← Chapters

ဤလောကသည် ကျားခုံတစ်ခုံပင်

Vol. 202 Ch. 2876

ဤလောကသည် ကျားခုံတစ်ခုံပင်

Vol. 202 Ch. 2876

ကောင်းကင်နန်းတော်ရှေ့ရှိ နတ်ပလ္လင်အောက်ဘက်မှ နေရာသည် လုံးဝ တိတ်ဆိတ်သွားသည်။

ရီဖူရှင်းသည် အရှင်ဒွန်ဟောင်၏ ခန္ဓာကိုယ်ကို ထိုးဖောက်နေသော သူ့လက်ထဲရှိ လှံကို ကြည့်သည်။ သူ့မျက်လုံးများထဲတွင် အလွန်အံ့အားသင့်သည့် အရိပ်အယောင်များ ထွက်ပေါ်လာ၏။ သူ ဖြည်းဖြည်းချင်း ခေါင်းမော့၍ အရှင်ဒွန်ဟောင်ကို ကြည့်သည်။

“ဘာလို့လဲ”

သူ မေးလိုက်၏။

သူ နားမလည်နိုင်ပေ။

“မဟုတ်ဘူး... မလုပ်နဲ့....”

အသံတစ်သံက ‌အော်ပြောလိုက်၏။ ထိုဘက်တွင် လှပသော လူတစ်ယောက် ထွက်ပေါ်လာ၏။ ထိုသူသည် ဒွန်ဟောင်တိယွမ်ပင်။

ရီဖူရှင်းသည် သူမကို ကြည့်လိုက်၏။ သူသည် ဒွန်ဟောင်တိယွမ်၏ မျက်လုံးများထဲတွင် ရင်းနှီးသော အရိပ်အယောင်တစ်ခုကို မြင်လိုက်ရ၏။ ၎င်းသည် သူ အောက်မေ့ခြင်းတေးသွားကို တီးခတ်ခဲ့စဉ်က သူမမျက်နှာပေါ်ရှိ ဝမ်းနည်းသောမျက်နှာထားနှင့် ဆင်တူပေသည်။ ဤတစ်လျှောက်လုံး ဒွန်ဟောင်တိယွမ်သည် သူ အပြည့်အဝ နားမလည်နိုင်ခဲ့သည့် ဆန်းကြယ်သူ တစ်ယောက် ဖြစ်ခဲ့သည်။

အချို့အချိန်များတွင် သူမသည် မောက်မာစွာ ပြုမူကာ သူ့ကို တမင် လှောင်ပြောင်သည်အထိ လုပ်ခဲ့သည်။ သူမ၏ မာနကြီးသည့် စိတ်ဓာတ်သည် စိတ်ကြီးဝင်မှုမှ ဖြစ်ပေါ်လာခြင်းပင်။ သို့သော် အချို့အချိန်များတွင်မူ ဒွန်ဟောင်တိယွမ်ထံတွင် နက်ရှိုင်းသောလျှို့ဝှက်ချက်တစ်ခု ရှိနေသည်ဟု သူခံစားခဲ့ရလေသည်။

သူမနောက်တွင် မဟာဧကရီနှစ်ပါးသည်လည်း လေထဲတွင် ရပ်နေသည်။ သူမတို့၏ အကြည့်များသည် ရီဖူရှင်းပေါ်သို့ သိမ်သိမ်မွေ့မွေ့ ကျလာသည်။

သူမတို့၏ မျက်လုံးများထဲတွင် မျက်ရည်စများ ရှိနေသည်ကိုပင် အံ့အားသင့်ဖွယ် တွေ့မြင်ရလေသည်။

“ဘာလို့လဲ”

ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်ကို ကြည့်၍ မေးလိုက်သည်။ အားလုံးသည် သူမသိသော အရာတစ်ခုကို သိထားသည်ဟု သူခံစားနေရသည်။

အရှင်ဒွန်ဟောင်သည် ထိုအကြောင်းကို သိသည်။ ထို့ကြောင့် ဒွန်ဟောင်တိယွမ်လည်း သိသည်။ အနောက်မှ မဟာဧကရီများပင် သိလေသည်။

“မင်း(၁၆)နှစ်အရွယ်တုန်းက မြေရိုင်းဒေသမှာ လွတ်လွတ်လပ်လပ် နေထိုင်နိုင်ခဲ့တယ်လို့ ငါ တိယွမ်ဆီက ကြားတယ်။ အရင်တုန်းက မင်းက ဘာအပူအပင်မှ မရှိခဲ့တဲ့ အပြစ်ကင်းတဲ့ လူငယ်လေး ဖြစ်ခဲ့တာပဲ”

အရှင်ဒွန်ဟောင်က ရုတ်တရက် ပြောလိုက်၏။ သူ၏အသံသည် နူးညံ့နေပြီး သူသည် ရီဖူရှင်းကို သိမ်မွေ့စွာပြုံး၍ ကြည့်နေလေသည်။

“အဲဒီနောက်မှာ မင်းက ဟွာဖုန်းလျှိုနောက်ကိုလိုက်သွားပြီး ချင်းကျူမြို့ကို သွားခဲ့တယ်။ အဲဒီက စံအိမ်တစ်ခုမှာ ဆရာတစ်ယောက်ကို တွေ့ခဲ့တယ်။ မင်းက ရှောင်တုနဲ့ တွေခဲ့တယ်... ပြီးတော့ အရှေ့မြေရိုင်းဒေသကို သွားပြီး နန်းတော်ထဲ ဝင်ခဲ့တယ်။ မင်း ဒေသကိုးခုက ထွက်ပြီး အင်ပါယာရှားနဲ့ မတွေ့ခင်မှာ သေလုနီးပါး အတွေ့အကြုံတွေကို ကျော်ဖြတ်ခဲ့ရပြီးတော့ အခြားကိစ္စအများကြီးနဲ့ တွေ့ကြုံခဲ့ရတယ်။ အဲဒီနှစ်တွေမှာ မင်းအတွက် ခက်ခဲခဲ့မှာပေါ့”

ရီဖူရှင်း ရင်ခုန်မြန်သွားသည်။ အရှင်ဒွန်ဟောင် ထိုအကြောင်းများကို သိနေခြင်းမှာ သူက အင်ပါယာရီချင်၏ မျိုးဆက် ဖြစ်နေ၍လော။

အရှင်ဒွန်ဟောင်သည် အနာဂတ်တွင် သူ့အတွက် ဖြစ်လာနိုင်မည့် အန္တရာယ်အားလုံးကို လိုရမည်ရ ရှင်းပစ်ရန် ကြံနေခဲ့ခြင်းလော။

ထိုကိစ္စသည် မဖြစ်နိုင်ပေ။

အရှင်ဒွန်ဟောင်သည် အရာအားလုံးကို သိသည် မဟုတ်ပါလော။ သူသည် ထိုနှစ်များအတွင်း၌ ဖြစ်ခဲ့သော ကိစ္စတစ်ခုချင်းစီတိုင်းကို သိနေသည်။

သူသည် ရှောင်တုဟု ဆိုခဲ့သလော။ သို့ဆိုလျှင် ဆရာတု၏ ဇစ်မြစ်အစစ်အမှန်သည် အဘယ်နည်း။

“လှံကို ပြန်နုတ်လိုက်ပါ”

ဒွန်ဟောင်တိယွမ်က အသနားခံလိုက်သည်။ သူမ၏လှပသော မျက်လုံးများထဲတွင် မျက်ရည်စများနှင့် ပြည့်နေပြီး ရီဖူရှင်းကို ကြည့်နေသည်။

ရီဖူရှင်း ကြက်သေ,သေသွားပြီး သူ့စိတ်သည် ချာချာလည်သွားသည်။ ရုတ်တရက် သူ့စိတ်ထဲတွင် မှတ်ဉာဏ်များစွာ ထွက်ပေါ်လာ၏။ မှတ်ဉာဏ်များသည် များပြားလွန်းသဖြင့် သူသည် ၎င်းတို့ကို မှန်မှန်ကန်ကန် မစီနိုင်ပေ။

သို့သော် သူသည် သူ၏လှံကို ပြန်နုတ်လိုက်ပေသည်။ သူ့လှံ၏ အဖျက်စွမ်းအားသည် အရှင်ဒွန်ဟောင်ကို သိသိသာသာ ထိခိုက်စေခဲ့ပြီ မဟုတ်ပါလား။

သို့သော် အရှင်ဒွန်ဟောင်သည် ပြုံးရုံသာပြုံး၍ နောက်လှည့်ကာ လှေကားထစ်များပေါ်သို့ ပြန်တက်သွားသည်။ ထို့နောက် သူသည် ထိုနေရာတွင် ထိုင်သည်ဆိုရုံ ထိုင်လိုက်သည်။ ထိုအခိုက်တွင် သူသည် လောကတစ်ခုလုံးကို မြင်နိုင်သည့် မဟာအင်ပါယာတစ်ပါးနှင့် မတူဘဲ သာမန် အသက်လတ်ပိုင်းအရွယ် လူတစ်ယောက် သို့မဟုတ် သဘောကောင်းသော အကြီးအကဲတစ်ယောက်ဟုသာ ထင်ရသည်။

“မင်းဆီမှာ မေးခွန်းတွေ အများကြီး ရှိနေမယ်ဆိုတာ ငါသိတယ်။ မင်း အပြည့်အဝ နားလည်နိုင်ဖို့အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း(၅၀၀)က ကိစ္စတွေ အစပြုခဲ့တဲ့ အချိန်ကစပြီး ပြောရမှာပဲ”

အရှင်ဒွန်ဟောင်က ရီဖူရှင်းကို စိုက်ကြည့်ကာ ပြောလိုက်၏။

“အဲဒီအချိန်တုန်းက စည်းမျဉ်းဥပဒေသတွေဆိုတာ မရှိသလောက်ပဲ။ အဲဒီတော့ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေက ဘယ်တော့မှ အဆုံးသတ်တယ်ဆိုတာ မရှိခဲ့ဘူး။ အရင်တုန်းက မူလဘုံ တည်ရှိခဲ့တဲ့နေရာမှာ အခြေအနေတွေက ဆိုးဝါးခဲ့တယ်။ နှစ်နဲ့ချီအောင် ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် လူတွေ မရေမတွက်နိုင်အောင် သေခဲ့ကြတယ်။ နောက်ဆုံးကျ မူလဘုံက ကျင့်ကြံသူတွေ ပျက်သုဉ်းခဲ့ကြတယ်။ အင်ပါယာချင်နဲ့ ငါက ပရမ်းပတာတွေကို အဆုံးသတ်ဖို့ ဆန္ဒရှိခဲ့ကြတယ်... ဒါပေမဲ့ စိတ်မကောင်းစရာက ငါတို့ရဲ့ စွမ်းရည်တွေက ကန့်သတ်ချက်တွေ ရှိနေခဲ့တယ်။ ငါတို့ အရမ်းလိုချင်တဲ့ ရလဒ်ကို သူ(မ)နဲ့ တွေ့တဲ့အချိန်အထိ မရခဲ့ကြဘူး”

အရှင်ဒွန်ဟောင်သည် သူမအကြောင်းကို ပြောလိုက်သောအခါ သူ၏မျက်လုံးများထဲတွင် ပကတိနူးညံ့မှုနှင့် ပြည့်နှက်သွားပြီး လေးစားသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာလေသည်။

ကောင်းကင်ဒေသ၏ အုပ်စိုးသူ၊ မဟာအင်ပါယာခြောက်ပါးထဲမှ တစ်ပါးသည် သူ၏ကြင်ရာတော်အကြောင်း ပြောသောအခါ မျက်လုံးများထဲတွင် လေးစားမှုများ ပြည့်နှက်လာပေသည်။ ထို့ကြောင့် သူမသည် မည်မျှ ထူးကဲခဲ့မည်ကို တွေးကြည့်နိုင်ပေသည်။

“ဒီလောကထဲမှ သူ့လိုလူမျိုး နောက်တစ်ယောက် ရှိလာနိုင်တော့မှာ မဟုတ်ဘူး”

အရှင်ဒွန်ဟောင် သက်ပြင်းချလိုက်သည်။ သူ၏သိမ်မွေ့သော မျက်နှာထားသည် ရုတ်တရက် မှိုင်းညို့သွားသည်။ သူ ရီဖူရှင်းကို ကြည့်လိုက်ပြီး ဆက်ပြောလိုက်၏။

“သူက ကောင်းကင်အင်ပါယာရဲ့ သမီးတော်ပဲ။ ကောင်းကင်အင်ပါယာ သေသွားတော့ ကောင်းကင်ဘုံက အမှောင်ခေတ်ထဲကို ကျရောက်သွားခဲ့တယ်။ ဒါပေမဲ့ ကောင်းကင်အင်ပါယာ ချန်ထားခဲ့တဲ့ မိဘမဲ့လေးက သမိုင်းတစ်လျှောက်လုံးမှာ အထူးချွန်ဆုံး အမျိုးသမီးတစ်ယောက်ပဲ။ သူက ကောင်းကင်မင်းသမီးဖြစ်ဖို့ မွေးဖွားလာခဲ့တာ... သူနဲ့ ယှဉ်နိုင်တဲ့သူ မရှိခဲ့ဘူး”

ရီဖူရှင်းသည် သူ့နှလုံးသားကို တစ်ခုခု လာထိမှန်သည်ဟု ရုတ်တရက် ခံစားလိုက်ရပြီး ရင်ခုန်မြန်လာလေသည်။ ဓားဧကရာဇ်အရှင်သည်လည်း ယခင်က ထိုကဲ့သို့ ပြောခဲ့ဖူးသည်။

သူမသည် ကောင်းကင်မင်းသမီးဖြစ်ရန် မွေးဖွားလာခဲ့ပြီး ယှဉ်နိုင်သည့်သူ မရှိပေ။ သူမ မရှိတော့လျှင် လောကကြီးသည် အရောင်အသွေးစုံတော့မည် မဟုတ်ပေ။

ယခုတွင် အရှင်ဒွန်ဟောင်သည်လည်း တူညီသောအရာတစ်ခုကို ပြောနေလေသည်။

သူတို့နှစ်ယောကသည် အဆင့်မတူပေ။ အရှင်ဒွန်ဟောင်သည် လောက၏ ထိပ်ဆုံးတွင် ရပ်တည်နိုင်သူတစ်‌ယောက်ဖြစ်သည်။

“သူက လုံးဝကို စိတ်ကူးယဉ်သမားတစ်ယောက်ပဲ။ သူက အင်ပါယာအဆင့် ရောက်ပြီးတာတောင် ကောင်းကင်အင်ပါယာ ဖြစ်လာဖို့ ငြင်းခဲ့တယ်။ အဲဒီအစား သူက တိတ်တဆိတ် ဆက်ကျင့်ကြံနေခဲ့တယ်။ ကောင်းကင်လမ်းစဉ်ကို ပြိုပျက်စေခဲ့တာ ကောင်းကင်လမ်းစဉ်ဟောင်းရဲ့ တိုက်ပွဲဆိုတာ သူသိခဲ့တယ်။  လောကထဲက စည်းမျဉ်းဥပဒေတွေကို ဆုံးရှုံးခဲ့ရတာက လောကကြီးကို ပိုကောင်းတဲ့နေရာတစ်ခု ဖြစ်မလာစေဘူး။ အဲဒီအစား အင်ပါယာတွေရဲ့ လမ်းစဉ် ပျက်စီးသွားလို့ ကျင့်ကြံသူတွေက အင်ပါယာအဆင့်ကို ရောက်နိုင်ဖို့ ကျင့်ကြံခြင်းအရင်းအမြစ်တွေကို အသည်းအသန် လုယက်လာကြတယ်။ လောကထဲမှာ ကျန်ခဲ့တဲ့ မဟာအင်ပါယာ နည်းနည်းလောက်ကလည်း သူတို့ရဲ့ အကြံတွေကို ကာကွယ်ဖို့ ပုန်းကွယ်နေဖို့ ရွေးချယ်ခဲ့ကြတယ်။ သူတို့က လောကကြီးကို သူတို့ဘာသာ အုပ်စိုးချင်တဲ့တယ်... အရာအားလုံးရဲ့ အုပ်စိုးသူတွေ ဖြစ်လာချင်ခဲ့တယ်။ အဲဒါမှ လောကကြီးရဲ့ စည်းမျဉ်းတွေက သူတို့ဆန္ဒအတိုင်း လုပ်ဆောင်လည်ပတ်မှာကိုး...”

“အဲဒါကြောင့် သူက ကောင်းကင်လမ်းစဉ်ကို ပြန်တည်ဆောက်ပြီး အင်ပါယာတွေရဲ့ လမ်းစဉ်ကို ပြန်ပြုပြင်လိုခဲ့တယ်။ အဲဒါမှ လောကထဲက ကျင့်ကြံသူတွေ အကုန်လုံး အင်ပါယာဖြစ်နိုင်မယ့် အခွင့်အရေးကို ရကြမှာ။ သူက တခြားသူတွေ သူတို့ရဲ့ လမ်းစဉ်ကို သက်သေပြတာကိုတောင် ကူညီချင်ခဲ့တယ်။ အဲဒီအချိန်မှာ အင်ပါယာရီချင်နဲ့ငါ သူ့ကို ပထမဆုံး တွေ့ခဲ့တာပဲ”

ရီဖူရှင်း အံ့အားသင့်သွားသည်။ ကောင်းကင်မင်းသမီးသည် ကောင်းကင်လမ်းစဉ်ကို ပြန်တည်ဆောက်ပြီး အင်ပါယာများ၏လမ်းစဉ်ကို ပြန်ပြုပြင်လိုခဲ့သည်။

ထို့အပြင် အရှင်ဒွန်ဟောင်နှင့် အင်ပါယာရီချင်တို့ အင်ပါယာများ ဖြစ်လာနိုင်ခဲ့ခြင်းမှာ သူမနှင့် ပတ်သတ်နေသည်။ အရှင်ဒွန်ဟောင် ပြောသလိုဆိုလျှင် သူမ၏အကူအညီကြောင့်သာ သူတို့သည် သူတို့၏လမ်းစဉ်များကို သက်သေပြနိုင်ခဲ့ကာ အင်ပါယာအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပေမည်။

ထို့အပြင် နောက်ပိုင်းတွင် အရှင်ဒွန်ဟောင် ကောင်းကင်ဒေသအတွက် လုပ်ပေးခဲ့သော သိုင်းပညာကို ပြန်ဖွံ့ဖြိုးလာစေခြင်းနှင့် လောကကြီးထဲမှ လူတိုင်း ကျင့်ကြံနိုင်စေခဲ့ခြင်းတို့ အပါအဝင် အရာအားလုံးသည် သူမ၏ဆန္ဒကြောင့် ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် အရှင်ဒွန်ဟောင်အတွက် သူမသည် ကြင်ရာတော်ဇနီးမယားတစ်ယောက်ထက် ပိုပေသည်။

အရှင်ဒွန်ဟောင် ဆက်ပြောလိုက်၏။

“သူ့ရဲ့ အကူအညီနဲ့ အင်ပါယာရီချင်နဲ့ ငါက ကောင်းကင်ဒေသကို သိမ်းပိုက်ပြီး စည်းရုံးနိုင်စေခဲ့တယ်။ ငါတို့က မူလဘုံက တိုက်ပွဲကိုလည်း နိုင်ခဲ့ပြီးတော့ မူလဘုံကို အုပ်စိုးနိုင်တဲ့ အာဏာရခဲ့တယ်။ အဲဒီနောက်မှာ သူက မူလဘုံကို ချိပ်ပိတ်လိုက်တယ်... အဲဒါမှ မူလဘုံက တခြားဘုံတွေနဲ့ သီးခြားဖြစ်သွားပြီး ကျူးကျော်မှုတွေကို တားဆီးနိုင်မှာလေ”

လွန်ခဲ့သော နှစ်ပေါင်း(၅၀၀)က အရှင်ဒွန်ဟောင်နှင့် အင်ပါယာရီချင်တို့သည် မဟာအင်ပါယာဖြစ်လာခါစအချိန်မှာပင် အဘယ်သို့ မူလဘုံမှ တိုက်ပွဲကို အနိုင်ရခဲ့သနည်း။

သူတို့၏နောက်တွင် သူမရှိခဲ့သဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း ယခု သူသိခဲ့ရပေပြီ။

ဗုဒ္ဓများသည် ထိုကိစ္စကြောင့် သူ့ကို ကူညီလိုခဲ့ခြင်းလော။

သူတို့ ထိုသို့လုပ်ခဲ့သဖြင့် မူလဘုံသည် နှစ်ရာပေါင်းများစွာ တိုင်အောင် အေးချမ်းခဲ့သည်။

“အားလုံးက အဆင်ချောနေခဲ့တယ်။ သူကလည်း သူ့ရဲ့ရည်မှန်းချက်တွေကို ပြီးမြောက်အောင် လုပ်နိုင်တော့မယ်။ ဒါပေမဲ့ အဲဒါက ဘေးဒုက္ခတစ်ခုကိုလည်း ယူဆောင်လာခဲ့တယ်”

အရှင်ဒွန်ဟောင်၏မျက်လုံးများ ရုတ်တရက် အေးစက်သွားသည်။ သူ ဆက်ပြောလိုက်၏။

“အဲဒီအချိန်တုန်းက ကောင်းကင်ဘုံက လောကထဲက ဘုံအားလုံးထဲမှာ  အင်အားအကြီးဆုံးပဲ။ ပြီးတော့ ကောင်းကင်အင်ပါယာက မဟာအင်ပါယာတွေထဲမှာ စွမ်းအားအကြီးဆုံးပဲ။ ဒါပေမဲ့ သူက ရုတ်တရက်ကြီး သေသွားခဲ့တယ်။ နောက်တော့ သူ(မ)က ကောင်းကင်လမ်းစဉ်ကို ပြန်တည်ဆောက်ဖို့ အဆက်မပြတ် ကြိုးစားနေရင်း အဲဒီလိုအတွေးရှိတာ သူတစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သိခဲ့ရတာ။ ဒါပေမဲ့ အမှန်တော့ အဲဒီတခြားတစ်ယောက်က ကောင်းကင်လမ်းစဉ်ကို ပြန်တည်ဆောက်ချင်တာ မဟုတ်ဘူး... အစားထိုးချင်ခဲ့တာပဲ။ သူက လောကတစ်ခုလုံးရဲ့ အုပ်စိုးသူ ဖြစ်လာခဲ့တယ်။ အဲဒါကလည်း ကောင်းကင်အင်ပါယာ သေခဲ့ရတာပဲ...”

“သူက ချဉ်းကပ်လာတဲ့ အန္တရာယ်ကို ကြိုမြင်ပြီးသွားတော့ ကိစ္စတချို့ကို သူ ပြီးဆုံးတဲ့အထိ လုပ်နိုင်တော့မှာ မဟုတ်ဘူးလို့ နားလည်သွားခဲ့တယ်။ ဒီတော့ သူက သူရဲ့ ဆန္ဒကို ဆက်ခံပြီး အဲဒီဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ့် သူတစ်ယောက်ကို ရှာခဲ့တယ်။ စိတ်မကောင်းစရာက အင်ပါယာရီချင်ရော ငါရော အဲဒီလိုလုပ်နိုင်မယ့် စွမ်းရည်မျိုးကို မပိုင်ဆိုင်ခဲ့ကြဘူး။ အဲဒါကြောင့် အစီအစဉ်အသစ်တစ်ခုကို ဆွဲခဲ့ကြတယ်”

အရှင်ဒွန်ဟောင်သည် ရီဖူရှင်းကို စူးစိုက်ကြည့်ကာ ပြောလိုက်၏။

ထိုအချိန်တွင် ရီဖူရှင်းသည် အပြင်းအထန် ရင်ခုန်နေလေသည်။ သူ့စိတ်သည် ဗလာဖြစ်နေပြီး သူသည် ရပ်တန့်သွားသည်ဟု ခံစားနေရသည်။

သူ့လက်ထဲရှိ လှံသည်ပင် တုန်ခါနေသည်။

ဤလောကသည် ကျားခုံတစ်ခုံပင်။ သို့သော် မည်သူများက နယ်ရုပ်များ၊ မည်သူများက ကစားသူများနည်း။

ယခုတွင် သူသိခဲ့ရပေပြီ။

All Chapters