← Chapters

အထွတ်အထိပ်တိုက်ပွဲ

Vol. 200 Ch. 2851

အထွတ်အထိပ်တိုက်ပွဲ

Vol. 200 Ch. 2851

ကျိဝူတောက်သည် အရှင်ဟောင်ထျန်းကို ကြည့်၍ ပြောလိုက်၏။

“စီနီယာ... စီနီယာက ခေတ်ကျော်ပြီး ပြန်ရောက်လာတာပါ။ ကျုပ်တို့ ဒီနေ့ ကိုယ်သိတဲ့အကြောင်းတွေကို အပြန်အလှန် ဝေမျှလို့ရပါတယ်”

အားလုံးသည် ကျိဝူတောက်၏ စကားများကို ကြားလိုက်သောအခါ ချက်ချင်း နားလည်သွားကြသည်။ ကျိဝူတောက်သည်လည်း အမှန်တရားကို သိလောက်ပေသည်။ ထိုအချက်သည် သဘာဝကျပေသည်။ သူသည် ကောင်းကင်လမ်းစဉ်မှနေ၍ အကျိုးအမြတ် အများဆုံးရခဲ့သူဖြစ်၍ အမှန်တရားတစ်ခုလုံးကို သိနိုင်လေသည်။

အရှင်ဟောင်ထျန်းသည် ကျိဝူတောက်ကိုကြည့်ကာ အရေးမစိုက်သော မျက်နှာထားဖြင့် ပြောလိုက်၏။

“မင်းမှာ အရည်အချင်းရှိတဲ့ ပုံနဲ့ ပြောနေတာပဲ”

သူ ပြောပြီးနောက်တွင် သူ့အောက်ရှိ ရွှေနတ်နဂါးသည် ဒေါသတကြီး ဟိန်းလိုက်လေသည်။ ရုတ်ခြည်းအတွင်းမှာပင် ကောင်းကင်(၉၉)လွှာ၏ လေထုထဲတွင် နဂါးဟိန်းသံ ပြည့်နှက်သွားသည်။ ကျင့်ကြံသူပေါင်းများစွာ ရင်တုန်သွားကြသည်။ သူတို့၏ နတ်ဝိညာဉ်များလည်း တုန်ရင်လာကြသည်။ လူအချို့သည် ပဲ့တင်သံများကြောင့် သွေးပင်အန်လာကြလေသည်။ ကျင့်ကြံခြင်းအဆင့်နိမ့်သူများသည် ဝိညာဉ်များ ကွဲပျက်ကာ သေပင် သေသွားကြသည်။

ကောင်းကင်(၉၉)လွှာမှ ကျင့်ကြံသူများသည် အတော်လေး သန်မာကြပေသည်။ သို့သော် သူတို့၏ ခန္ဓာကိုယ်များသည် တုန်ခါနေပြီး မတည်မငြိမ်ဖြစ်လာလေသည်။ လောကကြီးသည် ကပြောင်းကပြန် ဖြစ်သွားသကဲ့သို့ပင်။

ထိုကြောက်မက်ဖွယ် နဂါးဟိန်းသံသည် ကျိဝူတောက်ကို ဦးတည်ထားသည်။ သို့သော် ကျိဝူတောက်သည် ကောင်းကင်လမ်းစဉ်ပေါ်တွင် မားမားမတ်မတ် ရပ်နေဆဲပင်။ သူ့ကို နဂါးကိုးကောင်းသန့်စင်ချီက ရစ်သိုင်းထားပြီး သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးထားလေသည်။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ကြောက်မက်ဖွယ် အကာအရံနတ်အလင်း ထွက်ပေါ်လာ၏။ နဂါးဟိန်းသံသည် နဂါးကိုးကောင်သန့်စင်ချီ၏ အကာအရံကို မဖောက်နိုင်ချေ။

အရှင်ဟောင်ထျန်းသည် ကျိဝူတောက် ပတ်ပတ်လည်ရှိ နဂါးကိုးကောင်သန့်စင်ချီကို ကြည့်သည်။ သူ၏မျက်လုံးများမှ မယုံနိုင်လောက်သော ရွှေရောင်နတ်အလင်း ထွက်ပေါ်လာ၏။ ရုတ်ခြည်းပင် ထက်ရှသော ရွှေဓားများသည် လေထုကို ဖြတ်သန်းသွားပြီး ကောင်းကင်ကို လှီးဖြတ်ကာ ကျိဝူတောက်ထံ သတ်ဖြတ်ရန် ပျံဝင်သွားကြသည်။

တစ်ချိန်တည်းမှာပင် အရှင်ဟောင်ထျန်းကို ဗဟိုပြု၍ မဟာနတ်စွမ်းအားသည် အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာကာ ကျယ်ပြောသောအာကာပြင်ကို ရုတ်ခြည်း လွှမ်းခြုံသွားသည်။

“ပြန်ဆုတ်...”

ကျိဝူတောက် အော်ပြောလိုက်၏။ သူ ပြောလိုက်သည့်အချိန်မှာပင် ကျင့်ကြံသူများစွာ၏ ခန္ဓာကိုယ်များသည် လဲကျသွားပြီဖြစ်သည်။ သူတို့သည် အော်ရန်ပင် အခွင့်အရေးမရလိုက်ဘဲ ရုတ်ခြည်း သေဆုံးသွားကြလေသည်။

ပို၍စွမ်းအားကြီးသူများသည် သူတို့၏ခန္ဓာကိုယ်များကို ကာကွယ်ရန် ကောင်းကင်လမ်းစဉ်ကို အသုံးပြုလိုက်ကြသည်။ သို့သော် ရွှေရောင်နတ်အလင်းသည် အာကာအလွှာဓားတစ်လက်ကဲ့သို့ပင်။ ၎င်းသည် ဟင်းလင်းပြင်ကို လှီးဖြတ်၍ အရာအားလုံးကို တစ်စစီဆွဲဆုတ်ပစ်လိုက်ပြီး နတ်စွမ်းအားကို ဖြတ်တောက်ကာ သူတို့၏ခန္ဓာကိုယ်များကို ခုတ်ဖြတ်လိုက်လေသည်။

ထိုအခိုက်တွင် ကောင်းကင်(၉၉)လွှာမှနေ၍ သွေးမိုးရွာကျလာသည်။ လူပေါင်းများစွာသည် နေရာတွင်ပင် သေဆုံးသွားကြ၏။

လျင်မြန်စွာ လှုပ်ရှားခဲ့သူများသည် အဝေးသို့ ဆုတ်ခွာသွားပြီးဖြစ်သည်။ သူတို့သည် အလွန်အမင်း ရင်တုန်နေကြသည်။ ထိုအဖျက်မုန်တိုင်းသည် နောက်ဆုံးတွင် ပြန့်ကားမှု ရပ်တန့်သွားသည်။ သို့သော် သူတို့သည် အလွန်ကြောက်ရွံ့နေဆဲပင်။ အရှင်ဟောင်ထျန်းအနီးရှိ ကျင့်ကြံသူထက်ဝက်ကျော်သည် ရုတ်ခြည်းအတွင်း သေဆုံးသွားသည်။

ယခုတွင် သူတို့သည် ထိုနေရာသို့ လှမ်းကြည့်လိုက်သောအခါ ထိုနေရာသည် အာကာအလွှာမုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲနေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။ အာကာပြင်သည် အပြင်းအထန် ဆုတ်ဖြဲ ခံနေရသည်။ ထို့ကြောင့် ကျင့်ကြံသူများသည် မည်သို့ ရှင်သန်နိုင်ပါမည်နည်း။

လူများစွာသည် အတော်ဝေးဝေး၌ ရှိနေသဖြင့် ကံကောင်းသွားကြသည်။ သို့သော် သူတို့သည် အပြင်းအထန် ရင်တုန်နေဆဲပင်။

ပြန်ရှင်သန်လာသော ရှေးခေတ်မှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သည် ထိပ်သီးကျင့်ကြံသူများစွာကို ရုတ်ခြည်းအတွင်း သတ်ပစ်နိုင်လေသည်။ ထိုအချိန်အတိုင်းအတာကို ရုတ်ခြည်းဟုပင် မသတ်မှတ်နိုင်ပေ။ အတွေးတစ်ချက်ဖြင့်ပင် သူ့ပတ်ပတ်လည်မှ လူများသည် ဆက်မရှင်သန်နိုင်တော့ချေ။

အရှင်ဟောင်ထျန်းသည် ကောင်းကင်ထဲရှိ ကောင်းကင်လမ်းစဉ်ကို ထပ်မံကြည့်သည်။ အတွေးတစ်ချက်ဖြင့်ပင် မရေမတွက်နိုင်အောင် များပြားသော အာကာအလွှာနတ်အလင်းတန်းများသည် အာကာအလွှာနတ်ဓားများအဖြစ် ပြောင်းလဲသွား၏။ ၎င်းတို့သည် အာကာပြင်ကို ဖောက်ထွင်းသွားပြီး ကောင်းကင်ကို ခုတ်ဖြတ်လိုက်လေသည်။

ကျိဝူတောက်သည် ထိုကောင်းကင်လမ်းစဉ်အောက်သို့ ရောက်သွား၏။ သူ့ခန္ဓာကိုယ်သည် ကောင်းကင်လမ်းစဉ်နှင့် တစ်သားတည်းဖြစ်သွားသည်ဟု ထင်ရသည်။ ကောင်းကင်အောက်တွင် နတ်နံရံတစ်ခု ချက်ချင်းထွက်ပေါ်လာလေသည်။ မရေမတွက်နိုင်အောင် များပြားသော နတ်သင်္ကတများ နံရံမှ စီးကျလာပြီး နဂါးကိုးကောင်သန့်စင်ချီသည် ၎င်းကို ရစ်သိုင်းသွားသည်။ ၎င်းသည် ကောင်းကင်ကို ကာရံလိုက်ပြီး ပျံဝင်လာသည့် အာကာအလွှာနတ်ဓားများကို တားဆီးလိုက်လေသည်။

အရှင်ဟောင်ထျန်း၏မျက်လုံးများ တင်းမာသွားသည်။ သူက လက်တစ်ဘက်မြှောက်၍ ကျိဝူတောက်ရှိရာဘက်သို့ လှမ်းဆုပ်လိုက်သည်။ ရုတ်ခြည်းပင် အာကာအလွှာမုန်တိုင်းသည် ကျိဝူတောက်ရှိနေသော နေရာသို့ ကျဆင်းသွားသည်။ အရှင်ဟောင်ထျန်းသည် သူ၏လက်ကို ဆုပ်လိုက်၏။ ထို့နောက် အာကာအလွှာမုန်တိုင်းသည် အာကာပြင်ကို ရုတ်ခြည်း ဆွဲဖြဲလိုက်ကာ ကျိဝူတောက်ရှိနေသော အာကာပြင်ကို ဖျက်ဆီးပစ်လိုက်လေသည်။

မုန်တိုင်းသည် အထွန်းအကွပ်မရှိ တွန့်လိမ်သွားသည်။ ထိုအဖျက်မုန်တိုင်းအောက်မှ အာကာပြင်ရှိ ကျင့်ကြံသူအားလုံးသည် အပိုင်းပိုင်းပြတ်သွားတော့ပေမည်။

ကောင်းကင်(၉၉)လွှာမှ ကျင့်ကြံသူများသည် ကျိဝူတောက်ကို ကြည့်လိုက်ကြသည်။ ဤတစ်ကြိမ်တွင် ကျိဝူတောက်သည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းသော ရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရပေသည်။

ကြောက်မက်ဖွယ် အာကာအလွှာမုန်တိုင်းကြီးထဲတွင် ကျိဝူတောက်သည် မားမာတ်မတ်မတ်ရပ်နေ၏။ သူ့ခန္ဓာကိုယ်ကို နဂါးကိုးကောင်သန့်စင်ချီက ကာကွယ်ပေးထားပြီး သူ့အပေါ်သို့ ကောင်းကင်လမ်းစဉ်၏ နတ်အလင်း ဖြာကျနေသည်။ သူ ရှေ့သို့ တိုးလိုက်၏။ သို့သော် သူသည် အာကာအလွှာမုန်တိုင်းထဲတွင် ပိတ်မိနေဆဲဖြစ်ပြီး အဖျက်စွမ်းအားကို ခံနေရသေးကြောင်း သူသိလိုက်ရ၏။

ဒုန်း...

ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာ၏။ အဆုံးမဲ့ နတ်စွမ်းအား စုဝေးသွားပြီး ဧရာမရွှေခေါင်းလောင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။

ကျိဝူတောက်သည် သူ၏လက်ဖဝါးများကို ရှေ့သို့ တွန်းထုတ်လိုက်သည်။ ရုတ်ခြည်းပင် ဧရာမခေါင်းလောင်းကြီးသည် လေထုကို ထိုးဖောက်သွားပြီး အာကာအလွှာအာကာပြင်ကို ဆုတ်ဖြဲ၊ ချိုးဖျက်ကာ အရှင်ဟောင်ထျန်းဆီ ဦးတည်သွားလိုက်သည်။

၎င်းသည် စကြဝဠာဖျက်ဆီးခေါင်းလောင်းပင်။ နတ်အလင်းတလက်လက်တောက်ပနေပြီး ၎င်းသည် ရုတ်ခြည်းအတွင်း အာကာပြင်ကို ဆုတ်ဖြဲကာ အရှင်ဟောင်ထျန်းဆီသို့ သတ်ဖြတ်ရန် ဦးတည်သွားနေလေသည်။

အရှင်ဟောင်ထျန်း၏ လက်ထဲတွင် ရွှေနဂါးလှံတစ်ချောင်း ထွက်ပေါ်လာ၏။ ၎င်းသည် အလွန်စွမ်းအားကြီးလေသည်။ သူက လက်မြှောက်၍ ၎င်းဖြင့် ဟင်းလင်းပြင်ကို ထိုးလိုက်၏။ ၎င်းသည် စကြဝဠာဖျက်ဆီးခေါင်းလောင်းနှင့် ထိတိုက်သွားသည်။ လောကကြီးကိုပင် တုန်ခါသွားစေသော အသံကြီးတစ်သံ ထွက်ပေါ်လာပြီး ဟင်းလင်းပြင် တုန်ခါသွားသည်။ ဧရာမ စကြဝဠာဖျက်ဆီးခေါင်းလောင်းပေါ်တွင် မရေမတွက်နိုင်အောင် များပြားသော အက်ကြောင်းများ ထွက်ပေါ်လာ၏။ ထို့နောက် ၎င်း ကွဲအက်ပျက်စီးသွားသည်။

ဝုန်း...

‌ကြောက်မက်ဖွယ် အရှိန်အဝါ နောက်တစ်ခု ထွက်ပေါ်လာ၏။ ကောင်းကင်လမ်းစဉ်သည် ကျိဝူတောက်နှင့် ဆက်စပ်နေပြီး ကောင်းကင်ထက်တွင် ဟောင်ထျန်းစေတီ ထွက်ပေါ်လာစေလေသည်။ ဟောင်ထျန်းစေတီသည် ဆက်၍ ကြီးမားလာပြီး ကောင်းကင်နှင့် နေကို ကာရံသွား၏။ ၎င်းတွင် မဟာနတ်စွမ်းအားပါဝင်ပေသည်။ ထို့နောက် ၎င်းသည် အရှင်ဟောင်ထျန်းဆီသို့ သတ်ဖြတ်ရန် ကျဆင်းသွားသည်။

အရှင်ဟောင်ထျန်း၏လက်ထဲမှ လှံကိုဖြတ်၍ နတ်အလင်း စီးဆင်းသွားသည်။ ရုတ်ခြည်းပင် လှံပတ်ပတ်လည်၌ မရေမတွက်နိုင်အောင် များပြားသော အဖျက်အာကာအလွှာမုန်တိုင်းများ ထွက်ပေါ်လာ၏။ သူ့တစ်ကိုယ်လုံး တလက်လက် တောက်ပလာကာ သူ့ကို နတ်အလင်းက ဝန်းရံထား၏။ သူသည် ယှဉ်နိုင်သူမရှိလောက်အောင် ခက်ထန်နေသည်။

“ဝေါင်း...”

ကောင်းကင်ထဲတွင် နဂါးဟိန်းသံ ပြည့်နှက်သွားသည်။ အရှင်ဟောင်ထျန်းသည် မလှုပ်လိုက်ပေ။ သို့သော် သူ့အောက်ရှိ ရွှေနတ်နဂါးက ပျံတက်သွားသည်။ ၎င်းသည် ဟောင်ထျန်းစေတီဆီသို့ အလွန်လျင်မြန်စွာ ပျံသန်းသွားသည်။

ဝုန်း...

ဖိအားကြီးသော နတ်စွမ်းအား ကျဆင်းလာသည်။ စကြဝဠာကြီး ဖိနှိပ်ကျဆင်းလာသည်ဟုပင် ထင်ရသည်။ သို့သော် အရှင်ဟောင်ထျန်း သူ၏လှံကို ရှေ့သို့ ထိုးလိုက်သည့်အခိုက်တွင် လောကသည် ပြိုပျက်သွားပေသည်။

ကျယ်လောင်သော အသံကြီးတစ်သံနှင့်အတူ နတ်အလင်း ပျံ့နှံ့ရိုက်ခတ်သွားသည်။ ကောင်းကင်(၉၉)လွှာလုံး အပြင်းအထန် တုန်ခါသွားသည်။ အရှင်ဟောင်ထျန်းကို ဗဟိုပြု၍ အရာအားလုံး စုတ်ပြဲသွားသည်။ ဧရာမ ဟောင်ထျန်းစေတီပေါ်တွင် မရေမတွက်နိုင်အောင် များပြားသော အက်ကြောင်းများ ထွက်ပေါ်လာ၏။ ထို့နောက် ၎င်းသည် အစိတ်စိတ်အမွှာမွှာ ကွဲအက်ပျက်စီးသွားသည်။

ရွှေနတ်နဂါးသည် အထက်သို့ ဆက်ပျံတက်သွားပြီး အရှင်ဟောင်ထျန်းကို ကောင်းကင်ကို ဖြတ်ကာ သယ်ဆောင်သွားသည်။  ၎င်းသည် ရပ်တန့်၍ မရနိုင်ပေ။

ကျိဝူတောက်သည် အောက်ဘက်သို့ ကြည့်လိုက်၏။ အရှင်ဟောင်ထျန်း၏ နတ်စွမ်းအားသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူခံစားနိုင်ပေသည်။ အရှင်ဟောင်ထျန်းသည် လူပေါင်းများစွာကို အကြည့်တစ်ချက်ဖြင့်ပင် သတ်ပစ်နိုင်စွမ်းရှိသည်။ သူ၏လှံသည် စကြဝဠာဖျက်ဆီးခေါင်းလောင်းနှင့် ဟောင်ထျန်းစေတီကို ဖျက်ဆီးပစ်နိုင်၏။

ထိုအခိုက်တွင် ကျိဝူတောက်၏ တစ်ကိုယ်လုံးသည် ကောင်းကင်လမ်းစဉ်နှင့် ပေါင်းစည်းသွားသည်။ ကောင်းကင်ထက်တွင် အရှိန်အဝါကြီးသော ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ကျိဝူတောက်သည် ကောင်းကင်အင်ပါယာတစ်ပါးအဖြစ် ပြောင်းလဲသွားခြင်းပင်။ ထိုအချိန်၌ နဂါးကိုးကောင်သန့်စင်ချီသည် ကောင်းကင်လမ်းစဉ်နှင့် ဆက်စပ်သွားပြီး မူလအကျဆုံး ကောင်းကင်စည်းမျဉ်းစွမ်းအားအဖြစ် ပြောင်းလဲသွား၏။

ကောင်းကင်(၉၉)လွှာမှ ကျင့်ကြံသူများသည် ကျိဝူတောက်ကို မြင်လိုက်သောအခါ ယခုတွင် သူသည် လောကတစ်ခွင်လုံး၏ အရှင်သခင်တစ်ယောက်ကဲ့သို့ပင်ဟု ခံစားလိုက်ကြရသည်။

အရှင်ဟောင်ထျန်းသည် ဤလောကကို စိန်ခေါ်လိုနေသည်။

ဝုန်း...

သူတို့နှစ်ယောက်သည် ယခုအထိ မထိတိုက်သေး သော်လည်း မဟာနတ်စွမ်းအားနှစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။ ကျိဝူတောက်၏ ခန္ဓာကိုယ်မှနေ၍ မရေမတွက်နိုင်အောင်များပြားသော အလင်းတန်းများ ကျဆင်းလာ၏။ သူသည် လောကကို ရုတ်ခြည်း ချိပ်ပိတ်လိုက်ပြီး ကောင်းကင်ကို တွန့်ခေါက်သွားစေသည်။ သူသည် အောက်ဘက်သို့ လက်ဝါးဖြင့် ဖိချလိုက်၏။ ကြီးမားသော နတ်ချိပ်စည်းကြီးတစ်ခု ထွက်ပေါ်လာလေသည်။ ၎င်းသည် စကြဝဠာချိပ်စည်းပင်။

ထိုစဉ်တွင် အရှင်ဟောင်ထျန်း၏ ရွှေနဂါးလှံမှနေ၍ သန်းထောင်ချီသော အာကာအလွှာနတ်အလင်းတန်းများသည် အာကာပြင်ကို ဆုတ်ဖြဲသွားသည်။ ၎င်းတို့သည် ကောင်းကင်လမ်းစဉ်ဆီ ဦးတည်သွားပျံတက်သွားပြီး ကောင်းကင်လမ်းစဉ်ကို လွှမ်းခြုံ၍ ဖျက်ဆီးလိုနေသည်။ မဟာစွမ်းအားနှစ်ခု ထိတိုက်သွားပြီး ကောင်းကင်(၉၉)လွှာစလုံး တုန်ခါသွားသည်။

အဝေးမှ ကျင့်ကြံသူများသည် ထပ်ခါ ထပ်ခါ နောက်ဆုတ်နေရပေသည်။ သူတို့သည် တိုက်ခိုက်မှုနှစ်ခု တစ်ခုနှင့်တစ်ခု ထိတိုက်သွားကာ ကောင်းကင်ထဲတွင် ရုတ်ခြည်း အဖျက်နတ်အလင်းများ ပြည့်နှက်သွားသည်ကို တွေ့လိုက်ကြသည်။ မရေမတွက်နိုင်အောင် များပြားသော အာကာအလွှာနတ်အလင်းများသည် လျှပ်စီးများကဲ့သို့ ကောင်းကင်ကို ထိုးဖောက်သွားပြီး ကောင်းကင်လမ်းစဉ်ဆီသို့ အရှိန်အဟုန်ဖြင့် ပျံဝင်သွားကြလေသည်။

All Chapters