← Chapters

ရပ်တန့်၍ မရသော

Vol. 201 Ch. 2873

ရပ်တန့်၍ မရသော

Vol. 201 Ch. 2873

ရီဖူရှင်းသည် လက်ထဲတွင် လှံကို ကိုင်၍ ‌ရှေ့သို့ လျှောက်သွားလိုက်သည်။ သူ၏အဖြူရောင်ဝတ်ရုံသည် လေထဲတွင် ဝဲလွင့်နေပြီး နတ်အလင်းက သူ့ကို ဝန်းရံထားလေသည်။ သူသည် ရပ်တန့်၍ မရပေ။

အင်ပါယာမြို့တော်ထဲတွင် လူများစွာသည် ရီဖူရှင်း၏ လှုပ်ရှားမှုတိုင်းကို မမှိတ်မသုန် ကြည့်နေကြသည်။ ထိပ်တန်းကျင့်ကြံသူများပင် ရီဖူရှင်းက အင်ပါယာနန်းတော်အတွင်းသို့ ဝင်သွားသည်ကို ကြည့်နေလေသည်။

ငွေဖြူရောင်ဆံပင်နှင့်လူသည် မူလဘုံ၏ ပါရမီရှင်ဖြစ်ပြီး အင်ပါယာဖြစ်လာနိုင်မည့်အဆင့်တွင်သာ ရှိသေးသော်လည်း မဟာအင်ပါယာတစ်ပါးကို ရှင်းပစ်နိုင်ခဲ့သည်။ သူသည် အင်ပါယာခုနစ်ပါးကို လှံတစ်ချောင်းဖြင့် သတ်ဖြတ်ခဲ့လေသည်။ ကျော်ကြားသည့် သူ့အကြောင်း ဇာတ်လမ်းများစွာ ရှိပေသည်။ ဒွန်ဟောင်အင်ပါယာနန်းတော်အပြင်တွင် ရပ်နေသော ကျင့်ကြံသူများစွာသည် တစ်ချိန်က သူ မော်ကြည့်ခဲ့ရသူများဖြစ်ခဲ့သည်။

သို့သော် ယခုတွင် ပြောင်းပြန်ဖြစ်နေပေပြီ။

သူတို့သည် အရှင်ဒွန်ဟောင်က ရီဖူရှင်းကို သတ်နိုင်ပါစေဟု မျှော်လင့်ရုံသာ ရှိလေသည်။

သူတို့သည် ရီဖူရှင်းနှင့် ဆွေးနွေးနိုင်သည့်အဆင့်တွင် မရှိတော့ပေ။

“တိုက်ကွက်ဖော်...”

အသံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် ဒွန်ဟောင်အင်ပါယာနန်းတော်၏ ကောင်းကင်တံခါး အပြင်ဘက်ရှိ ဒဏ္ဍာရီလာသားရဲရုပ်တုများသည် တောက်ပသောနတ်အလင်း လင်းလက်လာလေသည်။ ခက်ထန်သော ဧရာမ နတ်သားရဲလေးကောင်သည် ကောင်းကင်တွင် တစ်ပြိုင်တည်း ထွက်ပေါ်လာပြီး ဝင်ပေါက်ကို ကြီးကြပ်ထားသည်။

သားရဲလေးကောင်သည် ကောင်းကင်တစ်ခွင်လုံးတွင် နေရာယူထားပြီး အစစ်အမှန် နတ်သားရဲများ၏ ကိုယ်ပွားအစစ်များကဲ့သို့ပင်။ ၎င်းတို့သည် အင်ပါယာအရှိန်အဝါကို ထုတ်လွှတ်နေကြသည်။

သားရဲတစ်ကောင်စီရှေ့တွင် အင်ပါယာအဆင့်ရှိသည့် ကျင့်ကြံသူတစ်ယောက်စီ ရပ်နေသည်။ သူတို့၏အရှိန်အဝါများသည် နတ်သားရဲများနှင့် လိုက်ဘက်ညီ‌၏။ သူတို့သည် ဤတိုက်ကွက်၏ တစ်စိတ်တစ်ပိုင်းဖြစ်ရန် မွေးဖွားလာသကဲ့သို့ပင်။

ကောင်းကင်စည်းမျဉ်းကို ထိန်းချုပ်သော မဟာအင်ပါယာခြောက်ပါးသည် ရိုးရှင်းသူများ မဟုတ်ကြပေ။ သူတို့အားလုံးသည် သူတို့၏ စွမ်းရည် အစစ်အမှန်များကို ယခုအထိ ကောင်းစွာ လျှို့ဝှက်ထားခဲ့လေသည်။

သို့သော် သူတို့သည် သူတို့၏ စွမ်းအားအစစ်အမှန်များနှင့် စွမ်းရည်အကုန်လုံးကို လောကကြီးသို့ စတင်ပြသလာပြီဖြစ်သည်။

နတ်နဂါး၏ ဧရာမခန္ဓာကိုယ်ကြီးသည် ကောင်းကင်တစ်ခွင်လုံးကို ကာရံထားသည်။ ၎င်း၏ ကြီးမားသော မျက်လုံးကြီးများက ရီဖူရှင်းကို စိုက်ကြည့်နေပြီး သူ့ထံသို့ ကြောက်မက်ဖွယ် ရွှေရောင်နတ်အလင်းတစ်ခုကို ပစ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဘိုးဘေးဖီးနစ်သည် နတ်မီးတောက် မှုတ်ထုတ်လိုက်၏။ ချီလင်းနှင့် လိပ်နက်တို့သည်လည်း ရီဖူရှင်းကို သတ်ရန်အတွက် သူ့ထံသို့ နတ်စွမ်းအားများ ပစ်လွှတ်လိုက်လေသည်။

ရီဖူရှင်း ခေါင်းမော့၍ သားရဲလေးကောင်ကို ကြည့်သည်။ သူ၏မျက်လုံးများသည် နေနှင့်လ၏ ပုံရိပ်အဖြစ် ပြောင်းလဲသွား၏။ ရုတ်တရက် မူမမှန်သော ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာ၏။ သူ့ကိုဗဟိုပြု၍ လောကတစ်ခု ထွက်ပေါ်လာလေသည်။

နေနှင့်လတို့သည် နတ်အလင်းဖြင့် တောက်ပလာပြီး ထိုက်ယန်နှင့် ထိုက်ယင် နတ်စွမ်းအားများ ပျံထွက်သွားသည်။ ထိုက်ယန်နတ်စွမ်းအားသည် နဂါးကို ချိန်ရွယ်ထားပြီး ထိုက်ယင်နတ်စွမ်းအားသည် ဖီးနစ်ကို ချိန်ရွယ်ထားပေသည်။ လည်ပတ်နေသော ကြယ်တာရာများမှာမူ ချီလင်းနှင့် လိပ်နက်ကြီးစီ ပျံသွားနေသည်။

ကြောက်မက်ဖွယ် စွမ်းအားတစ်ခုသည် ဒွန်ဟောင်အင်ပါယာနန်းတော်အပြင်တွင် အချိန်တစ်ခဏမျှ ပြည့်နှက်သွားသည်။

ရီဖူရှင်း၏ လက်ထဲရှိ လှံသည် တောက်ပသော နတ်ရောင်ဝါတစ်ခုကို ထုတ်လွှတ်လိုက်ပြီး သူ ရှေ့သို့ ဆက်သွားလိုက်သည်။ လျှပ်တစ်ပြက်လက်ကာ သူ့ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တံခါးဆီသို့ ဦးတည်သွားလိုက်လေသည်။

ရွှီး...

ကောင်းကင်တံခါးရှေ့တွင် ဧရာမနတ်အစီအရင်တစ်ခု ထွက်ပေါ်လာပြီး ရီဖူရှင်းကို အတွင်းမဝင်နိုင်အောင် တားဆီးလိုက်သည်။ ထို့နောက် နတ်အစီအရင်သည် ပုံရိပ်များစွာကို ထုတ်လွှတ်လိုက်၏။ ထိုပုံရိပ်များသည် ၎င်းတို့ထဲတွင် ကိုယ်ပိုင်လောကတစ်ခုစီ ဖန်တီးလိုက်သည့်ပုံပင်။ လောကများသည် ရီဖူရှင်းကို ဝါးမျိုရန် ရှေ့သို့ တိုးလာကြသည်။ သို့သော် သူက လက်မြှောက်ကာ သူ၏လှံကို ရှေ့သို့ထိုးလိုက်သည်။

ရုတ်ခြည်းအတွင်းမှာပင် အလင်းတန်းတစ်ခုသည် လေထုကို ဖြတ်သန်းသွားပြီး နတ်အစီအရင်ကို ထိုးစိုက်လိုက်သည်။

ဒုန်း...

နတ်အစီအရင်ထံမှ ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာ၏။ ခဏအကြာတွင် ၎င်းသည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။ နေရာတစ်ခုလုံး စုတ်ပြဲသွားသည်ဟု ထင်ရပြီး အရာအားလုံး ကွဲအက်သွားကြသည်။

ထိုလှံချက်တစ်ချက်သည် ပတ်ဝန်းကျင်မှ ကျင့်ကြံသူများကို ကြောက်ရွံ့သွားစေသည်။ သူတို့၏ မျက်နှာများသည် အသေကောင်များကဲ့သို့ ဖြူဖျော့သွားသည်။ တိုက်ခိုက်မှု၏ အဟုန်လှိုင်းများသည်ပင် မွန်းကျပ်နေစေပေသည်။

နတ်အစီအရင်သည် လှံချက်တစ်ချက် ထိမှန်ခံရရုံဖြင့် ပြိုကျ၊ ပျက်စီးသွားသည်။

မကြာသေးခင်က ထို စွမ်းအားကြီး နတ်အရှိန်အဝါသည် ကျူးကျော်လာသော ကျင့်ကြံသူအားလုံးကို တားဆီးခဲ့သည်။ ထိုသို့ တားဆီးနိုင်ခဲ့ခြင်းမှာ အစီအရင်၏ စွမ်းအားတစ်ခုတည်းကြောင့် မဟုတ်သော်ငြား ၎င်းသည် ကျင့်ကြံသူများကို တားဆီးရာတွင် အရေးပါခဲ့ပေသည်။

သို့သော် ရီဖူရှင်း ရောက်လာသောအခါ နတ်အစီအရင်သည် လွန်စွာ ခုခံနိုင်စွမ်းမဲ့နေသကဲ့သို့ ထင်ရပြီး လှံချက်တစ်ချက်တည်းဖြင့် ပျက်စီးသွားသည်။

နတ်သားရဲလေးကောင်သည်ပင် ယခုတွင် ရှေ့သို့ တိုးရမည်ကို ကြောက်ရွံ့နေပုံပေါ်ပေသည်။ သူတို့သည် အသိဉာဏ်ရှိသဖြင့် သူတို့မနိုင်,နိုင်သည်ကို သိပုံပင်။

အင်ပါယာခုနစ်ပါးကို လှံတစ်ချောင်းဖြင့် အနိုင်ယူခဲ့သော ရီဖူရှင်းကဲ့သို့သော တစ်စုံတစ်ယောက်သည် သူ့ဂုဏ်သတင်းအတိုင်း စွမ်းအားကြီးမည်ဖြစ်သည်။

ဤအခြင်းအရာသည် ကောင်းကင်ဒေသကို ကျူးကျော်ခဲ့သော ကျင့်ကြံသူများသည် ရီဖူရှင်းနှင့် မယှဉ်နိုင်သည့် အဓိပ္ပာယ်ပင်။

မဟာအင်ပါယာခြောက်ပါးမှလွဲ၍ သူ့ကို မည်သူမှ ထိခိုက်အောင် မလုပ်နိုင်တော့ချေ။ မဟာအင်ပါယာမဟုတ်ဘဲ သူ့ကို ယှဉ်နိုင်မည့် တစ်ဦးတည်းသောသူမှာ ကျိဝူတောက်သာ ဖြစ်နိုင်ပေသည်။

ရီဖူရှင်းသည် ရှေ့သို့ ဆက်သွားလိုက်ပြီး အင်ပါယာမြို့တော်အတွင်းရှိ ကျင့်ကြံသူများစွာ၏ ကြည့်နေသော မျက်လုံးများအောက်တွင် ဒွန်ဟောင်အင်ပါယာနန်းတော်အတွင်းသို့ ဝင်သွားသည်။

နန်းတော်အပြင်ဘက်မှ ကျင့်ကြံသူများသည် သူ့အနောက်မှ လိုက်ဝင်သွားကြသည်။

ဒွန်ဟောင်အင်ပါယာနန်းတော်သည် ကြီးမား၊ ကျယ်ပြန့်ပေသည်။ မြင့်မားသော နန်း‌တော်များစွာ တည်ရှိနေပြီး ‌တောင်များ၊ ကန်များနှင့် များစွာသော လေ့ကျင့်ရေးကွင်းများလည်း ရှိလေသည်။

ရီဖူရှင်းသည် အဝေးရှိ ဒွန်ဟောင်အင်ပါယာနန်းတော်၏ အဆုံးသို့ လှမ်းကြည့်သည်။ ထိုနေရာတွင် နတ်နန်းတော်သို့ ရောက်သည့် ကောင်းကင်လှေကားတစ်စင်းရှိလေသည်။

နတ်နန်းတော်ထဲတွင် အရှင်ဒွန်ဟောင်သည် သူ၏ နတ်ပလ္လင်ပေါ်တွင် ထိုင်နေပြီး ကောင်းကင်ဒေသမှ လူများ၏ လေးစားမှုကို ခံယူနေသည်။

ထိုနေရာသည် ရီဖူရှင်း ဦးတည်နေသော နေရာဖြစ်သည်။ သူ၏အရှိန်သည် မမြန်ပေ။ သို့သော် သူဖြတ်သန်းသွားသော နေရာတိုင်းတွင် ကောင်းကင်မှနေ၍ ကြောက်မက်ဖွယ် နတ်စွမ်းအားတန်း ကျဆင်းလာလေသည်။ ရှေးဟောင်းနန်းတော်တစ်ခု အထက်တွင် အဘိုးအိုတစ်ဦး ထိုင်နေသည်။

ရုတ်တရက် ရီဖူရှင်းသည် ကွဲပြားသော လောကတစ်ခုအတွင်းသို့ ဝင်သွားမိလိုက်သလို ခံစားလိုက်ရ၏။ သူသည် မသိလိုက်ခင်မှာပင် သူ့ပြိုင်ဘက်၏ မဟာလမ်းစဉ် နတ်စက်ကွင်းအတွင်းသို့ ဝင်မိသွားသည်။

“ပုံရိပ်ယောင် နတ်ဘုရားလား”

ရီဖူရှင်းသည် သူ့ဘာသာ ရေရွတ်လိုက်သည်။

အားလုံးသည် အစစ်အမှန်ဟု ထင်ရ၏။ သူ လက်ရှိရောက်နေသော နတ်စက်ကွင်းထဲတွင် သူ၏ကိုယ်ပိုင်လောကထွက်ပေါ်လာသောအခါ သူအံ့အားသင့်သွားသည်။ ၎င်းသည် သူ၏ ကောင်းကင်လမ်းစဉ်အသေးစားကဲ့သို့ တစ်ပုံစံတည်း ဆင့်ကဲပြောင်းလဲနေသည်။

ဝုန်း...

ထိုအခိုက်တွင် ကောင်းကင်လမ်းစဉ်အသေးစားသည် ပျက်စီးလာသည်ဟု ထင်ရ၏။ ၎င်းအတွင်းရှိ အရာအားလုံး ပျက်စီးသွားပြီး တစ်ဖန်ပြန်လည် ဖြစ်တည်လာသည်။ ကောင်းကင်လမ်းစဉ်၏ စွမ်းအားနှင့် ဆင်တူသော မဟာနတ်စွမ်းအားတစ်ခု ကျဆင်းလာပြီး ထိုနေရာရှိ အရာအားလုံးကို ဖျက်ဆီးသွား၏။ ၎င်းသည် ကမ္ဘာဖျက်စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ကောင်းကင်လမ်းစဉ်အသေးစားကို လုံးဝ ရှင်းထုတ်ပစ်လိုက်လေသည်။

“ဒါက ငါ့ လောကမဟုတ်ဘူး”

ရီဖူရှင်းက ကောင်းကင်သို့ ‌မော့ကြည့်လိုက်ပြီး စိတ်ထဲမှ ရေရွတ်လိုက်သည်။ သူ မျက်လုံးများ ပိတ်လိုက်ပြီး သူ့ထံမှနေ၍ နတ်စွမ်းအား ထွက်ပေါ်လာ၏။ သူ့တစ်ကိုယ်လုံးသည် ‌တောက်ပသော နတ်ရောင်ဝါတစ်ခုအောက်တွင် ရှိနေပြီး သူသည် လောက၏ ဆရာသခင်ဟု ထင်နေရလေသည်။

သူ၏ကောင်းကင်လမ်းစဉ်အသေးစားသည် အများနှင့်မတူ တမူထူးခြားပေသည်။

ဝုန်း...

ရီဖူရှင်းပေါ်သို့ ကြီးကျယ်သော နတ်စွမ်းအား တစ်ခု ကျဆင်းလာပြီး အဆုံးမဲ့အာကာပြင်အတွင်းသို့ ပေါက်ကွဲထွက်သွားသည်။ ထိုအရာသည် ပုံရိပ်ယောင်မန္တန်လော။ ၎င်းသည် သူ့ကို ပုံရိပ်ယောင်နတ်စက်ကွင်းတစ်ခုသို့ ခေါ်ဆောင်သွားသည်။

ရီဖူရှင်းသည် သူ့လက်ထဲမှ လှံကို ထပ်မံ မြှောက်လိုက်ပြီး သူ့ပတ်ပတ်လည်မှ အရာအားလုံးကို အရေးမလုပ်ဘဲ ရှေ့သို့ ထိုးစိုက်လိုက်လေသည်။

သူ၏လှံတစ်ချက်သည် မန္တန်အစီအရင်အားလုံးကို ဖျက်ဆီးသွား၏။

ပုံရိပ်ယောင်လောကမှ ခပ်အုပ်အုပ် တုန်ဟည်းသံတစ်သံ ထွက်ပေါ်လာပြီး သူ့ရှေ့ရှိ အရာအားလုံးသည် လေထဲတွင် ပျောက်ကွယ်သွားသည်။ အခြေအနေများသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပေပြီ။ အစောက သူမြင်ခဲ့ရသော အဘိုးအိုသည်လည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ သူသည် တစ်ခါမှ မတည်ရှိခဲ့သကဲ့သို့ပင်။ ရီဖူရှင်းသည် ထိုအကြောင်းကို များစွာတွေးမနေတော့ဘဲ ရှေ့သို့ ဆက်သွားလိုက်သည်။

ထိုစဉ်တွင် သူ့အပေါ်သို့ ကြီးမားသောအားတစ်ခု ဖိနှိပ်လိုက်၏။ ကောင်းကင်ထက်တွင် ဧရာမ နတ်ဘုရားပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာ၏။ သူသည် ကောင်းကင်နတ်တူကို ကိုင်ဆွဲထားပြီး ပစ်လွှတ်လိုက်သည်။ ၎င်းသည် ရီဖူရှင်းအပေါ်သို့ ကျဆင်းလာ၏။ တစ်ခဏမျှ မြေကြီး တုန်ခါသွားပြီး ကောင်းကင်သည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့မလို ဖြစ်လာလေသည်။

ပြိုင်ဘက်ကင်း နတ်အရှိန်အဝါတစ်ခု ကျဆင်းလာပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ရီဖူရှင်းသည် မျက်လုံးပင့်၍ ကြည့်သည်။ သူ၏လှံ ထပ်မံ ထိုးစိုက်လိုက်၏။ ဤတစ်ခေါက် လှံချက်သည် စွမ်းအားကြီးပြီး နတ်တူနှင့် ထိပ်တိုက် ထိတိုက်သွားသည်။

ဝုန်း...

မြေပြင်သည် ပေါက်လွဲတော့မလို ဖြစ်သွားသည်။ ကောင်းကင်နတ်တူပေါ်တွင် အက်ကြောင်းများ ထွက်ပေါ်လာပြီး အစိတ်စိတ်အမွှာမွှာ ကွဲအက်သွား၏။ ကြောက်မက်ဖွယ် လှံစွမ်းအားသည် ကောင်းကင်ထက်သို့ ဆက်ထိုးတက်သွားပြီး ဧရာမ နတ်ဘုရားပုံရိပ်ကြီးဆီသို့ ဦးတည်သွားသည်။ ၎င်းသည် နတ်ဘုရားကို ထိမှန်သွားပြီး သူ့ကို လွင့်ထွက်သွားစေသည်။ သူ့ပါးစပ်မှနေ၍ သွေးများ အန်ထွက်လာ၏။

ကောင်းကင်ဒေသ၏ အင်ပါယာနန်းတော်အတွင်းရှိ အင်ပါယာအဆင့် ကျင့်ကြံသူများပင် သူ့ကို မရပ်တန့်နိုင်ချေ။

အရှေ့သို့ ဆက်သွားနေသည့် ရီဖူရှင်းကို မည်သူမှ မတားဝံ့ကြပေ။ သူ့လက်ထဲတွင် သူ၏လှံကို ကိုင်ထားလေသည်။

သူသည် နေရာများစွာကို ဖြတ်လျှောက်သွားသည်။ နောက်ဆုံးတွင် နတ်ပလ္လင်သို့ ရောက်သည့် ရွှေရောင် ကောင်းကင်လှေကားသို့ ရောက်သွားသည်။

ရွှေရောင်ကောင်းကင်လှေကားအခြေတွင် လူနှစ်ယောက် ထွက်ပေါ်လာပြီး ထူးကဲသော နတ်အရှိန်အဝါတစ်ခုသည် နေရာတွင် ပြည့်နှက်သွားသည်။ လေထဲတွင် လွန်စွာလှပသော မိန်းမပျိုနှစ်ယောက် ရပ်နေပြီး ရီဖူရှင်းကို စိုက်ကြည့်နေကြသည်။

သူတို့ထံမှ ရှိန်လောက်ဖွယ် နတ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ရီဖူရှင်းအပေါ်သို့ ကျဆင်းလာလေသည်။

“မဟာဧကရီ”

ရီဖူရှင်းသည် သူ့ဘာသာ ရေရွတ်လိုက်သည်။ ဒွန်ဟောင်အင်ပါယာနန်းတော်၏ ရွှေရောင်ကောင်းကင်လှေကား၏ အစောင့်အကြပ်များသည် မဟာဧကရီနှစ်ပါး ဖြစ်လိမ့်မည်ဟု သူမထင်ခဲ့ချေ။

ရီဖူရှင်းသည် မျက်လုံးပင့်၍ အထက်သို့ ကြည့်လိုက်၏။ အရှင်ဒွန်ဟောင်သည် အပေါ်တွင် သူ့ကို စောင့်နေသည်။

All Chapters