← Chapters

မဟာအင်ပါယာနှစ်ပါးနှင့် တိုက်ပွဲ

Vol. 199 Ch. 2839

မဟာအင်ပါယာနှစ်ပါးနှင့် တိုက်ပွဲ

Vol. 199 Ch. 2839

ဟောင်ထျန်းကလန်ထဲရှိ ကျင့်ကြံသူအားလုံးသည် ခေါင်းမော့၍ ကောင်းကင်ထက်ရှိ လူကို ကြည့်လိုက်ကြသည်။ ရီဖူရှင်းသည် မြင့်မားသော ကောင်းကင်ထက်တွင် နတ်ဘုရားတစ်ပါးကဲ့သို့ ရပ်နေ၏။

အရှင်ဟောင်ထျန်း၊ ကောင်းကင်အင်ပါယာကျန်းနှင့် အခြားသူများသည်လည်း ကောင်းကင်ထဲတွင် ထွက်ပေါ်လာကြသည်။ ကျန်ရှိနေသေးသည့် အဓိက ရှေးဟောင်းနတ်ဘုရားကလန်အားလုံးသည် မဟာမိတ်ဖွဲ့ခဲ့လေသည်။ အရှင်ဟောင်ထျန်းသည် ပထမဆုံးအဆင့်တက်ကာ မဟာအင်ပါယာအဆင့်သို့ ရောက်ခဲ့သူဖြစ်၏။ ထို့ကြောင့် ကောင်းကင်အင်ပါယာကျန်း၊ အရှင်ယွမ်ရှစ်နှင့် အရှင်ဝူလျန့်တို့သည် ရီဖူရှင်းတစ်ယောက် သူတို့ကို သတ်ရန် သူတို့၏ ရှေးဟောင်းနတ်ဘုရားကလန်များသို့ ရောက်လာမည်စိုး၍ ဤနေရာသို့ လာရောက်စုဝေးနေကြခြင်းပင်။

အမှန်တွင် သူတို့၏ နောက်ဆုံးပြီးသွားခဲ့သည်မှာ မကြာသေးပေ။ သို့သော် ရီဖူရှင်းသည် သူ၏ ထူးခြားသည့် အချိန်စည်းမျဉ်းကြောင့် အချိန်ကြာမြင့်စွာ ကျင့်ကြံခဲ့ပြီးခဲ့ပေပြီ။ အရှင်ဟောင်ထျန်းအပြင် အရှင်ယွမ်ရှစ်သာ မဟာအင်ပါယာဖြစ်လာသေး၏။ ကျန်နှစ်ဦးမှာ သူတို့၏လမ်းစဉ်များကို သက်သေပြရန် ခြေတစ်လှမ်းလိုပေသေးသည်။ သူတို့သည် မဟာအင်ပါယာဖြစ်လာမည့်သူများအဖြစ်သာ ဆက်ရှိနေလေသည်။

သူတို့သည် သူတို့လေးယောက်စလုံး မဟာအင်ပါယာအဆင့်သို့ ပြန်ရောက်သွားလျှင် ရီအင်ပါယာနန်းတော်ကို တိုက်ခိုက်ရန် ကြံစည်ထားကြသည်။ ထိုအခါမှ သူတို့ ရီဖူရှင်းကို သတ်နိုင်ရန် အခွင့်အရေး ပိုများပေလိမ့်မည်။ သူတို့၏အမြင်တွင် ရီဖူရှင်းသည် သူတို့ထက်မြန်‌သောနှုန်းဖြင့် တိုးတက်နေသည်ဟုမြင်၏။ သို့သော် မဟာအင်ပါယာလေးပါး၏ စုပေါင်းစွမ်းအားနှင့်ဆိုလျှင် သူတို့ သူ့ကို သတ်နိုင်လိမ့်မည်ဟု ယုံကြည်မှုရှိပေသည်။

ကံဆိုးစွာပင် ရီဖူရှင်းသည် သူ့ ကောင်းကင်လမ်းစဉ်အသေးစား၏ လောကထဲတွင် အချိန်သွားနှုန်းကို ပြောင်းလဲနိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြချေ။ အမှန်တွင် သူတို့ အချိန်ကြာကြာယူ၍ ပြင်ဆင်လေလေ၊ သူတို့အတွက် ပို၍ တစ်ပန်းရှုံးလေလေသာဖြစ်သည်။

နတ်ဆိုးလောကနှင့် မှော်နက်လောကမှ ကျင့်ကြံသူများလည်း ဤနေရာသို့ ရောက်လာကြသည်။ သူတို့သည် ဤနေရာတွင် ဘာလုပ်နေခြင်းနည်း။ ဟောင်ထျန်းကလန်မှ ကျင့်ကြံသူများသည် ယူချင်းနှင့် အခြားသူများကိုကြည့်၍ တွေးလိုက်ကြသည်။

အရှင်ဟောင်ထျန်းက ချက်ချင်းမေးလိုက်၏။

“ဒီနယ်မြေက ကောင်းကင်ဒေသရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ နတ်ဆိုးအင်ပါယာနန်းတော်နဲ့ မှော်နက်နန်းတော်က ကျင့်ကြံသူတွေက ဒီကို‌ ရောက်လာတယ်ဆိုတော့ ခင်ဗျားတို့က လောကသုံးခုကြားမှာ စစ်ပွဲစချင်လို့လား”

လက်ရှိတွင် နေရာအနှံ့၌ အခြေအနေများသည် ပရမ်းပတာ ဖြစ်နေသည်။ အင်အားစုအသီးသီးသည် တစ်စုနှင့်တစ်စု စစ်မကြေညာသေးသော်လည်း နတ်ဆိုးလောကနှင့် မှော်နက်လောကမှ ကျင့်ကြံသူများ ဤနေရာ၌ ပေါ်လာခြင်းသည် တမင်ရန်စသကဲ့သို့ပင်ဖြစ်လေသည်။ အရှင်ဟောင်ထျန်းသည် ဤအရှုပ်အထွေးအတွင်း ဒွန်ဟောင်အင်ပါယာနန်းတော်ကို ဆွဲသွင်းရန် လိုအပ်ပေသည်။ မဟုတ်လျှင် ဟောင်ထျန်းကလန်သည် အင်အားကြီး အင်အားစုသုံးစုကို သူတို့ဘာသာ ယှဉ်နိုင်မည် မဟုတ်ချေ။

“ကျုပ်တို့က တိုက်ပွဲကို ကြည့်ဖို့ ရောက်လာတာပါ”

မှော်နက်နန်းတော်မှ အရှင်ရှာမင်က ပြန်ပြောလိုက်၏။ မှော်နက်နန်းတော်သည် တိုက်ပွဲတွင် ဝင်ပါရန် စိတ်ကူးမရှိပေ။ ဤမတိုင်ခင်က အရှင်ရှာမင်သည် ရီဖူရှင်းက မဟာအင်ပါယာတစ်ပါးကိုပင် ပြန်ဆုတ်ခွာသွားအောင် တိုက်ခိုက်နိုင်နေပြီဟု ကြားလိုက်သောအခါ အလွန် အံ့အားသင့်သွားခဲ့သည်။ အတိတ်တွင် သူသည် ရီဖူရှင်းကို သတ်ရန် ကြံရွယ်ခဲ့သည်။

ယခုတွင် ရီဖူရှင်းသည် အမှန်ပင် သူ့ထက် သာသွားပြီဖြစ်သည်။

တစ်ဘက်တွင်လည်း သူသည် မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်တွင်သာ ရှိနေပေသေးသည်။

“ခင်ဗျားတို့က ဒီကိုရောက်လာတာ တိုက်ပွဲကို ကြည့်မလို့လား”

အရှင်ဟောင်ထျန်းသည် စိတ်သက်သာရသွားဟန် သက်ပြင်းသဲ့သဲ့ချလိုက်ပြီး ပြောလိုက်၏။ ထိုသူများကြားတွင် ပြန်ရှင်သန်လာသော ရှေးဟောင်မဟာအင်ပါယာများ ပါပေသည်။ အကယ်၍ သူတို့သည် ရှေးဟောင်းနတ်ဘုရားကလန်များကို စစ်ကြေညာခဲ့လျှင် ရှေးဟောင်းနတ်ဘုရားကလန်များသည် မရှုမလှ ရှုံးနိမ့်သွားကြမည်ဖြစ်သည်။ သို့သော် သူတို့သည် တိုက်ပွဲကို ကြည့်ရန်သာ ဤနေရာသို့ ရောက်လာခြင်းဖြစ်၍ အရှင်ဟောင်ထျန်းသည် သူနှင့် အရှင်ယွမ်ရှစ်ပူးပေါင်း တိုက်ခိုက်ပါက ရီဖူရှင်းကို ထိပ်တိုက် ရင်ဆိုင်နိုင်လိမ့်မည်ဟု ယုံကြည်မှုရှိနေဆဲပင်ဖြစ်သည်။

သူတို့သည် ယခုတွင် သူ့ကို သတ်ပင်သတ်ပစ်နိုင်လောက်ပေသည်။

သူတို့ နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့ပြီးနောက် ရီဖူရှင်းသည် ဤအချိန်တိုအတွင်း၌ များစွာ တိုးတက်လာလိမ့်မည်ဟု သူမယုံကြည်ချေ။

ကောင်းကင်ထက်တွင် ရီဖူရှင်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။ အခြားကျင့်ကြံသူများသည် ကောင်းကင်ထဲရှိ နေရာအသီးသီးတွင် ထွက်ပေါ်လာကြသည်။ သို့သော် သူတို့သည် တိုက်ပွဲပြင်နှင့် ခပ်ဝေးဝေးတွင်သာ ရပ်နေကြလေသည်။

ရီဖူရှင်းသည် ခေါင်းငုံ့၍ ဟောင်ထျန်းကလန်ကို ကြည့်လိုက်၏။ သူ၏အကြည့်တစ်ချက်သည် ဟောင်ထျန်းကလန်မှ ကျင့်ကြံသူများကို သူတို့ခေါင်းအထက်၌ အရှိန်တညီးညီးနေမင်းကြီး ထွက်ပေါ်လာသည်ဟု ခံစားမိသွားစေရန် လုံလောက်ပေသည်။ သူတို့အပေါ်သို့ နေမင်းကြီး ရောက်လာပြီး တောက်ပသော နေမင်း၏ နတ်အလင်းများ ဖြာထုတ်နေသည်။ နေအလင်း လွှမ်းခြုံသွားသော နေရာတိုင်းတွင် လေထုထဲရှိ အပူချိန် အလွန် မြင့်တက်လာသည်။ လေထုထဲတွင် အဆုံးမဲ့ နတ်မီးလျှံလှိုင်းများ စီးဆင်းနေသည်။ ကျင့်ကြံသူများစွာသည် သူတို့၏ စိတ်ဝိညာဉ်များက ချစ်ချစ်တောက်အပူအောက်တွင် ပျက်စီးသွားကြတော့မည်ဟု ခံစားလိုက်ကြရသည်။ သူတို့၏ ဝိညာဉ်များသည် ပြကျသည်အထိ လောင်ကျွမ်းသွားတော့ပေမည်။

ဝုန်း...

အရှင်ယွမ်ရှစ်၏ စိတ် လှုပ်ခတ်သွား၏။ ဟောင်ထျန်းမြို့အထက်တွင် ကြောက်မက်ဖွယ် နတ်ဝင်္ကပါတစ်ခု ရုတ်ခြည်း ထွက်ပေါ်လာ၏။ ထိုနတ်ဝင်္ကပါထဲတွင် အဖျက်အရှိန်အဝါနှင့် ပြည့်နှက်နေသည်။ ထိုအရှိန်အဝါသည် ကောင်းကင်လမ်းစဉ်၏ နတ်ဘုရားပြစ်ဒဏ်ပေးစွမ်းအားနှင့် ဆင်တူပေသည်။ နေမင်း၏ နတ်စွမ်းအား ကျဆင်းလာ၏။ သို့သော် ၎င်းကို နတ်ဝင်္ကပါက တားဆီးလိုက်သည်။ ၎င်းသည် နတ်ဝင်္ကပါကို မထိုးဖောက်နိုင်ပေ။

ရီဖူရှင်းသည် အရှင်ယွမ်ရှစ်ကို ကြည့်သည်။ ယခုတွင် အရှင်ယွမ်ရှစ်သည် မဟာအင်ပါယာတစ်ပါး ဖြစ်နေပြီဖြစ်ကြောင်း သူသတိပြုမိပေသည်။ လက်ရှိဟောင်ထျန်းကလန်တွင် မဟာအင်ပါယာနှစ်ပါး ရှိနေသည်။ သို့သော် ရီဖူရှင်း မကြောက်ပေ။ သူသည် ယခင်ကပင် အရှင်ဟောင်ထျန်းနှင့် တိုက်ခိုက်နိုင်ခဲ့သည်။ ထို့နောက်တွင် သူသည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီဖြစ်၍ သူ၏ ကောင်းကင်လမ်းစဉ်အသေးစားသည် ဆင့်ကဲတိုးတက်ခဲ့သည်။ ထို့အပြင် သူ၏ စွမ်းရည်အမျိုးမျိုးလည်း ယခင်ကထက် ပို၍ စွမ်းအားကြီးလာသည်။

“သူ့ရဲ့ နတ်စွမ်းအားက ပိုပြီး စွမ်းအားကြီးလာပြီ”

အရှင်ဟောင်ထျန်းသည် နေမင်း၏ နတ်စွမ်းအားအရှိန်အဝါကို အာရုံခံမိသောအခါ အရှင်ယွမ်ရှစ်ကို အတွေးပို့လွှတ်၍ ပြောလိုက်၏။ ၎င်း၏ ကြောက်မက်ဖွယ်စွမ်းအားသည် နတ်ဝင်္ကပါကို လွှမ်းခြုံထားသည်။ ထိုနတ်စွမ်းအားသည် နတ်ဝင်္ကပါ၏ တားဆီးမှုကို ခံခဲ့ရသော်လည်း ခြိမ်းခြောက်နိုင်နေဆဲဖြစ်သည်။

နေမင်း၏ နတ်စွမ်းအားသည် ရီဖူရှင်း၏ စွမ်းအားအကြီးဆုံး နတ်စွမ်းအား မဟုတ်ပေ။ ထိုစွမ်းအားသည် သူ့အကြည့်မှ ပုံမှန်အတိုင်း ထွက်ပေါ်လာသော စွမ်းအားတစ်ခုသာဖြစ်သည်။

“ကျုပ် သူ့ကို ပိတ်ဆို့လိုက်မယ်... အဲဒီကျရင် ကျုပ်တို့ သူ့ကို အတူတူသတ်နိုင်ပြီ”

အရှင်ဟောင်ထျန်း ဆက်ပြောလိုက်၏။ သူ၏ဝိညာဉ်စွမ်းအား လှုပ်ရှားသွားသည်။ ထို့နောက် သူသည် ဟောင်ထျန်းနတ်ဘုရားအဖြစ် ရုတ်ခြည်း ပြောင်းလဲသွား၏။ ကျယ်ပြောသော အာကာပြင်သည် သူ၏လောကဖြစ်လာပြီး သူ၏ဝိညာဉ်စွမ်းအားသည် မြို့တစ်ခွင်လုံးကို လွှမ်းခြုံသွားသည်။ ကျင့်ကြံသူအားလုံးသည် သူ၏စက်ကွင်းအတွင်းသို့ ရောက်သွားသည်။

ဟောင်ထျန်းနတ်စက်ကွင်း၏အောက်တွင် အရှင်ဟောင်ထျန်း ပျောက်ကွယ်သွားသည်။ သူသည် ကျယ်ပြောသော အာကာပြင်နှင့် ပေါင်းစည်းသွားပြီး ရီဖူရှင်းအထက်တွင် ထွက်ပေါ်လာ၏။

အရှင်ယွမ်ရှစ်၏ ဝိညာဉ်စွမ်းအားလည်း ရွေ့လျားသွားပြီး သူဖန်တီးထားသော နတ်ဝင်္ကပါထဲမှနေ၍ အတုမဲ့ အဖျက်မုန်တိုင်းတစ်ခု ရုတ်ခြည်း ထွက်ပေါ်လာလေသည်။ မရေမတွက်နိုင်အောင် များပြားသော နတ်အလင်းတန်းများ ကောင်းကင်ထဲသို့ ထိုးတက်သွားသည်။ ၎င်းတို့သည် ရီဖူရှင်း ရှိနေသောနေရာသို့ ဦးတည်သွားနေသည်။ အလင်းတန်းတစ်ခုစီတိုင်းတွင် ကြောက်မက်ဖွယ် အဖျက်စွမ်းအား ပါဝင်ပေသည်။

ရီဖူရှင်းသည် ဝိညာဉ်ပုံရိပ်တစ်ခုကို ဖန်တီးလိုက်သည်။ ၎င်းသည် နတ်ခန္ဓာပင်။ ယခင်က ထိုအရာသည် ကောင်းကင်လမ်းစဉ်၏ နတ်ခန္ဓာဖြစ်သည်ဟု သူ့ဘာသာ သတ်မှတ်ခဲ့သည်။ ယခုတွင် သူသည် ကောင်းကင်လမ်းစဉ်အသေးစားကို ဖန်တီးနိုင်ခဲ့ပြီဖြစ်၍ ၎င်းသည် အမှန်ပင် ကောင်းကင်လမ်းစဉ်၏ နတ်ခန္ဓာဖြစ်လာပြီဖြစ်သည်။ ၎င်းသည် မယိမ်းယိုင်နိုင်ပေ။ နတ်စွမ်းအားသည် နတ်ခန္ဓာကို ထိမှန်သွား၏။ သို့သော် နတ်ခန္ဓာကို မထိခိုက်စေခဲ့ချေ။

အရှင်ယွမ်ရှစ်သည် သူ၏လက်များနှင့် နတ်ချိပ်စည်းများ ဖန်တီးလိုက်သည်။ ကောင်းကင်ထဲတွင် ဧရာမ နတ်ဘုရားပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာပြီး သူ့ကို ကာရံသွားသည်။ ၎င်းသည်လည်း ရီဖူရှင်း၏ဝိညာဉ်ပုံရိပ်ကဲ့သို့ သူ၏ဝိညာည်ပုံရိပ်ဖြစ်သည်။ ၎င်းထွက်ပေါ်လာသောအခါ မုန်တိုင်းသည် ၎င်းနှင့်အတူ ‌ရွေ့လျားသွားသည်။

ပုံရိပ် ကြီးမားလာသောအခါ ပတ်ဝန်းကျင်မှ မုန်တိုင်းသည် ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။ ဟောင်ထျန်းမြို့ထဲမှ ကျင့်ကြံသူအားလုံးသည် ရင်တုန်နေကြလေသည်။ သူတို့သည် မြို့ထဲတွင် ရပ်နေရင်း ပုရွက်ဆိတ်များကဲ့သို့ ခံစားနေကြရသည်။ ထိုမဟာအင်ပါယာများသည် လက်တစ်ချောင်းဖြင့်ပင် သူတို့အားလုံးကို အမှုန့်ချေပစ်နိုင်ပေသည်။

သူတို့သည် မဟာအင်ပါယာများဖြစ်သည်။

သူတို့သည် အထွတ်အထိပ်တွင် ရပ်တည်နေသော အစစ်အမှန်နတ်ဘုရားများ ဖြစ်ကြသည်။

ယခုတွင် အရှင်ယွမ်ရှစ်သည် သူတို့အပေါ်၌ သိသာသော သက်ရောက်မှု ရှိနေသည်။ သူသည် ‌လောက၏ နတ်ဘုရားပြစ်ဒဏ်ပေးမှုများကို စီမံကာ အပြစ်သားများကို စစ်ဆေးအကဲဖြတ်နိုင်သည့် နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ သူ ဖန်တီးထားသော နတ်ဝင်္ကပါတွင် နတ်ဘုရားပြစ်ဒဏ်ပေးစွမ်းအား ပါဝင်ပေသည်။

ကြောက်မက်ဖွယ် နတ်ဘုရားပြစ်ဒဏ်ပေးစွမ်းအားသည် ကျယ်ပြောသော အာကာပြင်ကို လွှမ်းခြုံကာ ရီဖူရှင်းကို တိုက်ရိုက် ဖုံးလွှမ်းထားသည်။

ယခုတွင် ရီဖူရှင်းသည် အဖျက်မုန်တိုင်း၏ အလယ်ဗဟိုတွင် ရောက်နေသကဲ့သို့ပင်။ မုန်တိုင်းသည် သောင်းကျန်းနေပြီး နတ်ဘုရားပြစ်ဒဏ်ပေးစွမ်းအားသည်လည်း အဆက်မပြတ် တိုးပွားလာနေသည်။

“သေစမ်း...”

အရှင်ယွမ်ရှစ် ဖန်တီးထားသော နတ်ဘုရားပုံရိပ်က အော်ပြောလိုက်၏။

ကောင်းကင်ထဲတွင် သတ်ဖြတ်လိုသောအငွေ့အသက်များ ပြည့်နှက်သွားပြီး အဖျက်မုန်တိုင်းသည် ရီဖူရှင်း ရပ်နေသောနေရာတွင် စုဝေးသွားသည်။ ကောင်းကင်လမ်းစဉ်မှ နတ်ဘုရားပြစ်ဒဏ်ပေးစွမ်းအားသည် ဖြစ်တည်မှုအားလုံးကို ဖျက်ဆီးပစ်ရန် ကျဆင်းလာသကဲ့သို့ပင်။

ရီဖူရှင်း ပတ်ပတ်လည်တွင် မရေမတွက်နိုင်အောင် များပြားသော ပုတီးစေ့များ ထွက်ပေါ်လာ၏။ ထို့‌နောက်တွင် ပုတီးစေ့များသည် သူ့ကို စက်ဝန်းပုံ လှည့်ပတ်လိုက်၏။ ၎င်းတို့သည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော လောကနတ်စွမ်းအားမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ပုတီးစေ့တစ်စေ့ချင်းစီသည် စက်ဝန်းပုံသဏ္ဌာန် ပြောင်းလဲသွားသော အမှီအခိုကင်းသည့် အာကာပြင်တစ်ခုစီဖြစ်ပြီး သူ့ခန္ဓာကိုယ်ကို လှည့်ပတ်ကာ အဖျက်အားကြီးသည့် သတ်ဖြတ်စွမ်းအားကို တားဆီးနေလေသည်။

ကြောက်မက်ဖွယ် သတ်ဖြတ်စွမ်းအားသည် သူ့ထံသို့ အပြင်းအထန်လာနေပြီး ပုတီးစေ့များနှင့် ထိတိုက်သွားသည်။ လေထုထဲတွင် စူးရှသော စီခနဲမြည်သံတစ်သံ ပြည့်နှက်သွား၏။ အာကာပြင်သည် အစိတ်စိတ် ဆွဲဖြဲပစ်ခံရတော့မလိုပင် ထင်ရပြီး အဖျက်အလင်းတန်းများ ထွက်ပေါ်လာ၏။ စက်လုံးပုံ ပုတီးစေ့များသည် တဖြည်းဖြည်း ဆွဲဆုတ်ခြင်းကို ခံနေရသည်။ လောကနတ်စွမ်းအားသည် မဟာအင်ပါယာအဆင့်သို့ ပြန်ရောက်သွားသော ရှေးဟောင်းအင်ပါယာတစ်ပါး၏ တိုက်ခိုက်မှုကို တားဆီးရန် မလုံလောက်သေးသည့်ပုံပင်။

တစ်ချိန်တည်းမှာပင် အရှင်ဟောင်ထျန်းလည်း တိုက်ခိုက်လိုက်သည်။ ကြောက်မက်ဖွယ် ဟောင်ထျန်းမုဒြာတစ်ခုသည် ရီဖူရှင်း၏ အကာအရံများအပေါ်သို့ ကျဆင်းလာသည်။ သူ့အကာအရံများပေါ်မှ အက်ကြောင်းများသည် ရုတ်ခြည်း ပြန့်ကားလာလေသည်။

ရီဖူရှင်းသည် ထိုအခြင်းအရာအားလုံးကို တွေ့သော်လည်း မလှုပ်မယှက် ရပ်နေဆဲပင်။ သူ၏လက်များက သူ၏ပတ်ဝန်းကျင်တွင် ဝှေ့ယမ်းသွားသည်။ အချိန်နှင့်နေရာ တွန့်ခေါက်သွား၏။ သောင်းကျန်းနေသော မုန်တိုင်းကြီးသည် တွန့်ခေါက်သွားသည့် အာကာပြင်ထဲသို့ စီးဝင်သွားပြီး အရိပ်အယောင်တစ်ခုပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားလေတော့သည်။

All Chapters