မဟာမြေကြီး တော်ဝင်သားတော်
Vol. 32 Ch. 445
ကြယ်တာရာ အမြုတေ အဆင့်ခုနစ်တို့သာ ပိုင်ဆိုင်နိုင်သည့် လောကနယ်မြေကို ယခုလိုမျိုး ဆုတ်ယုတ်မှု ရာသီတွင်ပင် ဝေ့ဝူယင် အထင်သေးရဲခြင်း မရှိချေ။ ထို့ကြောင့်ပင် သူက အယ်ဗန်မျိုးနွယ် ပြန်လည် ရုတ်သိမ်းချိန် အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
လောကသခင်မှာ ပေါ့ပေါ့ဆဆဖြင့် လောကနယ်မြေကို ပြန်လည် ရုတ်သိမ်းခဲ့သည် ဆိုသော်လည်း ရန်သူ၏ အင်အားများ စီးဝင်နေသည်ကို သိသိချင်း လက်မောင်းတစ်ဖက်ကို ချက်ချင်း ဆုံးရှုံးခံခဲ့သည့် ဆုံးဖြတ်ချက်ကတော့ အတော်လေး လေးစားစရာ ကောင်းလွန်းလှသည်။ ထိုအယ်ဗန် မျိုးနွယ်က အလွန် ထူးခြားကြောင်း ဝေ့ဝူယင် ကိုယ်တိုင် ဝန်ခံမိ၏။
သို့သော်လည်း အမွေခံ အပြစ်သား တစ်ယောက်နှင့် ရင်ဆိုင်ရန် ဖြစ်လာခဲ့သည်ကတော့ သူ၏ တစ်သက်တာ ကံဆိုးမှု ဖြစ်ပေသည်။
တိုက်ပွဲပြီးဆုံးသည်မှာ တစ်မိနစ်မျှ ကြာမြင့်သွားပြီ ဖြစ်သည့်တိုင် အစစ်အမှန် ပျက်သုဥ်းခြင်း တစ်ခုလုံးမှာ တိတ်ဆိတ်နေဆဲ ဖြစ်သည်။ ကျောရိုးနှင့် တွဲဆက်ထားသည့် ဖြစ်သည့် သွေးသံ တရဲရဲ ဦးခေါင်းပြတ်ကို ကြည့်ရင်း အားလုံး၏ နှလုံးသားများမှာ အေးစက်နေခဲ့၏။
သူတို့အတွက် ပို၍ ကြောက်စရာ ကောင်းသည်က ခေါင်းမပါသည့် ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်များ ဖြစ်သည်။ အချိန်သခင်များပင် အလောင်းကောင်ကြီးက အလိုအလျောက် လှုပ်ရှားတိုက်ခိုက်နေသည်ကို သူတို့ တစ်သက်တာ၌ မမြင်ဖူးချေ။ ထိုအရာက ကလေးများ အတွက် တစ်သက်တာ စိတ်ဒဏ်ရာ ရစေနိုင်သည့် မြင်ကွင်းမျိုး ဖြစ်ပေသည်။
လူများ ငေးကြောင်နေကြစဥ်မှာပင် တိုက်ခိုက်ရေး စင်မြင့်မှာ တောက်ပလာကာ ကြယ်တာရာ အလင်းများမှာ မျက်စိကျိန်းလောက်အောင် ပေါက်ကွဲလာ၏။ ထို့နောက် ဝေ့ဝူယင်၏ ခန္ဓာကိုယ်က အလိုအလျောက်ပင် တဖြည်းဖြည်း လေပေါ်သို့ မြင့်တက်သွားသည်။
ဝမ်... ဝမ်...
တိုက်ခိုက်ရေး စင်မြင့်မှ အလင်းတန်းများမှာ ဝေ့ဝူယင်၏ ညာဘက်လက်တွင် စတင် စုစည်းလာကာ လေပွေငယ် တစ်ခု အသွင် ဖွဲ့စည်းလာ၏။ အလင်းတန်းများနှင့် အတူ လေစီးကြောင်းများမှာ တွန့်လိမ်ကာ ပေါက်ကွဲလာသည်။
အယ်ဗန်မျိုးနွယ်၏ ခေါင်းပြတ်နှင့် ခန္ဓာကိုယ်တို့ကတော့ အမည်မသိ စွမ်းအား တစ်ခု၏ ဆွဲယူမှုနှင့် အတူ ပျောက်ကွယ်သွား၏။ ၎င်းတို့က လေထုထဲတွင် တစ်ခုတည်း အဖြစ် ပြန်လည် ပေါင်းစည်းသွားကာ မည်သူမှ မတုန့်ပြန်နိုင်ခင်မှာပင် တောင်တန်းဆီ ပြန်လည် ဆင်းသက်သွားခဲ့လေသည်။ သို့သော်လည်း လောကသခင်မှာတော့ အမှန်တကယ် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဝမ်...
ကြယ်တာရာ အင်အားများမှာ ပိုမို တိုး၍ ထွက်ပေါ်လာကာ လေထဲတွင် ရပ်နေသည့် ဝေ့ဝူယင်ကို စက်ဝိုင်း သဏ္ဌာန် လှည့်ပတ်ကြလေ၏။ ထိုအရာက အလွန်လှပလှသည့် မြင်ကွင်းတစ်ခု ဖြစ်လေရာ အစစ်အမှန် ပျက်သုဥ်းခြင်း တစ်ခုလုံးမှာ အသံတစ်ချက်မျှ မထွက်နိုင်အောင် ငေးမောမိနေကြသည်။
ထူးဆန်းသော အလင်းရောင်များ၏ ဝန်းရံမှုနှင့် အတူ ဝေ့ဝူယင်၏ ဆံပင်များမှာ ကျပန်းပုံစံဖြင့် ကျစ်လိမ်သွား၏။ ထိုအခိုက်တွင်တွင် ထူးဆန်းသည့် ခံစားချက် တစ်မျိုး သူ့ ညာဘက်လက်မှ ထွက်ပေါ်လာသည်။
ဝေ့ဝူယင် ခေါင်းကို ငုံ့ကြည့်လိုက်ရာ လက်ခုံတွင် တတိယမြောက် တြိဂံပုံ အမှတ်အသား တစ်ခု ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည်။ ထို့နောက် ၎င်းက ဖြည်းညင်းစွာပင် အခြား တြိဂံနှစ်ခုနှင့် ပေါင်းစပ်သွားကာ ပြီးပြည့်စုံသည့် စက်ဝန်းတစ်ခု အသွင် ဖွဲ့စည်းသွားသည်။
ဝိညာဥ်အာရုံဖြင့် ဆန်းစစ်စရာပင် မလိုပဲ ထိုအမှတ်အသားထဲတွင် အလွန် သန့်စင် ထူးကဲသည့် မြေကြီး စွမ်းအင်များ ပါဝင်နေကြောင်း ဝေ့ဝူယင် အလိုအလျောက် ခံစားလိုက်ရသည်။
“ဒီအမှတ်အသားထဲမှာ ရည်ရွယ်ချက် တစ်ခု ရှိနေတယ်...”
သူက စက်ဝန်းပုံ သင်္ကေတလေးကို ကြည့်ရင်း မှတ်ချက်ချလိုက်၏။ ထိုရည်ရွယ်ချက်မှာ မြေကြီး အမျိုးအစားပင် ဖြစ်ကာ သူပိုင်ဆိုင်ထားသည့် အဆင့်မြင့် ပျက်သုဥ်းခြင်း မြေကြီး ရည်ရွယ်ချက်ထက်ပင် အဆပေါင်းများစွာ သာလွန်နေပေသည်။ နှိုင်းယှဥ်ရလျှင် ၎င်းက အကြွင်းမဲ့ သုည ရေခဲ ရည်ရွယ်ချက်နှင့် တန်းညီသည့် အဆင့်တစ်ခုတွင် ရှိနေပေသည်။
ဝေ့ဝူယင် အံ့အားသင့်နေစဥ်မှာပင် ရောင်စုံ အလင်းတန်းများမှာ အမှောင် တိမ်တိုက်များ အကြားမှ ပေါက်ကွဲ ထွက်ပေါ်လာကာ ဝေ့ဝူယင်၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွား၏။ ထို့နောက် မရေမတွက်နိုင်သော လူများ၏ အကြည့်များ၏ အကြည့်များ အောက်တွင်ပင် ဝေ့ဝူယင်၏ တည်ရှိမှု တစ်ခုလုံးမှာ လောင်မြိုက်နေသော အလင်းရောင်စဥ်များ အကြားတွင် အရည်ပျော်ကျသွားပုံ ပေါ်သည်။
မိန်းမငယ်လေးနှင့် လူအိုကြီးမှာ မတူကွဲပြားသော အမူအရာများနှင့် ထိုမြင်ကွင်းကို ကြည့်နေခဲ့ကြ၏။ မယုံကြည်နိုင်မှုများက မိန်းမငယ်လေး၏ မျက်နှာတစ်ခုလုံးကို ရေးခြယ်ထားသည်။ ဝေ့ဝူယင်မှာ လောကသခင် တစ်ပါးကို သူမ မျက်စိရှေ့တွင်ပင် ထိပ်တိုက် ရင်ဆိုင်ကာ မိနစ်ပိုင်း အတွင်း အနိုင်ယူခဲ့သည်။ အဘိုးဖြစ်သူ ဝင်ရောက် မစွက်ဖက်ဟူသော စကားကို ကြားသည်နှင့် သူမ တွေဝေသွားချိန်တွင် ဝေ့ဝူယင်ကတော့ စိန်ခေါ်မှုများကို ကိုယ်ပိုင်စွမ်းအားဖြင့် ကျော်လွှားခဲ့သည်။
အာကာသ ပဲ့တင်သံ အဆင့်ချင်း အတူတူ ဖြစ်သည့်တိုင် ဝေ့ဝူယင် ပြိုင်ဘက်အား မည်ကဲ့သို့ အနိုင်ယူခဲ့သည်ကို သူမ ယခုထိ နားမလည်နိုင်သေးချေ။
လူအိုကြီးမှာ ရီဝေဝေ မျက်လုံးများဖြင့် အမှောင် ကောင်းကင်တွင် ပေါက်ကွဲနေသည့် ရောင်စုံ အလင်းတန်းများကို ငေးမောကြည့် နေခဲ့၏။ အစွန်းလေးဖက် လောကနယ်မြေကို ရောက်ရှိပြီးနောက်တွင် ပထမဆုံး အကြိမ် အဖြစ် ထိတ်လန့် တုန်လှုပ်သည့် ခံစားချက်တစ်မျိုးက သူ၏ ရှုပ်ထွေးနေသည့် စိတ်များ အတွင်း တဖြည်းဖြည်း ပေါ်လာနေခဲ့ည်။ သို့သော်လည်း ထိုထိတ်လန့်တုန်လှုပ်မှုမှ တစ်ဆင့် ဒေသခံများ ရည်ညွှန်းကြသည့် တော်ဝင် အခမ်းအနားနှင့် နတ်ဘုရားတို့၏ နောက်ကွယ်မှ အမှန်တရား အပိုင်းအစ အချို့ကို သူ အတည်ပြုနိုင်ခဲ့သည်။
သေမျိုး အကန့်အသတ်ထက် ကျော်လွန်နေသည့် တည်ရှိမှု တစ်ခုမှာ အမှန်တကယ်ပင် ဤလောကနယ်မြေတွင် ဖြစ်ပျက်နေသည့် အရာများကို စောင့်ကြည့်နေခဲ့သည်။ သူက ဒေသခံများ ရည်ညွှန်းသလို နတ်ဘုရားတစ်ပါး မဟုတ်သည့်တိုင် အလွန် အစွမ်းထက်သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ပေသည်။
ဝေ့ဝူယင်၏ အနိုင်ရလဒ် အပေါ်တွင်တော့ သူ အထူးတလှယ် အံ့အားသင့်မိခြင်း မရှိပါချေ။ ထိုလူငယ်လေးမှာ “ရွေးချယ်ခံ” တစ်ယောက် ဖြစ်ရန် လုံလောက်တာထက် ပိုသည့် ပါရမီရှင် တစ်ယောက် ဖြစ်သည်။ လောကသခင်ကို သူ အနိုင်ရရှိမည်မှာ တိုက်ပွဲ မစတင်ခင်ကပင် ကြိုတင် သတ်မှတ်ထားပြီးသော ကံကြမ္မာ ဖြစ်သည်။
အကယ်၍ သူ မနိုင်ခဲ့ပါက မည်သူက နိုင်မည်နည်း။
တုံ... တုံ...
သန့်ရှင်းသည့် မောင်းတီးသံ တစ်ခု ထွက်ပေါ်လာ၏။ တစ်ချိန်တည်းတွင်ပင် ပျော်ရွှင်မှုများ စိမ့်ဝင်နေသည့် စီတ၏ အသံက လောကကြီးထံ ပျံ့လွင့်လာသည်။
“တော်ဝင် သားတော် ပေါ်ထွက်လာခဲ့ပြီ... ငါတို့ အတွက် မဟာမြေကြီး တော်ဝင် သားတော် ပေါ်ထွက်လာခဲ့ပြီ”
ထိုစကားလုံးများက ကြယ်တာရာ အမြုတေ အဆင့်ရှစ် ကျင့်ကြံခြင်း အခြေခံနှင့် အတူ ပတ်ဝန်းကျင် မိုင်သိန်းသန်းပေါင်းများစွာ အထိ ပျံ့လွင့်သွား၏။
ထို့နောက် စီတက ဒူးထောက်ချရင်း လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။ အပျော်မျက်ရည်များမှာ သူမ၏ မျက်ဝန်းများမှ အဆုံးမဲ့စွာ စီးကျနေသည်။
ဝတ်လုံဝတ် ပုဂ္ဂိုလ်များမှာလည်း အပျော်မျက်ရည်များနှင့် အတူ လိုက်လံ ဒူးထောက် လိုက်ကြသည်။ ဝေ့ဝူယင်၏ လက်ချက်ဖြင့် သူတို့ အဖွဲ့သား တစ်ယောက် သေဆုံးသွားခဲ့သည့်တိုင် ထိုအရာက အစစ်အမှန် ပျက်သုဥ်းခြင်း၏ ဘဝ တစ်သက်တာ ရည်ရွယ်ချက် ဖြစ်ပေသည်။
နတ်ဘုရား ပူဇော်ခြင်း တော်ဝင် အခမ်းအနားကို သူတို့ နှစ်ပေါင်း ထောင်ချီကြာအောင် ကျင်းပခဲ့သည်။ မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းခဲ့သည်။ သူတို့၏ ဘိုးဘေးပေါင်း များစွာမှာ ထိုတာဝန်ကို အောင်မြင်စွာ မထမ်းဆောင်နိုင်ခဲ့ပဲ ကျရှုံးခဲ့ရသည်။ သို့သော်လည်း ဤမျိုးဆက်တွင်တော့ သူတို့ တော်ဝင်သားတော် တစ်ယောက်ကို အောင်မြင်စွာ မွေးထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။
လွန်ခဲ့သည့် နှစ်များ အတွင်း လိုက်နာခဲ့သည့် အယူဝါဒများက ထိုက်တန်မှု ရှိ၊ မရှိ ပြန်လည် မေးခွန်းရင်း အလွန် ခက်ခဲသော အချိန်များပင် သူတို့ထံတွင် ရှိခဲ့သည်။
ဤတာဝန်ကို ဘယ်တော့မှ ကျေပွန်အောင် မထမ်းဆောင်နိုင်ပဲ ဟိုးယခင် ခေတ်အဆက်ဆက်က ဘိုးဘေးများလို မြေမှုန်မြေမွှားများ အဖြစ် သူတို့ဘဝများက အဆုံးသတ် သွားရမည်လော။ တာဝန်တစ်ခုကိုပင် ပြီးမြောက် အောင်မြင်နိုင်ဖို့ သူတို့က အရည်အချင်း မရှိကြသူတွေလော။
ပြိုင်ပွဲဝင်များ၏ လက်ချက်ဖြင့် အသက် ဆုံးရှုံးခံကာ တော်ဝင်ကလေးငယ်ကို မွေးထုတ်ပေးဖို့ သူတို့ ဆွေးနွေးခဲ့သည့် အချိန်များပင် ရှိခဲ့သည်။ သူတို့၏ ညီနောင် အချို့ဆိုလျှင် ထိုအစီအစဥ်ကို လက်တွေ့ အကောင်အထည် ဖော်ကာ အသက် ဆုံးရှုံးခံခဲ့ကြသည်။
သို့သော်လည်း မည်သည့် အသိအမှတ်ပြုမှုမှ ထွက်ပေါ် မလာခဲ့သလို မြင့်မြတ်သည့် ဆန်းကြယ်အရှင် တစီကို ဘယ်တော့မှ လှည့်စား၍ မရချေ။ ပတ်သက်ခဲ့သူများသာလျှင် တာဝန်အပေါ် မလေးစားမှုတို့ဖြင့် ပြင်းပြင်းထန်ထန် အပြစ်ပေးခြင်းကို ခံခဲ့ရသည်။
ထိုကဲ့သို့ စိတ်နှင့် ကိုယ် ထောင်းထောင်းကြေလောက်သည် အထိ မရေမတွက်နိုင်သည့် အခက်အခဲများကို ကြုံတွေ့ ရင်ဆိုင်ခဲ့ကြရလေရာ တော်ဝင်သားတော် အမှန်တကယ် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသော အခိုက်၌ မျက်ရည် မကျပဲ မနေနိုင်အောင် ဖြစ်ခဲ့ကြရသည်။
တစ်ချိန်တည်း၌... အစစ်အမှန် ပျက်သုဥ်းခြင်းရှိ သန်းပေါင်းများစွာသော မှီတင်းနေထိုင်သူများမှာ သူတို့ အလေးစားရဆုံး ပုဂ္ဂိုလ်ဖြစ်သည့် စီတထံမှ “တော်ဝင်သားတော် ထွက်ပေါ်လာပြီ” ဆိုသည့် စကားလုံးများကို ကြားလိုက်ရ၏။
ပထမ၌ သူတို့မှာ မိမိနားကို မယုံကြည်နိုင်အောင် ဖြစ်သွားကြကာ အတည်ပြုရန် ဘေးနားရှိ လူများကို လှည့်ကြည့်လိုက်ကြ၏။ တစ်ယောက် မျက်လုံးများထဲမှ အလင်းကို တစ်ယောက် ကြည့်ရင်း မကြာခင်မှာပင် သူတို့ မယုံကြည်နိုင်သည့် အရာက အမှန်တကယ် ဖြစ်ကြောင်း သူတို့ သဘောပေါက် သွားကြ၏။
တော်ဝင်သားတော် တစ်ပါးကား ထွက်ပေါ်လာခဲ့ချေပြီ ဖြစ်သည်။
“ဘုန်း...”
လူအုပ်ကြီးထံမှ အောင်ပွဲသံသည့် အသံများက ပေါက်ကွဲ ထွက်ပေါ်လာ၏။ ရောင်စုံ အလင်းတန်းများ ဝန်းရံနေသည့် ကောင်းကင်ရှိ ပုံရိပ်ကို ကြည့်ရင်း အဆုံးမဲ့ ပျော်ရွှင်မှုများက သူတို့၏ ရင်ထဲ တဖွားဖွား မွေးဖွားလာကြသည်။
ဘာသာတရား ကိုင်းရှိုင်းသူများ၊ အထူးသဖြင့် သက်ကြီးရွယ်အိုများ၏ မျက်ဝန်းများမှာ မျက်ရည်များဖြင့် ပြည့်ရွှမ်းနေ၏။ သူတို့၏ တစ်သက်တာ ဆုတောင်းများကား ပြည့်ဝ သွားခဲ့ပြီ ဖြစ်သည်။ တုန်ရီစွာဖြင့် သူတို့က ဒူးများကို ထောက်ချကာ ကောင်းကင်ကို ရှိခိုးရင်း ရှေးဟောင်း ကျမ်းစာများကို ရွတ်ဖတ်လိုက်ကြတော့သည်။
ထိုအရာက ဘာသာရေး ယုံကြည်မှု လွန်ကဲခြင်း၏ ပြရုဂ်များပင် ဖြစ်လေသည်။
လူအုပ်ကြား တစ်နေရာ၌ လက်ကျန်ဘဝကို ဖြတ်သန်းရန် ရက်ပေါင်း အနည်းငယ်သာ ကျန်ရှိတော့သည့် လူအိုကြီး တစ်ယောက် ရှိနေခဲ့၏။ သူက မြေးဖြစ်သူ၏ ကျောထက်၌ ပျော့ခွေစွာ ရှိနေကာ အားနည်းနေသည့် မျက်လုံးများဖြင့် ကောင်းကင်ရှိ အလင်းတန်းများကို ရီဝေဝေ လှမ်းကြည့်နေခဲ့သည်။
“အဘိုး... အဘိုး အိပ်မက်ထဲကဟာ ဖြစ်လာပြီဗျ...”
လူငယ်လေးက ကောင်းကင်ရှိ အလင်းတန်းကို လက်ညိုးထိုးရင်း ပျော်ရွှင်စွာ အော်ဟစ် ရယ်မောလိုက်၏။ သို့သော်လည်း လူအိုကြီးကတော့ တုန့်ပြန်ခြင်း မရှိချေ။
လူငယ်လေးမှာ ထိတ်လန့်သွားကာ သူ့ကျောထက်ရှိ ခန္ဓာကိုယ်ကို ခပ်ကြမ်းကြမ်း လှုပ်ယမ်းလိုက်သည်။
“အဘိုး... အဆင်ပြေရဲ့လား... ကျုပ် ကျောပေါ်မှာတော့ သေမသွားနဲ့နော်”
“အဟွတ်... အဟွတ်...”
အဘိုးအိုက ချောင်းဆိုးရင်း တုန်ရီနေသော လက်များဖြင့် လူငယ်လေး၏ ခေါင်းကို ဖျပ်ရိုက်လိုက်သည်။
“မင်း လုပ်ပုံနဲ့ ငါ တကယ်သေတော့မယ်”
***