← Chapters

အူမချေးခါးမကျန်

Vol. 202 Ch. 2874

အူမချေးခါးမကျန်

Vol. 202 Ch. 2874

ဒွန်ဟောင်အင်ပါယာနန်းတော် အပြင်ဘက်တွင် နတ်ဆိုးအင်ပါယာသည် ကောင်းကင်ထဲတွင် ရပ်နေပြီး သူ့အနောက်တွင် ယူချင်း ရပ်နေသည်။ သူ့ရှေ့တွင် အကြွင်းမဲ့ဗုဒ္ဓရှိနေပြီး အသင့်အနေအထားတွင် ရှိနေပေသေးသည်။

သူ အလွန်နောက်ကျသွားလိမ့်မည်ဟု မထင်ခဲ့ပေ။

သူသည် အင်ပါယာနန်းတော်ထဲသို့ ငေးကြည့်နေ၏။ ယခုတွင် သူတားလိုလျှင်ပင် ဖြစ်လာမည့်အရာများကို တားနိုင်တော့မည်မဟုတ်ပေ။ သူသည် ပို၍ ပြတ်သားခဲ့သင့်ပြီး သံသယဖြစ်လာခါစကတည်းက လှုပ်ရှားခဲ့သင့်သည်။

သို့သော် အခြေအနေများသည် ဤအခြေအနေသို့ ရောက်လာပြီဖြစ်၍ မည်သို့အဆုံးသတ်သွားမည်ကိုမူ သူ မြင်လိုသေးသည်။

ဒွန်ဟောင်အင်ပါယာနန်းတော်ထဲရှိ ရွှေရောင်ကောင်းကင်လှေကားအခြေတွင် ပြောင်မြောက်သော အရှိန်အဝါရှိသည့် မဟာဧကရီနှစ်ပါး ရှိနေလေသည်။ သူမတို့နှစ်ဦးစလုံးသည် အလှတရားနှင့် ပါရမီတွင် ပြိုင်ဘက်ကင်းလေသည်။ သူမတို့သည် စစ်မှန်သော နတ်မိမယ်များ ဖြစ်သည်။

ထိုအခိုက်တွင် မဟာဧကရီနှစ်ပါးသည် သူမတို့အောက်ရှိ ရီဖူရှင်းကို ကြည့်နေသည်။ သူမတို့၏ အာရုံများကြောင့် ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ် နတ်ဓားအစီအရင်တစ်ခု ရုတ်ခြည်းထွက်ပေါ်လာလေသည်။

မရေမတွက်နိုင်သော သင်္ကေတများ တောက်ပလာပြီး ရွှေရောင်နတ်အစီအရင်ထဲတွင် လင်းလက်လာသည်။ နတ်အစီအရင်မှ အလင်းတန်းများ တစ်ပြိုင်တည်း ဖြာကျလာပြီး နေရာတစ်ခုလုံးကို လွှမ်းခြုံကာ ရီဖူရှင်းကို ဝန်းရံလိုက်လေသည်။

သင်္ကေတများနှင့် နတ်ဓားများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ထိုနေရာတွင် ဖရိုဖရဲဖြစ်နေစေသည်။ ၎င်းတို့သည် ကောင်းကင်ကို ဖြတ်တောက်နိုင်သော ထျန်ရှင်းနတ်ဓားများဖြစ်သည်။

“ထျန်ရှင်းနတ်ဓား”

ရီဖူရှင်းသည် မဟာဧကရီနှစ်ပါးကို ကြည့်လိုက်၏။ သူမတို့သည် ထျန်ရှင်းနတ်ဓားများကို အကန့်အသတ်မရှိ ထုတ်ရန် ထျန်ရှင်းနတ်အစီအရင်ကို ဆင့်ခေါ်နိုင်ပေသည်။ ကုန်းမြေတစ်ခွင်လုံး နှစ်မြှုပ်ခံရတော့မလိုပင် ထင်ရသည်။

စူးရှသောအသံတစ်သံသည် လေထုကို ဖောက်ထွင်းသွားပြီး ကောင်းကင်ထဲရှိ ထျန်ရှင်းနတ်အစီအရင်မှနေ၍ နတ်ဓားများ တစ်ချောင်းပြီးတစ်ချောင်း ထွက်ပေါ်လာ၏။ ၎င်းတို့တွင် ထျန်ရှင်းအစီအရင် နတ်စွမ်းအား ပါဝင်ပေသည်။ ၎င်းတို့ တိုက်ခိုက်သောအခါ ကောင်းကင်ထဲတွင် ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာ၏။ အရာအားလုံး ဖျက်ဆီးခံရတော့ပေမည်။

စူးရှသော အလင်းတန်းတစ်ခုနှင့်အတူ ထျန်ရှင်းနတ်ဓားများသည် အောက်ဘက်သို့ အရှိန်အဟုန်ဖြင့် ဆင်းသက်လာသည်။ နတ်အစီအရင်ထိပ်တွင် တောက်ပသောနတ်ရောင်ဝါတစ်ခု လင်းလက်လာ၏။ သို့သော် ရီဖူရှင်း၏ခန္ဓာကိုယ်သည်လည်း တစ်ချိန်တည်းမှာပင် လင်းလက်လာသည်။ ယခုတွင် မရေမတွက်နိုင်သော လောကဒြပ်မှုန်များမှ ဖြစ်ပေါ်လာသော အလင်းမျက်နှာပြင်များသည် သူ့ကို ဝန်းရံထားပေပြီ။

ရွှီး...

ယခု သူ့ကို တိုက်ခိုက်နေသော ကြောက်မက်ဖွယ် နတ်ဓားများ၏အဆင့်သည် ဒွန်ဟောင်တိယွမ်၏ နတ်ဓားများ၏အဆင့်နှင့် လုံးဝကွဲပြားပေသည်။ ၎င်းတို့တွင် စစ်မှန်သော ထျန်ရှင်းနတ်စွမ်းအား ပါဝင်ပြီး လောကဒြပ်မှုန်များနှင့် အလင်းမျက်နှာပြင်များကို ထွင်းဖောက်နိုင်လေသည်။ ရီဖူရှင်း၏ ခုခံအကာအရံတွင် အက်ကြောင်းများ ထွက်ပေါ်လာပြီး ဓားများသည် ၎င်းပေါ်တွင် အပေါက်များ အဆက်မပြတ် ဖြစ်လာစေနေသည်။

ရီဖူရှင်း ခေါင်းမော့ကြည့်လိုက်ရာ ဖြစ်ပျက်နေသည်များကို မြင်လိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားသည်။ ထိုမဟာဧကရီနှစ်ပါးသည် သာမန် မဟာအင်ပါယာများထက် ပို၍စွမ်းအားကြီးပေသည်။

သို့ပင်လျှင် သူ၏လက်ရှိအဆင့်နှင့် ယှဉ်ပါက ကြီးမားသော ကွာဟချက် ရှိနေပေသေးသည်။

ရီဖူရှင်းထံမှနေ၍ ရှိန်လောက်ဖွယ် နတ်ရောင်ဝါ ဖြာထွက်လာ၏။ သူသည် သူ၏ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး သူ့လက်မှနေ၍ အားကောင်းသော နတ်စွမ်းအား ထွက်လာလေသည်။

ကောင်းကင်ဇီဝိန်ခြွေနတ်ဓား ထွက်ပေါ်လာပြီး နတ်အလင်းသည် ထိုနေရာကို လင်းလက်သွားစေသည်။

“ထျန်ကျုး...”

သူ လက်မြှောက်လိုက်ပြီး လေထုကို လက်ဝါးဖြင့် ရိုက်လိုက်သည်။ မရေမတွက်နိုင်အောင် များပြားသော နတ်ဓားများ အထက်သို့ ပျံတက်သွားပြီး ကျဆင်းလာသော နတ်ဓားများနှင့် ထိတိုက်သွားသည်။ တစ်ချိန်တည်းမှာပင် သူသည် ဟင်းလင်းပြင်ထဲသို့ ပျံတက်လိုက်သည်။ သူ့ညာဘက်လက်ရှိ ငွေလှံသည် စွမ်းအားကြီးသော နတ်ရောင်ဝါတစ်ခုကို ထုတ်လွှတ်လိုက်ပြီး သူသည် ၎င်းကို ထျန်ရှင်းနတ်အစီအရင်ထံ ထိုးစိုက်လိုက်သည်။

လှံသည် ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားပြီး နတ်အလင်းတန်းတစ်ခုသည် နတ်အစီအရင်အပေါ် ကျဆင်းသွားသည်။ ၎င်းသည် အစီအရင်တစ်ခုလုံးကို အပြင်းအထန် တုန်ခါသွားစေပြီး အစီအရင်ပေါ်တွင် မရေတွက်နိုင်သော အက်ကြောင်းများ ထွက်ပေါ်လာစေလေသည်။ အက်ကြောင်းများသည် လျင်မြန်စွာ ကြီးမားလာပြီး နောက်ဆုံးတွင် နတ်အစီအရင်သည် ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ပေါက်ကွဲပျက်စီးသွားသည်။ ရီဖူရှင်း၏ လှံသည် အထက်သို့ ဆက်၍ တိုးနေဆဲပင်။

ရီဖူရှင်းမှာလည်း အထက်သို့ ဆက်၍ ပျံတက်လာသည်။ သူ၏ငွေလှံကို တားဆီး၍မရပေ။

ဧကရီနှစ်ပါးသည် သူ့ကို စူးစူးဝါးဝါးကြည့်လိုက်ပြီး မထင်မှတ်စွာ ဘေးသို့ ဖယ်လိုက်ကာ သူ့ကို ဖြတ်သွားခွင့်ပေးလိုက်လေသည်။ သူမတို့သည် သူ့ကို မတားနိုင်လောက်ကြောင်း သိသကဲ့သို့ပင်။

ရီဖူရှင်းသည် ရွှေရောင်ကောင်းကင်လှေကားပေါ်သို့ အဟန့်အတားမရှိ တက်လိုက်သည်။ သူသည် တစ်ထစ်ပြီးတစ်ထစ် အထက်သို့ တက်သွားသည်။ သူ၏ ခြေလှမ်းများသည် လေးလံနေသည်ဟု ထင်ရသည်။

ကောင်းကင်လှေကား၏ အဆုံးတွင် အရှင်ဒွန်ဟောင် ရှိနေသည်။

သူသည် ဘုံခုနစ်ခု၏ မဟာအင်ပါယာခြောက်ပါးထဲမှ တစ်ပါးဖြစ်ပြီး ကောင်းကင်ဒေသ၏ အုပ်စိုးသူဖြစ်သည်။ သူသည် နှစ်တစ်ထောင်ကျော်အတွင်း ကြီးမားသော အောင်မြင်မှုများ ရခဲ့သည့် ကျင့်ကြံသူတစ်ယောက်ဖြစ်ကာ မဟာအင်ပါယာများအားလုံးထဲတွင် အထူးချွန်ဆုံးဟု ကျော်ကြားပေသည်။ သူ့ကိုသတ်ဖြတ်ရန် အတူပူးပေါင်းလုပ်ဆောင်ခဲ့သော အင်ပါယာလေးပါးသည် ရှုံးနိမ့်သွားခဲ့သည်။

ထိုစဉ်တွင် မယုံနိုင်လောက်အောင် စွမ်းအားကြီးသော ကောင်းကင်အရှိန်အဝါတစ်ခုသည် ရွှေရောင်ကောင်းကင်လှေကားပေါ်သို့ ကျဆင်းလာသည်။ ထုတ်ဖော်ခြင်းနတ်စွမ်းအား ထွက်ပေါ်လာ၏။ ချက်ချင်းပင် ရီဖူရှင်း၏လှုပ်ရှားမှုများသည် ပို၍ လေးလံသွားသည်။ သို့ပင်လျှင် သူသည် ထုတ်ဖော်ခြင်းနတ်စွမ်းအား၏ ချိပ်ပိတ်စွမ်းအားကို ခုခံရန် သူ၏နတ်စွမ်းအားကို အဆက်မပြတ် ဆက်ထုတ်လွှတ်နေလေသည်။ သူ၏တစ်ကိုယ်လုံးလည်း တောက်ပနေသည်။

ဝုန်း...

သူ အထက်သို့ ဆက်တက်လိုက်ချိန်တွင် ရွှေရောင်ကောင်းကင်လှေကားသည် တုန်ခါသွားသည်။ သူ ရပ်လိုက်ပြီး မော့ကြည့်သည်။ ကြောက်မက်ဖွယ် ရွှေရောင်နတ်အလင်းနှင့် ထုတ်ဖော်ခြင်းနတ်စွမ်းအားတို့သည် ပေါင်းစည်းသွားပြီး ကောင်းကင်လှေကားပေါ်သို့ ဖိနှိပ်ထားလေသည်။

သူသည် လှေကားပေါ်သို့ ဆက်၍ တက်လိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံ နောက်တစ်သံ ထွက်ပေါ်လာပြီး ရွှေရောင်ကောင်းကင်လှေကား မြည်ဟည်းသွားသည်။ အ‌ဝေးမှ အရာများပင် သက်ရောက်မှုခံလိုက်ရပြီး တုန်ခါသွားကြသည်။

ဝုန်း...

ဝုန်း...

ဝုန်း...

ရီဖူရှင်း၏ ခြေလှမ်းများ ‌နှေးကွေးသွားသည်။ သို့သော် သူ၏ခြေလှမ်းတိုင်းတွင် မုန်တိုင်းတစ်ခုစီ ထွက်ပေါ်လာလေသည်။ အစပိုင်းတွင် ရွှေရောင်ကောင်းကင်လှေကားသာ တုန်ခါနေခဲ့သော်လည်း ယခုတွင် ဒွန်ဟောင်အင်ပါယာနန်းတော်တစ်ခုလုံး တုန်ခါနေပေပြီ။ ၎င်းတို့သည် ရီဖူရှင်း ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း တုန်ခါသွားကြသည်။

ယခုတွင် ဒွန်ဟောင်အင်ပါယာနန်းတော်တစ်ခွင်လုံး တိတ်ဆိတ်နေသည်။ အားလုံး၏အကြည့်များသည် တစ်နေရာတည်းကိုသာ ကြည့်နေကြသည်။ ထိုနေရာမှာ အရှင်ဒွန်ဟောင် ထိုင်နေသောနေရာပင်။

ရီဖူရှင်းသည် ထိုနေရာသို့ ရောက်နိုင်မည်လော။

ဤတစ်ကြိမ်တွင် အရှင်ဒွန်ဟောင်သည် ရီဖူရှင်းကို သတ်မည်လော။

ရီဖူရှင်းသည် ရွှေရောင်ကောင်းကင်လှေကားကို တစ်ထစ်ပြီးတစ်ထစ် တက်နေ၏။ ‌နောက်ဆုံးတွင် သူသည် နောက်ဆုံးအထစ်ကို တက်လိုက်ပြီး ထိပ်သို့ ရောက်သွားလေတော့သည်။ သူ့အရှေ့တွင် ရွှေရောင်တလက်လက်တောက်ပနေသော လမ်းတစ်လမ်းရှိပေသည်။ ထိုလမ်းအဆုံးတွင် နောက်ထပ် လှေကားတစ်စင်းရှိသည်။ သို့သော် ထိုလှေကားတွင်မူ ကိုးထစ်သာရှိလေသည်။

ထိုလှေကားထိပ်တွင်မူ အင်ပါယာနန်းတော်တစ်ခု ရှိသည်။ အင်ပါယာနန်းတော်အရှေ့တွင် နတ်ပလ္လင်ရှိသည်။ ထိုနတ်ပလ္လင်ပေါ်တွင် အရှင်ဒွန်ဟောင်ထိုင်နေသည်။ သူသည် အမြဲ ထိုနေရာတွင် ရှိနေသကဲ့သို့ပင်။

ထိုစဉ်တွင် ရီဖူရှင်းသည် သူ့နှလုံးသားကို တစ်စုံတစ်ခု လာရောက်ထိမှန်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူသည် ရင်းနှီးကျွမ်းဝင်သည့် ခံစားချက် ခပ်ရေးရေးတစ်ခုကို ခံစားလိုက်ရ၏။ သူသည် ယခုကဲ့သို့ တူညီသောအခြေအနေကို ယခင်ကလည်း တွေ့ကြုံခဲ့ဖူးသလိုပင်။

“မဆိုးဘူး”

အရှင်ဒွန်ဟောင်က ကောင်းကင်လှေကားထိပ်သို့ ရောက်လာသော ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်၏။

“ရီအင်ပါယာနန်းတော်က လူတွေ ဘယ်မှာလဲ”

ရီဖူရှင်း မေးလိုက်သည်။

အရှင်ဒွန်ဟောင်သည် သူ၏ပလ္လင်မှနေ၍ ထရပ်လိုက်၏။ သို့သော် ရီဖူရှင်း၏မေးခွန်းကိုမူ မဖြေခဲ့ပေ။ သူသည် နတ်ပလ္လင်မှ ထလာပြီး လှေကားထစ်များကို ဆင်းကာ ရီဖူရှင်းအရှေ့တွင် ရပ်လိုက်သည်။ ကြောက်မက်ဖွယ် ထုတ်ဖော်ခြင်းနတ်စွမ်းအားသည် အရာအားလုံးကို ဖိနှိပ်သွား၏။ ယင်းဖိအားကို ခုခံရန် မဖြစ်နိုင်ချေ။

ဝုန်း...

ရီဖူရှင်းကိုယ်တွင်းမှ နတ်စွမ်းအား မြည်ဟည်း ထွက်ပေါ်လာပြီး သူ့ကို လှည့်ပတ်နေသည်။ သူသည် မဟာအင်ပါယာခြောက်ပါးထဲမှ အရှင်ဒွန်ဟောင်ကို ယခုမှ ပထမဆုံးအကြိမ် နဖူးတွေ့ဒူးတွေ့ တွေ့ရခြင်းဖြစ်သည်။ သူသည် သူ့အပေါ်သို့ ဖိနှိပ်နေသည့် ထုတ်ဖော်ခြင်းနတ်စွမ်းအားမှ အားကောင်းသည့် ဖိအားကို သိသိသာသာ ခံစားနေလေသည်။

ရွှီး...

နောက်ထပ် ကြောက်မက်ဖွယ် နတ်စွမ်းအားသည် ရီဖူရှင်းပတ်ပတ်လည်တွင် စီးဆင်းသွားသည်။ သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် လှုပ်ရှားသွားပြီး ထုတ်ဖော်ခြင်းနတ်စွမ်းအား၏ အချုပ်အနှောင်များမှ လွတ်မြောက်သွားသည်။ သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏လှံသည်လည်း ရှေ့သို့ ထိုးစိုက်သွားသည်။ သူ၏လှံ တိုက်ခိုက်လိုက်သောအခါ အချိန်နှင့်နေရာသည် တွန့်ခေါက်သွားသည်ဟု ထင်ရ၏။ ၎င်းသည် အဝေးတွင် ရှိနေသည်ဟု ထင်ရသော်လည်း နောက်တစ်ခဏတွင် အရှေ့သို့ ရောက်လာလေသည်။

အရှင်ဒွန်ဟောင်၏ မျက်လုံးများထဲမှနေ၍ ကြောက်မက်ဖွယ် နတ်အလင်း ဖြာထွက်လာသည်။ သူတို့ပတ်ပတ်လည်ရှိ နေရာသည် ထုတ်ဖော်ခြင်းနတ်စက်ကွင်းအဖြစ် ပြောင်းလဲသွား၏။ လှံသည် နတ်စက်ကွင်း၏ အလင်းမျက်နှာပြင်နှင့် ထိတိုက်သွားပြီး စွမ်းအား နည်းလာလေသည်။

ဖျစ်..ဖျစ်...

ငွေလှံသည် အချိန်နှင့်နေရာကို အံ့အားသင့်ဖွယ် တွန့်ခေါက်ပစ်လိုက်ပြီး ထုတ်ဖော်ခြင်းနတ်စက်ကွင်းအတွင်းရှိ နတ်စွမ်းအားကို ဝါးမျိုလိုက်သည်။ ထိုအခြင်းအရာသည် အရှင်ဒွန်ဟောင်ကို များစွာ အံ့အားသင့်သွားစေသည်။ ထို့နောက် သူသည် သူ၏လက်ဝါးဖြင့် လေကို ရိုက်လိုက်ပြီး အရာအားလုံးကို ဖိနှိပ်လိုက်သည်။

ဝုန်း...

ကျယ်လောင်သော ပေါက်ကွဲသံနောက်တစ်သံ ထွက်ပေါ်လာပြီး နတ်စွမ်းအားသည် ရီဖူရှင်းကို လွင့်သွားစေ၏။ သူသည် ရီဖူရှင်းကို ကြည့်လိုက်ပြီး ပြောလိုက်၏။

“လမ်းစဉ်ဖျက်ဆီးကျင့်စဉ်... မင်းဘာသာ ကောင်းကင်လမ်းစဉ်အသေးစားတစ်ခုကို ဖန်တီးထားပြီး အချိန်နဲ့နေရာကို တွန့်ခေါက်စေနိုင်တယ်ပေါ့လေ။ ပြီးတော့ ထုတ်ဖော်ခြင်းနတ်စွမ်းအားကိုလည်း ဝါးမျိုနိုင်တယ်... မင်း ကြီးမားတဲ့ အောင်မြင်မှုကို ရနိုင်ဖို့ မကြာလောက်တော့ပါဘူး”

ရီဖူရှင်း မျက်မှောင်ကြုတ်လိုက်သည်။ အရှင်ဒွန်ဟောင်သည် သူ၏ကျင့်ကြံခြင်းအကြောင်းကို ထိုမျှ သိနေလိမ့်မည်ဟု သူမထင်ခဲ့ပေ။ အရှင်ဒွန်ဟောင်သည် သူ၏ကျင့်ကြံခြင်းအကြောင်းကို အူမချေးခါးမကျန် သိနေသည်။

ရီဖူရှင်းသည် သူ့ရှေ့ရှိ မြင့်မားသောပုဂ္ဂိုလ်ကို ကြည့်ကာ သူသည် ထိုပုဂ္ဂိုလ်ကို ယခုမှ ပထမဆုံးအကြိမ် အနီးကပ်မြင်ဖူးခြင်းဖြစ်ကြောင်း တွေးမိသည်။ အရှင်ဒွန်ဟောင်သည် သူ၏နတ်ပလ္လင်မှ ဆင်းလာခဲ့ပြီဖြစ်လေသည်။

All Chapters