← Chapters

ကျိဝူတောက်၏ ဝန်ခံချက်

Vol. 202 Ch. 2881

ကျိဝူတောက်၏ ဝန်ခံချက်

Vol. 202 Ch. 2881

ယွီထူ၏အသံသည် မကျယ်ဘဲ အနည်းငယ် တိုးညှင်းနေပြီး မည်သည့် စိတ်လှုပ်ရှားမှုမှ မပါပေ။ သို့သော် ထိုအသံထဲတွင် ရီဖူရှင်းအတွက် မျှော်လင့်ချက်များနှင့် ပြည့်နှက်နေသည်။

ယခုတွင် သူတို့သည် အခက်အခဲအတွင်းမှာပင် ရှိပေသေးသည်။ သူမသည် မည်မျှ သန်မာခဲ့ကြောင်း ယွီထူသိသည်။ သို့သော် သူမသည် သန်မာသော်ငြား သူမ၏ဆန္ဒကို ပြီးမြောက်အောင် မလုပ်နိုင်ခဲ့ချေ။

လက်ရှိ နတ်ဘုရားခေတ်၏ အစတွင် လူသားနတ်ဘုရားနန်းတော်အတွင်း၌ ပုံမှန်မဟုတ်သည့် ကိစ္စများ ဖြစ်ပေါ်နေသည်။ ဗုဒ္ဓ‌လောကရှိ မဟာဗုဒ္ဓများကလည်း တစ်စုံတစ်ခုကို အာရုံခံမိခဲ့ကြသည်။ အရာအားလုံးက”သူ”မကြာခင်ပြန်လာတော့မည်ဟု ညွှန်ပြနေသည်။

ဤတိုက်ပွဲသည် ကောင်းကင်အတွက် တိုက်ပွဲဖြစ်သည်။ ရှုံးနိမ့်လျှင် အသက်ကို ပေးရပေမည်။

“မွေးစားအဖေ ထပါ...”

ရီဖူရှင်း ပြောလိုက်၏။ ယွီထူလည်း ထလာသည်။

ရီဖူရှင်းသည် ယွီထူကို ကြည့်လိုက်၏။ ထို့နောက် ဒွန်ဟောင်တိယွမ်နှင့် အခြားမျက်နှာများကိုလည်း ကြည့်သည်။ ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် အရာအားလုံး၏ အမှန်တရားကို ကြားခဲ့ပြီးဖြစ်သည်။ ယခုတွင် သူတို့သည် ပြောစရာ စကားလုံး ရှာမရဖြစ်နေသည်။ သူတို့သိခဲ့ရသော အရာများသည် သူတို့အပေါ် များစွာသက်ရောက်မှုရှိစေပေသည်။ အင်ပါယာရှား၏ရင်ထဲတွင်လည်း ခံစားချက်များ ပြည့်နှက်နေသည်။

ကံကြမ္မာသည် သူ့ကို ရှေ့သို့ တွန်းပို့ခဲ့သဖြင့် သူသည် ဤနေရာအထိ ရောက်လာခဲ့သည်။ သို့သော် အရာအားလုံးသည် သူထင်ထားသကဲ့သို့ မဟုတ် ဟူ၍သာ သိလိုက်ရလေသည်။ နှစ်(၂၀၀)ကြာ ယုံကြည်မှုသည် ရုတ်ခြည်းအတွင်း ပြောင်းလဲသွားပေသည်။ ထို့ကြောင့် ရီဖူရှင်းအပေါ် မည်မျှ သက်ရောက်မှု ရှိစေမည်ကို တွေးကြည့်ရန်သာ တတ်နိုင်လေသည်။ ထိုအခိုက်တွင် သူသည် အရာအားလုံးကို လက်ခံနိုင်ရန် ခက်ခဲနေပေလိမ့်မည်။

ရီဖူရှင်း နောက်လှည့်ကာ အရှင်ဒွန်ဟောင်ကို ထပ်မံ ကြည့်သည်။ သူသည် အရှင်ဒွန်ဟောင်၏ ဒဏ်ရာကို ကြည့်၍ ပြောလိုက်၏။

“ကျုပ်သာ အမှန်တရားကို စောပြီးသိခဲ့ရင် လှံကို ပိုပြီး အားပြင်းပြင်းနဲ့ ထိုးလိုက်မှာပဲ”

“မင်းသာထိုးချင်ရင် ငါ့ကို နောက်တစ်ကြိမ် ထပ်ပြီး ထိုးလို့ရပါတယ်”

အရှင်ဒွန်ဟောင်သည် ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်၏။

သူသည် အကြွေးတင်နေသည်။ သူသည် လူများစွာအပေါ် အကြွေးတင်နေသည်။

“ခင်ဗျားက ပလ္လင်ကို ဒီလောက် ပေးချင်နေတာ ခင်ဗျား အဲဒီအပေါ်မှာ မထိုင်ချင်လို့ပဲ”

ရီဖူရှင်း ပြောလိုက်၏။

“နတ်ပလ္လင်ပေါ်မှာ ထိုင်ရတာက ခင်ဗျားကို ပိုပြီး အပြစ်ရှိသလို ခံစားစေရတာပဲရှိမှာ... အဲဒါကြောင့် ခင်ဗျားက ပလ္လင်ကို ကျုပ်ကို တိုက်ရိုက် ပေးချင်နေတာ”

အရှင်ဒွန်ဟောင် တိတ်ဆိတ်သွားသည်။ အမှန်ပင် သူသည် ဤနှစ်များတွင် များစွာ တောင့်ခံခဲ့ရပေသည်။

“အဲဒီလိုဆိုရင် ကျုပ်က ခင်ဗျားကို ဘာလို့ ညှာရမှာလဲ”

ရီဖူရှင်း ပြောလိုက်၏။

“ခင်ဗျားက အဲဒီလောက်လည်း မအိုသေးပါဘူး။ ပြီးတော့ ခင်ဗျားက ဒီလောကထဲက အင်ပါယာခြောက်ပါးထဲမှာ စွမ်းအားအကြီးဆုံးအင်ပါယာ ဖြစ်နေတုန်းပဲ။ ဘာလို့ ခင်ဗျားက လက်လျှော့ချင်နေရတာလဲ။ ဒီထီးနန်းက ခင်ဗျားတစ်ယောက်တည်းနဲ့ သက်ဆိုင်တာ မဟုတ်ဘူး... အင်ပါယာရီချင်နဲ့လည်း သက်ဆိုင်တယ်။ အင်း... ဒီပလ္လင်က ခင်ဗျား အပြစ်ခံစားရမယ့် နေရာပဲ”

ရီဖူရှင်းက ကောင်းကင်ဒေသ၏ ပလ္လင်ပေါ်တွင် မထိုင်လိုပေ။

“ပြီးတော့ နောက်ကျ ပလ္လင်ကို လွှဲပေးမယ်ဆိုရင်တောင် သူ့ကိုပဲ လွှဲပေးသင့်တယ်”

ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်ကို ကြည့်လိုက်၏။

ဒွန်ဟောင်တိယွမ် မှင်တက်သွားပြီး ရီဖူရှင်းကို အံ့ဩတကြီး ကြည့်လိုက်၏။

အရှင်ဒွန်ဟောင်သည် ရီဖူရှင်း ကောင်းကင်ဒေသ၏ အင်ပါယာနန်းတော်အတွင်းသို့ ဝင်လာမည့်နေ့ကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ကြောင်း သူမသိလေသည်။ သူသည် ရီဖူရှင်း စောစောရောက်လာရန် မျှော်လင့်ခဲ့သလို ရီဖူရှင်းက အဆင့်တက်နိုင်ရန် အရမ်းစောစော မလာစေရန်လည်း မျှော်လင့်ခဲ့ပေသည်။ ကောင်းကင်ဒေသ၏ ပလ္လင်သည် အမြဲ ရီဖူရှင်းအတွက်ပင် ဖြစ်ခဲ့သည်။

အရှင်ဒွန်ဟောင်သည် ရီဖူရှင်းအပေါ် များစွာ ပြန်လုပ်ပေးရမည်ဟု ခံစားခဲ့ရသည်။

အရှင်ဒွန်ဟောင်သည်လည်း အနည်းငယ် အံ့အားသင့်နေသည်။ သူသည် ရီဖူရှင်းကို ကြည့်လိုက်၏။ ဖူရှင်း ဆက်ပြောလိုက်၏။

“နှစ်(၂၀၀)လုံးလုံး သုံးလာတဲ့ နာမည်ကို ခင်ဗျားရဲ့ စကားလုံးနည်းနည်းနဲ့ ပြောင်းလဲမပစ်နိုင်ဘူး။ ခင်ဗျား သဘောမတူဘူးလား”

အရှင်ဒွန်ဟောင်သည် ထိုစကားကို ကြားလိုက်သောအခါ ရီဖူရှင်း၏ ဆိုလိုရင်းကို နားလည်သွားသည်။ သူ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်၏။ နွေးထွေးသော ခံစားချက်တစ်ခုသည် သူ့ကို ဖြတ်စီးသွားသည်။

“မင်း ‘ရီ’ မျိုးရိုးကိုပဲ ဆက်သုံးလို့ရပါတယ်”

အရှင်ဒွန်ဟောင် ပြောလိုက်၏။

“ကောင်းကင်ဒေသရဲ့ ပလ္လင်ကို တိယွမ်ဆီပဲ လွှဲပေးလိုက်မယ်... ဒွန်ဟောင်တိယွမ်”

“အဲဒါဆို ဒီကိစ္စပြီးပြီပေါ့”

ရီဖူရှင်း ခေါင်းညိတ်ကာ ပြောလိုက်၏။

“ကျုပ် သူ့ကို သွားတွေ့သင့်လား”

“သွားပါ... သူက မင်းကို စောင့်နေတာ ကြာခဲ့ပြီ”

အရှင်ဒွန်ဟောင်က ပြုံး၍ ပြောလိုက်၏။

“အင်း...”

ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ ထို့နောက် သူသည် သူရပ်နေသောနေရာမှ တိုက်ရိုက် ပျောက်ကွယ်သွား၏။ သူသည် ဤကဲ့သို့ပင် ထွက်ခွာသွားပြီး အားလုံးကို ချန်ထားခဲ့လေသည်။

လှေကားအောက်တွင် ဒွန်ဟောင်အင်ပါယာနန်းတော်မှ လူအားလုံးသည် အင်ပါယာအသစ်ကို နှုတ်ဆက်ရန် လာနေကြသော်လည်း အင်ပါယာအသစ်သည် ထွက်သွားပေပြီ။

ယွီထူသည်ပင် အံ့အားသင့်နေပြီး ကြက်သေသေနေသည်။

မှန်ပေသည်။ ရီဖူရှင်းသည် ယခင်ကကဲ့သို့ လူငယ်လေးတစ်ဦး မဟုတ်တော့ကြောင်း သူတို့ မှတ်မိရပေမည်။

ယွီထူသည် ထိုသို့ တွေးမိသောအခါ သက်ပြင်းတစ်ချက် ချလိုက်သည်။ ထိုအခိုက်တွင် သူသည် ရုတ်တရက်ကြီး အသက်များစွာ ကြီးသွားသကဲ့သို့ ထင်ရသည်။

“ပြန်သွားကြပါ”

အရှင်ဒွန်ဟောင်သည် တွေ့ဆုံရန် ရောက်လာသူများကို ပြောလိုက်၏။ သူ့အပေါ်တွင် နတ်ရောင်ဝါ တောက်ပနေ၏။ အခြားသူများ ဘာဖြစ်နေကြောင်း သဘောမပေါက်သေးခင်မှာပင် သူ ထွက်သွားသည်။

သို့သော် သူတို့သည် အရှင်ဒွန်ဟောင်၏ မျက်လုံးများထဲတွင် အပြုံးကို မြင်လိုက်ရ၏။ ဒွန်ဟောင်အင်ပါယာနန်းတော်အတွင်းမှ ကျင့်ကြံသူများသည် မဟာအင်ပါယာထံမှ ထိုသို့သော အပြုံးကို ယခင်က တစ်ခါမှ မမြင်ခဲ့ဖူးပေ။

ထိုအပြုံးသည် ကြင်နာပုံပေါ်ကာ တည်ငြိမ်သောရိုးသားမှုနှင့် စိတ်သက်သာရာရမှုတို့ကို ပေါင်းထားသကဲ့သို့ဖြစ်သည်။

နောက်ဆုံးတွင် သူ့ ရင်ထဲမှ ဝန်ထုပ်ဝန်ပိုးကြီး ကျသွားသကဲ့သို့ပင်။

*****

ကောင်းကင်ဘုံ၊ ကောင်းကင်အလွှာ(၉၉)လွှာမြောက်၊ ကောင်းကင်နန်းတော်အထက်တွင်...

ကျိဝူတောက်သည် မျက်လုံးများဖွင့်ကာ ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး ကောင်းကင်ထဲသို့ ကြည့်သည်။ သူ၏မျက်လုံးများထဲတွင် လွန်စွာ ရှုပ်ထွေးသော ခံစားချက်များ ရှိနေသည်။

ယခင်က သူသည် အင်ပါယာခြောက်ပါး၏ တိုက်ပွဲကို လက်စားချေရန် လူသားနတ်ဘုရားနန်းတော်သို့ သွားခဲ့ပြီး လူသားနတ်ဘုရားနန်းတော်မှ ကျင့်ကြံသူများကို လိုက်လံသတ်ဖြတ်ခဲ့သည်။

နောက်ပိုင်းတွင် လူသားနတ်ဘုရားနန်းတော်မှ မဟာအင်ပါယာများစွာ ထွက်ပေါ်လာသဖြင့် သူသည် အရှုံးဖြင့် ပြန်ဆုတ်ခဲ့ရကာ ကျင့်ကြံရန်အတွက် ဤနေရာသို့ ပြန်လာခဲ့ခြင်းဖြစ်သည်။

သို့သော် မကြာခင်က သူသည် ကောင်းကင်ဒေသမှနေ၍ သတင်းတစ်ခု ရခဲ့သည်။

အရှင်ဒွန်ဟောင်သည် ပလ္လင်ကို ရီဖူရှင်းအား လွှဲပေးလိုနေသည်။

ထိုအခိုက်တွင် သူသည် ကိစ္စများစွာကို ရုတ်တရက် နားလည်သွားခဲ့သည်။ မူလဘုံသည် အဘယ်ကြောင့် ထိုကဲ့သို့ ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးခဲ့ပြီး ဒွန်ဟောင်တိယွမ်ထံတွင် တစ်ခုခု လိုနေကြောင်း သူ အမြဲခံစားနေခဲ့ရသည့် ကိစ္စများကဲ့သို့သော ကိစ္စများဖြစ်သည်။

ထိုအခိုက်တွင် သူ၏သံသယအားလုံး ရှင်းလင်းသွားခဲ့သည်။

ဒွန်ဟောင်တိယွမ်သည် သူမ၏ မျိုးဆက်မဟုတ်ပေ။

ရီဖူရှင်း ဖြစ်ပေသည်။

“သူက သူ့ရဲ့ ကိုယ်ပိုင်ကောင်းကင်လမ်းစဉ်အသေးစားကို ဖန်တီးခဲ့တယ်ပေါ့”

ကျိဝူတောက်သည် လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။ ကောင်းကင်နန်းတော်အထက်တွင် လူအနည်းငယ်သည် ကျိဝူတောက်ကို အနောက်မှနေ၍ ကြည့်နေကြသည်။ သူတို့သည် ဤတစ်ခေါက်တွင် ကျိဝူတောက်သည် အနည်းငယ် ကွဲပြားနေသည်ဟု ခံစားနေရသည်။ သို့သော် ကျိဝူတောက်က မည်သို့ ကွဲပြားနေသည်ကိုမူ သူတို့ ထောက်မပြနိုင်ချေ။

တစ်စုံတစ်ခု ဖြစ်ပွားခဲ့၍လော။

“အရင်နှစ်တွေတုန်းက ကျုပ်က အတိတ်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ သိနိုင်ဖို့ နေရာအများကြီးကို သွားခဲ့တယ်... နောက်ဆုံးတော့ အဲဒီအကြောင်းနည်းနည်းကို သိခဲ့ရပြီ။ ကျုပ်အမြင်မှာတော့ ဒွန်ဟောင်က သူရဲဘောကြောင်တဲ့သူ တစ်ယောက်ပဲ။ သူက ခင်ဗျားကို စွန့်ပစ်ခဲ့ရုံတင်မကဘူး.. သူ့ကိုယ်သူ ကာကွယ်ဖို့ ကောင်းကင်ဘုံနဲ့ ဆက်ဆံရေးကိုလည်း ဖြတ်တောက်ခဲ့တယ်။ အဲဒါကြောင့် အင်ပါယာရီချင်နဲ့ စစ်ပွဲဖြစ်ခဲ့တာပဲ”

ကျိဝူတောက်သည် ကောင်းကင်သို့ကြည့်၍ သူ့ကိုယ်သူ ပြောနေသလိုမျိုး ပြောလိုက်၏။

“အရင်တုန်းက ဖြစ်ခဲ့တာတွေအတွက် လူသားဘိုးဘေးက သံသယဖြစ်စရာ အကောင်းဆုံးလို့လည်း ကျုပ်သိခဲ့တယ်။ အဲဒါကြောင့် ကျုပ်က လူသားဘုံကို အမြဲ ရန်သူအဖြစ် သတ်မှတ်ထားပြီး လူသားဘုံကို ဖျက်ဆီးဖို့ ကြံခဲ့တာ။ တစ်‌နေ့မှာ ကျုပ် လမ်းစဉ်ကို သက်သေပြနိုင်ခဲ့ပြီး အောင်မြင်မှုကြီး ရခဲ့ရင် ကျုပ် လူသားနတ်ဘုရားနန်းတော်ကို ဖျက်ဆီးပစ်ပြီး လူသားဘိုးဘေးကို ရှင်းပစ်မယ်.. ပြီးရင် အတိတ်တုန်းက ဖြစ်ခဲ့တာတွေအတွက် တာဝန်ရှိတဲ့သူကို ရှာမယ်”

“အစတုန်းကတော့ ကျုပ်က တိယွမ်ကို လက်ထပ်ချင်ခဲ့တာ.. ခင်ဗျားရဲ့ သမီးတော်ကို မိဖုရားဖြစ်အောင် လုပ်ပေးပြီး လောကကြီးရဲ့ မိခင်ဖြစ်စေဖို့ပေါ့”

“ကျုပ် အလုပ်ချင်ဆုံးအရာကတော့ ဆုံးရှုံးသွားတာတွေအတွက် ပြန်ကာမိအောင် လုပ်ဖို့ပဲ။ ပြီးခဲ့တဲ့ နှစ်(၂၀၀)လုံးလုံး ခင်ဗျား ဘယ်မှာ ရှိနေတယ်ဆိုတာ ကျုပ် အမြဲသိခဲ့တယ်... ခင်ဗျားကျုပ်ကို စကားတစ်ခွန်းမှ မပြောခဲ့ဘူးဆိုပေမယ့်ပေါ့လေ။ အဲဒါကြောင့် တစ်‌နေ့မှာ ကျုပ် လမ်းစဉ်ကို သက်သေပြနိုင်ပြီးရင် ခင်ဗျားကို ပြန်အသက်သွင်းပြီး ဆရာလို့ခေါ်မယ်လို့ ကျုပ် တွေးထားတယ်”

ကျိဝူတောက်သည် ခပ်ဖြည်းဖြည်း ပြောနေသည်။ သူ၏အသံသည် မယုံနိုင်လောက်အောင် သိမ်မွေ့နေပြီး လေးစားမှုဖြင့် ပြည့်နှက်နေသည်။

ထိုအသံသည် အကြောက်တရားကင်းကာ စည်းမျဉ်းများကို အရေးမစိုက်သော ကျိဝူတောက်ပြောနေသော အသံပင်။ သူသည် သူ့ကိုယ်သူ အင်အားတိုးမြှင့်ရန် နေရာအနှံ့မှ ကျင့်ကြံသူများကို ဝါးမျိုခဲ့သည်။ မဟာအင်ပါယာများပင် ခြွင်းချက် မဟုတ်ခဲ့ပေ။ သူသည် အရာအားလုံးနှင့် လူအားလုံးကို အရေးမစိုက်ခဲ့ဘဲ အရှင်ဒွန်ဟောင်ကိုပင် သူရဲဘောကြောင်သူဟု ခေါ်ခဲ့သည်။ အင်ပါယာခြောက်ပါး စုဝေးသောအခါတွင် သူသည် သူ့ကိုယ်သူ ရုပ်ဖျက်ကာ သူတို့အကြားတွင် ပဋိပက္ခများ ဖြစ်စေခဲ့သည်။

သို့သော် ဤအခိုက်တွင် သူသည် အလွန် သိမ်မွေ့သည့်ပုံ ပေါ်နေလေသည်။ ကောင်းကင်နန်းတော်အတွင်းမှ လူများသည် ကျိဝူတောက်၏ ထိုပုံစံကို တစ်ခါမှ မမြင်ဖူးကြပေ။ ကောင်းကင်အလွှာ(၉၉)လွှာမြောက်မှ လူအားလုံးသည် သူပြောသည့်စကားများကို ကြားလိုက်သောအခါ အလွန်အံ့အားသင့်သွားကြသည်။ မည်သည့်ကိစ္စများ ဖြစ်နေကြောင်း သူတို့ မသိကြပေ။

ကျိဝူတောက်သည် မည်သူ့ကို စကားပြောနေခြင်းနည်း။

ကောင်းကင်အလွှာ(၉၉)လွှာမြောက် အထက်ရှိ ကောင်းကင်လမ်းစဉ်ကို ပြောနေခြင်းလော။

ကောင်းကင်လမ်းစဉ်၏ တစ်စိတ်တစ်ပိုင်းသည် ကောင်းကင်အင်ပါယာလော။

“ဒါပေမဲ့ အဲဒါတွေအကုန်လုံးက မဖြစ်နိုင်တဲ့ ဆန္ဒတွေလား”

ကျိဝူတောက်သည် မိုးကောင်းကင်ကို မေးလိုက်သည်။

“အဲဒီလို မဟုတ်ဖို့ ကျုပ် မျှော်လင့်ပါတယ်”

သူသည် ထိုသို့ပြောပြီးနောက် နောက်ထပ် စကားတစ်ခွန်းမှထပ်မပြောတော့ဘဲ ကောင်းကင်ကို တိတ်တဆိတ် ငေးကြည့်နေလေသည်။

သူသည် အဖြေကို စောင့်ဆိုင်းနေလေသည်။

All Chapters