← Chapters

ကောင်းကင်‌ဒေသကို အရင်ဆုံးဖျက်ဆီးမည်

Vol. 200 Ch. 2852

ကောင်းကင်‌ဒေသကို အရင်ဆုံးဖျက်ဆီးမည်

Vol. 200 Ch. 2852

ကောင်းကင်ဘုံ၏ ကောင်းကင်(၉၉)လွှာရှိ နေရာအနှံ့တွင် တုန်လှုပ်ဖွယ် အာကာအလွှာမုန်တိုင်းများ ထွက်ပေါ်လာ၏။ အောက်ဘက်မှ ကျင့်ကြံသူများစွာသည် အာကာအလွှာမိုးကြိုးဖြင့် တိုက်ရိုက်ထိမှန်ခံလိုက်ရပြီး ရုတ်ခြည်း သတ်ဖြတ်ခံလိုက်ရလေသည်။

ကောင်းကင်(၉၉)လွှာတွင် အာကာအလွှာကပ်ဘေး တစ်ခု ရှိနေကာ ဘေးအန္တရာယ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်ဟု ထင်ရသည်။

ထိုအခိုက်တွင် အပြစ်ကင်းသော လူပေါင်းများစွာသည် မရှုမလှ သေဆုံးသွားကြလေသည်။

အခြားလူများစွာသည်လည်း လက်ပြတ်သူကပြတ်၊ ခြေပြတ်သူကပြတ် သို့မဟုတ် ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားသူကပြတ်နှင့် ရှိနေကြသည်။ သို့သော် သူတို့၏ အသက်စွမ်းအင်သည် အလွန် အားကောင်း၍ သူတိုထံမှ တော်တော်များများသည် အသက်ရှင်နေကြပေသေးသည်။ ထိုအဖြစ်သည် ရက်စက်သော အဖြစ်ပင်။

ကောင်းကင်(၉၉)လွှာ၏ တိုက်ပွဲပြင် အလယ်တွင် အရှင်ဟောင်ထျန်း၏ ခန္ဓာကိုယ်သည် မူလနေရာသို့ ပြန်တွန်းထုတ်ခြင်း ခံလိုက်ရ၏။ သူ၏ ကြောက်မက်ဖွယ် နတ်စွမ်းအားအပြင် အားကောင်းသော အဖျက်စွမ်းအားတစ်ခုသည်လည်း သူ့ကိုယ်တွင်းသို့ ဝင်သွားသည်။ ထို့ကြောင့် အာကာအလွှာမုန်တိုင်းသည် အားနည်း၍ လာလေသည်။ သူ၏နတ်စွမ်းအားသည်လည်း လျင်မြန်စွာ ကျုံ့လာသည်။

သူ ခေါင်းမော့လိုက်ပြီး ကောင်းကင်ထဲတွင် ကောင်းကင်လမ်းစဉ်နှင့် တစ်သားတည်း ဖြစ်နေသော ကျိဝူတောက်ကို စိုက်ကြည့်သည်။ သူ့ကို အလွန်အားကောင်းသော အင်ပါယာအရှိန်အဝါက လွှမ်းခြုံထားသည်။ ထိုအခိုက်တွင် သူသည် ရှေးဟောင်းကောင်းကင်လမ်းစဉ်နှင့် ရင်ဆိုင်နေရသကဲ့သို့ပင် ဖြစ်သည်။ ၎င်းသည် စစ်မှန်သော ကောင်းကင်၏အရှင်သခင်ပင်။

သူ့အောက်ရှိ ရွှေနတ်နဂါးသည် နားစည်ကွဲလောက်သည့် နဂါးဟိန်းသံကို ပြုလုပ်လိုက်သည်။ ထိုအသံသည် လေထုတစ်ခွင် ဖြတ်သန်းသွားသည်။

“စီနီယာ... စီနီယာက ရှေးခေတ်တုန်းက အရှိန်အဝါကြီးခဲ့တဲ့ပုဂ္ဂိုလ်တစ်ယောက်ပါ။ အခု စီနီယာ ပြန်ရောက်လာပြီဆိုတော့ ပိုကြီးတဲ့ကိစ္စတွေအတွက် ဘာလို့ ကျုပ်တို့ အတူတူပူးပေါင်း မလုပ်ရမှာလဲ”

ကျိဝူတောက်က ကျယ်လောင်စွာ ပြောလိုက်၏။ သူအသံသည် လေထုကို တုန်ခါသွားစေသည်။ ကျိဝူတောက်သည် လက်ရှိလောက၏ ကောင်းကင်အင်ပါယာဖြစ်သဖြင့် ကောင်းကင်(၉၉)လွှာရှိ ကျင့်ကြံသူအားလုံး၏ အသက်များကို ဂရုမစိုက်ပင်။ သူ့တွင် ပို၍ကြီးသော ရည်မှန်းချက်ပန်းတိုင် ရှိပေသည်။ ထိုလူများ သေသွားလျှင်လည်း ဘာအရေးနည်း။ ထိုလူများသည် သူ သူ၏ပန်းတိုင်သို့ ရောက်နိုင်ရန် နင်းတက်ရာ ကျောက်တုံးများပင် ဖြစ်ပေသည်။

အကယ်၍ အရှင်ဟောင်ထျန်းက အလွန်စွမ်းအားမကြီးလျှင် သူသည် အရှင်ဟောင်ထျန်းကို သူတို့ဘက်သို့ ‌ရောက်လာစေရန် ကြိုးစားမည် မဟုတ်ပေ။ အကယ်၍ အရှင်ဟောင်ထျန်းသာ သူ့အတွက် အလုပ်လုပ်ပေးလျှင် အရှင်ဟောင်ထျန်းသည် သူ့အား ဘုံများနှင့် တိုက်ခိုင်နိုင်ရန် ကူညီပေးကာ အနာဂတ်တွင် လောကကြီးကို သိမ်းပိုက်နိုင်အောင် ကူညီပေးနိုင်လေသည်။

“သူက ဘယ်လိုသက်ရှိမျိုးလဲ”

အရှင်ဟောင်ထျန်းသည် သူ့မေးခွန်းကိုသူ စွဲလမ်းနေသည်။ သူသည် ကောင်းကင်လမ်းစဉ်က မည်သူမည်ဝါဆိုသည်ကိုသာ သိလိုနေပုံပေါ်သည်။

ကောင်းကင်လမ်းစဉ်သည် ပြိုပျက်ခဲ့ပြီဖြစ်သည်။ ကမ္ဘာဖျက်ကပ်ဘေးသည် ကျဆင်းလာခဲ့ပြီးဖြစ်သည်။ သူသည် ထိုအဖြစ်အပျက်ကို ကိုယ်တိုင် တွေ့ကြုံခဲ့ရသည်။ သို့သော် အဘယ်ကြောင့် ဤနေရာတွင် ကောင်းကင်လမ်းစဉ် ရှိနေရသနည်း။ ၎င်းသည် ရှေးဟောင်းကောင်းကင်လမ်းစဉ်မဟုတ်ပေ။ ၎င်းသည် အရှိန်အဝါအကြွင်းအကျန်တစ်ခုသာ ဖြစ်လေသည်။

ထို့အပြင် ဤကောင်းကင်လမ်းစဉ်တွင် ကိုယ်ပိုင်အသိစိတ်ရှိပေသည်။ ၎င်းသည် ကျိဝူတောက်ကို တိုက်ပွဲအတွင်း၌ ကူညီပေးနိုင်ပြီး လွန်စွာ စွမ်းအားကြီးသည်။

ဤကောင်းကင်လမ်းစဉ်သည် မည်သူမည်ဝါဖြစ်သည်ကို သူ သိလိုနေသည်။

“စီနီယာ... စီနီယာက ဘာလို့ အဲဒါကို အရမ်းစွဲလမ်း နေရတာပါလဲ”

ကျိဝူတောက် ပြန်ပြောလိုက်၏။ သူသည် အဖြေမပေးသေးပေ။ အရှင်ဟောင်ထျန်းသည် သူ့ကို ကြည့်သည်။ သူသည် ဤနေရာတွင် သူလိုချင်သော အဖြေကို မရနိုင်ကြောင်း သိသွား၍ နောက်လှည့်လိုက်သည်။ ရုတ်ခြည်းပင် ကောင်းကင်ထဲတွင် အာကာသလမ်းကြောင်းတစ်ခု ထွက်ပေါ်လာ၏။ ရွှေနတ်နဂါးသည် ထိုလမ်းကြောင်းအတွင် ဝင်သွားသည်။ အရှင်ဟောင်ထျန်းနှင့် ရွှေနတ်နဂါးတို့သည် အစောက ဤနေရာတွင် ရှိမနေသကဲ့သို့ ရုတ်ခြည်း ပျောက်ကွယ်သွားသည်။

ထိုတိုက်ပွဲတွင် အရှင်ဟောင်ထျန်းသည် သူ ကောင်းကင်လမ်းစဉ်ကို ရှုံးနိမ့်သွားပြီဖြစ်ကြောင်း သိပေသည်။ သူသည် ဤနေရာတွင် အဖြေကို မရနိုင်သဖြင့် အခြားနေရာများသို့ သွားကာ အဖြေရှာမည်ဖြစ်သည်။

ဘုံခုနစ်ခုမှ တစ်စုံတစ်ယောက်ကတော့ အဖြေကို သိရပေမည်။

ကျိဝူတောက်သည် ကောင်းကင်လမ်းစဉ်အတွင်းမှ ထွက်လာပြီး သူ၏မူလပုံစံ ပြန်ပြောင်းလိုက်သည်။ သူသည် အရှင်ဟောင်ထျန်းထွက်သွားရာဘက်သို့ ကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ ကြည့်ရသည်မှာ သူ ဉာဏ်အလင်းပွင့်၍ စစ်မှန်သည့် ကောင်းကင်အင်ပါယာတစ်ပါး ဖြစ်လာရန် မြန်မြန် ကျင့်ကြံရတော့မည့်ပုံပင်။

လောကကြီး၏ ပြောင်းလဲမှုများသည် ပို၍ ကြီးမားလာပေပြီ။ ရှေးခေတ်မှ ထိပ်သီးပုဂ္ဂိုလ်များ ထွက်ပေါ်လာပေပြီ။ ထို့ကြောင့် စွမ်းအားကြီးသူများသည် တဖြည်းဖြည်း များလာပြီဖြစ်သည်။

သို့သော် ထိုအချက်သည် သူ့ကို စိတ်လှုပ်ရှားမှုလည်း ပေးပေသည်။ ဤကဲ့သို့သော ပရမ်းပတာလောကမျိုးသည် သူအလိုရှိခဲ့သော လောကဖြစ်သည်။

ကျိဝူတောက်သည် ခေါင်းမော့၍ ကောင်းကင်လမ်းစဉ်ကို ကြည့်လိုက်၏။ သူ့မျက်လုံးများထဲတွင် တွေ့ရခဲသော လေးစားသည့်အရိပ်အယောင်တစ်ခု ထွက်ပေါ်လာလေသည်။ ထို့အပြင် သူ့ရင်ထဲ၌ အားကောင်းသော စွဲလမ်းမှုတစ်ခု ရှိနေသည်။

“ဒီလောက,က...”

သူ တီးတိုး ရေရွတ်လိုက်သည်။

“တစ်နေ့ ခင်ဗျားရဲ့ အ‌ရှေ့မှာ ဦးညွှတ်ရမယ်”

သူ ဉာဏ်အလင်းပွင့်သွားပြီး စစ်မှန်သော ကောင်းကင်အင်ပါယာတစ်ပါး ဖြစ်လာလျှင် ဤညစ်ညမ်းနေသော လောကို သိမ်းပိုက်ကာ သူ့ထံ လက်အောက်ခံလာရန် လုပ်မည်ဖြစ်သည်။ ကောင်းကင်ဘုံနှင့် ကောင်းကင်အင်ပါယာနန်းတော်သည် လောကစည်းမျဉ်းကို ထပ်မံ ထိန်းချုပ်မည်ဖြစ်ပြီး နတ်ဘုရားအားလုံး၏ ခေါင်းဆောင်ဖြစ်လာမည်ဖြစ်သည်။ ထိုအရာသည် သူ၏စွဲလမ်းမှုပင်။ လွန်ခဲ့သော နှစ်များစွာက သူ့တွင် ကြီးမားသောဆန္ဒတစ်ခု ရှိလာခဲ့သည်။ သူသည် ထိုဆန္ဒကို သေချာပေါက် ပြီးမြောက်အောင်မြင်အောင် လုပ်မည်ဖြစ်သည်။

****

နတ်ဆိုးလောက၏ ကောင်းကင်ထဲတွင် အဖျက်နတ်ဆိုးချောက်ကမ်းပါး ရှိပေသည်။

သမိုင်းတစ်လျှောက်တွင် နတ်ဆိုးအင်ပါယာသာ နတ်ဆိုးချောက်ကမ်းပါးအတွင်းသို့ ဝင်နိုင်ခဲ့သည်။ နတ်ဆိုးလောကမှ အခြားကျင့်ကြံသူများသည် ၎င်းအတွင်း ဝင်သွားလျှင် သေချာပေါက် သေသွားမည်ဖြစ်သည်။ နတ်ဆိုးချောက်ကမ်းပါးမှ ကပ်ဘေးများကို တောင့်ခံနိုင်သူပင် သိပ်မရှိချေ။

ထိုအခိုက်တွင် နတ်ဆိုးချောက်ကမ်းပါးထဲ၌ အားကောင်းသော အဖျက်စွမ်းအား ပြည့်နှက်နေသည်။ သွေးနီရောင် ကပ်ဘေးအလင်းသည် ၎င်းကို ထိမိသူမှန်သမျှကို သတ်တော့မည်ဟု ထင်ရပြီး မည်းနက်နေသော အပေါက်ကြီးသည် အရာအားလုံးကို ဝါးမျိုပစ်နိုင်သည်ဟု ထင်ရသည်။ ထို့အပြင် နတ်ဆိုးအလင်းတန်းများလည်း ရှိနေသည်။ ၎င်းတို့သည် လောကအတွင်းရှိ ကြောက်မက်ဖွယ်အကောင်းဆုံး အဖျက်အလင်းတန်းများကဲ့သို့ပင်။ ၎င်းတို့ လင်းလက်လာတိုင်း ကြောက်မက်ဖွယ် ဧရာမအမှောင်ထုဝဲကတော့ကြီးသည် လောကတစ်နေရာတွင် ထွက်ပေါ်လာလေသည်။

၎င်းသည် ဒဏ္ဍာရီများထဲမှ ကောင်းကင်လမ်းစဉ်၏ အကျဉ်းထောင်ဖြစ်သည်။ အမှန်တွင် နတ်ဆိုးချောက်ကမ်းပါးသည် ဒဏ္ဍာရီများထဲကထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။

ယခင်က ဒီမွန်းအရှင် နတ်ဆိုးချောက်ကမ်းပါးတွင် ကျင့်ကြံခဲ့စဉ်က သူသည် ဉာဏ်အလင်းပွင့်ခဲ့ပြီး အဟန့်အတားများကို ကျော်ဖြတ်နိုင်ခဲ့သည်။ သူသည် ကောင်းကင်လမ်းစဉ်ကို တိုက်ခိုက်ရန် သန်းထောင်ချီသော နတ်ဆိုးကျင့်ကြံသူများကို ဦးဆောင်ခဲ့သည်။

ယခုတွင် နတ်ဆိုးချောက်ကမ်းပါးအထက်၌ လူတစ်ယောက်ရပ်နေပြီး နတ်ဆိုးချောက်ကမ်းပါး၏ အဖျက်သန့်စင်မှုကို တောင့်ခံနေလေသည်။ ထိုသူသည် ယူချင်းဖြစ်သည်။ သူသည် ဤနတ်ဆိုးချောက်ကမ်းပါးတွင် သေရေး၊ ရှင်ရေး ကပ်ဘေးများကို အကြိမ်မရေမတွက်နိုင်အောင် ခံခဲ့လေသည်။ သူသည် မဟာအင်ပါယာဖြစ်လာမည့်သူတစ်ယောက်ဖြစ်သော်လည်း နတ်ဆိုးချောက်ကမ်းပါးတွင် ရှင်သန်နိုင်ရန်မှာ ခက်ခဲပေသေးသည်။ သူသည် သေလုနီးပါးအခြေအနေကို မပြတ်တောင့်ခံကျော်လွှားနေရသည်။

မရေမတွက်နိုင်အောင် များပြားသော သွေးနီရောင် ကပ်ဘေးအလင်းတန်းများသည် ယူချင်း၏ ခန္ဓာကိုယ်ကို လှည့်ပတ်နေသည်။ ထို့နောက် သူသည် သူ၏ဒီမွန်းခန္ဓာကိုယ်ကို သန့်စင်ရန် ၎င်းတို့ကို စုပ်ယူလိုက်သည်။ ယခုတွင် ယူချင်းသည် မဟာဒီမွန်းပုံစံကို ဖန်တီးနိုင်ခဲ့ပြီဖြစ်ပြီး အလွန်ကြောက်မက်ဖွယ် ကောင်းနေပြီဖြစ်သည်။

နတ်ဆိုးချောက်ကမ်းပါးထဲတွင် ပုန်းကွယ်နေသော မျက်လုံတစ်စုံရှိသည်ဟု ထင်ရ၏။ ၎င်းသည် ယူချင်း၏ လှုပ်ရှားမှုတိုင်းကို ကြည့်နေလေသည်။

“နတ်ဆိုးချောက်ကမ်းပါးဆိုတာ ဘာလဲ”

ယူချင်းသည် တစ်စုံတစ်ခုကို အာရုံခံမိသွားဟန်ဖြင့် ထိုမျက်လုံးတစ်စုံကို မေးလိုက်သည်။

“လောကကြီးကတော့ နတ်ဆိုးချောက်ကမ်းပါးဆိုတာ ကောင်းကင်လမ်းစဉ်ရဲ့ အကျဉ်းထောင်လို့ ပြောကြတယ်။ အဲဒါက ဒီမွန်းကျင့်ကြံသူတွေနဲ့ ကောင်းကင်လမ်းစဉ်ရဲ့ အပြစ်သားအားလုံးကို အကျဉ်းချတယ်... ဒါပေမဲ့ အဲဒါက တစ်ဝက်ပဲ မှန်သေးတယ်”

နတ်ဆိုးအင်ပါယာ၏အသံက ပြန်ဖြေလိုက်သည်။

“နတ်ဆိုးချောက်ကမ်းပါးက ကောင်းကင်လမ်းစဉ်နဲ့အတူ ဖန်တီးခံခဲ့ရတယ်ပဲ... အဲဒီနှစ်ခုက အဆင့်အတူတူပဲ။ ဒါပေမဲ့ ကောင်းကင်လမ်းစဉ်ကနေ လောကစည်းမျဉ်း ထွက်ပေါ်လာပေမယ့် နတ်ဆိုးချောက်ကမ်းပါးကတော့ ပရမ်းပတာဖြစ်မှုနဲ့ ပျက်စီးမှု နယ်မြေတစ်ခုပဲ။ နတ်ဆိုးလောက,က ရှေးဟောင်းစာပေတွေမှာ မှတ်တမ်းတင်ထားတာကတော့ ကောင်းကင်လမ်းစဉ် မပြိုပျက်ခင်ကတည်းက နတ်ဆိုးချောက်ကမ်းပါးအောက်မှာ ရှေးဟောင်းဒီမွန်းအရှင်တစ်ပါး ထွက်ပေါ်လာခဲ့ပြီတဲ့။ သူက ကောင်းကင်လမ်းစဉ် အုပ်စိုးတဲ့ လောကနဲ့ တိုက်ခိုက်ခဲ့ပြီး ရှုံးသွားခဲ့တယ်။ နတ်ဆိုးချောက်ကမ်းပါးရဲ့ ဝိညာဉ်စွမ်းအားကလည်း ရှင်းထုတ်ပစ်ခံခဲ့ရတယ်။ အဲဒါကြောင့် နတ်ဆိုးချောက်ကမ်းပါးက အကျဉ်းထောင်တစ်ခုအဖြစ် အဆင့်နိမ့်သွားတာပဲ။ ဒါပေမဲ့ အဲဒီလိုဆိုရင်တောင် နတ်ဆိုးချောက်ကမ်းပါးက အမြဲတမ်း ကန့်သတ်နယ်မြေတစ်ခုဖြစ်ခဲ့တာပဲ... ကောင်းကင်လမ်းစဉ်ကတောင် ကြောက်ရတယ်”

“နောက်တော့ ဒီမွန်းအရှင် နိုးထလာပြီး နတ်ဆိုးချောက်ကမ်းပါးရဲ့ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံခဲ့တယ်”

နတ်ဆိုးအင်ပါယာ ဆက်ပြောလိုက်၏။

“သူက နတ်ဆိုးလောကကို ဦးဆောင်ပြီး ကောင်းကင်လမ်းစဉ်ကို စစ်ကြေညာခဲ့တယ်။ အဲဒါကြောင့် နတ်ဆိုးလောကနဲ့ ကောင်းကင်လမ်းစဉ်လောက,က ဆန့်ကျင်ဘက် လောကနှစ်ခု ဖြစ်လာတယ်”

“နတ်ဆိုးလောကမှာ ကိုယ်ပိုင်ကျင့်စဉ်တွေ ရှိတာ အံ့ဩစရာ မရှိတော့ပါဘူး”

ယူချင်း ပြန်ပြောလိုက်၏။

“နတ်ဆိုးချောက်ကမ်ပါးက ကောင်းကင်လမ်းစဉ်နဲ့ အဆင့်တူတယ်ပေါ့”

“အင်း...”

နတ်ဆိုးအင်ပါယာ ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့ အဲဒါက မပြီးပြည့်စုံဘူး။ ယူချင်း မင်းက ပါရမီထူးတဲ့ သူတစ်ယောက်ပဲ... ပြီးတော့ ဒီမွန်းအရှင်ရဲ့ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံထားတယ်။ မင်း အတိတ်က ဒီမွန်းအရှင်လို ဖြစ်လာပြီး နတ်ဆိုးချောက်ကမ်းပါးရဲ့ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံပြီးတော့ ဒီမွန်းတွေ လောကနေရာအနှံ့မှာ နေနိုင်အောင် စွမ်းဆောင်နိုင်ပါစေလို့ ငါမျှော်လင့်ပါတယ်”

ယူချင်းသည် ဆက်၍ မပြောတော့ပေ။ ထို့နောက် နတ်ဆိုးအင်ပါယာ ဆက်ပြောသည်ကို ကြားလိုက်ရ၏။

“အရင်ဆုံး ကျင့်ကြံပါ... တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်အတွင်းမှာ တိုက်ပွဲကြီးတစ်ပွဲ ဖြစ်လာတော့မယ်”

“ဘာတိုက်ပွဲကြီးလဲ”

ယူချင်း မေးလိုက်သည်။

“ကံကြမ္မာဗုဒ္ဓ ရှေ့ဖြစ်ဟောထားတဲ့ အချိန် ရောက်လာတော့မယ်။ ငါတို့က ကံကြမ္မာကို မယုံကြည်ဘူးဆိုပေမယ့် အဲဒီ ကတုံးမြည်းဗုဒ္ဓရဲ့ ရှေ့ဖြစ်ဟောက မှန်၊ မမှန်ဆိုတာ ငါသိချင်သေးတယ်။ အဲဒီအချိန်ရောက်ရင် စစ်ပွဲတစ်ပွဲ ဖြစ်လာဦးမှာပဲ။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ အဲဒီစစ်ပွဲကို လူသားဘုံက စလိမ့်မယ်။ အဲဒီအချိန်ကျရင် ငါတို့ ကောင်းကင်ဒေသကို အရင်ဆုံးဖျက်ဆီးပစ်မယ်”

နတ်ဆိုးအင်ပါယာ၏ စကားများသည် ယူချင်းကို မျက်မှောင်ကြုတ်သွားစေသည်။ သူတို့သည် ကောင်းကင်ဒေသကို တိုက်ခိုက်ကြမည်လော။

သို့သော် ထိုအကြံကလည်း ကောင်းပေသည်။ ရီဖူရှင်းက ကောင်းကင်ဒေသမှ အင်အားစုများ၏ မပြတ်ဖိအားပေးမှုကို ခံခဲ့ရသည်။ အကယ်၍ ကောင်းကင်ဒေသသာ ဖျက်ဆီးခံလိုက်ရလျှင် ရီဖူရှင်း၏ဖိအားသည် ပျောက်ကွယ်သွားမည်ဖြစ်သည်။

လွန်ခဲ့သော နှစ်(၅၀၀)က စစ်ပွဲတွင် လူသားဘုံသည် ကောင်းကင်ဒေသနှင့် မဟာမိတ်ဖွဲ့ခဲ့သည်။ ယခုတွင် လူသားဘုံ၏ ရပ်တည်ချက်သည် ပြောင်းလဲသွားခဲ့ပေပြီ။ ကောင်းကင်ဒေသအတွက် ဤပျက်စီးခြင်းကံကြမ္မာမှ လွတ်မြောက်နိုင်ရန် ခက်ခဲပေလိမ့်မည်။

All Chapters