← Chapters

ကောင်းကင်ဒေသကို တိုက်ခိုက်ခြင်း 

Vol. 200 Ch. 2859

ကောင်းကင်ဒေသကို တိုက်ခိုက်ခြင်း 

Vol. 200 Ch. 2859

“အတင့်ရဲလိုက်တာ။”

အစွမ်းထက်ပုဂ္ဂိုလ်များက ကောင်းကင်၌ ထွက်ပေါ်လာသည့် ကျိဝူတောက်ကို ကြည့်ကာ ပြောလိုက်သည်။

သူက လက်ရှိလောက၏ ကောင်းကင်အင်ပါယာတစ်ပါး ​ဖြစ်လျှင်ပင် ကျိဝူတောက်က ဂျူနီယာတစ်ယောက် ဖြစ်နေဆဲ ဖြစ်သည်။ လက်ရှိ မဟာအင်ပါယာခြောက်ပါးအနက် လေးပါးက ယခု လူသားနန်းတော်ဝိညာဥ်တောင်တန်းတွင် ရောက်ရှိနေကြသော်လည်း ကျိဝူတောက်က အလွန် အတင့်ရဲလှသည်။ သူက တိုက်ရိုက်ဆင်းလာပြီး ကောင်းကင်မှနေ၍ ငုံ့ကြည့်လိုက်သည်မှာ သူက ယခု လူအုပ်ကြီး၏ အုပ်ချုပ်သူကဲ့သို့ ထင်မှတ်ရစေသည်။

“ဒီကို ဆင်းလာခဲ့။”

လူတစ်ယောက် လျှောက်ထွက်လာသည်။ ၎င်းက မဟာအင်ပါယာတစ်ပါးဖြစ်သည်။ သူက လက်ကို မြှောက်ကာ ကောင်းကင်သို့ ဆွဲဆုပ်လိုက်သည်။ ချက်ချင်းပင် လေထဲတွင် အော်မြည်သံများ ပြည့်နှက်သွားပြီး ကြောက်မက်ဖွယ် နတ်စွမ်းအားတို့ ပေါက်ကွဲထွက်လာသည်။ အစွမ်းထက်သည့် စွမ်းအားတို့က ကောင်းကင်ကို လွှမ်းခြုံသွားသည်။ လူစုသည် ကြီးမားသည့် လက်ကြီးတစ်ဖက်က ကောင်းကင်ရှိ ကျိဝူတောက်ကို ဖမ်းဆွဲလိုက်သည်အား မြင်တွေ့လိုက်ကြရသည်။

သို့သော် ကျိဝူတောက်၏ ခန္ဓာကိုယ်တစ်ခုလုံးက တောက်ပနေပြီး နတ်အလင်းတို့က သူ့အား ရစ်ပတ်ထားသည်။

ကလန်...

ကျယ်လောင်သည့် ခေါင်းလောင်းသံတစ်ခု ထွက်ပေါ်လာ၏။ ရှေးဟောင်းခေါင်းလောင်းတစ်ခုက သူ၏ နတ်သဏ္ဌာန်အဖြစ် ပေါ်ပေါက်လာသည်။ ၎င်းက လေထုကို ချိုးဖျက်ကာ လက်ဝါးရိပ်ကို ရိုက်ချ၍ အမှန်တကယ် ၎င်းအား ထိုးဖောက်လိုက်ပေသည်။ ယင်းက ကြီးမားသော လက်ဝါးရိပ်ကြီးကို ဖြိုခွဲပစ်လိုက်ပြီး တိုက်ခိုက်လာသည့် မဟာအင်ပါယာထံ တိုက်ရိုက်တိုးဝင်သွားခဲ့ပေသည်။

မဟာအင်ပါယာက ၎င်းကို တားဆီးရန် သူ့လက်ကို မြှောက်လိုက်သည်။ ချက်ချင်းပင် မရေတွက်နိုင်အောင် ကြီးမားသည့် လက်ဝါးရိပ်များက လေထဲတွင် ပေါ်ပေါက်လာပြီး ရှေးဟောင်းခေါင်းလောင်းထံ ရိုက်ခတ်လာပေသည်။

ဘုန်း.....

ကြီးမားသည့် နတ်ခေါင်းလောင်းက အားကောင်းလှသော ခုခံကာကွယ်မှုစွမ်းအားကို ပိုင်ဆိုင်ထားပုံရကာ လက်ဝါးရိပ်များကို ဖြတ်သန်းသွား၍ မဟာအင်ပါယာထံ တည့်မတ်စွာ တိုးဝင်လာခဲ့သည်။ ကျယ်လောင်သော ဆက်တိုက်ပေါက်ကွဲသံများနှင့်အတူ အစွမ်းထက် မဟာအင်ပါယာက နောက်သို့ ဆုတ်ခွာသွားစေရန် ဖိအားပေးခံခဲ့ရပြီး မသဲကွဲသည့် ညည်းသံတစ်ခု ထွက်ပေါ်လာသည်။

ခေါင်းလောင်းသံက လေထုအတွင်း ပြည့်နှက်နေကာ သူတို့နားများထဲ ပဲ့တင်ထပ်နေသည်။

“စကြဝဠာဖြိုခွင်းခေါင်းလောင်း။”

လူသားဘိုးဘေးက ၎င်းကို ကြည့်လိုက်သည်။ ၎င်းက ရှေးဟောင်းကောင်းကင်အင်ပါယာ၏ စွမ်းရည်ဖြစ်ပြီး ကျိဝူတောက်က ဆက်ခံခဲ့ပေသည်။ သူ ကောင်းကင်ဘုံ၏ ဆက်ခံသူဖြစ်ပြီး ရှေးဟောင်းကောင်းကင်နန်းတော်၏ အမွေအနှစ်ကို လက်ခံရရှိခဲ့သည့်အတွက်ကြောင့် ရှေးဟောင်းကောင်းကင်အင်ပါယာ၏ စွမ်းရည်တို့ကို ကျွမ်းကျင်သည်မှာ ပုံမှန်သာ ဖြစ်သည်။

မျှော်လင့်မထားသည်မှာ သူ၏ ပုံရိပ်ယောင်တစ်ခုသာ ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သော်လည်း သူက မဟာအင်ပါယာတစ်ပါးကို ထိခိုက်ဒဏ်ရာရအောင် လုပ်ဆောင်နိုင်ခဲ့ပေသည်။

ကျိဝူတောက်က အားကောင်းသည်ထက် အားကောင်းလာနေသည်။

ထို့နောက် ကျိဝူတောက်၏ ပုံရိပ်က အောက်သို့ မျောလွင့်လာသည်။ သူက လူသားဘိုးဘေးကို ကြည့်ကာ ပြောလိုက်သည်။

“လူသားဘိုးဘေးက လက်ရှိလောကရဲ့ ရှေးအကျဆုံး မဟာအင်ပါယာတစ်ပါး ဖြစ်တယ်။ အရင်တုန်းက ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေအများကြီးက လူသားဘိုးဘေးနဲ့ ဆက်စပ်နေတာ ဟုတ်တယ်မလား။”

လူသားဘိုးဘေးက ကျိဝူတောက်ကို ကြည့်ကာ ပြန်ဖြေလိုက်သည်။

“ကျိဝူတောက် မင်းက ပရမ်းပတာကောင်းကင်ဝါးမြိုကျင့်စဥ်ကို ရရှခဲ့ပြီး မိစ္ဆာလမ်းစဥ်တစ်ခုအဖြစ် ကျင့်ကြံခဲ့တယ်။ မင်းက ကျင့်ကြံသူတွေကို သတ်ဖြတ်ဝါးမြိုခဲ့တာ။ အဲဒီအတွက် မင်း ကျိန်းသေ ဒဏ်ခတ်ခံရလိမ့်မယ်။”

“လူသားဘိုးဘေးက ထင်ထားသလိုပါပဲ။ ခင်ဗျားက အရမ်း ဗဟုသုတရှိတယ်။”

ကျိဝူတောက်က ရယ်မောရင်း ပြောလိုက်သည်။

“ဒါပေမယ့် ကျုပ်တို့ ဒဏ်ခတ်ခံရမယ့်အကြောင်းကို ပြောရရင် အဲဒါက လူသားဘိုးဘေးပဲ ဖြစ်သင့်တာမလား။ ကျုပ်ကြားတာတော့ ဒီနေ့ ဒီနေရာမှာ လူတိုင်းစုဝေးနေကြပြီး ကောင်းကင်ဒေသကို ဘယ်လိုဖျက်ဆီးရမလဲဆိုတာနဲ့ ကောင်းကင်(၉၉)လွှာကို ဘယ်လိုတိုက်ခိုက်ရမလဲ တိုင်ပင်နေတယ်ဆိုလို့ တစ်ချက်လောက်လာကြည့်တာ။ ကျုပ် ကျိဝူတောက်က ဒီနေ့ ဒီမှာရှိနေတဲ့ လူတိုင်းကို အမှတ်ရနေပါ့မယ်။ ခင်ဗျားတို့အားလုံး အခုကနေစပြီး အပြင်သွားလာတဲ့အခါ ပိုဂရုစိုက်ကြရင် ကောင်းမယ်။”

လူတိုင်းက ကျိဝူတောက်ကို ​စိုက်ကြည့်လိုက်ကြသည်။ သူသည် ပုံရိပ်ယောင်တစ်ခု အဖြစ်သာ ရောက်ရှိလာခဲ့သော်လည်း မဟာအင်ပါယာများအားလုံးကို ခြိမ်းခြောက်ရဲခဲ့ပေသည်။ မည်မျှ မောက်မာရိုင်းစိုင်းလိုက်သနည်း။

ဤနေရာရှိ လူတိုင်းသည် လောကအတွင်း ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်ကြပေသည်။

“ကျိဝူတောက် ကျုပ်မှာ မေးခွန်းတစ်ခု မေးစရာရှိတယ်။ ဒွန်ဟောင်က မင်းနဲ့ မဟာမိတ်ဖွဲ့ခဲ့တာလား။”

နတ်ဆိုးအင်ပါယာက ကျိဝူတောက်ကို ကြည့်ကာ မေးလိုက်သည်။ သူက အဖြေကို သိချင်နေပုံရသည်။

ယခင်က ၎င်းသည် လူသားဘုံအတွင်း ကောလာဟလတစ်ခုသာလျှင် ဖြစ်သည်။ ကျိဝူတောက်က အရှင်ဒွန်ဟောင်နှင့် အတူလက်တွဲလုပ်ဆောင်နေသည်ကို မည်သူမှ မမြင်ဖူးခဲ့ကြပေ။ ယခု ကျိဝူတောက်က ကိုယ်တိုင် ရောက်လာခဲ့လေရာ သူသည် အရှင်ဒွန်ဟောင်က ကျိဝူတောက်နှင့် အမှန်တကယ် မဟာမိတ်ဖြစ်လာခဲ့သလား သိချင်စိတ်ဖြင့် မေးမြန်းရန် ဆုံးဖြတ်လိုက်လေသည်။

ကျိဝူတောက်က ထိုမေးခွန်းကို ကြားသည့်အခါ ရယ်မောလိုက်ပြီး သူ၏ မျက်နှာထက်တွင် လှောင်ပြောင်သရော်လိုသည့် အရိပ်အယောင်တို့ ဖြစ်ပေါ်လာသည်။ သူက နတ်ဆိုးအင်ပါယာကို ကြည့်ရင်း ပြောလိုက်၏။

“အဲဒီ ငကြောက်ဒွန်ဟောင်က ကျုပ်ရဲ့ မဟာမိတ်ဖြစ်လာဖို့ အရည်အချင်းမီလို့လား။”

“ငကြောက်ဒွန်ဟောင်လား။”

အစွမ်းထက်ကျင့်ကြံသူများက ကျိဝူတောက်၏ ရူးသွပ်လှသော စကားလုံးများကြောင့် ထိတ်လန့်အံ့အားသင့်သွားကြသည်။ အရှင်ဒွန်ဟောင်က ထောင်စုနှစ်များစွာ အကျော်ကြားဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့သည်။ သူက ပြိုင်ဘက်ကင်းပါရမီတို့နှင့် ကောင်းကင်ဒေသကို အုပ်စိုးခဲ့ပြီး သူ့အမည်က လောကတစ်ခွင်တွင် ကျော်ကြားခဲ့သည်။

သို့သော် ယနေ့တွင် ကျိဝူတောက်က အရှင်ဒွန်ဟောင်ကို 'ငကြောက်ဒွန်ဟောင်' ဟု ခေါ်နေခဲ့ပေသည်။

ဤသည်မှာ တစ်စုံတစ်ယောက်က အရှင်ဒွန်ဟောင်ကို ငကြောက်ဟု ပထမဆုံးအကြိမ် ခေါ်ဝေါ်ခဲ့ခြင်း ဖြစ်ပေသည်။

ရီဖူရှင်းက မျက်မှောင်ကြုတ်လိုက်သည်။ ကျိဝူတောက်က မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ ပြောရသနည်း။

ထိုသည်က ကောင်းကင်ဧကရီမင်းသမီးကြောင့် ဖြစ်နိုင်သလား။

အရှင်ဒွန်ဟောင်နှင့် ကောင်းကင်ဧကရီမင်းသမီးက လက်ထပ်ခဲ့ဖူးကြသည်။ ထိုအကြောင်းကို လူအနည်းငယ်သာ သိကြသော်လည်း ကောင်းကင်ဘုံ၏ ဆက်ခံသူဖြစ်သော ကျိဝူတောက်က မည်သို့မသိဘဲ ရှိနိုင်ပါမည်နည်း။

ကျိဝူတောက်က ကောင်းကင်ဧကရီမင်းသမီးနှင့် မည်သည့်ပတ်သတ်မှုမျိုး ရှိပါသနည်း။

ကျိဝူတောက်က ကောင်းကင်ဘုံ၏ ဆက်ခံသူအဖြစ် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ရွေးချယ်ထားခံခဲ့ရခြင်း ဖြစ်သည်။ သူက ကောင်းကင်ဧကရီမင်းသမီး၏ ရွေးချယ်ခြင်းကို ခံခဲ့ရခြင်းဖြစ်နိုင်သလား။

သို့ဆိုလျှင် အရှင်ဒွန်ဟောင်က ကျိဝူတောက်နှင့် မဟာမိတ်ဖွဲ့ခဲ့ခြင်းမရှိသည်လား။

မဟုတ်လျှင် ကျိဝူတောက်က အရှင်ဒွန်ဟောင်ကို ဤကဲ့သို့ စော်ကားရသည့် အကြောင်းရင်း မရှိပေ။

“ဒီလိုဆိုရင် မင်းက ဘာကြောင့် ဒီမှာရှိနေရတာလဲ။”

မှော်နက်အရှင်က ကျိဝူတောက်ကို ကြည့်ကာ ပြောလိုက်သည်။

“ကျုပ်တို့ကို လမ်းလွဲသွားအောင် တမင် ရည်ရွယ်ချက်ရှိရှိ လှည့်စားဖို့ လာခဲ့တာလား။”

လူအများ၏ အမူအရာများက ပြောင်းလဲသွားခဲ့သည်။ မှော်နက်အရှင်၏ စကားများမှ သူသည် ကောင်းကင်ဒေသကို တိုက်ခိုက်ရန်အား လက်လျှော့မည်မဟုတ်ကြောင်း ရှင်းလင်းစွာ သိရှိခဲ့ကြသည်။ ကောင်းကင်ဒေသက ကောင်းကင်ဘုံနှင့် မဟာမိတ်ဖွဲ့ထားသည်ဖြစ်စေ မဖွဲ့သည်ဖြစ်စေ အရေးမကြီးတော့ပေ။

သူတို့က တစ်စုံတစ်ခုကို တွေးမိလျှင် ၎င်းက အမှန်​တရားဖြစ်ပေသည်။

“ခင်ဗျားက အဆင့်တောင်မီလို့လား။”

ကျိဝူတောက်က မှော်နက်အရှင်ကို ကြည့်ကာ အေးစက်သည့် မဲ့ပြုံးနှင့် တုန့်ပြန်လိုက်သည်။

“ကျုပ် ဒီကိုလာတာ ခင်ဗျားတို့အားလုံးကို သတိပေးဖို့အတွက်ပဲ။ ခင်ဗျားတို့အနေနဲ့ အုပ်စုဖွဲ့ပြီး ကောင်းကင်ဘုံကို ဆန့်ကျင်တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုမှတော့ ပြင်ဆင်ထားသင့်တယ်။ ကျုပ်ရဲ့ လမ်းစဥ်ကိုသက်သေပြပြီးတဲ့အခါ အမှန်တကယ် ပရမ်းပတာဖြစ်လာပြီး ဘုံခုနစ်ခုက သေလွှမ်းရလိမ့်မယ်။”

“အခုလက်ရှိ ဒီမှာရှိနေတဲ့ လူတိုင်း ပြင်ဆင်ထားရမယ်။”

ကျိဝူတောက်က မောက်မာစွာ ပြောလိုက်ပြီး သူ့ပုံရိပ်က တဖြေးဖြေး ပျောက်ကွယ်သွားသည်။ နောက်ဆုံးတွင် သူသည် ဤနေရာ၌ မည်သည့်အခါကမှ ထွက်ပေါ်မလာသကဲ့သို့ ပျောက်ကွယ်သွားခဲ့ပေသည်။

နတ်တောင်တန်းပေါ်မှ မရေတွက်နိုင်သော အကြည့်များက ပျောက်ကွယ်သွားသည့် ပုံရိပ်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ မည်သူကမှ စကားမပြောခဲ့ပေ။

ကျိဝူတောက်က ဤနေရာရှိ လူတိုင်းကို ခြိမ်းခြောက်ရန် လာရောက်ခဲ့သည်။

သူ ကောင်းကင်အင်ပါယာ ဖြစ်လာသည့် နေ့၌ လောကတစ်ခုလုံး ပရမ်းပတာရှုပ်ထွေးမှုတို့ကို ယူဆောင်လာပေလိမ့်မည်။ ကျိဝူတောက်က ထိုသို့လုပ်နိုင်စွမ်း ရှိပါသည်လား။

သူက မဟာအင်ပါယာတစ်ပါး မဖြစ်သေးသော်လည်း မဟာအင်ပါယာတစ်ပါးကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။ သူက မဟာအင်ပါယာတစ်ပါးဖြစ်လာလျှင် သူ၏ စွမ်းရည်များက အမှန်တကယ် မဟာအင်ပါယာခြောက်ပါးကို ရင်ဆိုင်တိုက်ခိုက်ရန် လုံလောက်ပေလိမ့်မည်။

ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးက အမှန်တကယ် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခုပင် ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်က ဘုံတစ်ခုတည်းမဟုတ်ဘဲ လောကတစ်ခုလုံးရှိ ဘုံခုနစ်ခုပင် ဖြစ်သည်။ သူက လောကကြီးကို အုပ်စိုးချင်ခဲ့ခြင်း မဟုတ်ပေ။ ထို့အစား သူက တစ်လောကလုံးကို သတ်ဖြတ်၍ သွေးလွှမ်းသွားစေချင်နေခြင်း ဖြစ်သည်။

“ရှေးခေတ်အချိန်က ကောင်းကင်လမ်းစဥ်အောက်မှာ တပ်မဟာရှစ်ခုရှိပြီး သူတို့က လောကအတွင်း ကောင်းကင်လမ်းစဥ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေလိုမျိုး ပြုမူကြတယ်။ သူတို့က လောကကြီးကို အုပ်ချုပ်ကြတယ်။ သူတို့ကြားမှာ ကောင်းကင်အင်ပါယာက တပ်မဟာရှစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တယ်။ ကောင်းကင်အင်ပါယာက ကောင်းကင်လမ်းစဥ်အောက်က ထိပ်သီးပုဂ္ဂိုလ်ပဲ။ သူက ကောင်းကင်လမ်းစဥ်အတွက် လောကစည်းမျဥ်းတွေကို စီမံတယ်။ လောကအတွင်းမှာရှိတဲ့ စည်းမျဥ်းဥပဒေတွေ အားလုံးက သူ့ထိန်းချုပ်မှုအောက်မှာ ရှိတယ်။ သူက အရာအားလုံးကို အုပ်ချုပ်ပြီး လူသားတွေကို ပုရွက်ဆိတ်လိုမျိုး ရှုမြင်တာကြောင့် ကောင်းကင်လမ်းစဥ်ခေတ်ပြီးတဲ့နောက်မှာ ကျုပ်က လူသားတွေရဲ့ ဘဝကို အာရုံစိုက်ဖို့အတွက် လူသားဘုံကို တည်ထောင်ခဲ့တာ။ နှစ်ပေါင်းများစွာ ကြာပြီးနောက် လက်ရှိအချိန်ရဲ့ ကောင်းကင်အင်ပါယာ ဆက်ခံသူကလည်း အဲဒီလိုအတူတူပဲ ဖြစ်နေလိမ့်မယ်လို့ ထင်မထားမိဘူး။ သူက ဘာမှမမြင်ဘဲ တစ်လောကလုံးကို သွေးလွှမ်းစေချင်နေပြီး လူတွေရဲ့ အသက်ကို မြက်ပင်တွေလိုပဲ သဘောထားနေတယ်။”

လူသားဘိုးဘေးက ဖြေးညင်းစွာ ပြောလိုက်သည်။ သူသည် ယခင်ကကဲ့သို့ သာမန်ဆန်သည့် ခံစားချက်မျိုး မရှိတော့ဘဲ အလွန် တည်ငြိမ်နေကာ အေးစက်သည့် အရိပ်အငွေ့တို့ကို ဖော်ပြနေသည်။ သူက ပြောလိုက်၏။

“ကျုပ်က လူသားဘုံရဲ့ ဘိုးဘေးအဖြစ် ကျော်ကြားတာကြောင့် လူသားတွေအတွက် တစ်ခုခုလုပ်ရမယ်။ အရှင်ဒွန်ဟောင်က ဘုံခုနစ်ခုကို ပစ်ပယ်ပြီး ကောင်းကင်ဘုံနဲ့ မဟာမိတ်ဖွဲ့ရင်တောင် ကိစ္စမရှိဘူး။ ကျုပ်တို့ ကောင်းကင်ဒေသကို အောင်နိုင်ပြီးရင် ဒွန်ဟောင် ဘယ်လိုတွေးလဲဆိုတာ မေးကြည့်နိုင်တယ်။ တကယ်လို့ သူက ကျုပ်တို့နဲ့ မဟာမိတ်ဖွဲ့ဖို့ ဆန္ဒရှိရင် လက်ရှိခေတ်ရဲ့ မိစ္ဆာကောင်းကင်နန်းတော်ကို ဖျက်ဆီးဖို့ ကောင်းကင်(၉၉)လွှာကို တိုက်ခိုက်လို့ရတယ်။”

နတ်ဆိုးအင်ပါယာနှင့် အခြားလူများက တိတ်ဆိတ်သွားသည်။ ရီဖူရှင်းက တစ်ချိန်လုံး တိတ်ဆိတ်စွာ နားထောင်နေခဲ့ပြီး စကားပြောဆိုခဲ့ခြင်းမရှိပေ။ ယခုက သူ လှုပ်ရှားမှုပြုရန် အချိန်မဟုတ်ချေ။

“ခင်ဗျားတို့ အားလုံး တစ်စိတ်တစ်ဝမ်းတည်း ရှိကြဖို့ မျှော်လင့်တာကြောင့် ကျုပ်က ခင်ဗျားတို့အားလုံးကို လာရောက်ဖို့ ဖိတ်ခေါ်လိုက်ရတာပါ။ ခင်ဗျားတို့ ပြန်သွားပြီး ခုနစ်ရက်ကြာတဲ့အခါ ကောင်းကင်ဒေသကို စစ်တပ်တွေ ပို့ပေးလိုက်ဖို့ မျှော်လင့်တယ်။ သေမျိုးတွေကို မထိခိုက်စေဘဲ နယ်မြေဆယ့်ရှစ်ခုရဲ့ နယ်မြေသခင်အိမ်တော်တွေကို သိမ်းယူပါ။ အဲဒီနောက်မှ ကျုပ်တို့ ဒွန်ဟောင်အင်ပါယာနန်းတော်ကို သွားလည်ကြတာပေါ့။ ဘယ်လိုသဘောရလဲ။”

လူသားဘိုးဘေးက လူတိုင်းကို မေးလိုက်သည်။

“ကောင်းပြီ။”

နတ်ဆိုးအင်ပါယာက ပြန်ဖြေလိုက်သည်။

“ကိစ္စမရှိဘူး။”

လူတိုင်းက သဘောတူကာ ခေါင်းညိတ်လိုက်၏။ သူတို့က ကောင်းကင်ဒေသကို သိမ်းယူရန် ပြင်ဆင်ပြီး ကောင်းကင်​ဒေသသို့ စစ်တပ် ပို့ဆောင်လိမ့်မည် ဖြစ်သည်။

All Chapters