← Chapters

မယိမ်းယိုင်သူလော

Vol. 199 Ch. 2832

မယိမ်းယိုင်သူလော

Vol. 199 Ch. 2832

ရီဖူရှင်းသည် ရှောင်ရန် မကြိုးစားလိုက်ဘဲ နေရာတွင်ပင် တည်ငြိမ်စွာ ရပ်နေလေသည်။ ဟောင်ထျန်းမဟာလက်ဝါးသည် လေထုတစ်ခုလုံးကို လွှမ်းခြုံသွားပြီး သူ့ထံသို့ ဆင်းသက်လာသည်။

ရီဖူရှင်း၏ခန္ဓာကိုယ်ကို ကြောက်မက်ဖွယ် နတ်စွမ်းအား ဖြတ်သန်းစီးဆင်းသွားသည်။ သူ့ခန္ဓာကိုယ်ကို နတ်စွမ်းအားဖြင့် ပြုလုပ်ထားသည်ဟု ထင်ရ၏။ ၎င်းသည် မျက်စိကျိန်းလောက်ဖွယ် နတ်အလင်းကို ထုတ်လွှတ်လိုက်သည်။

ထိုနတ်အလင်းအောက်တွင် ရီဖူရှင်း၏ခန္ဓာကိုယ် လှုပ်ရှားသွား၏။ သူသည် သူ့ကို ဖမ်းဆုပ်ရန် ကျဆင်းလာသည့် ဧရာမလက်ဝါးကြီးဆီ တန်းတန်းမတ်မတ် ပျံသန်းသွားလိုက်၏။

ဟောင်ထျန်းမဟာလက်ဝါးချိပ်စည်းထဲတွင် ဟောင်ထျန်းနတ်စွမ်းအား အများအပြား ပါလေသည်။ ၎င်း၏အရှိန်အဝါသည်ပင် ကောင်းကင်နှင့် မြေကြီးကို ပြိုပျက်သွားစေရန်နှင့် မဟာအင်ပါယာဖြစ်လာမည့်သူများကို ပြန်မခုခံနိုင်ဘဲ မြေပေါ်တွင် ပြားပြားဝပ်သွားစေရန် လုံလောက်ပေသည်။ သို့သော် ထို အားကောင်းသော ဟောင်ထျန်းအရှိန်အဝါအောက်တွင် ရီဖူရှင်းသည် အထက်သို့ ပျံတက်လာနေလေသည်။ သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဟောင်ထျန်းမဟာလက်ဝါးချိပ်စည်းထံသို့ တိုက်ရိုက် ပျံတက်နေသည်။

ဟောင်ထျန်းမဟာလက်ဝါးချိပ်စည်းသည် ရီဖူရှင်း၏ခန္ဓာကိုယ်‌ပေါ်သို့ ကျရောက်သွားသည်။ သို့သော် ရီဖူရှင်း၏ခန္ဓာကိုယ်သည် အလင်းအဖြစ် ပြောင်းလဲသွားကာ ဧရာမလက်ဝါးချိပ်စည်းကို ထွင်းဖောက်သွားသည်။ သူသည် ၎င်းကို အလယ်မှ ထိုးဖောက်သွားပြီး တစ်ဘက်သို့ ရောက်သည်အထိ ထွင်းဖောက် ပျံတက်သွားသည်။

ဟောင်ထျန်းမဟာလက်ဝါးချိပ်စည်းပေါ်တွင် ကြီးမားသော အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်သွား၏။ ၎င်းအပေါက်သည် ရီဖူရှင်း၏လမ်းစဉ်ခန္ဓာကိုယ်က ထွင်းဖောက်သွားသော အပေါက်ဖြစ်သည်။

ထိုစဉ်တွင် ရီဖူရှင်းသည် ဟောင်ထျန်းမဟာလက်ဝါးချိပ်စည်းပေါ်တွင် ထွက်ပေါ်လာပြီး လက်ဖမိုးပေါ်တွင် ရပ်နေလေ၏။ ဟောင်ထျန်းမဟာလက်ဝါးချိပ်စည်းသည် ဆက်၍ လှုပ်ရှားနေရာ သူ၏ ငွေဖြူရောင်ဆံပင်များသည် လေထဲတွင် ဝဲလွင့်နေပြီး သူ၏ ဝတ်စုံဖြူသည်လည်း တဖျပ်ဖျပ်ခတ်နေသည်။

ကောင်းကင်အဖြစ် ပြောင်းလဲသွားသော အရှင်ဟောင်ထျန်းက ရီဖူရှင်းကို စိုက်ကြည့်၍ မေးလိုက်၏။

“ဒါက ဘာနတ်စွမ်းအားလဲ”

လက်ရှိ တိုက်ပွဲအခြေအနေတွင် သူသည် ရီဖူရှင်းက လမ်းစဉ်ကို ဖျက်ဆီး၍ နတ်စွမ်းအားအမျိုးအစား များစွာကို ဖန်တီးခဲ့ကြောင်း သိရှိသွားပေပြီ။ ထိုနတ်စွမ်းအားများသည် သူယခင်က မြင်ခဲ့ဖူးသည့် လမ်းစဉ်ဖျက်ဆီး ကျင့်ကြံသူများအားလုံး၏ နတ်စွမ်းအားများနှင့် ကွဲပြားပေသည်။ ရီဖူရှင်းသည်ပင် လမ်းစဉ်ဖြစ်ပြီး သူ၏ခန္ဓာကိုယ်ကို အချိန်မရွေး လမ်းစဉ်အဖြစ် ပြောင်းလဲပစ်နိုင်လေသည်။

သူသည် မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်တွင်သာ ရှိသေးသော်လည်း သူ၏တိုက်ခိုက်စွမ်းရည်သည် မဟာအင်ပါယာတစ်ပါးနှင့်ပင် ယှဉ်နိုင်နေပြီဖြစ်သည်။

သူ၏ မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်သည် မပြီးပြည့်စုံသေးသော်လည်း သူ၏ နတ်စွမ်းအားသည် မဟာအင်ပါယာ၏ နတ်စွမ်းအားနှင့် ယှဉ်နိုင်လောက်သည်အထိ လုံလောက်အောင် စွမ်းအားကြီးနေပြီဖြစ်သည်။ သူသည် ထိုအခြင်းအရာ၏ အဓိပ္ပာယ်ကို နားလည်ပေသည်။ ထိုအခြင်းအရာ၏ အဓိပ္ပာယ်မှာ ရီဖူရှင်း၏ နတ်စွမ်းအားသည် သူ့ထက် မြင့်သည်ဆိုသော အဓိပ္ပာယ်ပင်။ ရီဖူရှင်းသည် အဆင့်တစ်ဆင့် နိမ့်နေခြင်းသာဖြစ်သည်။ အကယ်၍ တစ်နေ့နေ့တွင် ရီဖူရှင်း၏နတ်စွမ်းအား ပြီးပြည့်စုံသွားပြီး မဟာအင်ပါယာအဆင့်သို့ ရောက်သွားပါက သူသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းလာမည်နည်း။

ထိုအရာကို တွေး၍ပင် မရနိုင်ပေ။ အနည်းဆုံး သူသည် သေချာပေါက် ရီဖူရှင်း၏ ပြိုင်ဘက် ဟုတ်တော့မည် မဟုတ်ချေ။ ရီဖူရှင်းက ကောင်းကင်လမ်းစဉ်ကို တုပြိုင်တိုက်ခိုက်ခဲ့သော ထူးကဲသည့် ရှေးဟောင်းမဟာအင်ပါယာများကဲ့သို့ ဖြစ်လာမည်ဖြစ်သည်။

သူသည် ဤဘဝတွင် ထိုကဲ့သို့ ပါရမီရှိသည့် ဂျူနီယာတစ်ယောက်ကို ကိုယ်တိုင်မျက်မြင်တွေ့ရမည်ဟု မထင်ခဲ့ပေ။ ထို့အပြင် ထိုပါရမီရှင်သည် သူ၏ရန်သူ ဖြစ်နေလေသည်။

ရီဖူရှင်းသည် အရှင်ဟောင်ထျန်း၏ မေးခွန်းကို မဖြေလိုက်ပေ။ သူသည် ဧရာမမျက်နှာကြီးကို မော့ကြည့်သည်။ ထိုအခိုက်တွင် သူ ရုတ်တရက် ယုံကြည်မှု ရှိလာလေသည်။

သူတို့သည် ယခင်က လောက်လောက်လားလား မတိုက်ခိုက်ခဲ့ဖူးပေ။ ထို့ကြောင့် သူသည် သူ၏ကိုယ်ပိုင်စွမ်းရည်ကို ကောင်းစွာ မသိခဲ့ပေ။ မဟာအင်ပါယာဖြစ်လာမည့်သူများသည် သူ၏ပြိုင်ဘက် လုံးဝမဟုတ်ကြောင်းသာ သိခဲ့သည်။ ထိုအချက်ကို ယခင်ကတည်းက သက်သေပြခဲ့ပြီးဖြစ်သည်။ အထူးသဖြင့် ကောင်းကင်(၉၉)လွှာတွင် နှစ်(၂၀)ကျော် ကျင့်ကြံခဲ့စဉ်က ထင်ထင်ရှားရှား သက်သေပြခဲ့ပြီးပေပြီ။ သူ၏ ကောင်းကင်လမ်းစဉ်အသေးစားသည် ဆက်၍ ဆင့်ကဲပြောင်းလဲနေပြီး သူသည် ပို၍ စွမ်းအားကြီးလာပေသည်။ သူသည် အလွန်စွမ်းအားကြီးသော နတ်စွမ်းအားကိုပင် လေ့လာခဲ့သေးသည်။

ယခုတွင် သူသည် မဟာအင်ပါယာများနှင့်ပင် တိုက်ခိုက်နိုင်နေပြီဖြစ်သည်။

သူသည် သူ၏ကျင့်ကြံခြင်းက ထူးခြားကြောင်း ယခင်ကတည်းက သိခဲ့သည်။ သူသည် လမ်းစဉ်ကို ဖျက်ဆီးပြီးနောက်တွင် ကောင်းကင်လမ်းစဉ်အသေးစားကို ဖန်တီးကာ သူ၏ ကိုယ်ပိုင်လောကကို ဖန်တီးခဲ့သည်။ သို့သော် သူသည် ဤမျှ စွမ်းအားကြီးနေလိမ့်မည်ဟု မထင်ခဲ့ပေ။

သူ့အရှေ့မှသူမှာ အတိတ်မှ ပြန်ရောက်လာခဲ့သော မဟာအင်ပါယာတစ်ပါးဖြစ်သည်။ သူသည် သူ၏အထွတ်အထိပ်သို့ ပြန်မရောက်သေးသော်လည်း ပြီးဆုံးသည့် အခြေအနေသို့ ရောက်သွားပြီဖြစ်ပြီး မဟာအင်ပါယာအဖြစ် ပြန်လာနိုင်ခဲ့ပြီဖြစ်သည်။ သို့သော် ရီဖူရှင်းသည် ထိုကဲ့သို့သော စွမ်းအားကြီးပုဂ္ဂိုလ်နှင့် ရင်ဆိုင်နေသည်ပင် အရေးမနိမ့်ခဲ့ပေ။ သူသည် မဟာအင်ပါယာများနှင့်ပင် တိုက်ခိုက်နိုင်နေပြီဖြစ်သည်။

“မဟာအင်ပါယာတစ်ပါးက ဒီလောက်ပဲ တတ်နိုင်တာလား”

ရီဖူရှင်းက ကောင်းကင်သို့ မော့ကြည့်၍ လွန်စွာ ထီမထင်သောအသံဖြင့် ပြောလိုက်၏။ သူ၏ငွေဖြူရောင်ဆံပင်ရှည်များသည် လေထဲတွင် ဝဲလွင့်နေပြီး သူသည် ထူးကဲသည့် ဟန်ပန်ရှိနေသည်။ အတွေးတစ်ချက်စာအတွင်းမှာပင် လေထုထဲ၌ အဆုံးမရှိသော နတ်ဓားများ ထွက်ပေါ်လာ၏။ ဓားတစ်ချောင်းချင်းစီတိုင်းသည် ကောင်းကင်ထက်သို့ ချိန်ရွယ်ထားပြီး ကြောက်မက်ဖွယ် နတ်စွမ်းအားကို ဖြာထုတ်နေသည်။

အရှင်ဟောင်ထျန်းသည် လွန်စွာ စွမ်းအားကြီးသော နတ်စွမ်းအားကို ခံစားလိုက်ရပြီး မျက်နှာမည်းမှောင်သွားသည်။ နတ်စွမ်းအားမှ ဖြစ်ပေါ်လာသော ဓားများသည် ရီဖူရှင်းကို လှည့်ပတ်နေပြီး အရေအတွက် တိုးပွားလာလေသည်။ ၎င်းတို့သည် ရီဖူရှင်း၏ ခန္ဓာကိုယ်နှင့် ဆက်စပ်နေသည်ဟု ထင်ရ၏။

“သွား...”

ရီဖူရှင်း၏ အတွေး လှုပ်ရှားသွား၏။ မရေမတွက်နိုင်အောင် များပြားသော နတ်ဓားများသည် တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြသည်။ ဓားတိုင်းသည် ကောင်းကင်ဇီဝိန်ခြွေနတ်စွမ်းအားမှ ဖြစ်ပေါ်လာခြင်းပင်။

“ဟင်း...”

အရှင်ဟောင်ထျန်းသည် အေးစက်စက် နှာမှုတ်လိုက်သည်။ ကောင်းကင်ထက်မှနေ၍ မရေမတွက်နိုင်အောင် များပြားသော နတ်ချိပ်စည်းများ ကျဆင်းလား၏။ ၎င်းတို့သည် တောက်ပစွာ လင်းလက်လာပြီး ဝင်ရောက်လာသည့် နတ်ဓားများကို တိုက်ခိုက်လိုက်သည်။ နတ်ချိပ်စည်းများသည်လည်း အဆုံးမဲ့ဖြစ်ပြီး နတ်ဓားအားလုံးကို တားဆီးလိုက်သည်။

ဝုန်း...

ပထမဆုံး နတ်ဓားသည် နတ်ချိပ်စည်းတစ်ခုနှင့် ထိတိုက်သွားပြီး ကြောက်မက်ဖွယ် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာစေလေသည်။ အာကာတစ်ခွင်လုံး ပြင်းထန်စွာ တုန်ခါသွားသည်။ အရှင်ဟောင်ထျန်း၏ တုန်လှုပ်နေသော အကြည့်အောက်တွင် သူ၏ ဟောင်ထျန်းနတ်ချိပ်စည်း ကွဲအက်ပျက်စီးသွားသည်။ နတ်ဓားသည် ၎င်းကို ထိုးဖောက်သွားသည်။

ကြောက်မက်ဖွယ် ကောင်းကင်ဇီဝိန်ခြွေနတ်ဓားများသည် သူ့ထံသို့ ပျံတက်လာနေဆဲဖြစ်ပြီး သူ ပြောင်းလဲထားသော ကောင်းကင်ကို ဆုတ်ဖြဲပစ်တော့ပေမည်။

အရှင်ဟောင်ထျန်းသည် ရီဖူရှင်း လေ့လာကျင့်ကြံခဲ့သော နတ်စွမ်းအားသည် သူ၏ ဟောင်ထျန်းနတ်စွမ်းအားထက် အဆင့်မြင့်ကြောင်း သိသော်လည်း ရီဖူရှင်း၏ တိုက်ခိုက်မှုသည် ဟောင်ထျန်းနတ်ချိပ်စည်းကို ထိုမျှအလွယ်တကူ ဖျက်ဆီးနိုင်လိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့ဖူးပေ။ သူသည် မဟာအင်ပါယာတစ်ပါးဖြစ်သည်။ သို့သော် သူ၏နတ်ချိပ်စည်းသည် မဟာအင်ပါယာဖြစ်လာမည့်သူတစ်ဦး၏ တိုက်ခိုက်မှုအောက်တွင် ပျက်စီးသွားသည်။

ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာ၏။ လေထုထဲတွင် ပြည့်နှက်နေသော နတ်ချိပ်စည်းများသည် အဆုံးမရှိ ကျဆင်းလာသည်။ ၎င်းတို့သည် ကုန်းမြေတစ်ခုလုံးကို မြှုပ်ပစ်တော့မလိုပင်။ နတ်ဓားများသည် ချိပ်စည်းတစ်ခုပြီးတစ်ခုကို ထွင်းဖောက်သွား၏။ သို့သော် ၎င်းတို့သည် အဆုံးသို့ မရောက်နိုင်သကဲ့သို့ပင်။

ရီဖူရှင်းသည် မဟာဟောင်ထျန်းလက်ဝါး‌ပေါ်တွင် ရပ်နေဆဲဖြစ်သည်။ လက် ‌ဝှေ့ယမ်းလိုက်ပြီး အာကာသနတ်စွမ်းအား ရုတ်ခြည်းထွက်ပေါ်လာကာ အာကာသလမ်းကြောင်းတစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက်တွင် နတ်ဓားများသည် ၎င်းအတွင်းသို့ ပျံဝင်သွားကြသည်။ ရုတ်ခြည်းအတွင်းမှာပင် ကောင်းကင်ဇီဝိန်ခြွေဓားများသည် ကောင်းကင်ထက်တွင် ပြန်ပေါ်လာကာ ကောင်းကင်၏အပိုင်းတစ်နေရာသို့ ဦးတည်ပျံသွားကြသည်။

ထိုကောင်းကင်အပိုင်းသည် အရှင်ဟောင်ထျန်း ဖန်တီးထားခြင်းဖြစ်သည်။ ရီဖူရှင်းသည် အရှင်ဟောင်ထျန်းကို အနိုင်ယူလိုလျှင် ကောင်းကင်ကို အားသုံး၍ ဖောက်ထွင်းပစ်ရမည်ဖြစ်သည်။

နတ်ဓားများ ရောက်ရှိလာပြီး ကောင်းကင်ကို ထိုးဖောက်လိုက်ကြသည်။ ကြောက်မက်ဖွယ်အသံများစွာ ထွက်ပေါ်လာပြီး ကောင်းကင်ကို တုန်ခါသွားစေ၏။ ထိုကောင်းကင်အပိုင်းသည်လည်း တုန်ခါသွား၏။ သို့သော် အရှင်ဟောင်ထျန်း ရှိနေဆဲပင်။ သူသည် မပျက်စီးသွားပေ။ ဤနေရာသည် မဟာအင်ပါယာတစ်ပါး၏ မဟာလမ်းစဉ် နတ်စက်ကွင်းဖြစ်သည်။ ၎င်းသည် ဟောင်ထျန်းနတ်စွမ်းအားမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး လွန်စွာ ခိုင်မာပေသည်။

ကောင်းကင်ဇီဝိန်ခြွေဓားများသည်ပင် ၎င်းကို မထိုးဖောက်နိုင်ချေ။ ၎င်းတို့သည် ကောင်းကင်ကို တုန်ခါရုံသာ တုန်ခါသွားစေသည်။ နတ်စက်ကွင်းအတွင်းရှိ အာကာပြင်သည်လည်း ပြင်းထန်စွာ တုန်ခါသွားသည်။

အရှင်ဟောင်ထျန်း၏ ဧရာမမျက်လုံးကြီးများသည် ရီဖူရှင်းကို ငေးကြည့်နေသည်။ သူ၏မျက်လုံးများသည် ရီဖူရှင်းထက် အဆပေါင်းများစွာ ကြီးမားပေသည်။

“မဟာအင်ပါယာတစ်ပါးရဲ့ အစွမ်းက ဒါအကုန်ပဲလား”

အရှင်ဟောင်ထျန်းက ရီဖူရှင်းကို စိုက်ကြည့်သည်။

“ဒါပေမဲ့ မင်းကြောင့်တော့ မယိမ်းယိုင်သေးပါဘူး”

ရီဖူရှင်းသည် ဧရာမမျက်နှာကြီးကို မော့ကြည့်လိုက်၏။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အတုမဲ့ မုန်တိုင်းတစ်ခု ထွက်ပေါ်လာ၏။ ထိုအခိုက်တွင် သူ့ကိုယ်တွင်းရှိ မဟာလမ်းစဉ်နတ်စွမ်းအားသည် အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာ၏။ ရီဖူရှင်း၏ ခန္ဓာကိုယ်သည် ရုတ်ခြည်း ကြီးထွားလာသည်။ သူ၏အရပ်သည် ဆက်၍ ရှည်ထွက်လာ၏။ ကျန့်တစ်ရာ... ကျန့်တစ်သောင်းတစ်ရာ...

သူ၏ခန္ဓာကိုယ်ကြီး မြင့်မား ကြီးထွားလာသောအခါ သူ၏နတ်စွမ်းအားသည်လည်း တိုးပွားလာသည်။ သူ့ ကောင်းကင်လမ်းစဉ်အသေးစား၏ နတ်စွမ်းအားသည် နတ်ဘုရားကဲ့သို့ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစည်းသွားပြီး ထိုခန္ဓာကိုယ်၏ အစိတ်အပိုင်းများအဖြစ် ပြောင်းလဲသွား၏။ ထိုစွမ်းအားသည် သူ၏ ခြေလက်များ၊ အရိုးများနှင့် ကိုယ်တွင်းအင်္ဂါများအတွင်း ဝင်သွား၏။ သူ၏ဦးခေါင်းသည်ပင် အလွန်ချွန်ထက်လာပြီး ကောင်းကင်ဇီဝိန်ခြွေအငွေ့အသက် ပါဝင်နေလေသည်။

ဝုန်း...

ကျယ်လောင်သောအသံတစ်သံနှင့်အတူ ရီဖူရှင်းသည် လက်ဖမိုးကို ဖိနင်းလိုက်၏။ နောက်ဆုံးတွင် လက်ဝါးချိပ်စည်းသည် ကွဲအက်ပျက်စီးသွားတော့သည်။ တစ်ချိန်တည်းမှာပင် ရီဖူရှင်း၏ အဆမတန်ကြီးမားနေသော ခန္ဓာကိုယ်ကြီးသည် ကောင်းကင်ထက်သို့ တန်းတန်းမတ်မတ် ပျံတက်သွားသည်။ ဟောင်ထျန်းနတ်ချိပ်စည်းများနှင့် နတ်လင်းအားလုံးသည် အမှုန့်ဖြစ်သွားပြီး နတ်ဘုရားကဲ့သို့ မဟာလမ်းစဉ်ခန္ဓာကိုယ်အောက်သို့ ရောက်သွားသည်။ ယခုတွင် မည်သည့်စွမ်းအားအမျိုးအစားကမှ သူ့ကို မတားနိုင်တော့သည့်ပုံပင်။

မဟာအင်ပါယာတစ်ပါးသည် အမှန်ပင် မယိမ်းယိုင်သည်လော။

All Chapters