မပြောင်းလဲသော ကျင့်ကြံခြင်း လောက
Vol. 32 Ch. 448
တော်ဝင်သားတော် တစ်ယောက် မွေးဖွားလာခြင်းမှာ ပေါ့သေးသေး အဖြစ်အပျက် တစ်ခု မဟုတ်ချေ။ နောက်ဆုံး တော်ဝင်ကလေးငယ် နှစ်ယောက် မွေးဖွားသည့် အချိန်မှ စတင်၍ ရေတွက်လျှင် နှစ်ပေါင်း ထောင်ချီအောင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူတို့က တော်ဝင် ဒြပ်စင်မြေကို တည်ထောင်ခဲ့ကြသည်။ ဒြပ်စင် တော်ဝင်မြေသည် အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး၏ ဗဟိုနယ်မြေပင် ဖြစ်ကာ ဤမျိုးဆက်၏ အစွမ်း အထက်ဆုံး ကျင့်ကြံသူများ မှီခိုနေထိုင်ရာ နေရာလည်း ဖြစ်သည်။
အစွန်းလေးဖက် ကမ္ဘာ၏ သမိုင်းတွင် သေမျိုးတာအို၏ အထွတ်အထိပ်ကို ထိတွေ့ကာ ကိုယ်ပိုင် ကြယ်တာရာ အမြုတေကို ဖွဲ့စည်းနိုင်ခဲ့သူများပင် ရှိခဲ့သည်။ သို့သော်လည်း ထိုကျင့်ကြံသူအားလုံးမှာ တော်ဝင် ကလေးငယ်၏ သန့်ရှင်းသော သွေးမျိုးဆက်ကို ပိုင်ဆိုင်ကြသူများ ဖြစ်သည်။
ဝေ့ဝူယင်သည် အစစ်အမှန် ပျက်သုဥ်းခြင်း ဘုရားကျောင်း အတွင်းရှိ သန့်စင်သည့် အခန်းတစ်ခုထဲတွင် ထိုင်နေခဲ့၏။ သူ့အရှေ့တွင်တော့ ပုရပိုက် ဒါဇင်ပေါင်းများစွာ ပြန့်ကြဲနေသည့် စားပွဲကြီးတစ်လုံး ရှိနေခဲ့၏။ ထိုပုရပိုက် ကျမ်းစာများကို ဖတ်ရင်း ဝေ့ဝူယင်၏ မျက်မှောင်က သာ၍ ကြုတ်လာခဲ့၏။
အချိန်များစွာ ကြာမြင့်ပြီးနောက်တွင် ဝေ့ဝူယင်မှာ လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ကာ ခန္ဓာကိုယ်မှ ဖိအားများ ပြေလျော့သွားသည့် ခံစားချက်က တစ်မျိုးကို ရရှိလိုက်၏။ အိယင်၏ လှပသည့် ကြေးဝါရောင် မျက်နှာလေးက သူ၏ စားပွဲအောက်မှ ထွက်ပေါ်လာသည်။ သူမ၏ နှုတ်ခမ်းများက စိုစွတ်နေကာ ကြည့်ရုံဖြင့်ပင် ရင်ခုန် စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှသည်။
ဝေ့ဝူယင်မှာ တော်ဝင် သားတော် ဖြစ်လာခဲ့သည်မှာ ရှစ်ရက်တိုင်တိုင် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး အိယင် အပျိုစင် မဟုတ်တော့သည်မှာလည်း တစ်ပတ်ရှိခဲ့ချေပြီ ဖြစ်သည်။ ထိုရက်များ အတွင်း၌ အိယင်သည် ဝေ့ဝူယင်ထံမှ ယန်အမတေများကို ရနိုင်သမျှ နည်းလမ်းများဖြင့် များနိုင်သမျှ များအောင် စုဆောင်းနေခဲ့သည်။
ပြောရလျှင် ၎င်းတို့ကို သူမ သေချာစွာပင် ထုတ်ပိုးသိမ်းဆည်းထားပေသည်။ အနာဂတ်တွင် ထိုအရာများကို မျိုးနွယ်တူ အမျိုးသမီးများ အပေါ်တွင် အသုံးပြုဖို့ သူမ ရည်ရွယ်ထားပေသည်။ အကယ်၍ ဝေ့ဝူယင်သာ ထိုအကြောင်းကို သိပါက ဘာပြောလို့ ပြောရမှန်း မသိအောင် ဖြစ်သွာလိမ့်မည် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် သူက ကလေး မရနိုင်အောင် တားမြစ်သည့် ဆေးတစ်မျိုးအား သောက်ထားသောကြောင့်ပင် ဖြစ်သည်။ သူ ကိုယ်တိုင် ဖြေဆေး မသောက်မချင်း ယန်အမတေမှ အကျိုးသက်ရောက်မှုကို ကြယ်တာရာ သခင် တစ်ယောက်ပင် ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ချေ။
ဝေ့ဝူယင်မှာ အိပ်ရာထက်၌ အချိန်ကုန်ဆုံးရသည်ကို သဘောကျသည့် ယောက်ျားတစ်ယောက် ဖြစ်သည်။ အကယ်၍ တားဆေးသာ မသောက်ထားပါက သူ့မျိုးဆက်များကို တောင်းနှင့်ပင် လိုက်ကောက်ရပေလိမ့်မည် ဖြစ်သည်။ ကလေးများကို ပြုစုပျိုးထောင်ပေးဖို့ သူ့တွင် အချိန်မရှိသလို ကလေး တစ်ယောက်၏ အဖေဖြစ်ဖို့လည်း သူ အဆင်သင့် မဖြစ်သေးချေ။
စီတ၏ အဆိုအရဆိုလျှင် တော်ဝင် သွေးမျိုးဆက်က ကလေးတိုင်းကို လက်ဆင့်ကမ်းနိုင်သည်တော့ မဟုတ်ချေ။ မျိုးဆက် တစ်ခုတွင် အများဆုံး တစ်ယောက်သာလျှင် ပေါ်ထွက်တတ်သည်။ သို့သော်လည်း ထိုလက်ဆင့်ကမ်း ခံရသည့် ကလေးမှာ အမွေခံ တော်ဝင် ကလေးငယ် အဖြစ် ကြေညာခံရကာ တော်ဝင် သားတော်၏ အမွေကို ဆက်ခံနိုင်ကြသည်။
အိယင်၏ ရည်ရွယ်ချက်က ဝေ့ဝူယင်၏ မျိုးဆက်များကို သူ့ ကလန်အတွင်း ဖြန့်ကျက်ဖို့ ဖြစ်သည်။ ထို့နည်းဖြင့် အမွေခံ တော်ဝင် ကလေးငယ် တစ်ဦးကို ပိုင်ဆိုင်ဖို့ ရာခိုင်နှုန်းမှာလည်း များပြားလာလိမ့်မည် ဖြစ်သည်။
အိယင် ထွက်ခွာသွားပြီးသည့်နောက်တွင် ဝေ့ဝူယင်မှာ ပုရပိုက်များကို ဆက်လက် ဖတ်ရှုနေခဲ့၏။ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးပေါ်ရှိ အရာအားလုံးက သူ့အတွက် အလွန်ပင် အံ့သြမှင်သက်စရာ ကောင်းလှသည်။ သူတို့တွင် ကိုယ်ပိုင် ကျင့်ကြံခြင်း အဖွဲ့အစည်း၊ နည်းပညာ တိုးတက်မှု၊ နိုင်ငံရေး အယူအဆ၊ ပဋိပက္ခများ၊ စစ်ပွဲများနှင့် ဘာသာရေး ယုံကြည်ချက်များ ရှိပေသည်။ ၎င်းတို့ကို လေ့လာရင်း သူ အတော်လေး မျက်လုံးပွင့်ခဲ့ပေသည်။
အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးမှာ သမိုင်းကြောင်း စဥ်လာ ကြွယ်ဝကာ ကျင့်ကြံခြင်း လမ်းစဥ်တွင် သုံးလွှာ ကြယ်တာရာ နယ်မြေနှင့်ပင် နှိုင်းယှဥ်နိုင်လုနီးပါး ဖြစ်သည်။ သူတို့တွင် လျှို့ဝှက် အာဏာရှင် အဆင့် မရှိသည့်တိုင် သေမျိုးအဆင့်ကို ကျော်လွန်ခဲ့သည့် ပုဂ္ဂိုလ် အချို့တော့ ပေါ်ထွန်းခဲ့ဖူးပေသည်။ သူတို့က လျှို့ဝှက် အာဏာရှင် အဆင့်နှင့် ခြေတစ်လှမ်း အကွာအထိပင် ရောက်ရှိနိုင်ခဲ့ကြသည်။
သို့သော်လည်း သူတို့ အားလုံးက ယခုတွင်တော့ သေဆုံးသွားကြပြီ ဖြစ်သည်။
“သေမျိုးထက် ကျော်လွန်ခဲ့ အဆင့်... သုံးလွှာ ကြယ်တာရာ နယ်မြေမှာ ဒီလို ကျင့်ကြံခြင်း အဆင့် အကြောင်း မကြားဖူးပါဘူး... ကောင်းကင် ကပ်ဘေးကို မဖြတ်ကျော်နိုင်ပဲ ကျဆုံးသွားတဲ့လူတွေကို ခေါ်တာလား”
ထိုအရာက ဖြစ်နိုင်သည်ဟု ဝေ့ဝူယင် တွေးလိုက်မိ၏။ မည်သို့ပင် ဆိုစေ... ဤကုန်းမြေတိုက်ကြီးတွင် ထာဝရ ဧကရာဇ် မရှိချေ။
ဝေ့ဝူယင် ဆက်လက် တွေးတောနေစဥ်မှာပင် သူ့လက်စွပ်မှာ ဝိညာဥ်အလင်းဖြင့် တောက်ပလာခဲ့၏။ ဝိညာဥ်ရေး ဆက်သွယ်မှုတစ်ခုကို သူ လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။ အတွင်း၌ ပါဝင်နေသည့် အမှာစကားကို ဖတ်ပြီးနောက် သူ မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် သူက ဖြူရော်စွာ တစ်ချက် ပြုံးလိုက်လေသည်။
“လူမှု အဖွဲ့အစည်းနဲ့ ယဥ်ကျေးမှုတွေ ဘယ်လောက်ပဲ ကွဲပြားကွဲပြား ကျင့်ကြံခြင်း လောကက ကျင့်ကြံခြင်း လောက ဖြစ်နေတုန်းပါပဲလား”
ကံကောင်းထောက်မစွာပင် ကြုံတွေ့လာရနိုင်သည့် ကိစ္စရပ်များကို ကိုင်တွယ်ရန် အချက်အလက်များကို သူ ကြိုတင် စုဆောင်းထားခဲ့ပြီး ဖြစ်သည်။
ဤကုန်းမြေတိုက်ကြီး တစ်ခုလုံးတွင် ကြယ်တာရာသခင် သုံးယောက် ရှိသည်။ ပထမ နှစ်ယောက်က ဗဟိုနယ်မြေ၊ တော်ဝင်မျိုးနွယ်မှ ဖြစ်ကာ နောက်တစ်ယောက်ကတော့ ဘေးဥပဒ်ပင်လယ် ရေနေ အယ်ဗန်မျိုးနွယ်မှ ဖြစ်သည်။ သို့သော်လည်း အစီရင်ခံစားများ အဆိုအရ ဆိုလျှင် ကြယ်တာရာ သခင်များမှာ ကန့်သတ်ချက် များစွာကို ခံစားရသည်ဟု ဆိုသည်။
ဒေသခံများ အခေါ် နတ်ဘုရားများမှာ ကြယ်တာရာ သခင်များကို ခွန်အားများ အပြည့်အဝ အသုံးမပြုနိုင်အောင် တားမြစ်ချက် အမျိုးမျိုးဖြင့် ဖိနှိပ်ထားကြသည်။ ဆုတ်ယုတ်မှု ရာသီ အပြင်ဘက်တွင်ပင် ထိုဖိနှိပ်မှုများက ဆက်လက် တည်ရှိနေလိမ့်မည် ဖြစ်သည်။ ထိုအရာက သရဲအိုကြီး၏ လုပ်ဆောင်ချက် ဖြစ်ကြောင်း ဝေ့ဝူယင် ခန့်မှန်းမိပေသည်။ အကယ်၍ ကြယ်တာရာ သခင်များကိုသာ အပြည့်အဝ ခွန်အားများ ပေးသနားပါက ဤကုန်းမြေတိုက်ကြီး တစ်ခုလုံးမှာ စက္ကန့်ပိုင်း အတွင်း ပေါက်ကွဲသွားရလိမ့်မည် ဖြစ်သည်။
ထို့အပြင် အချိန်သခင်များမှာလည်း သူ ထင်သလောက် မများကြောင်း ဝေ့ဝူယင် စတင် သိရှိလာရသည်။ မဟာ ဘုရင်နှင့် အယ်ဗန်ခေါင်းဆောင် အားလုံးကလည်း အချိန်သခင်များ မဟုတ်ကြချေ။
ပျက်သုဥ်းခြင်း နယ်မြေကြီး တစ်ခုလုံးတွင် အိယင်၊ စီတနှင့် ဟုရန်ဟု ခေါ်သည့် မဟာဘုရင်တို့ သုံးယောက်သာလျှင် အချိန်သခင်များ ဖြစ်ကြသည်။ သို့သော်လည်း အိယင်မှာ မီးခိုးရောင် အယ်ဗန်မျိုးနွယ်ကြီး တစ်ခုလုံး၏ ခေါင်းဆောင်တော့ မဟုတ်ချေ။ သြဇာအာဏာ ရှိသည့် သာမန် ကလန်ခေါင်းဆောင် တစ်ယောက်သာ ဖြစ်ပေသည်။
လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ကလန်ခေါင်းဆောင်ကြီးများနှင့် မဟာ ဘုရင်များထံမှ ဆက်သွယ်မှုများကို ဝေ့ဝူယင် ရရှိခဲ့သည်။ ဝေ့ဝူယင် သူတို့၏ အကူအညီနှင့် အတူ အချက်အလက် အတော်များများကို ထပ်မံ စုဆောင်း နိုင်ခဲ့သည်။
စောစောက ဝင်ရောက်လာသည့် ဝိညာဥ်ဆက်သွယ်မှုမှာ ပင်းကျီဆိုသော အမျိုးသမီးထံမှ ဖြစ်သည်။ သူမက ဗဟိုနယ်မြေရှိ သူလျှိုများထံမှ ရရှိလာသည့် အချက်အလက်များကို ဝေ့ဝူယင်ထံ ပေးပို့လာခြင်းပင် ဖြစ်သည်။
ပင်းကျီ၏ အဆိုအရဆိုလျှင် ဗဟိုနယ်မြေရှိ ကလန်များစွာမှာ ဝေ့ဝူယင်ကို နည်းလမ်းပေါင်းစုံဖြင့် ချည်းကပ်ရန် ကြိုးစားနေကြသည်ဟု ဆိုသည်။ အချို့က လက်ထပ် ထိန်းမြားမှုနှင့် နှစ်လွှာ ဂဟေဆက်ဖို့ ပြင်ဆင် နေချိန်တွင် အချို့ကလည်း ယုတ်မာသော နည်းလမ်းများကို အသုံးပြုဖို့ ရည်ရွယ်ထားကြသည်။
သူတို့ အားလုံး လိုချင်သည်က ကောင်းကင် သင်္ကေတပင် ဖြစ်သည်။ ကောင်းကင် သင်္ကေတ... ရှေးဟောင်း ကျမ်းစာများ၏ အဆိုအရဆိုလျှင် ကောင်းကင် သင်္ကေတများမှာ ကျင့်ကြံခြင်း အတွက် အလွန် အသုံးဝင်သည့် ရတနာများ၊ ရင်းမြစ်များကို သိုမှီထားသည့် ရတနာသိုက်များပင် ဖြစ်သည်။ အချို့က ထိုအထဲတွင် သေမျိုး အကန့်အသတ်ကို ကျော်ဖြတ်နိုင်သည့် ရတနာ တစ်ခုပင် ပါဝင်နေသည်ဟု ဆိုကြသည်။ ထို့ကြောင့်ပင် ကြယ်တာရာ သခင်များပင် ကောင်းကင် သင်္ကေကို ရယူလိုကြသည်။
ဝေ့ဝူယင် မြေကြီး ဒြပ်စင် တိုကင်ကို ထုတ်ယူကာ လက်ဖြင့် ကစားလိုက်၏။ အပြုံးတစ်ခုကတော့ သူ့ နှုတ်ခမ်းထောင့်စွန်းတွင် နေရာယူနေသည်။
“ကြွယ်ဝမှုက ကပ်ဘေးတွေကို ဖိတ်ခေါ်နိုင်တယ်... ရတနာက စစ်ပွဲတစ်ခုကို ဖန်တီးနိုင်စွမ်း ရှိတယ်... ဒါပေမဲ့ ငါက ဒီလောက် ရင်းမြစ် သေးသေးလေးကို ဂရုမစိုက်ပါဘူး... ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ ဆိုတဲ့လူ သူ့အမွေခံ အတွက် ဘယ်လောက်ပဲ စုဆောင်းထား စုဆောင်းထား... အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်တွေကို ယှဥ်နိုင်မှာလား”
ဝေ့ဝူယင် ရယ်မောလိုက်ရင်း ဤအစွန်းလေးဖက် ကမ္ဘာကို အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်အောင် လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။
ပထမဆုံး အနေဖြင့် ဤအထဲတွင် ဝိညာဥ်ကျောက်စိမ်းပြာ ရှိမလား ကြည့်ရှု ရပေမည်။ အကယ်၍ ရှိခဲ့လျှင်တော့...။
***