မဟာအင်ပါယာ ပြန်ဆုတ်ခွာခြင်း
Vol. 199 Ch. 2833
နတ်အတတ်- ကောင်းကင်ဇီဝိန်ခြွေ...
ဤတစ်ကြိမ် ကောင်းကင်ဇီဝိန်ခြွေနတ်အတတ်သည် ကောင်းကင်ဇီဝိန်ခြွေနတ်စွမ်းအားနှင့်အတူ အရှိန်အဟုန်ကြီးစွာ ထွက်ပေါ်လာ၏။ ရီဖူရှင်းသည် လမ်းစဉ်အဖြစ် ပြောင်းလဲသွားပြီဖြစ်ပြီး သူ့တစ်ကိုယ်လုံးကို ကွဲပြားသော နတ်စွမ်းအားဖြင့် ပြုလုပ်ထား၏။ သူသည် ယခင်က အမည်ဖြစ်သည့် ကောင်းကင်ဇီဝိန်ခြွေဓားကိုပင် ဆက်သုံးနေသော်လည်း ၎င်းသည် လုံးဝကွဲပြားသွားပြီဖြစ်သည်။ ၎င်းသည် အဆင့်အနည်းငယ်ထက်မက ပိုတိုးတက်သွားခဲ့ပေပြီ။
ဤအတတ်သည် စစ်မှန်သော ကောင်းကင်ဇီဝိန်ခြွေနတ်အတတ်တစ်ခုပင်။ ၎င်းသည် ကောင်းကင်တစ်စိတ်တစ်ပိုင်းကို ဖျက်ဆီးပစ်နိုင်ပေသည်။
ကောင်းကင်ထဲရှိ အရှင်ဟောင်ထျန်းသည် မျက်နှာပျက်သွားသည်။ သူ၏ ကြီးမား၍ အကန့်အသတ်မဲ့သော လက်ကြီး ကောင်းကင်မှနေ၍ ပြန်ဆုတ်သွားပြီး ဧရာမဟောင်ထျန်းနတ်ချိပ်စည်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။ နတ်ချိပ်စည်း၏ အလင်းထဲတွင်ပင် လောကကို ဖျက်ဆီးနိုင်သော စွမ်းအား ပါဝင်လေသည်။ ၎င်းသည် လောကအတွင်းရှိ သက်ရှိအားလုံးကို ဖိနှိပ် ချေမွှပစ်နိုင်၏။ ၎င်းသည် အရှင်ဟောင်ထျန်းထံမှ တိုက်ခိုက်မှုဖြစ်သည်။ နတ်ဘုရားတစ်ပါး အခြားနတ်ဘုရားတစ်ပါးကို တားဆီးကာ သတ်ပစ်နိုင်ပေသည်။
လွန်စွာ တုန်လှုပ်ဖွယ်ကောင်းသည့် တိုက်ခိုက်မှုနှစ်ခုသည် လေထုထဲတွင် ထိတိုက်သွားသည်။ လောကကြီးသည် ရုတ်ခြည်း အက်ကြောင်းထင်သွားပြီး လေထုသည်ပင် ပေါက်ကွဲတော့မလို ဖြစ်သွားသည်။ ထိုအဖျက်မုန်တိုင်းသည် မဟာလမ်းစဉ် နတ်စက်ကွင်း တစ်ခွင်လုံးကို ရိုက်ခတ်သွား၏။ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည့် ဟောင်ထျန်းကို ကိုယ်စားပြုသော မဟာလက်ဝါးချိပ်စည်း ကွဲအက်ပျက်စီးသွားသည်။ ရီဖူရှင်း ဖန်တီးထားသော ကောင်းကင်ဇီဝိန်ခြွေနတ်ဓားသည် ဟောင်ထျန်းနတ်ချိပ်စည်းကို ထိုးဖောက်သွားပြီး ၎င်းကို ကွဲအက်ပျက်စီးကာ အမှုန့်ဖြစ်သွားစေသည်။
ကောင်းကင်ဇီဝိန်ခြွေဓားသည် မဟာနတ်အလင်းကို သယ်ဆောင်၍ အထက်သို့ ဆက်ပျံတက်သွား၏။ ရုတ်ခြည်းပင် ၎င်းသည် အရာအားလုံးကို ဖြတ်သန်းသွားပြီး အထက်ကောင်းကင်ကို ထိတိုက်သွားသည်။
ဒုန်း...
ကောင်းကင်မှနေ၍ ကြောက်မက်ဖွယ် အသံတစ်သံ ထွက်ပေါ်လာ၏။ ကောင်းကင်အဖြစ် ပြောင်းလဲထားသည့် အရှင်ဟောင်ထျန်း၏မျက်နှာ ပြောင်းလဲသွား၏။ နတ်စွမ်းအားကို သယ်ဆောင်လာသော ထိုတိုက်ခိုက်မှုသည် သူ့အတွက် ပြင်ဆင်ထားသည့်ပုံပင်။ ၎င်းသည် ကောင်းကင်ကို ဖြတ်သန်းသွား၏။ ရီဖူရှင်းသည် သူ၏ ကောင်းကင်လမ်းစဉ်အသေးစားထဲတွင် နှစ်ပေါင်းများစွာ စမ်းသပ်၍ ကောင်းကင်ဇီဝိန်ခြွေနတ်စွမ်းအားကို ဖန်တီးထားခြင်းဖြစ်သည်။ သူသည် စည်းမျဉ်းစွမ်းအားအမျိုးမျိုးကို ထည့်သွင်း၍ နောက်ဆုံးတွင် ကောင်းကင်ဇီဝိန်ခြွေစွမ်းအားကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူ၏ကောင်းကင်လမ်းစဉ်အသေးစားသာ ပြီးပြည့်စုံသွားခဲ့လျှင် ကောင်းကင်ဇီဝိန်ခြွေနတ်စွမ်းအားလည်း တိုးတက်လာမည်ဖြစ်သည်။ ထိုအခါ သူသည် ကောင်းကင်တစ်စိတ်တစ်ပိုင်းကို အတွေးတစ်ချက်ဖြင့် ဖျက်ဆီးပစ်နိုင်လာပေလိမ့်မည်။
ထိုစဉ် ၎င်းသည် အရှင်ဟောင်ထျန်း ဖန်တီးထားသော ကောင်းကင်ထိ ထိမှန်သွား၏။ ထိုကောင်းကင်အပိုင်းတွင် အက်ကြောင်းများ ထွက်ပေါ်လာ၏။ အက်ကြောင်းတိုင်းမှနေ၍ ကြောက်မက်ဖွယ် နတ်အလင်း ထွက်ပေါ်လာ၏။ အချို့နေရာများသည် ပြိုပျက်သည့် အရိပ်လက္ခဏာများပင် ပြလာသည်။
ထို့အပြင် ရီဖူရှင်း၏ တိုက်ခိုက်မှုသည် ယခုအထိ မရပ်တန့်သေးပေ။ သူ အသွင်ပြောင်းထားသော ကောင်းကင်ဇီဝိန်ခြွေနတ်ဓားသည် ကောင်းကင်ကို ဆက်၍ တိုက်ခိုက်နေသည်။ အနီးတွင်လည်း အထက်သို့ ဆက်ပျံတက်နေသည့် နတ်ဓားများ မရေမတွက်နိုင်အောင် ရှိနေပေသေးသည်။ ၎င်းတို့သည် အက်ကြောင်းများ ထွက်ပေါ်လာသည့်နေရာများကို တိုက်ခိုက်နေ၏။ မရေမတွက်နိုင်အောင် များပြားသော ကောင်းကင်ဇီဝိန်ခြွေနတ်ဓားများသည် ကောင်းကင်ကို ထိုးစိုက်နေကြ၏။ ၎င်းတို့သည် ကောင်းကင်ကို ဖျက်ဆီး ထိုးဖောက်လိုနေကြသည်။
ဝုန်း...
မရေမတွက်နိုင်အောင်များပြားသော စူးရှသည့်နတ်အလင်းများ ထွက်ပေါ်လာ၏။ မဟာဟောင်ထျန်းနတ်စွမ်းအားတန်းတစ်ခုသည် ပတ်ဝန်းကျင်ရှိ နတ်ဓားများကို ဖျက်ဆီးပစ်လိုက်သည်။ ရီဖူရှင်း၏ခန္ဓာကိုယ်သည်လည်း မဟာအရှိန်အဝါကို ခံလိုက်ရ၏။ ထို့နောက်တွင် ဟောင်ထျန်းသည် ထိုအာကာပြင်မှနေ၍ ပျောက်ကွယ်သွားသည်။ လောကကြီးသည် နဂိုအတိုင်း ပြန်ဖြစ်သွားသည်။
ရီဖူရှင်း၏ခန္ဓာကိုယ်မှနေ၍ နတ်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်အမိုးကို ထိုးဖောက်သွားကာ အပြင်ဘက်ကောင်းကင်သို့ သွားလိုက်သည်။ သူသည် ထိုနေရာတွင် ထွက်ပေါ်လာပြီး လှည့်ပတ်သွားနေသည်။ သူသည် သူ့ခေါင်းအထက်သို့ မော့ကြည့်လိုက်၏။ အရှင်ဟောင်ထျန်းသည် အထက်တွင် ထွက်ပေါ်လာ၏။
သို့သော် အရှင်ဟောင်ထျန်း၏မျက်နှာပေါ်တွင် ယခင်ကကဲ့သို့ စိတ်ကြီးဝင်နေသည့် အရိပ်အယောင်များ မရှိတော့ပေ။ သူ ရီဖူရှင်းကို ကြည့်လိုက်ချိန်တွင် သူ့မျက်နှာပေါ်ရှိ အေးစက်စက် သတ်ဖြတ်လိုသည့်အငွေ့အသက်နှင့် ကြောက်ရွံ့သည့်အရိပ်အယောင်တစ်ခုကို မြင်လိုက်ရ၏။
ရီဖူရှင်းသည် မဟာအင်ပါယာတစ်ပါး ဖြစ်မလာသေးသော်လည်း သူ့ကိုပင် ခြိမ်းခြောက်နိုင်နေပြီဖြစ်ပြီး ဟောင်ထျန်းနတ်စွမ်းအားကိုပင် ဖျက်ဆီးနိုင်လုနီးပါး ရှိနေပြီဖြစ်ကာ မဟာလမ်းစဉ် နတ်စက်ကွင်းကို ဖျက်ဆီးနိုင်နေပြီဖြစ်သည်။
သူ စောင့်ရန် မလိုတော့ကြောင်း သူသဘောပေါက်သွားသည်။ လက်ရှိ ရီဖူရှင်းသည်ပင် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပေပြီ။ အရှင်ဟောင်ထျန်းအတွက် သူ့ကို သတ်ရန် ခဲယဉ်းနေပြီဖြစ်သည်။
“ဘာဖြစ်တာလဲ”
ရှေးဟောင်းဟောင်ထျန်းကလန်မှ ကျင့်ကြံသူများသည် ကောင်းကင်ထဲရှိ လူနှစ်ယောက်ကို ငေးကြည့်လိုက်၏။ ရီဖူရှင်း မသေသေးသည်လော။
အရှင်ဟောင်ထျန်းသည် သူ့ကို မသတ်နိုင်ခဲ့သည်လော။
မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း။
ထိုသို့ တွေးမိသည်မှာ သူတို့သာ မဟုတ်ချေ။ အာကာသလမ်းကြောင်းသည် ထိုနေရာတွင် ရှိနေဆဲဖြစ်သည်။ နတ်ဘုရားကုန်းမြေပေါ်ရှိ ရီအင်ပါယာနန်းတော်အနီးမှ ပိတ်ဆို့မခံလိုက်ရသော ကျင့်ကြံသူအချို့သည် အဝေးမှနေ၍ လျင်မြန်စွာ ရောက်လာကြသည်။ သူတို့သည်လည်း လမ်းကြောင်း၏ အခြားတစ်ဘက်ကို ကြည့်လိုက်ကြသည်။ ကျယ်ပြောသော ကောင်းကင်၏ ထိပ်တွင် ငွေဖြူရောင်ဆံပင်နှင့်လူတစ်ယောက်သည် မဟာအင်ပါယာကို မျက်နှာချင်းဆိုင်၍ ရပ်နေသည်ကို သူတို့ တွေ့လိုက်ရ၏။
သူသည် မထိခိုက်ထားသည့် ပုံပင်။
ထိုအခိုက်တွင် လူပေါင်းများစွာသည် လက်သီးများဆုပ်၍ စိတ်လှုပ်ရှားသော မျက်နှာထား ရှိနေကြသည်။ သူတို့အကြားတွင် အလွန်ဝေးကွာသော်လည်း သူတို့သည် သူ၏ စွမ်းအားကြီးအရှိန်အဝါကို ခံစားနိုင်နေသည်။ သူသည် အသတ်မခံလိုက်ရချေ။ သူ၏အရှိန်အဝါသည် ယခင်ကကဲ့သို့ပင် ရှိသေးသည်။ သူသည် အပြင်းအထန် ဒဏ်ရာမရထားပေ။
ထိုအခြင်းအရာများသည် မည်သည့်အဓိပ္ပာယ်နည်း။
အရှင်ဟောင်ထျန်းသည် ရီဖူရှင်းကို အနိုင်မယူနိုင်ခဲ့ချေ။
သူသည် မဟာအင်ပါယာတစ်ပါးကိုပင် ယှဉ်၍ တိုင်ခိုက်နိုင်နေပြီဖြစ်သည်။
သူသည် ဤတိုက်ပွဲကြောင့် နတ်ဘုရားတစ်ပါးအဖြစ် ကျော်ကြားလာနိုင်ပေသည်။
လက်ရှိ ရီဖူရှင်းသည် မဟာအင်ပါယာတစ်ပါးကိုပင် တိုက်ခိုက်နိုင်နေပေပြီ။
ထိုအချက်သည် ဟောင်ထျန်းကလန်အတွက် ဘေးအန္တရာယ်ဖြစ်လာပေလိမ့်မည်။
လက်ရှိ ရီဖူရှင်းသည် မဟာအင်ပါယာတစ်ပါးကို တိုက်ခိုက်နိုင်ပြီဖြစ်သည်။ အကယ်၍ အရှင်ဟောင်ထျန်းသာ ယနေ့တွင် ရီဖူရှင်းကို မသတ်နိုင်ခဲ့ပါက အနာဂတ်တွင် မည်သည့်ကိစ္စများ ဖြစ်လာမည်ကို တွေးကြည့်နိုင်ပေသည်။
ထိုအချိန်ကျလျှင် အရှင်ဟောင်ထျန်းသည် ရီဖူရှင်း၏ ပြိုင်ဘက် ဟုတ်တော့မည် မဟုတ်ပေ။ သူသည် မဟာအင်ပါယာတစ်ပါး ဖြစ်နေပြီဖြစ်သော်လည်း ရီဖူရှင်းသည် ဆက်၍ အဆင့်တက်လာနိုင်ပေသေးသည်။
အချိန်ကြာလာသည်နှင့်အမျှ သူတို့နှစ်ဦးတွင် ရီဖူရှင်းက ပို၍သာ စွမ်းအားကြီးလာမည်ဖြစ်သည်။
“နတ်ဘုရားဟောင်း...”
ရီဖူရှင်းသည် အရှင်ဟောင်ထျန်းကို မော့ကြည့်ကာ ပြောလိုက်၏။
“ခင်ဗျားရဲ့ အဆုံးသတ်က ကျုပ်ရဲ့အစပဲ”
ထိုစကားက အားလုံး၏ ခန့်မှန်းချက်များကို ပို၍ သက်သေပြပေးခဲ့သည်။ ဟောင်ထျန်းကလန်မှ စွမ်းအားကြီး ကျင့်ကြံသူများသည် သူတို့၏ မဟာအင်ပါယာက ရီဖူရှင်းကိုသတ်ကာ ရီအင်ပါယာနန်းတော်ကို ဖျက်ဆီးပစ်သည်ကို မြင်ရရန် လွန်စွာ ယုံကြည်မှု ရှိနေခဲ့သည်။
သို့သော် ယခုတွင် သူတို့သည် တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်းထသွားပြီး ကြောက်ရွံ့မှုကို ခံစားလိုက်ရလေသည်။
ထိုခံစားချက်သည် သူတို့မျှော်လင့်ထားသည်နှင့် လွန်စွာကွဲပြားသော ခံစားချက်ပင်။ သူတို့ နှစ်ပေါင်းမရေမတွက်နိုင်အောင် စောင့်ဆိုင်းခဲ့ပြီးနောက်တွင် သူတို့၏ မဟာအင်ပါယာ ပြန်ရောက်လာခဲ့သည်။ ရှေးဟောင်းနတ်ဘုရားကလန်သည် အင်ပါယာအဆင့် အင်အားစုတစ်စုဖြစ်လာခဲ့ပြီး သူတို့သည် အထွတ်အထိပ်သို့ တက်လှမ်း၍ လောကအတွင်းရှိ အင်အားအကြီးဆုံးအင်အားစုများထဲမှ တစ်ခု ဖြစ်လာစေရန် မျှော်လင့်ခဲ့သည်။
ယနေ့တွင် သူတိုသည် ရီဖူရှင်းကိုသတ်ရန် ရီအင်ပါယာနန်းတော်သို့ လာခဲ့၏။ သူတို့သည် အရှင်ဟောင်ထျန်း ပြန်ရောက်လာပြီး ရှေးဟောင်နတ်ဘုရားကလန် ဦးမော့လာပြီဆိုသော သတင်းကို ကြေညာရန် ရီဖူရှင်း၏အသက်ကို စတေးလိုခဲ့သည်။
သို့သော် သူတို့သည် ထိုသို့မလုပ်နိုင်ခဲ့သည့်အပြင် ယခုရလဒ်ကို ရင်ဆိုင်နေရပေသည်။
အရှင်ဟောင်ထျန်းသည် ရီဖူရှင်းကို မသတ်နိုင်ခဲ့ချေ။
ရီဖူရှင်းသည် စိတ်ကြီးဝင်စွာပင် ပြောခဲ့၏။
“ခင်ဗျားရဲ့အဆုံးသတ်က ကျုပ်ရဲ့အစပဲ”
အရှင်ဟောင်ထျန်း နှုတ်ဆိတ်နေ၏။ သူသည် ရီဖူရှင်း၏ စကားကို ပြန်မတုံ့ပြန်ခဲ့ပေ။ သူသည် ပြီးခဲ့သော တိုက်ခိုက်မှုတွင် ဟောင်ထျန်းနတ်စွမ်းအားကို အဆုံးစွန် ထုတ်သုံးခဲ့သည်။ သို့သော် သူ ရီဖူရှင်းကို မသတ်နိုင်ခဲ့ပေ။ သူ၏ ဟောင်ထျန်းနတ်စွမ်းအားပင် ရီဖူရှင်းကြောင့် ပျက်စီးလုနီးပါး ဖြစ်သွားခဲ့သည်။ မရေမတွက်နိုင်အောင် များပြားသော အက်ကြောင်းများ ထွက်ပေါ်လာခဲ့သည်။
သူသည် ထိုအခြင်းအရာ၏ အဓိပ္ပာယ်ကို အခြားသူများထက်ပင် ပို၍ ရှင်းရှင်းလင်းလင်း သဘောပေါက်ပေသည်။ အကယ်၍ သူ ဆက်တိုက်ခိုက်နေလျှင် ရီဖူရှင်းကို သတ်နိုင်ဖို့ မဆိုထားနှင့် အသာစီးပင် ရမည်မဟုတ်ပေ။
“သွားစို့...”
အရှင်ဟောင်ထျန်း ပြောလိုက်၏။ ထို့နောက် သူ လက်ဝှေ့ယမ်းလိုက်ပြီး ဟောင်ထျန်းကလန်မှ စွမ်းအားကြီး ကျင့်ကြံသူအားလုံးကို ခေါ်ယူကာ ဤအာကာပြင်မှ ထွက်ခွာသွားသည်။
ရုတ်ခြည်းပင် လေထုထဲရှိ အရှိန်အဝါ ပျောက်ကွယ်သွားသည်။ အရှင်ဟောင်ထျန်းနှင့် ဟောင်ထျန်းကလန်မှ ကျင့်ကြံသူများသည် ဤနေရာမှ ထွက်ခွာ ပျောက်ကွယ်သွားပေပြီ။
ရီဖူရှင်းသည် ထိုသူများ ပျောက်ကွယ်သွားသည့်နေရာကိုကြည့်ကာ အနည်းငယ် အံ့အားသင့်နေသည်။ အရှင်ဟောင်ထျန်းသည် ထိုမျှ ပြတ်သား၍ ချက်ချင်း အရှုံးပေးလိမ့်မည်ဟု သူမထင်ထားပေ။ ဤတစ်ကြိမ်တွင် အရှင်ဟောင်ထျန်းသည် သူ့ကို မသတ်နိုင်ခဲ့ပေ။ ထို့ကြောင့် အနာဂတ်တွင် သူ့ကို သတ်နိုင်ရန် ပို၍ပင် မမျှော်လင့်နိုင်တော့ချေ။ သူ့ကို သတ်မည့်ကိစ္စမှာ ပို၍သာ ခက်ခဲလာမည်ဖြစ်သည်။
ရီဖူရှင်းသည် အောက်သို့ ပျံဆင်းသွားပြီး ရီအင်ပါယာနန်းတော်သို့ ပြန်သွားလိုက်သည်။ အာကာသဝဲကတော့ကြီးသည် ပျောက်ကွယ်သွားပြီဖြစ်ပြီး အရာအားလုံးသည် သာမန်ပြန်ဖြစ်သွားပြီဖြစ်သည်။ ရီဖူရှင်း သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ရီအင်ပါယာနန်းတော်၏ ကျယ်ပြောသောနယ်မြေကို ဝန်းရံထားသော အကာအရံစွမ်းအားများ ပျောက်ကွယ်သွားသည်။ မြေပေါ်တွင် စွမ်းအားကြီးပုဂ္ဂိုလ်အားလုံး ထွက်ပေါ်လာ၏။
သူတို့သည် ရီဖူရှင်းကို မြင်လိုက်သောအခါ အပြင်းအထန် စိတ်လှုပ်ရှားသွားကာ ရင်ခုန်မြန်လာကြသည်။
သူ အဆင်ပြေပေသည်။ ရီဖူရှင်းက အဆင်ပြေနေသည်။
သူတို့သည် အစောကပင် မျှော်လင့်ချက်များကို လက်လွှတ်လိုက်ပြီးဖြစ်သည်။ သို့သော် ကောင်းကင်သည် ကြည်လင်နေသည်။ ထို့ကြောင့် ရီဖူရှင်း၏ လက်ရှိစွမ်းရည်သည် မဟာအင်ပါယာတစ်ပါးကို တိုက်ခိုက်ရန်ပင် လုံလောက်နေပြီဖြစ်ကြောင်း သူတို့ သိလိုက်သည်။
ယခုမှစ၍ မည်သူသည် ရီအင်ပါယာနန်းတော်ကို ထိနိုင်ပါတော့မည်နည်း။
သူတို့သည် ကံကြမ္မာဗုဒ္ဓ၏ ရှေ့ဖြစ်ဟောကိန်းကို တွေးမိလိုက်ကြသည်။ အချိန်ကျလာလျှင် ရီဖူရှင်းသည် အမှန်ပင် အရှင်ဒွန်ဟောင်ကို အနိုင်ယူနိုင်လောက်ပေသည်။