← Chapters

အထွတ်အထိပ်တိုက်ပွဲ 

Vol. 201 Ch. 2867

အထွတ်အထိပ်တိုက်ပွဲ 

Vol. 201 Ch. 2867

နတ်ဆိုးအင်ပါယာက အရှင်ဒွန်ဟောင်ကို စိုက်ကြည့်နေခဲ့သည်။ သူ့အမူအရာက ပို၍ပင် လေးနက်လာခဲ့၏။ သူ့ပုံရိပ်က ပြိုင်ဘက်ကင်းမိစ္ဆာနတ်ဘုရားတစ်ပါး ဖြစ်လာသည့်တိုင်အောင် ကြီးထွားလာခဲ့သည်။

အလွန် အားကောင်းသည့် ဖျက်ဆီးခြင်းမုန်တိုင်းက ကျယ်ပြောလှသော လေဟာနယ်ကို လွှမ်းခြုံလာသည်။ နတ်ဆိုးဆန်သည့် အသံတစ်ခုက လေထဲတွင် ပဲ့တင်ထပ်လာ၏။ ကောင်းကင်ထက်တွင် သန်းချီသည့် နတ်ဆိုးများ ပေါ်ပေါက်လာသည်။ ၎င်းတို့က သိန်းသန်းချီသည့် မိစ္ဆာနတ်ဘုရားများဖြစ်ပြီး ကောင်းကင်ထက်၌ မားမားမတ်မတ် ရပ်နေခဲ့ကြသည်။ သူတို့က နတ်ဆိုးအင်ပါယာ၏ အးဆင့်ခေါ်မှုကို တုန့်ပြန်ခဲ့ကြပြီး သူ့ပုံရိပ်နှင့် တသားတည်းပေါင်းစပ်လာသည်။

ထိုအခိုက်အတန့်တွင် လေဟာနယ်က ကြောက်မက်ဖွယ် နတ်ဆိုးအသံတို့နှင့် ပြည့်နှက်လာသည်။ ၎င်းသည် လူအများကို စိတ်ပိုင်းဆိုင်ရာ ပျက်စီးမှုဖြစ်ပေါ်စေနိုင်သည်။

“အောမီသောဖော။”

အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ဗုဒ္ဓအလင်းရောင်က ကျယ်ပြောသော လေဟာနယ်ကို လွှမ်းခြုံသွားသည်။ သန်းချီသော နတ်ဆိုးများ၏ နယ်မြေအတွင်း နတ်ဆိုးအင်ပါယာနှင့် ဆန့်ကျင်ဘက်တွင် ဗုဒ္ဓပုံရိပ်တစ်ခု ပေါ်ပေါက်လာ၏။ သူ့ခန္ဓာကိုယ်က ကျန်းတစ်သောင်းမျှရှည်လျားသည့် ရွှေရောင်ခန္ဓာကိုယ်တစ်ခု ဖြစ်သည်။ သူ့ပုံရိပ်ပေါ်မှ ဗုဒ္ဓအလင်းတို့က ထိုနယ်မြေတစ်ခွင်ကို ဖြတ်သန်းတောက်ပလာပြီး ကျယ်ပြောသည့်လေဟာနယ်ကို လွှမ်းခြုံသွားသည်။

နတ်ဆိုးစွမ်းအားနှင့် ဗုဒ္ဓအလင်းတို့က အချင်းချင်း ဆန့်ကျင်တိုက်ခိုက်သွားခဲ့သည်။ ထိုမြင်ကွင်းက ထိတ်လန့်အံ့သြဖွယ်ပင် ဖြစ်သည်။

ယင်းသည် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်နှစ်ယောက်ကြားမှ တိုက်ပွဲတစ်ခု ဖြစ်သည်။ ထိုသည်မှာ ဗုဒ္ဓနှင့် နတ်ဆိုးကြားမှ တိုက်ပွဲဖြစ်သည်။

ဒုန်း...

ကျယ်လောင်သည့် အသံနှင့်အတူ ဗုဒ္ဓက လက်ဝါးများကို အုပ်ချီလိုက်သည်။ ချက်ချင်းပင် ကောင်းကင်ထက်၌ ဗုဒ္ဓများစွာ ထွက်ပေါ်လာ၏။ ထိုဗုဒ္ဓများက မျက်စိကျိန်းဖွယ် ဗုဒ္ဓအလင်းတို့ တောက်ပနေပြီး ဘုရားစာများကို ရွတ်ဆိုနေသည်။ ​ဗုဒ္ဓအသံက လေဟာနယ်အတွင်း ပျံ့နှံ့လာသည်။ မရေတွက်နိုင်သော ဗုဒ္ဓအက္ခရာများက သူတို့၏ ပုံရိပ်များမှ အလင်းရောင်များဖြာထွက်လာပြီး ကောင်းကင်သို့ ဖုံးလွှမ်းသွားသည့်တိုင် ဆက်လက်ကျယ်ပြန့်လာခဲ့သည်။ ၎င်းတို့က သန်းချီသည့်နတ်ဆိုးများ၏ နယ်မြေသို့ တည့်မတ်စွာ ဦးတည်လာပြီး သူတို့ကို လွှမ်းခြုံသွားသည်။

နတ်ဆိုးအင်ပါယာက လေထဲသို့ ခြေလှမ်းလိုက်သည်။ သူ၏ မျက်ခုံးနှစ်ခုအလယ်မှ ကြောက်မက်ဖွယ် နတ်ဆိုးအလင်းတို့ တောက်ပလာသည်။ ကောင်းကင်၌ နတ်ဆိုးသင်္ကေတအက္ခရာများ ပေါ်ပေါက်လာသည်။

တစ်ချိန်တည်းတွင် နတ်ဆိုးသင်္ကေတအက္ခရာများက သန်းချီသည့် နတ်ဆိုးများပေါ်တွင် ပေါ်ပေါက်လာ၏။ အက္ခရာသင်္ကေတများက မိုးရွာကျသလို ဆင်းသက်လာသည်။ နတ်ဆိုးအက္ခရာတစ်ခုချင်းစီတိုင်းတွင် အလွန် ပြင်းထန်သည့် ဖျက်ဆီးခြင်းစွမ်းအားတို့ ပါဝင်နေသည်။ ၎င်းတို့က ဗုဒ္ဓသင်္ကေတအက္ခရာများနှင့် ထိပ်တိုက်တွေ့ဆုံကာ သူတို့ထံ တိုးဝင်လာသည်။

ကောင်းကင်နှင့်မြေကြီးက တုန်ခါသွားသည်။ လေဟာနယ်က အရူးအမူးပြိုကျပျက်စီးတော့မလို ထင်မှတ်ရကာ ကြောက်မက်ဖွယ် အက်ကြောင်းများ ပေါ်ပေါက်လာသည်။

နတ်ဆိုးအင်ပါယာနှင့် ဗုဒ္ဓတို့က အက်ကြောင်းများကြားတွင် တိုက်ခိုက်နေခဲ့သည်။ သူတို့က တစ်ယောက်နှင့် တစ်ယောက် အတော်အတန် ကွာဝေးသည့် နေရာတွင် ရပ်နေခဲ့ကြသည်။ သူတို့က အလွန် တည်ငြိမ်ပုံရသည်။ နတ်ဆိုးအင်ပါယာက လွှမ်းမိုးနိုင်ဟန်ရှိသည့်အချိန်တွင် ဗုဒ္ဓက တောင်တစ်လုံးကဲ့သို့ မားမားမတ်မတ် ရပ်နေခဲ့သည်။ နှစ်ဖက်လုံးက မယိမ်းမယိုင် ရှိနေခဲ့ပေသည်။

ဗုဒ္ဓစွမ်းအားနှင့် နတ်ဆိုးစွမ်းအားတို့က အချင်းချင်း လုံးဝ ဆန့်ကျင်နေသည့် စွမ်းအားများ ဖြစ်သည်။ စွမ်းအားနှစ်ခုလုံးက အစွမ်းထက်ကာ လွှမ်းမိုးနိုင်စွမ်းရှိလှသည်။ ယခု သူတို့က အချင်းချင်း ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နေကြပြီ ဖြစ်သည်။ ၎င်းက မည်မျှကြောက်မက်ဖွယ် ကောင်းကြောင်း ခန့်မှန်းမိနိုင်ပေသည်။

…

တစ်ချိန်တည်းတွင် တိုက်ပွဲမြေပြင်၏ အခြားတစ်နေရာတွင်လည်း မိစ္ဆာအင်ပါယာက ကောင်းကင်အမြင့်တွင် ပေါ်ပေါက်လာသည်။ ပြိုင်ဘက်ကင်း လေဟာနယ်နတ်အလင်းတို့က ကျယ်ပြောသည့် ပျက်သုဥ်းမြေကို လွှမ်းခြုံသွားသည်။ ချက်ချင်းပင် လေဟာနယ်နတ်အလင်းတို့ ကျဆင်းလာကာ လေဟာနယ်ကိုချိပ်ပိတ်လိုက်၏။ သူသည် အရှင်ဒွန်ဟောင် ဆက်လက်ပြေးလွှားနေခြင်းမှ တားဆီးချင်နေသည်။

“မိစ္ဆာအင်ပါယာ မင်း သူ့ကို ချိပ်ပိတ်တားဆီးဖို့ လုပ်လိုက်။ မှော်နက်အရှင် မင်းက ကျုပ်နဲ့အတူ သူ့ကို သတ်ဖို့ ပူးပေါင်း။”

လူသားဘိုးဘေးက မိစ္ဆာအင်ပါယာနှင့် မှော်နက်အရှင်ကို ညွှန်ကြားလိုက်ပြီး သူ့အသံက လေဟာနယ်အတွင်း ပျံ့လွင့်လာသည်။ နတ်ဆိုးအင်ပါယာက ဗုဒ္ဓနှင့် တိုက်ခိုက်နေခဲ့သည်။

ထို့ကြောင့် သူတို့သုံးယောက်က အရှင်ဒွန်ဟောင်ကို တိုက်ခိုက်ရန် လုပ်ဆောင်ရပေလိမ့်မည်။ ဤတစ်ကြိမ်၌ သူတို့က အရေအတွက်အရ အလေးသာမှုရှိသည်။

ထိုသည်က လေးယောက် နှစ်ယောက် တိုက်ပွဲ ဖြစ်သည်။ ယခုက မျှတနေရမည့် အချိန်မဟုတ်ပေ။ သူတို့အားလုံးက တစ်ချိန်တည်းတွင် တိုက်ခိုက်ရန် တွေဝေနေလိမ့်မည် မဟုတ်ချေ။

မိစ္ဆာအင်ပါယာက အရှင်ဒွန်ဟောင် ထွက်ပြေးခြင်းမှ တားဆီးပြီး ဤနေရာ၌ ပိတ်ထားရန် လေဟာနယ်နတ်နယ်မြေကို ထိန်းချုပ်လိုက်သည်။ နတ်ဆိုးအင်ပါယာနှင့် ဗုဒ္ဓတို့က တစ်နေရာတွင် တိုက်ခိုက်နေခဲ့သည်။ လူသားဘိုးဘေးနှင့် မှော်နက်အရှင်တို့က အရှင်ဒွန်ဟောက်အား သတ်ဖြတ်ရန် ပူးပေါင်းလိုက်သည်။ ထိုကဲ့သို့သော အစီအစဥ်က လုံလောက်သင့်ပေသည်။

မိစ္ဆာအင်ပါယာနှင့် မှော်နက်အရှင်တို့က လူသားဘိုးဘေး၏ အမိန့်ပေးမှုကို ကန့်ကွက်ချက်မရှိ လက်ခံလိုက်သည်။ ယနေ့ သူတို့၏ အဓိကရည်မှန်းချက်က ဒွန်ဟောင်ကို သတ်ဖြတ်ရန် ဖြစ်သည်။ ထိုကိစ္စက ထပ်မံနှောင့်နှေးနေ၍ မဖြစ်နိုင်ပေ။ သည့်မတိုင်ခင်က ရီအင်ပါယာနန်းတော် တိုက်ခိုက်ခံခဲ့ရသည်။ ၎င်းသည် အရှင်ဒွန်ဟောင်၏ နောက်ကွယ်၌ အလုပ်လုပ်ပေးနေသည့် ဖုံးကွယ်ထားသော တပ်သားများရှိနေသေးသည်ဟူသည့် လက္ခဏာဖြစ်သည်။ ၎င်းက သူတို့ကို ခြိမ်းခြောက်နေခဲ့၏။

သူတို့က ဒွန်ဟောင်ကို သတ်နိုင်သရွေ့ အရာအားလုံးက အဆုံးသတ်သွားလိမ့်မည် ဖြစ်သည်။

ဘုန်း...

ထိတ်လန့်ချောက်ချားဖွယ် အသံတစ်ခုက ကောင်းကင်တွင် ပဲ့တင်ထပ်လာသည်။ လူသားဘိုးဘေး၏ ကြီးမားသော ခန္ဓာကိုယ်က အထက်တွင် ရပ်နေခဲ့ပြီး အရှင်ဒွန်ဟောင်ကို ငုံ့ကြည့်နေခဲ့သည်။ သူ့အထက်တွင် မိုးကြိုးနယ်မြေတစ်ခု ပေါ်ပေါက်လာခဲ့၏။

အရှင်ဒွန်ဟောင်က ခေါင်းကို မော့၍ ကောင်းကင်ကို ကြည့်လိုက်သည်။ မိုးကြိုးနယ်မြေအတွင်းမှ ကြောက်မက်ဖွယ် စွမ်းအားစီးဆင်းမှုကို ခံစားမိသည့်အခါ သူ့အမူအရာက လေးနက်သွားသည်။

ထိုအထဲမှ နတ်စွမ်းအားက သာမန်မဟာလမ်းစဥ်မိုးကြိုးစွမ်းအား မဟုတ်ပေ။ ထို့အစား လူသားဘိုးဘေး ဖန်တီးထားသည့် ကောင်းကင်လမ်းစဥ် နတ်မိုးကြိုး ဖြစ်သည်။ ၎င်းသည် ပရမ်းပတာအချိန်အခါ၌ လေဟာနယ်ကို အပိုင်းပိုင်းစုတ်ဖြဲပစ်နိုင်သည့် မိုးကြိုးမျိုးဖြစ်ပြီး လွှမ်းမိုးနိုင်သော ဖျက်ဆီးခြင်းစွမ်းအားတို့ကို ပိုင်ဆိုင်ထားသည်။

ဘုန်း...

ကြောက်မက်ဖွယ် လျှပ်စီးတို့က ပရမ်းပတာမိုးကြိုးနယ်မြေအတွင်း၌ လင်းလက်နေသည်။ လျှပ်စီးတစ်ခုချင်းစီတိုင်းက ဓားတစ်လက်ကဲ့သို့ ထက်ရှနေပြီး ပြိုင်ဘက်ကင်းစွမ်းအားတို့ ပါဝင်နေသည်။

လူသားဘိုးဘေးက အချိန်ကာလကြာမြင့်စွာ ကျင့်ကြံခဲ့သည်။ သူ့စွမ်းရည်က အလွန် နက်နဲလှသည်။ သူသည် လက်ဝါးတစ်ချက်တည်းနှင့်ပင် ကြယ်တစ်ခုကို ချေမွဖျက်ဆီးပစ်နိုင်သည်။ သူက အဆုံးမဲ့လေဟာနယ်ကို ဖြတ်သန်းသွားစဥ် သူ့လှုပ်ရှားမှုမှ တုန်ခါလှိုင်းများကြောင့် ကြယ်များက ချက်ချင်း ပြိုကွဲပျက်စီးသွားခဲ့သည်။ သူ တိုက်ခိုက်လိုက်လျှင် ကုန်းမြေပေါင်းများစွာက လက်သီးတစ်ချက်တည်းနှင့် ဖျက်ဆီးခံလိုက်ရသည်။ သူက ကမ္ဘာအသေးလေးတစ်ခုကိုပင် ဖျက်ဆီးပစ်နိုင်ပေသည်။

ယခင်က လူသားဘိုးဘေး၏ စွမ်းရည်အစစ်အမှန်ကို မည်သူမှ ကြုံတွေ့ဖူးခဲ့ခြင်း မရှိပေ။ အရှင်ဒွန်ဟောင်က ​ယခု ထိုသို့ကြုံတွေ့ရန် အခွင့်အရေးရခဲ့ပြီ ဖြစ်သည်။

လူသားဘိုးဘေး၏ အကြည့်တို့က အောက်ဘက်လေဟာနယ်ကို ထိုးဖောက်သွားသည်။ သူ၏ အတွေးတစ်ချက်နှင့် ချက်ချင်းပင် ပရမ်းပတာမိုးကြိုးနယ်မြေမှ မရေတွက်နိုင်သော အလင်းတန်းတို့ ထိုးဆင်းလာပေသည်။ ထိုအလင်းတန်းများမှာ သူ ဖန်တီးထားသည့် စစ်မှန်သော ပရမ်းပတာမိုးကြိုးဓားများ ဖြစ်သည်။ ဓားတစ်ချောင်းချင်းစီက ကုန်းမြေတစ်ခုကို ဖြတ်သန်းထိုးဖောက်ကာ အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။ ယခု စစ်မှန်သော ပရမ်းပတာမိုးကြိုးဓား ကိုးထောင့်ကိုးရာက ရှေ့ဆင့်နောက်ဆင့် ကျဆင်းလာသည်။ ကိုးထောင့်ကိုးရာဟူသည်မှာ နံပါတ်အားဖြင့် ပြီးပြည့်စုံပြီး ဓားများတွင် အားကောင်းသည့် ဖျက်ဆီးခြင်းစွမ်းအားတို့ ပါဝင်နေသည်။

တစ်ဖက်တွင် မှော်နက်အရှင်က စတင်တိုက်ခိုက်ခြင်း မရှိသေးပေ။ လူသားဘိုးဘေးက ထိုတိုက်ခိုက်မှုကို ထုတ်လွှတ်လာသည်အား မြင်သည့်အခါ သူ၏ နှလုံးသားက ပြင်းထန်စွာ တုန်ယင်လာသည်ကို ခံစားမိလိုက်သည်။ သူက ပို၍ သတိထားလာခဲ့သည်။ လူသားဘိုးဘေးက မည်မျှ အစွမ်းထက်ကြောင်း မသေချာပေ။ သို့သော် လူသားဘိုးဘေးထံမှ တိုက်ခိုက်မှုတစ်ခုတည်းနှင့် လူအုပ်ကြီးကို ကြောက်ရွံ့သွားစေရန် လုံလောက်ပေသည်။ ကိုးထောင့်ကိုးရာသော စစ်မှန်သည့် ပရမ်းပတာမိုးကြိုးဓားများက တစ်ချိန်တည်း ထိုးဆင်းလာသည့်အခါ ၎င်းတို့က ကြယ်အစုအဝေးတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်ပေသည်။ သို့သော် ထိုဓားအားလုံးက အရှင်ဒွန်ဟောင်တစ်ယောက်တည်းကိုသာ ပစ်မှတ်ထားခဲ့သည်။ ဖျက်ဆီးခြင်းစွမ်းအားက မည်မျှ ထိတ်လန့်ချောက်ချားဖွယ် ကောင်းကြောင်း ခန့်မှန်းနိုင်ပေသည်။

စစ်မှန်သော ပရမ်းပတာမိုးကြိုးဓား ကျယ်ပြောသည့် ​အကွာအဝေးကို ဖြတ်ကျော်လာပြီး အချိန်ခဏ​လေးအတွင်းမှာပင် အရှင်ဒွန်ဟောင်အနီးသို့ ရောက်ရှိလာသည်။ သို့သော် ၎င်းတို့က သူ့အနီးသို့ရောက်လာသည့်အခါ နှေးကွေးသွားခဲ့သည်။

ကပ်ဘေးနတ်စွမ်းအား၏ ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းက အရှင်ဒွန်ဟောင်၏ ခန္ဓာကိုယ်အနီး ဖြစ်ပေါ်လာသည်ကို မြင်နိုင်ပေသည်။ ကပ်ဘေးနတ်စွမ်းအားက သူ့ကို ဗဟိုပြုကာ အပြင်ဘက်သို့ ဖြန့်ကျက်လာသည်။ ထိုနယ်မြေအတွင်းတွင် လမ်းစဥ်နှင့် ဥပဒေသတို့ မတည်ရှိတော့ဘဲ နတ်စွမ်းအား အားလုံးကို တားမြစ်ခဲ့သည်။ ထို့ကြောင့် နယ်မြေအတွင်း ဝင်ရောက်လာသည့် စစ်မှန်သည့် ပရမ်းပတာမိုးကြိုးဓားများက ဖျက်ဆီးခံလိုက်ရလုဆဲဆဲ ဖြစ်သွားခဲ့သ​ည်။ ၎င်းတို့၏ အရှိန်ကလည်း နှေးကွေးသွားပေသည်။

လူသားဘိုးဘေးက တိုက်ပွဲမြေပြင်သို့ တစ်ချက်ကြည့်လိုက်သည်။ ဖျက်ဆီးခြင်းနတ်စွမ်းအားတို့ကို ထုတ်လွှတ်နေသော စစ်မှန်သည့် ပရမ်းပတာမိုးကြိုးဓားများက ကပ်ဘေးမုန်တိုင်းကို ထိုးဖောက်ကာ အရှင်ဒွန်ဟောင်ထံ ဆက်လက်တိုးဝင်သွားနေသည်။ ကပ်ဘေးနတ်နယ်မြေအတွင်းမှ ပြင်းထန်သော စွမ်းအားတို့ ပေါက်ကွဲထွက်လာသည်။

မရေတွက်နိုင်သော နတ်ဓားများက အရှင်ဒွန်ဟောင်၏ ခန္ဓာကိုယ်အနီးတွင် ဖြစ်ပေါ်လာသည်။ ၎င်းတို့က ကပ်ဘေးနတ်စွမ်းအားတို့နှင့် ပြည့်နှက်နေပြီး ကပ်ဘေးနတ်ဓားများအဖြစ် ပြောင်းလဲသွား၏။

“သွား။”

အရှင်ဒွန်ဟောင်က ကောင်းကင်သို့ ကြည့်ကာ အမိန့်ပေးလိုက်သည်။ ကပ်ဘေးနတ်ဓားများက လေဟာနယ်ကို ဖြတ်သန်းထိုးဖောက်ကာ ရောက်ရှိလာနေသည့် စစ်မှန်သည့် ပရမ်းပတာမိုးကြိုးဓားတို့နှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။ ကပ်ဘေးနတ်ဓားတို့က လမ်းစဥ်အားလုံးကို ပျက်စီးစေနိုင်သည့် စွမ်းရည် ရှိသည်။ ထို့အပြင် ၎င်းစွမ်းအားက ကပ်ဘေးနတ်နယ်မြေအတွင်း၌ ပို၍ များပြားပေသည်။ ထို့ကြောင့် ၎င်းတို့က စစ်မှန်သည့် ပရမ်းပတာမိုးကြိုးဓားတို့အား ခုတ်ပိုင်း၍ ဖုန်မှုန့်များအဖြစ် ပြောင်းလဲပစ်လိုက်သည်။

ကိုးထောင့်ကိုးရာသော စစ်မှန်သည့် ပရမ်းပတာမိုးကြိုးဓားတို့က ချက်ချင်း ဖျက်ဆီးခံလိုက်ရသည်။

ဤသည်မှာ လူသားဘိုးဘေးနှင့် မှော်နက်အရှင်တို့အား အရှင်ဒွန်ဟောင်ကို တအံ့တသြ ကြည့်လိုက်မိစေသည်။ ကပ်ဘေးနတ်စွမ်းအားက အလွန် လွှမ်းမိုးနိုင်သော နတ်စွမ်းအားဖြစ်ပြီး ယခင်က အခြားမည်သူမှ နားလည်သဘောပေါက်ဖူးခြင်း မရှိပေ။ အရှင်ဒွန်ဟောင်က ၎င်းကို ကျွမ်းကျင်စွာ နားလည်သဘောပေါက်ကာ ၎င်း၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ပေသည်။ နှစ်ပေါင်းများစွာကြာပြီးနောက် သူ၏ ကပ်ဘေးနတ်စွမ်းအားက အားကောင်းသည်ထက် အားကောင်းလာသည်။

နတ်စွမ်းအားကို ကျင့်ကြံရန် အချိန်အများကြီး လိုအပ်ပေသည်။ လူသားဘိုးဘေးက နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး သူ၏ နတ်စွမ်းအားက နက်နဲသိမ်မွေ့ကာ ပြီးပြည့်စုံသည်။ သူတို့ နတ်စွမ်းအားများ၏ နက်နဲမှုကိုယှဥ်လျှင် အရှင်ဒွန်ဟောင်က နိမ့်ကျနေမည်သာဖြစ်သည်။

All Chapters