← Chapters

ငွေလှံနှင့် အနက်ရောင်လှံ

Vol. 202 Ch. 2885

ငွေလှံနှင့် အနက်ရောင်လှံ

Vol. 202 Ch. 2885

ကျိဝူတောက်၏ လက်ထဲရှိ လှံရှည်သည် ရီဖူရှင်းထံ ပျံထွက်သွား၏။ ကျိဝူတောက်၏ မျက်လုံးများသည်လည်း မိစ္ဆာဆန်သွားသည်။ ထိုအနက်ရောင်မျက်ဝန်းများသည် အနက်ရောင်ဝဲကတော့များအဖြစ် ပြောင်းလဲသွားသကဲ့သို့ အလွန်ကြောက်မက်ဖွယ် ကောင်းနေသည်။

“ကောင်းကင်အရင်းအမြစ်ဝါးမျိုခြင်းစွမ်းအား”

ကျိဝူတောက် ပြောလိုက်၏။ ရုတ်ခြည်းအတွင်းမှာပင် ပတ်ဝန်းကျင်အာကာပြင်သည် ပြိုပျက်သွားပြီး ပြင်းထန်စွာ ဖျက်ဆီးခံလိုက်ရလေသည်။ မူလဘုံရှိ အာကာပြင်သည် နဂိုကပင် မတည်ငြိမ်သဖြင့် အင်ပါယာအဆင့်ကျင့်ကြံသူများ၏ တိုက်ခိုက်မှုများကို မခံနိုင်ချေ။

ကျိဝူတောက်၏ နတ်စွမ်းအားသည် ရီဖူရှင်း ရင်ဆိုင်ခဲ့ဖူးသမျှ ပြိုင်ဘက်များ၏ နတ်စွမ်းအားများထဲတွင် ကြောက်မက်ဖွယ် အကောင်းဆုံးဖြစ်သည်။

အာကာပြင် ပြိုပျက်သွားပြီး ရုတ်ခြည်းအတွင်း ကွဲအက်ပျက်စီးသွားကာ ကျိဝူတောက်၏ ဝါးမျိုမှုကို ခံလိုက်ရလေသည်။ လှံအရှေ့တွင် ကြောက်မက်ဖွယ် ဝဲကတော့ အာကာသတွင်းနက်ကြီးတစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် လှံအတွင်းသို့ လောကတစ်ခုလုံး ဝါးမျိုလိုနေလေသည်။

အကန့်အသတ်မဲ့လောကသည် နတ်စက်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထိုမဟာလမ်းစဉ်နတ်စက်ကွင်းထဲတွင် အရာဝတ္ထုအားလုံး ပျောက်ကွယ်သွားသည်။ ရီဖူရှင်းသည် ထိုလောကထဲတွင် ရပ်နေပြီး လွန်စွာကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု၏အောက်တွင် ရှိနေလေသည်။ သို့သော် သူ့ကို နတ်စွမ်းအားက လှည့်ပတ်နေ၏။ သူ့ခန္ဓာကိုယ်သည် ကိုယ်ပိုင်လောကတစ်ခုကဲ့သို့ဖြစ်ပြီး သူသည် နေရာတွင် မြဲမြဲမြံမြံ၊ မတုန်မလှုပ် ရပ်နေလေသည်။

သို့သော် သူ့အနောက်ဘက် အဝေးတစ်နေရာရှိ ကြယ်တာရာကုန်းမြေများသည် ကွဲအက်၊ ပြိုပျက်နေကြသည်။ ကုန်းမြေအပိုင်းအစများသည် ကျိဝူတောက်ဘက်သို့ လိမ့်ဝင်သွား၏။ ကျိဝူတောက် ရှိနေသောနေရာတွင် ဧရာမလှံရှည်မှ ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် အာကာသတွင်းနက်ကြီးသည် ပို၍ ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။ အာကာသတွင်းနက်၏ စွမ်းအားကြီး အနက်ရောင်လှံရှည်ထဲတွင် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား ပါဝင်ပေသည်။

အောက်ဘက်ရှိ လွန်စွာဝေးသောနေရာများတွင် လူများသည် ဟင်းလင်းပြင်ထဲရှိ တိုက်ပွဲကို ကြည့်ရန် အပြေားအလွှားရောက်လာကြသည်။ ရောက်လာသူများသည် လွန်စွာမြင့်သည့် ကျင့်ကြံခြင်းအဆင့်ရှိသူများဖြစ်သည်။ သူတို့အားလုံးသည် အနည်းဆုံး အင်ပါယာဖြစ်လာနိုင်မည့်အဆင့်တွင် ရှိနေကြသည်။ မဟုတ်လျှင် သူတို့သည် ဤနေရာသို့ ရောက်လာနိုင်ကြမည် မဟုတ်ပေ။

သို့သော် အင်ပါယာဖြစ်လာမည့်အဆင့် ရှိသူများပင် ကောင်းကင်ထက်တွင် ဖြစ်ပျက်နေသည်များကို မြင်လိုက်ရပြီး ကောင်းကင်ဝါးမျိုခြင်းစွမ်းအားကို ခံစားလိုက်ရသောအခါ လျင်မြန်စွာ ပြန်ဆုတ်သွားကြလေသည်။ သူတို့သည် ထိုတိုက်ပွဲ၏ အရှိန်အဟုန်ကို မခံနိုင်ကြောင်းကို အနီးသို့သွားစရာ မလိုဘဲ အဝေးမှနေ၍ပင် သိနိုင်ပေသည်။

သူသည် အလွန်ဝေးကွာသောနေရာသို့ ဆုတ်သွားကြ၏။ သို့သော် သူတို့၏မျက်လုံးများသည် ကောင်းကင်ထက်ကို ကြည့်နေဆဲဖြစ်သည်။ သူတို့သည် ကြယ်တာရာများ ကွဲအက်ပျက်စီးသွားသည်ကို မြင်နေရ၏။ ၎င်းတို့သည် တစ်ခုပြီးတစ်ခု စုပ်ယူခံနေရပေသည်။ ကောင်းကင်ထက်တွင် အနက်ရောင် အာကာသတွင်းနက်ကြီးလည်း ရှိနေသည်။ သူတို့နှင့် ထိုတွင်းနက်ကြီးကြားတွင် လွန်စွာဝေးကွာသော်လည်း သူတို့သည် ရင်တုန်နေဆဲပင်။

၎င်းသည် အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။ ကျိဝူတောက်သည် စွမ်းအားအကြီးဆုံး အခြေအနေတွင် ရှိနေခြင်းလော။

ရီဖူရှင်းသည် ကျိဝူတောက်၏ ထိုပုံစံကို ယှဉ်နိုင်ပါမည်လော။

အကယ်၍ ကျိဝူတောက်သာ ထိုသို့ ဆက်တိုးတက်နေလျှင် သူသည် အင်ပါယာခြောက်ပါးကို ကျော်တက်ကာ လောကထဲရှိ စွမ်းအားအကြီးဆုံးသူ ဖြစ်သွားမည်ဟု လူအချို့က တွေးလိုက်ကြသည်။ ကောင်းကင်အရင်းအမြစ်ဝါးမျိုခြင်းအတတ်သည် အလွန်စွမ်းအားကြီးသော အတတ်ဖြစ်ပြီး မည်သည့်ခုခံမှုကိုမဆို ချိုးဖျက်ပစ်နိုင်ပေသည်။ ၎င်းသည် ကောင်းကင်ကိုပင် ဝါးမျိုပစ်နိုင်လေသည်။ ထို့အပြင် သူသည် သူဝါးမျိုလိုက်သည့်အရာတိုင်းကို သူ့စိတ်တိုင်းကျ အသုံးပြုနိုင်သည်။

ထို့ကြောင့် ကျိဝူတောက်သည် ပို၍သာ သန်မာလာမည်ဖြစ်သည်။ သူသည် သူ့ကိုယ်သူ ပိုသန်မာလာ‌အောင်လုပ်ရန် အခြားသူများကို ဆက်၍ ဝါးမျိုနိုင်ပေသည်။ သူသာအလိုရှိလျှင် သူသည် လောကကြီးအတွက် ဘေးအန္တရာယ်တစ်ခု ဖြစ်လာပေလိမ့်မည်။ သို့သော် ကျိဝူတောက်သည် မည်မျှ စွမ်းအားကြီးလာမည်ကို သိရန် မဖြစ်နိုင်ပေ။ ထိုသို့ ပြောနိုင်မည့် နည်းလမ်း မရှိချေ။

ပို၍ အရေးကြီးသည်မှာ ဤအခြေအနေသည် ထိုအတတ်၏ အထွတ်အထိပ်အခြေအနေ မဟုတ်သေးပေ။ ၎င်းအတတ်သာ ပြီးပြည့်စုံသွားလျှင် မည်သို့ ဖြစ်လာမည်နည်း။

ထိုအရာကို စဉ်းစားကြည့်၍ပင် မရနိုင်ချေ။

“ဘာကမှ ဝါးမျိုစွမ်းအားကနေ မလွတ်မြောက်နိုင်ဘူး။ အားလုံးက အဲဒါရဲ့ စွမ်းအားဖြစ်သွားမှာပဲ”

ကျင့်ကြံသူအားလုံးသည် တုန်လှုပ်နေကြ၏။

ရီဖူရှင်း ဝါးမျိုခံလိုက်ရမည်လော။

အကယ်၍ ရီဖူရှင်းသာ ဤနေ့ ဤနေရာတွင် သေသွားလျှင် သူသည် ဝါးမျိုခံလိုက်ရမည်ဖြစ်သည်။ သို့ဆိုလျှင် ကျိဝူတောက်သည် အမှန်ပင် ပြိုင်ဘက်ကင်း ဖြစ်သွားပေလိမ့်မည်။ ကျိဝူတောက်သည် အလွန်စွမ်းအားကြီးသော ပါရမီရှင်တစ်ယောက် ဖြစ်နေပြီဖြစ်သည်။ အကယ်၍ သူသာ သူ့ကဲ့သို့ အခြားပါရမီတစ်ယောက်ကို ဝါးမျိုလိုက်လျှင် သူသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းလာမည်နည်း။

တွေးကြည့်၍ပင် မရနိုင်ပေ။

သို့သော် ထိုအခိုက်တွင်ပင် ရီဖူရှင်းသည် မလှုပ်ရှားသေးပေ။ သူသည် ထိုကဲ့သို့ ကြောက်မက်ဖွယ် ဝါးမျိုစွမ်းအားအောက်တွင်ပင် မားမားမတ်မတ် ရပ်နေလေသည်။ ထို့ကြောင့် ရီဖူရှင်း၏ နတ်စွမ်းအားသည် မည်မျှ စွမ်းအားကြီးသည်ကို တွေးကြည့်နိုင်ပေသည်။

သူတို့ တွေးနေကြ၏။ ရီဖူရှင်းသည် မည်မျှ လေးလံ၍ ထိုကဲ့သို့ ကြောက်မက်ဖွယ် ဝါးမျိုစွမ်းအားကို တောင့်ခံနိုင်ခြင်းနည်း။

ထိုအချိန်တွင် ရီဖူရှင်းသည် ဟင်းလင်းပြင်ထဲတွင် ရပ်နေသည်။ သူ့ခန္ဓာကိုယ်အတွင်းမှနေ၍ နတ်စွမ်းအား အရှိန်အဟုန်ဖြင့် ထွက်လာလေသည်။

ထိုအခိုက်တွင် ဟင်းလင်းပြင်ထဲ၌ ရပ်နေသော ရီဖူရှင်းသည် လောကတစ်ခုထဲတွင်သာ ရှိနေသည်မဟုတ်ဘဲ ထောင်ချီသောလောကများထဲတွင် တစ်ချိန်တည်းရှိနေသည်ဟု ထင်ရသည်။ သူ့ကိုယ်တွင်းရှိ ကောင်းကင်လမ်းစဉ်အသေးစားနှင့် ၎င်းထံမှ ဒြပ်မှုန်တိုင်းသည် လောကတစ်ခုအဖြစ် ပြောင်းလဲနိုင်ပေသည်။

ထိုအချိန်၌ နတ်စွမ်းအား အရှိန်အဟုန်ဖြင့် ထွက်ပေါ်နေပြီး ပတ်ဝန်းကျင်အာကာပြင်သို့ ပျံ့နှံ့နေလေသည်။ ရီဖူရှင်းသည် မည်မျှ လေးလံသနည်း။

သူသည် ကျိဝူတောက်ကို အာရုံစိုက်ထား၏။ အာကာသတွင်းနက်နတ်စွမ်းအားနှင့် ကောင်းကင်အရင်းအမြစ်ဝါးမျိုခြင်းစွမ်းအားတို့သည် အထွတ်အထိပ်အဆင့် နတ်စွမ်းအားတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ ၎င်းစွမ်းအားသည် အာကာသအတွင်းရှိ အရာအားလုံးကို ဝါးမျိုပစ်နိုင်ပေသည်။

အမှန်တွင် သူသည် ထိုစွမ်းရည်က သူဖန်တီးခဲ့သော စွမ်းအားအကြီးဆုံး လှံအတတ်နှင့် ဆင်တူသည်ဟု အာရုံခံမိခဲ့သည်။ ထိုလှံအတတ်မှာ အချိန်နှင့်နေရာလမ်းစဉ်ကို အခြေခံ၍ အချိန်နှင့်နေရာကို တွန့်ခေါက်ပစ်နိုင်စွမ်းရှိသည့် လက်စဖျောက်လှံအတတ်ပင်။

အာကာပြင် ပြိုပျက်လာပြီး အရာအားလုံးသည် ဝါးမျိုခံရတော့ပေမည်။ သို့သော် ထိုဖြစ်ရပ်သည် ဝါးမျိုခြင်းနတ်စွမ်းအားကြောင့် မဟုတ်ဘဲ အချိန်နှင့်နေရာနတ်စွမ်းအားမှ ဆင့်ကဲဖြစ်ပေါ်လာသော နတ်အတတ်တစ်ခုကြောင့် ဖြစ်လေသည်။

ထို့ကြောင့် ရီဖူရှင်းသည် မည်သူ၏ လှံအတတ်က စွမ်းအားအကြီးဆုံးဖြစ်ကြောင်း သိလိုနေသည်။

ဝုန်း...

ရီဖူရှင်း၏ခန္ဓာကိုယ် ကြီးထွားလာ၏။ ကျိဝူတောက်ကဲ့သို့ပင် သူ၏ခန္ဓာကိုယ်သည်လည်း မဟာအင်ပါယာပုံစံအဖြစ် ပြောင်းလဲသွား၏။ သူသည် ကောင်းကင်နှင့်မြေကြီးအကြားတွင် မားမားမတ်မတ် ရပ်နေလေသည်။ လှံရှည်တစ်ချောင်းထဲတွင် အားကောင်းသော နတ်စွမ်းအားများ စုစည်းသွားသည်။ ထိုလှံဖျားမှ ထွက်ပေါ်လာသော အရှိန်အဝါသည် ကြောက်မက်ဖွယ်ကောင်းလှသည်။ အချိန်နှင့်နေရာသည် ၎င်းကြောင့် သိသိသာသာ တွန့်ခေါက်သွားသည်။

ကျိဝူတောက်သည် လှံချင်းပြိုင်၍ အနိုင်ရသူကို ဆုံးဖြတ်လိုနေသဖြင့် ရီဖူရှင်းမှာလည်း ကျိဝူတောက်၏ ဆန္ဒကို လိုက်လျောပေးရပေမည်။

ကျိဝူတောက်သည် ထိုစွမ်းအားကို ခံစားမိလိုက်၏။ သူ၏ မျက်နှာထားသည်လည်း တင်းမာနေသည်။ သူသည်လည်း ကောင်းကင်အင်ပါယာအစစ်ပုံစံသို့ ပြောင်းလိုက်ပြီး ဧရာမ အနက်ရောင်လှံတစ်ချောင်းကို ကိုင်ထားလေသည်။ သူသည် လှံကို ရီဖူရှင်းဘက်သို့ ရွယ်လိုက်၏။ ရီဖူရှင်းပတ်ပတ်လည်တွင် ကြောက်မက်ဖွယ် ဝါးမျိုခြင်းမုန်တိုင်း ရစ်သိုင်းနေဆဲဖြစ်သည်။ ရီဖူရှင်းသည် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ထားသော်လည်း ကြီးမားသည့် ဖိအားအောက်တွင် ရှိနေမည်ဖြစ်ကြောင်း သူသိပေသည်။

သူတို့နှစ်ယောက်သည် အာကာပြင်ကို ဖြတ်၍ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ တစ်ယောက်သည် ငွေဖြူရောင်ဆံပင်ရှိပြီး ငွေလှံကို ကိုင်ဆောင်ထားကာ ကျန်တစ်ယောက်သည် အနက်ရောင်ဆံပင်ရှိပြီး အနက်ရောင်လှံကို ကိုင်ထားလေသည်။ သူတို့ထံမှနေ၍ ကြောက်မက်ဖွယ် အတုမဲ့စွမ်းအားနှစ်ခု ထွက်ပေါ်လာ၏။ သူတို့သည် မပြောဘဲ နားလည်သွားပုံပင်။ သူတို့နှစ်ယောက်စလုံးသည် တစ်ချိန်တည်း လှုပ်ရှားလိုက်ကြသည်။

ထိုအခိုက်တွင် ကောင်းကင်ထက်၌ နတ်ဘုရားနှစ်ပါးသည် တစ်ပါးထံတစ်ပါး ပျံဝင်သွားပြီး သူတို့၏လက်ထဲမှ လှံများကို ပစ်လွှတ်လိုက်ကြလေသည်။

လူပေါင်းများစွာသည် အဝေးကောင်းကင်ထက်ရှိ ဧရာမနတ်ဘုရားနှစ်ပါးကို မော့ကြည့်လိုက်ကြပြီး အပြင်းအထန် ရင်တုန်သွားကြသည်။

လှံရှည်နှစ်ချောင်း ထိတိုက်သွားသောအခါ ကောင်းကင်ထက်ရှိ အာကာပြင်သည် လျင်မြန်စွာ ပြိုပျက်လာသည်ကို သူတို့ မြင်လိုက်ရလေသည်။ သူတို့အထက်တွင် ကမ္ဘာပျက်နေသကဲ့သို့ ထင်ရသည်။ အနန္တအာကာပြင်သည် ကွဲအက်လာကာ ဖျက်ဆီးခံလိုက်ရ၏။ သူတို့နှစ်ဦးသည် အာကာသဟင်းလင်းပြင်ထဲသို့ ဝင်သွား၏။ သို့သော် သူတို့သည် ဆက်တိုက်ခိုက်နေဆဲဖြစ်သည်။

အောက်ဘက်မှ မဟာအင်ပါယာအဆင့်ရှိသော ကျင့်ကြံသူများသည်ပင် ထိုအခိုက်တွင် သူတို့ မည်မျှ တုန်လှုပ်သွားသည်ကို မဖော်ပြနိုင်ကြပေ။

တိုက်ခိုက်နေသော ထိုနှစ်ယောက်သည်လည်း ကြောက်မက်ဖွယ်ကောင်းသော အခြေအနေအတွင်း၌ ရှိနေကြ၏။ လှံများ ထိတိုက်သွားသောအခါ ရီဖူရှင်းသည် ဧရာမ အာကာသတွင်းနက်ကြီးက အရာအားလုံးကို ဝါးမျိုနေသည်ကို မြင်လိုက်ရ၏။ ၎င်းသည် သူ၏လှံနှင့် သူ၏နတ်ဘုရားခန္ဓာကိုလည်း ဝါးမျိုနေသည်။ သူ၏နတ်ဘုရားခန္ဓာသည် တုန်ခါနေသည်။

သို့သော် သူ၏လှံဝိညာဉ်စွမ်းအား ထွက်ပေါ်လာပြီး အချိန်နှင့်နေရာကို တွန့်ခေါက်သွားစေ၏။ အရာအားလုံးသည် ပျက်စီးလုနီးပါး ဖြစ်နေသည်။ ဧရာမ အာကာသတွင်းနက်ကြီး အပါအဝင် အရာအားလုံးသည် တွန့်ခေါက်သွားသည်။

ထိုအခိုက်အတန့်လေးသည် အလွန်ကြာသည်ဟု ထင်ရ၏။ မြည်ဟိန်းသံများ၊ ပေါက်ကွဲသံများလည်း ထွက်ပေါ်နေပြီး အကန့်အသတ်မဲ့လောကတစ်ခွင်တွင် ပဲ့တင်ထပ်နေလေသည်။ နောက်ဆုံးတွင် သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ခွာလိုက်ကြ၏။

ရီဖူရှင်း၏ကိုယ်ပေါ်ရှိ နတ်စွမ်းအားသည် သိသိသာသာ အားနည်းသွား၏။ သူ၏ခန္ဓာကိုယ်တုန်ခါသွားပြီး ဧရာမမျက်လုံးကြီးများသည် သူ့ရှေ့ရှိ လူကို ကြည့်နေလေသည်။ ကျိဝူတောက်၏လက်ထဲရှိ အနက်ရောင်လှံသည် ပျက်စီးသွားပြီဖြစ်သည်။ သူသည်လည်း ရီဖူရှင်းကို စိုက်ကြည့်နေပြီး မလှုပ်မယှက်ရပ်နေလေသည်။

“အချိန်နဲ့နေရာစွမ်းအား”

ကျိဝူတောက် မှတ်ချက်ပြုလိုက်၏။ ၎င်းသည် စွမ်းအားကြီး နတ်စွမ်းအားတစ်မျိုးဖြစ်ပေလိမ့်မည်။ ၎င်းသည် အာကာသတွင်းနက်၏ နတ်စွမ်းအားကိုပင် ဖိနှိပ်နိုင်ခဲ့သည်။

ရီဖူရှင်း ကျိဝူတောက်ကို စိုက်ကြည့်လိုက်၏။ ဤစွမ်းအားကြီး လှံအတတ်မရှိလျှင် သူသည် ကျိဝူတောက်၏ အာကာသတွင်းနက်နတ်စွမ်းအားကို ဖိနှိပ်နိုင်ခဲ့မည် မဟုတ်ပေ။

“ငါတို့ ထပ်တွေ့ကြသေးတာပေါ့”

ကျိဝူတောက်၏အသံ လွင့်ပြယ်သွား၏။ သူ၏ခန္ဓာကိုယ်သည် အာကာသဟင်းလင်းပြင်ထဲသို့ ပျော်ဝင်သွားသည်ဟု ထင်ရပြီး ထို့နောက်တွင် သူသည် ခြေရာလက်ရာတစ်ခုပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားသည်။

All Chapters