← Chapters

ဒွန်ဟောင်၏ ကြင်ရာတော်

Vol. 199 Ch. 2838

ဒွန်ဟောင်၏ ကြင်ရာတော်

Vol. 199 Ch. 2838

ယူချင်းသည် ရီဖူရှင်းကို ကြည့်၍ အတွေးပို့လွှတ်ကာ ပြောလိုက်၏။

“နတ်ဆိုးအင်ပါယာက မင်းကို ကောင်းကင်ဒေသသွားပြီး အရှင်ဟောင်ထျန်းနဲ့ တခြားသူတွေကို ရှင်းပစ်စေလိုနေတယ်။ အဲဒီအချိန်အတွင်း သူကလည်း ဒွန်ဟောင်အင်ပါယာနန်းတော်ကို သွားလိမ့်မယ်”

ရီဖူရှင်းသည် ယူချင်း၏အတွေးများကို ကြားလိုက်ရသောအခါ မျက်နှာထား ထူးဆန်းသွားသည်။

နတ်ဆိုးအင်ပါယာသည် ဘာကို ကြံစည်နေသနည်း။

နတ်ဆိုးအင်ပါယာသည် ရီဖူရှင်းကို စမ်းသပ်နေခြင်းလော။ သို့မဟုတ် နတ်ဆိုးအင်ပါယာသည် အခြားသူများကို သတ်ရန် သူ့ကို အသုံးချနေခြင်းလော။ ကောင်းကင်ဒေသမှ မဟာအင်ပါယာတစ်ပါးကို ကိုင်တွယ်ရန် သူ၏လက်ကိုသုံး၍ နောက်ဖြစ်လာမည့် သူနှင့် အရှင်ဒွန်ဟောင်၏ တိုက်ပွဲအတွက် လမ်းခင်းခြင်းလော။ အရှင်ဒွန်ဟောင်၏ နှစ်(၅၀၀) အင်ပါယာကံကြမ္မာ ပြည့်ရန် သိပ်မလိုတော့ပေ။

မှော်နက်လောကလည်း ဝင်ပါလောက်သည်။

နတ်ဆိုးအင်ပါယာသည် အရှင်ဒွန်ဟောင်နှင့် တွေ့ရန် ဒွန်ဟောင်အင်ပါယာနန်းတော်သို့ သွားမည်ဖြစ်သည်။ သူ ထိုသို့လုပ်ခြင်းမှာ ရီဖူရှင်း လှုပ်ရှားရ လွယ်ကူစေရန် ဖြစ်သည်။ နတ်ဆိုးအင်ပါယာသည် အရှင်ဒွန်ဟောင် ဝင်မပါစေနိုင်ရန် တားဆီးလိုနေခြင်းပင်။

“နတ်ဆိုးအင်ပါယာက နန်းတော်သခင်ရီနဲ့ ကောင်းကင်ဒေသက ရှေးဟောင်းနတ်ဘုရားကလန်တွေကြားမှာ နက်ရှိုင်းတဲ့ ရန်ငြိုးတွေရှိမှန်း သိတယ်။ အဲဒါကြောင့် သူက ကျုပ်တို့ကို နန်းတော်သခင်ရီ ကောင်းကင်ဒေသကိုသွားပြီး လက်စားချေတာမှာ အတူလိုက်သွားခိုင်းလိုက်တာပါ”

ယန်ကွေ့ရီက ရီဖူရှင်းကိုကြည့်၍ ပြောလိုက်၏။

“နန်းတော်သခင်ရီ... နန်းတော်သခင်ရီက အရှင်ဟောင်ထျန်းနဲ့ တခြားသူတွေကို သတ်နိုင်မယ်လို့ ယုံကြည်မှု ရှိပါသလား”

ယန်ကွေ့ရီသည် နတ်ဆိုးလောက၏ ထိပ်တန်း နတ်ဆိုးသူတော်စင်ဖြစ်ပြီး လွန်စွာ အဆင့်အတန်းမြင့်ပေသည်။ သူ၏စွမ်းရည်များသည်လည်း အလွန် စွမ်းအားကြီးသည်။ မည်သို့ပင်ဖြစ်စေ သူသည် ယခုတွင် ရီဖူရှင်းကို နန်းတော်သခင်ရီဟု ခေါ်နေသည်။

ယန်ကွေ့ရီသည် မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း ရီဖူရှင်းက မဟာအင်ပါယာများကိုပင် အနိုင်ယူနိုင်နေပြီဖြစ်သည်။

ရီဖူရှင်းသည် အဓိကအင်အားစုကြီးနှစ်စုမှ ကျင့်ကြံသူများကို ဝေ့ဝဲကြည့်သည်။ ကြည့်ရသည်မှာ သူ့တွင် ရွေးစရာ မရှိသည့်ပုံပင်။

ထို့အပြင် သူတို့သည် သူလက်စားချေရာတွင် ကူညီရန် ရောက်လာခြင်းဖြစ်သည်။

“ကျုပ် မသိဘူး”

ရီဖူရှင်းက ပြန်ပြောလိုက်၏။

“သူတို့က မဟာအင်ပါယာတွေ မလား။ ဒါပေမဲ့ ခင်ဗျားတို့အားလုံးက ကူညီဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူးလို့ ကျုပ် ယုံကြည်တယ်”

ယန်ကွေ့ရီ ပြောလိုက်၏။

“ကျုပ်တို့က ကူညီပေးဖို့ လာခဲ့တာပါ။ ကျန်တဲ့ကိစ္စအားလုံးကတော့ နန်းတော်သခင်ရီအပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ အဲဒီအချိန်အတွင်းမှာ အရှင်နတ်ဆိုးအင်ပါယာက နန်းတော်သခင်ရီအတွက် အချိန်ဆွဲပေးဖို့ ဒွန်ဟောင်အင်ပါယာနန်းတော်ကိုသွားပြီး အရှင်ဒွန်ဟောင်နဲ့ စကားပြောနေပါလိမ့်မယ်”

သူတို့သည် သူ၏တိုက်ပွဲများတွင် ဝင်ပါလိမ့်မည် မဟုတ်ပေ။

ဤကိစ္စသည် ရီဖူရှင်းနှင့် ကောင်းကင်ဒေသမှ ရှေးဟောင်းနတ်ဘုရားကလန်များကြားမှ ကိစ္စသာဖြစ်သည်။

“ကောင်းပြီ...”

ရီဖူရှင်း ခေါင်းညိတ်လျှက် ပြောလိုက်၏။

“အရှင်နတ်ဆိုးအင်ပါယာက ကျုပ်ကို ကူညီချင်နေမှတော့ ကျုပ် ဘယ်လိုလုပ် သူ့ရဲ့ ကြင်နာမှုကို ငြင်းပယ်နိုင်မှာလဲ။ ဒါပေမဲ့ ကိစ္စတွေက ဘယ်လို အဆုံးသတ်သွားမယ်ဆိုတာ ကျုပ် မသိဘူး။ တကယ်လို့ ကျုပ်ရဲ့ စွမ်းရည်တွေက မလုံလောက်ရင် ကျုပ် ခင်ဗျားတို့ရဲ့ အကူအညီကို လိုပါလိမ့်မယ်”

“စိတ်မပူပါမဲ့ နန်းတော်သခင်ရီ”

ယန်ကွေ့ရီက ခေါင်းညိတ်လျှက် ပြန်ဖြေ၏။

“နန်းတော်သခင်ရီက သဘောတူလိုက်ပြီဆိုတော့ ကျုပ်တို့ ချက်ချင်း သွားကြရင် မကောင်းဘူးလား”

“အင်း...”

ရီဖူရှင်း ခေါင်းညိတ်လျှက် ပြန်တုံ့ပြန်လိုက်သည်။ သူသည် ရီအင်ပါယာနန်းတော်မှ လူများကို အကြောင်းကြားလိုက်ပြီး အင်ပါယာအဆင့် အင်အားစုနှစ်စုမှ ကျင့်ကြံသူများနှင့်အတူ ချက်ချင်း ထွက်ခွာသွားသည်။

ရီဖူရှင်းသည် လက်စားချေရန် အစီအစဉ်ဆွဲထားပြီးသား ဖြစ်သော်လည်း ကောင်းကင်ဒေသသို့ လိုက်ပို့ခံရလိမ့်မည်ဟုမူ မတွေးထားခဲ့ချေ။

နတ်ဆိုးအင်ပါယာသည် ရီဖူရှင်းက ကောင်းကင်ဒေသကို တိုက်ရိုက် စစ်ကြေညာလိမ့်မည်ဟု မျှော်လင့်နေခြင်းလော။

သူတို့အုပ်စုသည် နတ်ဘုရားကုန်းမြေမှ ထွက်ခွာသွားပြီး ကောင်းကင်ဒေသတွင် ဆင်းသက်လိုက်သည်။ သူတို့သည် နန်ထျန်းကုန်းမြေရှိ‌ ဟောင်ထျန်းကလန်သို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်ကြသည်။

သူတို့၏ သတင်းရင်းမြစ်များအရ ရှေးဟောင်းနတ်ဘုရားကလန်အားလုံးမှ လူများသည် ထိုနေရာတွင် ရှိနေသည်ဟု သိရ၏။ သူတို့သည် ရီဖူရှင်း သူတို့ကို လက်စားလာချေမည်ကို ကာကွယ်ရန်အတွက် အတူတကွ စုဝေးနေကြခြင်းပင်။

ရီဖူရှင်းသည် အရှင်ဟောင်ထျန်းနှင့်ပင် တိုက်ခိုက်နိုင်နေပြီ မဟုတ်ပါလား။ သူတို့ သတိရှိရန် လိုပေသည်။

သူတို့ ကောင်းကင်ဒေသို့ သွားနေစဉ်တွင် အရှင်ဒွန်ဟောင်သည် ဒွန်ဟောင်အင်ပါယာနန်းတော်ထဲတွင် ကျင့်ကြံနေသည်။ လည်ပတ်နေသော တိမ်တိုက်များကြားတွင် နတ်နန်းတော်တစ်ခု ရှိနေသည်။ ထိုနန်းတော်ရှေ့တွင် အရှင်ဒွန်ဟောင် ထိုင်နေသည်ကို မြင်ရသည်။ သူ့ကို မြူခိုးများနှင့် တိမ်တိုက်များက ဝန်းရံထားသည်။

သူသည် သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး လေးနက်သော မျက်နှာထားပြုလိုက်၏။ ထို့နောက် သူ နူးညံ့စွာ ရယ်ကာ ပြောလိုက်၏။

“ရာစုနှစ်နည်းနည်းကြာပြီးတော့ နတ်ဆိုးအင်ပါယာက တကယ်ပဲ ကိုယ်တိုင် ထပ်ရောက်လာပြီပေါ့။ ခင်ဗျား ရောက်လာမယ်လို့ ကျုပ် မထင်ထားဘူး... ကျုပ် နည်းနည်းတောင် အံ့ဩမိသွားတယ်”

“အရင်တစ်ခေါက်တုန်းက ခင်ဗျားက ကျုပ်ရဲ့ နတ်ဆိုးအင်ပါယာနန်းတော်ကို လာခဲ့တာပဲ... အဲဒီတုန်းက ခဏတောင် မနေဘဲ တန်းပြန်သွားတာမလား။ ဒီနေ့ ကျုပ် ခင်ဗျားဆီ ပြန်လာလည်တာပါ”

အသံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် ကောင်းကင်မှ တိမ်တိုက်များ ရွေ့လျားသွားသည်။ အကြီးအကဲတစ်ဦး ထွက်ပေါ်လာ၏။ သူက လက်နောက်ပစ်၍ ပုံမှန်အတိုင်း ရပ်နေသည်။ သူသည် အရှင်ဒွန်ဟောင်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်၏။ သူသည် သာမန် အဘိုးအိုတစ်ယောက်ဟုသာ ထင်ရသည်။ သူသည် နတ်ဆိုးလောကတစ်ခွင်လုံးကို အုပ်စိုးသည့် ဩဇာအာဏာကြီးသော နတ်ဆိုးအင်ပါယာဟု မည်သူမှ ခန့်မှန်းမိမည် မဟုတ်ပေ။

နတ်ဆိုးအင်ပါယာသည် နတ်ဆိုးလောက,က ဒွန်ဟောင်တိယွမ်ကို ဖမ်းထားခဲ့စဉ်က ဖြစ်သွားခဲ့သော ကိစ္စအကြောင်းကို ပြောနေခြင်းဖြစ်သည်။ ထိုစဉ်က အရှင်ဒွန်ဟောင်သည် သူမကို ပြန်ခေါ်ရန် နတ်ဆိုးအင်ပါယာနန်းတော်သို့ ရောက်လာခဲ့လေသည်။

“ထိုင်ပါဦး...”

အရှင်ဒွန်ဟောင်က လက်ဟန်ပြ၍ ပြောလိုက်၏။ သူသည် နတ်ဆိုးအင်ပါယာကို သူ့ရှေ့တွင် ထိုင်ရန် ဖိတ်ခေါ်လိုက်၏။ သူ့အသံသည် လွန်စွာ ပျူငှာနေသည်။ သူတို့သည် မတွေ့ရသည်မှာ ကြာပြီဖြစ်သော မိတ်ဆွေနှစ်ဦးကဲ့သို့ပင်။

နတ်ဆိုးအင်ပါယာသည်လည်း သူ၏ဖိတ်ခေါ်ချက်ကို မငြင်းလိုက်ပေ။ သူသည် အရှင်ဒွန်ဟောင်အနီးတွင် ထိုင်လိုက်၏။ အရှင်ဒွန်ဟောင်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ သူတို့နှစ်ယောက်အရှေ့တွင် ဝေချီဘုတ်ပြားတစ်ခု ပေါ်လာလေသည်။

သူ ပြောလိုက်၏။

“နတ်ဆိုးအင်ပါယာ ဒီကို ရောက်လာမှတော့ ကျုပ်တို့ တစ်ပွဲလောက် ကစားကြရင် မကောင်းဘူးလား”

“ကောင်းပြီလေ...”

နတ်ဆိုးအင်ပါယာသည် သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် သူ၏အာရုံကို ဘုတ်ပြားဆီသို့ ပို့လိုက်သည်။

“နတ်ဆိုးအင်ပါယာက ဧည့်သည်ဆိုတော့ အရင် စပါ”

အရှင်ဒွန်ဟောင်က လက်ဟန်ပြ၍ ပြောလိုက်၏။

နတ်ဆိုးအင်ပါယာသည် အဖြူရောင်ကျောက်စေ့တစ်စေ့ကို ယူ၍ ဘုတ်ပြားပေါ်တွင် တင်လိုက်သည်။ တစ်ချိန်တည်းမှာပဲ သူပြောလိုက်၏။

“ဒွန်ဟောင်... ခင်ဗျား ကျုပ်ရဲ့ ညီတော်အကြောင်း ဘာသတင်းကြားသေးလဲ”

အရှင်ဒွန်ဟောင် ခေါင်းခါလိုက်သည်။ သူသည် အနောက်ရောင်ကျောက်စေ့တစ်စေ့ကို ဘုတ်ပြားပေါ်တွင် တင်လိုက်ပြီး ပြန်ပြောလိုက်၏။

“ခင်ဗျားလိုပဲ ကျုပ်လည်း သူ့အကြောင်း သတင်းတွေကို မကြားရတာ ကြာခဲ့ပြီ”

“အဲဒီလိုလား...”

နတ်ဆိုးအင်ပါယာသည် နောက်ထပ် အဖြူရောင်ကျောက်စေ့ကို ထပ်တင်လိုက်သည်။ သူ၏လေသံတွင် သံသယအရိပ်အယောင်များ ပါနေသည်။

“အဲဒါ လုံးဝ အမှန်ပါပဲ”

အရှင်ဒွန်ဟောင်က ပြန်ပြောလိုက်၏။ သူ၏အသံသည် အမှန်အတိုင်းပြောနေသည့် လေသံပင်။ သူသည် နတ်ဆိုးအင်ပါယာကို ဘာမှ ဖုံးကွယ်မထားဟု ထင်ရသည်။

“ကောင်းကင်အင်ပါယာဘုံမှာ ဘယ်သူ ကောင်းကင်လမ်းစဉ်ကို ဆက်ခဲ့တာလဲ”

နတ်ဆိုးအင်ပါယာသည် အရှင်ဒွန်ဟောင်အား ထိုကိစ္စကို ဆက်မမေးတော့ဘဲ စကားလမ်းကြောင်း ပြောင်းလိုက်ကာ ကောင်းကင်ဘုံကို ဖိအားပေးခဲ့သည့် ကောင်းကင်လမ်းစဉ်အကြောင်းကို မေးလိုက်သည်။

“နတ်ဆိုးအင်ပါယာရော ဘယ်လိုထင်လဲ”

အရှင်ဒွန်ဟောင်က ခေါင်းမော့၍ နတ်ဆိုးအင်ပါယာကို တစ်ချက်ကြည့်သည်။ သူသည် နောက်ထပ်မေးခွန်းဖြင့် ပြန်ဖြေလိုက်ပေသည်။

“ကျုပ်သာ အဖြေကိုသိရင် ဘာလို့ မေးနေဦးမှာလဲ”

နတ်ဆိုးအင်ပါယာက ပြုံး၍ ပြောလိုက်၏။ သူ၏ အသံသည် ပုံမှန်ပင်။ ထို့နောက် သူသည် အခြားအကြောင်းတစ်ခုကို ပြောလိုက်၏။

“အတိတ်တုန်းက ကောင်းကင်ဘုံရဲ့ နတ်မိမယ်က လောကကြီးကို သူရဲ့ မျက်နှာကို ပထမဆုံးပြခဲ့တုန်းက ဘယ်သူမှ သူ့ရဲ့ အလှတရားနဲ့ စွမ်းရည်ကို မယှဉ်နိုင်ခဲ့ဘူး။ မိန်းမသားတွေ မပြောနဲ့ လောကထဲမှာ သူနဲ့ ယှဉ်နိုင်တဲ့ ယောက်ကျားသားတွေတောင် နည်းနည်းပဲရှိတယ်။ ပြီးတော့ သူက မရေမတွက်နိုင်တဲ့ ယောက်ျားသားတွေ အိပ်မက် မက်ရတဲ့ မိန်းမပျိုပဲ”

အရှင်ဒွန်ဟောင်သည် တောက်ပစွာပြုံးလိုက်သည်။ သူ၏မျက်လုံးများသည် သိမ်မွေ့မှုနှင့် တောက်ပလာသည်။ သူပြောလိုက်၏။

“သူက မိန်းကလေးတွေအားလုံးထဲမှာ အတော်ဆုံး၊ အလှဆုံးပဲ”

နတ်ဆိုးအင်ပါယာက ပြုံး၍ ဆက်ပြော၏။

“ခင်ဗျားက အားကျစရာ ကောင်းတာပဲ။ အဲဒီလို အမျိုးသမီးတစ်ယောက်က တကယ်ပဲ ခင်ဗျားရဲ့ ကြင်ရာတော် ဖြစ်လာခဲ့တယ်။ သူက ခင်ဗျားအတွက် မျိုးဆက်သစ်တစ်ယောက် မွေးပေးချင်ခဲ့တာ”

အရှင်ဒွန်ဟောင်၏ အကြည့်များ ရီဝေလာ၏။ သူပြုံး၍ ပြောလိုက်၏။

“သူက ရီချင်နဲ့ ကျုပ် မဟာအင်ပါယာတွေဖြစ်လာအောင် အများကြီး ကူညီပေးခဲ့တယ်”

“ခင်ဗျားက အထူးချွန်၊ အပြောင်မြောက်ဆုံး အရည်အချင်းတွေ ရှိတဲ့သူဆိုတော့ အဲဒီအချိန်တုန်းက သူနဲ့လိုက်ဖက်ညီတဲ့သူက တကယ်ကို ခင်ဗျားတစ်ယောက်ပဲ ရှိခဲ့တာပဲ။ ခင်ဗျားတို့နှစ်ယောက်စလုံးက အားကျစရာကောင်းတဲ့ အတွဲပါ။ အဲဒါကြောင့်လည်း ခင်ဗျားဆီမှာ သေချာပေါက် ချုပ်တည်းထားရတဲ့ အမုန်းတရားတွေ အများကြီးရှိနေမှာပဲ”

နတ်ဆိုးအင်ပါယာသည် ထိုသို့ပြောရင်း ဝေချီဘုတ်ပြားပေါ်သို့ ကျောက်စေ့တစ်စေ့ တင်လိုက်သည်။

သူသည် အရှင်ဒွန်ဟောင်၏ မျက်နှာထားကို လေ့လာရန် မော့ကြည့်သည်။ သို့သော် အရှင်ဒွန်ဟောင်၏မျက်နှာထားသည် သာမန်သာဖြစ်ပြီး မပြောင်းလဲသေးပေ။ သူသည် သိမ်မွေ့သော အသွင်ကို ဆောင်ထားဆဲပင်။

“အဲဒါတွေအကုန်လုံးက အတိတ်က ကိစ္စတွေပါ။ ခင်ဗျားက ဘာလို့ အဲဒီအကြောင်းတွေကို ပြန်ပြောနေရတာလဲ။ ခင်ဗျား ဒီကိုရောက်လာတာ အဲဒီအကြောင်းတွေ ပြောဖို့လား”

အရှင်ဒွန်ဟောင်က မေးလိုက်၏။

အကယ်၍ အပြင်လူများသာ သူတို့၏စကားများကို ကြားခဲ့လျှင် မိတ်ဆွေကောင်းနှစ်ယောက်သည် ပုံမှန်အတိုင်း စကားစမြည်ပြောနေသည်ဟု အမှန်ပင် ယုံကြည်သွားမည်ဖြစ်သည်။

****

သူတို့နှစ်ဦး ဒွန်ဟောင်အင်ပါယာနန်းတော်ထဲတွင် စကားပြောနေစဉ်၌ ရီဖူရှင်းတို့အုပ်စုသည် နတ်ထျန်းကုန်းမြေရှိ‌ ဟောင်ထျန်းကလန်၏ နယ်မြေသို့ ရောက်ရှိလာကြသည်။

ဟောင်ထျန်းမြို့သည် အပြင်းအထန် တုန်ခါသွား၏။ ယခင်က ရီဖူရှင်းသည် ဤနေရာသို့ သတ်ဖြတ်၍ ရောက်လာခဲ့ဖူးသည်။ နောက်တွင် အရှင်ဟောင်ထျန်းသည် မဟာအင်ပါယာတစ်ပါးဖြစ်လာခဲ့ပြီး လက်စားချေရန် ကြိုးစားခဲ့သည်။ သို့သော် သူသည် ရီအင်ပါယာနန်းတော်ကို မဖျက်ဆီးနိုင်ခဲ့ချေ။

ယနေ့တွင် ရီဖူရှင်းသည် ဟောင်ထျန်းမြို့သို့ နောက်တစ်ကြိမ် ရောက်ရှိလာပေပြီ။

ကြောက်မက်ဖွယ်ဖိအားသည် ဟောင်ထျန်းမြို့ကို လွှမ်းခြုံသွားသည်။ ဟောင်ထျန်းကလန်သည်လည်း ထိုဖိအားကို ခံစားလိုက်ရ၏။ မြို့ထဲမှ ကျင့်ကြံသူများစွာသည် ထိုကဲ့သို့သော ဖိအားနှင့် ရင်ဆိုင်ရသောအခါ ထိုဖိအားကို ထုတ်လွှတ်လိုက်သည့် စွမ်းအားကြီးကျင့်ကြံသူကို ကိုးကွယ်လိုစိတ် ပေါက်သွားသည်။

ရီဖူရှင်းသည် မဟာအင်ပါယာတစ်ပါး ဖြစ်မလာသေးသော်လည်း သူ၏ အရှိန်အဝါသည် မဟာအင်ပါယာအရှိန်အဝါနှင့် ယှဉ်နိုင်နေပြီဖြစ်သည်။

All Chapters