မင်းတို့စိတ်တိုင်းကျ လိမ်လည်ပြီး အဖြစ်မှန်ဖုံးကွယ်ထားတာကို ခွင့်မပြုနိုင်ဘူး
Vol. 49 Ch. 690
အခန်း (၆၉၀) မင်းတို့စိတ်တိုင်းကျ လိမ်လည်ပြီး အဖြစ်မှန်ဖုံးကွယ်ထားတာကို ခွင့်မပြုနိုင်ဘူး
ရန်ကျောက်ကဲ ‘ခန်း ‘သခင်မကို အရင်ကြည့်လိုက်ပြီးနောက် သူ့အကြည့်က ခန်းကျင်းယွမ်နှင့် ခန်းမောက်ရှန်းထံသို့ကျရောက်သွားပြီး မနေနိုင်ဘြ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွား၏။
“တကယ်ကြီး တစ်မိသားစုလုံးဟ...”
အစပိုင်း ‘ခန်း’ သခင်မနှင့် ချီတေကိုတော့တော့ ရန်ကျောက်ကဲ အတော်လေး အံ့အားသင့်သွားသည်။
သူက ဤနေရာနှင့် အတော်အတန်ဝေးသော သဘာဝပသာဒနယ်မြေသို့ ရောက်ရှိသွားပြီးနောက်လေဟုန်စီးကောင်းကင်ရွက်လှေကြီးကို စီးနှင်ကာ ခရီးနှင်လာခဲ့သည်။
‘ခန်း’ သခင်မနှင့် ချီဝေတို့က ဤနေရာသို့ အတော်လေး လျှင်မြန်စွာပြန်ရောက်လာခဲ့ခြင်းက သူ့ခန့်မှန်းချက်ထက် ကျော်လွန်သွားသည်။ ကြည့်ရသည်မှာ ကြမ္မာမြစ်ရေနယ်မြေနှင့် ကောင်းကင်မွေခံနယ်မြေ တိုက်ပွဲအပြီးတွင် အနားယူခြင်းမရှိဘဲ ဤနေရာသို့ အလျှင်အမြန် ရောက်လာခဲ့ကြသည်ဟု ဆိုလိုသည်။
ယဲ့ရှင်းကို တွေ့ရပြီးနောက် ရန်ကျောက်ကဲ သဘောပေါက်သွာသည်။
အရှေ့တောင် ထိပ်တန်းမျိုးနွယ်တစ်ယောက် ကျူတောပင်လယ်ဒေသသို့ ရုတ်တရက်ရောက်လာခြင်းအတွက် ‘ခန်း’ မိသားစုက စိုးရိမ်ပူပန်ကြမည် အမှန်ပင်။
ခန်းကျင်းယွမ်၏အကြည့်များက ရန်ကျောက်ကဲကိုစူးစိုက်ကြည့်နေပြီး ဒေါသနှင့် ကြမ်းတမ်းမှုများ ပြည့်နက်နေသည်။ သို့သော် ရန်ကျောက်ကဲက သိမ်မွေ့ဟန်ရှိသော ခန်းဖင်းကို သတိထားနေမိ၏။
ခန်းဖင်းက သူ့ကို စူးစိုက်ကြည့်လိုက်သည့်အခါ ရန်ကျောက်ကဲစိတ်ထဲ အနည်းငယ်လှုပ်ရှားသွားပြီး သူ့မျက်ဝန်းရှေ့တွင် ထူးဆန်းသည့် ပုံရိပ်ယောင်ဖစ်စဉ်များ ပေါ်လာသည်။
အချိန်များအဆက်မပြတ်စီးဆင်းသွားပြီး ကမ္ဘာမြေကြီး ပြောင်းလဲသွားသောမြင်ကွင်းကို တွေ့မြင်နေရသည့်အလား ဖြစ်သည်။ ရန်ကျောက်ကဲမှာ ရှည်လျားသော အချိန်ရေစီးကြောင်းထဲ ကျရောက်သွားသည့်အလား ခံစားရပြီး ထိုအထဲမှ ရုန်းမထွက်နိုင်တော့ဘဲ စိတ်အာရုံတစ်ခုလုံး ထုံကျင်လာသည်။
“ဒီလူက တကယ် ထာဝရအလင်းကောင်းကင်ကျမ်းစာကို အတိုင်းအတာတစ်ခုအထိ အောင်မြင်ထားတာပဲ”
အတွေးနှင့်အတူ ရန်ကျောက်ကဲစိတ်ထဲ သတိပေးသံဖြင့် တုန်ခါသွားပြီး ချက်ချင်းပင် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာစွမ်းအားများကို လှည့်ပတ်လိုက်သည်။
သူ့စိတ်ကကြည်လင်နေပြီး သူ့တစ်ကိုယ်လုံးက မရှိမှုသို့ပြောင်းလဲသွားကာ အချိန်ကာလ သတ်မှတ်၍ မရတော့ပေ။
အတိတ်မရှိ ၊ အနာဂတ်မရှိ ၊ အစမရှိ ၊ အဆုံးမရှိ။
အချိန်ရေစီးကြောင်းအတွင်းမှ သူသည်လည်း ပျောက်ကွယ်သွားသည်။
ခန်းဖင်း၏မျက်ဝန်းများ လက်ခနဲတောက်ပသွားပြီး ရန်ကျောက်ကဲကို စူးစိုက်ကြည့်လိုက်သည်။ သို့သော် ရန်ကျောက်ကဲ၏မျက်ဝန်းများက တစ်ချက်ပင် တုန်လှုပ်ခြင်းမရှိ သူ့ထက်ပင် တည်ငြိမ်နေသေးကြောင့် တွေ့ရ၏။
ကျန့်မင်က နှာတစ်ချက်မှုတ်လိုက်၏။
ချက်ချင်းပင် လေဟုန်စီးကောင်းကင်ရွက်လှေကြီးကို လွှမ်းခြုံထားသော အကာအကွယ်အလင်းတန်းများက များပြားလာပြီး မြင်နိုင်သည့်အရာဝတ္ထုတစ်ခုအဖြစ် သိပ်သည်းသွားသည်။
ရွက်လှေမျက်နှာပြင်ထက် မရေမတွက်နိုင်သော အလင်းရောင်များ လွင့်ပျံလာကာ အင်းသင်္ကေတများစွာထွက်ပေါ်လာပြီး ခန်းဖင်း၏အကြည့်ကို ပိတ်ဆို့ထားလိုက်သည်။
ကျန့်မင်က အေးစက်စွာဖြင့်...
“ဆရာ’ခန်း’ ၊ မင်းက ငါတို့ရဲ့ လေဟုန်စီးကောင်းကင်ရွက်လှေပေါ်ကလူကို သတ်ဖို့ကြိုးစားနေတာလား”
ချန်ကျိလျန်မျက်နှာသည်လည်း အရုပ်ဆိုးအကျည်းတန်သွားသည်။
ယဲ့ရှင်း ရုတ်တရက် ထွက်ပေါ်လာသဖြင့် ဝန်လော့ရှာရော ပိုင်ကျစ်မင်ပါ မှင်တက်သွားကြရသည်။
သို့သော် ခန်းဖင်းက ကျင့်ကြံခြင်းအဆင့် မြင့်မားရုံသာမက သူ၏တန်ခိုးစွမ်းအားကလည်း စံနှုန်းထက်ကျော်လွန်ကာ မခန့်မှန်းနိုင်လောက်အောင် ထူးဆန်းလွန်းလှသည်။ သူက လေဟုန်စီးကောင်းကင်ရွက်လှေ၏ အကာအကွယ်ခံစစ်ကို ထိုးဖောက်ဝင်ရောက်ပြီး ရန်ကျောက်ကဲကို သတ်ဖြတ်ပစ်လုနီးပါး ပြုလုပ်ခဲ့၏။
လေဟုန်စီးကောင်းကင်ရွက်လှေ၏ အကာအကွယ် ရတနာအလင်းတန်းက အပြည့်အဝ ထုတ်ဖော်ထားခြင်းမရှိသော်လည်း အလွန်တရာအစွမ်းထက်သည်က ငြင်းဆန်မရပေ။ အမတကူးပြောင်းခြင်း ကနဦးအဆင့် သိုင်းသူတော်စင်များအနေဖြင့် ထိုအကာအကွယ် အလင်းတန်းကို ဖြတ်ကျော်ရန် ခဲယဉ်းလှသည်။ ခန်းဖင်းကဲ့သို့ ပေါ့ပေါ့ပါးပါး ကျော်ဖြတ်နိုင်သူ အလွန်တရာ ရှားပါးလွန်းသည်။
လေထုထဲတွင် အလင်းရောင်များလွှမ်းခြုံပြီး အလင်းဘောလုံးကြီးဖြင့် ဖုံးအုပ်လိုက်သည့်ပမာဖြစ်သွားသော လေဟုန်စီးကောင်းကင်ရွက်လှေကို ခန်းဖင်းက စူးစိုက်ကြည့်နေသည်။
သူ့မျက်ဝန်းများက နူးညံ့သိမ်မွေ့သည့်တိုင် မည်သည့်အရာကိုမှ တွေ့မြင်ရခြင်းမရှိပေ။
သူကညင်သာစွာဖြင့်...
“ဒီ ‘ရန်’ မျိုးနွယ်လူငယ်က ဒီ ‘ခန်း’ ရဲ့ ဂိုဏ်းတူအစ်ကိုကို သတ်ခဲ့တဲ့အပြင် သားဖြစ်သူကိုလည်း သေလုနီးပါးဖြစ်အောင် လုပ်ခဲ့တယ် ၊ ဒီတော့ ဒီ ‘ခန်း’ ဒီကောင်လေးရဲ့အသက်ကိုလိုချင်တာ သဘာဝကျပါတယ်”
ကျန့်မင်က အေးစက်စွာဖြင့်...
“မင်းတို့ရဲ့ ကိုယ်ရေးကိုယ်တာရန်ငြိုးတွေကို ဖြေရှင်းချင်ရင် ကျုပ်က ဝင်မစွက်ပါဘူး ၊ ဒါပေမဲ့ မိတ်ဆွေလေး’ရန်’ က အခု ကျုပ်တို့ ရွက်လှေပေါ်မှာ ရှိနေတယ် ၊ သူက ငါတို့ အရှေ့တောင် ထိပ်တန်းမျိုးနွယ်ရဲ့ ဧည့်သည်တစ်ယောက်ပဲ ၊ ဆရာ’ခန်း’ က အခု လေဟုန်စီးကောင်းကင်ရွက်လှေကို ဆန့်ကျင်ချင်တယ်ဆိုရင် ဘောင်ကျော်တယ်လို့ပဲ ပြောရတော့မယ်”
ဘေးနားတွင်ရှိနေသော ‘ခန်း’ သခင်မက...
“ကျွန်မခင်ပွန်း စိတ်လောသွားလို့ ဒီလိုဖြစ်သွားရတာ ခွင့်လွှတ်ပေးပါ ၊ တကယ်တော့ ရန်ငြိုးတစ်ခုတည်းကြောင့် မဟုတ်ပါဘူး ၊ ဒေါသကြောင့် အခုလို ဖြစ်ရတာပါ”
သူမက ဆက်ပြောသည်။
“ပကတိမြေပြင်သွေးကြောတွေကို အနှောက်အယှက်ပေးနိုင်တဲ့ အစီအရင်အများကြီးမရှိပေမယ့် တစ်ခုနှစ်ခုပဲ ရှိတာ မဟုတ်ပါဘူး ၊ ဘာလို့ ကောင်းကင်စွမ်းအားအစီအရင် ဒီနေရာမှာတည်ဆောက်ထားတယ်လို့ ရှင်တို့က ထင်မြင်ရတာလဲ ၊ ဒါက ရန်ကျောက်ကဲ တမင်သက်သက် အတို့အထောင်လုပ်လိုက်လို့ ဖြစ်လာတဲ့ ပြဿနာပဲ ဖြစ်ရမယ် ၊ ဒါကြောင့် ကျွန်မယောကျ်ားက ဒေါသထွက်သွားတာပါ”
‘ခန်း’ သခင်မက တည်ငြိမ်စွာဖြင့်...
“ကျွန်မတို့က ဒီလူငယ်ကို မျက်စိမှိတ်ပြီး စွပ်စွဲနေတာ မဟုတ်ပါဘူး ၊ ဒီလူငယ်မှာ ကမ္ဘာသမုဒ္ဒရာသလင်းကျောက်တွေ ၊ ကောင်းကင်ပွဲတော် အမွှေးနဲ့သာနဲ့ ပရမ်းပတာမြေသားနဲ့ ကောင်းကင်စွမ်းအားအစီအရင်တည်ဆောက်တဲ့နေရာမှာအသုံးပြုတဲ့ ပစ္စည်းတွေ ရှိနေတယ် ၊ ဘာရည်ရွယ်ချက်နဲ့ သူ အဲဒီပစ္စည်းတွေကို စုဆောင်းထားလဲ သိချင်မိတယ်”
“သူ့အမှာ အဲဒီပစ္စည်းတွေရှိနေတောပေါ်သွာတော့ သူက ကျွန်မတို့ဂိုဏ်းတူအစ်ကိုကို သတ်ပစ်လိုက်တယ် ၊ အခု မတရားအကြံအစည်တွေနဲ့ ကျွန်မတို့ကို ဒုက္ခပေးနေပြန်ပြီ ၊ အရှေ့တောင်ထိပ်တန်းမျိုးနွယ်တွေက ဒီကိစ္စကို သေသေချာချာ စုံစမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ထိုစကားကိုကြားတော့ လေဟုန်စီးကောင်းကင်ရွက်လှေကြီးထက်တွင် ကျန့်မင်နှင့် ချန်ကျိလျန်တို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ရန်ကျောက်ကဲက ပြုံးရင်း ခေါင်းခါယမ်းလိုက်သည်။ သူ့အမူအရာက တည်ငြိမ်နေပြီး တစ်ချက်လေးပင် စိတ်အနှောက်အယှက်ဖြစ်ဟန် မရှိပေ။
ချန်ကျိလျန်က ယဲ့ရှင်းကိုကြည့်လိုက်ပြီး တစ်စုံတစ်ခုမေးလိုက်ချင်သော်လည်း ခေါင်းသာခါယမ်းလိုက်ပြီး စကားမဆိုတော့ပေ။ ကျင့်ကြံခြင်းအဆင့် ကွာခြားမှုကြောင့် ခန်းဖင်းက တစ်ခုခုကြံစည်ဖုံးကွယ်ထားလျှင် ယဲ့ရှင်းအနေဖြင့် ထိုကိစ္စကို ဖော်ထုတ်နိုင်မည် မဟုတ်ပေ။
အစောပိုင်း သူတို့ပြုလုပ်ထားသည့် အစီအရင်က ကောင်းကင်စွမ်းအားအစီအရင်ဖြစ်သည့်တိုင် ယဲ့ရှင်းအား မြေကမ္ဘာစီးဆင်းအစီအရင် ဖြစ်သည်ဟု စိတ်ကိုလှည့်စားကာ အယုံသွင်းထားပေလိမ့်မည်.
ကျန့်မင်ရော ချန်ကျိလျန်ပါ ခေါင်းကိုက်သွားကြ၏။
ချိုင့်ဝှမ်းထဲတွင် အစီအရင်နှင့်ပတ်သက်သည့်အရာအားလုံး ဖယ်ရှားခံလိုက်ရသဖြင့် မည်သည့်သဲလွန်စမှ ကျန်ရစ်ခြင်း မရှိတော့ပေ။
လက်ရှိတွင် အရာအားလုံးက ရန်ကျောက်ကဲနှင့် တာ့ရွှမ်တိုင်းပြည်ဘက်မှလူများ၏ တစ်ဖက်သတ်စွပ်စွဲချက်များသာလျှင် ရှိတော့သည်။
တာ့ရွှမ်တိုင်းပြည်က ယဲ့ရှင်းကို ကယ်တင်ခဲ့သည်။ ထို့ကြောင့် ကျန့်မင်တို့အုပ်စုမှာ သံသယဝင်နေကြသည့်တိုင် အားနာသမှုဖြင့် ဆက်လက်စုံစမ်းရန် မဖြစ်နိုင်တော့ပေ။ ယခုတော့ ရန်ကျာက်ကဲနှင့် ခန်းဖင်းတို့ အုပ်စုကြားတွင် ကျန့်မင်နှင့် ချန်ကျိလျန်တို့သည် မည်သူ့ကိုမှ မကူညီနိုင်ကြတော့ပေ။
ပြီးတော့ စောစောက ယဲ့ရှင်းပြောပြသည့်ကိစ္စက သူမ၏ဆရာနှင့် ဆရာဦးလေးတို့ကို အလွန်အမင်း ခေါင်းကိုက်သွားစေသည်။
အခြေအနေများက ပိုမိုဖရိုဖရဲဖြစ်လာပြီး အံ့သြစရာလည်း ကောင်းလာသည်။
တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်မှ လူတစ်ယောက်က လျှို့ဝှက်ရောက်ရှိလာခဲ့ပြီး ယဲ့ရှင်းသည် အရှေ့တောင် ထိပ်တန်းမျိုးနွယ်ဖြစ်ကြောင်း သိရှိသည့်တိုင် သူမကို အန္တရယ်ပြုသတ်ဖြတ်ရန် ကြိုးစားခဲ့သည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် သူတို့အစီအစဉ်က သေးငယ်သည် မဟုတ်ပေ။ ဤကိစ္စက ကောင်းကင်စွမ်းအားအစီအရင်ထက် အတိုင်းအတာတစ်ခုအထိ ဖိစီးနေလေသည်။
ကျန့်မင်က ရန်ကျောက်ကဲကိုလှည့်ကြည့်ရင်း...
“မိတ်ဆွေလေး’ရန်’ က ဘယ်ကိုခရီးဆက်ဖို့ ရည်ရွယ်ထားလဲ ၊ လမ်းသင့်ရင် ငါတို့ အတူတူခရီးဆက်ကြတာပေါ့”
ရန်ကျောက်ကဲက ထူးချွန်သော လူငယ်သူရဲကောင်းတစ်ယောက်ဖြစ်သလို အရည်အချင်းကလည်း ချီးကျူးထိုက်သဖြင့် ကျန့်မင်က သူ့အားကာကွယ်ပေးလိုခဲ့သည်။
သူက ရန်ကျောက်ကဲကို လျစ်လျူရှုပြီး ခန်းဖင်းတို့အဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်ခွင့်ပေးလိုက်လျှင် အရည်အချင်းရှိသောလူငယ်တစ်ယောက် ဤနေရာတွင် အလကားသက်သက် အသက်အသေခံရမည်ဟု ကျန့်မင်က ယူဆ၏။
ရန်ကျောက်ကဲက သိုင်းသူတော်စင်အဆင့် ဝင်ရောက်ခါစဖြစ်လေရာ ခန်းဖင်းတို့အုပ်စုနှင့် ကျင့်ကြံခြင်းအဆင့်က အလွန်တရာ ကွာခြားသဖြင့် တကယ်တမ်းထိပ်တိုက်ရင်ဆိုင်ရပါက လွတ်လမ်းရှိမည် မဟုတ်ပေ။
ကျန့်မင်၏ စေတနာကိုခံစားမိပြီး ရန်ကျောက်ကဲက ခေါင်းညိတ်အသိအမှတ်ပြုကာ ပြုံးလိုက်သည်။
သို့သော် သူက ဤနေရာမှ ဒီအတိုင်း ထွက်သွားရန် ရည်ရွယ်ချက်မရှိပေ။
သူက...
“ကျေးဇူးပြုပြီး မင်းတို့နှစ်ယောက် ငါ့ကို နည်းနည်းလောက် ကူညီပါ ၊ ဒီကိစ္စရဲ့ အမှန်တရားကို ဒီလိုလွယ်လွယ်နဲ့ ဖုံးကွယ်ထားဖို့ ခွင့်မပြုနိုင်ဘူး”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ရယ်မောလိုက်ပြီး လေဟုန်စီးကောင်းကင်ရွက်လှေကြီးအထက်မှ အစီအရင်စက်ဝန်းကြီးဆီသို့ လက်သီးချက်တစ်ချက် ပစ်လွှတ်ထိုးနှက်လိုက်သည်။
ကျန့်မင် မျက်ဝန်းများတုန်ခါသွားပြီး သူပြုလုပ်ထားသော ‘မြေကမ္ဘာလွတ်မြောက်အစီအရင်’ တွင် ပြောင်းလဲမှုတစ်ခုဖြစ်သွားကြောင်း ချက်ချင်း အာရုံခံမိသည်။ ပြောင်းလဲမှု၏ နက်နဲသိမ်မွေ့မှုကိုလည်း ခံစားလိုက်ရသဖြင့် ကျန့်မင်အတွက် ကမ္ဘာသစ်တစ်ခုဖွင့်ပေးသည့်အလား အသိဉာဏ်အလင်းပွင့်သွာသည်။
သူက ဤအစီအရင်ကို တည်ဆောက်သူဖြစ်ပြီး အစီအရင်တာအို၏ ထူးခြားမှုမှန်သမျှကို ဆုပ်ကိုင်ထားနိုင်သည်။ ထို့ကြောင့် ခဏမျှစဉ်းစားလိုက်ရုံဖြင့် ရန်ကျောက်ကဲ ဘာကိုရည်ရွယ်ကြောင်း နားလည်သွား၏။
အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ကျန့်မင်သည် ရန်ကျောက်ကဲ၏လုပ်ရပ်ကို တိတ်တဆိတ် ခွင့်ပြုပေးခဲ့သည့်အပြင် ဘေးမှပင် ကူညီပေးခဲ့သည်။
မြေကမ္ဘာလွတ်မြောက်အစီအရင်မှ အလင်းတန်းစီးကြောင်းများ ဖြာဆင်းလာပြီး လေဟုန်စီးကောင်းကင်ရွက်လှေကြီးထံမှ ကွဲထွက်သွားကာ အောက်ဘက်ရှိ ချိုင့်ဝှမ်းဆီသို့ ပျံ့ကျဲကျသွားပြီး ထူထပ်သော မြူခိုးများ ဖြစ်တည်လာသည်။
ဒါကိုမြင်တော့ ချီဝေမျက်နှာပျက်သွားပြီး...
“သူ့ကို တားဆီးလိုက်...”
မဖြစ်နိုင်မှန်းသိလျှက်ဖြင့်ပင် သူ့နှုတ်ဖျားမှ ထိုစကားများထွက်သွားလေရာ သူတို့အပြစ်ရှိကြောင်း အလိုအလျောက် ဝန်ခံသလို ဖြစ်သွား၏။
အလင်းမှုံများက ချိုင့်ဝှမ်းကို ဖုံးအုပ်ထားကာ အတွင်းမှ ထင်ယောင်ထင်မှား မြင်ကွင်းများ တဖြည်းဖြည်း ထွက်ပေါ်လာသည်။
ထိုမြင်ကွင်းများထဲတွင် ကြီးမားလေးနက်သော အစီအရင်တစ်ခုသဏ္ဌန် ထွက်ပေါ်လာသည်။ အစီအရင်အလယ်ဗဟိုတွင် ကြီးကျယ်ခမ်းနားသော ယဇ်ပလ္လင်တစ်ခု တည်ရှိသည်။
ဒါကိုမြင်တော့ ချန်ကျိလျန်က...
“ဒါကတော့ မြေကမ္ဘာစီးဆင်းအစီအရင် ဟုတ်မယ်မထင်ဘူး ၊ ဟို ယာဇ်ပလ္လင်ကို ကြည့်ရတာ... မြေကမ္ဘာဘုရင်မကို ပူဇော်ပသထားတဲ့ ယာဇ်ပလ္လင်ပဲ မဟုတ်လား”
အလင်းမှုံအခိုးအငွေ့များအတွင်း အစောပိုင်း ချိုင့်ဝှမ်းထဲတွင် တည်ဆောက်ထားသော အစီအရင်အသွင်အပြင် ထင်ဟပ်လာခြင်း ဖြစ်၏။ လက်ရှိတွင် မတည်ရှိတော့သည့်တိုင် တစ်ချိန်က တည်ရှိခဲ့သည်များကို ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။
ရန်ကျောက်ကဲက ပြုံးရင်း...
“မင်းတို့စိတ်တိုင်းကျ လိမ်လည်ပြီး အဖြစ်မှန်ဖုံးကွယ်ထားတာကို ငါကတော့ ခွင့်မပြုနိုင်ဘူး”