← Chapters

အံ့ဖွယ်ဓားအကြီးအကဲဟာ ပြိုင်စံရှားဓားသမား

Vol. 5 Ch. 62

အံ့ဖွယ်ဓားအကြီးအကဲဟာ ပြိုင်စံရှားဓားသမား

Vol. 5 Ch. 62

“စီနီယာအစ်မလု… ကျုပ် ဓားစံအိမ်ကို ပြန်ရတော့မယ်”

ဟန်မူယဲ့ ရထားလုံးမှ ခုန်ဆင်းကာ အဝေးကို ပြေးလွှားသွားခဲ့သည်။ သူ့နောက်၌ သံမဏိနွားသိုးပုံရိပ်များ ပေါ်လာခဲ့၏။

“ဒါက ဓားစံအိမ်က ဓားထိန်းတစ်ယောက်လား”

လုချန်းဖျင်သည် ဟန်မူယဲ့ ထွက်သွားသည်ကိုကြည့်လျှက် အမူအရာများ ပြောင်းလဲသွားခဲ့သည်။

သူမသည် အသစ်ဝယ်လာသောဓားအား တင်းတင်းဆုပ်ကာ ရထားလုံးကို ရှေ့သို့ ဆက်လက်မောင်းနှင်သွားခဲ့သည်။

ထိုအခိုက်တွင် ကောင်းကင်တခွင်၌ အလင်းတန်းများ ပြည့်နှက်နေ၏။ ဓားအလင်းသည် နတ်ဘုံနတ်နန်းအလား လှပခန်းနားစွာ လှည့်ပတ်နေကြ၏။

…

ဟန်မူယဲ့ ဓားစံအိမ်သို့ ရောက်သွားသောအခါ ဓားစံအိမ်အကြီးအကဲသည် ကျောက်တုံးလှေကားထစ်ပေါ်တွင် ရပ်နေပြီးဖြစ်သည်။

သူ့နောက်တွင် ဟွမ်လောင်လျှိုက တောင်းပန်ဟန်ဖြင့် ကြည့်သည်။

သူ့နောက်တွင် နောက်ထပ် နှစ်ယောက် ရှိနေသည်။

‘လုကော… လေ့ကျင့်ရေးမှူးလင်း…’

ဟန်မူယဲ့သည် ဓားစံအိမ်အကြီးအကဲထံသို့ လျှောက်သွားကာ ဦးညွှတ်လိုက်သည်။

အကြီးအကဲက မည်သည့်စကားမှ မဆိုဘဲ လက်ဝှေ့ယမ်းသည်။

ဟန်မူယဲ့ကလည်း ခါးပြန်မတ်ကာ ဟွမ်လောင်လျှို၏ဘေးသို့ လျှောက်သွားလိုက်၏။ ထို့နောက် သူက လေ့ကျင့်ရေးမှူးလင်းအား ကြည့်သည်။

လင်းရှန်က သူ့အား ပြုံးပြသည်။

တောင်ကုန်းလမ်းလေးအတိုင်း အနီရောင်ဝတ်ဂိုဏ်းသားတစ်စုသည် ဓားများဖြင့် ရောက်လာကြပြီး ဖြစ်သည်။

“တိုက်ခိုက်ရေးခန်းဆောင် စီမံခန့်ခွဲရေးမှူး ရှားယန်က ဓားများကို ဓားစံအိမ်သို့ ပို့ဆောင်ပါတယ်”

ဓားစံအိမ်၏ကျောက်တုံးလှေကားထစ်ရှေ့တွင် အသက်ငါးဆယ်အရွယ်အဖိုးအိုက ဓားတစ်လက်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ အော်ဟစ်လိုက်သည်။

သူ့နောက်တွင် လူတိုင်းက ဓားများကို လက်နှစ်ဖက်စီဖြင့် ကိုင်လျှက် ရပ်နေကြပြီး သူတို့ထံမှ အားကောင်းသော တိုက်ခိုက်လိုသော အငွေ့အသက်များ ထွက်ပေါ်နေ၏။

ဟွမ်လောင်လျှိုက ရှေ့ကို တက်သွားကာ ရှားယန်၏လက်မှ ဓားကို ယူလိုက်ကာ ဓားစံအိမ်အကြီးအကဲထံသို့ ကမ်းပေးလိုက်သည်။

အကြီးအကဲက ဓားကို ဓားအိမ်မှ ထုတ်ကြည့်လိုက်ပြီး ပြောသည်။

“ဓားစံအိမ်က ဝိညာဉ်အဆင့်ဓားတစ်လက်ကို လက်ခံရရှိတယ်။ ဓားကို ဒုတိယထပ်သို့ ပို့လိုက်ပါ”

ဟွမ်လောင်လျှိုသည် ဓားကို လှမ်းယူလိုက်၏။ ဟန်မူယဲ့က သူ့အား ကြည့်ကာ ဓားကို လှမ်းယူရန် ပြင်သည်။

ဟွမ်လောင်လျှိုက သူ့အား ကြည့်ကာ ခေါင်းယမ်းလျှက် တီးတိုးပြောသည်။

“ငါ လုပ်လိုက်မယ်”

ထို့နောက် သူသည် ဓားစံအိမ်ထဲသို့ ဝင်ကာ ဒုတိယထပ်သို့ တက်သွား၏။

မကြာမီ ဟွမ်လောင်လျှိုသည် အပေါ်ထပ်မှ ပြာနှမ်းသော မျက်နှာဖြင့် ဆင်းလာ၏။

“တိုက်ခိုက်ရေးခန်းဆောင်က တိုက်ပွဲမှာ ဓားခြောက်လက်ကို ရရှိခဲ့ပြီး ဓားစံအိမ်သို့ ပို့ဆောင်ပါတယ်”

ဝိညာဉ်အဆင့်ဓားကို ဓားစံအိမ်သို့ ပို့ဆောင်ပြီးနောက် ရှားယန်က ထပ်ပြောသည်။

သူ့နောက်တွင် အနီရောင်ဝတ် တပည့်တချို့က ဓားများကို ကိုင်ကာ ရှေ့ကို တက်လာကြ၏။

သည်တစ်ကြိမ်တွင် ဓားစံအိမ်အကြီးအကဲက လက်ဝှေ့ယမ်းကာ တည်ငြိမ်စွာ ပြောသည်။

“ဓားတွေကို သွားသိမ်းလိုက်…”

ထို့နောက် သူက ရှားယန်ကို ကြည့်ကာ ပြောသည်။

“ဂျူနီယာညီလေးရှား… ဧည့်အကြီးအကဲ ဝမ်ကျင့်ရဲ့ ကျင့်ကြံဆင့်က ဘယ်လိုလဲ။ တိုက်ပွဲမှာ သူ ဒဏ်ရာရသေးလား”

ဟန်မူယဲ့နှင့် ဟွမ်လောင်လျှိုတို့က ဓားများကို ဓားစံအိမ်ထဲ၌ သွားသိမ်းဆည်းပြီးနောက်တွင် သူတို့သည် ဓားစံအိမ်အကြီးအကဲနှင့် ရှားယန်တို့ စကားပြောသည်ကို နားထောင်ကြ၏။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ကမ္ဘာမြေအဆင့် ၁၅ ယောက်သည် ချင်သုံးပါးဓားဂိုဏ်းကို တိုက်ခိုက်ခဲ့ကာ ရန်သူ၏တိုက်ခိုက်ရေးစိတ်ဓာတ်အား ရိုက်ချိုးခဲ့ကြ၏။

လက်ရှိတွင် ချင်သုံးပါးဓားဂိုဏ်းအား ပိတ်ဆို့တိုက်ခိုက်နေဆဲဖြစ်သော်လည်း မကြာခင် အပြီးသတ်ခြေမှုန်းနိုင်တော့မည် ဖြစ်သည်။

ဤသည်ကပင် အင်အားကြီးဂိုဏ်းတစ်ဂိုဏ်းအနေဖြင့် စစ်မှန်သော အင်အားကို ပြသနည်းတစ်ခုလည်း ဖြစ်ပေသည်။

တောင်ထွတ်များကို ဖျက်ဆီးခြင်းဖြင့်သာ တိုက်ပွဲ၏စိတ်ခွန်အားများကို မြှင့်တင်နိုင်သည်။

ဟန်မူယဲ့ တတိယမြောက်ဓားကို သိမ်းဆည်းပြီးသောအခါ အနီရောင်ဝတ်တပည့်တစ်ဦးက ပြုံးလျှက် ဟန်မူယဲ့အား ဓားတစ်လက် ကမ်းပေးသည်။

စွန်းတယုံ…

နောက်ဆုံးအကြိမ်က သူသည် ဟန်မူယဲ့ထံ၌ ဓားလက်ခံရန် ရောက်လာကာ ညွှန်ကြားပြသမှုခံယူရန် ဝိညာဉ်ကျောက်တုံး ၁၀တုံး သုံးစွဲခဲ့သူ ဖြစ်သည်။

ထို့နောက်တွင် ဟန်မူယဲ့သည် သူတို့နှင့်ပင် သေရည်သွားသောက်ကာ မော့ယွမ်ထံ၌ အကူအညီတောင်းရန် မှာကြားခဲ့၏။

သည်တစ်ကြိမ် ချင်သုံးပါးဓားဂိုဏ်းမှ အကြီးအကဲမှာ မော့ယွမ်၏သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

မော့ယွမ်၏ ဧည့်အကြီးအကဲ ဂုဏ်ပုဒ်အတွက်ကား ဟန်မူယဲ့ မထူးဆန်းပါ။

ကမ္ဘာမြေအဆင့်တစ်ဦးကို သတ်ဖြတ်နိုင်စွမ်းရှိပါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ဧည့်အကြီးအကဲဖြစ်လာခြင်းအပေါ် အံ့အားသင့်စရာတော့ မရှိချေ။

ဓားများအားလုံးကို ဓားစံအိမ်သို့ ပို့ဆောင်ပြီးသောအခါ ဟန်မူယဲ့သည် တံခါးဝထံသို့ လျှောက်ကာ စွန်းတယုံကို အကြည့်တစ်ချက်ဖြင့် အချက်ပြလျှက် ဘေးနားသို့ လျှောက်လာကြသည်။

“စီနီယာအစ်ကိုဟန်… အဲဒီအံ့ဖွယ်ဓားအကြီးအကဲက တကယ်… တကယ်ပဲ…”

စွန်းတယုံက လက်မထောင်ပြသည်။

“သူက တကယ်ပဲ ပြိုင်စံရှားဓားသမားပဲ”

စွန်းတယုံက လက်ဆန့်တန်းကာ လေထဲတွင် အကြိမ်အနည်းငယ် ဝှေ့ယမ်းလိုက်၏။ သူ၏မျက်နှာက နီမြန်းကာ မျက်လုံးများ စူးရှနေသည်။

“ကျုပ်တို့အားလုံး ခေါင်းမော့နိုင်စွမ်းမရှိအောင် ဓားထုတ်ပြီး ဖိနှိပ်ခဲ့တဲ့ ချင်သုံးပါးဓားဂိုဏ်းရဲ့ အကြီးအကဲဟာ အံ့ဖွယ်ဓားအကြီးအကဲဆီမှာ ဓားတစ်ချက်တည်းနဲ့ ရှုံးနိမ့်သွားတယ်”

“ဘယ်လောက် အံ့အားသင့်ဖို့ကောင်းလိုက်သလဲ”

အတန်ကြာ စောင့်ဆိုင်းလိုက်ပြီးနောက် ဟန်မူယဲ့က သူ့အား ကြည့်နေဆဲဖြစ်သည်ကိုမြင်လျှင် စွန်းတယုံက ခြောင်းတစ်ချက်ဟန့်ကာ ဆက်ပြောသည်။

“ဘယ်လိုပြောပြော သူက တကယ်စွမ်းတယ်။ သူ ဒီလောက်စွမ်းအားကြီးတာ အခုမှ သိခဲ့ရတယ်”

‘ကောင်းပြီ’

ဟန်မူယဲ့ ပြုံးလိုက်ကာ စွန်းတယုံ၏ပုခုံးကို ပုတ်လျှက် ပြောသည်။

“ဒီလိုတာဝန်မျိုးဆိုတာ အန္တရာယ်များတယ်။ နောက်ပိုင်း မင်း တိုက်ပွဲတွေ သွားရင် နောက်မှာသာနေ…”

“ဘယ်လိုလုပ်…”

စွန်းတယုံက ငြင်းမည် ပြုလိုက်စဉ် ဟန်မူယဲ့၏အမူအရာကို မြင်ကာ ခေါင်းကုပ်သည်။

“ဟုတ်ပြီ… ဟုတ်ပြီ… အစ်ကိုဟန်ပြောတာ မှန်တယ်။ နောက်ပိုင်း ကျုပ် နောက်မှာပဲ နေတော့မယ်”

တခြားတစ်ဖက်တွင် ရှားယန်သည် ဓားစံအိမ်အကြီးအကဲအား နှုတ်ဆက်ကာ ထွက်သွားတော့မည့်ဟန်ရှိနေသည်။

စွန်းတယုံက ရှေ့တစ်လှမ်းတိုးကာ ဟန်မူယဲ့အား မေးသည်။

“အစ်ကိုဟန်… ခင်ဗျား တစ်ခုခု လိုချင်တာမျိုးရှိလား”

‘ငါ ဘာလိုလို့လဲ’

‘ဘာသဘောလဲ’

ဟန်မူယဲ့ နားမလည်သည်ကိုကြည့်ကာ စွန်းတယုံ အသံနှိမ့်လျှက် ပြောသည်။

“စီနီယာအစ်ကိုကျန်းဟန်နဲ့ အတွင်းစည်းဂိုဏ်းက စီနီယာကျောက်တို့က ကျုပ်ကို ဓားပို့ဆောင်ခိုင်းတဲ့ကိစ္စအပြင် စီနီယာအစ်ကိုဟန်မှာ တခြားလိုအပ်တာတွေရှိရင် ပြောဖို့ သေချာမှာလိုက်တယ်”

သူက အနီးအနားကို တစ်ချက်ကြည့်ကာ တီးတိုးပြောသည်။

“ချင်သုံးပါးဓားဂိုဏ်းကို တိုက်ခိုက်ရာမှာ ပစ္စည်းကောင်းတွေ အတော်လေး ရကြတယ်”

ဟန်မူယဲ့ ခေါင်းညိတ်သည်။

အမှန်တကယ်လည်း ဂိုဏ်းတစ်ခုကို ဖြိုခွင်းခြင်းက ရရှိသော အကျိုးအမြတ်များမှာ ကြီးမားလှသည်။

သူက အတန်ကြာ တွေးတောပြီးနောက် အသံနှိမ့်လျှက် ပြောသည်။

“တကယ်လို့ သက်တန်းကို တိုးစေတဲ့ဆေးပင်ဆေးမြစ်မျိုးတွေ့ရင် ငါ့အတွက် သိမ်းထားပေးပါ”

ထို့နောက်တွင် သူက ပြုံးလျှက်ပြောသည်။

“စိတ်မပူနဲ့… ငါက အလကား မယူပါဘူး”

“ဘယ်လိုလုပ်…”

စွန်းတယုံက ထပ်ပြောလိုသော်လည်း သူ့အထက်လူကြီးမှာ ထွက်သွားရန် ပြင်နေပြီ ဖြစ်သည်။

ဟန်မူယဲ့က စွန်းတယုံ၏ပုခုံးကို ပုတ်ကာ လေးနက်စွာ ပြောသည်။

“သတိထားပါ…”

စွန်းတယုံ လေးနက်စွာ ခေါင်းညိတ်လျှက် ထွက်ခွာသွားသည်။

စွန်းတယုံတို့ ထွက်သွားပြီးနောက်တွင် ဟန်မူယဲ့က လင်းရှန်အား ကြည့်သည်။

“လေ့ကျင့်ရေးမှူးလင်း…  ခင်ဗျား ဘာလို့ ဓားစံအိမ်ကို ရောက်နေတာလဲ”

လင်းရှန်က ရယ်မောကာ ပြောသည်။

“ညီလေးဟန်… ငါ လေ့ကျင့်ရေးမှူး မဟုတ်တော့ဘူး”

သူက ဓားစံအိမ်ကို လက်ညိုးထိုးကာ ပြောသည်။

“ငါ အပြင်စည်းလေ့ကျင့်ရေးမှူးတာဝန်ကို အနားယူပြီးတော့ ဓားစံအိမ်ရဲ့ ဓားကိုယ်ရံတော်ရာထူးကို ယူလိုက်ပြီ”

‘ဓားကိုယ်ရံတော်…’

ဟန်မူယဲ့က ဟွမ်လောင်လျှိုအား ကြည့်သည်။

“အဟမ်း… ငါတို့ ဓားစံအိမ် အင်အားကြီးတုန်းက ဓားကိုယ်ရံတော်တွေ ရှိဖူးတယ်။ နောက်ပိုင်းမှပဲ ပျောက်သွားတာ”

ဟွမ်လောင်လျှိုက ပြောသည်။

ဟန်မူယဲ့ ခေါင်းညိတ်၏။

‘ထိုသို့သော ရာထူးမျိုးရှိသေးသည်လား’

‘ဓားကိုယ်ရံတော်အတွက် ဓားစံအိမ်က လခပေးဖို့ လိုသေးလား’

ဟန်မူယဲ့က မေးသည်။

ဓားစံအိမ်သည် လုကောကဲ့သို့ အစေခံတစ်ယောက်ကို လက်ခံထားပြီးဖြစ်သည်။ သူတို့က နောက်တစ်ယောက်ကို လက်ခံပါက သူတို့မှာ အိတ်ကပ်ထဲမှ ထပ်စိုက်ထုတ်ရပေဦးမည်။

သူတို့က ဝိညာဉ်ကျောက်တုံးများ မရှားပါးသော်လည်း အလွန်တရာ ရက်ရော၍လည်း မဖြစ်ပေ။

“အဲဒီအတွက်တော့ မလိုဘူး”

လင်းရှန်က ခေါင်းယမ်းသည်။

“ငါ့လစာက အတွင်းစည်းဂိုဏ်းကပေးတာ”

ထို့နောက် သူက လုကောကို ကြည့်သည်။

“အစ်ကိုလု... စားသောက်ဆောင်မှာ စားစရာလေးတွေ သွားယူရအောင်”

လုကောက အလျင်အမြန် ခေါင်းညိတ်သည်။

မည်သူ အသစ်ရောက်လာပါက သူသည်သာ ဓားစံအိမ်၌ အဆင့်အတန်း အနိမ့်ဆုံး ဖြစ်သည်။

သူတို့နှစ်ဦး ထွက်သွားသည်ကိုကြည့်ကာ ဟန်မူယဲ့ တစ်ချက်ရယ်မော၍ ခေါင်းယမ်းသည်။

လေ့ကျင့်ရေးမှူးလင်း၏ရွေးချယ်မှုကား အမှန်တကယ် ကောင်းမွန်သည်။ သူသည် ဓားစံအိမ်သို့ ရောက်လာခြင်းမှာ ဟန်မူယဲ့ထံ၌ သင်ကြားလို၍ ဖြစ်သည်။

၎င်းသည် လင်းရှောင်ချုံး၏အကြံ ဖြစ်ဟန်ရသည်။

“ညီလေးဟန်... ဘယ်လိုလဲ”

ဟွမ်လောင်လျှို သူ့အနားကို ကပ်လာကာ တီးတိုးမေးသည်။

“အစ်ကိုတာဝန်ပေးတာကို ကျုပ် ဘယ်လို မပြီးမြောက်ဘဲ နေမှာလဲ”

ဟန်မူယဲ့ ပြုံးလျှက် ဓားစံအိမ်ထဲကို ဝင်သွားကာ သူ့အခန်းထဲကို ဦးတည်လိုက်သည်။

သူ့နောက်တွင် ဟွမ်လောင်လျှိုသည် စိတ်သက်သာရာရဟန်ဖြင့် ပြုံးလိုက်၏။

“ညီလေးဟန်... ငါမင်းကို ယုံတယ်”

“စကားမစပ်... ဝိညာဉ်ကျောက်တုံး ဘယ်လောက်သုံးခဲ့လဲ။ ငါ မှတ်ထားပြီးတော့ နောက်ပိုင်း ပြန်ပေးမယ်လေ”

ဟန်မူယဲ့နောက်တွင် ဟွမ်လောင်လျှို ထပ်ပြောသည်။

“သိပ်မများပါဘူး။ ကျုပ်ဆီက လက်ဆောင်လို့သာ သဘောထားလိုက်ပါ”

ဟန်မူယဲ့၏အသံ သူ့အခန်းထဲမှ ထွက်ပေါ်လာသည်။

“ဘာလက်ဆောင်လဲ... အခြေအနေက အဲလောက်မဟုတ်...”

အခန်းထဲတွင် ဟန်မူယဲ့သည် ကုတင်တွင် ထိုင်လိုက်၏။ သူ့လက်ထဲတွင် ဓားကျိုးတစ်လက် ပေါ်လာသည်။

ထန်ယွင်ဟောင်၏ဓားသွားအပိုင်း...

သည်မတိုင်ခင် ဟန်မူယဲ့သည် လမ်းဘေးဆိုင်တစ်ဆိုင်၌ သူ့အား အံ့အားသင့်စေသော လျှို့ဝှက်ချက်တစ်ခုအား တွေ့ခဲ့သည်။

All Chapters