယ်"သခင်၊ မစိုးရိမ်ပါနဲ့"

ပြောပြီးနောက် သူက ဓားမော့အလင်းတစ်ခုအဖြစ်ပြောင်းကာ ပူဖောင်းထဲသို့ ဝင်ရောက်သွားခဲ့တယ်။

"ဓားခုတ်ချက်ကို လက်ခံစမ်း"

ကျိုးရီတောင်က လီဖူချန်းနဲ့အဓိပ္ပါယ်မရှိတာတွေပြောမနေတော့ပါဘူး။ သူက ဓားမော့ကို ဓားအိမ်မှ ချွတ်ကာ အဆုံးမဲ့ဓားမော့အစုအဝေးတွေကို ပစ်လွှတ်လိုက်တော့တယ်။

ထူးကဲအဆင့်မြင့်ဓားမော့တာအိုဆန်းကြယ်နတ်ဘုရားအတတ်-အရိုင်းဓားမော့အက။

ဓားမော့အစုအဝေးတွေက ဓားမော့အလင်းတွေကနေ ဖြစ်ပေါ်လာခဲ့တာပဲ၊ ဓားမော့အလင်းတစ်ခုစီမှာ ထိတ်လန့်တုန်လှုပ်စရာစွမ်းအားရှိတယ်။ ပူဖောင်းအပြင်ဘက်ရှိအားကောင်းဆန်းကြယ်နတ်ဘုရားဆရာသခင်တွေက မျက်မှောင်ကြုတ်လိုက်တယ်။ သူတို့က လီဖူချန်းရဲ့နေရာမှာဆိုရင် ဒီဓားမော့ကွက်ကို အလွယ်တကူတားဆီးနိုင်မှာမဟုတ်ပါဘူး။

ဒီကျိုးရီတောင်ရဲ့တိုက်ခိုက်ရေးစွမ်းအားက သေချာပေါက်ထိပ်တန်းဖြစ်တယ်။

ကျိုးရီတောင်ရဲ့ကြောက်စရာကောင်းတဲ့ဓားမော့ကွက်နဲ့ ရင်ဆိုင်ရတဲ့အခါမှာ လီဖူချန်းက သူ့ရဲ့ညာလက်ညှိုးနဲ့လက်ခလယ်ကို မြှောက်ကာ သူ့ရဲ့ဓားလက်ချောင်းနဲ့ ထိုးလိုက်တော့တယ်။

ဝှစ်.....

ကျိုးရီတောင်ဆီဦးတည်နေတဲ့အဆုံးမဲ့ဓားမော့အရှိန်အဝါက ပူဖောင်းပမာ ချက်ချင်းပျောက်ကွယ်သွားတော့တယ်။ နောက်အခိုက်အတန့်မှာ ကျိုးရီတောင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ဇကာတစ်ခုအလား ဖြစ်လာတယ်။ သူ့ခန္ဓာကိုယ်ပေါ်မှာ မရေမတွက်နိုင်တဲ့သွေးပေါက်တွေဖြစ်လာပြီး ဓားအလင်းက ပန်းထွက်‌နေတော့တယ်။

ဓားလက်ချောင်းတစ်ချက်ပဲရှိသေးတယ်၊ ကျိုးရီတောင်က ရှုံးနိမ့်သွားခဲ့တယ်။

အာ.....

လူများစွာက ပင့်သက်ရှိုက်မိသွားတော့တယ်။

ဓားတောင်မထုတ်ဘဲ ဓားလက်ချောင်းတစ်ချက်တည်းနဲ့ သူက အားကောင်းဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်ကို အနိုင်ယူခဲ့တယ်တဲ့လား။

ဒီခွန်အားက အနည်းငယ်ကြောက်စရာကောင်းပုံရတယ်......

"ထင်ထားတဲ့အတိုင်းပဲ"

မူရုံဖှေးဝူရဲ့အပြုံးက ပိုတောင်ကြီးမားလာတယ်။

အန်ဂူလက်က လီဖူချန်းထံ အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ထရီလီယံကို ရှုံးသွားတာကို မြင်တဲ့အခါ သူမက အကျေနပ်ကြီးကျေနပ်နေတော့တယ်။

"ဓားဆေးဆန်းကြယ်နတ်ဘုရား၊ ဒီနာမည်နဲ့ တကယ်ကို ထိုက်တန်တာပဲ။ လီဖူချန်းမှာ မှင်တက်စရာကောင်းတဲ့ဆေးတာအိုခွန်အားရှိရုံသာမက သူ့ရဲ့ဓားတာအိုခွန်အားကလဲ မှင်တက်စရာကောင်းတယ်"

"သူ ဘယ်လိုတောင် ကျင့်ကြံခဲ့သလဲ ငါ နားမလည်နိုင်ဘူး"

"သူ့ကို ကြည့်ရတာ အသက်မကြီးသေးပါဘူး၊ သူက အသက်တစ်ထောင်လောက်ပဲရှိမယ်လို့ ငါ ထင်တယ်"

"အသက်တစ်ထောင်လား။ အိုး ဘုရားသခင်၊ ဒါက မတရားများသွားပြီ။ သူက တကယ်ကို မွန်းစတားတစ်ကောင်ပဲ"

"သူ ဘယ်လိုတောင် ကျင့်ကြံခဲ့တာလဲ။ ဆေးတာအိုနဲ့ဓားတာအိုက လုံးဝဆက်စပ်မှုမရှိတဲ့မဟာတာအိုနှစ်ခုလေ"

"ဘယ်သူ သိမှာလဲ။ ငါ သိရင် ကမ္ဘာနတ်ဘုရားတစ်ယောက်ဖြစ်နေလောက်ရောပေါ့"

လူတိုင်းရဲ့ပြောဆိုဆွေးနွေးသံက ကြားပြီး အန်ဂူလက်က မျက်မှောင်ကြုတ်လိုက်တော့တယ်။

"ကျိုးလေ့၊ မင်း သွား"

အန်ဂူလက်က ပုတိုတိုဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်ကို ပြောလိုက်တယ်။

"ဟုတ်ကဲ့"

ပုတိုတိုဆန်းကြယ်နတ်ဘုရားဆရာသခင်က ထရပ်ကာ ပူဖောင်းထဲသို့ ဝင်ရောက်သွားခဲ့တယ်။

ရွှမ်း......

သူက ပူဖောင်းထဲ ဝင်ရောက်ပြီးတာနဲ့ ကျိုးလေ့က ပုံရိပ်ကိုးခုအဖြစ် ချက်ချင်း ခွဲဖြာသွားတယ်။

ပြီးပြည့်စုံခြင်းအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအတတ်၊ ပုံရိပ်ယောင်ကိုးခုကိုယ်ပွား။

ကျိုးလေ့က လူမသိသူမသိမဟုတ်ပါဘူး။ အန်ဂူလက်ရဲ့အဆင့်၂နောက်လိုက်အနေနဲ့ ကျိုးလေ့က အနောက်ပိုင်းနယ်မြေရွှေဖြူမြို့ရဲ့ဆန်းကြယ်နတ်ဘုရားဆရာသခင်စာရင်းရဲ့အဆင့်၉၅မှာ ရှိတယ်။

အဆင့်၉၅က မြင့်မားတယ်လို့ မဆိုနိုင်ပေမယ့် ရွှေဖြူမြို့က အဆင့်၃နတ်ဘုရားမြို့တစ်မြို့ဖြစ်ပြီး ၎င်းရဲ့နယ်နိမိတ်အတွင်းမှာ အဆင့်၂နဲ့အဆင့်၃နတ်ဘုရားမြို့တွေများစွာရှိတယ်။

အဆင့်၃နတ်ဘုရားမြို့တစ်မြို့မှာ အနည်းဆုံးဆန်းကြယ်နတ်ဘုရားဆရာသခင်ရှစ်ထောင်ရှိတယ်။ ဆန်းကြယ်နတ်ဘုရားဆရာသခင်ရှစ်ထောင်ထဲမှာ အဆင့်၉၅က တစ်ရာထဲမှာတစ်ယောက်လို့ ဆိုနိုင်တယ်။

ဒါပေမယ့် ကျိုးလေ့က လီဖူချန်းကို အထင်မသေးရဲပါဘူး။ လီဖူချန်းက ကျိုးရီ‌တောင်ကို အနိုင်ရတာကို ကြည့်ရင် လီဖူချန်းက သူနဲ့ သေချာပေါက် အဆင့်တူတယ်။

ဒါကြောင့် ကျိုးလေ့က ကိုယ်ပွားဆန်းကြယ်နတ်ဘုရားအတတ်ကို ချက်ချင်းထုတ်ဖော်ခဲ့တယ်။

သူက အချိန်တိုတွင်းမှာ အပေါ်စီးရနိုင်မယ်လို့တော့ မယုံကြည်ထားပါဘူး။

သူက သတိမဲ့ကာ လီဖူချန်းကို ရှုံးသွားခဲ့ရင် အန်ဂူလက်ကို အရှက်ခွဲသလို ဖြစ်ပါလိမ့်မယ်။

"ကိုယ်ပွားဆန်းကြယ်နတ်ဘုရားအတတ်လား"

ကျိုးလေ့ကိုယ်ပွားကိုးခုလုံးက အစစ်အမှန်ဆိုတာ လီဖူချန်းက မြင်နိုင်တယ်။

ကျိုးလေ့က သူ့ရဲ့နတ်ဘုရားခန္ဓာကိုယ်ကို ကိုယ်ပွားကိုးခုအဖြစ် ခွဲထားပြီး သူတို့တစ်ခုစီက တူညီတဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအင်ပမာဏရှိတယ်။

အဓိကခန္ဓာကိုယ်အပါအဝင် ကိုယ်ပွားတစ်ခုစီရဲ့ခွန်အားက လျော့သွားပေလိမ့်မယ်။

ဒါပေမယ့် လျော့ကျမှုက မများပါဘူး၊ တကယ်တော့ ဆန်းကြယ်နတ်ဘုရားစွမ်းအားပမာဏက ခွန်အားအပေါ် ကြိီးမားတဲ့သက်ရောက်မှုတစ်ခု မရှိပါဘူး။

ဒီလိုနဲ့ ရန်သူက ခုခံဖို့ အလိုအလျောက်ခက်ခဲနေရတာပေါ့။

တကယ်တော့ တစ်ယောက်ကို ရင်ဆိုင်ရတာနဲ့တင် ခက်ခဲနေပါပြီ၊ ကိုးယောက်လုံးကို တစ်ပြိုင်နက်တည်းဆိုတော့ ပိုခက်ခဲတာပေါ့။

ပိုင်နက်အမျိုးအစားနတ်ဘုရားအတတ်တွေက နတ်ဘုရားအတတ်‌တွေရဲ့နတ်ဘုရားအတတ်ဆိုရင် နတ်ဘုရားခန္ဓာကိုယ်နတ်ဘုရားအတတ်က နတ်ဘုရားအတတ်တွေရဲ့ဘုရင်ဖြစ်ပြီး ကိုယ်ပွားနတ်ဘုရားအတတ်‌က နတ်ဘုရားအတတ်တွေရဲ့ဗိုလ်ချုပ်ဖြစ်တယ်။

ဒါပေမယ့် ကိုယ်ပွားနတ်ဘုရားအတတ်ကိုဖန်တီးခြင်းအခက်အခဲက အလွန်အမင်းမြင့်မားတယ်။ အဲဒါက နတ်ဘုရားခန္ဓာကိုယ်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးထားထက်တောင် ပိုခက်ခဲပြီး ပိုင်နက်အမျိုးအစားနတ်ဘုရားအတတ်ထက်သာ နိမ့်ကျတယ်။

လက်ရှိအချိန်ထိ လီဖူချန်းက ကိုယ်ပွားပိုင်နက်နတ်ဘုရားအတတ်တစ်ခုကိုပဲ ဖန်တီးထားခဲ့တာပါ။

ဒါပေမယ့် လီဖူချန်းက ဓားတာအိုကိုယ်ပွားပိုင်နက်နတ်ဘုရားအတတ်ကို ဖန်တီးထားတာပါ၊ ဆန်းကြယ်နတ်ဘုရားအတတ်မဟုတ်ပါဘူး။

ဒါပေမယ့် ကျိုးလေ့နဲ့ရင်ဆိုင်ရတဲ့အခါမှာ လီဖူချန်းက ကိုယ်ပွားပိုင်နက်နတ်ဘုရားအတတ်ကို အသုံးပြုဖို့ မလိုအပ်ပါဘူး။

ကျိုးလေ့ကိုယ်ပွားကိုးယောက်က လီဖူချန်းဆီ မတူညီတဲ့ဦးတည်ဘက်ကိုးခုမှ တစ်ဟုန်ထိုးတိုက်ခိုက်လာခဲ့တယ်။

ဒီလောက်ပဲဆိုရင်တော့ အဆင်ပြေပါတယ်၊ ဒါပေမယ့် ကျိုုးလေ့ကိုးယောက်လုံးက မတူညီတဲ့ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုစီ ထုတ်ဖော်ခဲ့တာပဲ။

"နှလုံးဖြတ်လက်ချောင်း....."

"ကောင်းကင်ဖျက်ခြေထောက်....."

"တိမ်လက်ဝါး......"

"မိုးကြိုးပေါက်ကွဲလက်သီး......"

"မြင့်မြတ်နဂါးနတ်ဘုရားခြေထောက်......"

…

ဆန်းကြယ်နတ်ဘုရားအတတ်ကိုးခုကို ထုတ်ဖော်လိုက်တဲ့အခါမှာ ကျိုးလေ့ရဲ့မျက်နှာက ယုံကြည်ချက်ရှိရှိပြုံးလိုက်တော့တယ်။

ကိုယ်ပွားတိုင်းက မတူညီတဲ့ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုကို ထုတ်ဖော်နိုင်တယ်။ ဒါက သူ့ရဲ့အားအကောင်းဆုံးလက္ခဏာပါပဲ။

"ရှုံးစမ်း......"

ကျိုးလေ့က လီဖူချန်းအပိုင်းပိုင်းဖြစ်သွားတဲ့မြင်ကွင်းကို မြင်ချင်ပုံရတယ်။

ဆန်းကြယ်နတ်ဘုရားအတတ်ကိုးခုစလုံးက ပစ်မှတ်တစ်ခုတည်းကို တိုက်ခိုက်လာတဲ့အခါ ကိုးခုက တစ်ခုထက် ပိုကြီးမားတာလောက် စွမ်းအားက မရိုးရှင်းတော့ပါဘူး။

သူတို့ရဲ့စွမ်းအားက ဆင့်ပုံနေပါလိမ့်မယ်။

ပူဖောင်းအပြင်ဘက်မှာ လူများစွာက သူတို့ရဲ့အသက်ရှုသံကို ထိန်းချုပ်ထားခဲ့ကြတယ်။

ကျိုးလေ့ရဲ့စွမ်းအားက သူတို့မျှော်လင့်ထားတာထက် အနည်းငယ်ကျော်လွန်နေတာပဲ။

လူတစ်ယောက်တည်းက ဆန်းကြယ်နတ်ဘုရားအတတ်ကိုးခုကို တစ်ချိန်တည်းမှာ ထုတ်ဖော်နိုင်တာက အလွန်အံ့အားသင့်ဖွယ်ကောင်းလှတယ်။

မူရုံဖှေးဝူကလဲ အတော်လေးကြောက်ရွံ့သွားတယ်။ ဒီကျိုးလေ့က ဒီလောက်တောင် အားကောင်းတာ၊ လီဖူချန်း ရင်ဆိုင်နိုင်ပါ့မလား။

"ကျိုးလေ့က ဒီတစ်ခုအပေါ်မှာပဲ နှစ်တစ်သိန်းနစ်မြုပ်ခဲ့တယ်၊ ဒါကြောင့် ဒါက အသုံးဝင်နေတာ"

အန်ဂူလက်နောက်မှာ အစိမ်းရောင်နဲ့အနီရောင်ပုံရိပ်နှစ်ခုရှိတယ်။ ဒီနှစ်ယောက်က အန်ဂူလက်ရဲ့နောက်လိုက်‌တွေမှန်း သိသာတယ်။ ဒါပေမယ့် သူတို့ရဲ့အနေအထားအရ သူတို့ရဲ့အဆင့်အတန်းက အခြားသူတွေထက် သေချာပေါက် ပိုမြင့်တယ်။ ဒိီအချိန်မှာ အနီရောင်ဝတ်ပုံရိပ်‌က စကားပြောလာခဲ့တယ်။

အန်ဂူလက်က ပြုံးလိုက်တယ်။ သူခေါ်လာတဲ့နောက်လိုက်‌တွေထဲမှာ ကျိုးလေ့ရဲ့ခွန်အားက အဆင့်သုံးဖြစ်တယ်။ သူ့ရဲ့ကိုယ်ပွားနတ်ဘုရားအတတ်နဲ့ တစ်ချိန်တည်းမှာဆန်းကြယ်နတ်ဘုရားအတတ်ကိုးခုကိုထုတဖော်နိုင်တဲ့စွမ်းရည်ကြောင့် အန်ဂူလက်က မြင့်မြင့်မားမားတန်ဖိုးထားနေရတာပဲ။ သို့မဟုတ်ရင် သူက ကျိုးလေ့ကို ဒုတိယယှဉ်ပြိုင်သူအနေနဲ့ လွှတ်မှာမဟုတ်ဘူး။

တကယ်တော့ အဆင့်မြင့်နတ်ဘုရားကျောက်တုံးနှစ်ထောင်ထရီလီယံက သေးငယ်တဲ့ကိစ္စတစ်ခုပါပဲ၊ ဒါပေမယ့် ဂုဏ်သတင်းက အရေးကြီးတယ်။

ဆန်းကြယ်နတ်ဘုရားအတတ်ကိုးခုက လီဖူချန်းကို မထိခင် ကြောက်စရာကောင်းတဲ့ဖိအားက ဦးတည်ဘက်တိုင်းမှ ဖျစ်ညစ်လာတယ်။

သာမန်လူတစ်ယောက်က ရေနက်ထဲသို့ ချက်ချင်းရောက်သွားပြီး ကြောက်စရာကောင်းတဲ့ရေဖိအားကို ခုခံနေရသလို ခံစားရတယ်။

ဒါပေမယ့် ဒီအကြိမ်မှာ ကျိုးလေ့ကို စိတ်ပျက်စေဖို့ ကံကြမ္မာက သတ်မှတ်ထားခဲ့တာပဲ။

သူ့ရန်သူက လီဖူချန်းဖြစ်နေလို့ပါပဲ။

လီဖူချန်းက ကျိုးလေ့ထက် ဆယ်ဆဒါမှမဟုတ်အဆဒါဇင်အနည်းငယ်သာ ပိုသန်မာရင် လီဖူချန်းက ဆန်းကြယ်နတ်ဘုရားအတတ်ကိုးခုရဲ့ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်နိုင်လိမ့်မှာမဟုတ်ပါဘူး။

ဒါပေမယ့် လီဖူချန်းက အဆမရေမတွက်များစွာ ပိုသန်မာတယ်။

သူတို့နှစ်ယောက်ကြားမှာ နှိုင်းယှဉ်စရာမရှိပါဘူး။

ပုရွက်ဆိတ်ကိုးကောင်က ဘာနည်းလမ်းပဲသုံးသုံး ဘီလူးတစ်ကောင်ကို အနိုင်ယူဖို့ မဖြစ်နိုင်ပါဘူး။

လီဖူချန်းက ထိုဘီလူးဖြစ်တယ်။

ဆန်းကြယ်နတ်ဘုရားအတတ်ကိုးခုရဲ့ပေါင်းစပ်တိုက်ခိုက်မှုကို ရင်ဆိုင်ရတဲ့အချိန်မှာ ဓားတစ်လက်က လီဖူချန်းရဲ့လက်ထဲမှာ ထွက်ပေါ်လာခဲ့တယ်။

ဒီဓားက အစစ်မဟုတ်ပါဘူး၊ အဲဒါက ဆန်းကြယ်နတ်ဘုရားစွမ်းအားနဲ့ သိပ်သည်းထားခဲ့တာပဲ။

တကယ်တော့ လီဖူချန်းက သရုပ်ပြနေရုံမျှပဲ။

သူက ကျိုးလေ့ကို တကယ်အနိုင်ယူချင်ရင် လှုပ်ရှားဖို့တောင် မလိုပါဘူး။ သူက သူ့ချီစွမ်းပကားကို ထုတ်လွှတ်ဖို့ပဲ လိုအပ်တာပါ။

ရှိနေတဲ့သူတွေထဲမှာ သူ့ရဲ့ချီစွမ်းပကားဖိနှ်ိပ်မှုကို ခုခံနိုင်တဲ့သူတွေ အများကြီးမရှိပါဘူး။

ဒါပေမယ့် လီဖူချန်းက သူ့ရဲ့အစစ်အမှန်ခွန်အားကို မထုတ်ပြချင်ပါဘူး။ သူ့အနေနဲ့ ခွန်အားအရိပ်အမြွက်တစ်ခုလောက်ထုတ်ပြရင်ပဲ လုံလောက်တယ်။

ဒါကြောင့် ဒီအချိန်မှာ သူက အလေးအနက်ထားနေတယ်လို့ လူတိုင်းကို သိစေရမှာပေါ့။

ဆန်းကြယ်နတ်ဘုရားစွမ်းအားဓားကို ဝှေ့ယမ်းရင်း လီဖူချန်းက ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုကို ကြုံရာထုတ်ဖော်ခဲ့တယ်။

ချက်ချင်းပဲ ဓားအလင်းလွှာတွေက ကြာပန်းတွေပမာ ဖူးပွင့်လာတယ်။ လီဖူချန်းကို ဗဟိုပြုလျက် သူတို့က ဦးတည်ဘက်တိုင်းကို ပျံ့နှံ့သွားတယ်။

ဝှစ် ဝှစ် ဝှစ် ဝှစ်.....

ဆန်းကြယ်နတ်ဘုရားအတတ်ကိုးခုက ချက်ချင်းပျက်ဆီးသွားပြီး ကျိုးလေ့ရဲ့ကိုယ်ပွားတွေကလဲ ပျက်ဆီးသွားခဲ့တယ်။

လီဖူချန်းရဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်က အလွန်အမင်းခမ်းနားထည်ဝါပေမယ့် ၎င်းပတ်သက်ပြီးထူးခြားတာ ဘာတစ်ခုမှ မရှိပါဘူး။

ဒါ‌ပေမယ့် ကျိုးလေ့က ဒါကို မရင်ဆိုင်နိုင်ပါဘူး။ သူက ဆန်းကြယ်နတ်ဘုရားတစ်ယောက်ကို ရင်ဆိုင်နေတာမဟုတ်ဘဲ ဘီလူးနတ်ဘုရားတစ်ယောက်နဲ့ ရင်ဆိုင်နေရသလို ခံစားရတယ်။

ကိုယ်ပွားတွေ ပျက်ဆီးပြီးနောက် ကျန်ရှိနေတဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားက အတူတကွစုဝေးလာပြီး ကျိုးလေ့ရဲ့ပင်မခန္ဓာကိုယ်က ဖွဲ့စည်းလာခဲ့တယ်။

"သူ ဘယ်လိုလုပ်ပြီး ဒီလောက်ထိသန်မာရတာလဲ"

ကျိုး‌လေ့က တိုက်ခိုက်ချင်စိတ်မရှိတော့ဘူး။ နှစ်ယောက်ကြားကွာဟချက်က ကြီးမားလွန်းပြီး သူ့အနေနဲ့ လီဖူချန်းကို အနိုင်ရဖို့ မဖြစ်နိုင်ပါဘူး။

***

All Chapters