← Chapters

အက်ကြောင်းထင်လာခြင်း

Vol. 200 Ch. 2848

အက်ကြောင်းထင်လာခြင်း

Vol. 200 Ch. 2848

ဟူး...

ရီအင်ပါယာနန်းတော်မှ စွမ်းအားကြီး ကျင့်ကြံသူများသည် ရင်ခုန်သွားကြသည်။ သူတို့အားလုံး မျှော်လင့်ချက် ကြီးလာကြ၏။ ၎င်းသည် ဤလောကတစ်နေရာမှ မွေးဖွားလာသော နတ်ဓားတစ်ချောင်း ဖြစ်ရမည်။ ၎င်းသည် ရှေးခေတ်လောကမှ မွေးဖွားလာသော ရတနာတစ်ခုနှင့် တူညီပေသည်။

ရီဖူရှင်း၏ ကောင်းကင်လမ်းစဉ်အသေးစားသည် ယခုအထိ မပြီးပြည့်စုံသေးသော်လည်း အလွန်စွမ်းအားကြီးနေပြီဖြစ်သည်။ အကယ်၍ ၎င်းသာ နတ်ပစ္စည်းများကို မွေးထုတ်ပေးလျှင် ယင်းနတ်ပစ္စည်းများသည် သာမန် အင်ပါယာအဆင့်လက်နက်များထက် ပို၍ စွမ်းအားကြီးပေလိမ့်မည်။

“အဲဒီဓားထဲမှာ ကောင်းကင်ဇီဝိန်ခြွေနတ်စွမ်းအားပါတဲ့ပုံပဲ။ အဲဒီနတ်ဓားအောက်မှာ ကောင်းကင်တောင် ဖျက်ဆီးခံလိုက်ရမှာပဲ”

အနောက်အင်ပါယာက ထိုဓားအတွင်းရှိ သန့်စင်သော နတ်စွမ်းအားကို အာရုံခံမိသည်။ ၎င်းသည် လောကမှ ဖန်တီးလိုက်သော နတ်ပစ္စည်းတစ်ခု ဖြစ်ပေသည်။ ၎င်းသည် ကောင်းကင်စည်းမျဉ်းစွမ်းအားမှ အလုံးစုံဖန်တီးဖြစ်ပေါ်လာသည်ဖြစ်ပြီး စည်းမျဉ်းကို ကိုယ်စားပြုပေသည်။

အကယ်၍ တစ်စုံတစ်ယောက်သာ ထိုနတ်ဓားကို ထိန်းချုပ်နိုင်လျှင် ထိုသူသည် မည်မျှ စွမ်းအားကြီးလာမည်နည်း။

“အဲဒီဓားကို ကောင်းကင်ဇီဝိန်ခြွေဓားလို့ ခေါ်လို့ရတယ်”

“အခု နန်းတော်သခင်က သူ့ရဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်းမှာ စိတ်နစ်နေတယ်”

ဓားဧကရာဇ်အရှင် ပြောလိုက်၏။

“ဒီလို နတ်ပစ္စည်းတစ်ခု ဖြစ်ပေါ်လာတာကို သူသိချင်မှ သိလိမ့်ဦးမယ်”

“ကောင်းကင်လမ်းစဉ်အသေးစားနဲ့ ဖူရှင်းကြားက ဆက်နွယ်မှုက ဘယ်လိုမျိုးလဲ။ နတ်ပစ္စည်းက လောက,ကနေ ဖြစ်ပေါ်လာတာ... ပြီးတော့ အဲဒီထဲမှာ ရီဖူရှင်းရဲ့ အသိစိတ်လည်း ပါတယ်”

အနောက်အင်ပါယာက ရေရွတ်လိုက်၏။

“ဆက်နွယ်မှုတစ်ခုတော့ ရှိရမယ်။ ကောင်းကင်(၉၉)လွှာက ကောင်းကင်လမ်းစဉ်ရဲ့ နတ်ပစ္စည်းတွေက ဘုံခုနစ်ခုနဲ့ ကိုက်ညီခဲ့တယ်”

အားလုံး ခေါင်းညိတ်လိုက်ကြသည်။ သို့သော် မည်သို့သော ဆက်နွယ်မှုရှိသည်ကို သူတို့မသိနိုင်ပေ။ ဆက်နွယ်မှု ရှိ၊ မရှိကိုပင် သူတို့ မသိနိုင်ပေ။ သူတို့၏အဆင့်သည် လုံလောက်အောင် မမြင့်ကြသေးချေ။

အနောက်အင်ပါယာသည် ရှေးဟောင်းမဟာအင်ပါယာတစ်ပါးဖြစ်သော်လည်း ယ‌နေ့ခေတ်တွင် ရီဖူရှင်း၏အဆင့်အစစ်အမှန်သည် သူ့ထက် များစွာမနိမ့်ဟု သူခံစားနေရသည်။ ရီဖူရှင်း၏ ကောင်းကင်လမ်းစဉ်အပေါ် နားလည်မှုနှင့် ကျင့်ကြံခြင်းလောက၏ အဆုံးစွန်အဓိပ္ပာယ်ကို နားလည်မှုတို့သည် သူ့ထက် မနိမ့်လောက်ပေ။

သူ မဟာအင်ပါယာတစ်ပါး ဖြစ်လာသည်မှာ သူ၏ရှားပါးစွမ်းရည်များကြောင့် ဖြစ်သည်။ သို့သော် ရီဖူရှင်းက ကောင်းကင်လမ်းစဉ်အသေးစားကို ဖန်တီးခဲ့ပေသည်။ ရီဖူရှင်း၏ ကောင်းကင်လမ်းစဉ်လောကအပေါ် နားလည်မှုသည် သူ့ထက် သာလေသည်။

အားလုံးသည် နတ်ဓားကို ဝန်းရံလိုက်ပြီး ကောင်းကင်ဇီဝိန်ခြွေဓားအတွင်းရှိ ကောင်းကင်စည်းမျဉ်းစွမ်းအားကို ခံစားနေကြသည်။ သူတို့သည် ထိုစွမ်းအားကို တိတ်တဆိတ် လေ့လာနေကြသည်။ ဓားသမားများမှာ ပို၍ပင် စိတ်လှုပ်ရှားနေကြလေသည်။ ဤအခြင်းအရာသည် သူတို့အတွက် အလွန်အဓိပ္ပာယ်ရှိပေသည်။

“ဒီလောက,က ဒီလို ရတနာတစ်မျိုးကို ဖန်တီးနိုင်တယ်ဆိုတော့ ဒုတိယတစ်ခု၊ တတိယတစ်ခုတွေလည်း ရှိလာလောက်တယ်... ဟုတ်တယ်မလား”

သခင်ချန်က တီးတိုးမေးလိုက်သည်။ အခြားသူများသည်လည်း မျှော်လင့်ထားကြပေသည်။ အကယ်၍ ဤလောကသည် ရင်းမြစ်နတ်ပစ္စည်းများစွာကို ဖန်တီးထုတ်လုပ်နိုင်လျှင် ရီအင်ပါယာနန်းတော်ကို သိသိသာသာ အင်အားကြီးလာစေမည်ဖြစ်သည်။ သို့ဆိုလျှင် ရီအင်ပါယာနန်းတော်၏ တိုက်ခိုက်စွမ်းရည်များကို အခြားအဆင့်တစ်ခုသို့ မြှင့်တင်နိုင်ပေလိမ့်မည်။

တစ်နှစ်ကြာပြီးနောက် ကောင်းကင်လမ်းစဉ်အသေးစား၏ ကောင်းကင်ထဲတွင် တောက်ပသော နတ်အလင်း ထပ်မံ ထွက်ပေါ်လာလေသည်။ ၎င်းသည် ကျယ်ပြောသော ကုန်းမြေများကို လွှမ်းခြုံသွားပြီး အရပ်မျက်နှာအသီးသီးမှ ကျင့်ကြံသူများသည် ၎င်းကို မြင်လိုက်ကြရသည်။

သူတို့သည် ကောင်းကင်သို့ မော့ကြည့်လိုက်ကြ၏။ မရေမတွက်နိုင်အောင်များပြားသော နတ်အလင်းတန်းများသည် တစ်နေရာတွင် စုဝေးသွားပြီး နတ်ပစ္စည်းတစ်ခုအဖြစ် ပေါင်းစည်းသွားသည်။ ၎င်းသည် ဧရာမ နတ်ချိပ်စည်းတစ်ခုပင်။ နတ်ချိပ်စည်းမှ ထုတ်လွှတ်နေသော အလင်းသည် ကျယ်ပြောသော အာကာပြင်ကို လွှမ်းခြုံထားပြီး သူတို့ကိုပင် မျက်လုံးများကျိန်းနေစေလေသည်။

ထို့အပြင် ထိုနတ်ချိပ်စည်းတွင် သိပ်သည်းအားကောင်းသော စွမ်းအားပါဝင်ပေသည်။

သူတို့သည် နတ်ချိပ်စည်းကို ကြည့်လိုက်သောအခါ သူတို့ခေါင်းများအထက်ရှိ ကောင်းကင်ထဲတွင် အနန္တ နတ်ချိပ်စည်းများ ရှိနေသည်ဟု ခံစားလိုက်ကြရသည်။ ထိုနတ်ချိပ်စည်းများသည် သူတို့အထက်တွင် မျောလွင့်နေပြီး သူတို့ကို လေးလံသော ဖိအားကို ပေးနေလေသည်။ ထိုအခိုက်တွင် ကျင့်ကြံသူအားလုံးသည် မလှုပ်ရှားနိုင်တော့ဟု ခံစားလိုက်ကြရသည်။

သို့သော် ထိုခံစားချက်များသည် ထင်ယောင်ထင်မှားဖြစ်ခြင်းသာ ဖြစ်ပေသည်။

“ဒုတိယနတ်ပစ္စည်း ထွက်ပေါ်လာပြီ”

စွမ်းအားကြီး ပုဂ္ဂိုလ်အားလုံး တွေးတောလိုက်ကြသည်။ သူတို့သည် အံ့အားသင့်နေပြီး ရင်ထဲတွင် ခံစားချက်များ ပြည့်နှက်နေလေသည်။

“အဲဒါက ဘာရတနာလဲ”

တစ်စုံတစ်ယောက်က မေးလိုက်သည်။

“ချိပ်စည်းထွက်ပေါ်လာတုန်းက ကျုပ်တို့အပေါ်ကို လောကတွေအများကြီး ပိကျလာတယ်လို့ ခဲ့စားခဲ့ရတယ်။ အဲဒီချိပ်စည်းက လောကတစ်ခုပဲ”

“အဲဒါကို ကျုပ်တို့ ကောင်းကင်ချိပ်စည်းလို့ ခေါ်လို့ရတယ်”

တစ်စုံတစ်ယောက်က နတ်ပစ္စည်းကို အမည်ပေးလိုက်သည်။ သို့သော် နောက်ဆုံးအမည်ကိုမူ ရီဖူရှင်းက ဆုံးဖြတ်မည်ဖြစ်သည်။

သို့ရာတွင် ကောင်းကင်ချိပ်စည်းဟူသောအမည်က ၎င်းနှင့် လိုက်ဖက်ပေသည်။

လူများစွာသည် ကောင်းကင်ချိပ်စည်းနတ်စွမ်းအားကို စတင်ကျင့်ကြံလိုက်ကြသည်။ ဤလောကမှ ဖန်တီးလိုက်သော နတ်ပစ္စည်းများသည် လူများကို ကောင်းကင်စည်းမျဉ်းစွမ်းအားကို ပို၍ တိုက်ရိုက် အာရုံခံနိုင်လာအောင် ကူညီပေးလေသည်။ ထို့အပြင် ရီဖူရှင်းသည် ထိုနတ်ပစ္စည်းများကို သူတို့အား လက်ဆောင်ပေးပေလိမ့်မည်။

သို့သော် နတ်ပစ္စည်းများသည် ဝေမျှရန် မလုံလောက်သေးချေ။ ထို့ကြောင့် ယင်းနတ်ပစ္စည်းများကို အရေးပါသောပုဂ္ဂိုလ်များသာ ရနိုင်လောက်သည်။

ယခုတွင် သူတို့သည် လောက,က နတ်ပစ္စည်းများ ပိုဖန်တီးပါစေဟုသာ မျှော်လင့်နိုင်ပေသည်။

အချိန်များစွာ ထပ်ကြာပြီးနောက်တွင် ကောင်းကင်လမ်းစည်အသေးစား၏ စည်းမျဉ်းစွမ်းအားသည် အတူတကွ စုဝေးလာပြီး နတ်ပစ္စည်းတစ်ခုအဖြစ် သို့ ပြောင်းလဲသွား၏။ အချိန်ကြာမြင့်စွာ ပြောင်းလဲသွားပြီးနောက်တွင် အားလုံးသည် ကောင်းကင်အမိုးခုံးတွင် ထာဝရတံခါးတစ်ချပ် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။

“အဲဒါကဘာလဲ”

စွမ်းအားကြီးပုဂ္ဂိုလ်အားလုံးသည် ရင်ခုန်မြန်သွားကြသည်။ သူတို့သည် မည်သည့်အရာကိုမှ အာရုံမခံနိုင်ပေ။ ထို့နောက် ဖန်းစွင်သည် အရင်ဆုံး ရှေ့တိုးကာ ပြောလိုက်၏။

“ကျုပ် သွားကြည့်လိုက်မယ်”

ထျယ်ထို၊ လင်ကလေးနှင့် အခြားသူအနည်းငယ်သည်လည်း သူနှင့်အတူ လိုက်သွားကြသည်။ ရုတ်ခြည်းပင် လူများစွာသည် နတ်အလင်းဖြင့် တလက်လက်တောက်ပနေသော ထိုနတ်တံခါးဆီသို့ သွားလိုက်ကြသည်။

သူတို့ ထာဝရတံခါးအပြင်သို့ ရောက်သွားသောအခါ ဖန်းစွင်၏ မျက်လုံးများ အရောင်လက်လာသည်။

“ကောင်းကင်လမ်းစဉ်က ထာဝရတံခါးတစ်ခုကို ဖန်တီးလိုက်တာပဲ။ အဲဒီထဲမှာ အချိန်နဲ့နေရာ စွမ်းအားတယ်။ ကျုပ်တို့ အထဲကို ဝင်သွားနိုင်တယ်”

သူသည် ထိုသို့ပြော၍ ရှေ့သို့တိုးကာ တံခါးအတွင်းသို့ လျှောက်ဝင်သွားသည်။ သူသည် ဤလောကအတွင်းမှ ရုတ်ခြည်း ပျောက်ကွယ်သွားသည်။ ထျယ်ထိုနှင့် အခြားသူများသည်လည်း သူ့နောက်သို့ လိုက်သွားကြသည်။ သူတို့လေးယောက်သည် တစ်ချိန်တည်းတွင် ရီဖူရှင်း၏တပည့် ဖြစ်လာခဲ့သောကြောင့် အရာအားလုံးကို အတူတူပြုလုပ်ကြပေသည်။

သူတို့ ဝင်သွားပြီးနောက်တွင် သူတို့သည် အချိန်နှင့်နေရာ၏ ဧရာမပုံရိပ်ယောင် လောကကြီးတစ်ခုထဲသို့ ရောက်လာကြောင်း သိရှိသွားကြသည်။

“စည်းမျဉ်းစွမ်းအားတော့ သိပ်မရှိဘူး”

ဖန်းစွင် ပြောလိုက်၏။

“ဒါပေမဲ့ ငါ အားကောင်းတဲ့ အာကာသစွမ်းအားကို ခပ်ရေးရေးခံစားနေရတယ်။ ဒါပေမဲ့ သေချာတော့ မခံစားရသေးဘူး”

“အဲဒါက အာကာသမဟုတ်ဘူး...အချိန်ပဲ”

သောယွီပြောလိုက်၏။

“ဒီတံခါးကို ကျင့်ကြံခြင်းအတွက် တိုက်ရိုက် သုံးရတာ မဟုတ်ဘူးထင်တယ်။ အဲဒါက အချိန်စီးဆင်းမှုကို ပြောင်းလဲပေးတာပဲ။ မင်းသာ ဒီထဲမှာ ကျင့်ကြံရင် အချိန်စီးဆင်းနှုန်းက အပြင်လောကနဲ့ ကွာခြားလိမ့်မယ်”

ဖန်းစွင် အံ့အားသင့်သွားသည်။ သူသည် သောယွီကိုကြည့်၍ ပြောလိုက်၏။

“ငါတို့ဆရာရဲ့  လောကထဲမှာ တစ်ရက်ကျင့်ကြံတာက အပြင်လောကမှာ ရက်(၂၀)ကျော် ကျင့်ကြံတာနဲ့ ညီမျှတယ်။ အဲဒီလိုဆိုရင် ဒီအချိန်တံခါးက ဖြစ်ပေါ်လာတာက အချိန်နဲ့နေရာရဲ့ စည်းမျဉ်းကြောင့်ပေါ့။ ဒီတံခါးထဲက အချိန်က ငါတို့ဆရာရဲ့ ကောင်းကင်လမ်းစဉ်အသေးစားထဲက အချိန်နဲ့ အတူတူပဲထင်တယ်”

“အင်း... ဒီတံခါးက အပြင်လောကမှာဆိုရင် မဟာရတနာတစ်ခု ဖြစ်မှာပဲ”

သောယွီပြောလိုက်၏။ ကျင့်ကြံခြင်းအချိန် အဆနှစ်ဆယ်ပိုရခြင်းသည် မည်မျှ အဖိုးတန်ကြောင်း တွေးကြည့်နိုင်ပေသည်။ ကျင့်ကြံသူသည် ပိုစွမ်းအားကြီးလေလေ၊ ထိုတံခါးကို ပိုလိုအပ်လေလေပင်။

“အရင်ဆုံး ငါတို့ အပြင်ပြန်သွားကြတာပေါ့”

ဖန်းစွင်ပြောလိုက်၏။ သူတို့သည် အချိန်တံခါးမှ ထွက်ခဲ့ကြပြီး အပြင်မှ အခြားသူများကို တံခါးအကြောင်း ပြောလိုက်ကြသည်။

အခြား စွမ်းအားကြီးပုဂ္ဂိုလ်အားလုံးသည် ထိုအကြောင်းကို ကြားလိုက်သောအခါ အထဲသို့ ဝင်သွားကြသည်။ ဖန်းစွင်တို့အုပ်စုသည်လည်း သူတို့နှင့်အတူ ထပ်ဝင်သွားကြသည်။

“မဟုတ်သေးဘူး... ကျင့်ကြံချိန် ပိုရတာအပြင် ဒီနေရာထဲမှာ အချိန်စည်းမျဉ်းရှိတယ်။ အဲဒီစည်းမျဉ်းကို သာမန်လူတွေ အာရုံမခံနိုင်တာပဲရှိတာ”

အနောက်အင်ပါယာက ပြောလိုက်၏။

“အချိန်စည်းမျဉ်းကသာ ဖန်တီးပေးတာ မဟုတ်ဘူးဆိုရင် ဒီအချိန်တံခါး ထွက်‌ပေါ်လာမှာ မဟုတ်ဘူး”

အားလုံး ခေါင်းညိတ်လိုက်ကြပြီး အနောက်အင်ပါယာ၏ စကားများကို လက်ခံလိုက်ကြသည်။ သူတို့သည် ပို၍ပင် အံ့အားသင့်၊ စိတ်လှုပ်ရှားသွားကြလေသည်။

ဤတံခါးသည် တတိယမြောက် နတ်ပစ္စည်းပင်။ နောက်ထပ် မည်မျှ ထွက်ပေါ်လာဦးမည်ကို သူတို့မသိပေ။

ဤမတိုင်ခင်က သူတို့သည် ကောင်းကင်(၉၉)လွှာတွင် နတ်ပစ္စည်းတစ်ခုရရန် သုံးနှစ်စောင့်ခဲ့ရသည်။ ထိုနတ်ပစ္စည်းများသည် သူတို့နှင့်ပင် မသက်ဆိုင်ခဲ့ချေ။ သို့သော် ယခုတွင် သူတို့ရင်ထဲ၌ ထိုမျှော်လင့်ချက်များ ပြန်ပေါက်ဖွားလာပေပြီ။

ကောင်းကင်လမ်းစဉ်အသေးစားထဲတွင် နတ်ပစ္စည်းအမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။ အားလုံးသည် ကျင့်ကြံခြင်းအခြေအနေတွင် စိတ်နစ်နေကြပြီး လျင်မြန်စွာ တိုးတက်လာနေကြသည်။

အပြင်လောကတွင်လည်း အကြီးအကျယ် ပြောင်းလဲနေသည်။ ကောင်းကင်ဘုံသည် ပို၍ အင်အားကြီးလာပြီး တစ်ကျော့ပြန် ဂုဏ်ရှိပြောင်လာသည်။ လူသားဘုံနှင့် ကောင်းကင်ဒေသကြားမှ ပဋိပက္ခများသည်လည်း အက်ကြောင်းထင်လာသည်။ အကယ်၍ လူသားဘုံသာ နတ်ဆိုးလောကနှင့် မှော်နက်လောကတို့ဘက်တွင် ရပ်တည်လိုက်လျှင် ကောင်းကင်ဒေသနှင့် ဗုဒ္ဓလမ်းစဉ်အတွက် ဒုက္ခများသွားစေမည်ဖြစ်သည်။

လူများစွာသည် ကောင်းကင်ဒေသက ပထမဆုံး ဖျက်ဆီးခံရမည့် လောကဖြစ်သည်ဟု ယုံကြည်နေကြသည်။

အရှင်ဒွန်ဟောင်၏ နှစ်(၅၀၀) အင်ပါယာကံကြမ္မာသည် အမှန်ဖြစ်လာနိုင်သည်။ သို့သော် သူတို့သည် အရှင်ဒွန်ဟောင်၏ အင်ပါယာကံကြမ္မာကို အဆုံးသတ်မည့်သူမှာ ရီဖူရှင်းဟု မထင်ကြတော့ပေ။ ထိုအစား နတ်ဆိုးအင်ပါယာ သို့မဟုတ် လူသားဘိုးဘေးဖြစ်နိုင်သည်ဟု ထင်လာကြသည်။

သို့သော် အရှင်ဒွန်ဟောင်၏ အင်ပါယာကံကြမ္မာကို အဆုံးသတ်မည့်သူမှာ ထိုနှစ်ယောက်စလုံးလည်း ဖြစ်နိုင်ပေသည်။

All Chapters