← Chapters

ပြောင်းလဲလာမည့် ခေတ်

Vol. 202 Ch. 2877

ပြောင်းလဲလာမည့် ခေတ်

Vol. 202 Ch. 2877

ရီဖူရှင်း၏ လက်ထဲမှ လှံ ပျောက်ကွယ်သွားပြီး သူ့စိတ်သည် လွန်စွာရှုပ်ထွေးသွားသည်။

ကောင်းကင်လမ်းစဉ်သည် လောကရှေးဟောင်းသစ်ပင်အဖြစ် ပြောင်းလဲခံခဲ့ရသည်။

လောကရှေးဟောင်းသစ်ပင်သည် နတ်ပစ္စည်းအားလုံးကို သိမြင်နားလည်နိုင်ခဲ့ခြင်းမှာ အံ့အားသင့်စရာ မရှိတော့ပေ။ ၎င်းထံတွင် ရင်းမြစ်စွမ်းအား ပါဝင်သည် မဟုတ်ပါလား။

ထို့ကြောင့် သူသည် ကောင်းကင်လမ်းစဉ်ကို ပြန်တည်ဆောက်မည့် အစီအစဉ်အသစ်ထဲမှ လူဖြစ်ပေမည်။

အရာအားလုံးသည် အမှန်ပင် ကြိုတင်သတ်မှတ်ထားပြီးသည့်ပုံပင်။

ရီဖူရှင်းက အရှင်ဒွန်ဟောင်ကို ပြန်အာရုံမစိုက်ခင် အချိန်ကြာမြင့်စွာ ကုန်ဆုံးသွားခဲ့သည်။ သူ၏မျက်လုံးများထဲတွင် ရှုပ်ထွေးသော ခံစားချက်အရိပ်အယောင်များ ရှိနေသည်။

ကောင်းကင်အင်ပါယာ၏ သမီးတော်သည် အရှင်ဒွန်ဟောင်၏ ကြင်ရာတော် ဖြစ်ခဲ့သည်။

ထို့ကြောင့် သူ တစ်လျှောက်လုံး ရှာနေခဲ့သော သူ၏ဇစ်မြစ်အစစ်အမှန်သည် သူ့ရှေ့တွင် ရှိနေခဲ့ပေသည်။ သူ စိုးရိမ်နေခဲ့သော ရန်သူသည် သူ၏ မွေးဖခင်ဖြစ်နေသည်။

ကောင်းကင်ဒေသ၏ အုပ်စိုးသူသည် သူ၏ မွေးဖခင်ဖြစ်သည်။ သို့သော် သူသည် ဤတစ်ချိန်လုံး ကောင်းကင်ဒေ၏ အရိပ်အောက်တွင် နေ,နေခဲ့သည်။ မည်မျှ ရက်စက်သော ကံကြမ္မာပေနည်း။

ရီဖူရှင်း ရုတ်တရက် ရယ်လိုက်သည်။ ထိုရယ်သံသည် အနည်းငယ် ရွဲ့သည့်အသံ ပေါက်နေသည်။ သူ မည်သူ့ကို ရယ်နေသည်၊ မည်သည်ကို ရယ်နေသည်ကို သူမသိပေ။

ဤကဲ့သို့သော အဆုံးသတ်မျိုး ဖြစ်လာနိုင်သည်ဟု သူတစ်ခါမှ မတွေးဖူးခဲ့ချေ။ သူသည် ဖြစ်နိုင်ချေပေါင်း များစွာကို မျှော်လင့်ခဲ့သော်လည်း ဤကဲ့သို့ ဖြစ်လိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။

“သူ့မှာ ရွေးချယ်စရာ မရှိခဲ့ဘူး”

ဘေးမှ အသံတစ်သံက ပြောလိုက်၏။ ထိုအသံက ရီဖူရှင်း၏အာရုံကို ဆွဲဆောင်သွား၏။ သူလှည့်၍ ကြည့်လိုက်ရာ ဒွန်ဟောင်တိယွမ်သည် မျက်ရည်များဖြင့် အလွန် ဝမ်းနည်းပုံ ပေါ်နေသည်ကို သူတွေ့လိုက်ရလေသည်။ သူမသည်လည်း ကိစ္စများစွာကို တွေ့ကြုံခံစားခဲ့ရသကဲ့သို့ပင်။

“ဒီကိစ္စမှာ ဘယ်သူ့မှာမှ ‌ရွေးချယ်စရာ မရှိခဲ့ဘူး... သူတို့အားလုံးက တူညီတဲ့အရာအတွက် တိုက်ခိုက်နေခဲ့ကြတာပဲ။ တကယ်လို့ ရှင်တစ်ယောက်တည်း ကျန်ခဲ့တယ်ဆိုရင် သူတို့က သေချာပေါက် ရှင့်ကို ရှာတွေ့သွားမှာပဲ။ အဲဒါကြောင့် လူအများကြီးက သူတို့ကိုယ် သူတို့ အနစ်နာခံခဲ့ကြတာပဲ။ အဲဒီထဲမှာ ကျွန်မ အဖေလည်းပါတယ်”

ဒွန်ဟောင်တိယွမ်က ရီဖူရှင်းကို ကြည့်၍ ပြောလိုက်၏။

ရီဖူရှင်းသည် ရင်ခုန်မြန်သွားပြီး ဒွန်ဟောင်တိယွမ်ကို ကြည့်သည်။

“မင်းရဲ့အဖေက...”

သူရေရွတ်လိုက်သည်။

“အင်ပါယာရီချင်လား”

“ဟုတ်တယ်...”

ဒွန်ဟောင်တိယွမ် ခေါင်းညိတ်လိုက်၏။

ရီဖူရှင်းသည် အင်ပါယာရီချင် သူ့ကို မြင်ခဲ့စဉ်က ငိုကြွေးခဲ့သည်ကို မှတ်မိပေသည်။ နောက်ဆုံးတွင် အင်ပါယာရီချင်သည် သူ၏စိတ်ဝိညာဉ်ကို မြင်လိုက်သောအခိုက်တွင် ရီဖူရှင်းမည်သူမည်ဝါဆိုသည်ကို သိသွားပြီဖြစ်ကြောင်း ရီဖူရှင်း သဘောပေါက်သွားသည်။

သူ၏မိဘများထဲမှ တစ်ယောက်မှာ အင်ပါယာရီချင်၏ ညီနောင်ဖြစ်ပြီး ကျန်တစ်ယောက်မှာ အင်ပါရာရီချင် အလေးစားဆုံးသူတစ်ယောက် ဖြစ်ပေသည်။

“မင်းသမီးက အင်အားအရာမှာ ပြိုင်ဘက်ကင်းတာ အံ့ဩစရာ မရှိတော့ပါဘူး။ မင်းသမီးက ကလေးအရွယ်ကတည်းက ဖီးနစ်ဘိုးဘေးရဲ့ သွေးထဲမှာ စိမ်ခဲ့ရတာပဲ။ တပ်ဖွဲ့ရှစ်ဖွဲ့ရဲ့ အမွေအနှစ်တွေပေါ်လာတုန်းကလည်း မင်းသမီးက နာဂါစွမ်းအားကို အမွေဆက်ခံဖို့ ရွေးခဲ့တယ်။ နဂါးဘိုးဘေးနဲ့ ဖီးနစ်ဘိုးဘေးက မင်းသမီးကို ကာကွယ်ပေးတယ်”

ရီဖူရှင်းသည် သူ့ဘာသာ ရေရွတ်နေသကဲ့သို့ ပြောလိုက်၏။

“ဒီတော့ ကောင်းကင်ဘုံမှာ ကောင်းကင်လမ်းစဉ်အောက်မှာ ထွက်ပေါ်လာတဲ့ နတ်ဒီမွန်းပုံချပ်က ကျုပ်အတွက် မဟုတ်ဘဲ မင်းသမီးအတွက်ပေါ့”

ဒွန်ဟောင်တိယွမ် ပြန်မဖြေလိုက်ပေ။ သူမသည် ၎င်းက သူမအတွက်ဖြစ်ကြောင်း သိခဲ့သည်။ သို့သော် သူမသည် ၎င်းအတွက် မတိုက်ခိုက်ခဲ့ချေ။ သူမ၏ အပြုအမူသည် ၎င်းက ရီဖူရှင်းနှင့် သက်ဆိုင်ကြောင်း တိတ်တဆိတ် အသိအမှတ်ပြုခဲ့သလိုပင်။

“ကျွန်မရဲ့ အဖေ သေသွားကတည်းက ဒွန်ဟောင်အင်ပါယာနန်းတော်က စောင့်ကြည့်ခံခဲ့ရတာ။ အဲဒါကြောင့် အင်ပါယာနန်းတော် လုပ်ခဲ့တဲ့အရာအားလုံးက ကျွန်မရဲ့ အဖေချန်ခဲ့တဲ့ ခြေရာလက်ရာအကုန်လုံးကို ရှင်းပစ်ဖို့လို့ ထင်ရပေမယ့် တကယ်တော့ ရှင် ရှိနေတယ်ဆိုတာကို ဖုံးကွယ်ဖို့ပဲ။ သူ့မှာ ရွေးချယ်စရာ မရှိခဲ့ဘူး။ ဒီနှစ်တွေအတွင်းမှာ သူက ဒီကိစ္စအားလုံးကို သူ့ဘာသာ ခေါင်းခံနေခဲ့တာပဲ”

ဒွန်ဟောင်တိယွမ်သည် ရီဖူရှင်းတစ်ယောက် အရှင်ဒွန်ဟောင်အပေါ် နာကျည်းနေမည်ကို စိုးရိမ်နေသည်။

အင်ပါယာရီချင်းအကြောင်းသည် ကောင်းကင်ဒေသတွင် ပြော၍မရသော အကြောင်းတစ်ခု ဖြစ်ခဲ့ရခြင်းနှင့် သူ၏ခြေရာလက်ရာ အကုန်လုံးကို ရှင်းပစ်ခံရခြင်းသည် သူ့ကြောင့် ဖြစ်နေသည်။ နောက်ဆုံးတွင် သူ ကြီးပြင်းခဲ့သော ချင်းကျူမြို့သည်ပင် လုံးဝပျောက်ကွယ်သွားခဲ့ပေသည်။

ထို့ကြောင့် ကန့်လန့်ကာ နောက်ကွယ်တွင် ရှိနေခဲ့သော သူ၏မွေးစားအဖေသည်လည်း အဓိကကြိုးကိုင်သူတစ်ယောက် ဖြစ်ခဲ့ပေလိမ့်မည်။

သူ၏မွေးစားအဖေသည် သူငယ်စဉ်ကတည်းက သူသည် အင်ပါယာတစ်ပါးဖြစ်ဖို့ မွေးဖွားလာသူတစ်ယောက်ဟု ပြောခဲ့ခြင်းမှာ အံ့အားသင့်စရာ မရှိတော့ချေ။ ထိုစကားသည် အမှန်ပင် ကံကြမ္မာဖြစ်နေခဲ့ပေသည်။ သူ မွေးလာကတည်းက သူသည် သေလျှင်သေ၊ မသေလျှင် ပလ္လင်ကို ဆက်ခံရမည်ဖြစ်သည်။

“ဒီတော့ ဒီကိစ္စထဲမှာ ဗုဒ္ဓလောကရော ပါတာလား”

ရီဖူရှင်း ပြောလိုက်၏။

“အရင်တုန်းက ငါ အင်ပါယာတစ်ပါး မဖြစ်ခင်တုန်းက ငါ ကျင့်ကြံဖို့အတွက် ဗုဒ္ဓလောကကို သွားခဲ့တယ်။ ငါ့ကို သွားဖို့ပြောခဲ့တာ မင်းအမေပဲ။ သူနဲ့ အကြွင်းမဲ့ဗုဒ္ဓတို့က ဗုဒ္ဓတရားတော်တွေကို အတူတူ ဆွေးနွေးခဲ့ကြတယ်။ အဲဒါကြောင့် အကြွင်းမဲ့ဗုဒ္ဓက ငါ့ကို တော်တော် တလေးတစားနဲ့ တန်ခိုးတော်ခြောက်ပါးထဲက တစ်ပါးဖြစ်တဲ့ သံသရာမှလွတ်မြောက်ခြင်းကို သင်ပေးလိုက်တာပဲ”

အရှင်ဒွန်ဟောင် ပြောလိုက်၏။

“အဲဒါက ဗုဒ္ဓလမ်းစဉ်မှာ အဆင့်အမြင့်ဆုံး ဗုဒ္ဓအတတ်ပဲ။ အဲဒီအတတ်ကို ဘယ်သူ့ကိုမှ လွယ်လွယ် သင်ပေးတာ မဟုတ်ဘူး။ အကြွင်းမဲ့ဗုဒ္ဓအပြင် ကံကြမ္မာဗုဒ္ဓ၊ ဆေးဗုဒ္ဓအရှင်နဲ့ အတော်လေး ရိုသေလေးစားမှု ခံရတဲ့ တခြားမဟာဗုဒ္ဓနည်းနည်းလောက်ပဲ အမှန်တရားကို သိကြတယ်”

ရီဖူရှင်းသည် ဆေးဗုဒ္ဓအရှင်၏ ခက်ထန်သော သဘောထားနှင့် ကံကြမ္မာဗုဒ္ဓပြောခဲ့သော နှစ်(၅၀၀)ကံကြမ္မာအကြောင်းကို တွေးလိုက်သည်။ ထိုအရာအားလုံးသည် အားလုံးကို အာရုံလွှဲရန် လုပ်ခဲ့ခြင်းပင်။ ထိုစဉ်က ရီဖူရှင်းသည် သူ၏ပါရမီကို စတင်ထုတ်ပြခဲ့ကာ လောကအတွင်းရှိ အလားအလာအကောင်းဆုံး ပါရမီရှင်များထဲမှ တစ်ယောက်ဖြစ်လာကာ မဟာအင်ပါယာများစွာ၏ အာရုံစိုက်မှုကို ခံနေခဲ့ရပြီ မဟုတ်ပါလား။

“အားလုံးက ရှင့်အတွက် အချိန်ပိုရအောင်လို့ ရှင့်ရဲ့ အကြောင်းကို လျှို့ဝှက်ဖုံးကွယ်ထားခဲ့ကြတာပဲ”

ဒွန်ဟောင်တိယွမ် ပြောလိုက်၏။

“အဲဒါဆို ဘာလို့ အခု အဲဒီအကြောင်းကို ဘာလို့ ဆက်ပြီး ဖုံးကွယ်မထားတော့တာလဲ”

ရီဖူရှင်း မေးလိုက်၏။

“အဲဒီအကြောင်းကို ဆက်ပြီး ဖုံးကွယ်ထားလို့ မရတော့ဘူး... ရှင် ရှင့်ရဲ့လှံနဲ့ အင်ပါယာခုနစ်ပါးကို သတ်လိုက်ပြီးကတည်းကပေါ့။ လူသားဘိုးဘေးနဲ့ နတ်ဆိုးအင်ပါယာတို့က စပြီး သံသရာဖြစ်လာကြပြီ။ သူတို့က အဲဒီသံသယကို အတည်မပြုရသေးပေမယ့် ရှင့်အကြောင်းကို စပြီး သံသယဖြစ်နေကြပြီ”

ဒွန်ဟောင်တိယွမ် ဆက်ပြောလိုက်၏။

“အဲဒါကြောင့် လူသားဘိုးဘေးက ရှင့်ကို လူသားနတ်ဘုရားနန်းတော်ကို ဖိတ်ခေါ်ပြီး ရှင် သွားမလားလို့ သိချင်လို့ ရှင့်ကို စစ်ပွဲမှာ ဝင်ပါဖို့ ဖိတ်ခေါ်ခဲ့တာပဲ။ ပြီးတော့ သူတို့က ရီအင်ပါယာနန်းတော်ထဲကို ဝင်ဖို့ မဟာအင်ပါယာတစ်ပါးကို တာဝန်ပေးထားပြီး တကယ်လို့ သာမန်မဟုတ်တာ တစ်ခုခုဖြစ်လာရင် နန်းတော်ထဲက လူတွေကို အသုံးချပြီး ရှင့်ကို ခြိမ်းခြောက်ဖို့ ပြင်ဆင်ထားတာပဲ”

ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်၏ စကားများကို ကြားလိုက်သောအခါ ကိစ္စများကို ဆက်စပ်တွေးတောလိုက်သည်။ သူ ယခင်က မရှင်းခဲ့သော ကိစ္စများသည် ယခုတွင် ရှင်းသွားပေပြီ။ သူ မည်သည့်ကိစ္စကိုမှ မသိခဲ့၍သာ လူသားဘိုးဘေးသည် သာမန်မဟုတ်သည်များကို မတွေ့ခဲ့ခြင်းပင်။ မည်သို့ပင်ဖြစ်စေ လူသားဘိုးဘေးသည် ရီဖူရှင်းအပေါ် အလွန် သတိထားခဲ့ပေသည်။

နတ်ဆိုးအင်ပါယာသည်လည်း ထို့အတူပင်။ နတ်ဆိုးအင်ပါယာသည် အနည်းငယ် အထူးအဆန်း ပြုမူနေသည်ဟု သူခံစားခဲ့ရခြင်းမှာ အံ့ဩစရာမရှိတော့ပေ။ မကြာသေးခင်ကပင် နတ်ဆိုးအင်ပါယာသည် သူ့ကို ဒွန်ဟောင်အင်ပါယာနန်းတော်အတွင်းသို့ ဝင်ခွင့်မပြုရန် နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို အမိန့်ပေးခဲ့လေသည်။

နတ်ဆိုးအင်ပါယာသည် အရှင်ဒွန်ဟောင်နှင့် တိုက်ခိုက်ခဲ့ပြီးနောက် သူ ရီအင်ပါယာနန်းတော်ကို စေလွှတ်ခဲ့သော မဟာအင်ပါယာ အသတ်ခံလိုက်ရပြီးနောက်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားခဲ့ရခြင်းဖြစ်မည်။

အရှင်ဒွန်ဟောင် ရီအင်ပါယာနန်း‌တော်ကို တိုက်ခိုက်ရန် အမိန့်ပေးခဲ့ခြင်းမှာ ရီအင်ပါယာနန်းတော်မှ လူများကို အသုံးချ၍ ရီဖူရှင်းကို ခြိမ်းခြောက်ရန်မဟုတ်ပေ။ သူသည် အနာဂတ်တွင် ရီဖူရှင်း စိုးရိမ်စရာ မရှိစေရန် ထိုလူများကို ဒွန်‌ဟောင်အင်ပါယာနန်းတော်သို့ ခေါ်လာစေခဲ့ခြင်းဖြစ်သည်။

ထိုအခိုက်တွင် ထိုနေရာကို ချိပ်ပိတ်ထားသော နတ်စွမ်းအား ပျောက်ကွယ်သွားသည်။ ထို့ကြောင့် လူများစွာသည် ထိုနေရာသို့လာရန် ကောင်းကင်လှေကားပေါ်သို့ တက်လာကြသည်။ သူတို့သည် ရီဖူရှင်း၏အနောက် အဝေးတွင် ရပ်နေကြပြီး ရီဖူရှင်းကို ကြည့်နေကြလေသည်။

ရီဖူရှင်းသည် ခေါင်းလှည့်ကာ သူတို့ကို ကြည့်သည်။ သူတို့သည် ဒွန်ဟောင်အင်ပါယာနန်းတော်သို့ ခေါ်လာခံခဲ့ရသော သူ၏အကြီးအကဲများဖြစ်ကြောင်း တွေ့လိုက်ရ၏။ ထိုအချိန်တွင် သူတို့သည် အဖြစ်အပျက်အပြောင်းအလဲများ၏ သက်ရောက်မှုကို အတော်လေးခံလိုက်ရပြီး အံ့အားသင့်နေကြလေသည်။

အထူးသဖြင့် ဟွာဖုန်းလျှိုသည် အိပ်မက်မက်နေသလိုပင် ခံစားခဲ့ရသည်။ သူသည် ရီဖူရှင်း၏ လျှို့ဝှက်ချက်ကို ပထမဆုံး သိခဲ့သူဖြစ်ပြီး ရီဖူရှင်းနှင့် အင်ပါယာရီချင်အကြားတွင် ဆက်စပ်မှုတစ်ခု ရှိနေသည်ကို သိခဲ့ရသည်။ သို့သော် ရီဖူရှင်းက ကောင်းကင်ဒေသ၏ အုပ်စိုးသူ၏ သားတော်ဖြစ်နေမည်ဟု သူတစ်ခါမှ မမျှော်လင့်ခဲ့ချေ။

လူအုပ်ထဲတွင် ရီဖူရှင်းသည် သူ မမြင်ခဲ့ရသည်မှာ ကြာပြီဖြစ်သော ရင်းနှီးသည့် လူတစ်ယောက်ကို တွေ့လိုက်၏။ ထိုသူမှာ စံအိမ်တော်မှ ဆရာတုဖြစ်ပေသည်။ သူသည်လည်း ဤနေရာတွင် ရှိနေပြီး သူ့ကို ပြုံး၍ ကြည့်နေသည်။ သို့သော် ထိုအပြုံးထဲတွင် မျက်ရည်စများလည်း ရှိနေသည်။

သူသည် သူအဖေဟု ခေါ်ခဲ့သော ရီဘေချွန်နှင့် သူသိခဲ့သော မိသားစုကိုလည်း တွေ့လိုက်ရ၏။ သူတို့အားလုံးသည် ဤနေရာတွင် ရှိနေသည်။

အရှင်ဒွန်ဟောင်နှင့် ဒွန်ဟောင်တိယွမ် ပြောခဲ့သောအကြောင်းများသည် သူရှာဖွေနေခဲ့သော အဖြေဖြစ်သည်။

“လူလေး... အချိန်တွေ အ‌တော်ကြာခဲ့ပြီပဲ”

ရီဘေချွန်က ရီဖူရှင်းကိုကြည့်၍ ပြုံးကာ ပြောလိုက်၏။ ရီဖူရှင်းသည် မည်သို့ ပြန်တုံ့ပြန်ရမည်ကို မသိပေ။

သူ နာကျည်းနေခြင်းလော။ အမှန်ပင် နာကျည်းမှု အနည်းငယ် ရှိပေသည်။ သို့သော် သူသည် အမှန်ကို သိရှိခဲ့ရပြီး သူ့ရှေ့ရှိ ရင်းနှီးသောမျက်နှာများကို မြင်လိုက်ရသောအခါ သူ အမုန်းတရားများကို ဆက်၍ ဆွဲကိုင်မထားနိုင်တော့ပေ။

အရှင်ဒွန်ဟောင်သည် ထိုနေရာတွင်ထိုင်ကာ အရာအားလုံးကို ကြည့်နေပြီး ရှားပါးသည့် အပြုံးတစ်ချက် ပြုံးနေလေသည်။

မည်သို့ပင်ဖြစ်စေ ဤအခြေအနေသည် ပြန်လည် စုံစည်းသည့် အခြေအနေဟု ဆိုနိုင်သည်။

သူ ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး လှေကားထိပ်သို့ လျှောက်သွားလိုက်သည်။ ထိုအခိုက်တွင် သူသည် မဟာအင်ပါယာတစ်ပါးနှင့် မတူတော့ဘဲ လောကဓံများကို ဖြတ်ကျော်ခဲ့ရသည့် အဘိုးအိုတစ်ယောက်နှင့် တူနေသည်။

သူသည် ဤနှစ်များအတွင်း၌ ကိစ္စများစွာကို ‌မျိုသိပ်တောင့်ခံခဲ့ရသည် မဟုတ်ပါလား။

ကံကြမ္မာဗုဒ္ဓ ခန့်မှန်းခဲ့သော ရှေ့ဖြစ်ဟောကိန်းသည် အမှန်ဖြစ်လာပေတော့မည်။

အရှင်ဒွန်ဟောင်သည် နတ်ပလ္လင်ဆီသို့ လျှောက်သွားလိုက်၏။ သို့သော် သူသည် ထိုင်မချလိုက်ဘဲ အရှေ့သို့ မျက်နှာမူကာ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။

အရှင်ဒွန်ဟောင်၏ နှစ်(၅၀၀) အုပ်စိုးမှုကာလသည် အဆုံးသတ်တော့ပေမည်။

ယနေ့မှစ၍ အင်ပါယာအသစ်တစ်ပါး၏ ခေတ် ဖြစ်လာပေလိမ့်မည်။

All Chapters