စစ်ပွဲစတင်ခြင်း
Vol. 201 Ch. 2864
“ဒွန်ဟောင် မင်း စစ်ပွဲရဲ့ စည်းမျဥ်းတွေကို သိလား။”
လူသားဘိုးဘေးက အဝေးသို့ အသံပို့လွှတ်လိုက်သည်။ သူ့အသံက ကျယ်ပြောသော လေဟာနယ်အတွင်း ပြည့်နှက်သွားပြီး ကောင်းကင်ဒေသ၏ အင်ပါယာမြို့တစ်ခွင် ပဲ့တင်ထပ်သွားသည်။
“ကျုပ်သိတယ်။ မဟုတ်ရင် ကောင်းကင်ဒေသကို ဝင်လာတဲ့
မဟာအင်ပါယာအဆင့်အောက်က ကျင့်ကြံသူတွေအကုန် သေပြီးသား ဖြစ်နေလိမ့်မယ်။” အရှင်ဒွန်ဟောင်က ပြန်ဖြေလိုက်သည်။ သူ့အသံက အလွန် လွှမ်းမိုးနိုင်စွမ်းရှိပေသည်။
လွန်ခဲ့သော နှစ်ပေါင်းငါးရာက စစ်ပွဲတွင် လောကအတွင်း သူတို့သာလျှင် မဟာအင်ပါယာများ ဖြစ်ကြသည်။ စစ်ပွဲသည် အောက်ဘုံ၏ ကျင့်ကြံသူများမှ စတင်ခဲ့ခြင်း ဖြစ်သည်။ မဟာအင်ပါယာများ၏ တိုက်ခိုက်မှုများက အလွန် ဖျက်ဆီးပစ်နိုင်စွမ်းရှိပြီး ကျင့်ကြံသူများက မျိုးတုန်းပျောက်ကွယ်သွားနိုင်ပေသည်။ မဟာအင်ပါယာခြောက်ယောက်က စိတ်လွတ်ကိုယ်လွတ် စတင်သတ်ဖြတ်ခဲ့လျှင် လူမည်မျှ သေဆုံးရလိမ့်မည်ကို မည်သူမှ မသိကြပေ။
ထို့ကြောင့် အရှင်ဒွန်ဟောင်က ကပ်ဘေးနတ်ဝင်္ကပါကို အသုံးပြု၍သာ သူတို့ကို သတ်ဖြတ်မည့်အစား ထိန်းချုပ်ရန် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် သူ ပြောသလိုပင် ကျူးကျော်လာသည့် မဟာအင်ပါယာအဆင့်အောက်မှ လူများအားလုံး သေဆုံးပြီး ဖြစ်ပေလိမ့်မည်။
ကျယ်ပြောသော ကောင်းကင်ဒေသတစ်ခုလုံးက ကပ်ဘေးနတ်ဝင်္ကပါ၏ စက်ကွင်းအတွင်း ကျရောက်နေခဲ့သည်။
“မင်း သိတာကောင်းတယ်။”
လူသားဘိုးဘေးက ပြန်ဖြေလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်က အရူးအမူး ကြီးထွားလာကာ လူသားလောက၏ ထိပ်သီးအဆင့် နတ်လူသားအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုပုံရိပ်က အဆက်မပြတ် ကြီးမားကျယ်ပြန့်လာသည်နှင့် လူသားဘိုးဘေး၏ ဘေးမှ ကျင့်ကြံသူများက ပုရွက်ဆိတ်များကဲ့သို့ ထင်မှတ်လာရသည်။ သူတို့က ထိုကြီးမားကျယ်ပြန့်လာသည့် ခန္ဓာကိုယ်ကို ကြည့်ပြီး သူတို့၏ နှလုံးသားများက ပြင်းထန်စွာ ခုန်ပေါက်လာပေသည်။
ဘေးဘက်မှ ကျင့်ကြံသူများ၏ မြင်ကွင်းက ပိတ်ဆို့ခံလိုက်ရသည်။ အခြားတစ်ဖက်တွင် ထိုက်ချူနယ်မြေမှ ကျင့်ကြံသူများ၏ နှလုံးသားတို့က ကြောက်မက်ဖွယ် တုန်ယင်သွားခဲ့ကြသည်။ သူတို့အားလုံးသည် အကန့်အသတ်မဲ့ ကြီးမားလာသည့် ထိုနတ်ဘုရားကြီးကို မြင်တွေ့ခဲ့ကြရသည်။
“ဒါက...”
ထိုက်ချူနယ်မြေမှ ကျင့်ကြံသူများသည် ယခင်က ထိုကဲ့သို့ ကြောက်မက်ဖွယ် ပုံရိပ်မျိုး မမြင်ဖူးခဲ့ကြသော်လည်း လူသားဘိုးလေးက ရပ်တန့်မည့် အရိပ်အယောင် မပြသခဲ့ပေ။ သူက ကောင်းကင်ရှိ ကပ်ဘေးနတ်ဝင်္ကပါသို့ ဦးတည်လိုက်သည်။
လူသားဘိုးဘေး၏ ဘေးမှ ကျင့်ကြံသူများက နေစရာမရှိတော့ပေ။ သူတို့က လူသားဘိုးဘေး၏ ခန္ဓာကိုယ်ဘေးတွင် ပုရွက်ဆိတ်များကဲ့သို့ ရပ်နေခဲ့သည်။ သူတို့က အလွန်ပင် သေးငယ်နေခဲ့သည်မှာ ပင်လယ်ထဲမှ ရေတစ်စက် သဲကန္တာရထဲမှ သဲတစ်ပွင့်ကဲ့သို့ပင် ဖြစ်သည်။
နောက်ဆုံးတွင် လူသားဘိုးဘေး၏ ခန္ဓာကိုယ်က ကြီးထွားမှုရပ်တန့်သွားခဲ့သည်။ ထိုက်ချူနယ်မြေမှ လူများက ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ကြသည်။ သူက လူသားတစ်ယောက် ဖြစ်နေပါသေးရဲ့လား။
လူသားဘိုးဘေးက သက်ပြင်းတစ်ချက်ချလိုက်ပြီး ၎င်းက တိမ်တိုက်တစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထိုက်ချူနယ်မြေတစ်ခွင်လုံးက သူ့ ခြေထောက်အောက် ရောက်နေခဲ့၏။
သူက ထိုက်ချူနယ်မြေမှ မရေတွက်နိုင်သော ကျင့်ကြံသူများအထက်၌ ရှိနေခဲ့သည်။ သူတို့အားလုံးက ကြောက်ရွံ့မှုကြောင့် တုန်ယင်နေခဲ့ကြ၏။
ထို့နောက် လူသားဘိုးဘေးက လက်တစ်ချောင်းကို မ,လိုက်သည်။ ထိုလက်ချောင်းက အဆုံးမဲ့ထက်ရှသည့် ဓားတစ်လက်ကဲ့သို့ အလွန်ကြောက်မက်ဖွယ် ထက်ရှသော အရှိန်အဝါတို့ ပါဝင်နေ၏။ ၎င်းက နတ်လူသား၏ ကြီးမားသော ဓားပင်ဖြစ်ပြီး သူက ၎င်းကို ကိုင်စွဲကာ ကောင်းကင်ရှိ ကပ်ဘေးနတ်ဝင်္ကပါထံ ထိုးစိုက်လိုက်သည်။
ဘုန်း....
ထိတ်လန့်ဖွယ် အသံတစ်ခု ပျံ့နှံ့လာသည်။ ကောင်းကင်က ပြင်းထန်စွာ တုန်ခါသွားပြီး ကြောက်လန့်စရာကောင်းလှသည့် အက်ကြောင်းကြီး ပေါ်ပေါက်လာသည်။ ထို့နောက် ကပ်ဘေးနတ်ဝင်္ကပါက အပေါက်ဖြစ်အောင် ထိုးဖောက်ခံလိုက်ရသည်။ လူသားဘိုးဘေး၏ လက်ချောင်းက ထိုးဖောက်သွားပြီး ကပ်ဘေးနတ်ဝင်္ကပါကို စုတ်ဖြဲလိုက်သည်။ ထိုအပေါက်ကြီးက ဆက်လက်၍ ကြီးမားလာနေသည်။
သူက မြေပြင်ပေါ်သို့ ခြေချလိုက်ပြီး ၎င်းသည် ထိုက်ချူနယ်မြေ၌ ငလျင်လှုပ်သလို ဖြစ်သွားစေခဲ့သည်။ ကုန်းမြေတစ်ခွင်လုံး၌ အက်ကြောင်းများ ပေါ်ပေါက်လာပြီး မရေတွက်နိုင်သည့် အဆောက်အဦးများ ပြိုကျလာခဲ့သည်။ ကျင့်ကြံသူများက မြေပြင်ပေါ်သို့ တိုက်ရိုက်လွင့်စင်သွားခဲ့ကြသည်။ ခြေတစ်လှမ်းနှင့် လူသားဘိုးဘေး၏ ခန္ဓာကိုယ်က ကောင်းကင်သို့ ထိုးတက်သွားခဲ့ပြီး အလွန်လျင်မြန်လှသော အရှိန်နှင့် ရှေ့ဆက်လာခဲ့သည်။ သူ၏ လမ်းကြောင်းအတွင်းရှိ ကပ်ဘေးနတ်ဝင်္ကပါက ခြေမွခံရကာ အက်ကွဲသွားခဲ့ပေသည်။
မျက်စိတစ်မှိတ်အတွင်းတွင် လူသားဘိုးဘေး၏ ကြီးမားသော ခန္ဓာကိုယ်က ထိုက်ချူနယ်မြေမှ ပျောက်ကွယ်သွားခဲ့သည်။ ကုန်းမြေတစ်ခုလုံးမှ ကျင့်ကြံသူများသည် အဝေးသို့ ထွက်ခွာ ပျောက်ကွယ်သွားသည့် ပုံရိပ်ကြီးကို ကြည့်ကာ တုန်လှုပ်နေခဲ့ကြသည်။ သူက ကြီးမားသောပုံရိပ်ကြီးအဖြစ် ပြောင်းလဲကာ ကောင်းကင်နှင့် ပခုံးချင်းယှဥ်ချင်နေသည်။ ၎င်းသည် သူက လက်ဆန့်ထုတ်ကာ ကောင်းကင်မှ နေမင်းနှင့်လမင်းကို ဖမ်းဆွဲနိုင်သကဲ့သို့ဖြစ်ပြီး ၎င်းသည် သူ၏ ကြောက်မက်ဖွယ် အရှိန်နှုန်းကို မည်သည့်သက်ရောက်မှုမှ မရှိခဲ့ပေ။
အဝေးရှိ ပုံရိပ်က ကုန်းမြေတစ်ခွင်လုံးကို အရူးအမူး တုန်ခါသွားစေခဲ့သည်။ ၎င်းက ကုန်းမြေကို နောက်တစ်ချက် တိုက်ခိုက်လိုက်လျှင် ချက်ချင်း ပြိုကျပျက်စီးသွားတော့မည် ဖြစ်သည်။ ကောင်းကင်ဒေသ၏ ကုန်းမြေများကို မဆိုထားနှင့် ကပ်ဘေးနတ်ဝင်္ကပါသည်ပင် ၎င်းကို ခံနိုင်ရည်မရှိခဲ့ပေ။
လူသားဘိုးဘေးက ရှေ့ဆက်ကာ အထက်သို့ တက်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်က မြို့တစ်မြို့ကဲ့သို့ပင် ဖြစ်၏။ သူခြေတစ်လှမ်းလှမ်းလိုက်သည့်အခါ မြို့တစ်မြို့အကွာအဝေး ရှိသည်။ သူ၏ အရှိန်က မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို ခန့်မှန်းမိနိုင်သည်။ သူက ကုန်းမြေတစ်ခုကို ခြေမွဖျက်ဆီးနိုင်ပြီး လက်တစ်ဖက်တည်းနှင့် ကြယ်တစ်လုံးကို ဖျက်ဆီးနိုင်ပေသည်။
ဒွန်ဟောင်အင်ပါယာနန်းတော်အတွင်း အရှင်ဒွန်ဟောင်က ပို၍ စိတ်လှုပ်ရှားပူပန်လာကာ ကု့ချင်းအား ဆက်လက်တီးခတ်နေသည်။ သူက ကပ်ဘေးနတ်ဝင်္ကပါ ပျက်စီးသွားသည့်အချိန်တိုင်း ပြင်ဆင်နေခဲ့သည်။ မရေတွက်နိုင်သည့် နတ်အလင်းတို့က ပြေးလွှားနေသည့် လူသားဘိုးဘေးကို အရူးအမူးလွှမ်းခြုံလာပြီး သူ့အရှိန်ကို အနည်းငယ် အနှောက်အယှက်ပေးလိုက်သည်။ သူက အနည်းငယ်နှေးကွေးသွားခဲ့၏။
မကြာခင်တွင် အလွန်ကြောက်မက်ဖွယ် ကပ်ဘေးမုန်တိုင်းတစ်ခုက လူသားဘိုးဘေး၏ ကြီးမားသော ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသော်လည်း လူသားဘိုးဘေးက မုန်တိုင်းကို ကြံ့ကြံ့ခံ၍ ရှေ့သို့ ဆက်လက်တိုးဝင်သွားသည်။ သူ၏ ခြေလှမ်းများက ရပ်တန့်သွားခြင်းမရှိပေ။
မရေတွက်နိုင်သော နတ်ဓားများက ကောင်းကင်ဒေသထက် မတူညီသောနေရာများတွင် ရုတ်တရုက် ပေါ်ပေါက်လာသည်။ နတ်ဓားတိုင်းက နတ်ဘုရားသတ်ဖြတ်ခြင်းဓားများကဲ့သို့ အဆုံးမဲ့ကြီးမားလှပေသည်။
အရှင်ဒွန်ဟောင်က တေးသွားကို တီးခတ်နေစဥ် ထိုနတ်ဘုရားသတ်ဖြတ်ခြင်းဓားများက တစ်နေရာသို့ ညွှန်ပြနေခဲ့သည်။
သူ့လက်ချောင်းများက ကြိုးများကို ပြင်းထန်စွာ တီးခတ်လိုက်သည်နှင့် မရေတွက်နိုင်သော အစွမ်းထက်နတ်ဓားများက တစ်နေရာသို့ တိုက်ခိုက်လိုက်သည်။ ၎င်းက အကွာအဝေးမရှိသကဲ့သို့ လူသားဘိုးဘေး၏ ကြီးမားသော ပုံရိပ်ကို ပိတ်ဆို့ထားသည်။
အရူးအမူးပြေးလွှားနေရင်း လူသားဘိုးဘေးသည် အဆုံးမဲ့နတ်ဓားများ သူ့ထံသို့ ကျဆင်းလာသည်ကို မြင်လိုက်ရသည်။ ၎င်းတို့က လေဟာနယ်ကို စုတ်ဖြဲကာ အလွန် ကြောက်မက်ဖွယ် ဓားအလင်းတန်းများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းတို့က ကောင်းကင်ကို ဖြတ်သန်းလာကာ သူ၏ ကြီးမားသော ခန္ဓာကိုယ်အား ထိုးစိုက်လိုက်သည်။
သူ့ခြေလှမ်းများက နှေးကျသွားခဲ့၏။ သူက လက်ကိုမြှောက်၍ ရှေ့သို့တွန်းလိုက်ပြီး ကြီးမားသည့် နတ်ဘုရားချိပ်စည်းအဖြစ် ပြောင်းလဲသွားကာ ကျရောက်လာသည့် သတ်ဖြတ်ခြင်းနတ်ဓားအလင်းတို့ကို ဆန့်ကျင်တိုက်ခိုက်လိုက်သည်။ အရာအားလုံးက ချက်ချင်း ကွဲကြေပျက်စီးသွားခဲ့သည်။
သို့သော် ကြောက်မက်ဖွယ်ကောင်းသည်မှာ နတ်ဓားများ၏ ကျဆင်းလာမှုကအဆုံးမရှိပုံရသည်။ လူသားဘိုးဘေး၏ နတ်ဘုရားချိပ်စည်းသည်လည်း မကုန်ခမ်းနိုင်သည့်ဟန်ရှိပေသည်။ လူသားဘိုးဘေး၏ ခန္ဓာကိုယ်အနီးရှိ ကုန်းမြေတစ်ခုရှိလျှင် ၎င်းက တိုက်ရိုက်ဖျက်ဆီးခံလိုက်ရပေလိမ့်မည်။ အရှင်ဒွန်ဟောင်က အရှင်ဒွန်ဟောင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် ယခုတစ်ကြိမ်၌ တိုက်ခိုက်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်ပုံရသည်။
အရှင်ဒွန်ဟောင်နှင့် လူသားဘိုးဘေးတို့က တိုက်ခိုက်နေသည့်အချိန်တွင် နတ်ဆိုးအင်ပါယာ၊ မိစ္ဆာအင်ပါယာနှင့် မှော်နက်အရှင်တို့သည်လည်း ထိုင်မနေခဲ့ပေ။ သူတို့သည် သူတို့၏ စစ်တပ်များကို ဒွန်ဟောင်အင်ပါယာနန်းတော်သို့ ဦးတည်ခေါ်ဆောင်သွားခဲ့သည်။ နယ်မြေဆယ့်ရှစ်ခုမှ အစွမ်းထက်ပုဂ္ဂိုလ်များ အားလုံးက ဒွန်ဟောင်အင်ပါယာနန်းတော်၌ စုဝေးနေလေရာ သူတို့က နောက်ဆုံးပန်းတိုင်အတွက် ထိုနေရာသို့ သွားရောက်ရမည်ဖြစ်သည်။
သူတို့သည် ဒွန်ဟောင်အင်ပါယာနန်းတော်သို့ အတူတကွ သွားရောက်ပြီး ထိုပြင်းထန်သည့်တိုက်ပွဲကို ဆင်နွှဲရပေလိမ့်မည်။
ခဏမျှတွေဝေသွားပြီးနောက် ရီဖူရှင်းသည်လည်း သူ၏ အစွမ်းထက်ကျင့်ကြံသူများနှင့်အတူ ရှေ့ဆက်ရန် ဆုံးဖြတ်ခဲ့သည်။ သူတို့က တိုက်ပွဲ၌ တစ်ဖက်တည်းဖြစ်သည်။ သူတို့ ဤခြေလှမ်းအား လှမ်းပြီးပြီဖြစ်ရာ ရှေ့သို့ ဆက်လျှောက်၍ ကောင်းကင်ဒေသကို တိုက်ခိုက်ရန်သာ တတ်နိုင်သည်။ သူက နောက်ပြန်ဆုတ်နိုင်မည် မဟုတ်ပေ။
အားလုံးသော အစွမ်းထက်ပုဂ္ဂိုလ်များက ဒွန်ဟောင်အင်ပါယာနန်းတော်၌ ရှိပေသည်။ သူတို့က ကု့ချင်းတီးခတ်နေသော အရှင်ဒွန်ဟောင်ကို ကြည့်လိုက်ကြပြီး လူသားဘိုးဘေးနှင့် အခြားလူများ ရောက်ရှိလာခြင်းကို ရပ်တန့်ရန် မဖြစ်နိုင်ကြောင်းသိရှိလိုက်သည်။ အဆုံးမှာတော့ တစ်ဖက်လူများက အထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်များဖြစ်သော မဟာအင်ပါယာခြောက်ယောက်အနက်မှ လေးယောက် ဖြစ်လေသည်။
ထို့အပြင် ရီဖူရှင်း ရှိနေသေးသည်။
…
နတ်ဘုရားပျက်သုဥ်းမြေ ရီအင်ပါယာနန်းတော်မှ အစွမ်းထက်ပုဂ္ဂိုလ်များက ကောင်းကင်ဒေသ၌ စစ်ပွဲဆင်နွှဲရန် တစ်ချိန်တည်းသွားရောက်ခဲ့သည်။
ရီအင်ပါယာနန်းတော်၏ အစွမ်းထက်ဆုံး အဓိကပုဂ္ဂိုလ်များက ရီဖူရှင်းနှင့်အတူ ထွက်ခွာသွားခဲ့ပေသည်။ မဟာအင်ပါယာသုံးယောက်က နန်းတော်ကို စောင့်ကြပ်ရန် ကျန်ရစ်နေခဲ့၏။ ရီအင်ပါယာနန်းတော်၌ ကျန်ရှိသည့်အခြားလူများမှာ အလွန်မြင့်မားသော ကျင့်ကြံဆင့်များမရှိကြပေ။
ထိုအချိန်တွင် ရီအင်ပါယာနန်းတော်အပြင်ဘက်မှ အစောင့်တစ်ယောက်က ခေါင်းမော့ကြည့်လိုက်သည်။ သူက ရုတ်တရက် အန္တရာယ်ကို ခံစားမိလိုက်ပြီး မမြင်ရသည့် စွမ်းအားတစ်ခု ကျဆင်းလာပေသည်။
နောက်တခဏတွင် သူတို့က ဖိနှိပ်မှုစွမ်းအားကို အမှန်တကယ် ခံစားလိုက်ကြရပေသည်။ မွန်းကြပ်ဖွယ်စွမ်းအားတို့က ရီအင်ပါယာနန်းတော်ကို လွှမ်းခြုံသွားသည်။ ကောင်းကင်တွင် လေဟာနယ်ဖြတ်လမ်းကြောင်းတစ်ခု ပွင့်ဟလာပြီး အစွမ်းထက်ကျင့်ကြံသူများစွာ လျှောက်ထွက်လာသည်။ ထိုလူစုတွင် ကြောက်မက်ဖွယ် အရှိန်အဝါတို့ကို ပိုင်ဆိုင်ထားပြီး ခေါင်းဆောင်ဖြစ်သူက ပိုမို ထိတ်လန့်ဖွယ်ကောင်းသည်။ သူ့ခန္ဓာကိုယ်မှ အင်ပါယာစွမ်းအားများ ဖြာထွက်နေသည်။
မဟာအင်ပါယာများက တိုက်ခိုက်နေခဲ့သည်။
“ဒွန်ဟောင်အင်ပါယာနန်းတော်က အစွမ်းထက်ပုဂ္ဂိုလ်တွေလား။” ရီအင်ပါယာနန်းတော်မှ လူများ၏ နှလုံးသားတို့က ပြင်းထန်စွာ ခုန်ပေါက်လာခဲ့သည်။ သူတို့က ဒွန်ဟောင်အင်ပါယာနန်းတော်မှ လူများဖြစ်လျှင် မည်သည့်အတွက်ကြောင့် ရီအင်ပါယာနန်းတော်ကို ရွေးချယ်ရသနည်း။
သူတို့က ဤမဟာမိတ်အင်အားစုများ၌ အားအနည်းဆုံးဖြစ်သောကြောင့် ဖြစ်ရပေမည်။