မဟူရာမိုးကြိုး တော်ဝင်သားတော်
Vol. 33 Ch. 457
လူများမှာ လဲ့ကလန် တမန်တော်၏ အသုံးအနှုန်းမှ တစ်ဆင့် ချောမောသော လူငယ် မည်သူ ဖြစ်ကြောင်း တန်းကာ သိရှိလိုက်ကြ၏။ သူက လဲ့ကလန်၏ အမွေခံ တော်ဝင် ကလေးငယ် တစ်ဖြစ်လည်း မဟူရာ မိုးကြိုး တော်ဝင် သားတော်ပင် ဖြစ်ပေသည်။
ဟူး... ဟူး...
မိုးကြိုးဒြပ်စင် သင်္ကေတမှာ လူငယ်၏ ခေါင်းထက်၌ အလိုအလျောက် ပျံဝဲနေကာ နတ်ဘုရား ရတနာ တစ်ခုလိုမျိုး ခရမ်းရောင် လျှပ်စီးများကြောင်းများကို အရပ်ရှစ်မျက်နှာသို့ ဖြန့်ကျက် ထုတ်လွှတ်နေ၏။ သို့သော်လည်း... ထိုလျှပ်စီးကြောင်းများမှာ နတ်ဘုရား သင်္ကေတထံမှ တိုက်ရိုက် မဟုတ်ပဲ ၎င်းအပေါ်တွင် ခင်းကျင်းထားသည့် ဝင်္ကပါ ထံမှ ဖြစ်ကြောင်း တစ်ချက် ကြည့်ရုံဖြင့်ပင် ဝေ့ဝူယင် အကဲခတ်လိုက်နိုင်သည်။
ဘာပဲဖြစ်ဖြစ်... တမန်တော်များကို အသုံးချကာ တော်ဝင် သားတော်ကို ဆွဲထုတ်ဖို့ အစီအစဥ်က အမှန်တကယ် အလုပ်ဖြစ် လာခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင် စိတ်ထဲမှ ကျေနပ်စွာ ပြုံးလိုက်မိ၏။ နတ်ဘုရား သင်္ကေတများကို ရယူရန် အတွက် တော်ဝင် ကလေးငယ်များနှင့် ထိပ်တိုက်တွေ့ရန် လိုအပ်လိမ့်မည် ဖြစ်ကြောင်း သူ အစ ကတည်းကပင် ခန့်မှန်းထားခဲ့မိပြီး ဖြစ်သည်။ တော်ဝင်သားတော် တစ်ယောက် ဖြစ်လာပြီးနောက်တွင် ထိုခန့်မှန်းချက်က တစ်ဝက်တစ်ပျက် မှန်ကန်ကြောင်း သူ သိရှိလာရသည်။
နတ်ဘုရား သင်္ကေတ ကိုးခုအား စုဆောင်းရန်မျာ ပြိုင်ပွဲတစ်ခု ဖြစ်ကြီး သူနှင့် လင်းမင် အပါအဝင် နတ်ဘုရား သင်္ကေတ ပိုင်ဆိုင်ထားသူများမှာ ပြိုင်ပွဲဝင်များ ဖြစ်ကြပေသည်။ သူတို့က တစ်ယောက်ထံမှ နတ်ဘုရား သင်္ကေတကို တစ်ယောက် ရရှိရန် ယှဥ်ပြိုင်ရမည် ဖြစ်ပြီး သင်္ကေတတိုင်းတွင် စိန်ခေါ်နိုင်သည့် လျှို့ဝှက် လုပ်ဆောင်ချက် တစ်ခု ပါရှိသည်။
သို့သော်လည်း ထိုလုပ်ဆောင်ချက်ကို အသက်သွင်းရန် အတွက် တစ်ယောက်နှင့် တစ်ယောက် နီးကပ်သည့် အကွာအဝေး တစ်ခု အတွင်း ရောက်ရှိနေရန် လိုအပ်သည်။ တော်ဝင် ကလေးငယ်များမှာ အချိန်တိုင်း နီးပါး တော်ဝင်မြို့တော်များတွင်သာ နေထိုင်ကြရာ သူတို့ကို မျှားထုတ်ဖို့က အဓိက ဦးစားပေး ဖြစ်လာခဲ့သည်။ ကံကောင်းထောက်မစွာပင် သူ့တွင် မဟာမြေကြီး ရတနာသိုက် ဆိုသော ငါးစာကြီး တစ်ခု ရှိနေခဲ့ပေသည်။
“ငါ့မှာ ဘာအခွင့်အရေးမှ မရှိဘူး ဟုတ်လား...”
ဝေ့ဝူယင်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။
“အမှန်ပဲ... မင်းမှာ ဘာအခွင့်အရေး မရှိဘူး”
မဟူရာ မိုးကြိုး တော်ဝင် သားတော်က မထီမဲ့မြင် ပြုံးရင်း ခေါင်းညိတ်လိုက်၏။ သူ၏ စကားလုံးများနှင့် အမူအရာတို့က ဝေ့ဝူယင်ကို တိုက်ရိုက် စိန်ခေါ်နေသလိုပင်။
ဝေ့ဝူယင်ဟု ခေါ်သည့် ထိုလူငယ်က မူလ တော်ဝင် သားတော် တစ်ယောက် ဖြစ်တော့ရော ဘာအရေးနည်း။ သူကလည်း တော်ဝင် ကလန်နှင့် ကြယ်တာရာ သခင် နောက်ခံရှိသည့် အမွေခံ တော်ဝင် သားတော် တစ်ယောက် ဖြစ်သည်။ ဤနေရာတွင် သူ မည်သူ့ကိုမှ မကြောက်ချေ။
“အမှန်ပဲ... မင်းတို့ လဲ့ကလန်ကို စော်ကားနိုင်တဲ့ အခွင့်အရေး ငါ့မှာ မရှိဘူး... ဟဟ”
ဝေ့ဝူယင်က ရယ်မောလိုက်ရင်း လက်တစ်ဖက် ဝှေ့ယမ်းကာ မြေကြီး ဒြပ်စင် သင်္ကေတကို ထုတ်ယူလိုက်၏။ ထို့နောက် သူက ဖြည်းညင်းစွာပင် မဟူရာ မိုးကြိုး တော်ဝင်သားတော် ရှိရာထံသို့ ပိုမို နီးကပ်လာအောင် ပျံသန်း လိုက်သည်။
လူငယ်မှာ ဝေ့ဝူယင်၏ ချည်းကပ်လာမှုကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ် သွား၏။ ချက်ချင်းပင် ဒါဇင်နှင့် ချီသည့် လောကသခင်နှင့် အချိန်သခင်များမှာ သူ့ကို ဝန်းရံကာ ကာကွယ်လိုက်ကြသည်။ လူငယ်မှာ သက်တောင့်သက်သာ ပြန်ဖြစ်သွားကာ ယုံကြည်ချက်များ ပြန်လည် မြင့်တက်လာ၏။
ဝှစ်... ဝှစ်...
ဝေ့ဝူယင်၏ ချည်းကပ်လာမှုနှင့် အတူ တင်းမာမှု တစ်ခုမှာ လေထုထဲတွင် တဖြည်းဖြည်း မြင့်တက် လာခဲ့၏။ အိယင်နှင့် စီတတို့မှာ ပျံသန်းလာကာ ဝေ့ဝူယင်၏ ဘယ်ဘက်နှင့် ညာဘက်တွင် တစ်ဖက်စီ နေရာယူ လိုက်ကြသည်။
ရှန်းကလန် တမန်တော်များ အပါအဝင် အချိန်သခင်များမှာ ထိုလှုပ်ရှားမှုကို တားဆီးခြင်း မပြုပဲ စိတ်ဝင်စားစွာ စောင့်ကြည့် နေကြ၏။ မဟာ မြေကြီး တော်ဝင် သားတော်က ဘာလုပ်ရန် ကြံစည်နေသနည်း။
အားလုံး၏ အကြည့်များ အောက်တွင်ပင် ဝေ့ဝူယင်မှာ မဟူရာ မိုးကြိုး တော်ဝင် သားတော်နှင့် မီတာ တစ်ရာခန့် အကွာသို့ ရောက်သည် အထိ ချဉ်းကပ် လာခဲ့၏။ တစ်ချိန်တည်းက သူ စိတ်ထဲမှ ကြိတ်ကာ ပြိုင်ပွဲ စည်းမျဉ်းကို ဆဲဆိုနေမိသည်။ စိန်ခေါ်မှုကို အသက်သွင်းရန် အဘယ်ကြောင့် သည်လောက်တောင် နီးကပ်ဖို့ လိုနေရသနည်း။ မီတာတစ်ရာမှာ သေမျိုးများ အတွက် ကွာဝေးကောင်း ကွာဝေးနိုင်သည့်တိုင် သူတို့ အဆင့် ကျင့်ကြံသူများ အတွက်တော့ ခြေတစ်လှမ်းစာသာ ဖြစ်သည်။
ထိုမျှလောက် အကွာအဝေးထိ မိမိ ရည်ရွယ်ချက်ကို ချဉ်းကပ်ရသည်က မည်မျှ ခက်ခဲလိုက်သနည်း။ သူက အရိပ် ကဲ့သို့ ကျွမ်းကျင် အဆင့် လုပ်ကြံ သတ်ဖြတ်သူ တစ်ယောက် မဟုတ်ချေ။ ဘာပဲဖြစ်ဖြစ် သတ်မှတ် အကွာအဝေး အတွင်း ရောက်ရှိပြီ ဖြစ်ရာ သူ သက်ပြင်းချနိုင်ပြီ ဖြစ်လေသည်။
"ငါ့မှာ ဘယ်လို အခွင့်အရေး ရှိလဲ ဆိုတာ မင်းကို ပြမယ်"
ဝေ့ဝူယင်က ပြုံးရင်း ဆိုလိုက်သည်။ ထို့နောက် သူက မြေကြီး ဒြပ်စင် သင်္ကေတကို ကောင်းကင်သို့ မြှောက်တင်ရင်း အော်ဟစ် လိုက်လေ၏။
"ကျုပ် မဟာမြေကြီး တော်ဝင် သားတော်က မဟူရာ မိုးကြိုး တော်ဝင် သားတော်ကို စိန်ခေါ် တယ်"
ဘုန်း…
ဝေ့ဝူယင်၏ စကားဆုံးသည်နှင့် ဒြပ်စင် သင်္ကေတ နှစ်ခုမှာ ကောင်းကင် တိမ်တိုက်များဆီ မီးရှူးမီးပန်းများလို့ မြင့်တက် သွားလေ၏။ ထို့နောက် အလင်းတန်း နှစ်ခုက ဆင်းသက်လာကာ အချိန်သခင်များ လိုက်မမှီနိုင်သည့် အမြန်နှုန်းမျိုးဖြင့် ဝေ့ဝူယင်နှင့် မဟူရာ မိုးကြိုး တော်ဝင် သားတော်ကို လွှမ်းခြုံသွားလေတော့သည်။
ဟူး… ဟူး…
အလင်းတန်းများ၏ တွန်းဖယ်မှု အောက်တွင် ပတ်ဝန်းကျင် ဆယ်မိုင်ခန့်မှာ လုံးဝ ဟာလာဟင်းလင်းပြင် အဖြစ် ပြောင်းလဲသွား၏။ အချိန်သခင်များနှင့် ကြီးမားလွန်းလှသည် ဆိုသည့် ဟင်းလင်းပြင် သင်္ဘောကြီးများပင် တစ်စက်လေးမှ မခုခံနိုင်ပဲ လွတ်ကင်းသည့် အကွာအဝေးသို့ ရောက်သည် အထိ လွင့်စဉ် သွားကြသည်။
"ဘာတွေ ဖြစ်နေတာလဲ…"
အချိန်သခင်များ အပါအဝင် ထိုနေရာ၌ ရှိနေသည့် လူအားလုံးမှာ မည်သည့်အရာများ ဖြစ်ပျက်နေကြောင်း နားမလည်နိုင်ကြတော့ချေ။
၎င်းက တော်ဝင် သားတော်များ အကြားမှ စိန်ခေါ်ပွဲ တစ်ခုလော။ တော်ဝင် သားတော်များ အကြားတွင် စိန်ခေါ် နိုင်သည်ဟု သူတို့ တစ်ခါမှ မကြားဖူးချေ။
သို့သော်လည်း ကောင်းကင်မှ ဆင်းသက်လာသည့် အလင်းတန်းကတော့ အစွန်းလေးဖက် လောကနယ်မြေတွင် အလွန် ကျော်ကြားသည့် နတ်ဘုရား အလင်း ဖြစ်ကြောင်း သူတို့ သိကြပေသည်။ ဆိုလိုသည်က နတ်ဘုရားများမှာ ထိုကိစ္စတွင် ပါဝင် ပတ်သက် နေပေသည်။
အိယင်နှင့် စီတတို့မှာ အဝေး တစ်နေရာတွင် ရပ်ရင်း ဆွံ့အ နေကြ၏။ သူတို့ နှစ်ယောက်စလုံးမှာ အလင်းတန်းကို ခုခံရန် ကြိုးစားခဲ့သော်လည်း အရှုံးနှင့်သာ ရင်ဆိုင် ခဲ့ရသည်။ မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း နားမလည်နိုင်သော်လည်း ဝေ့ဝူယင် အန္တရာယ် ကင်းစေဖို့ သူတို့ နတ်ဘုရား အရှင် တစီထံတွင် ဆုတောင်း နေမိကြသည်။
မဟူရာ မိုးကြိုး တော်ဝင် သားတော်မှာ ပတ်ဝန်းကျင် ရုတ်တရက် ပြောင်းလဲသွားသည်ကို ကြည့်ကာ ထိတ်လန့် တုန်လှုပ်သွား၏။ ယခု အချိန်၌ သူနှင့် ဝေ့ဝူယင်က အလွန် ကြီးမားလှသည့် ကျောက်ဖြာကြီး တစ်ခုထက်တွင် မျက်နှာချင်းဆိုင် အနေအထားဖြင့် ရပ်နေကာ ဆလင်ဒါ ပုံစံ နံရံကြီးများမှာ သူတို့နှင့် ပြင်ပ လောကကို လေးဖက်လေးတန် ခြားနားထားပေသည်။
"ဘာတွေ ဖြစ်နေတာလဲ…"
သူက ပတ်ဝန်းကျင်ကို ချာချာလည် ကြည့်လိုက်ရင်း ကြောက်လန့် တုန်လှုပ်စွာဖြင့် ရေရွတ် လိုက်မိ၏။
ထိုအခိုက်တွင်ပင် ထည်ဝါ ခန့်ညားမှုများ ပြည့်နှက်နေသည့် အသံ တစ်ခုမှာ ကောင်းကင်ကို ပဲ့တင်ရိုက် ပေါက်ကွဲကာ ထွက်ပေါ်လာ၏။
"ဒြပ်စင် တိုကင် တိုက်ပွဲက မကြာခင် စတင် လိမ့်မယ်… ရွေးချယ်ခံ နှစ်ယောက် စလုံး အနိုင် အရှုံး ပေါ်တဲ့ အထိ တိုက်ခိုက် ရလိမ့်မယ်… အညံ့ခံလို့ မရဘူး… ဒါပေမဲ့ သနား ညှာတာ ပေးတာကိုတော့ ခွင့်ပြုထားတယ်"
ထိုအသံကို ကြားသည်နှင့် လူတိုင်းမှာ တစ်ကိုယ်လုံး တုန်ရီ သွားကြလေသည်။
"နတ်ဘုရားတွေရဲ့ အသံ…"
သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ရေရွတ်လိုက်ကြ၏။ သို့သော်လည်း အားလုံးနှင့် ခြားနားစွာပင် ဝေ့ဝူယင်ကတော့ အမှန်တရားကို သိပေသည်။ ထိုအရာက သရဲအိုကြီး၏ အသံပင်။ သူ အသာအယာပင် ပြုံးလိုက်မိ၏။ သရဲအိုကြီးမှာ မသေမျိုး တစ်ယောက် ဆိုသော်လည်း နတ်ဘုရား တစ်ပါးတော့ မဟုတ်ပါချေ။
မှတ်တမ်းများ အရဆိုလျှင် တော်ဝင် သွေးမျိုးဆက်မှာ နှစ်သုံးရာ ကြာတိုင်း တစ်ခါ နိုးထတတ်သည်ဟု ဆိုသည်။ ဆိုလိုသည်က အသက် သုံးရာပြည့်သည်နှင့် တော်ဝင် သွေးမျိုးဆက်က ဖယ်ခွာကာ အခြားလူ တစ်ဦးထံ ရွေ့လျား သွားသည်။
ထိုဖြစ်စဉ်က မျှတသည့် ပြိုင်ပွဲတစ်ခု ဖြစ်ပေါ်လာစေရန် ရှင်းလင်းစွာပင် စနစ်တကျ စီစဉ်ထားခြင်းမျိုး ဖြစ်ပေသည်။ မည်သည့် ပြိုင်ပွဲဖြစ်စေ ယှဉ်ပြိုင်သူများမှာ အမြဲတမ်း တူညီသည့် အသက် အပိုင်းအခြား တစ်ခု အတွင်းတွင်သာ ရှိနေသင့်သည်။ အကယ်၍ ထိုစည်းကမ်းသာ မရှိပါက သူ ယခု ရင်ဆိုင်ရမည့် ပုဂ္ဂိုလ်မှာ ရွယ်တူ လူငယ် တစ်ယောက် အစား ကြယ်တာရာ သခင် တစ်ပါး ဖြစ်နေလိမ့်မည် ဖြစ်သည်။
ဘာပဲဖြစ်ဖြစ်... ယခု သူ့ရှေ့တွင် ရပ်နေသည့် မဟူရာ မိုးကြိုး တော်ဝင် မင်းသားမှာလည်း အသက် နှစ်ရာကျော်သာ ရှိသေးသည့်တိုင် အထင်သေး၍ မရနိုင်သည့် ဖြစ်တည်မှု ဖြစ်ခု ဖြစ်သည်။ သူက ရွယ်တူ ပါရမီရှင်များ အကြားတွင် လုံးဝ ပြိုင်ဘက်ကင်းကာ ငယ်ငယ်ရွယ်ရွယ်နှင့် ကြယ်တာရာ အမြုတေ အဆင့်ငါး အလင်းပြန်ခြင်း အဆင့်ကို တက်လှမ်း ထားနိုင်သူ ဖြစ်သည်။
နှိုင်းယှဥ်ရပါက ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့၏ အမွေအနှစ်ကို လက်ခံ ရရှိကာ နတ်ဘုရား သင်္ကေတ သုံးခုကို ပိုင်ဆိုင်ထားသည့် လင်းမင်ပင်လျှင် ယခုမှ ဝိညာဥ်ဆင်းတု အဆင့်တွင်သာ ရှိပေသေးသည်။ နောက်ခံနှင့် ပတ်ဝန်းကျင် အခြေအနေတို့က တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်း အခြေခံကို ပြောင်းပြန် ပြောင်းလဲ ပစ်နိုင်သည် ဆိုသည့် စကားက တကယ် မှန်ကန်ပေသည်။
တိုက်ပွဲခေါ်သံကို ကြားပြီးနောက် မဟူရာ မိုးကြိုး တော်ဝင် သားတော်မှာ ဝေ့ဝူယင်၏ ရည်မှန်းချက် အစစ်အမှန်ကို နားလည် သဘောပေါက် သွားကာ လှည့်ကြည့်လိုက်သည်။ သူတို့ နှစ်ယောက်က ကျိန်းသေပင် တိုက်ခိုက်ရတော့မည် ဖြစ်သည်။ နောက်ပြီး... အနိုင်ရရှိသူက တိုကင်များကို လက်ခံ ရရှိပေလိမ့်မည်။
“မင်းက ငါ့ နတ်ဘုရား သင်္ကေတကို လိုချင်တာပေါ့”
လူငယ်၏ အမူအရာက အနည်းငယ် ပျက်ရွင်းသွား၏။ စိုးရိမ်မှု အငွေ့အသက်များက သူ့ မျက်ဝန်းစတို့တွင် မသိမသာ ယှက်သမ်းနေသည်။
ဝေ့ဝူယင်မှာ မကြာသေးခင်ကမှ လောကသခင် တစ်ပါးကို သတ်ခဲ့သူ ဖြစ်သည်။ သို့သော်လည်း သူကတော့ ခြားနားစွာပင် အမွေခံ တော်ဝင် သားတော် တစ်ယောက် အဖြစ် အထိမခံ ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ တစ်သက်လုံး တော်ဝင် မြို့တော် အတွင်းတွင်သာ နေထိုင်ခဲ့ကာ ဆရာများနှင့် လေ့ကျင့်သည်မှ လွဲ၍ ပြင်ပတိုက်ပွဲများ မတိုက်ခိုက်ဖူးသလောက်ပင်။
မြင့်မြတ် ထည်ဝါသည့် တော်ဝင် သားတော် မျိုဆက်ကို အမွေဆက်ခံ နိုင်ခဲ့သူ တစ်ယောက် အနေဖြင့် သူ့ အသက်က အလွန် အဖိုးတန်သည်။ လောကသခင်များစွာနှင့် အချိန်သခင် နှစ်ယောက်မှာ သူ့ကို အမြဲတမ်း စောင့်ရှောက်ပေးခဲ့ကြသည်။ သူ အိပ်နေသည့် အချိန်၊ သူ စားနေသည် အချိန်၊ နောက်ဆုံး သူ လိင်ဆက်ဆံ နေသည့် အချိန်များတွင်ပင် သူတို့က ရှိနေပေးခဲ့သည်။ သို့သော်လည်း ယခုတွင်တော့ သူ အန္တရာယ်ကို ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ရတော့မည် ဖြစ်လေသည်။
“စတော့...”
ထိုအခိုက်တွင်ပင် အသံတစ်ခု ထွက်ပေါ်လာ၏။
"နေ... နေဦး...”
မဟူရာ မိုးကြိုး တော်ဝင် သားတော်က ကြောက်လန့်တကြား အော်ဟစ်လိုက်၏။ သူ လုံးဝ မတိုက်ခိုက်ချင်ပေ။ သို့သော်လည်း ကံမကောင်းစွာပင် တော်ဝင်သားတော်များ အကြားမှ တိုက်ပွဲတွင် လက်နက်ချခြင်းက ရွေးချယ်စရာ တစ်ခု မဖြစ်နေခဲ့။
ဝေ့ဝူယင်က လက်နှစ်ချောင်းကို ဓားသဖွယ် အသုံးပြုကာ ဆန့်ထုတ်လိုက်၏။ ဆေဘာအလင်းက လက်ထိပ်တွင် စုဝေးလာကာ မဟူရာ မိုးကြိုး တော်ဝင် သားတော်၏ လည်ပင်းဆီ တိုးဝင်သွားသည်။
“ဝူး...”
လည်ချောင်းအတွင်း သွေးများ ပြည့်လျှံ ပျို့သိပ် နေသည့် ရုန်းကန် အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် နာကျင်မှု၊ ခါးသီးမှုများ ပြည့်နှက်နေသည့် အကြည့်တို့နှင့် အတူ ဦးခေါင်း တစ်ခုမှာ လည်ပင်းမှ ခွာကာ ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။ လေးပင်သော အသံတစ်ခု ထွက်ပေါ်လာ၏။ ခေါင်းက လိမ့်ကာလိမ့်ကာဖြင့် ပေအနည်းငယ်တိုင်အောင် ထပ်မံ လိမ့်ဆင့်သွားလေရာ ပြူးကျယ်နေဆဲ ဖြစ်သည့် မျက်လုံးများမှာလည်း လိုက်လံ လည်ပတ်သွားလေသည်။
"..."
"..."
"..."
ရုတ်တရက် လူတိုင်းမှာ တိတ်ဆိတ် ဆွံ့အ သွားကြလေတော့၏။
***