← Chapters

ရင်းမြစ်နတ်ပစ္စည်း

Vol. 200 Ch. 2847

ရင်းမြစ်နတ်ပစ္စည်း

Vol. 200 Ch. 2847

သို့သော် ရီဖူရှင်းသည် လက်ရှိအခြေအနေကို သဘောကျပေသည်။

ယခင်က ဘုံခြောက်ခုမှ မရေမတွက်နိုင်သော မျက်လုံးများသည် ရီအင်ပါယာနန်းတော်နှင့် သူ့ကို စောင့်ကြည့်နေခဲ့ကြသည်။ ယခုတွင် ကျိဝူတောက်သည် ထိုသူများ၏ အကြည့်များကို ဆွဲဆောင်သွားပေပြီ။ ဘုံခုနစ်ခုစလုံးမှ ကျင့်ကြံသူများအားလုံးသည် ကျိဝူတောက်အကြောင်းကိုသာ ဆွေးနွေးနေကြပြီး ကောင်းကင်ဘုံကို တိုက်ခိုက်ရန်ပင် ပြင်ဆင်နေကြလေသည်။

ထို့ကြောင့် ရီအင်ပါယာနန်းတော်အပေါ် အာရုံစိုက်နေမှုများသည် လမ်းကြောင်း ပြောင်းသွားသည်။ ထိုအခြင်းအရာသည် သူ့ကို ကျင့်ကြံရန် အချိန်ပိုပေးသကဲ့သို့ပင်။

ထို့အပြင် လက်ရှိတွင် အချိန်သည် သူအလိုအပ်ဆုံးအရာဖြစ်သည်။ ကောင်းကင်လမ်းစဉ်အသေးစားထဲမှ အချိန်သည် ကွဲပြားသောနှုန်းဖြင့် စီးဆင်းနေ၏။ ထို့ကြောင့် အပြင်လောကမှ တစ်နှစ် သို့မဟုတ် နှစ်နှစ်သည် သူ့အတွက် လွန်စွာ အဖိုးတန်ပေသည်။

ထို့ကြောင့်လည်း သူ လူသားဘုံးကို ငြင်းဆိုခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် သူသည် မဟာအင်ပါယာတစ်ပါးကို တိုက်ခိုက်နိုင်သည်ဟု သူယုံကြည်သော်လည်း အဆုံးစွန်ကစားပွဲအတွက်မူ သူအရည်အချင်းမမီသေးပေ။

ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ကောင်းကင်လမ်းစဉ်အသေးစားထဲတွင် ဆက်၍ ကျင့်ကြံနေကြသည်။ တစ်ချိန်တည်းမှာပင် ရီအင်ပါယာနန်းတော်မှ လူများကို အချိန်မရွေး သတင်းပို့ရန် အမိန့်ပေးထားပေသည်။ ထိုသတင်းကို သူ့ထံ ဆက်၍ တင်ပြသင့်သည်၊ မသင့်သည်ကို ဖန်းကိုင်က ဆုံးဖြတ်မည်ဖြစ်သည်။

အပြင်လောကတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်နေသော်လည်း အင်အားစိုက်ထုတ်၍ ပြုမူရန်မှာ မလွယ်ပေ။ အချိန်လိုအပ်ပေသည်။

ရီဖူရှင်း၏ ကောင်းကင်လမ်းစဉ်အသေးစားထဲတွင် ကောင်းကင်စည်းမျဉ်းစွမ်းအားသည် ပို၍ ပြည့်စုံလာသည်။ လောကထဲရှိ အရာအားလုံးသည် ကိုယ်ပိုင်စည်းမျဉ်းဖြင့် စတင်လည်ပတ်လာကြပြီး တဖြည်းဖြည်းဖြင့် ရီဖူရှင်း၏ ထိန်းချုပ်မှုကို မလိုအပ်တော့ပေ။ ၎င်းတို့သည် ၎င်းတို့ဘာသာ သန့်စင်နေကြပြီး ပြီးပြည့်စုံလာကြသည်။

တစ်ချိန်တည်းမှာပင် ရီအင်ပါယာနန်း‌တော်မှ လူများသည် ထိုလောကထဲတွင် ကျင့်ကြံနေကြသည်။ သူတို့ သိမြင်နားလည်ခဲ့သော စည်းမျဉ်းနတ်စွမ်းအားများကိုလည်း ကောင်းကင်လမ်းစဉ်အသေးစားအတွင်းသို့ ပြန်ပေါင်းထည့်မည်ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်လမ်းစဉ်အသေးစားထဲတွင် ဆက်စပ်မှုရှိသော စည်းမျဉ်းဥပဒေသများ ဖြစ်ပေါ်လာလေသည်။ ကောင်းကင်လမ်းစဉ်အသေးစား၏ ၎င်းဘာသာ ဆင့်ကဲပြောင်းလဲကာ စွမ်းရည်များကို ဖန်တီးနိုင်စွမ်းသည် ရီဖူရှင်းကိုပါ အံ့အားသင့်စေခဲ့သည်။

ရီဖူရှင်းသည် လက်တလောတွင် ကျင့်ကြံမနေခဲ့ပေ။ ထိုအစား သူသည် လောကကြီး၏ လည်ပတ်မှုကို လေ့လာနေခဲ့ပြီး စိတ်လှုပ်ရှားဖွယ် အခြေအနေတစ်ခုကို ရှာတွေ့ခဲ့လေသည်။ လောကကြီး၏ ဖြစ်စဉ်အားလုံးကို ခြုံကြည့်လျှင် အဆီအငေါ်မတည့်မှုမျိုးစုံ ရှိနေသည်ကို တွေ့ရသည်။ သို့သော် ထိုအဆီအငေါ်မတည့်မှုများထဲတွင် အစီအစဉ်တကျရှိမှုများလည်း ရှိနေသည်။ ၎င်းတို့သည် မဟာစည်းမျဉ်းအချို့ကို လိုက်နာကြပုံပင်။ ထိုစည်းမျဉ်းသည် ဖန်တီးဖြစ်ပေါ်လာသော ကောင်းကင်လမ်းစဉ်၏ အသိစိတ်ဖြစ်နိုင်ပေသည်။

ထို့အပြင် ရီဖူရှင်းက ကောင်းကင်လမ်းစဉ်၏ အသိစိတ်အပေါ် တိုက်ရိုက်လွှမ်းမိုးနိုင်သူတစ်ဦး ဖြစ်၏။ ကောင်းကင်လမ်းစဉ်၏ အသိစိတ်သည် သူ့အကြောင့် မွေးဖွားလာခြင်းပင်။

ထို့ကြောင့် ရီဖူရှင်းသည် အခြားတစ်ခုကို စတင် တွေးတောလိုက်သည်။ သူသည် ဤရှာတွေ့မှုကို မည်သို့သုံးကာ ကောင်းကင်လမ်းစဉ်အသေးစားကို ပိုစွမ်းအားကြီးလာအောင် မည်သို့ မြှင့်တင်ရမည်နည်း။

ရီဖူရှင်း မျက်လုံးမှိတ်လိုက်၏။ သူ၏စိတ်သည် ဤကောင်းကင်လမ်းစဉ်လောကတစ်ခွင်လုံးတွင် လျှောက်ပတ်သွားနေလေသည်။ ထိုအခိုက်တွင် သူသည် ကိုယ်တွင်အသိစိတ်မကပ်သည့် အခြေအနေသို့ ရောက်နေသည်။ သူသည် လွင့်မျောနေသည်။ သူ၏အတွင်းစိတ်ထဲတွင် သူသည် ကောင်းကင်လမ်းစဉ်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်လမ်းစဉ်နှင့် တစ်သားတည်းဖြစ်သွားသည်။

သူသည် ကျင့်ကြံသူများအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်လာသည်။ သူသည် သူတို့ခန္ဓာကိုယ်များပေါ်တွင် စီးဆင်းနေသော အရှိန်အဝါတန်းများကိုပင် ခံစားနိုင်လာသည်။ သူသည် ဤလောကအတွင်းရှိ ကောင်းကင်လမ်းစဉ် အာရုံတန်းအားလုံးကိုလည်း ခံစားနိုင်ပေသည်။

သူသည် ကောင်းကင်လမ်းစဉ်အတွင်းရှိ အရာအားလုံးကို မြင်ခဲ့၏။ စည်းမျဉ်းအားလုံးကို ခံစားခဲ့ရ၏။ ယင်နှင့်ယန်၊ ဓာတ်ကြီးငါးပါးနှင့် အခြားအရာများကိုလည်း ခံစားခဲ့ရသည်။ သူသည် နေရာတစ်ခွင်လုံးကို မြင်ခဲ့ရပြီး အချိန်ကိုပင် ခပ်ရေးရေး မြင်ခဲ့ရလေသည်။

သူသည် တစ်နေ့တွင် သူ အချိန်စည်းမျဉ်းကို အလုံးစုံထိန်းချုပ်နိုင်ကာ အချိန်ကို တိုက်ရမြင်လာရမည်လောဟုပင် တွေးတောလိုက်သည်။ သို့ဆိုလျှင် သူ့မျက်လုံးများရှေ့ရှိ အချိန်သည် ပုံရိပ်ယောင် ဖြစ်နေ‌တော့မည် မဟုတ်ဘဲ အကောင်အထည်ရှိလာမည်ဖြစ်သည်။ ထိုအခါ သူသည် အတိတ်နှင့် အနာဂတ်ကို တိုက်ရိုက်မြင်နိုင်လာမည်လော။ သို့မဟုတ် သူသည် အတိတ်နှင့်အနာဂတ်သို့ အချိန်ခရီးသွားနိုင်မည်လော။

သူသည် ယခင်က ဗုဒ္ဓကလန်၏ စာပေကျမ်းစားများစွာကို ဖတ်ခဲ့ဖူးသည်။ ထိုကျမ်းစာများတွင် အချိန်အကြောင်းအနည်းငယ်ပါခဲ့ပြီး အတိတ်မှ ဗုဒ္ဓ၊ အနာဂတ်မှ ဗုဒ္ဓနှင့် ပစ္စုပ္ပန်မှ ‌ဗုဒ္ဓတို့ ရှိသည်ဟု ဖော်ပြထားသည်။

ကျင့်ကြံခြင်း၏ နောက်ဆုံးအဆင့်သည် အမှန်ပင် မည်သည့်အရာပေနည်း။

ကျင့်စဉ်အမျိုးမျိုးသည် တူညီသော နောက်ဆုံးအဆင့်တစ်ခုကိုသာ ဦးတည်လေသလော။

မဟာလမ်းစဉ်များသည် ဆင်တူကြသည်။ မည်သည့် ကျင့်စဉ်ကို ရွေးသည်ဖြစ်စေ ကျင့်ကြံခြင်း၏ အဆုံးသည် တူညီရမည်ဟု သူခံစားနေရသည်။ ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူများကြားတွင် ဆိုရိုစကားတစ်ခုရှိသည်။ လူများသည် အခြားတစ်ဘက်သို့ရောက်ရန် လမ်းများကို ရွေးချယ်နေခြင်းသာဖြစ်သည်။

သို့ဆိုလျှင် ကျင့်ကြံခြင်း၏အဆုံးသတ်သည် အဘယ်နည်း။

အဆုံးစွန်အဆင့်သည် ကောင်းကင်လမ်းစဉ်လော။

သို့ဆိုလျှင် ကောင်းကင်လမ်းစဉ်သည် မည်သို့သောအရာနည်း။

ထိုအရာကို နားလည်နိုင်ရန် အနည်းငယ် ခက်ခဲပေသည်။ ရီဖူရှင်းသည် သူ၏လက်ရှိအဆင့်ဖြင့် ထိုအရာကို နားမလည်နိုင်သေးပေ။

****

အပြင်လောကတွင် ရုတ်ရုတ်သဲသဲ ဖြစ်နေပြီဖြစ်သည်။

မကြာသေးခင်က ကောင်းကင်ဘုံတွင် စစ်ပွဲတစ်ခု ဖြစ်သွားခဲ့သည်။ ဘုံလေးခုသည် မဟာမိတ်ဖွဲ့ခဲ့သည်။ အင်ပါယာအဆင့်ရှိသည့် စွမ်းအားကြီး ပုဂ္ဂိုလ်များစွာသည် ကောင်းကင်ဘုံကို တိုက်ခိုက်ခဲ့သည်။ ကောင်းကင်ဘုံသည် သွားသည့်လမ်းတစ်လျှောက်တွင် မည်သည့်အဟန့်အတားမှ မရှိခဲ့ပေ။ သို့သော် သူတို့သည် ကောင်းကင်(၉၉)လွှာအပြင်ဘက် ကောင်းကင်အင်ပါယာမြို့တော်ထဲတွင် ပြဿနာဖြင့် ရင်ဆိုင်ရလေသည်။ သူတို့သည် ကောင်းကင်(၉၉)လွှာအတွင်းသို့ပင် မဝင်နိုင်ခဲ့ချေ။

သူတို့သည် ကောင်းကင်(၉၉)လွှာ၏ ခံစစ်များကို မထိုးဖောက်၊ မကျူးကျော်နိုင်ခဲ့ပေ။ ထို့ကြောင့် မဟာအင်ပါယာလေးပါးသည် အဝေးမှ တိုက်ခိုက်ခဲ့သည်။ သို့သော် ကျိဝူတောက်သည် ကောင်းကင်လမ်းစဉ်၏ စွမ်းအားကိုအသုံးပြု၍ ကောင်းကင်(၉၉)လွှာအတွင်း ဝင်ရောက်လာသည့် ကျင့်ကြံသူတိုင်းကို တိုက်ရိုက်သတ်ပစ်ကာ ဝါးမျိုပစ်ခဲ့သည်။ မဟာအင်ပါယာများစွာသည် ထိုနေရာတွင် ထာဝရလဲလျောင်းနေရတော့ပေမည်။ စွမ်းအားကြီးပုဂ္ဂိုလ်များ ပြန်ဆုတ်သွားသောအခါ သူတို့သည် လုံးဝ ရှင်းထုတ်ပစ်ခံရလုနီးပါး ဖြစ်ခဲ့သည်။ မဟာအင်ပါယာလေးပါးသည် မဟာနတ်စွမ်းအားများကိုပင် အသုံးပြု၍ ကောင်းကင်(၉၉)လွှာကို အတင်းဖောက်ကာ လူများကို ကယ်ဆယ်ခဲ့ရသည်။ သို့သော် သူတို့သည် ကောင်းကင်(၉၉)လွှာအပြင်ဘက်တွင် တုံ့ဆိုင်းနေခဲ့ကြပြီး အတွင်းသို့ မဝင်ခဲ့ပေ။

မဟာမိတ်စစ်တပ်ကြီးသည် ကောင်းကင်(၉၉)လွှာအပြင်တွင် တစ်လတိတိ စခန်းချနေခဲ့ပြီးနောက် ပြန်ဆုတ်သွားကြသည်။ နောက်ဆုံးတွင် မဟာအင်ပါယာလေးပါး၏ ရုပ်ခန္ဓာအစစ်အမှန် ထွက်ပေါ်မလာခဲ့ပေ။ သူတို့သည် ကောင်းကင်(၉၉)လွှာအတွင်းသို့လည်း သတ်ဖြတ် ဝင်ရောက်မသွားကြချေ။

သူတို့သည် ကျိဝူတောက်ကို ကြောက်သည်မဟုတ်ဘဲ ကောင်းကင်လမ်းစဉ်ကို ကြောက်ခြင်းဖြစ်သည်။ ကောင်းကင်လမ်းစဉ်သည် မည်မျှ စွမ်းအားကြီးကြောင်း မည်သူမှ မသိပေ။ သူတို့ ကောင်းကင်(၉၉)လွှာအတွင်း ဝင်သွားပြီး တစ်စုံတစ်ခု ဖြစ်ခဲ့လျှင် သူတို့သည် ကျဆုံးသွားသော မဟာအင်ပါယာများကဲ့သို့ ထိုနေရာတွင် ထာဝရလဲလျောင်းနေရမည်၊ မနေရမည်ကို မည်သူမှမသိပေ။

ထိုစစ်ပွဲသည် ဘုံခုနစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ မည်သည့်လောကမှ ကောင်းကင်အင်ပါယာနန်းတော်ကို မယှဉ်နိုင်တော့ပေ။ ထိုစစ်ပွဲသည် နောက်ဆုံးတွင် ကောင်းကင်အင်ပါယာနန်းတော် ပြန်ဦးမော့လာပြီး ရပ်တန့်၍ မရနိုင်တော့ဟု ပြလိုက်သကဲ့သို့ပင်။ အစောပိုင်းတွင် ကျိဝူတောက်သည် မဟာအင်ပါယာတစ်ပါးကို ရက်ရက်စက်စက် သတ်ပစ်ဝံ့ခဲ့သည်။ ထို့အပြင် သူ့တွင် ခိုင်မာသော ယုံကြည်မှု ရှိပေသည်။

ထိုစစ်ပွဲသည် သူတို့သာ ကောင်းကင်(၉၉)လွှာကို ဖောက်ဝင်လိုလျှင် မဟာအင်ပါယာခြောက်ပါး ကိုယ်တိုင် တိုက်ခိုက်မှရမည်ဟု ပြသလိုက်ခြင်းပင်။

လူသားဘိုးဘေးသည် ကျိဝူတောက်က လောကကြီးကို ဘေးအန္တရာယ် ဖြစ်စေမည်ဆို၍ ကောင်းကင်(၉၉)လွှာကို အတူတကွ တိုက်ခိုက်ကာ ကျိဝူတောက်ကို သတ်ရန် အခြားမဟာအင်ပါယာငါးပါးကို ဖိတ်ခေါ်ခဲ့သည်။

ဗုဒ္ဓလောက,က ဝင်မပါခဲ့ပေ။ အရှင်ဒွန်ဟောင်ကလည်း စစ်ပွဲတွင် ပါဝင်ရန် ငြင်းဆိုခဲ့သည်။

လူသားဘုံနှင့် ကောင်းကင်ဒေသတို့၏ အားပြိုင်မှုသည် ပို၍နက်ရှိုင်းလာသည်။ အမှန်တွင် သူတို့သည် နတ်ဆိုးလောကနှင့် အခြာလောကများနှင့် မဟာမိတ်ဖွဲ့ခဲ့ပြီးဖြစ်သည်။ အခြေအနေများ မည်သို့ ဖြစ်လာမည်ကို မည်သူမှ မသိကြပေ။

****

အပြင်လောကတွင် ထိုကဲ့သို့ ကိစ္စကြီးတစ်ခု ဖြစ်ပွားနေသော်လည်း ရီဖူရှင်းသည် ထိုအကြောင်းများကို တစ်ခုမှ မသိပေ။ သူသည် သူ၏ကိုယ်ပိုင်ကျင့်ကြံခြင်းတွင် စိတ်နစ်နေဆဲဖြစ်သည်။ ဖန်ကိုင်းသည် ထိုသတင်းကို ရရှိခဲ့သော်လည်း ရီဖူရှင်း၏ကျင့်ကြံခြင်းကို မနှောင့်ယှက်ရန် ရွေးချယ်ခဲ့သည်။ သူသည်လည်း ရီဖူရှင်းနှင့် အတွေးတူသည်။ လက်ရှိတွင် အနားယူကာ အဆက်မပြတ် အင်အားတိုးမြှင့်နေခြင်းသည် ရီအင်ပါယာနန်းတော်၏ ထိပ်တန်းဦးစားပေးဖြစ်သည်။

အပြင်လောကမှ အပြောင်းအလဲများအတွက်မူ လောလောဆယ်တွင် သူတို့နှင့် မဆိုင်သေးပေ။ သူတို့နှင့် သက်ဆိုင်လျှင်ပင် သူတို့သည် ဝင်ပါနိုင်လောက်အောင် အရည်အချင်းမမီသေးပေ။

ထိုအခိုက်တွင် ရီဖူရှင်းက ကောင်းကင်လမ်းစဉ်လောကအတွင်း၌ ကိုယ်နှင့်စိတ်မကပ်သည့် ကျင့်ကြံခြင်းအခြေအနေမှာပင် ရှိနေသေးသည်။

မသိလိုက်ခင်မှာပင် အချိန်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည်။ လောကထဲတွင် အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ လောကအတွင်းရှိ နေရာအသီးသီးမှ ကျင့်ကြံသူများသည် ထိုအလင်းတန်းကို မြင်လိုက်ကြရသည်။ ၎င်း ကျဆင်းလာပြီး ကျယ်ပြောသော အာကာပြင်ကို ထွင်းဖောက်ကာ လောကတစ်ခွင်လုံးကို ဖြတ်သန်းသွားသည်။

အားလုံးသည် အပြင်းအထန် ရင်တုန်သွားကြသည်။ သူတို့သည် ထို့အလင်းထွက်ပေါ်လာရာ ရင်းမြစ်ကို ကြည့်လိုက်ကြ၏။ ၎င်းသည် ဓားတစ်ချောင်းပင်။ ကောင်းကင်စည်းမျဉ်းစွမ်းအားဖြင့် ထုဆစ်ထားသော နတ်ဓားတစ်ချောင်းပင်။

“အဲဒါက...”

ဓားဧကရာဇ်အရှင်နှင့် အခြားသူများ ရင်ခုန်မြန်သွားသည်။ အနောက်အင်ပါယာသည် မျက်မှောင်ကြုတ်ကာ ထိုဓားကို ငေးကြည့်သည်။

သူတို့အားလုံးသည် ကောင်းကင်ဘုံမှ ကောင်းကင်(၉၉)လွှာတွင် ကျင့်ကြံခဲ့သည်။ ထို့ကြောင့် ယခု သူတို့မျက်စိ‌ရှေ့ရှိ မြင်ကွင်းကို ရင်းနှီးနေသည်။

“ဒဏ္ဍာရီတွေထဲမှာ ပြောကြတာတော့ ‌လောကတစ်ခု ဖန်တီးခံလိုက်ရရင် စည်းမျဉ်းဥပဒေသတွေကြောင့် ရင်းမြစ်နတ်ပစ္စည်းတွေ ဖြစ်ပေါ်လာလိမ့်မယ်တဲ့။ အဲဒီနတ်ပစ္စည်းတွေက လောက,ကနေ မွေးဖွားလာတာပဲ”

အနောက်အင်ပါယာ ရေရွတ်လိုက်သည်။ ထို့ကြောင့် သူ့ဘေးမှ လူများသည် ရင်ခုန်စိတ်လှုပ်ရှားသွားကြသည်။

ရီဖူရှင်း၏လောကသည်လည်း ရင်မြစ်နတ်ပစ္စည်းများကို ဖန်တီးနေခြင်းပေလော။

All Chapters