နောက်တစ်ကြိမ် စလိုက်ကြတာပေါ့
Vol. 32 Ch. 447
မြေပြင်တွင် ဒူးထောက်ကာ ဓမ္မဟောင်း ကျမ်းစာများကို ရွတ်ဖတ်နေကြသည့် မရေမတွက်နိုင်သည့် လူများကို ဝေ့ဝူယင် ငုံ့ကြည့်လိုက်၏။ သူတို့၏ အောင်ပွဲခံမှုများ၊ စိတ်လှုပ်ရှားမှုများနှင့် မျှော်လင့်ချက်များက ကူးစက်လွယ်သည့် ဗိုင်းရပ်ပိုး တစ်ခုလိုပင်။ ဝေ့ဝူယင် ကိုယ်တိုင် ပင်လျှင် ရင်တဒိန်းဒိန်းခုန်ကာ စိတ်လှုပ်ရှား လာခဲ့မိ၏။
ထိုကဲ့သို့ ယုံကြည်ကိုးစားမှုမျိုးကို ဝေ့ဝူယင် မရရှိခဲ့ဖူးသည်တော့ မဟုတ်ချေ။ ထိုထက် ဆယ်ဆ ပိုမိုများပြားသည့် လူများထံမှပင် ရရှိခဲ့ဖူးသည်။ သို့သော်လည်း ဤတစ်ကြိမ်က လုံးဝ မတူညီပဲ နှစ်ပေါင်း ထောင်ချီ လက်ဆင့်ကမ်း လာခဲ့သည့် ဘာသာရေး ယုံကြည်မှုတစ်ဆင့် ပေါက်ဖွားလာသည့် ယုံကြည်ကိုးစားမှုမျိုး ဖြစ်သည်။
ဝေ့ဝူယင် ကိုယ့်ကိုယ်ကို စစ်ဆေးကြည့်လိုက်ရာ အနက်ရောင် ဝတ်စုံနေရာတွင် သန့်ရှင်း စင်ကြယ်သည့် အဖြူရောင် ဝတ်စုံတစ်ခု အစားထိုး နေရာယူနေသည်ကို တွေ့လိုက်ရ၏။ ၎င်းကို အလွန် နူးညံ့သည့် သတ္တုတစ်မျိုးဖြင့် ရက်လုပ်ထားဟန် ရကာ ဝတ်ဆင်ရသည်မှာ သက်တောင့်သက်သာ ရှိလှသည်။ အရောင်က သူ့အကြိုက် သိပ်မဟုတ်သည့်တိုင် ဘာပဲဖြစ်ဖြစ် မဆိုးဟု ဝေ့ဝူယင် တွေးလိုက်မိ၏။
သူ၏ ညာဘက်လက်ထဲတွင်တော့ သကြားရောင် တိုကင် တစ်ခု ရှိနေခဲ့၏။ ၎င်းက ခပ်ပါးပါး တြိဂံသဏ္ဌာန် ရှိကာ ထူးဆန်းသော သင်္ကေတများ၊ စကားလုံးများဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း သူ ထိုစကားလုံးများကို လုံးဝ နားမလည်ချေ။ ယင်းတို့က လုံးဝ ကွဲကြားခြားနားသည့် ဘာသာစကား တစ်ခု ဖြစ်နိုင်ပေသည်။ ထိုတိုကင်ကား ဒြပ်စင်တိုကင် ကိုးခုအနက် တစ်ခု ဖြစ်သည့် မြေကြီး ဒြပ်စင် ကောင်းကင် သင်္ကေတပင် ဖြစ်လေတော့သည်။
တြိဂံသုံးခု ပေါင်းစပ် ဖြစ်ပေါ်လာသော လက်ခုံပေါ်ရှိ စက်ဝိုင်း သင်္ကေတမှာတော့ ပျောက်ကွယ်ကာ ဒြပ်စင် တိုကင်နှင့် ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင် ဝိညာဥ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ မြေကြီး ရည်ရွယ်ချက်မှာ တိုကင်နှင့် အတူ တိုးပွားလာသည်ကို ခံစားလိုက်ရ၏။ ထိုအော်ရာက အလွန်အမင်း အစွမ်ထက်ကာ ဖော်ပြရန်ပင် ခက်ခဲလွန်းပေသည်။
“ကမ္ဘာဦး အမတေ...”
ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ ဒြပ်စင်ကင်ထဲရှိ ထိုစွမ်းအင်ကို ပမာဏ အနည်းငယ်မျှ စုပ်ယူကာ သန့်စင်ရုံဖြင့်ပင် သူ့ခန္ဓာကိုယ်ထဲတွင် ပြိုင်ဘက်ကင်းသည့် ရည်ရွယ်ချက် တစ်ခု မွေးဖွားလာကာ ကမ္ဘာဦး အမတေနှင့် အတူ မူလဒြပ်စင် ရည်ရွယ်ချက် တစ်ခု မွေးဖွားလာလိမ့်မည်ဟု သူ ခံစားရသည်။ ထိုအချက်က သူ့ကို အနည်းငယ် စိတ်ရှုပ်ထွေးစေ၏။
“မူလဒြပ်စင် ရည်ရွယ်ချက် မွေးဖွားပြီးသား လူတစ်ယောက် အတွက် ဘာလို့ ကမ္ဘာဦး အမတေကို လိုအပ်မှာလဲ...”
ဝေ့ဝူယင် တွေးလိုက်မိ၏။ သူသာလျှင် မက ပြိုင်ပွဲဝင်ခဲ့သည့် လူ ဆယ်ယောက်စလုံးမှာလည်း မူလ ဒြပ်စင် ရည်ရွယ်ချက်ကို မွေးဖွားထားပြီးသား လူများသာ ဖြစ်သည်။ ကမ္ဘာဦး အမတေ အမတေ မရှိလည်း သူတို့ ဘဝများက ဘာမှ ပြောင်းလဲသွားလိမ့်မည် မဟုတ်ချေ။ ဤသို့ဆိုလျှင် သူတို့က အဘယ်ကြောင့် ဒြက်စင်တိုကင် အတွက် အသက်နှင့် ရင်းကာ အသည်းအသန် တိုက်ခိုက်နေကြသနည်း။
ပဟေဠိဆန်သည့် ထိုလျှို့ဝှက်ဆန်းကြယ်မှုကို တစ်နေ့တွင် ရှာဖွေ ဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်ရင်း ဝေ့ဝူယင် အတွေးစများကို ဖြတ်တောက်လိုက်၏။ ဘာပဲဖြစ်ဖြစ်... ယခုတွင် သူ နတ်ဘုရား သင်္ကေတ တစ်ခုကို ပိုင်ဆိုင်ခဲ့ပြီ ဖြစ်သည်။ ဤသည်က သူ၏ ရည်ရွယ်ချက် အောင်မြင်ဖို့ အတွက် ပထမဆုံး ခြေလှမ်း ဖြစ်ပေလိမ့်မည်။
ဟူး... ဟူး...
ဝေ့ဝူယင် ကြယ်တာရာ အင်အားကို ဖော်ထုတ်ကာ လေစွမ်းအင်များကို စုစည်းရင်း အောက်သို့ တဖြည်းဖြည်း ဆင်းသက်လိုက်၏။ မကြာခင်မှာပင် လူထောင်သောင်းများစွာ၏ မျက်လုံးများရှေ့၌ သူ တောင်ထိပ်ပေါ်သို့ ပြန်လည် ရောက်ရှိလာသည်။ ဝတ်ဝုံဝတ် ပုဂ္ဂိုလ်များမှာ တစ်ယောက်ပြီး တစ်ယောက် သူတို့၏ ခေါင်းဆောင်းများကို ချွတ်လိုက်ကြ၏။
ပထမဆုံး အနေဖြင့် အသက်လတ်ပိုင်း အရွယ်ရှိမည့် အနက်ရောင် ဆံပင်ပိုင်ရှင် လူသား မျိုးနွယ် ယောက်ျားကြီးက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လက်နှက်ဖက်ကို ယှက်၍ ဦးညွှတ်လိုက်၏။
“ဟုရန်က တော်ဝင် သားတော်ကို နှုတ်ဆက်ပါတယ်...”
ဒူးမထောက်သည့်တိုင် ကြယ်တာရာ အမြုတေ အဆင့်ရှစ် ကျင့်ကြံခြင်း အခြေခံနှင့် အတူ ထိုအရာက အာကာသ ပဲ့တင်သံ အဆင့် တစ်ယောက် အပေါ် အလေးစားဆုံး ဂါရဝ ပြုလုပ်ခြင်းပင် ဖြစ်သည်။
“ပင်ကျီက တော်ဝင် သားတော်ကို နှုတ်ဆက်ပါတယ်...”
“ဟူရှုက တော်ဝင် သားတော်ကို နှုတ်ဆက်ပါတယ်...”
“ .... က တော်ဝင် သားတော်ကို နှုတ်ဆက်ပါတယ်...”
အခြား မဟာဘုရင်များမှာလည်း တစ်ယောက်ပြီး တစ်ယောက် ဝေ့ဝူယင်ကို မိတ်ဆက်လိုက်ကြ၏။ သူတို့ထဲတွင် ယောက်ျာ ခုနစ်ယောက် မိန်းမ သုံးယောက် ပါရှိကာ အားလုံးမှာ အသက်လတ် အရွယ်၊ လူငယ် အရွယ် ရှိကြပေသည်။ အိုမင်း ရင့်ရော်နေသူ ဆို၍ တစ်ယောက်ပင် မပါရှိချေ။ သူတို့ အားလုံးကား အစစ်အမှန် ပျက်သုဥ်းခြင်း နယ်မြေ ဒေသခံ အင်အားစုများ၏ အုပ်စိုးသူများပင် ဖြစ်လေသည်။
မီးခိုးရောင် သဲသောင်ပြင် အယ်ဗန် ကလန်ခေါင်းဆောင်ကြီးမှာတော့ အနည်းငယ် အိုးတိုးအမ်းတမ်း ဖြစ်နေကြ၏။ ထိုလူသားမျိုးနွယ် တော်ဝင် သားတော်ကို နှုတ်ဆက်သင့်၊ မသင့် သူတို့ ဝေခွဲ မရ ဖြစ်နေကြသည်။
ဝေ့ဝူယင်သည် အစွန်းလေးဖက် လောကနယ်မြေ အတွင်းရှိ မျိုးနွယ်စုများ အကြားမှ ပဋိပက္ခများကို သိရှိပြီး ဖြစ်ရာ ပြုံးရုံသာ ပြုံးလိုက်၏။ ဤနယ်မြေသားများနှင့် ခြားနားစွာပင် သူ့အတွက်တော့ လူသား၊ အယ်ဗန်၊ နတ်ဆိုး၊ ရှို့ရန် အားလုံးက အတူတူပင် ဖြစ်သည်။ သူတို့ အားလုံးမှာ ကျင့်ကြံသူများနှင့် သေမျိုးများသာ ဖြစ်သည်။ သူတို့ အကြားတွင် မည်သည့် ကွဲပြားမှုမှ မရှိချေ။
အားလုံး ငြိမ်သက်နေကြချိန်တွင် ကလန် ခေါင်းဆောင် အမျိုးသမီး တစ်ယောက်မှာ ရှေ့သို့ တိုးလာကာ မဟာဘုရင်များထက်ပင် ပိုမို လေးနက်စွာဖြင့် ဝေ့ဝူယင်ကို ဦးညွှတ်လိုက်၏။
“အိယင်က တော်ဝင် သားတော်ကို နှုတ်ဆက်ပါတယ်...”
အိယင်မှာ အတော်လေး လှပကာ အညိုရောင် ဆံပင်နှင့် ကြေးဝါရောင် အသားအရည်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်ကတော့ ရင်သပ် ရှုမောစရာ ကောင်းအောင်ပင် အရှိုက်အမောက်များနှင့် ပြီးပြည့်စုံ နေ၏။ ဝေ့ဝူယင် တံတွေးတစ်ချက် မြိုချရင်း သူမက အိကလန်၏ ခေါင်းဆောင် ဖြစ်ရမည်ဟု စိတ်ထဲမှ ကြိတ်ကာ မှတ်ချက်ချလိုက်၏။
အခြား ကလန် ခေါင်းဆောင်ကြီးမှာ အိယင်၏ ရည်ရွယ်ချက်ကို နားမလည်သည့်တိုင် လိုက်လံ ဂါရဝ ပြုလိုက်ကြ၏။ သို့သော်လည်း သူတို့၏ အမူအရာများက အိယင်လို သိပ်အလေးအနက် မရှိလှပဲ ဝတ်ကြေတန်းကြေသာ ဖြစ်ပေသည်။
နောက်ဆုံးတွင် စီတမှာ ဒူးထောက်နေရာမှ ထလာကာ ဝေ့ဝူယင် အနားသို့ ချည်းကပ်လာ၏။
“အစစ်အမှန် ပျက်သုဥ်းခြင်းကနေ ကြိုဆိုပါတယ် တော်ဝင်သားတော်... အဆင်ပြေမယ် ဆိုရင် ကျွန်မ...”
သူမ စကားမဆုံးခင်မှာပင် ဝေ့ဝူယင်က ကြားဖြတ်ကာ ပြောလိုက်၏။
“အင်း... ကောင်းသားပဲ... ကျုပ်ကို ဒီနားတစ်ဝိုက် လိုက်ပြကြည့်လေ...”
“ ... “
စီတမှာ အနည်းငယ် ကြောင်အအ ဖြစ်သွား၏။ သူမက အခြား တစ်ခုခုကို ပြုလုပ်ရန် အကြံပေးမလို့ ဖြစ်ပြီး တာဝန်ကို ကိုယ်တိုင် ထမ်းဆောင်ဖို့ အစီအစဥ် မရှိချေ။ သူမတွင် အခြား လုပ်စရာများလည်း ရှိပေသေးသည်။ သို့သော်လည်း ဝေ့ဝူယင်က စကားကို ဆုံးအောင်ပင် နားမထောင်ပဲ လိုက်ပြရန် စေခိုင်းခဲ့သည်။
“ဟို... ကျွန်မ...”
သူမ စကားပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် ဝေ့ဝူယင်က သူမကို နောက်မှ လိုက်လာရန် လက်ဝှေ့ယမ်း၍ အချက်ပြလိုက်၏။ ထို့နောက် သူက အစစ်အမှန် ပျက်သုဥ်းခြင်းကို ကိုယ့်အိမ်ကိုယ့်ရာ အလား သဘောထားရာ မဟာဘုင်နှင့် အယ်ဗန် ကလန်ခေါင်းဆောင်ကြီးများ၏ ရှေ့တွင်ပင် လမ်းလျှောက်ကာ ဘုရားကျောင်း တံခါဆီသို့ လမ်းလျှောက် သွားခဲ့၏။
“တော်ဝင်သားတော်... ကျွန်မရော လိုက်လို့ရမလား...”
အိယင်က ဝေ့ဝူယင်ကို လှမ်း၍ မေးမြန်လိုက်၏။ ဝေ့ဝူယင်က ပြုံးရင်း ဝိညာဥ်အာရုံဖြင့် ပြန်လည် တုန့်ပြန်ကာ ပြောဆိုလိုက်သည်။ အိယင်ကလည်း ပြန်လည် ပြောဆိုနေပုံ ရ၏။
စိတ်စွမ်းအင်ဖြင့် အပြန်အလှန် ဆက်သွယ်နေသည့် ထိုမြင်ကွင်းကို ကြည့်ရင်း စီတမှာ အနည်းငယ် ထူးဆန်းနေသလို ခံစားလိုက်ရ၏။ သူတို့၏ အမူအရာများက အမျိုးမျိုး ပြောင်းလဲနေကာ မကြာခင်မှာပင် အိယင်မှာ ဝေ့ဝူယင် နံဘေးသို့ လျှောက်သွားသည်ကို တွေ့မြင် လိုက်ရသည်။
စီတ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်ရင်း ဘုရားကျောင်း၏ အခြား အဖွဲ့ဝင်များကို ညွှန်ကြားစရာ ရှိသည်များ ညွှန်ကြားလိုက်၏။ ထို့နောက် သူမက လျှင်မြန်စွာပင် ဝေ့ဝူယင် နံဘေးသို့ လျှောက်လာကာ ထူးဆန်းသည့် လက်ဟန် တစ်ခုကို သုံး၍ တံခါးများကို ဖွင့်လိုက်သည်။ ထို့နောက် သူတို့ သုံးယောက်မှာ ဘုရားကျောင်း အတွင်း လမ်းလျှောက်ကာ ဝင်ရောက် သွားကြတော့၏။
ဝေ့ဝူယင်တို့ ပျောက်ကွယ်သွားသည်နှင့် ဘုရားကျောင်းမှာ ပြန်လည် ပိတ်သွားခဲ့သည်။ အစစ်အမှန် ပျက်သုဥ်းခြင်း တစ်ခုလုံးကတော့ တော်ဝင် သားတော် ပေါ်ထွက်လာမှု အပေါ် အောင်ပွဲခံ နေကြဆဲ ဖြစ်သည်။ တတိယမြောက် ဘုရားကျောင်း အောင်မြင်ကာ နောက်ထပ် တော်ဝင် သားတော် တစ်ပါး မွေးဖွားလာမှုနှင့် အတူ ကမ္ဘာလောကြီးကတော့ တဖြည်းဖြည်း စတင်ကာ ပြောင်းလဲ လာနေခဲ့လေသည်။
...
ရက်အနည်းငယ် ကြာမြင့်ပြီးနောက် ဝေ့ဝူယင်မှာ အယ်ဗန်မျိုးနွယ် မိန်းမလှလေးနှင့် မျက်မမြင် အလှပဂေးလေးတို့ကို ဝန်းရံကာ သိုးမွေး အိပ်ရာတစ်ခုထက်တွင် နိုးထလာခဲ့သည်။ သူတို့ နှစ်ယောက်စလုံးမှာ ကျင့်ကြံခြင်း အဆင့်အလွန်း အလွန် မြင့်မားကာ သန့်စင်မှုကို နှစ်ပေါင်းများစွာ ထိန်းသိမ်းခဲ့ကြသည့်တိုင်အောင် ယခုတွင်တော့ ဝေ့ဝူယင်၏ သိမ်းပိုက်မှုကို ခံလိုက်ရပြီ ဖြစ်သည်။ သူတို့က ဝေ့ဝူယင်၏ လက်မောင်း တစ်ဖက် တစ်ချက်ပေါ်၌ နက်ရှိုင်းစွာ အိပ်မောကျနေကြကာ လက်များ၊ ခြေထောက်များဖြင့် ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကို ကျစ်ကျစ်ပါအောင် ဖက်ထားကြ၏။
ဝေ့ဝူယင်မှာ အဖြစ်အပျက်များကို ပြန်လည် တွေးတောကာ ကျေနပ်နေခဲ့မိ၏။ ဂုဏ်သိက္ခာ အလွန် မြင့်မားကာ မရေမတွက်နိုင်သော လူများ၏ ကိုးကွယ်မှုကို ခံထားရသော အမျိုးသမီးများ၏ အတွင်းစိတ်တွင် ရိုင်းစိုင်းသည့် စိတ်ဆန္ဒများ ရှိနေလိမ့်မည်ဟု မည်သူက ထင်မိလိမ့်မည်နည်း။
ပို၍ အရေးကြီးသည်က သူတို့၏ ကျင့်ကြံခြင်း အခြေခံများ ဖြစ်ကြသည်။ ထိုအမျိုးသမီး နှစ်ယောက်စလုံးက လောကသခင်များ မဟုတ်ချေ။ ကြယ်တာရာ အမြုတေ အဆင့်ရှစ် အချိန်သခင်များ ဖြစ်ကြပေသည်။ အကယ်၍ အခြား အခြေအနေ တစ်ခုတွင် သူမတို့ကို သိမ်းပိုက်ရန် ကြံစည်ခဲ့ပါက ယခုအချိန် သူ အသက်နှင့်ကိုယ် အိုးစားကွဲနေလောက်ပြီ ဖြစ်သည်။
အာကာသ ပဲ့တင်သံ အဆင့်ဖြင့် အချိန်သခင် နှစ်ယောက်ကို တစ်ပြိုင်နက်တည်း သိမ်းပိုက်နိုင်ခဲ့ခြင်းက အလွန် ဂုဏ်ယူစရာကောင်းသည့် အောင်မြင်မှု ဖြစ်ကြောင်း ဝေ့ဝူယင် ခံစားနေရ၏။ ထို့အပြင် သူ စီတကို လိုက်စရာပင် မလိုအပ်ခဲ့ချေ။ ဘုရားကျောင်း၏ စည်းမျဥ်းများ အရ... ဤနေရာတွင် ရှိသမျှ အမျိုးသမီး အားလုံးက သူ့အပိုင် ဖြစ်သည်။
ထို့အပြင် သူမတို့ အားလုံးက အပျိုစင်များ ဖြစ်ကာ တော်ဝင်သားတော် ပေါ်ထွက်လာမည့် အချိန်ကို စောင့်ဆိုင်း၍ သူ့သွေးသားဖြင့် မျိုးဆက်သစ်တို့ မွေးဖွားကာ ကြီးကျယ် ခမ်းနားသော ကလန်အသစ် တစ်ခု ထူထောင်နိုင်ရန် အတွက် တာဝန်ရှိကြသူများ ဖြစ်သည်။
စီတ၏ အဆိုအရဆိုလျှင် တော်ဝင် သားတော်ဘွဲ့ကို ခံယူပြီးနောက်တွင် ခန္ဓာကိုယ်ထဲတွင် ရှိသည့် ယန်အမတေမှာ အကြီးအကျယ် အသွင်ပြောင်းလဲလိမ့်မည် ဖြစ်သည်။ ၎င်းက မျိုးဆက်များနှင့် လက်တွဲဖော်တို့ အပေါ်တွင်ပါ သက်ရောက်ကာ ကြီးမားသော အကျိုးကျေးဇူးများကို ယူဆောင်လာလိမ့်မည် ဖြစ်သည်။ ထို့ကြောင့်ပင် အိယင်မှာ ကျင့်ကြံခြင်း အဆင့် အလွန် နိမ့်ကျသည့် ဝေ့ဝူယင်ထံတွင် သူမ၏ မူလယင်ကို ကုန်ဆုံးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း... ဝေ့ဝူယင်ကတော့ သိသိသာသာ ကွာခြားမှုကို ခံစားရခြင်း မရှိပါချေ။
“ဝါး...”
ဝေ့ဝူယင် တွေးတောနေစဥ်မှာပင် သမ်းဝေသံ တစ်ခုနှင့် အတူ အိယင်မှာ နိုးထလာခဲ့၏။ သူမက ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ယမ်းလိုက်ရာ ကြီးမားသော ရင်သားများမှာ ဝေ့ဝူယင်ကို ပွတ်တိုက်သွားသည်။ နောက်တစ်ကြိမ် ပြန်လည် ထောင်မတ်လာလာချင်းမှာပင် ခန္ဓာကိုယ် အောက်ပိုင်းမှ နွေးထွေး စိုဆွတ်ကာ နူးညံ့သည့် အရသာကို ဝေ့ဝူယင် ခံစားလိုက်ရ၏။
မိန်းကလေးမှာ အတော်လေး တက်ကြွနေချေပြီ ဖြစ်သည်။ ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ ရီဝေ သွား၏။
“ကောင်းပြီလေ... နောက်တစ်ကြိမ် ထပ်စလိုက်ကြတာပေါ့...”
***