← Chapters

မဟာအင်ပါယာခြောက်ပါး၏ တိုက်ပွဲ 

Vol. 201 Ch. 2866

မဟာအင်ပါယာခြောက်ပါး၏ တိုက်ပွဲ 

Vol. 201 Ch. 2866

ဒွန်ဟောင်အင်ပါယာမြို့အတွင်း ဖိအားက တစ်မြို့လုံးကို လွှမ်းခြုံထားသည်။ လူတိုင်းက အသက်ရှုရန်ပင် မေ့လျော့ကာ ကောင်းကင်မှ ထိုလူများကို စိုက်ကြည့်နေခဲ့သည်။

ထိုအချိန်တွင် ဖိနှိပ်လွှမ်းမိုးနိုင်သော အရှိန်အဝါက အင်ပါယာမြို့ကို လွှမ်းခြုံထားသည်။ အင်ပါယာများ၏ အန္တိမတိုက်ပွဲက အချိန်မရွေး စတင်နိုင်ပုံရသည်။

သူတို့သည် အရှင်ဒွန်ဟောင်က ကု့ချင်းတီးခတ်နေသည်အား ရပ်တန့်လိုက်သည်ကို မြင်တွေ့လိုက်ကြသည်။ သူက လက်ကိုယမ်းလိုက်သည့်အခါ ကု့ချင်းက ပျောက်ကွယ်သွားခဲ့သည်။ သူက ထရပ်ကာ မဟာအင်ပါယာလေးယောက်ကို ကြည့်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်က နေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

လူသားဘိုးဘေးက တိကျသည့်နေရာတစ်ခုသို့ ကြည့်လိုက်ပြီး သူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည်လည်း နေရာမှ ပျောက်ကွယ်သွားခဲ့၏။ ထို့နောက် နတ်ဆိုးအင်ပါယာ၊ မိစ္ဆာအင်ပါယာနှင့် မှော်နက်အရှင်တို့ကလည်း အရှင်ဒွန်ဟောင်နောက်သို့ လိုက်သွားခဲ့ကြသည်။

သူတို့အားလုံးသည် ဤတိုက်ပွဲက အရှင်ဒွန်ဟောင်၏ သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်ကြောင်း သိရှိကြသည်။ အရှင်ဒွန်ဟောင် အသတ်ခံခဲ့ရလျှင် ဤတိုက်ပွဲက ပြီးဆုံးသွားလိမ့်မည်ဟု ဆိုလိုပေသည်။ အရှင်ဒွန်ဟောင်က ထွက်ပြေးသွားနိုင်လျှင် သူတို့က ကောင်းကင်ဒေသအား ဖျက်ဆီးပစ်လျှင်ပင် အဓိပ္ပါယ်ရှိလိမ့်မည် မဟုတ်ပေ။

“အောမီသောဖော။”

ဗုဒ္ဓ၏ ပုံရိပ်သည်လည်း ပျောက်ကွယ်သွားခဲ့၏။

အရှင်ဒွန်ဟောင်၏ ပုံရိပ်က အင်ပါယာနန်းတော် အဝေးမှ ဗလာလေဟာနယ်အတွင်း ပေါ်ပေါက်လာသည်။ သူက လူသားကျင့်ကြံသူများ၏ နေရာမှ အလွန်ဝေးသောနေရာသို့ သွားခဲ့သည်။ သူတို့၏ တိုက်ပွဲက မည်မျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်နည်း။ သူတို့က အင်ပါယာမြို့တော်၌ စတင်တိုက်ခိုက်ခဲ့လျှင် စွမ်းအားပေါက်ကွဲမှုတိုင်းက မြို့ကို ဖျက်ဆီးပစ်နိုင်ပေသည်။

ကျင့်ကြံသူများက သူတို့တိုက်ပွဲမှ စွမ်းအားတို့ကို ခံနိုင်ရည် ရှိလိမ့်မည်မဟုတ်ပေ။

လူသားဘိုးဘေးဘက်တို့ဘက်မှ အစွမ်းထက်ပုဂ္ဂိုလ်လေးယော​က်က အရှင်ဒွန်ဟောင်ကို ဝန်းရံထားလိုက်သည်။ သူတို့သည် အလွန်ကြောက်မက်ဖွယ်လျင်မြန်လှသော အရှိန်နှင့် သူ့နောက်သို့ လိုက်သွားခဲ့သည်။

ဘုန်း...

ကျယ်လောင်သော ပေါက်ကွဲသံနှင့် အရှင်ဒွန်ဟောင်က လေဟာနယ်ကို ထိုးဖောက်ကာ ပျောက်ကွယ်သွားသည်။

လူသားဘိုးဘေးက အေးစက်စွာ နှာမှုတ်လိုက်ပြီးနောက် မဟာအင်ပါယာလေးပါး၏ ပုံရိပ်များက တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားခဲ့သည်။ သူတို့နောက်မှ လိုက်လာသည့် ဗုဒ္ဓသည်လည်း ပျောက်ကွယ်သွားခဲ့သည်။ သူတို့သည် ယခင်က မည်သည့်အခါမှ ပေါ်ပေါက်လာခဲ့ဖူးခြင်းမရှိသလိုပင် ဖြစ်၏။

ဒွန်ဟောင်အင်ပါယာနန်းတော်အတွင်း ကောင်းကင်​ဒေသ၏ အစွမ်းထက်ပုဂ္ဂိုလ်များနှင့် ဗုဒ္ဓလောကမှ ကျင့်ကြံသူများက အင်ပါယာနန်းတော်အပြင်ဘက်တွင် ရပ်နေခဲ့ကြသည်။ ထိုစဥ်တွင် အင်ပါယာမြို့တော်ထဲ၌ အဓိက ဘုံလေးခုမှ ထိပ်သီးပုဂ္ဂိုလ်များလည်း ရှိနေခဲ့သည်။ သူတို့က မော့ကြည့်လိုက်ပြီး မဟာအင်ပါယာခြောက်ပါး နေရာမှ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။ ချက်ချင်းပင် အင်ပါယာအဆင့်အင်အားစုများမှ အစွမ်းထက်ပုဂ္ဂိုလ်တို့က ဒွန်ဟောင်အင်ပါယာနန်းတော်ကို ကြည့်လိုက်ကြသည်။

ယခုတိုက်ပွဲက သူတို့နှင့် သက်ဆိုင်သွားပြီဖြစ်သည်။

ကြောက်မက်ဖွယ် အရှိန်အဝါတို့က ပေါက်ကွဲထွက်လာသည်။ မဟာအင်ပါယာများက ရှေ့သို့ခြေလှမ်းလိုက်ပြီး ဒွန်ဟောင်အင်ပါယာနန်းတော်သို့ ဦးတည်လိုက်သည်။ သူတို့က ဒွန်ဟောင်အင်ပါယာနန်းတော်အား သိမ်းပိုက်ရန် ပြင်ဆင်နေသည်။ ထွက်ခွာသွားသည့် အင်ပါယာခြောက်ယောက်အတွက်မူ လေးယောက်နှစ်ယောက် တိုက်ပွဲဖြစ်လေရာ ကျိန်းသေအနိုင်ဖြစ်ရပေမည်။

…

အရှင်ဒွန်ဟောင် ပုံရိပ်က မူလဘုံ၏ အဆုံးမဲ့ လေဟာနယ်အတွင်း ပေါ်ပေါက်လာသည်။ အင်ပါယာလေးယောက်က သူ့နောက်မှ လိုက်လာနေဆဲဖြစ်သည်။ ဤနေရာက နတ်ဘုရားပျက်သုဥ်းမြေနှင့် ဝေးကွာနေခဲ့သည်။ ၎င်းက လူသူနည်းပါးသည့် အစစ်အမှန် လေဟာနယ်တစ်ခုဖြစ်သည်။ သူတို့က မည်သည့်ကျင့်ကြံသူကိုမှ မမြင်ရနိုင်ပေ။

အရှင်ဒွန်ဟောင်က တိုက်ပွဲမြေပြင်ကို ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူက မူလဘုံ၏ လေဟာနယ်ကို ရွေးချယ်ခဲ့သည်။ ဤနည်းလမ်းဖြင့် သူတို့က တိုက်ပွဲတွင် အစွမ်းကုန် တိုက်ခိုက်နိုင်မည်ဖြစ်သည်။

သို့သော် အဆုံးမဲ့လေဟာနယ်အတွင်း များပြားလှသော ကြယ်များနှင့် ကုန်းမြေများ ရှိနေဆဲ ဖြစ်သည်။ လူသားကျင့်ကြံသူများ၏ အရိပ်အယောင် မရှိရုံသာဖြစ်သည်။

“ဒွန်ဟောင် ဘယ်အချိန်ထိ ပြေးနေမှာလဲ။”

လူသားဘိုးဘေး၏ အသံက ထွက်ပေါ်လာပြီး လေဟာနယ်အတွင်း ပဲ့တင်ထပ်သွားသည်။ သူက လေဟာနယ်ကိုဖြတ်သန်း၍ အရူးအမူး ရှေ့ဆက်နေခဲ့သည်။ ခမ်းနားထည်ဝါ၍ ကြီးမားလှသော ခန္ဓာကိုယ်မျိုးနှင့် ခြေလှမ်းတိုင်းက ကြယ်တစ်ခုလုံးကို ဖြတ်သန်းသွားသကဲ့သို့ပင် ဖြစ်သည်။

သူ ခြေလှမ်းလိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်က ဂြိုဟ်ဟစ်ခုကို တိုက်မိသွားသည်။ ပေါက်ကွဲသံတစ်ခု ပေါ်ပေါက်လာကာ ထိုဂြိုဟ်က ချက်ချင်း ပြိုကွဲသွားခဲ့ပေသည်။

“ရပ်လိုက်တော့။”

သူ့အသံက တစ်ဖန် ထွက်ပေါ်လာသည်။ လူသားဘိုးဘေးပြောလိုက်ပြီး မကြာခင် နတ်စွမ်းအားတို့က အရူးအမူးပေါက်ကွဲထွက်လာခဲ့သည်။ သူ၏ ကြီးမားသော ခန္ဓာကိုယ်က ဆက်လက်ကြီးထွားလာပြီး အလွန် ကြောက်မက်ဖွယ်​ ကောင်းလာသည်။ နတ်လူသား၏ ကြီးမားသော ပုံရိပ်က အဆုံးမဲ့ကျယ်ပြောသော လေဟာနယ်တွင် ပေါ်ပေါက်လာသည်။

နတ်လူသား၏ ပုံရိပ်က ပြောင်းလဲသွားပြီး စကြဝဠာနှင့် တသားတည်းဖြစ်လာပုံရသည်။ သူ့လက်များက လေဟာနယ်ကို ဆုပ်ဆွဲလိုက်ကာ ထိတ်လန့်တုန်လှုပ်ဖွယ် ပေါက်ကွဲသံတို့က လောကကို တုန်ခါသွားစေသည်။ လက်ကို တားဆီးထားသည့် ဂြိုဟ်တစ်ခုက ချက်ချင်း ဖျက်ဆီးခံလိုက်ရသည်။ ထိုလက်ဝါးအောက်တွင် လူသားကျင့်ကြံသူများက အလွန်သေးငယ်သလို ထင်မှတ်ရပြီး အရှင်ဒွန်ဟောင်၏ ပုံရိပ်က ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင် ဖြစ်သည်။

ထိုလက်ဝါးရိပ်က အဆုံးမဲ့ ဆက်လက် ကြီးထွားနေသည်။ ထိုလက်ဝါးအောက်တွင် အရှင်ဒွန်ဟောင်က မည်မျှ ထွက်ပြေးပါစေ ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိသလို ထင်မှတ်ရသည်။ သူက ကျိန်းသေ ဖမ်းဆီးခံရပေလိမ့်မည်။

ဘုန်း... ဘုန်း... ဘုန်း...

လေဟာနယ်အတွင်းရှိ ကြယ်များစွာက အက်ကွဲပြိုကျပျက်စီးသွားခဲ့သည်။

ထိုအချိန်တွင် အရှင်ဒွန်ဟောင်က ပြန်လှည့်လိုက်သည်။ သူလှည့်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးက တောက်ပလာသည်။ အလင်းတို့က ကောင်းကင်၌ တောက်ပလာပြီး အဆုံးမဲ့ လေဟာနယ်ကို ထွန်းလင်းစေကာ လူသားဘိုးဘေး၏ ကြီးမားသော ခန္ဓာကိုယ်ပေါ် ကျရောက်သွားသည်။

ထိုအားကောင်းသည့် အလင်းက ကပ်ဘေးနတ်စွမ်းအား ဖြစ်လေသည်။ လူသားဘိုးဘေး၏ ခမ်းနားထည်ဝါသော ခန္ဓာကိုယ်က အဆုံးမဲ့ကြီးမားလျှင်ပင် သူက ကျယ်ပြောသောလောကကို ထွန်းလင်းစေသည့် နတ်အလင်းတို့နှင့် ဖုံးလွှမ်းခံလိုက်ရဆဲ ဖြစ်သည်။ လက်ကို ဆန့်ထုတ်လိုက်သည့် အရှိန်က နှေးကျသွားခဲ့ပြီး တဖြေးဖြေး ပိုမိုနှေးကွေးလာပုံရသည်။

ယခင်က အရှင်ဒွန်ဟောင်သည် နတ်စွမ်းအားကို ထုတ်လွှတ်ရန် ကပ်ဘေးနတ်ဝင်္ကပါကို အသုံးပြုခဲ့ပြီး ကောင်းကင်ဒေသတစ်ခုလုံးကို ဖုံးလွှမ်းခဲ့သည်။ သို့သော် ယခုတွင် သူက လူသားဘိုးဘေးကိုသာလျှင် ပစ်မှတ်ထားခြင်း ဖြစ်သည်။

ကပ်ဘေးနတ်အလင်းတို့အလယ်တွင် သန်းချီသည့် နတ်ဓားများ ပေါ်ပေါက်လာကာ ကျယ်ပြောသည့်လေဟာနယ်အတွင်း ကျဆင်းလာ၏။ နတ်ဓားတိုင်းက မဖြစ်နိုင်လောက်အောင် ကြီးမားပေသည်။ ၎င်းတို့က လူသားဘိုးဘေးကို တစ်ချိန်တည်း တိုက်ခိုက်ခဲ့ပြီး တောက်ပသည့် ကပ်ဘေးနတ်အလင်းတို့က ကောင်းကင်တစ်ခွင်ကို ထွန်းလင်းနေစေသည်။

နတ်ဓားတိုင်း၏ မျက်နှာပြင်ထက်၌ အလွန် ကြောက်မက်ဖွယ် ကောင်းသည့် ရွှေရောင်သင်္ကေတအက္ခရာတို့ ရှိနေခဲ့ပြီး ၎င်းတို့က လေဟာနယ်ကို ထိုးဖောက်စုတ်ဖြဲပစ်နိုင်ပေသည်။

လူသားဘိုးဘေးက အင်အားအပြည်နှင့် ခြေတစ်လှမ်း လှမ်းလိုက်ကာ လေဟာနယ်ကို အက်ကွဲသွားစေသည်။ မရေတွက်နိုင်သည့် နတ်စွမ်းအား အလင်းတန်းတို့က လေဟာနယ်ကို ထိုးဖောက်သွားပြီး အနန္တနတ်ဓားတို့နှင့် ရိုက်ခတ်သွားသည်။ ချက်ချင်းပင် အလွန် ထက်ရှသည့် နတ်ဓားတို့က အစွမ်းထက် နတ်စွမ်းအားတို့၏ တိုက်ခိုက်မှုကို ခံလိုက်ရပေသည်။ မသဲကွဲသည့် အသံတစ်ခု ထွက်ပေါ်လာပြီးနောက် နတ်ဓားများက ပေါက်ကွဲပျက်စီးသွားခဲ့သည်။

တစ်ချိန်တည်းတွင် ပုံရိပ်တစ်ခုက အခြားတစ်ဖက်မှ တိုးဝင်လာသည်။ သူသည် အလွန် လျင်မြန်လှစွာဖြင့် အရှင်ဒွန်ဟောင်ထံ တိုးဝင်သွားခဲ့သည်။

ထိုပုံရိပ်က မှင်ကဲ့သို့ မည်းနက်နေပြီး သူ့တစ်ကိုယ်လုံးကို ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအားတို့ဖြင့် ရစ်ပတ်လွှမ်းခြုံထားသည်။ သူ့လမ်းကြောင်းအတွင်းမှ အရာအားလုံးက ဖျက်ဆီးခံလိုက်ရပေသည်။ သတ်ဖြတ်ရန် သူ့ထံသို့ ကျဆင်းလာသည့် နတ်ဓားများကလည်း ကွဲကြေပျက်စီးသွားခဲ့သည်။ ၎င်းတို့က သူ့ကို မရပ်တန့်နိုင်ခဲ့ပေ။

အရှင်ဒွန်ဟောင်က နတ်ဆိုးအင်ပါယာကို ကြည့်လိုက်သည်။ သူသည် နတ်ဆိုးအင်ပါယာအနီးမှ အဆုံးမဲ့ ဖျက်ဆီးခြင်းစွမ်းအားများကို မြင်တွေ့ခဲ့သည်။

သို့သော် အံ့အားသင့်ဖွယ်ကောင်းစွာပင် အရှင်ဒွန်ဟောင်က ရှောင်တိမ်းခြင်းမရှိခဲ့ပေ။ သူက ကပ်ဘေးနတ်စွမ်းအားကို အဆုံးစွန်ထိ လှုံ့ဆော်ခဲ့သည်။ တစ်ချိန်တည်းတွင် နတ်ဆိုးအင်ပါယာ သူ့ထံရောက်လာသည်ကို မြင်သည့်အခါ သူက လက်ဝါးအား ဆန့်ထုတ်၍ လေဟာနယ်ကို ဖြတ်သန်းကာ နတ်ဆိုးအင်ပါယာထံ တိုက်ရိုက် တိုက်ခိုက်လိုက်သည်။

နတ်ဆိုးအင်ပါယာ၏ လက်ဝါးကလည်း ကြီးမားလာသည်။ မဟာအင်ပါယာနှစ်ယောက်က အနီးကပ်တိုက်ပွဲကို စတင်လိုက်ပြီး သူတို့၏ လက်ဝါးများက ထိပ်တိုက်တွေ့ဆုံသွားသည်။

ချက်ချင်းပင် အနီးဝန်းကျင်က ပြိုကျလာကာ အရူးအမူး ပျက်စီးကုန်ပြီး ကြမ်းကြုတ်သည့် စွမ်းအင်လှိုင်းများက လေဟာနယ်ကို ဖြတ်သန်းစီးဆင်းလာသည်။ ပိုမိုကြောက်မက်ဖွယ် ကောင်းသည်မှာ ထိုကြမ်းကြုတ်သည့် စွမ်းအင်စီးကြောင်းများကို ဖြတ်၍ ချောက်ချားဖွယ် ဖျက်ဆီးခြင်းအလင်းတန်းတစ်ခု စီးဆင်းလာခြင်း ဖြစ်ပေသည်။ လေဟာနယ်က ပေါက်ကွဲထွက်သွားသည်။ အရှင်ဒွန်ဟောင်၏ ရုပ်ခန္ဓာက အလွန်ပြင်းထန်သည့် ဖျက်ဆီးခြင်း နတ်စွမ်းအားတို့နှင့် တိုက်ခိုက်ခံလိုက်ရပြီး သူ့ခန္ဓာကိုယ်က ပေါက်ကွဲကာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲလုနီးပါး ဖြစ်သွားပုံရလေသည်။

သို့သော် တစ်ချိန်တည်းတွင် နတ်ဆိုးအင်ပါယာ၏ ဖျက်ဆီး၍မရနိုင်သော အဆင့်မြင့်နတ်ဆိုးသဏ္ဌာန်က အလွန်ပြင်းထန်လှသော တိုက်ခိုက်မှုကို ခံလိုက်ရသည်။ အရှင်ဒွန်ဟောင်၏ လက်ဝါးက နတ်ဆိုးအင်ပါယာကို သူ့စိတ်ဝိညာဥ် ပျက်စီးသွားရတော့မလို ခံစားမိစေသည်။ သူက သူ၏ စိတ်ဝိညာဥ်ကို မရေတွက်နိုင်သော အပိုင်းအစများအဖြစ် ဖျက်ဆီးပစ်ချင်နေသည့် အံ့အားသင့်ဖွယ် လေပွေတစ်ခုကို မြင်လိုက်ရသည်။

ဘန်း...

​ကျယ်လောင်သော အသံနှင့်အတူ အနီးဝန်းကျင်လေဟာနယ်က အရူးအမူး ပြိုကျပျက်စီးလာခဲ့သည်။ နှစ်ယောက်လုံးက ပြန်ဆုတ်ခွာလိုက်ရသည်။ ဖျက်ဆီးခြင်းနတ်အလင်းတို့က နတ်ဆိုးအင်ပါယာ၏ မှင်ကဲ့သို့ နက်မှောင်သည့် မျက်လုံးများထဲမှ ထိုးထွက်လာပြီး အဝေးရှိ အရှင်ဒွန်ဟောင်ကို စိုက်ကြည့်နေခဲ့သည်။ သူသည် ယခင်က ဂျူနီယာတစ်ယော​က်သာ ဖြစ်ခဲ့သော်လည်း နှစ်ပေါင်းငါးရာကြာပြီးနောက် အရှင်ဒွန်ဟောင်က သူ့ကဲ့သို့ အစွမ်းထက်လာသည်မှာ ထင်မှတ်မထားစရာပင် ဖြစ်သည်။

All Chapters