သစ်ရွက်စိမ်းပိုင်နက်
Vol. 92 Ch. 1309
ပူဖောင်းအပြင်ဘက်က ပွက်လောရိုက်သွားတော့တယ်။
ကျိုးလေ့ကိုတောင် လီဖူချန်းက အနိုင်ယူခဲ့တာပဲ။
ဒီလီဖူချန်းက တကယ်ကို ပြောင်မြောက်လှပေတယ်။
အန်ဂူလက်ရဲ့အမူအရာက အလွန်ဆိုးရွားသွားတော့တယ်။ သူက လီဖူချန်းကို အထင်သေးခဲ့မိတယ်ဆိုတာကို ဝန်ခံရမှာပဲ။ လီဖူချန်းရဲ့ခွန်အားက သူမျှော်လင့်တာထက် ဆယ်ဆပိုသန်မာတာပဲ။
"သူ့မှာ အရည်အချင်းအချို့ရှိတာပဲ"
အန်ဂူလက်နောက်မှာ အနီရောင်ပုံရိပ်က လေးနက်တဲ့လေသံနဲ့ ပြောလိုက်တယ်။
အန်ဂူလက်က ပြန်လှည့်ကာ ပြောလိုက်တယ်"ပန်းပွင့်နီ၊ သစ်ရွက်စိမ်း၊ မင်းတို့ ယုံကြည်မှုရှိရဲ့လား"
ပန်းပွင့်နီနဲ့သစ်ရွက်စိမ်းတို့က သူ့လက်အောက်ရှိအသန်မာဆုံးဆန်းကြယ်နတ်ဘုရားဆရာသခင်တွေဖြစ်တယ်။ သူတို့က အနောက်ပိုင်းနယ်မြေဆန်းကြယ်နတ်ဘုရားဆရာသခင်စာရင်းရဲ့ဆန်းကြယ်နတ်ဘုရားဆရာသခင်တွေပါပဲ။
သူတို့ရဲ့ခွန်အားက ကျိုးလေ့ထက် နည်းနည်းပဲ ပိုသန်မာတာမဟုတ်ဘူး။
ဒါပေမယ့် လီဖူချန်းရဲ့ခွန်အားကို မြင်ပြီးနောက် သူက မသေချာတော့ပါဘူး။
သူက ဒီပြိုင်ပွဲကို ရှုံးရင် သုံးပွဲဆက်တိုက်ရှုံးသွားပါလိမ့်မယ်။ သူက လီဖူချန်းကို အဆင့်မြင့်နတ်ဘုရားကျောက်တုံးခုနှစ်ထောင်ထရီလီယံပေးရရုံသာမက ပို့စရာလူမရှိတော့တဲ့ကိုးရိုးကားယားအနေအထားတစ်ခုကို ရင်ဆိုင်ရလိမ့်မယ်။
ဒါက သူ မြင်ချင်တဲ့အရာတစ်ခုမဟုတ်ပါဘူး။
အနီရောင်ပုံရိပ်က ပြောလိုက်တယ်"ငါ ယုံကြည်မှုခုနှစ်ဆယ်ရာခိုင်နှုန်းပဲ ရှိတယ်"
"ငါက ယုံကြည်ချက်ရှစ်ဆယ်ရာခိုင်နှုန်းလောက်ရှိတယ်။ ကြိုသိထားရမှာကတော့ ဒါက သူ့ခွန်အားအပြည့်ဒါမှမဟုတ်အနည်းဆုံးသူ့ခွန်အားရဲ့ရှစ်ဆယ်ရာခိုင်နှုန်းပေါ့" အစိမ်းရောင်ပုံရိပ်က ပြောလိုက်တယ်။
"ခုနှစ်ဆယ်ရာခိုင်နှုန်း၊ ရှစ်ဆယ်ရာခိုင်နှုန်းလား"
အန်ဂူလက်က အတွေးနက်သွားတော့တယ်။
ယုံကြည်မှုက မနိမ့်ဘူးပဲ။
ဒါပေမယ့် တစ်ရာရာခိုင်နှုန်းကိုပဲ သူက ကြားချင်တာပါ။
ဒါပေမယ့် လက်ရှိမှာ မြားကို လေးပေါ် တင်လိုက်ပြီးဆိုမှတော့ ပစ်လွှတ်ရတော့မှာပေါ့။
"မင်းက ပန်းပွင့်နီနဲ့သစ်ရွက်စိမ်းကိုဆတာင် အနိုင်ယူနိုင်မယ်လို့တော့ ငါ မထင်ဘူး"
အန်ဂူလက်ရဲ့မျက်လုံးတွေက ရက်စက်မှုအလင်းတွေ လက်သွားပြီး သူက သစ်ရွက်စိမ်းကို ပြောလိုက်တယ်"သစ်ရွက်စိမ်း၊ မင်း သွား။ မှတ်ထားပါ၊ မင်း နိုင်လို့ပဲရမယ်၊ ရှုံးလို့မရဘူး" သူ့အဓိပ္ပါယ်က ရှင်းလင်းတယ်။ သူက ကြီးမားတဲ့တန်ဖိုးတစ်ခုပေးချေရရင်တောင် အနိုင်ရရပါမယ်။
"ကောင်းပါပြီ"
သစ်ရွက်စိမ်းက အသက်ရှုထုတ်လိုက်လေတယ်။
သူက ဖိအားအောက်ကို ကျရောက်နေတာပဲ။ ရှစ်ဆယ်ရာခိုင်နှုန်းယုံကြည်ချက်က မြင့်မားပုံရပေမယ့် အဲဒါက ပြိုင်ဘက်အပေါ်မှာ မူတည်တယ်။
သူက လီဖူချန်းကို လုံးဝနားမလည်ပါဘူး။
သူ နားမလည်တဲ့ရန်သူနဲ့ရင်ဆိုင်ရတဲ့အခါ ရှစ်ဆယ်ရာခိုင်နှုန်းက မမြင့်ပါဘူး၊ ဒါပေမယ့် မနိမ့်ပါဘူး။
"ငါ နောက်တစ်ပွဲအနိုင်ရရင် အဆင့်မြင့်နတ်ဘုရားကျောက်တုံးခုနှစ်ထောင်ထရီလီယံရမယ်ပေါ့"
လီဖူချန်းက ပြုံးလိုက်တယ်။
နတ်ဘုရားကျောက်တုံးတွေများလာတာကို မလိုချင်တဲ့သူ ဘယ်သူမှ မရှိပါဘူး၊ လီဖူချန်းလဲ ချွင်းချက်တစ်ခုမဟုတ်ပါဘူး။
ဒါ့အပြင် အဆင့်မြင့်နတ်ဘုရားကျောက်တုံးခုနှစ်ထောင်ထရီလီယံက သေးငယ်တဲ့ပမာဏတစ်ခုမဟုတ်ပါဘူး။ သူ့အနေနဲ့ အဆင့်နိမ့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်နှစ်ဆယ်ကျော်ကို ပေါင်းစပ်ဖို့ လုံလောက်တယ်။
အစိမ်းရောင်အရိပ်က လျှပ်တစ်ပြက်လက်သွားပြီး သစ်ရွက်စိမ်းက လီဖူချန်းအရှေ့ကို ရောက်ရှိလာခဲ့တယ်။
"မင်းက အရမ်းသန်မာတာပဲ" သစ်ရွက်စိမ်းက လီဖူချန်းကို ဂရုတစိုက်ကြည့်လိုက်တယ်၊ သူ လီဖူချန်းလက်ထဲကနေ တစ်ခုခုများ ရှာတွေ့မလားပေါ့။
လီဖူချန်းက ပြောလိုက်တယ်"မင်းလဲ အားမနည်းဘူးဆိုတာ ငါ မြင်နိုင်ပါတယ်"
သူ့ရဲ့စူးရှတဲ့အမြင်အာရုံနဲ့အတူ သစ်ရွက်စိမ်းရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ကျိုးလေ့ထက် အများကြီးပိုမြင့်တာပဲ။ သစ်ရွက်စိမ်းက အနည်းဆုံးအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအတတ်ဒါဇင်လောက်ကို ပေါင်းစပ်ထားမယ်လို့ သူက ခန့်မှန်းထားခဲ့တယ်။ သို့မဟုတ်ရင် သူ့ရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းနဲ့ခွန်အားက ဒီလောက်ထိမြင့်မှာမဟုတ်ဘူး။
ယေဘုယျပြောရရင် အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအဆင့်မှာ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်အနည်းငယ်ပေါင်းစပ်ထားခြင်းက အားကောင်းတဲ့အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်လို့ ဆိုနိုင်တယ်။
အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်တစ်ဆယ်နီးပါးနဲ့ပေါင်းစပ်ခြင်းက အလွန်ထိပ်တန်းဖြစ်တဲ့အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်လို့ ဆိုနိုင်တယ်။
ပြီးတော့ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအဆင့်ကို ရောက်တဲ့အခါ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်ဆယ်ခုနီးပါးနဲ့ ပေါင်းစပ်ထားခြင်းက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားပျမ်းမျှအဆင့်နီးပါးကို ရောက်ရှိနိုင်တယ်လို့ ဆိုလိုတယ်။
အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်ဒါဇင်လောကနဲ့ပေါင်းစပ်ထားခြင်းက သာလွန်အဆင့်လို့ ဆိုနိုင်တယ်။
အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုထက်ပိုပြီးပေါင်းစပ်ထားရင် အထွတ်အထိပ်အဆင့်ဖြစ်ပေလိမ့်မယ်။
အဆင့်နိမ့်နဲ့လယ်ဆင့်ဆန်းကြယ်နတ်ဘုရားအဆင့်တွေမှာ အဆင်ပြေသေးပေမယ့် အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအဆင့်မှာ ကွာဟချက်က စတင်တိုးလာတယ်။
ဒါက အဓိကအားဖြင့် အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတွေကို တတိယတန်းစားအဆင့်မြင့်ဆန်းကြယ်နတ်ဘုရား၊ ဒုတိယတန်းစားအဆင့်မြင့်ဆန်းကြယ်နတ်ဘုရား၊ ပထမတန်းစားအဆင့်မြင့်ဆန်းကြယ်နတ်ဘုရား၊ သာမန်ဆန်းကြယ်နတ်ဘုရားဆရာသခင်၊ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားဆရာသခင်နဲ့ အားကောင်းဆန်းကြယ်နတ်ဘုရားဆရာသခင်တွေဆိုပြီး ခွဲခြားထားလို့ပဲ။
နာမည်အတိုင်းပဲ၊ တတိယတန်းစားအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတွေက ခွန်အားတတိယအဆင့်ရှိတယ်။ သူတို့က အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်ဒါဇင်နဲ့အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအတတ်အနည်းငယ်ကိုသာ ပေါင်းစပ်ထားလိမ့်မယ်။
ဒုတိယတန်းစားအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတွေက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအတတ်ဆယ်ခုနီးပါးနဲ့ ပေါင်းစပ်ထားလိမ့်မယ်။
ပထမတန်းစားအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတွေက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအတတ်တစ်ဆယ်ကျော်နဲ့ ပေါင်းစပ်ထားလိမ့်မယ်။
ဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်ဖြစ်ဖို့ဆိုရင် တစ်စုံတစ်ယောက်က အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအတတ်တွေနဲ့ ပေါင်းစပ်ရပါမယ်။
သာမန်ဆန်းကြယ်နတ်ဘုရားဆရာသခင်တွေက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအတတ်အနည်းဆုံးတစ်ခုလောက်နဲ့ ပေါင်းစပ်ရမယ်။
အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားဆရာသခင်တွေက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအတတ်ငါးခုပတ်လည်ကို ပေါင်းစပ်ရမယ်။
အားကောင်းဆန်းကြယ်နတ်ဘုရားဆရာသခင်တွေက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအတတ်ဆယ်ခုနီးပါးနဲ့ ပေါင်းစပ်ရလိမ့်မယ်။
အားကောင်းဆန်းကြယ်နတ်ဘုရားဆရာသခင်အထက်ဆိုရင် သူတို့က အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအတတ်တစ်ဆယ်ကျော်နဲ့ ပေါင်းစပ်ရလိမ့်မယ်။
ဒီအဆင့်မှာ အဆင့်တွေကို ခွဲခြားဖို့ဆိုတာ မလွယ်ပါဘူး။ မင်းက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအတတ်တွေကို ပိုပေါင်းစပ်ပြီး အရည်အသွေးက ပိုမြင့်လေလေ၊ မင်းရဲ့ခွန်အားက ပိုသန်မာလေပဲ။ အကန့်အသတ်ဆိုတာ မရှိပါဘူး။
လီဖူချန်း ဒီလောက်အားကောင်းရတဲ့အကြောင်းရင်းကတော့ အခြေခံအုတ်မြစ်ကောင်းတစ်ခုရှိတာအပြင် အလွန်အမင်းမြင့်မားတဲ့ဓားတာအိုဥပဒေသအဆင့်တစ်ခုမှာ ရှိနေလို့ပဲ။
သူပေါင်းစပ်ထားတဲ့နတ်ဘုရားအတတ်တွေက လုံလုံလောက်လောက်အားကောင်းလွန်းတာကြောင့်ပဲ။
သူက ဆန်းကြယ်နတ်ဘုရားအတတ်တွေ ပေါင်းစပ်ခဲ့ရုံသာမက ပိုင်နက်နတ်ဘုရားအတတ်တွေကိုပါ ပေါင်းစပ်ထားတယ်။
"အားမနည်းဘူးရုံပဲလား" သစ်ရွက်စိမ်းက မျက်မှောင်ကြုတ်လိုက်ပြီး အားကောင်းတဲ့အသံနဲ့ ပြောလိုက်တယ်"ဘာပဲဖြစ်ဖြစ် ငါ မင်းကို အနိုင်ရမှာပဲ"
"ဖြစ်နိုင်ပါစေ။ ငါ မင်းကို အခွင့်အရေးတစ်ခုပေးပါမယ် ....."
လီဖူချန်းရဲ့အမူအရာက တည်ငြိမ်နေတော့တယ်။
"စိတ်ကြီးဝင်နေတာပဲ" သစ်ရွက်စိမ်းရဲ့ခန္ဓာကိုယ်က ရုတ်တရက်ပြန့်ကျဲသွားပြီး အဆုံးမဲ့အစိမ်းရောင်သစ်ရွက်စိမ်းတွေအဖြစ် ပြောင်းသွားကာ လေထဲမှာ တဖျပ်ဖျပ်ခတ်သွားတော့တယ်။
နောက်အခိုက်အတန့်မှာ အစိမ်းရောင်သစ်ရွက်တွေက မမြင်နိုင်တဲ့အားတစ်ခုရဲ့လွှမ်းမိုးမှုအောက်မှာ လီဖူချန်းဆီ ရိုက်ခတ်လာခဲ့တယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ အဲဒါက အဆုံးမဲ့အစိမ်းရောင်မုန်တိုင်းတစ်ခုနဲ့ဧရာမအစိမ်းရောင်နဂါးတစ်ကောင်နဲ့လဲ တူတယ်။
ပြီးပြည့်စုံခြင်းအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအတတ်- ဒေါသသစ်ရွက်နဂါး။
အာ။
လီဖူချန်းက အနည်းငယ်အံ့အားသင့်သွားတယ်။
သစ်ရွက်စိမ်းထုတ်ဖော်ခဲ့တဲ့ဒီအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအတတ်က အတော်လေးစိတ်ဝင်စားစရာပဲ။
နတ်ဘုရားခန္ဓာကိုယ်ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုနဲ့တိုက်ခိုက်ရေးဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုကို ပေါင်းစပ်ထားပုံပဲ။
နတ်ဘုရားခန္ဓာကိုယ်ဆန်းကြယ်နတ်ဘုရားအတတ်တွေက အသုံးပြုသူကို ထိခိုက်မှုများစွာခံနိုင်ရည်ရှိပြီး နတ်ဘုရားစွမ်းအားကုန်ဆုံးမှုကို သိသိသာသာလျော့ကျစေတယ်။
တိုက်ခိုက်ရေးဆန်းကြယ်နတ်ဘုရားအတတ်တွေက အသုံးပြုသူရဲ့နတ်ဘုရားစွမ်းအားကို အသုံးပြုကာ ပြိုင်ဘက်ရဲ့နတ်ဘုရားစွမ်းအားကို လျော့ကျစေတယ်။
နှစ်ခုပေါင်းစပ်ခြင်းက အားသားချက်နှစ်ခုပေါင်းစပ်ထားတာနဲ့ ညီမျှတယ်။
အသုံးပြုသူက ထိခိုက်မှုများစွာကို ခံနိုင်ရည်ရှိပြီး ပြိုင်ဘက်ကိုလဲ ဒဏ်ရာရစေနိုင်တယ်။ ခဲတစ်လုံးနဲ့ငှက်တစ်ကောင်ပစ်လိုက်သလိုပါပဲ။
ဒီအချိန်မှာ လီဖူချန်းနေရာမှာ အခြားတစ်ယောက်ဆိုရင် သစ်ရွက်စိမ်းနဲ့ခွန်အားတူညီတဲ့လူတစ်ယောက်ဆိုရင်ဒါမှမဟုတ်သစ်ရွက်စိမ်းထက်ခွန်အားအနည်းငယ်ပိုသန်မာတဲ့လူတစ်ယောက်ဆိုရင် ဆုံးရှုံးမှုတစ်ခုကို ခံစားရလိမ့်မယ်။
နတ်ဘုရားခန္ဓာကိုယ်နတ်ဘုရားအတတ်တွေက ရင်ဆိုင်ရတာ မလွယ်ပါဘူး။ ဖန်တီးခြင်းအခက်အခဲက သေချာပေါက် အလွန်အမင်းမြင့်မားတယ်။
သစ်ရွက်စိမ်းက လီဖူချန်းနဲ့ လာတွေ့တာ စိတ်မကောင်းစရာတစ်ခုပဲ။
ဆန်းကြယ်နတ်ဘုရားစွမ်းအားက ဓားတစ်လက်အဖြစ် သိပ်သည်းသွားခဲ့ပြီး လီဖူချန်းက သူ့ဓားကို ဝှေ့ယမ်းလိုက်တဲ့အခါ ဟင်းလင်းပြင်က မတည်မငြိမ်ဖြစ်လာခဲ့တယ်။
နောက်အခိုက်အတန့်မှာ ဧရာမအစိမ်းရောင်နဂါးရဲ့ကျောပေါ်မှ အဆုံးမဲ့ဓားအလင်းတွေကို ထုတ်လွှတ်နေတော့တယ်။
."
"မကောင်းတော့ဘူး"
ဧရာမအစိမ်းရောင်နဂါးပျောက်ကွယ်သွားတဲ့အချိန်မှာ သစ်ရွက်စိမ်းက လွင့်ထွက်သွားတော့တယ်။
လီဖူချန်းက ဓားတစ်ကွက်သာ အသုံးပြုခဲ့ပြီး သစ်ရွက်စိမ်းရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားက လျော့ကျသွားခဲ့တယ်။ ဒီတိုက်ခိုက်ရေးစွမ်းအားက တကယ်ကြောက်စရာကောင်းတယ်။
"ငါ ရွေးချယ်စရာမရှိတော့ဘူး၊ ငါ့ရဲ့ဝှက်ဖဲကို ထုတ်ဖော်ရတော့မှာပဲ"
ပျံသန်းနေရင်း သစ်ရွက်စိမ်းက သူ့ရဲ့လက်တွေနဲ့အတူ လေထဲမှာ စက်ဝိုင်းခြမ်းတစ်ခုကို ရေးဆွဲလိုက်တော့တယ်။
အဆုံးမဲ့အစိမ်းရောင်သစ်ရွက်တွေက သစ်ရွက်စိမ်းရဲ့ခန္ဓာကိုယ်မှ ပျံသန်းထွက်လာပြန်တယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ သစ်ရွက်စိမ်းက အစိမ်းရောင်သစ်ရွက်တွေအဖြစ် မပြောင်းလဲသွားခဲ့ပါဘူး။ ဒီအစိမ်းရောင်သစ်ရွက်တွေအားလုံးက သစ်ရွက်စိမ်းရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားမှ သိပ်သည်းလာခဲ့တာပဲ။
အစိမ်းရောင်သစ်ရွက်တွေရဲ့အရေအတွက်က လျင်မြန်စွာ တိုးလာပြီး အသက်ရှုချိန်အနည်းငယ်အတွင်း လူတိုင်းက သစ်ရွက်စိမ်းရဲ့ပုံရိပ်ကို မမြင်နိုင်တော့ပါဘူး။
သစ်ရွက်စိမ်းက ကြီးမားလာပြီး လီဖူချန်းကို ဝါးမျိုဖို့ ကြိုးစားခဲ့တယ်။
ပြိးပြည့်စုံခြင်းအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအတတ်-သစ်ရွက်စိမ်းပိုင်နက်။
ဟုတ်ပါတယ်၊ သစ်ရွက်စိမ်းရဲ့ဝှက်ဖဲက ပြီးပြည့်စုံခြင်းအဆင့်မြင့်ပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်ပါပဲ။
ပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်တွေက ဖန်တီးရတာ ခက်ခဲလွန်းတယ်။ တတိယတန်းစားအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်က သာမန်အဆင့်မြင့်ပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးခဲ့ရင် သူတို့က ဒုတိယတန်းစားအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ဖြစ်လာလိမ့်မယ်။ သူတို့က ပျမ်းမျှဒါမှမဟုတ်ထူးကဲအဆင့်မြင့်ပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးနိုင်ခဲ့ရင် သူတို့က ပထမတန်းစားအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ဖြစ်လာလိမ့်မယ်။
ဒါက တတိယတန်းစားအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်သာ ဖြစ်ပါသေးတယ်။ တတိယတန်းစားအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်နေရာမှာ ဒုတိယတန်းစားဒါမှမဟုတ်ပထမတန်းစားတစ်ယောက်ဆိုရင် သူတို့က အဆင့်မြင့်ပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးပြီးနောက် သူတို့ရဲ့ခွန်အားက ဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်နဲ့ ယှဉ်နိုင်ပါလိမ့်မယ်။
ဒါပေမယ့် ပုံမှန်အားဖြင့် ဒုတိယတန်းစားနဲ့တတိယတန်းစားအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတွေက အဆင့်မြင့်ပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်တွေကို ဖန်တီးနိုင်လိမ့်မှာမဟုတ်ပါဘူး။ သူတို့က အဆင့်မြင့်ပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်တွေကို ဖန်တီးနိုင်ရင် သူတို့က ဒုတိယတန်းစားနဲ့တတိယတန်းစားအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတွေဘယ်ဟုတ်တော့မလဲ။
အခြားဆန်းကြယ်နတ်ဘုရားဆရာသခင်တွေအတွက်ကတော့ သူတို့အားလုံးက ပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်တွေကို ဖန်တီးထားပေမယ့် အများစုက အလယ်ဆင့်ပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်တွေသာဖြစ်တယ်။ အနည်းစုကပဲ အဆင့်မြင့်ပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်တွေကို ဖန်တီးနိုင်တာပါ။
ဒါ့အပြင် သစ်ရွက်စိမ်းရဲ့အဆင့်မြင့်ပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်က ပြီးပြည့်စုံခြင်းအဆင့်မှာရှိပြီး သာမန်အဆင့်မြင့်ပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်တွေက မယှဉ်နိုင်ပါဘူး။
သစ်ရွက်စိမ်းပိုင်နက်က အလွန်အမင်းလျင်မြန်စွာ ကြီးမားလာပြီး လီဖူချန်းကို ဝါးမျိုတော့မယ့်အခိုက်မှာ။
"လီဖူချန်း"
မူရုံဖှေးဝူက ပူဖောင်းထဲကို စိုက်ကြည့်လိုက်ပြီး အတော်လေးစိုးရိမ်နေတော့တယ်။
ဓားအလင်းက ကခုန်သွားပြီး လီဖူချန်းက သူ့အကွက်ကို ထုတ်ဖော်ခဲ့တယ်။
ဝှစ် ဝှစ် ဝှစ် ဝှစ်......
ဓားအလင်းတိုင်းက ကြီးမားတဲ့အစိမ်းရောင်သစ်ရွက်အရေအတွက်တစ်ခုကို ပျက်သုဉ်းစေနိုင်တယ်။
ဒါပေမယ့် အစိမ်းရောင်သစ်ရွက်တွေက များလွန်းပြီး ဒီတစ်ခါမှာတော့ အစိမ်းရောင်သစ်ရွက်တွေက ပြန်ပေါက်ဖွားဖို့စွမ်းရည် ရှိနေခဲ့တယ်။ လီဖူချန်းဘယ်လောက်ပဲ ဖျက်ဆီးဖျက်ဆီး၊ သူတို့က တူညီတဲ့ပမာဏအတိုင်း ပြန်ပေါက်ဖွားနိုင်လိမ့်မယ်။
"အသက်ဥပဒေသလား"
သစ်ရွက်စိမ်းရဲ့အဓိကကျင့်ကြံခြင်းက သစ်သားတာအိုဥပဒေသမှန်း ရှင်းလင်းတယ်။
သစ်သားတာအိုဥပဒေသက သာမန်ဥပဒေသသာ ဖြစ်တယ်။
အသက်ဥပဒေသက ထိပ်တန်းအဆင့်ဥပဒေသဖြစ်တယ်။
ဒီသစ်ရွက်စိမ်းက သစ်ရွက်စိမ်းပိုင်နက်ကို သစ်သားဥပဒေသနဲ့အသက်ဥပဒေသကို ချိတ်ဆက်ဖို့ တံတားတစ်ခုအဖြစ် အသုံးပြုပြီး အသက်ဥပဒေသအဖြစ် တဖြည်းဖြည်းဆင့်ကဲပြောင်းလဲစေဖို့ စီစဉ်ထားတယ်။
ဒီနည်းလမ်းအားဖြင့် အသက်ဥပဒေသကို တိုက်ရိုက်ကျင့်ကြံတာထက် အများကြီးပိုရိုးရှင်းတယ်။
"အရှုံးကို ဝန်ခံစမ်း၊ မင်း ငါ့ရဲ့သစ်ရွက်စိမ်းပိုင်နက်ကို မချိုးဖြတ်နိုင်ပါဘူး " သစ်ရွက်စိမ်းရဲ့အသံက ပဲ့တင်ထပ်လာတယ်။
"တကယ်လား"
လီဖူချန်းက ပြုံးလိုက်တယ်။
သူက ဆန္ဒရှိရင် သူ့ခွန်အားကို အနည်းငယ်ပိုထုတ်ဖော်လိုက်ရုံနဲ့ တစ်ဖက်လူရဲ့သစ်ရွက်စိမ်းပိုင်နက်ကို ရိုးရိုးရှင်းရှင်းနဲ့ တိုက်ရိုက်ရိုက်နှက်နိုင်တယ်။
ဒါပေမယ့် လီဖူချန်းက ဒီလိုလုပ်ဖို့ အစီအစဉ်မရှိပါဘူး။
သူက သူ့ပြိုင်ဘက်ရဲ့ပိုက်နက်ကို ရိုးရိုးရှင်းရှင်းရိုက်နှက်ချင်ရင် သူ့ရန်သူထက် အနည်းဆုံးဆယ်ဆပိုသန်မာဖို့ လိုအပ်လိမ့်မယ်။ ဒါက ချဲ့ကားလွန်းပြီး ထင်ပေါ်လွန်းပါတယ်။
သစ်ရွက်စိမ်းပိုက်နက်က လီဖူချန်းကို ချက်ချင်းဝါးမျိုသွားခဲ့တယ်။
အနေအထားကို မြင်ပြီး သစ်ရွက်စိမ်းက စိတ်သက်သာရာရသွားတော့တယ်။
အန်ဂူလက်နဲ့ပန်းပွင့်နီတို့လဲ စိတ်သက်သာရာရသွားတော့တယ်။
သူတို့က သစ်ရွက်စိမ်းရဲ့သစ်ရွက်စိမ်းပိုင်နက်နဲ့ပတ်သက်ပြီး သိတယ်၊ တစ်ယောက်ယောက်က မကျရင်တော့ အဆင်ပြေပါတယ်။ တစ်ကြိမ်ကျသွားတာနဲ့ သူတို့ရဲ့ခွန်အားက သစ်ရွက်စိမ်းထက် ဆယ်ဆပိုမသန်မာရင် လွတ်မြောက်ဖို့ ခက်ခဲပါလိမ့်မယ်။
မူရုံဖှေးဝူရဲ့နှလုံးသားက တင်းကျပ်သွားတော့တယ်။
သစ်ရွက်စိမ်းပိုင်နက်ထဲသို့ ကျသွားတာက ဘာဆိုလိုလဲဆိုတာ သူမက ဘယ်လိုလုပ်မသိနိုင်ရမှာလဲ။
"လီဖူချန်းက ရှုံးတော့မယ့်ပုံပဲ"
"ဒါ ပုံမှန်ပါပဲ။ သစ်ရွက်စိမ်းပိုင်နက်က ပြီးပြည့်စုံခြင်းအဆင့်မြင့်ပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုလေ"
"လီဖူချန်းအနေနဲ့ သစ်ရွက်စိမ်းကို ဒီအတိုင်းအတာအထိ ဖိအားပေးနိုင်ဖို့ဆိုတာ မလွယ်ဘူး။ ငါ့အမြင်အရ သစ်ရွက်စိမ်းက ပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်ကို မထုတ်ဖော်ရင် သူက လီဖူချန်းအတွက် ပြိုင်ဘက်မဟုတ်လောက်ဘူး"
"ငါလဲ အဲလိုပဲ ထင်တယ်"
လူတိုင်းက ပြောဆိုနေကြပြီး လီဖူချန်းနဲ့ပတ်သက်ပြီး အကောင်းမြင်မနေပါဘူး။
ထိုအချိန်မှာ လီဖူချန်းရဲ့အသံက သစ်ရွက်စိမ်းပိုင်နက်မှ ပဲ့တင်ထပ်လာခဲ့တယ်။
"မင်းမှာ ပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုရှိသလို ငါ့မှာလဲ ရှိတယ်။ ပြီးတော့ သူတို့က မင်းဟာထက် ပိုကောင်းတယ်"
အဆုံးမဲ့အဆက်မပြတ်ကြီးထွားနေတဲ့သစ်ရွက်စိမ်းပိုင်နက်အထဲမှာ ကြောက်စရာကောင်းတဲ့ဓားဥပဒေသပြည့်နှက်နေတဲ့အာကာသတွင်းနက်တစ်ခုရှိတယ်။
နောက်အခိုက်အတန့်မှာ အဆုံးမဲ့သစ်ရွက်စိမ်းပိုင်နက်ကို အာကာသတွင်းနက်က ဝါးမျိုသွားခဲ့တယ်။ အတွင်းမှာပါဝင်တဲ့အသက်ဥပဒေသကတောင် ဝါးမျိုခံရပြီး ပြောင်းလဲသွားတော့တယ်။
အဆုံးစွန်းအဆင့်နိမ့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်- လိုဏ်ဂူတစ်ရာဓားပိုင်နက်။
ဒါပေမယ့် လီဖူချန်းက လိုဏ်ဂူတစ်ရာဓားပိုင်နက်စွမ်းအားရဲ့အရိပ်အယောင်တစ်ခုမျှပဲ ထုတ်လွှတ်ခဲ့တာပါ။ သူက လိုဏ်ဂူတစ်ရာဓားပိုင်နက်ကို ခွန်အားပြည့်မထုတ်ဖော်နိုင်ပါဘူး။ သူက အဲလိုလုပ်လိုက်ရင် ပူဖောင်းကို ဝါးမျိုပြီး မီးငှက်ပန်းခြံတစ်ခုလုံးတောင် ပျက်ဆီးသွားလိမ့်မယ်။
အခုရှိနေတဲ့လူတိုင်းက အသက်ရှင်ဖို့အခွင့်အရေးရှိမှာမဟုတ်ဘူး။
အနေအထားပြောင်းလဲမှုက မြန်ဆန်လွန်းပါတယ်။
"မဖြစ်နိုင်ဘူး"
သစ်ရွက်စိမ်းက သစ်ရွက်စိမ်းပိုင်နက်ကို ထပ်မံထုတ်ဖော်ခဲ့ပြီး အနေအထားကို ပြန်အဖတ်ဆယ်ဖို့ ကြိုးစားခဲ့တယ်။
"ပြီးသွားပြီ"
လီဖူချန်းရဲ့ဓားက သစ်ရွက်စိမ်းရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့ပြီး သစ်ရွက်စိမ်းရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားအရိပ်အယောင်တစ်ခုသာ ချန်ထားရစ်ခဲ့တော့တယ်။
***