← Chapters

ကောင်းကင်ဒေသ၏ အင်ပါယာအသစ်

Vol. 202 Ch. 2878

ကောင်းကင်ဒေသ၏ အင်ပါယာအသစ်

Vol. 202 Ch. 2878

ဒွန်ဟောင်အင်ပါယာနန်းတော် အပြင်ဘက်တွင် ကောင်းကင်ဒေသမှ ထိပ်သီးများစွာ စုဝေးနေကြသည်။ ကုန်းမြေ(၁၈)ခုမှ ကျင့်ကြံသူများနှင့် ရီဖူရှင်းနှင့် ရန်ငြိုးများ ရှိခဲ့သော မဟာအင်ပါယာများကဲ့သို့ ရှေးဟောင်းနတ်ဘုရားကလန်များမှ မဟာအင်ပါယာများသည် အတွင်းသို့ ကြည့်နေကြပြီး မည်သို့ရလဒ်ထွက်လာမည်ကို တွေးတောနေကြသည်။

ဤတစ်ကြိမ်တွင် ရီဖူရှင်းသည် အင်ပါယာနန်းတော်အတွင်းသို့ ရဲရဲဝံ့ဝံ့ ဝင်သွားခဲ့သည်။ ဤတစ်ကြိမ်သည် သူ့အတွက် အဆုံးသတ် ဖြစ်နိုင်ပေသည်။

ရီဖူရှင်း ကျရှုံးရတော့မည့် အချိန်ရောက်ပေပြီ။

နတ်ဆိုးအင်ပါယာလည်း ထွက်မသွားခဲ့ပေ။ သို့သော် သူသည် ဒွန်ဟောင်အင်ပါယာနန်းတော်အတွင်းသို့ မဝင်နိုင်ချေ။

သူသည် အဖြေကို အလွန် သိချင်နေသည်။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စတွင် သူ၏ အရင်းနီးဆုံးဆွေးမျိုး တစ်ယောက် ပါဝင်နေ၍ဖြစ်သည်။

နတ်ဆိုးအင်ပါယာသည် အဝေးရှိ ဒွန်ဟောင်အင်ပါယာနန်းတော်၏ အမြင့်ဆုံးနေရာကို ကြည့်လိုက်ပြီး တီးတိုးပြောလိုက်၏။

“အမှန်တရား ထွက်ပေါ်လာ‌တော့မှာလား”

သူသည် သူ့ကိုယ်သူ ပြောနေသည်ဟု ထင်ရ၏။ သို့သော် သူသည် သူ့ရှေ့ရှိ အကြွင်းမဲ့ဗုဒ္ဓကို မေးနေသည်ဟုလည်း ထင်ရသည်။

အကြွင်းမဲ့ဗုဒ္ဓသည် မည်သို့မှ ပြန်မပြောဘဲ တိတ်တဆိတ်သာ ရပ်နေ၏။

ထိုအခိုက်တွင် ဒွန်ဟောင်အင်ပါယာနန်းတော်အတွင်းမှနေ၍ လူတစ်ယောက်ထွက်လာသည်။ နတ်ဆိုးအင်ပါယာသည် ထိုလူကို မြင်လိုက်ရသောအခါ အံ့အားသင့်မသွားချေ။ သူသည် ထိုလူ့ကို မျှော်နေသကဲ့သို့ပင်။ ယူချင်းမှာမူ မျက်လုံးများ စူးရှသွားသည်။ သူ့မျက်လုံးများထဲတွင် အလွန်အံ့အားသင့်သည့် အရိပ်အယောင် ရှိနေသည်။

မည်သည့်ကိစ္စများ ဖြစ်ပျက်နေခြင်းနည်း။

ထိုလူသည် ရည်ရွယ်ချက်ရှိရှိဖြင့် နတ်ဆိုးအင်ပါယာအနီးသို့ ချဉ်းကပ်သွား၏။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် မျက်လုံးချင်းစုံအောင် ကြည့်ကာ တစ်ယောက်ကိုတစ်ယောက် အကဲခတ်နေကြသည်။

“မင်း ရောက်လာပြီလား”

နတ်ဆိုးအင်ပါယာသည် လေသံတိုးတိုးဖြင့် ပြောလိုက်၏။ ထိုအခိုက်တွင် သူ၏အသံသည် အလွန် တည်ငြိမ်နေသည်။

ထိုလူသည် နတ်ဆိုးအင်ပါယာကို ခဏမျှကြည့်လိုက်ပြီး နတ်ဆိုးအင်ပါယာနောက်ရှိ ယူချင်းကို ဆက်ကြည့်သည်။

“ဘာတွေ ဖြစ်နေတာလဲ”

ယူချင်း မေးလိုက်သည်။ သူ၏အသံသည် အနည်းငယ် တုန်တုန်ရီရီ ဖြစ်နေလေသည်။ ဒွန်ဟောင်အင်ပါယာနန်း‌တော်ထဲမှ ထွက်လာသူမှာ သူ၏အဖေဖြစ်ပေသည်။

သူ့အား မည်သည့်ကိစ္စများ ဖြစ်နေကြောင်း မည်သူက ပြောပြမည်နည်း။

ထို ထွက်ပေါ်လာသူမှာ ယူချင်း၏ အဖေအရင်၊ ရီဖူရှင်း၏ မွေးစားအဖေနှင့် နတ်ဆိုးလောကမှ နတ်ဆိုးအင်ပါယာ၏ ညီတော်ဖြစ်လေသည်။ သူ့ကို နတ်ဆိုးလောက၏ သစ္စာဖောက်ဟုလည်း သိကြသည်။

“ယူချင်း... ဒီနှစ်တွေအတွင်းမှာ မင်း ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်”

သူ၏အဖေက သူ့ကို ပြောလိုက်၏။

“ဒီကိစ္စတွေအားလုံးရဲ့ နောက်ကွယ်ကအကြောင်းကိုတော့ မင်း မကြာခင် သိရတော့မှာပါ”

နတ်ဆိုးအင်ပါယာသည် ထိုစကားများကို ကြားလိုက်သောအခါ သရော်တော်တော် မျက်နှာထားဖြစ်သည်။ သူ မည်သူ့ကို လှောင်နေခြင်းကိုတော့ မရှင်းပေ။ သူသည် သူ့အရှေ့ရှိ သူ၏ညီတော်ကို စိုက်ကြည့်၍ ပြောလိုက်၏။

“ဒီတော့ ဒွန်ဟောင်က ဘယ်တုန်းကမှ သူ့ရဲ့ယုံကြည်မှုတွေကို သစ္စာမဖောက်ခဲ့ဘူးပေါ့။ ပြီးတော့ သူက အင်ပါယာရီချင်ကိုလည်း သစ္စာမဖောက်ခဲ့ဘူး။ ဒွန်ဟောင်တိယွမ်က တည်ကြက်တစ်ကောင်ပဲ မဟုတ်လား”

မည်မျှ ကြီးမားသော လျှို့ဝှက်ကြံစည်မှုနည်း။ သူ့ကဲ့သို့သောသူပင် ထိုအကြောင်းကို မသိခဲ့ရပေ။

သူ့တွင် သံသယများ ရှိခဲ့သော်လည်း ရီဖူရှင်းသည် လက်စားချေရမည့် နေရာတွင် ရှိသူတစ်ယောက်ဟု သူခံစားခဲ့ရလေသည်။

မကြာ‌သေးခင်ကမှ သူသည် ရီဖူရှင်း၏ ဇစ်မြစ်အစစ်အမှန်အကြောင်းကို စတင်တွေးမိခဲ့သည်။ ထို့ကြောင့် အင်ပါယာခြောက်ပါး၏ တိုက်ပွဲ ဖြစ်ပေါ်လာရခြင်းပင်။ သို့ဆိုလျှင် အရာအားလုံး အဆုံးသတ်သွားမည်ဖြစ်ပြီး ရီဖူရှင်းသည် မည်သူဖြစ်စေ ဘာကိုမှ ပြောင်းလဲစေမည်မဟုတ်ဟု သူတွေးခဲ့သည်။ သို့သော် အင်ပါယာခြောက်ပါး၏ တိုက်ပွဲသည် ဤခေတ်ကို အဆုံးမသတ်နိုင်ခဲ့ချေ။

ထို့အပြင် ရီဖူရှင်းသည် ဒွန်ဟောင်အင်ပါယာနန်းတော်အတွင်းသို့ ဝင်သွားခဲ့သည်။

နတ်ဆိုးအင်ပါယာသည် သူ့ညီတော်က မည်သို့မှ ပြန်မပြောကြောင်း တွေ့လိုက်သောအခါ ဆက်ပြောလိုက်၏။

“မင်းက ဘယ်သူ့အပေါ် သစ္စာရှိတာလဲ။ ဒွန်ဟောင်လား.. အင်ပါယာရီချင်လား.. ဒါမှမဟုတ် နှစ်ယောက်လုံးလား”

“ဘယ်သူမှ မဟုတ်ဘူး”

ယူချင်း၏အဖေက ပြန်ပြောလိုက်၏။

နတ်ဆိုးအင်ပါယာသည် ခေတ္တမျှ မှင်တက်သွား၏။ ထို့နောက် သူသည် တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် ရယ်လိုက်လေသည်။ သူ ပြောလိုက်၏။

“ငါသိပြီ... သူ(မ)က မင်းအပေါ်မှာ အဲဒီလောက် လွှမ်းမိုးနိုင်လိမ့်မယ်လို့ ငါမထင်ခဲ့ဘူး။ ကောင်းကင်၊ ဗုဒ္ဓ၊ နတ်ဆိုး အားလုံး ပါဝင်ခဲ့တာပဲ။ သူက တကယ့်ကို စံတင်လောက်တဲ့ အမျိုးသမီးပဲ”

“ကောင်းကင်” ဆိုသည်မှာ ကောင်းကင်ဒေသ၏ အရှင်ဒွန်ဟောင်နှင့် အင်ပါယာရီချင်ကို ရည်ညွှန်းခြင်းဖြစ်သည်။

“ဗုဒ္ဓ” ဆိုသည်မှာ ဗုဒ္ဓလောက၏ အကြွင်းမဲ့ဗုဒ္ဓကို ရည်ညွှန်းခြင်းပင်။

“နတ်ဆိုး” ဆိုသည်မှာ သူ၏ညီတော်ဖြစ်သည်။

သူတို့သည် ဆက်နွယ်မှုမရှိခဲ့ဘဲ ဆန့်ကျင်ဘက်တွင်ပင် ရှိနေခဲ့နိုင်‌သည်။ သို့သော် သူတို့သည် တူညီသော ယုံကြည်ချက် ရှိခဲ့သဖြင့် နောက်ဆုံးတွင် ပူးပေါင်းခဲ့ကြသည်။

သူမကြောင့်သာ သူတို့သည် အရှင်ဒွန်ဟောင်နှင့် အင်ပါယာရီချင်၏ အမိန့်အောက်သို့ ရောက်သွားခဲ့ခြင်းပင်။

“သူတို့က သူတို့ရဲ့ ကိုယ်ပိုင်ယုံကြည်မှုတွေအပေါ်မှာ သစ္စာရှိကြတာပါ”

ဘေးမှ အကြွင်းမဲ့ဗုဒ္ဓက ထပ်ပြောလိုက်၏။

“ယုံကြည်မှုဟုတ်လား...”

နတ်ဆိုးအင်ပါယာက ခပ်ရွဲ့ရွဲ့ ပြောလိုက်၏။

“လက်ရှိ လောကကြီးရဲ့ အခြေအနေကို ကြည့်ပါဦး... အရင်ကနဲ့ ဘာများ ကွာခြားနေလို့လဲ။ ခင်ဗျားတို့က လောကကြီးကို ဂရုစိုက်ပြီး သနားတယ်... ဒါပေမဲ့ ခင်ဗျားတို့ကိုတော့ ဘယ်သူကသနားမလဲ။ အဲဒီလောကကြီးဆိုတဲ့ဟာအတွက် ခင်ဗျားတို့က ခင်ဗျားတို့ရဲ့ လူတွေကို စွန့်ပစ်ခဲ့တာပဲ၊ ခင်ဗျားတို့ရဲ့ သွေးသားရင်းတွေကို သစ္စာဖောက်ခဲ့တာပဲ၊ ခင်ဗျားတို့ရဲ့ ကလန်ကလူတွေကို သတ်ခဲ့တာပဲ။ သူ့မျက်လုံးထဲမှာ သူ့သားကိုတောင် သားလို့မြင်ခဲ့ရဲ့လား”

“မင်းမျက်လုံးထဲမှာ ယူချင်းက ဘယ်သူလဲ”

နတ်ဆိုးအင်ပါယာသည် သူ့ညီတော်ကို စိုက်ကြည့်၍ မေးလိုက်သည်။

“မင်း အဲဒီကိစ္စအတွက် အပြစ်ရှိတယ်လို့ ခံစားခဲ့ရဖူးလား... နတ်ဆိုးလောကရဲ့ ဆက်ခံသူ၊ မင်းရဲ့သားအရင်းကို သူများတွေအပေါ် သစ္စာရှိခိုင်းပြီး သူများဆီမှာ အမှုထမ်းခိုင်းတာကို မင်းအပြစ်ရှိတယ်လို့ မခံစားရဘူးလား”

ယူချင်းသည် ထိုစကားများကို ကြားလိုက်သောအခါ တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။

သို့ဆိုလျှင် ဤစကားများသည် အမှန်ပင်လော။

မည်သည့်ကိစ္စကြောင့်မှ မတုန်လှုပ်ခဲ့သော သူသည် ထိုအခိုက်တွင် တုန်လှုပ်သွားခဲ့သည်။ သူသည် သူ၏အဖေကို ကြည့်သည်။ သူ၏ ယခင်က စိတ်မာခဲ့သော်လည်း ထိုအခိုက်တွင် သူ၏မျက်လုံးများသည် အရည်လဲ့နေသည်။ ထိုသူသည် သူ၏အဖေပင်။

“ယူချင်း...”

သူ့အဖေသည် သူ့ကို ကြည့်သည်။

“မင်းရဲ့ ယုံကြည်ရာကို ဘယ်တော့မှ မမေ့နဲ့။ ပြီးတော့ မင်းတို့နှစ်ယောက် တွေ့ကြုံခဲ့ရတာတွေကို မမေ့နဲ့”

နတ်ဆိုးအင်ပါယာသည် ရုတ်တရက် ခပ်ရွဲ့ရွဲ့ ရယ်လိုက်သည်။

“မင်းရဲ့မျက်စိထဲမှာ တကယ်ပဲ ယူချင်းက နယ်ရုပ်တစ်ရုပ်ထက် မပိုဘူးပဲ... သူက အမှုထမ်းဖို့ မွေးဖွားလာခဲ့တာ”

နတ်ဆိုးအင်ပါယာသည် သရော်တော်တော် ဆက်ပြောလိုက်၏။

“သူက မင်းတို့ ဒီလိုလုပ်ဖို့ သဘောတူအောင် မင်းတို့အပေါ် ဘယ်လို အတတ်တွေများ သုံးထားတာလဲ”

သူ့စိတ်ထဲတွင် ပုံရိပ်များ ထွက်ပေါ်လာပြီး သူ၏အေးစက်နေသောနှလုံးသားသည် ထိုအခိုက်တွင် နွေးထွေးမှုအနည်းငယ် ခံစားလိုက်ရ၏။ သူ၏ အနက်ရောင်မျက်လုံးများထဲတွင် အားကောင်းသော လေးစားမှုအရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်ကို တွေ့နိုင်သည်။ သူမ၏ အကျင့်စရိုက်၊ စိတ်နေသဘောထားကို သူမနှင့် တွေ့ဆုံဖူးသူ၊ သူမကို သိသူများသာ သိနိုင်ပေသည်။

သူမသည် အလွန် သန့်စင်သူတစ်ယောက်ဖြစ်ပြီး ဟန်ဆောင်မှု တစ်စိုးတစ်စိမှမရှိဘဲ အခြားသူများအတွက်သာ တွေးပေးတတ်သူဖြစ်သည်။

ထို့ကြောင့် သူသည် သူမ၏အတွေးများနှင့် ယုံကြည်မှုများအတွက် အရာအားလုံးကို စတေးနိုင်ပေသည်။ သူ၏အသက်ကိုပင် စတေးနိုင်သည်။

သူမ ကျဆုံးသွားပြီးနောက်တွင် ရီဖူရှင်းသည် သူ၏ယုံကြည်မှု ဖြစ်လာခဲ့သည်။

ထို့ကြောင့် သူသည် သူ့ကိုယ်သူ ကျွန်တစ်ယောက်အဖြစ် သဘောထားခဲ့သည်။

ရီဖူရှင်းသည် သူမ၏ဆန္ဒကို ဆက်ခံကာ သူမ၏ဆန္ဒကို ပြီးမြောက်အောင် လုပ်ပေးမည့်သူတစ်ယောက်ဖြစ်သည်။

“နတ်ဆိုးအင်ပါယာ...”

ထိုအခိုက်တွင် ဘေးမှ အကြွင်းမဲ့ဗုဒ္ဓက ပြောလိုက်၏။

“လောကကြီးက ပြောင်းလဲမှုတစ်ခု လိုအပ်နေတယ်။ တကယ်လို့ စွမ်းအားကြီးတဲ့သူတစ်ယောက် ထွက်ပေါ်လာခဲ့ရင် နတ်ဆိုးလောက,က အရာအားလုံးလည်း ပြောင်းလဲနိုင်သွားမှာပဲ။ နတ်ဆိုးချောက်ကမ်းပါးလည်း ဗလာဖြစ်သွားမယ်”

“ခင်ဗျားက ကျုပ်ကို နားချဖို့ ကြိုးစားနေတာလား”

နတ်ဆိုးအင်ပါယာသည် အကြွင်းမဲ့ဗုဒ္ဓကိုကြည်ကာ ပြောလိုက်၏။

“တကယ်လို့ လောကထဲက လူတွေက ကျင့်ကြံခြင်းရဲ့ အထွတ်အထိပ်ကို ရောက်သွားလို့ရှိရင် သူတို့ဆီမှာ သူတို့ရဲ့ မူလရည်ရွယ်ချက်တွေ ရှိလိမ့်ဦးမယ်လို့ ခင်ဗျား ဘယ်လိုလုပ် မျှော်လင့်နိုင်ရတာလဲ။ စွမ်းအားက အရာအားလုံးကို ပျက်စီးစေတယ်။ ခင်ဗျားက လောကကြီးကို ထိန်းချုပ်နိုင်လာရင် အရာအားလုံးက ခင်ဗျားရဲ့ ဆန္ဒအတိုင်း လည်ပတ်နေမှာပဲ။ ရှေးခေတ်တုန်းက ကောင်းကင်လမ်းစဉ်ကလည်း အဲဒီလိုမျိုးပဲ။ အဲဒါက အနာဂတ်မှာလည်း ပြောင်းလဲလာမှာ မဟုတ်ဘူး”

“အဲဒါက ဒကာကြီးရဲ့ ယုံကြည်ချက်လေ... ကိုယ်တော့်ရဲ့ ယုံကြည်ချက် မဟုတ်ပါဘူး”

“ဒကာကြီးက သူ့ကို နားမလည်ဘူး... အဲဒီတော့ ဒကာကြီးက ဒွန်ဟောင်ကို ပိုပြီးတောင် နားမလည်သေးတယ်”

အကြွင်းမဲ့ဗုဒ္ဓက ပြောလိုက်၏။

“ဗုဒ္ဓလမ်းစဉ်က လောကကြီးအပေါ် ကိုယ်ချင်းစာတရားထားပြီး သက်ရှိအားလုံးကို အသိပညာပေးချင်တယ်။ ဒါပေမဲ့ ဗုဒ္ဓဂိုဏ်းက တခြားဂိုဏ်းတွေထက် မကောင်းတဲ့သူနည်းတယ်လို့ ခင်ဗျားပြောနိုင်လား။ ဘာလို့ ဗုဒ္ဓဂိုဏ်းက ကိုယ့်ရဲ့ ဂိုဏ်းသားတွေကိုတောင် ကောင်းအောင် မသွန်သင်နိုင်ရတာလဲ”

နတ်ဆိုးအင်ပါယာက လှောင်ပြောင်ဟန်ဖြင့် မေးလိုက်သည်။

“ဒကာကြီးပြောတာတွေက မမှားပါဘူး။ ဒါပေမဲ့ ကွဲပြားတဲ့သူတွေဆိုတာ ရှိစမြဲပဲ။ သူ(မ)က အတိတ်ကသူဆိုတော့ သူ့ကို ခဏလောက် ဖယ်ထားလိုက်ကြတာပေါ့။ ဒါပေမဲ့ ဒကာကြီး ဒွန်ဟောင်ကိုတောင် နားလည်ရဲ့လား”

အကြွင်းမဲ့ဗုဒ္ဓက မေးလိုက်သည်။

“ကျိဝူတောက်စွပ်စွဲခဲ့သလို သူရဲဘောကြောင်တဲ့ သူတစ်ယောက်လား ဒါမှမဟုတ် မှန်တာကို လုပ်ဖို့အတွက် အရှက်ရမှုတွေ၊ ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းခဲ့တဲ့ ဆုံးဖြတ်ချက် ပြတ်သားတဲ့သူလားဆိုတာပဲ ရှိတာပဲ... ဟုတ်တယ်မလား”

နတ်ဆိုးအင်ပါယာက သရော်တော်တော် ပြန်ပြောလိုက်၏။

“ဗုဒ္ဓရဲ့တန်ခိုးတော်ခြောက်ပါးထဲမှာ အန္တိမသဏ္ဌာန်နဲ့ သံသရာမှလွတ်မြောက်ခြင်းက ကျင့်ကြံဖို့ အခက်ဆုံး တန်ခိုးတော်တွေပဲ။ ကျင့်ကြံဖို့အတွက် လိုအပ်ချက်တွေအရဆိုရင် သံသရာမှလွတ်မြောက်ခြင်းက လိုအပ်ချက်တွေ အများဆုံးပဲ”

အကြွင်းမဲ့ဗုဒ္ဓက ခပ်ဖြည်းဖြည်း ပြောလိုက်၏။

“ဘယ်လိုလူတွေက သံသရာမှလွတ်မြောက်ခြင်းကို ကျင့်ကြံနိုင်လဲဆိုတာ ဒကာကြီးသိလား”

“ကြမ္မာနှောင်ကြိုးတွေအားလုံးကို ဖြတ်တောက်ပြီး ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းရဲ့ တုပ်နှောင်မှုကို မခံရတော့တဲ့သူတွေပဲ သံသရာမှလွတ်မြောက်ခြင်းကို ကျင့်ကြံနိုင်တယ်လို့ ကိုယ်တော်ပြောမယ်။ အဲဒီလို စိတ်အခြေအနေရှိတဲ့ လူတွေက သူတို့ရဲ့ ရှင်ခြင်း၊ သေခြင်းကို ဂရုမစိုက်ကြတော့ဘူး။ ပြီးတော့ သူတို့အတွက်လည်း ဘာမှ မလိုချင်ကြတော့ဘူး။ အဲဒါတွေအားလုံးကို ဖယ်ထုတ်နိုင်မှ သံသရာမှလွတ်မြောက်ခြင်းကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်မယ်။ ဒီနေ့ ဒွန်ဟောင် လုပ်ခဲ့တာတွေအားလုံးက အဲဒီယုံကြည်ချက်အတွက်ပဲ”

“ဒီတော့ အကြွင်းမဲ့ဗုဒ္ဓက တစ်ကိုယ်ကောင်းဆန်တယ်လို့ ပြောချင်တာလား”

နတ်ဆိုးအင်ပါယာသည် အရေးမစိုက်ပေ။

“အော်မီထောဖော...”

အကြွင်းမဲ့ဗုဒ္ဓသည် လက်အုပ်ချီ၍ ပြောလိုက်၏။

“ကိုယ်တော်မှာ လိုအပ်ချက်တွေရှိသေးတယ်လို့ ပြောရမှာ ကိုယ်တော် ရှက်မိပါတယ်”

“လူတစ်ယောက်ရဲ့ နှလုံးသားကို သိမြင်နိုင်ရင် အဲဒီလူရဲ့ အကျင့်စရိုက်ကိုလည်း သိနိုင်တယ်။ အကြွင်းမဲ့ဗုဒ္ဓက ရှင်းရှင်း ပြောတတ်တာပဲ”

နတ်ဆိုးအင်ပါယာက အေးစက်စွာ ပြန်ပြောလိုက်၏။

သူတို့ စကားပြောနေစဉ်တွင် ဒွန်ဟောင်အင်ပါယာနန်းတော်မှနေ၍ တောက်ပသော နတ်အလင်း ဖြာထွက်လာပြီး အကန့်အသတ်မဲ့ ဟင်းလင်းပြင်တစ်ခွင်လုံးကို လွှမ်းခြုံသွားပြီး အင်ပါယာမြို့တော်တစ်ခွင်လုံးကို လျင်မြန်စွာ ပျံ့နှံ့သွားသည်။

နတ်ဆိုးအင်ပါယာ ထိုနေရာသို့ မော့ကြည့်လိုက်၏။ အင်ပါယာမြို့တော်အတွင်းမှ ကျင့်ကြံသူအားလုံးလည်း ထိုနေရာသို့ ကြည့်လိုက်ကြသည်။

ကောင်းကင်ဒေသ၏ ကုန်းမြေ(၁၈)ခုမှ ကုန်းမြေသခင်အိမ်တော်များနှင့် ရှေးဟောင်းအင်ပါယာများသည်လည်း ထိုဘက်သို့ အာရုံစိုက်လိုက်ကြသည်။

ထိုနေရာတွင် နတ်ပလ္လင်အရှေ့တွင် ရပ်ကာ လောကကြီးကို မျက်နှာချင်းဆိုင်၍ နတ်ရောင်ဝါအောက်တွင် ရှိနေသော အရှင်ဒွန်ဟောင်ကို သူတို့ လှမ်းမြင်နေရပေသည်။

“ဒီနေ့ကစပြီး ရီဖူရှင်းက ကောင်းကင်ဒေသရဲ့ ပလ္လင်ကို ဆက်ခံပြီး ‘အရှင်ဖူရှင်း’ လို့ ဘွဲ့အမည်ပေးအပ်ခြင်း ခံရမယ်။ သူက ကောင်းကင်ဒေသတစ်ခွင်လုံးကို အုပ်စိုးမယ့် အင်ပါယာအသစ်ဖြစ်လိမ့်မယ်”

ဒွန်ဟောင်အင်ပါယာနန်းတော်မှနေ၍ အသံတစ်သံထွက်ပေါ်လာပြီး ကောင်းကင်ဒေသ၏ ကုန်းမြေတစ်ခွင်တွင် ပဲ့တင်ထပ်သွားသည်။

All Chapters