← Chapters

ကျူးကျော်ခြင်း 

Vol. 201 Ch. 2862

ကျူးကျော်ခြင်း 

Vol. 201 Ch. 2862

ယခင် နတ်ဆိုးလောကမှ ကျူးကျော်ဝင်ရောက်ပြီးကတည်းက မြောက်ဘက်စွန်းနယ်​မြေက နတ်ဆိုးလောက၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိသွားခဲ့သည်။ ဤသည်မှာ ကောင်းကင်ဒေသအတွင်း သိသာထင်ရှားသော ဆွေးနွေးမှုများကို ဖြစ်ပေါ်စေခဲ့ပြီး လူအများက အရှင်ဒွန်ဟောင်ကိုပင် သံသယဝင်ခဲ့ကြသည်။

ထိုအချိန်တွင် နတ်ဆိုးလောက၏ အစွမ်းထက် ပုဂ္ဂိုလ်များက မြောက်ဘက်စွန်းနှင့် နတ်ဆိုးလောကကြား နယ်နိမိတ်တွင် အဆက်မပြတ် ပေါ်ပေါက်လာပြီး မြောက်ဘက်စွန်းဒေသသို့ ရောက်ရှိလာသည်။ နတ်ဆိုးလောက စစ်တပ်များနှင့် လွတ်လပ်သော ကျင့်ကြံသူများက ကောင်းကင်ဒေသသို့ အလျင်အမြန်သွားရောက်ကာ တိုက်ပွဲကြီးအတွက် ပြင်ဆင်နေခဲ့ကြသည်။

မဟာအင်ပါယာတို့၏ ဆုံးဖြတ်ချက်က ဤတိုက်ပွဲ၏ အနိုင်အရှုံးကို ဆုံးဖြတ်ပေးလိမ့်မည် ​ဖြစ်သည်။ သို့သော် ယခင်က မဟာအင်ပါယာခြောက်ယောက်သည် အချင်းချင်း ဟန်ချက်ညီအောင် ထိန်းသိမ်းခဲ့ကြပြီး မဟာအင်ပါယာအဆင့်အောက် ကျင့်ကြံသူများကြား တိုက်ပွဲများသာ နေရာအနှံ့ ပေါက်ကွဲဖြစ်ပေါ်နေခဲ့သည်။

ယခုက ကွာခြားပေသည်။ ရှေးခေတ်အင်ပါယာများက တဖြေးဖြေး ပြန်ရောက်ရှိလာပြီး ပို၍များပြားလာသော မဟာအင်ပါယာများနှင့် မဟာအင်ပါယာတစ်ပိုင်းများ တည်ရှိလာနိုင်ကာ ခေတ်သစ်ကျင့်ကြံသူများက အတိတ်နှင့် ယှဥ်လျှင် အလွန်အားကောင်းနေခဲ့ပြီ ဖြစ်သည်။

သို့ဆိုလျှင်ပင် နတ်ဆိုးလောကမှ ကျင့်ကြံသူများက မည်သို့ဖြစ်၍ ဤအခွင့်အရေးကို လွဲချော်နိုင်ပါမည်နည်း။ အင်ပါယာအဆင့် အင်အားစုများက ပြင်းထန်သည့် တိုက်ပွဲကို ဆင်နွှဲရန် ဆုံးဖြတ်လိုက်ပြီး သူတို့က ကောင်းကင်ဒေသတစ်ခုလုံးကို ကျူးကျော်လိမ့်မည် ဖြစ်သည်။ သူတို့က စွန့်ပစ်မြေအစား ကောင်းကင်ဒေသ၏ နယ်မြေများအတွင်း နတ်ဆိုးလောက၏ မျိုးစေ့များကို ဖြန့်ကျဲကြပေလိမ့်မည်။

ထပ်ပြောရလျှင် လူသားဘုံ၏ အစွမ်းထက် ကျင့်ကြံသူများ၊ နတ္ထိဘုံနှင့် မှော်နက်လောကသည်လည်း ကောင်းကင်ဒေသ နယ်နိမိတ်သို့ တဖြေးဖြေး ရောက်လာခဲ့ကြသည်။ သူတို့တွင်လည်း အစွမ်းထက်သည့် စစ်တပ်များကို ပိုင်ဆိုင်ထားကြသည်။ ဤသည်မှာ ပြင်းထန်လှသည့် စစ်ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။ သူတို့အားလုံးသည် ဤတိုက်ပွဲပြီးသည့်နောက် ကောင်းကင်ဒေသက မူလကောင်းကင်ဒေသ ဖြစ်လိမ့်တော့မည်မဟုတ်ကြောင်း ယုံကြည်ကြပေသည်။ ၎င်းသည် သူတို့အားလုံးနှင့် သက်ဆိုင်ပေလိမ့်မည်။

လူသားဘိုးဘေးက ကောင်းကင်ဒေသကို ရီဖူရှင်းထံ လက်လွှဲပေးရန် သဘောတူထားပြီးဖြစ်လျှင်ပင် ၎င်းက နောက်ပိုင်းမှ ဖြစ်လာမည့်အရာဖြစ်သည်။ သည့်မတိုင်ခင် သူတို့က ကောင်းကင်ဒေသတစ်ခုလုံးကို ဝါးမြိုရပေလိမ့်မည်။

ရီဖူရှင်းသည်လည်း ကြီးမားသော စစ်တပ်ကို ဦးဆောင်ကာ ရီအင်ပါယာနန်းတော်မှ ထွက်ခွာလာခဲ့ပေသည်။ ကိစ္စအားလုံးကို တွေးတောဆုံးဖြတ်ပြီးနောက် သူက သူနှင့်အတူ လူတိုင်းကို ခေါ်ဆောင်လာခဲ့ခြင်း မရှိပေ။ ကောင်းကင်ဒေသအား ကျူးကျော်မည့် ထိုကြီးမားသည့် တိုက်ပွဲက ထင်ထားသလောက် ရိုးရှင်းခြင်း မရှိချေ။ အရှင်ဒွန်ဟောင်က မည်သို့သော တည်ရှိမှုမျိုး ဖြစ်သနည်း။ သူက ရီဖူရှင်းကို ပစ်မှတ်ထားခဲ့လျှင် အလွန် အန္တရာယ်များနိုင်ပေသည်။

ထို့ကြောင့် သူသည် ရီအင်ပါယာနန်းတော်၌ နေခဲ့ခြင်းက ပို၍ လုံခြုံလိမ့်မည်ဟု ယုံကြည်ထားသည်။ မဟာအင်ပါယာအနည်းငယ်က ရီအင်ပါယာနန်းတော်ကို စောင့်ကြပ်နေသည်။ အရှင်ဒွန်ဟောင်က သူတို့ကို တိုက်ခိုက်လျှင်ပင် သူတို့က ကိုင်တွယ်နိုင်သင့်သည်။

လူသားဘိုးဘေးက သူ့ကို ထောက်လှမ်းရန် ရည်ရွယ်ချက် ရှိမရှိမှာ သူ ဂရုမစိုက်ချေ။ သူက စစ်ပွဲတွင် ပါဝင်လာပြီးဖြစ်ရာ သူ၏ သေခြင်းရှင်ခြင်းကို ကျိန်းသေလောင်းကြေးထပ်ထားရတော့မည် ဖြစ်၏။

ဤတိုက်ပွဲက ဖိအားပေးမှုကြောင့် ဖြစ်ပွားခဲ့ရပြီး သူ့တွင် ရွေးချယ်စရာ မရှိခဲ့ပေ။

ထိုအချိန်တွင် သူတို့က နတ်ဘုရားပျက်သုဥ်းမြေ၏ ဖြတ်လမ်းကြောင်းတစ်ခုအောက်သို့ ရောက်လာခဲ့သည်။ ၎င်းက ကောင်းကင်ဒေသသို့ ဦးတည်နေသည့် ဖြတ်လမ်းကြောင်းတစ်ခု ဖြစ်ပေသည်။ သူတို့က ၎င်းကို ​ဖြတ်သန်းပြီးသည့်အခါ ကောင်းကင်ဒေသ၏ နယ်မြေသို့ ဝင်ရောက်သွားပေလိမ့်မည်။

ရီဖူရှင်း ကြေးမုံတစ်ချပ်ထုတ်ယူလိုက်သည်။ ကြေးမုံမျက်နှာပြင်တွင် အစွမ်းထက်ပုဂ္ဂိုလ်များ၏ ပုံရိပ်တို့ ချက်ချင်း ပေါ်ပေါက်လာသည်။

လူသားဘိုးဘေး၊ နတ်ဆိုးအင်ပါယာ၊ မိစ္ဆာအင်ပါယာနှင့် မှော်နက်အရှင်အပြင် သူအပါအဝင် စုစုပေါင်း ငါးယောက်ဖြစ်သည်။

ဤကြေးမုံက အဆင့်မြင့် နတ်ရတနာတစ်ခုဖြစ်ပြီး ပြင်းထန်သည့် လေဟာနယ်နတ်စွမ်းအားတို့ ပါဝင်သည်။ ၎င်းသည် တစ်ဖက်လူနှင့် အချိန်မရွေး ဆက်သွယ်နိုင်ပြီး နတ်စွမ်းအားကို အသုံးပြု၍ ခြေရာခံနိုင်ပေသည်။ သူတို့သည် ဤတစ်ကြိမ်၌ အတူတကွ မလှုပ်ရှားခဲ့ကြပေ။ အရှင်ဒွန်ဟောင်က တစ်ဖွဲ့ကို တိုက်ခိုက်ခဲ့လျှင် အခြားလူများက ထိုရတနာကို အသုံးပြုကာ လေဟာနယ်ကို ဖြတ်သန်း၍ ပေါ်ပေါက်လာပြီး မည်သည့် မတော်တဆမှုမှ မဖြစ်လာစေရန် တားဆီးနိုင်သည်။

“စလိုက်ကြတာပေါ့။”

ကြေးမုံအတွင်းမှ လူသားဘိုးဘေးက အမိန့်ပေး ပြောဆိုလိုက်သည်။

“နယ်မြေဆယ့်ရှစ်ခုက နယ်မြေသခင်အိမ်တော်တွေကို သိမ်းပိုက်ပြီးရင် သူတို့ကို စောင့်ကြပ်ဖို့ လူတွေချန်ထားခဲ့။ ပြီးတော့ ဒွန်ဟောင်အင်ပါယာနန်းတော်ကို ဦးတည်သွားပြီး စုဝေးကြမယ်။”

အခြားလူများအားလုံးက ခေါင်းညိတ်လိုက်ကြသည်။

ရီဖူရှင်းက ကြေးမုံကို သိမ်းလိုက်သည်။ သူ့က ခေါင်းကို မော့ကာ လေဟာနယ်ဖြတ်လမ်းကြောင်းကို ကြည့်လိုက်ပြီး ပင့်သက်ရှိုက်လိုက်သည်။ ဤတိုက်ပွဲက မည်သို့ ဖြစ်လာလိမ့်မည်နည်း။

မည်သူမှ မသိခဲ့ကြပေ။

ဖြစ်နိုင်သည်မှာ လောကကြီးက ကြီးစွာသော အပြောင်းအလဲများ ဖြစ်လာတော့မည် ဖြစ်သည်။

“တိုက်ကြမယ်။”

ရီဖူရှင်းက ပြောလိုက်သည်။ စကားဆုံးသည်နှင့် လူစုက ရှေ့သို့ လှမ်းကာ လေဟာနယ် ဖြတ်လမ်းကြောင်းကို တိုက်ရိုက်​ဖြတ်သန်းပြီး ကောင်းကင်ဒေသသို့ ဝင်ရောက်သွားခဲ့သည်။

..........

အဖွဲ့အစည်းကြီးငါးခု၏ ကြီးမားသော စစ်တပ်က တစ်စိတ်တစ်ဝမ်းတည်း ကျူးကျော်လာပေသည်။

တပြိုင်တည်းတွင် ဘုံအသီးသီး၏ အင်အားကြီးမားသည့် စစ်တပ်က ကောင်းကင်ဒေသသို့ မျောလွင့်လာသည်။ မည်းမှောင်သည့် တိမ်တိုက်များက ကောင်းကင်ဒေသ၏ နေရာအချို့ရှိ ကောင်းကင်များတွင် ချက်ချင်း ဖုံးလွှမ်းသွားသည်။ ၎င်းက ကမ္ဘာပျက်ကပ်ကဲ့သို့ပင် ထင်မှတ်ရသည်။

ကောင်းကင်ဒေသက အလွန် ကျယ်ပြောလှပြီး မရေတွက်နိုင်သော ကုန်း​မြေများ ရှိသည်။ ဘုံအသီးသီးမှ စစ်တပ်များက နယ်နိမိတ်ကို ကျော်ဖြတ်လာလျှင်ပင် ကောင်းကင်ဒေသတစ်ခုလုံးနှင့်ယှဥ်လျှင် အရေးမပါနေဆဲသာ ဖြစ်သည်။ ထို့ကြောင့် သူတို့၏ ပထမဆုံး ရည်မှန်းချက်မှာ နယ်မြေဆယ့်ရှစ်ခု၏ နယ်မြေသခင်အိမ်တော်များကို သိမ်းပိုက်ရန် ဖြစ်သည်။

ထိုအချိန်တွင် ကောင်းကင်ဒေသ၏ ဒွန်ဟောင်အင်ပါယာနန်းတော်အတွင်း၌ အစွမ်းထက်ပြီး အင်အားကြီးသည့် ကျင့်ကြံသူများက အလွန် ကျယ်ပြောသော နေရာတွင် ပေါ်ပေါက်လာသည်။ အရှင်ဒွန်ဟောင်က ကောင်းကင်ကိုးလွှာနတ်ပလ္လင်ထက်၌ ထိုင်နေခဲ့သည်။ နတ်ပလ္လင်အောက်တွင် ကောင်းကင်ဒေသ၏ ထိပ်သီးပုဂ္ဂိုလ်များက အဆင့်အလိုက် နေရာအသီးသီးတွင် ထိုင်နေခဲ့ကြသည်။

သူတို့ရှေ့လေထဲတွင် မှန်များကဲ့သို့ အလင်းလွှာက ကောင်းကင်ဒေသ နေရာအသီးသီးမှ မြင်ကွင်းများကို ပြသနေသည်။ မှန်များက ရွေ့လျားနေပုံရသည်။

သူတို့သည် စစ်တပ်ငါးခုက ဝင်လာပြီးနောက် လျင်မြန်စွာ ဖြန့်ကျက်သွားသည်ကို မြင်လိုက်ကြရသည်။ မဟာအင်ပါယာများ ဦးဆောင်လာသည့် စစ်တပ်များက ဦးတည်ချက်တစ်ခုကို ပြတ်သားစွာ သွားရောက်ခဲ့သော်လည်း အခြားစစ်တပ်များက ဦးတည်ချက်မရှိကြပေ။ သူတို့က ကောင်းကင်ဒေသအတွင်းသို့ တည့်မတ်စွာ ဝင်ရောက်သွားကြသည်။ ကျင့်ကြံသူများစွာက လျင်မြန်စွာ ပြန့်ကျဲသွားပြီး မတူညီသော နေရာအနှံ့ကို ထွက်သွားခဲ့ကြသည်။

ထို့နောက် တောက်ပသည့် ဗုဒ္ဓအလင်းတို့ ထွက်ပေါ်လာသည်။ ကောင်းကင်ကိုးလွှာတွင် ဓမ္မတေးသံတို့နှင့် ပြည့်နှက်လာသည်။ အလွန်မြင့်မြတ်သည့် ဗုဒ္ဓအလင်းတို့က ကျယ်ပြောသော ကောင်းကင်ကို လွှမ်းခြုံကာ မြင့်မြတ်သည့် တိမ်တိုက်တို့ ပေါ်ပေါက်လာ၏။

အရှင်ဒွန်ဟောင်က သူ့ရှေ့သို့ ကြည့်လိုက်ပြီးနောက် နတ်ပလ္လင်မှ ထရပ်လိုက်သည်။ သူက ပြောလိုက်၏။

“ဒွန်ဟောင်က ဗုဒ္ဓတို့ကို နှုတ်ဆက်တယ်။”

သူပြောပြီးနောက် ဗုဒ္ဓအလင်းများ၏ အလယ်တွင် ဗုဒ္ဓတံခါးတစ့ချပ် ရုတ်တရက် ပေါ်ပေါက်လာသည်။ အစွမ်းထက်သည့် ဗုဒ္ဓစစ်တပ်တစ်တပ်က ဗုဒ္ဓတံခါးမှ လျှောက်ထွက်လာသည်။ ထောင်ပေါင်းများစွာသော ဗုဒ္ဓကျင့်ကြံသူများက တဖြေးဖြေး ထွက်ပေါ်လာပေသည်။ ၎င်းက အလွန် အံ့သြမှင်တက်ဖွယ် ကောင်းလှသည်။ ထို့နောက်တွင် သန့်စင်မြင့်မြတ်သည့် ဗုဒ္ဓအားလုံးအရှင်သခင်၏ စစ်မှန်သောအသွင်သဏ္ဌာန်က ထွက်ပေါ်လာသည်။ ဗုဒ္ဓအလင်းတို့က အဆုံးမဲ့ကောင်းကင်ကို လွှမ်းခြုံသွားခဲ့သည်။ ဗုဒ္ဓအားလုံးအရှင်သခင်က ကိုယ်တိုင်ရောက်ရှိလာခဲ့ပေသည်။

“ဗုဒ္ဓအားလုံးအရှင်သခင်ကို နှုတ်ဆက်တယ်။”

အရှင်ဒွန်ဟောင်က အရိုသေအ​လေးစားဆုံးဟန်ဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်သည်။ သူသည် တစ်ချိန်က ဗုဒ္ဓဂိုဏ်းတွင် သင်ယူခဲ့ဖူးသည့်အတွက်ကြောင့် ဗုဒ္ဓက သူ့ကို သင်ကြားပြသပေးခဲ့ဖူးသည့် ဂုဏ်သရေရှိသည်။ သူက သူ့အတွက် ဆရာတစ်ယောက်နှင့် အလားတူသည့်အတွက် အရှင်ဒွန်ဟောင်က ဗုဒ္ဓဂိုဏ်းကို အမြဲတစေ အလွန် ယဥ်ကျေးခဲ့ပေသည်။

“ဗုဒ္ဓအားလုံးအရှင်သခင်။”

မဟာအင်ပါယာများသည်ပင် အရိုအသေပေးကြလေရာ ဒွန်ဟောင်အင်ပါယာနန်းတော်အတွင်းရှိ အစွမ်းထက် ကျင့်ကြံသူများအားလုံးက ထရပ်လာကာ လေးစားမှုကို ပြသကြပေသည်။

ဗုဒ္ဓက ခေါင်းညိတ်လိုက်သည်။ အားလုံးသော ဗုဒ္ဓများက တစ်ချိန်တည်းတွင် ဘုရားစာများအား ရွတ်ဆိုလိုက်သည်။

ထို့နောက် ဗုဒ္ဓက အလင်းလွှာကို ကြည့်လိုက်ပြီး ထိုမြင်ကွင်းများအား မြင်တွေ့ခဲ့သည်။ တိုက်ပွဲများက နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေပြီးဖြစ်သည်။ ကောင်းကင်ဒေသ၏ အချို့သောကျင့်ကြံသူများက ကောင်းကင်ဒေသအနှံ့ ဖြန့်ကျက် ကျုးကျော်လာသူများနှင့် ပဋိပက္ခဖြစ်ပွားနေပေသည်။

သို့သော် ကောင်းကင်ဒေသကျင့်ကြံသူများက ကျုးကျော်လာသူများကို မည်သို့ ယှဥ်နိုင်ပါမည်နည်း။ ထိုကျူးကျော်သူများက အလွန် အစွမ်းထက်လှပေသည်။

“အောမီသောဖော”

ဗုဒ္ဓက လက်အုပ်ချီရင်း ပြောလိုက်သည်။

“ဒီစစ်ပွဲက အဆုံးမှာ ဖြစ်ပွားလာနေတုန်းပဲ။ ပရမ်းပတာအရှုပ်အထွေးတွေက ဖြစ်လာနေပြီ။ ဒီအရှုပ်အထွေးတွေက အောက်ဘုံအထိ ပျံ့နှံ့မသွားဖို့ပဲ မျှော်လင့်မိတယ်။”

သူ၏ အသံက ကြင်နာမှုတို့နှင့် ပြည့်နေခဲ့သည်။ ထိပ်သီးပုဂ္ဂိုလ်များ၏ တိုက်ပွဲ က အောက်ဘုံမှ ကျင့်ကြံသူများကို မသက်ရောက်သော်လည်း ဤကဲ့သို့သော တိုက်ပွဲများက လောကတစ်ခွင်လုံးကို သက်ရောက်မှုရှိစေတတ်သည်။

“စစ်ပွဲရဲ့ သက်ရောက်မှုကို အနည်းဆုံးဖြစ်အောင် အကောင်းဆုံးကြိုးစားပါ့မယ်။”

အရှင်ဒွန်ဟောင်က ပြောလိုက်သည်။

“ကောင်းတယ်။”

ဗုဒ္ဓက ခေါင်းညိတ်လိုက်သည်။

“နှစ်ပေါင်းငါးရာက လက်ဖျောက်တစ်ချက်စာအတွင်း ကုန်လွန်သွားမယ်လို့ ထင်မထားမိဘူး။ ဒွန်ဟောင် မင်း အသင့်ဖြစ်ပြီလား။”

“ဖြစ်ပါပြီ။”

ဒွန်ဟောင်က ခေါင်းညိတ်လိုက်သည်။

“ဖြစ်လာရမယ့်အရာက ဖြစ်လာမှာပဲ။ နှစ်ပေါင်းငါးရာက မတိုတောင်းပါဘူး။”

ကောင်းကင်ဒေသ၏ ဒွန်ဟောင်အင်ပါယာနန်းတော်မှ ထိပ်သီးပုဂ္ဂိုလ်များက ထိုနှစ်ယောက်ကို ကြည့်လိုက်သည်။ သူတို့သည်ပင် ဗုဒ္ဓအရှင်နှင့် အရှင်ဒွန်ဟောင်ကြားမှ စကားတို့ကို နားမလည်နိုင်ပေ။

ဗုဒ္ဓအရှင်နှင့် အရှင်ဒွန်ဟောင်တို့ကြားမှ ပတ်သတ်မှုက သူတို့ထင်ထားသည်ထက် ပိုမိုကောင်းမွန်နေပုံရလေသည်။

All Chapters