← Chapters

အနိုင်လား အရှုံးလား

Vol. 49 Ch. 684

အနိုင်လား အရှုံးလား

Vol. 49 Ch. 684

အခန်း (၆၈၄) အနိုင်လား အရှုံးလား

အလင်းစီးကြောင်းများက ကြီးမားသော ကောက်ကြောင်းများအတိုင်းပုံဖော်ပြီး ဖောက်ထွင်းမြင်ရသည့် အလင်းရွက်လှေကြီးတစ်စင်း ဖြစ်တည်လာသည်။

အလင်းစီးကြောင်းများအလယ်ဗဟိုတွင် အသင်္ချေနဂါးနန်းတော် တည်ရှိနေသည်။

ရွက်လှေကြီးက ကောင်းကင်ထက်တွင် ရပ်တန့်နေသော်လည်း လေထဲသို့ ဖြည်းညင်းစွာ ရွေ့လျားနေသယောင် ထင်မှတ်ရ၏။

အဘိုးကြီး ပိုင်ကျစ်မင်က အခြေအနေကို သေသေချာချာကြည့်ရင်း မနေနိုင်ဘဲ ပြုံးလိုက်သည်။

“ဒါက တကယ့်တန်ခိုးစွမ်းအားတွေ ၊ ဂမ္ဘီရစွမ်းအားတွေမပါတဲ့ ပုံရိပ်ယောင်အလင်းရိပ်တွေပဲ... ၊ အဲဒီ ထူးဆန်းတဲ့နန်းတော်က အလင်းစီးကြောင်းတွေနဲ့ မိုးပျံရွက်လှေ ပြကွက်တစ်ခု လုပ်ထားတာပဲ”

သူ့ဘေးနားမှ ကျန့်မင်နှင့် ချန်ကျိလင်တို့၏ မျက်နှာအမူအရာများ ရုတ်တရက် တည်ကြည်လေးနက်သွားသည်။

ကျင့်ကြံခြင်းအဆင့် အနည်းငယ်နိမ့်ပါးသော ချန်ကျိလင်မျက်နှာထက်တွင် စိတ်ရှုတ်ထွေးသော အမူအရာများ ထင်ဟပ်လာပြီး ကျင့်ကြံခြင်းအဆင့် အနည်းငယ် ပိုမိုမြင့်မားသော ကျန့်မင်ကတော့ အံ့သြတုန်လှုပ်သွားသည်။

မြင်ကွင်းကိုကြည့်နေရင်း ပိုင်ကျစ်မင်သည်လည်း အလွန်တရာ အံ့အားသင့်သွားပြီး စကားဆက်မပြောနိုင်တော့ပေ။

သူတို့ကြည့်နေစဉ်မှာပင် အလင်းပုံရိပ် ရွက်လှေကြီးတွင် အခြားသော လျှို့ဝှက်ဆန်းကျယ်မှုများ ရှိနေကြောင်း ထင်ရှားလာသည်။ လေဟုန်စီးကောင်းကင်ရွက်လှေနှင့် ရင်းနှီးပြီးသားဖြစ်သော ကျန့်မင်နှင့် ချန်ကျိလင်ထို့က ထိုထူးခြားမှုကို ချက်ချင်း သဘောပေါက်နိုင်၏။

ဤသို့သောအခြေအနေမျိုးတွင် အဘိုးအို ပိုင်ကျစ်မင်အနေဖြင့် စကားဝင်မပြောဘဲ နားထောင်ရန်သာကြိုးစားသည်မှာ သဘာဝကျသည်။

အသင်္ချေနဂါးနန်းတော်ထဲတွင်တော့ ရန်ကျောက်ကဲ ကိုယ်ဟန်မတ်မတ်ဖြင့် တင်ပျဉ်ခွေထိုင်နေရင်း သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရကို နဂါးနန်းတော်၏စွမ်းအားများဖြင့် ပေါင်းစပ်ကာ ကြီးမားသော အလင်းစီးကြောင်း ရွက်လှေကြီးကို ထုတ်ဖော်ပြသနေသည်။

ကြီးမားသောရွက်လှေကြီးက မိုးမြေတစ်ခွင် အလွန်နှေးကွေးစွာ ရွက်လွှင့်နေသော်လည်း ကောင်းကင်တစ်ခုလုံးကို ဖြတ်သန်းသွားသည့်အလား အဓိပ္ပါယ်တစ်ခုကို ပြသနေသည်။

အလင်းဖြင့် ထိုးဖောက်မြင်နေရသော ပုံရိပ်ယောင်တစ်ခု ဖန်ဆင်းထားခြင်းဖြစ်ရာ လှုပ်ရှားမှုနှင့်အတူ အလင်းစီးကြောင်းများ ၊ အလင်းသင်္ကေတများကို တွေ့မြင်ရပြီး ရွက်လှေအတွင်းပိုင်းဖွဲ့စည်းပုံ၏ လေးနက်မှုများ ၊ အံ့သြဖွယ်ရာ တည်ဆောက်မှု သဘောတရားများကို ပြသထားသည်။

အလင်းစီးကြောင်းများက မိုးပျံရွက်လှေအလယ်ဗဟိုပင် လှည့်ပတ်စုစည်းသွားပြီး မိုးမြေစတ်ခွင်မှ တိညာဉ်စွမ်းအားများကို အဆက်မပြတ်စုပ်ယူရင်း ဝဲဂယက်ကြီးတစ်ခု ဖြစ်တည်လာသည်။

မိုးကုတ်စက်ဝိုင်းတစ်ခု လင်းထိန်သွားချိန် အလင်းစီးကြောင်းများထဲတွင် မြောက်မြားစွာသော အင်းသင်္ကေတများ ထွက်‌ပေါ်လာသည်။

ရန်ကျောက်ကဲက သူ၏ ကြယ်တာရာချီစွမ်းအားများဖြင့် ပုံရိပ်ယောင်တစ်ခု ထုတ်ဖော်ပြသထားခြင်းဖြစ်သော်လည်း အမှန်တရားများကို ပြသထားခြင်း ဖြစ်၏။

အားဟူက ခေါင်းတစ်ချက်ကုတ်ရင်း...

“သခင်လေး... အဲဒါက ဘာများလဲ”

ရန်ကျောက်ကဲက...

“မဟာကပ်ဘေးကြီးမတိုင်ခင်က ဒဏ္ဍာရီလာ ထျန်းဟန်ရွက်လှေကြီးတွေနဲ့ ပတ်သက်တဲ့ မပြည့်စုံတဲ့မှတ်တမ်းအချို့ကို ငါ ရှာဖွေတွေ့ရှိခဲ့တယ် ၊ အခု သူတို့ကို ပြသလိုက်တာက ထျန်းဟယ်ရွက်လှေကြီးတွေရဲ့ တည်ဆောက်ပုံမဟုတ်ပေမယ့် အဲဒီလိုမျိုးရတနာယဉ်ပျံတွေကို စွမ်းအားမြှင့်တင်နိုင်တဲ့ လျှို့ဝှက်နည်းလမ်းပဲ”

သူက ဆက်ပြောသည်။

“အခု ငါပြလိုက်တဲ့နည်းလမ်းတွေကို အဲဒီရွက်လှေပေါ်ကလူတွေမြင်ရင် နားလည်ပါလိမ့်မယ်”

***

ရွက်လှေကြီးထက်တွင်ရှိနေသော ကျန့်မင်အနေဖြင့် ရန်ကျောက်ကဲ ပြသထားသည့်နည်းလမ်းများကို အကုန်အစင် နားမလည်သည့်တိုင် အလွန်တရာ အံ့အားသင့်သွားမိသည်။

“သူတို့က ဘယ်သူတွေများလဲ”

ချန်ကျိလင်မှာ သတိပြန်ဝင်လာပြီဖြစ်သော်လည်း သူ့မျက်ဝန်းများကတော့ အံ့အားသင့်မှုများဖြင့် ပြည့်နက်နေဆဲပင်။

“ရှေးဟောင်းနည်းလမ်းတစ်ခုခုကို သူရရှိခဲ့တာလား ၊ ဒါမှမဟုတ် သူကိုယ်တိုင်က ‘လေဟုန်စီးကောင်းကင်ရွက်လှေ’ တွေနဲ့ ထိတွေ့လေ့လာခွင့်ရပြီး သုတေသနလုပ် အဖြေရှာနိုင်ခဲ့တာလား”

ကျန့်မင် ပြန်လည်တည်ငြိမ်သွားပြီး...

“ကဲ... သူတို့ ဘယ်သူပဲဖြစ်ဖြစ် ... ‌လောလောဆယ် ငါတို့တွေ တူမလေး’ဝန်’ ကို ကယ်ကြရအောင်”

ချန်ကျိလင်က...

“ဒါဖြင့် ဂိုဏ်းတူအစ်ကို’ကျန့်’ ကိုပဲ ဒုက္ခပေးရတော့မယ်”

ကျန့်မင် မျက်လုံးများကို မှေးမှိတ်လိုက်ပြီး ရန်ကျောက်ကဲ ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် ထင်ဟပ်ပြသထားသော အလင်းစီးကြောင်းရွက်လှေကြီးကို စိတ်ထဲတွင် ပြန်လည်စဉ်းစားလိုက်ပြီး များပြားလှစွာသော မူဝါဒများ ၊ နည်းလမ်းများကို နားလည်အောင် ကြည့်လိုက်သည်။

ခဏမျှ မျက်လုံးမှေးမှိတ်ရင်း အခြေခံသဘောတရားများကို ကြေညက်နားလည်အောင် ပြုလုပ်ပြီးနောက် သူထိန်းချုပ်နေသော မိုးပျံလှေကြီးနှင့် ပေါင်းစပ်စဉ်းစားကြည့်လိုက်၏။

ထို့နောက် မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး ဒူးနှစ်ဖက်ကို အသာကွေးညွှတ်လိုက်ပြီး သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရများကို ခြေထောက်များမှတစ်ဆင့် ခြေဖဝါးအောက်မှ ကြီးမားသောမိုးပျံရွက်လှေကြီးအတွင်းသို့ စီးဆင်းဝင်ရောက်သွားစေသည်။

ကျန့်မင် ခြေဖဝါးအောက်တွင် အလင်းရောင်များလှည့်ပတ်သွားပြီး အလင်းစီးကြောင်းတစ်ခု ဖြစ်တည်လာသည်။ ထို အလင်းစီးကြောင်းများက ပတ်ဝန်းကျင်ကို ဗဟိုပြုပျံ့နှံ့သွားကာ အစီအရင်တစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် လေဟုန်စီးကောင်းကင်ရွက်လှေတစ်ခုလုံး၏ မျက်နှာပြင်တွင် အလင်းစီးကြောင်းများ ထွက်ပေါ်လာ၏။

အလင်းစီးကြောင်းတစ်ခုစီတွင် မရေမတွက်နိုင်သော အင်းသင်္ကေတများဖြင့် ဖွဲ့စည်းထားပြီး မှန်းဆ၍မရနိုင်လောက်အောင် ကြီးကျယ်ခမ်းနားသော စွမ်းအားများဖြင့် လှုပ်ရှားနေသည်။ ဤ အင်းသင်္ကေတများက အဆက်မပြတ် စီးဆင်းပြောင်းလဲနေပြီး တစ်ဖန်ပြန်လည် ပေါင်းစည်းသွားပြန်သည်။

လေဟုန်စီးမိုးပျံရွက်လှေကြီး ပြင်းထန်စွာ တစ်ချက်တုန်လှုပ်သွားပြီး စွမ်းအားများ ချက်ချင်းပင် မြင့်တက်လာ၏။

အစောပိုင်းက မိုးပျံရွက်လှေကြီး၏စွမ်းအားက အဆုံးမဲ့သံလိုက်မုန်တိုင်းများကို ရင်ဆိုင်ရာတွင် မျှခြေအနေအထား ရှိနေသည်။ တစ်ဖက်ဖက်ကသာ အနည်းငယ်ပိုမိုပြီး စွမ်းအားများပြားသွားပါက ချက်ချင်းပင် အခြားတစ်ဖက်သို့ လွှမ်းမိုးသွားမည်ပင်။

ထိုသို့သောအခြေအနေမျိုးမှ ယခု လေဟုန်စီးကောင်းကင်ရွက်လှေကြီးက ရုတ်တရက် စွမ်းအားမြင့်တက်လာသည့်အခါ ပတ်ဝန်းကျင်မှ ပြင်းထန်သောမုန်တိုင်းများကို အရှိန်အဟုန်ဖြင့် တွန်းလှန်နိုင်ခဲ့၏။ ကောင်းကင်ယံထက်တွင် အလင်းတန်းများပြည့်လျှံနေပြီး ရွက်လှေကြီး၏စွမ်းအားက အလွန်တရာပြင်းထန်လာသည်။

ထို့နောက် ဧရာမနတ်ရွက်လှေကြီးသည် ပင်လယ်လှိုင်းတံပိုးများကို ခွဲထုတ်လိုက်သည့်အလား ကောင်းကင်ထက်မှ လေပွေမုန်တိုင်းကြီးကို ခွဲထုတ်လိုက်ပြီး ဖြည်းညင်းစွာပင် အနီးဆုံးပင်လယ်ရေပြင်ထက်သို့ ဆင်းသက်လိုက်သည်။

အဘိုးကြီး ပိုင်ကျစ်မင်၏ တောက်ပနေသောမျက်ဝန်းများထဲ အံ့အားသင့်မှုများ ထင်ဟပ်လာပြီး...

“ဒီနည်းလမ်းက ချက်ချင်းကို ထိရောက်တာပါလားဟေ့...”

ကျန့်မင်နှင့် ချန်ကျိလင်တို့ တည်ကြည်လေးနက်စွာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

ထို့နောက် ချန်ကျိလင်က...

“မင်း ဒီနည်းလမ်းတစ်ခုလုံးကို နားလည်တာလား”

ကျန့်မင်က ခေါင်းခါယမ်းရင်း...

“ဒီနည်းလမ်းက မပြည့်စုံဘူး ၊ ကြည့်ရတာ မဟာကပ်ဘေးကြီးမတိုင်ခင်က ကြွင်းကျန်ခဲ့တဲ့ အမွေအနှစ်ပညာပဲ ဖြစ်ရမယ်”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ အတော်လေး ထူးခြားတယ် ၊ ငါက သူတို့ပြသတဲ့နည်းလမ်းရဲ့ တစိတ်တပိုင်းကိုပဲ နားလည်တာဆိုပေမယ့် ငါတို့ရဲ့ လေဟုန်စီးကောင်းကင်ရွက်လှေကြီးက ချက်ချင်းပဲ စွမ်းအားအလုံအလောက် မြင့်တက်လာတယ်”

ချန်ကျိလင်က ပင့်သက်တစ်ချက်ရှိုက်ရင်း...

“မယုံကြည်နိုင်စရာပဲ ၊ ဒါပေမဲ့ သူတို့က ဘယ်သူတွေမှန်း မသိဘူး”

သူ စကားဆက်မပြောတော့ပေ။

မိုးပျံရွက်လှေကြီးက ပင်လယ်ရေမျက်နှာပြင်ထက်သို့ ဆင်းသက်လိုက်သည်နှင့် သူက ရွက်လှေကြီးကိုကာကွယ်ပေးထား‌ော အလင်းတန်းအတွင်းမှ ခုန်ထွက်ပြီး ပင်လယ်ရေအောက် နက်နဲရာသို့ ဦးတည်ဝင်ရောက်သွားသည်။

ရန်ကျောက်ကဲက အဆုံးမဲ့မုန်တိုင်းများအပြင်ဘက်တွင် အခြေအနေကို လေ့လာနေသည်။

ပင်လယ်ရေအောက်မှ အကာအကွယ်အလင်းရောင်က တဖြည်းဖြည်း အားပျော့နေပြီး ပျောက်ကွယ်ပေတော့မည်။ သို့သော် ရွက်လှေကြီးထက်မှ လူတစ်ယောက် ခုန်ဆင်းလာပြီး ထိုသူကိုကယ်တင်ရန် အကာအကွယ်အလင်းတန်းအနားသို့ ချဉ်းကပ်လာသည်။

လေဟုန်စီးကောင်းကင်ရွက်လှေကြီးက ရေပြင်ကိုထိုးခွင်းလျှက် ထိုသူ့အနောက်မှ လိုက်ပါသွားသည်။ ရွက်လှေကြီးက တုန်ခါနေသည့်တိုင် ခိုင်ခန့်မြဲမြံစွာတည်ရှိနေပြီး ပင်လယ်ထဲတွင် မပျက်ဆီးစေရန် ယုံကြည်စိတ်ချနိုင်သည်။

သို့သော် နက်မှောင်သောအလင်းတန်းများက ပင်လယ်ရေနက်ထဲမှထွက်ပေါ်လာပြီး ရွက်လှေကြီးကို တိုက်ခိုက်လိုက်သည်။

ပြင်းထန်သော လှိုင်းလုံးများသည် ပင်လယ်အောက်ခြေမှ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...

“အင်း... အရင်က ဒီပင်လယ်ထဲကိုဝင်တဲ့လူတိုင်း ပင်လယ်အောက်ခြေက စွမ်းအားတစ်မျိုးမျိးနဲ့ ပိတ်မိခံရတဲ့ပုံပဲ”

ချန်ကျိလျန်က တားမြစ်ချက်ကို ချိုးဖျက်ခဲ့ခြင်းကြောင့် ပင်လယ်၏နက်ရှိုင်းရာနေရာတွင် ကြီးမားပြင်းထန်သော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပြီး အဆုံးသတ်မှာတော့ တပည့်ဖြစ်သူကို ကယ်တင်နိုင်ခဲ့သည်။

ထို့နောက် ချန်ကျိလင် ပင်လယ်ပြင်မှပျံသန်းထွက်ခွာလာပြီး မိုးပျံလှေကြီးထက်သို့ ရောက်ရှိသွားသည်။

ကြီးကျယ်ခမ်းနားသော ရောင်ဝါများထွက်ပေါ်နေသည့် ရွက်လှေကြီးက မိုးကြိုးမုန်တိုင်းများကို ဖြတ်ကျော်ကာ ကောင်းကင်ထက်သို့ပျံတက်ပြီး သဘာဝပသာဒနယ်မြေမှ ထွက်ခွာသွားသည်။

သို့သော် အဝေးသို့ ပျံသန်းသွားခြင်းမျိုးမရှိဘဲ အသင်္ချေနဂါးနန်းတော်ဆီသို့ ဦးတည်ပျံသန်းလာ၏။

ယခုတော့ ရန်ကျောက်ကဲကလည်း သူ၏ကြယ်တာရာချီစွမ်းအား အနှစ်သာရများကို ရုတ်သိမ်းလိုက်ပြီဖြစ်ရာ နဂါးနန်းတော်ထက်မှ အလင်းစီးကြောင်း ရွက်လှေပုံရိပ်ယောင်သည်လည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။

မိုးပျံရွက်လှေကြီး သူတို့ရှိရာသို့ နီးကပ်လာသည်နှင့် အားဟူက ရိုးရှင်းစွာ ပြုံးရင်း...

“သခင်လေး... လူကရိုးသားပေမယ့် ပစ္စည်းဥစ္စကြောင့် ဒုက္ခရောက်ရတယ်ဆိုတဲ့ ဆိုရိုးရှိတယ်လေ ၊ လေဟုန်စီးကောင်းကင်ရွက်လှေကို စွမ်းအားမြင့်မားသွားစေတဲ့ လျှို့ဝှက်နည်းပညာကိုလိုချင်လို့ သူတို့ သခင်လေးကို ဒုက္ခပေးတော့မလားပဲ”

ရန်ကျောက်ကဲက...

“ဒီနည်းလမ်းက မပြည့်စုံဘူးဆိုတာ သူတို့သိပါတယ် ၊ ပြီးတော့ စောစောက သူတို့ရသွားတာနဲ့တင် အ‌တော်ကြီး လုံလောက်နေပါပြီ”

သူက ဆက်ပြောသည်။

“ဒီ လေဟုန်စီးကောင်းကင်ရွက်လှေနည်းပညာနဲ့ယှဉ်ရင် အသင်္ချေနဂါးနန်းတော်က ပိုပြီးတောင် လောဘတက်စရာကောင်းသေးတယ် ၊ ပြီးတော့ ထူးကဲယန်စည်းတံဆိပ်ရောပေါ့”

“အခု အသင်္ချေနဂါးနန်းတော်ရဲ့ ရောင်ဝါကိုလည်း ထိန်းချုပ်ထားတယ်ဆိုတော့... စိတ်ပူစရာ မရှိပါဘူး ၊ ပြီးတော့ ယိုးမင်ဂိုဏ်းကကျင့်ကြံသူတွေရဲ့စကားအရဆိုရင် အရှေ့တောင် ထိပ်တန်းအရှင်သခင်ရဲ့တပည့်တွေက ကျိုးကြောင်းဆီလျော်တဲ့သူတွေပါ”

ရန်ကျောက်ကဲက သူ့အရှေ့မှ ကြီးမားသောရွက်ကြီးများ လွင့်ချီထားသော ၊ မြို့တော်ကြီးတစ်ခုပမာ ကြီးမားခမ်းနားသည့် မိုးပျံရွက်လှေကြီးကို လှမ်းကြည့်လိုက်သည်။

မကြာမီ ရွက်လှေမျက်နှာပြင်ထက်တွင် ကြီးမားရှုတ်ထွေးသော သင်္ကေတစ်ခုပေါ်လာပြီး ထိုအရာက အရှေ့တောင် ထိပ်တန်းအရှင်သခင်ကို ကိုယ်စားပြုသောသင်္ကေတသာပင်။

ထို့နောက် မိုးပျံရွက်လှေကြီးထက်မှ အသံတစ်သံက ပဲ့တင်ထပ် ထွက်ပေါ်လာ၏။

“ဒီကမိတ်ဆွေက ဘယ်ဂိုဏ်းကတပည့်လဲ သိခွင့်ရချင်ပါတယ် ၊ အဆင်ပြေမယ်ဆိုရင် စကားစမြည်ပြောဖို့ ရွက်လှေပေါ်ကို ဖိတ်ခေါ်ပါရစေလား...”

All Chapters