← Chapters

မျှတသော တိုက်ပွဲ

Vol. 202 Ch. 2883

မျှတသော တိုက်ပွဲ

Vol. 202 Ch. 2883

ကောင်းကင်(၉၉)လွှာမြောက်တွင် မျက်လုံးအားလုံးသည် တိုက်ပွဲပြင်ကိုသာ ကြည့်နေကြသည်။

လက်ရှိ ကောင်းကင်အင်ပါယာ ကျိဝူတောက်သည် ဘုံခုနစ်ခုလုံးရှိ သူနှင့်မျိုးဆက်တူများကြားတွင် အထူးချွန်ဆုံးသူတစ်ယောက်ဟု ကျော်ကြားသည်။ သူသည် မတစ်‌ထောင်၊ တစ်ကောင်ဖွားဖြစ်သည်။

မကြာသေးခင်ကပင် သူသည် သူ့ဘဝတစ်‌လျှောက်ရှိ အကြီးမားဆုံး အောင်မြင်မှုကို ရထားသည်။ သူသည် နတ်ဘုရားနန်းတော်ကို ကျူးကျော်ခဲ့ပြီး အင်ပါယာများစွာကို သတ်ဖြတ် ဝါးမျိုခဲ့သည်။ သူသည် အောင်အောင်မြင်မြင် ပြန်ဆုတ်လာနိုင်ခဲ့ပြီး ကောင်းကင်(၉၉)လွှာမြောက်သို့ ဘေးကင်းကင် ပြန်ရောက်လာခဲ့သည်။ သူ့တွင် ကောင်းကင်လမ်းစဉ်၏ စွမ်းအားနောက်ခံ ရှိသော်လည်း ထိုအောင်မြင်မှုသည် အံ့အားသင့်ဖွယ် အောင်မြင်မှုပင် ဖြစ်ပေသည်။

ရီဖူရှင်းသည် မူလဘုံ၏ ဘုရင်ဟောင်းဖြစ်သည်။ သို့သော် လောကထဲတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာပြီးနောက်တွင် မူလဘုံသည် ယခင်ကနှင့် မတူတော့ပေ။ မူလဘုံသို့ ဘုံခုနစ်ခုမှ ကျင့်ကြံသူများ ရောက်ရှိလာသော်လည်း ရီဖူရှင်းသည် မူလဘုံရှိ နံပါတ်တစ် ပါရမီရှင်သာ ဖြစ်နေသေးပြီး ရီအင်ပါယာနန်းတော်ကို တည်ထောင်ခဲ့သူဖြစ်သည်။

သူ၏ အကြီးကျယ်ဆုံး အောင်ပွဲသည် မဟာအင်ပါယာခုနစ်ပါးကို တစ်ချက်တည်းဖြင့် ရှင်းပစ်နိုင်ခဲ့ခြင်းဖြစ်သည်။

သူတို့နှစ်ဦးသည် လောကထဲရှိ စွမ်းအားအကြီးဆုံး၊ ပါရမီအထူးဆုံးသူများဖြစ်သည်ဟု ဆိုနိုင်သည်။ ယခုတွင် သူတို့သည် ဤနေရာတွင် တိုက်ခိုက်ပေတော့မည်။

ဤတိုက်ပွဲသည် ဘုံခုနစ်ခုလုံး၏ စွမ်းအားအကြီးဆုံး ပါရမီရှင်နှစ်ယောက်၏ တိုက်ပွဲဖြစ်မည်လော။

မည်သူနိုင်သည်ဖြစ်စေ ထိုသူသည် တစ်လောကလုံး၏ နံပါတ်တစ် ပါရမီရှင်ဖြစ်ပေမည်။

သူတို့သည် ယခုအထိ မဟာအင်ပါယာများအဖြစ် သူတို့၏လမ်းစဉ်ကို သက်သေမပြရသေးသော်လည်း သူတို့ကို အင်ပါယာများအဖြစ် သတ်မှတ်နိုင်ပြီဖြစ်ကြောင်း အားလုံးနားလည်ကြပေသည်။ သာမန်မဟာအင်ပါယာများသည် သူတို့နှင့် ယှဉ်ပြိုင်နိုင်ရန် လုံးဝမဖြစ်နိုင်ချေ။

သူတို့အထက်တွင် သူတို့စွမ်းဆောင်ခဲ့သည်ထက် ပိုသာလွန်စွာ စွမ်း‌ဆောင်နိုင်ခဲ့သော အင်ပါယာခြောက်ပါးသာ ရှိတော့ပေသည်။

တိုက်ပွဲပြင်ထက်တွင် ကြောက်မက်ဖွယ် ပရမ်းပတာ ကောင်းကင်ဝါးမျိုအတတ် ထွက်ပေါ်လာပြီး ရီဖူရှင်း၏ ကောင်းကင်အကာအရံသည် ကွဲအက်ပျက်စီးနေသည်။ သူသည် ကျိဝူတောက်၏ ဝါးမျိုမှုကို ခံ‌ရတော့မည်ဖြစ်သည်။ ကျိဝူတောက်၏ လက်ဝါးရာကြီးသည် အောက်ခြေမရှိသော အာကာသတွင်းနက်ကြီးကဲ့သို့ပင် ဖြစ်သည်။

ဝုန်း...

ကြောက်မက်ဖွယ် နတ်စွမ်းအားသည် အာကာသတွင်းနက်ကြီးဆီသို့ လျင်မြန်စွာ ပျံဝင်သွားသည်။ ရီဖူရှင်း၏ နတ်စွမ်းအား ပေါက်ကွဲထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်သည် လည်ပတ်၊ မြည်ဟည်းသွားသည်။ နတ်စွမ်းအားသည် သူ့ခန္ဓာကိုယ်မှနေ၍ အပြင်းအထန် ထွက်ပေါ်လာပြီး ထိုဝါးမျိုနေသော အာကာသတွင်းနက်ကြီးဆီသို့ ဝင်ရောက်သွားသည်။

ထိုနတ်စွမ်းအားထဲတွင် ကောင်းကင်ဇီဝိန်ခြွေနတ်စွမ်းအား ပါဝင်၏။ ၎င်း၏ တိုက်ခိုက်စွမ်းအားသည် အတုမဲ့၏။ ၎င်းသည် အဖျက်မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ အာကာသတွင်းနက်ကြီးကို ဖောက်ထွင်းသွား၏။ သို့သော် အာကာသတွင်းနက်ကြီးမှ ထွက်ပေါ်လာသော မိုးချုန်းသံများကိုသာ သူကြားလိုက်ရ၏။ လေးလံသော ထိတိုက်သံတစ်ခု ထွက်ပေါ်လာကာ ရီဖူရှင်း၏ ကောင်းကင်ဇီဝိန်ခြွေနတ်စွမ်းအားသည် သမုဒ္ဒရာထဲတွင် နစ်မြုပ်သွားသော ကျောက်တုံးတစ်တုံးကဲ့သို့ အရိပ်အယောင်တစ်ခုပင် မကျန်ခဲ့ဘဲ တွင်းနက်ကြီးအတွင်းသို့ ကျဆင်းသွားသည်။

ကြောက်မက်ဖွယ် အာကာသတွင်းနက်ဝဲကတော့မုန်တိုင်းကြီးသည် ရီဖူရှင်းထံသို့ ဦးတည်လာနေပြီး သူ့ကို ဝါးမျိုရန် ကြိုးစားနေသည်။ ကြောက်မက်ဖွယ် စွမ်းအားထွက်ပေါ်လာပြီး ကျယ်ပြော၍ အကန့်အသတ်မဲ့သော အာကာပြင်သည် လှိုင်းများအဖြစ် စုစည်းသွားပြီး အာကာသတွင်းနက်ကြီးအတွင်းသို့ ဝင်သွားသည်။ ထိုကောင်းကင်သည် ဝါးမျိုခံရတော့မလိုပင်။

အဝေးနေရာတွင် ကောင်းကင်(၉၉)လွှာမြောက်ရှိ တိုက်ပွဲကို ကြည့်နေကြသော ကျင့်ကြံသူအချို့သည် မျှော်လင့်မထားဘဲ ဝဲကတော့လှိုင်း၏ ရိုက်ခတ်မှုကို ခံလိုက်ရပြီး ၎င်းအတွင်းသို့ တိုက်ရိုက်စွဲစုပ်ခံလိုက်ရကာ အတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်သွားသည်။

“အဲဒါက ဘယ်လို ကြောက်စရာစွမ်းအားမျိုးလဲ”

အခြားတစ်ဘက်မှ ကျင့်ကြံသူများသည် သူတို့မျက်စိရှေ့ရှိ ပုံရိပ်ကို အလွန်အံ့အားတကြီး ကြည့်နေကြသည်။ သူတို့အထက်ရှိ ကောင်းကင်သည်ပင် ဝါးမျိုခံရတော့မည်ဖြစ်သည်။ ပရမ်းပတာ ကောင်းကင်ဝါးမျိုအတတ် စွမ်းအားအပြည့်ရောက်သွားသောအခါ လက်ဝါးရာသည် အာကာသတွင်းနက်ကြီးအဖြစ် ပြောင်းလဲသွား၏။ ထိုကြောက်မက်ဖွယ် အာကာသတွင်းနက်ကြီးသည် ကောင်းကင်ကို ဝါးမျိုနိုင်စွမ်း ရှိပေသည်။

“ကောင်းကင်အင်ပါယာ... ကျုပ်တို့ကို သနားညှာတာပါဦး”

မုန်တိုင်းထဲတွင် ပါသွားသော ကျင့်ကြံသူအချို့သည် အော်ပြောလိုက်ကြသည်။ သို့သော် အသုံးမဝင်ပေ။ ထိုအခိုက်တွင် ကျိဝူတောက်၏နှလုံးသားသည် ရေခဲတမျှ အေးစက်နေပြီး နှလုံးသားထဲတွင် သတ်ဖြတ်လိုသည့်ဆန္ဒသာ ရှိနေသည်။ သူသည် ရီဖူရှင်းကိုသာ ဝါးမျိုလိုနေပြီး ရီဖူရှင်း၏ ဖြစ်တည်မှုကို ဖျောက်ဖျက်ပစ်လိုနေသည်။

ကျင့်ကြံသူအချို့သည် မအော်နိုင်သေးခင်မှာပင် မုန်တိုင်းအတွင်းသို့ တိုက်ရိုက်စုပ်ယူ ခံလိုက်ရ၏။ ထိုမြင်ကွင်းသည် ဆိုးဝါးပြီး ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းပင်။

ဝုန်း...

ရီဖူရှင်းသည် ထိုဒြပ်မှုန်များကို ရုတ်တရက် တောက်ပလာအောင် လုပ်လိုက်သည်။ ဒြပ်မှုန်တိုင်းသည် ကိုယ်ပိုင်ကြယ်တာရာလောကတစ်ခုစီအဖြစ် ပြောင်းလဲသွားပြီး ပြင်းထန်စွာ မြည်ဟည်းလိုက်သည်။ ၎င်းတို့သည် ကျိဝူတောက်ထံသို့ တိုက်ရိုက်ပျံဝင်သွားကြသည်။

ထိုကြယ်တရာလောကများသည် အကန့်အသတ်မဲ့ကာ ကြီးမားပြီး ကျင့်ကြံသူအားလုံးသည် ၎င်းတို့ကြောင့် ကြောက်ရွံ့နေကြလေသည်။ ကျိဝူတောက်၏ မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မှ ရှိမနေပေ။ သူ၏လက်ဝါးသည် အဆုံးမဲ့ အာကာသတွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ၎င်းတွင်းနက်ကြီးထဲတွင် အခြားလောကတစ်ခုရှိနေသကဲ့သို့ပင်။ ၎င်းသည် မဟာလမ်းစဉ်နတ်ဘုံကဲ့သို့ပင်။ ၎င်းသည် ဧရာမကြယ်တာရာလောကကြီးများကို ၎င်းအတွင်းသို့ ရုတ်ခြည်း စုပ်ယူလိုက်သည်။

ကြယ်တာရာလောကများ ပြိုပျက်လာပြီး မတွေးနိုင်လောက်သည့် အမြန်နှုန်းဖြင့် အမှုန့်ဖြစ်လာကာ ဝါးမျိုခံနေရသည်။ ရလဒ်သည် မပြောင်းလဲသေးပေ။

ကြောက်မက်ဖွယ် ဝါးမျိုးစွမ်းအားတစ်ခုသည် ရီဖူရှင်း၏ တွင်းနက်အတွင်းသို့ စုပ်ယူနေ၏။ ထို့ကြောင့် ရီဖူရှင်း၏ ဆံပင်ရှည်များသည် လေထဲတွင် ဝဲလွင့်နေသည်။ သူ့အဝတ်အစားများသည် တဖျပ်ဖျပ်ခတ်နေပြီး လေချွန်သံကဲ့သို့ အသံတစ်သံ ထွက်နေလေသည်။

ရွှီး...

ဧရာမလှံရှည်ကြီးတစ်ချောင်း ဖြစ်ပေါ်လာ၏။ ထိုလှံရှည်ကြီးထဲတွင် ကြောက်မက်ဖွယ် နတ်စွမ်းအား ပါဝင်ပေသည်။ အတွေးတစ်ချက်အတွင်းမှာပင် သူ့ခန္ဓာကိုယ်သည် မုန်တိုင်းအတွင်းသို့ စုပ်ယူခံလိုက်ရ၏။ သူ၏လက်ထဲတွင် လှံရှည်ကြီး ပါသွားသည်။ သူနှင့်လှံရှည်ကြီးသည် မုန်တိုင်းအတွင်းသို့ ရောက်ရှိသွား၏။

သို့သော် လှံရှည်ကြီးသည် အဆက်မပြတ် ကြီးမားလာပြီး မုန်တိုင်းကို တိုက်ရိုက် ရိုက်ခတ် ထိုးဖောက်လိုက်လေသည်။ ရုတ်ခြည်းအတွင်းမှာပင် ကြောက်မက်ဖွယ် ပေါက်ကွဲသံ တစ်သံကို ကြားလိုက်ရပြီး မုန်တိုင်းကြီးသည် ကွဲအက်ပျက်စီးသွားသည်။ လက်ဝါးရာမှ ဖြစ်ပေါ်လာသော အာကာသတွင်းနက်ကြီးသည်လည်း ဖျက်ဆီးခံလိုက်ရ၏။

သို့ပင်လျှင် ၎င်းသည် လူအားလုံးကို ကြောက်ရွံ့တုန်လှုပ်သွားစေသေးသည်။ သူတို့သည် လက်ဝါးရာတစ်ခုတွင် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားပါဝင်သည်ကို မယုံနိုင်ဖြစ်နေကြသည်။

ကျိဝူတောက်သည် ယခုမှ စရုံသာ ရှိပေသေးသည်။ သူသည် အစွမ်းကုန် ထုတ်မသုံးရသေးပေ။

“ဒီစွမ်းအားက ပရမ်းပတာ ကောင်းကင်ဝါးမျိုအတတ်ရဲ့ နတ်စွမ်းအားလား”

ရီဖူရှင်းသည် ကျိဝူတောက်ကိုကြည့်၍ မေးလိုက်သည်။

“အဲဒါက ဘယ်လို နတ်စွမ်းအားမျိုးလဲ”

“အာကာသတွင်းနက်...”

ကျိဝူတောက်သည် ရီဖူရှင်ကို စိုက်ကြည့်ကာ ပြန်ပြောလိုက်၏။

“မင်းက သူ့ရဲ့ မျိုးဆက်ပဲ။ မင်း ငါ့ဆီမှာ အညံ့ခံရင် ငါ မင်းကို သတ်စရာ မလိုတော့ဘူး။ ငါ သူ့ရဲ့အလုပ်ကို ပြီးအောင် လုပ်ပေးမယ်... မင်းက ငါ့ကို ကူညီပေးရမယ်”

“မင်းက လမ်းမှားကို ရောက်သွားပြီ”

ရီဖူရှင်းက ပြန်ပြောလိုက်၏။

“ထွက်လာပြီး တိုက်ခိုက်လိုက်”

ရီဖူရှင်းသည် သူ၏ အသံ လွင့်ပြယ်သွားသည့်နှင့် တစ်ပြိုင်နက် ဤနေရာမှ တိုက်ရိုက် ထွက်ခွာသွားသည်။ ဤနေရာတွင် တိုက်ခိုက်လျှင် ကောင်းကင်(၉၉)လွှာ၌ ကျင့်ကြံနေသူများကို ထိခိုက်စေနိုင်ပေသည်။

ကျိဝူတောက်သည် ပရမ်းပတာ ကောင်းကင်ဝါးမျိုအတတ်ကို တတ်မြောက်ထားသည်။ ထို့ကြောင့် သူသည် လျင်မြန်စွာ တိုးတက်လာနိုင်ခဲ့သည်။ သူသည် လောကထဲရှိ စွမ်းအားအကြီးဆုံးသူများထဲမှ တစ်ယောက်ဖြစ်ပြီး သူ၏အလားအလာသည် ကြောက်မက်ဖွယ်ကောင်းလှသည်။

သို့သော် ထိုပရမ်းပတာ ကောင်းကင်ဝါးမျိုအတတ်ကြောင့်လည်း ကျိဝူတောက်သည် လမ်းမှားသို့ ရောက်သွားခဲ့ခြင်းဖြစ်သည်။ သူသည် သူ၏ကိုယ်ပိုင်ကျင့်ကြံခြင်းအတွက် အခြားသူများကို ဝါးမျိုပစ်နိုင်သည်။ သူတို့ နတ်ဘုရားကုန်းမြေပေါ်တွင် ရှိနေခဲ့စဉ်က ကျိဝူတောက်၏လက်သည် သွေးများစွာ စွန်းခဲ့သည်။ သူသည် လာရောက်လုယက်သည့် ကျင့်ကြံသူများစွာကို သတ်ပစ်ခဲ့ပြီး အခြားသူများ၏ အသက်များကိုလည်း နုတ်ယူခဲ့သည်။ သူသည် ထိုကျင့်ကြံသူများ နတ်ဘုရားကုန်းမြေအတွင်း၌ ရရှိခဲ့သော အမွေအနှစ်များကို ဝါးမျိုပစ်ခဲ့သည်။

ပို၍ အရေးကြီးသည်မှာ ရီဖူရှင်းသည် ကျိဝူတောက်တွင် ခေါင်းမာသော စိတ်ဓာတ်ရှိပြီး သူ့ကိုယ်သူ အထင်ကြီးစိတ်ရှိသည်ဟု ခံစားရပေသည်။ ကျိဝူတောက်သည် သူ၏ရည်မှန်းချက်အောင်မြင်ရန် ဘာကိုမဆို လုပ်မည့်သူပင်။ သူကျင့်ကြံခဲ့သော ပရမ်းပတာ ကောင်းကင်ဝါးမျိုအတတ်အပြင် သူသည် ကျင့်ကြံခြင်းလောကတွင် ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်တစ်ခု ဖြစ်နိုင်ပေသည်။

သူတို့နှစ်ယောက်သည် အတူယှဉ်တွဲ တည်ရှိမရနိုင်ရန် ကံကြမ္မာပါလာလေသည်။

ကျိဝူတောက်သည် ရီဖူရှင်းက ဤနေရာရှိ သူ၏အားသာချက်ကို လက်လျှော့ကာ သူ့ဘာသာ ထွက်သွားသည်ကို မြင်လိုက်သောအခါ ကောင်းကင်သို့ မော့ကြည့်၍ ပြောလိုက်၏။

“သူက မျှမျှတတ တိုက်ခိုက်ချင်နေမှတော့ ကျုပ် ခွင့်ပြုလိုက်ပြီး သူ့အသက်ကို ချမ်းသာပေးလိုက်ပါမယ်”

သူသည် ထိုသို့ပြောပြီးနောက် ပျောက်ကွယ်သွားသည်။ သူသည် ရီဖူရှင်းအနောက် လိုက်သွားခြင်းပင်။

ရီဖူရှင်းက ကောင်းကင်ဘုံ၏ ကောင်းကင်(၉၉)လွှာမှ ထွက်လာပြီးနောက်တွင် မူလဘုံသို့သွားရန်အတွက် ကောင်းကင်ဘုံရှိ လမ်းကြောင်းကို ဖြတ်သန်းသွားလိုက်သည်။ ထို့နောက် သူသည် အကန့်အသတ်မဲ့ ကြယ်တာရာကောင်းကင်အကြားရှိ အာကာသဟင်းလင်းပြင်သို့ ရောက်သွားသည်။

အဆုံးမဲ့ အာကာသဟင်းလင်းပြင်သည် တိတ်ဆိတ်နေသည်။ ဤနေရာတွင် ကျင့်ကြံသူများ၏ အရိပ်အယောင်တစ်ခုမှ မရှိချေ။ အဝေးရှိ ကြယ်တာရာကုန်းမြေအချို့ကို လှမ်းမြင်နိုင်သော်လည်း ယင်းကုန်းမြေများတွင် မည်သူမှ ကျင့်ကြံမနေကြပေ။

ထို့နောက် ရီဖူရှင်းနောက်လှည့်လိုက်ပြီး အောက်ဘက်သို့ မျက်နှာမူကာ ကျိဝူတောက် ဤနေရာသို့ ရောက်လာမည်ကို စောင့်ဆိုင်းနေလိုက်သည်။

မကြာမီတွင် အောက်ဘက်တွင် လူတစ်ယောက် ထွက်ပေါ်လာ၏။ သူသည် လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အထက်သို့ ပျံတက်လာသည်။ သူသည် ကျိဝူတောက်ပင်။

ရွှီး...

ရီဖူရှင်း၏အတွေး လှုပ်ရှားသွားသောအခိုက်တွင် ကောင်းကင်ထက်၌ လွန်စွာ တောက်ပသော ‌ရွှေရောင်အလင်းမျက်နှာပြင် ထွက်ပေါ်လာလေသည်။ ၎င်းသည် ကောင်းကင်နှင့် နေလုံးကို ကာရံသွားပြီး အကန့်အသတ်မဲ့ အာကာပြင်ကိုလည်း လွှမ်းခြုံသွားသည်။ ၎င်းသည် ကြောက်မက်ဖွယ် နတ်ဓားဝင်္ကပါတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။

လွန်စွာ ကြောက်မက်ဖွယ်ကောင်းသော ထက်ရှသည့် အရှိန်အဝါတစ်ခုသည် အထက်မှ ကျဆင်းလာ၏။ မရေမတွက်နိုင်အောင် များပြားသော အလင်းတန်းများလည်း ကျဆင်းလာသည်။ အလင်းတန်းတစ်ခုစီတိုင်းတွင် ကောင်းကင်ဇီဝိန်ခြွေစွမ်းအား ပါဝင်ပြီး သတ်ဖြတ်ရန် ပျံတက်လာသော ကျိဝူတောက်ကို တိုက်ရိုက် တိုက်ခိုက်လိုက်ကြသည်။

ကျိဝူတောက်ကို နတ်အလင်းလှည့်ပတ်သွားပြီး နဂါးကိုးကောင်သန့်စင်ချီ ထွက်ပေါ်လာ၏။ သူသည် အဖျက်နတ်စွမ်းအားအောက်တွင် ရှိနေသော်လည်း မလှုပ်ရှားသေးပေ။

“ငါ့ရဲ့ ဒီစွမ်းရည်တော်တော်များများက မင်းရဲ့အမေ ပေးထားတာပဲ။ ဒီနေ့ ငါဒီစွမ်းရည်တွေကို သုံးပြီး မင်းကို အနိုင်ယူမယ်”

ကျိဝူတောက်သည် ရီဖူရှင်းကို ကြည့်၍ ပြိုင်ဘက်ကင်းယုံကြည်မှုဖြင့် အော်ပြောလိုက်လေသည်။

All Chapters