အဆုံးစွန်ကန့်သတ်ချက်
Vol. 201 Ch. 2868
မှော်နက်အရှင်က အရှင်ဒွန်ဟောင်ကို ကြည့်လိုက်သည်။ ထို့နောက် သူသည်လည်း စတင်တိုက်ခိုက်တော့၏။
ခမ်းနားထည်ဝါသည့် ကပ်ဘေးနတ်စွမ်းအားက အရှင်ဒွန်ဟောင်ကို လွှမ်းခြုံထားသည်။ ရုတ်တရက် သူ၏ နတ်နယ်မြေအောက်ခြေတွင် အနက်ရောင်ကြာပန်းတစ်ခု ဖွဲ့တည်လာသည်။ ထိုအနက်ရောင်ကြာပန်းက ကောင်းကင်ဘုံ၏ ကိုးဆယ့်ကိုးလွှာကောင်းကင်၌ ပေါ်ပေါက်ခဲ့သော တစ်ခုနှင့် ဆင်တူသည်။ ၎င်းသည် သေဆုံးခြင်းချောက်နက်အတွင်း၌သာ တွေ့ရနိုင်သည့် တစ်စုံတစ်ခုနှင့် တူပေသည်။ ၎င်းက အမှောင်ထုကို ကိုယ်စားပြုပေသည်။
အနက်ရောင်ကြာပန်းက ပို၍ ကြီးမားလာကာ စတင်ပွင့်လန်းလာ၏။ ၎င်း၏ ပွင့်ချပ်များတွင် အနက်ရောင်စွမ်းအင်လှိုင်းများ စီးဆင်းနေသည်။
မကြာခင်၌ အနက်ရောင်ကြာပန်းက အကန့်အသတ်မဲ့ ကြီးထွားလာပြီး ၎င်း၏ ပွင့်ချပ်များကို အထက်သို့ ဖြန့်ကာ ကပ်ဘေးနတ်နယ်မြေတစ်ခုလုံးကို ရစ်ပတ်လိုက်သည်။ အနက်ရောင်ကြာပန်းက နတ်နယ်မြေကို ရည်ရွယ်ချက်ရှိရှိ ဝါးမြိုနေပြီး အနက်ရောင်စွမ်းအင်လှိုင်းတို့က ၎င်းအတွင်းသို့ စိမ့်ဝင်နေခဲ့သည်။
ကပ်ဘေးနတ်နယ်မြေက အနက်ရောင်စွမ်းအင်လှိုင်းတို့၏ ထိုးဖောက်ခြင်းကို ခံခဲ့ရသည်။ မကြာခင်တွင် အနက်ရောင်စွမ်းအင်လှိုင်းများက နတ်နယ်မြေအတွင်း ရစ်သိုင်းလာကာ ကပ်ဘေးနတ်စွမ်းအားတို့ကို တဖြေးဖြေး တိုက်စားနေခဲ့သည်။ ကျယ်ပြောသည့်နယ်မြေက အနက်ရောင်ကြာပန်းအတွင်း လွှမ်းခြုံခံလိုက်ရကာ ငရဲအဖြစ် ပြောင်းလဲသွား၏။ အနီးဝန်းကျင်လေဟာနယ်က ယိုယွင်းလာသည်။ လေဟာနယ်အတွင်းရှိ အရှိန်အဝါတို့၏ တည်ရှိမှုက လျော့ပါးသွားပြီး အရာအားလုံးက ပျက်ပြယ်လာကာ သေဆုံးခြင်းနှင့် ပျက်စီးခြင်းသာလျှင် ကျန်ရစ်ပေသည်။
ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ အနက်ရောင်ကြာပန်းက ဆက်လက်ကြီးထွားလာနေ၏။ ၎င်းသည် ငရဲက သွေးသံရဲရဲနှင့် ပါးစပ်ကိုဖွင့်ကာ အရှင်ဒွန်ဟောင်နှင့် သူ၏ နတ်ဘုရားနယ်မြေကို ဝါးမြိုတော့မလိုပင်ဖြစ်သည်။
ဘုန်း...
ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခုက ကပ်ဘေးနတ်နယ်မြေအတွင်း ဖြစ်ပေါ်လာသည်။ နတ်စွမ်းအားများက အရူးအမူးအော်မြည်နေပြီး အပြင်ဘက်သို့ ဆက်လက်ဖြန့်ကျက်လာသည်။ ၎င်းက အနက်ရောင်ကြာပန်း၏ ထိန်းချုပ်ကန့်သတ်မှုတို့ကို ချိုးဖျက်ကာ ၎င်း၏အတွင်းမှ နတ်စွမ်းအားကိုပင် ဖိနှိပ်ထားခဲ့သည်။ နတ်စွမ်းအားနှစ်ခုက အချင်းချင်း ဖိနှိပ်နေခဲ့သည်။ ထိုစွမ်းအားနှစ်ခုလုံးက အလွန်အစွမ်းထက်လှသည်။
မဟာအင်ပါယာခြောက်ပါးမှာ လောက၏ အထွတ်အထိပ်တွင် ရပ်တည်နေသည့် တည်ရှိမှုများဖြစ်သည်။
ထို့နောက် မှော်နက်အရှင်၏ ခန္ဓာကိုယ်က တူညီစွာ အဆက်မပြတ် ကြီးမားလာသည်။သူက ကြီးမားလှသည့် အသူရာစစ်နတ်ဘုရားတစ်ပါး ဖြစ်လာပေသည်။ သူနှင့် လူသားဘိုးဘေးတို့က မတူညီသော နေရာများတွင် ရပ်နေခဲ့ကြသည်။ အရှင်ဒွန်ဟောင်က သူတို့၏ ဘယ်ညာဝန်းရံထားခြင်းကို ခံရပေသည်။ အထက်တွင်လည်း မိစ္ဆာအင်ပါယာက ခံတပ်သဖွယ်ရှိနေခဲ့သည်။ အရှင်ဒွန်ဟောင်အနေနှင့် ဤဝန်းရံတိုက်ခိုက်မှုမှ လွတ်မြောက်ရန် ခက်ခဲမည့်ပုံပေါ်ပေသည်။
တစ်ယောက်က ချိပ်ပိတ်ရန်တာဝန်ယူထားပြီး အခြားနှစ်ယောက်က တိုက်ခိုက်လိမ့်မည် ဖြစ်သည်။ ချိပ်ပိတ်ရန် တာဝန်ယူထားသူပင် တိုက်ပွဲ၌ ပါဝင်လာနိုင်သည်။
မဟာအင်ပါယာသုံးပါးက မဟာအင်ပါယာတစ်ပါးကို ဆန့်ကျင်တိုက်ခိုက်နေသည်။ ထိုသည်မှာ မည်သို့သော အခြေအနေမျိုးဖြစ်သည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။
လူသားဘိုးဘေးက လက်ကို မြှောက်လိုက်ပြီး ချက်ချင်းပင် ပို၍ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများက ပရမ်းပတာမိုးကြိုးနယ်မြေ၌ ပေါင်းစည်းလာသည်။ မရေတွက်နိုင်သော မိုးကြိုးလျှပ်စီးများက မိုးရွာသလို ကျဆင်းလာပြီး ကပ်ဘေးနတ်နယ်မြေအတွင်း ရိုက်ခတ်လာသည်။ တစ်ချိန်တည်းတွင် ထိတ်လန့်အံ့အားသင့်ဖွယ် စွမ်းအားက ပရမ်းပတာမိုးကြိုးနယ်မြေ၏ အလယ်ဗဟိုတွင် စုဝေးလာခဲ့သည်။ ပတ်ဝန်းကျင်ရှိ လေဟာနယ်က အက်ကွဲကာ အရူးအမူး ပြိုကျပျက်စီးလာသည်။ အစွမ်းထက်သည့် ဖျက်ဆီးခြင်းစွမ်းအားက ကောင်းကင်လမ်းစဥ်၏ ထိန်းချုပ်မှုကို ခံထားရသည့် ဖျက်ဆီးခြင်းလမ်းစဥ်ကဲ့သို့ပင် ဖြစ်သည်။
နတ်အလင်းက ဖြာကျဆင်းသက်လာသည်။ ထုလုံးရှည်သဏ္ဌာန် ပြင်းထန်သည့် အလင်းတန်းက ချက်ချင်း လေဟာနယ်ကို ထိုးဖောက်သွားသည်။ ၎င်းက ဖြတ်သန်းသွားသည့် နေရာတိုင်း လေဟာနယ်က ပြိုကျပျက်စီးသွားပေသည်။ ၎င်းက တည်ရှိမှုအားလုံးကို သုတ်သင်ဖျက်ဆီးပစ်နိုင်သည့် ကောင်းကင်တိုက်ခိုက်မှုကဲ့သို့ ဖြစ်သည်။ ယင်းက အရှင်ဒွန်ဟောင် ရပ်နေသည့်နေရာသို့ တည့်မတ်စွာ တိုးဝင်သွားသည်။
အရှင်ဒွန်ဟောင်က လက်ချောင်းကို မ,လိုက်ပြီး ကြီးမားသည့်နတ်ဓားက ကောင်းကင်ကို ညွှန်ပြလာသည်။ ၎င်းက နတ်အလင်းတန်းနှင့် ထိပ်တိုက်တွေ့ဆုံသွား၏။ ပို၍ တောက်ပ ပြင်းထန်သော အလင်းတို့ ပေါက်ကွဲထွက်လာပြီး မျက်စိကျိန်းလောက်ဖွယ်ပင် ဖြစ်သည်။
သို့သော် ၎င်းက လူသားဘိုးဘေးထံမှ စစ်မှန်သည့် တိုက်ခိုက်မှု မဟုတ်ခဲ့ပေ။ ကောင်းကင်ထက်မှ ပြင်းထန်သည့်အလင်းတို့ ဖြာကျလာပြီး နတ်ဓားက တဖြေးဖြေးနှင့် ပရမ်းပတာမိုးကြိုးနယ်မြေအတွင်း ပေါ်ပေါက်လာသည်။ ဖျက်ဆီးခြင်းအလင်းတန်းက ထိုနတ်ဓားအတွင်းမှ ထိုးဆင်းလာ၏။
နတ်ဓားအတွင်း ပါဝင်သည့် အလင်းက ထိုမျှအထိ အစွမ်းထက်နေပြီး ဖြစ်သည်။ နတ်ဓားကိုယ်တိုင်ဆိုလျှင် မည်မျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်နည်း။
လူသားဘိုးဘေးသည် မရေတွက်နိုင်သော နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး လက်ရှိခေတ်၏ မဟာအင်ပါယာခြောက်ပါးတွင် အသက်အကြီးဆုံး ဖြစ်သည်။ ယနေ့ အရှင်ဒွန်ဟောင်နှင့် တိုက်ပွဲတွင် သူက စစ်မှန်သည့် နတ်စွမ်းအားကို ထုတ်ဖော်ကာ အရှင်ဒွန်ဟောင်ကို သတ်ဖြတ်ရန် ကြိုးစားခဲ့သည်။
အောက်ဘက်ရှိ အရှင်ဒွန်ဟောင်က ဖြစ်တည်လာသည့် ပရမ်းပတာမိုးကြိုးဓားက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ခံစားမိပေသည်။ ပြင်းထန်သည့် အလင်းတန်းတို့နှင့်ပင် သူက ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည့် ဖိအားအောက် ရောက်နေခဲ့ပြီး ဖြစ်သည်။
ဘုန်း...
အရှင်ဒွန်ဟောင်၏ ပုံရိပ်ကို ရစ်ပတ်ထားသည့် ကပ်ဘေးနတ်စွမ်းအားမှ မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ သူ့အနီးတွင် ခြိမ်းခြောက်နိုင်သည့် လေပွေလှိုင်းတစ်ခု ပေါ်ပေါက်လာ၏။ ထိုအခိုက်တွင် အရှင်ဒွန်ဟောင်၏ မျက်လုံးများက ပြောင်းလဲသွားခဲ့ပေသည်။ ၎င်းတို့တွင် ပြိုင်ဘက်ကင်း နတ်စွမ်းအားတို့ ပါဝင်နေ၏။
သူ့အထက်မှ ပရမ်းပတာမိုးကြိုးဓားက ဖြေးညင်းစွာ ကျဆင်းလာသည်။ ၎င်းက ပရမ်းပတာမိုးကြိုးနယ်မြေမှ အပြည့်အဝ ထွက်ပေါ်လာပြီး နောက်ဆုံး၌ အောက်သို့ ထိုးဆင်းလာကာ ကပ်ဘေးနတ်နယ်မြေ၏ အပြင်ပိုင်းအလွှာအား ထိုးဖောက်၍ အရှင်ဒွန်ဟောင်ထံ တိုးဝင်သွားခဲ့သည်။
ဓားအနီးဝန်းကျင်ရှိ အရာအားလုံးက ပြာမှုန်များအဖြစ် ပြောင်းလဲသွားလေသည်။ တည်ရှိနေသည့် စွမ်းအားများ အားလုံးက ရှင်းပစ်ခံလိုက်ရပြီး နတ်စွမ်းအားသည်လည်း အလားတူပင် ဖြစ်သည်။
စစ်မှန်သည့် ပရမ်းပတာမိုးကြိုးဓားက အရှင်ဒွန်ဟောင်၏ လည်ချောင်းကို ဖြတ်သွားတော့မည့်အချိန်တွင် လောကအတွင်းရှိ အရာအားလုံးက ရုတ်တရက် တိတ်ဆိတ်ကျသွားခဲ့သည်။
စစ်မှန်သည့် ပရမ်းပတာမိုးကြိုးဓားက အရှင်ဒွန်ဟောင် ရှေ့သို့ ရောက်လာသည့်အခါ အခြားရှုထောင့်နေရာတစ်ခုသို့ ဝင်ရောက်သွားသလို ထင်မှတ်ရသည်။ အရှင်ဒွန်ဟောင်၏ ပုံရိပ်က လင်းလက်တောက်ပလာခဲ့သည်။ သူ့ခန္ဓာကိုယ်က လမ်းစဥ်ဖြစ်သွားပုံရသည်။ နတ်ဓားက သူ့ကို သတ်ပစ်တော့မည့်အချိန်၌ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ နတ်ဓားသာလျှင် မဟုတ်ဘဲ သူ့အနီးဝန်းကျင်မှ အရာအားလုံး ရပ်တန့်သွားခြင်း ဖြစ်သည်။ သူ၏ ဝန်းကျင်၌ လေဟာပြင်တစ်ခု ပေါ်ပေါက်လာသကဲ့သို့ပင် ဖြစ်၏။
ထိုအချိန်တွင် စစ်မှန်သည့် ပရမ်းပတာမိုးကြိုးဓားက ၎င်း၏ စွမ်းအားကို ဆုံးရှုံးသွားခဲ့ပေသည်။ လေဟာပြင်အတွင်း၌ မည်သည့်လမ်းစဥ်မှ မတည်ရှိပေ။ သို့မဟုတ်လျှင် ပြင်ပလောကမှ အားလုံးသော လမ်းစဥ်များက ဤနယ်မြေအတွင်း သူတို့၏ စွမ်းအားများကို ဆုံးရှုံးသွားရခြင်း ဖြစ်နိုင်သည်။ အစွမ်းထက်သည့် ပရမ်းပတာမိုးကြိုးဓားသည်ပင် ရှေ့သို့ လက်မအနည်းငယ်သာ ရွေ့လျားနိုင်သည်။
အချိန်က နှေးကွေးသွားပုံရသည်။ အရှင်ဒွန်ဟောင်က လက်ညှိုးကို ဆန့်ထုတ်လိုက်ပြီး စစ်မှန်သည့် ပရမ်းပတာမိုးကြိုးဓားကို ထိတွေ့လိုက်သည်။ ချက်ချင်းပင် ပြိုင်ဘက်ကင်းဖျက်ဆီးခြင်းစွမ်းအားတို့ ပါဝင်နေသည့် ဓားက ကျိုးပဲ့ကာ ဖျက်ဆီးခံလိုက်ရသည်။ ၎င်းက လေနှင့်အတူ မျောလွင့်သွားသည့် ပြာမှုန်များအဖြစ် ပြောင်းလဲသွားပေသည်။
လူသားဘိုးဘေးနှင့် မှော်နက်အရှင်က ထိုမြင်ကွင်းကို မြင်သည့်အခါ သူတို့၏ မျက်လုံးများအား ကျဥ်းမြောင်းလိုက်ကြသည်။ သူတို့နှစ်ယောက်လုံးက အရှင်ဒွန်ဟောင်ကို စိုက်ကြည့်နေခဲ့၏။ သူက ကပ်ဘေးနတ်စွမ်းအားကို ကျွမ်းကျင်စွာ နားလည်သဘောပေါက်ထားပုံရသည်။ ချက်ချင်းပင် သူက ၎င်း၏ အဆုံးစွန်သဏ္ဌာန်အား ထုတ်ဖော်နိုင်ပေသည်။
ကပ်ဘေးနတ်စွမ်းအားက ဤလောကအတွင်းမှ လမ်းစဥ်အားလုံးကို ပိတ်လှောင်ထားနိုင်သည်။ ၎င်းက အခြားနတ်စွမ်းအားများကို ဖိနှိပ်နိုင်ပြီး မတည်ရှိတော့အောင် လုပ်ဆောင်နိုင်သည်။
ဤသည်မှာ နတ်စွမ်းအားကို အဆုံးစွန်ထိရောက်အောင် ကျင့်ကြံနိုင်သည့်အခါမှသာ ထိုကဲ့သို့ ဖြစ်ပေါ်နိုင်ပေသည်။ အခြားနည်းစနစ်များနှင့် လောကလမ်းစဥ်တို့က ကပ်ဘေးနတ်စွမ်းအားအောက်၌ တည်ရှိနိုင်ခြင်း မရှိပေ။ ထိုနေရာ၌ ဗလာနတ္ထိသာလျှင် ရှိပေသည်။
‘သံသရာမှ လွတ်မြောက်ခြင်း’ က မည်သည့်အရာနှင့် တူသနည်း။ ၎င်း၏ အန္တိမသဏ္ဌာန်က ကောင်းကင်လမ်းစဥ်နှင့် တူနိုင်သည်။
အရှင်ဒွန်ဟောင်က ကောင်းကင်လမ်းစဥ် ဖြစ်လာခဲ့လျှင် သူ၏ ကျင့်ကြံခြင်းက ပြီးပြည့်စုံမှုကို ရရှိပြီး အတွေးတစ်ချက်နှင့် လောကအတွင်း အခြား မည်သည့်လမ်းစဥ်မှ တည်ရှိလိမ့်တော့မည် မဟုတ်ပေ။
ဘုန်း....
ထို့နောက် အရှင်ဒွန်ဟောင်အနီးမှ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ အံ့အားသင့်ဖွယ်ကောင်းသည့် ခံစားချက်က ချက်ချင်းပျောက်ကွယ်သွားသည်။ အရှင်ဒွန်ဟောင်ကဲ့သို့ အစွမ်းထက်သူသည်ပင် ထိုသဏ္ဌာန်ကို ခဏမျှသာထိန်းထားနိုင်ပုံရသည်။ ၎င်းကို အချိန်အကြာကြီးထိန်းမထားနိုင်ပေ။
အရှင်ဒွန်ဟောင်က ‘သံသရာမှ လွတ်မြောက်ခြင်း’ ကို ကျင့်ကြံနိုင်ခဲ့သည်လား။ မဟာအင်ပါယာလေးယောက်က သူ့ကို ပူးပေါင်းပြီး တိုက်ခိုက်လျှင်ပင် သူတို့က သူနှင့် ပြိုင်ဘက်မဟုတ်ပုံရသည်။
ကပ်ဘေးနတ်စွမ်းအားက ၎င်း၏ အန္တိမသဏ္ဌာန်သို့ ဝင်ရောက်သွားသည့်အခါ အခြားသော ကျင့်ကြံသူများက သူတို့၏ နတ်စွမ်းအားတို့ကို အသုံးမပြုနိုင်တော့ပေ။ သူတို့က မည်သို့ ဆက်လက်တိုက်ခိုက်နိုင်ပါမည်နည်း။
“ရာစုနှစ်ငါးခုစာလောက် ကျင့်ကြံပြီးတော့ မင်း ဒီအဆင့်အထိ တကယ်ရောက်လိမ့်မယ်လို့ ထင်မထားမိဘူး။”
လူသားဘိုးဘေးက အောက်သို့ ငုံ့ကြည့်ရင်း ပြောလိုက်သည်။ ထိုလွှမ်းမိုးနိုင်သည့် ကောင်းကင်သားတော်က သူထင်ထားသည်ထက်ပင် ပို၍အစွမ်းထက်လေသည်။ ထိုသည်ကိုကြည့်လျှင် လူသားဘိုးဘေးက အရှင်ဒွန်ဟောင်အား လျှော့တွက်ထားနေဆဲ ဖြစ်သည်။
အရှင်ဒွန်ဟောင်က လူသားဘိုးဘေးကို မော့ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက အေးစက်ကာ လျစ်လျူရှုသည့် အကြည့်တို့ ရှိနေခဲ့၏။ လူသားဘိုးဘေးက ဤစစ်ပွဲကို လှုံ့ဆော်မပေးခဲ့လျှင် အရှင်ဒွန်ဟောင်က ပြင်ဆင်မှုများကို ဆက်လက်၍ တိတ်တဆိတ် လုပ်ဆောင်ပေလိမ့်မည်။
‘သံသရာမှ လွတ်မြောက်ခြင်း’ က လေဟာပြင် ဖြစ်သည်။ သူက ထိုအဆင့်ထိ ကျင့်ကြံနိုင်ခဲ့လျှင် အခြားမဟာအင်ပါယာများကို ဆန့်ကျင်သည့်အခါ ၎င်းကို အသုံးပြုရန် ပိုယုံကြည်ချက်ရှိပေလိမ့်မည်။
သို့သော် သူ့တွင် ရွေးချယ်စရာ ရှိမနေခဲ့ပေ။