← Chapters

အသက်ရှင်နေထိုင်ဖို့ရန် ခက်ခဲလှသည်

Vol. 1 Ch. 2

အသက်ရှင်နေထိုင်ဖို့ရန် ခက်ခဲလှသည်

Vol. 1 Ch. 2

အခန်း (၂)

အသက်ရှင် နေထိုင်ဖို့ရန် ခက်ခဲလှသည်

မိုဝူကျီက ယန်အာကို မတ်တတ် ရန်ဖို့ရန် မကူညီပေးခဲ့ချေ။ သူသည် မိုရှင်းဟယ် ရူးသွပ်ပြီးသွားသည့် နောက်တွင် ယန်အာ ဖြတ်သန်းခဲ့ရသည့် များပြားလှသည့် ဆင်းရဲဒုက္ခများနှင့် ဖိအားများကို ခံစားနိုင်သည်။ ဤအခိုက်အတန့်တွင် သူသည် အဝေးမှာရှိသော အဆောက်ဦမြင့်များ၏ အရိပ်များကိုသာ ကြည့်နေရင်း တိတ်တဆိတ် လက်သီးဆုပ်မိ လိုက်သည်။

“အောက်ခြေမှ ပြန်စတင် ရရင်တောင် ဘာမှားနေမှာလဲ ...”

ဒီကမ္ဘာတွင် ဘုရင်စနစ်ကို ကျင့်သုံးကြပေမဲ့လည်း သိပ္ပံပညာနှင့် နည်းပညာ အဆင့်တန်းသည် ကမ္ဘာမြေနှင့် တူညီလှပေ၏။ အများသုံး ပို့ဆောင်ရေး စနစ်များနှင့် လျှပ်စစ် ပစ္စည်းများနှင့် ကိရိယာ တန်ဆာပလာများလည်း ရှိသည်။ သူ အသက်မရှင်နိုင်မှာကို အဘယ်ကြောင့် ကြောက်ရွံ့ နေရမည်နည်း။

“ယန်အာ ... အရင် ပြန်ကြစို့ ... ”

မိုဝူကျီသည် အဆောက်ဦများကို ကြည့်ရင်းဖြင့် ပြောလိုက်ပြီး စိတ်နဲ့ကိုယ်နဲ့ မကပ်သည့် ယန်အာကို ဆွဲထူလိုက်သည်။

သူက  ကမ္ဘာတွင် ပြန်လည် မွေးဖွားလာလျှင်ပင်  မြောက်ဘက်ပိုင်း ချင်စီရင်စုကို ပြန်သိမ်းယူဖို့ရန် မလုပ်ဆောင်နိုင် လောက်ချေ။

သူသည် ဘုရင်အဖြစ် အိပ်မက်ထားရန် မဖြစ်နိုင်ကောင်း မဖြစ်နိုင်သော်လည်း မိုဝူကျီသည် ဒီနေရာတွင် တစ်နေရာစာ ခြေကုပ်မိ လိမ့်မည်ဟု ယုံကြည်ချက် ရှိလေ၏။ ထို့အပြင် သူသည် အရင်အတိတ်တွင် ထိပ်တန်း ဇီဝဗေဒနှင့် ရုက္ခဗေဒပညာရှင် ဖြစ်၏။ သူသည် အပင်များမှ အဆီအနှစ်များမှ ထုတ်ယူ၍ အမျိုးမျိုး ရောနှောကာ ချီသွေးကြောများကို ကျယ်ပြန့် လာစေနိုင်မည့် ဆေးကို တီထွင်နိုင်ခဲ့သည်။ ထိုအရာသည် သူ့ချစ်သူက သူ့အပေါ်တွင် သစ္စာဖောက်ခြင်း ဖြစ်စေခဲ့သည်။ ထို့ကြောင့် သူသည် ဤနေရာတွင် ပြန်လည် မွေးဖွားလာရခြင်း ဖြစ်၏။

သူသည် သူ့ဖြေဆေး၏ တန်ဖိုးကို သေချာ မသတ်မှတ်ရသေးချေ။ မကြာခဏ ဆိုသလို တရုတ်တိုင်းရင်း ဆေးများတွင် ညွှန်းဆိုလေ့ ရှိကြပေမဲ့ ချီသွေးကြောများ တည်နေရာသည် မှုန်ဝါးဝါး နေရာတွင် ရှိလေ့ရှိသည်။ တကယ့် လက်တွေ့တွင် လူဘယ်လောက် များများက ချီသွေးကြောများ တည်ရှိကြောင်းကို သုတေသန စာတမ်းများဖြင့် သက်သေ ပြပြီးကြပြီလဲ ...

သို့သော် မည်သူ စိတ်ကူးယဉ် နိုင်မည်နည်း။ ချီသွေးကြောများသည် သူတို့အား ခံစားနိုင်သည်အထိ ကျယ်ပြန့် လာခဲ့လျှင် ဘယ်လို ဖြစ်လာမှာလဲ ... ဘယ်လောက်ထိ စွမ်းအား ကြီးမားလာမှာလဲ ... အိုလံပစ်ပြိုင်ပွဲတွင် မာရသွန် အဝေးပြေး သို့မဟုတ် ဝိတ်မခြင်း စသည့် ကစားနည်းများတွင် ပါဝင်ပါက အနိုင်ရနိုင်ခြေ ရှိ၏။

သူ မမျှော်လင့် ထားသည့် တစ်ခုတည်းသော အရာသည် သူတစ်ဘဝလုံး ချစ်မြတ်နိုးလာရသည့် သူ့ချစ်သူသည် သူ့ကို သစ္စာဖောက်သွားခြင်း ဖြစ်၏။ ယခုအချိန်အထိ သူသည် သူမ အဘယ်ကြောင့် ပြုလုပ်လဲဆိုတာ နားမလည်‌ချေ။ သူအောင်မြင်သည့် အခိုက်အတန့်တွင် နောက်ကျောဓားဖြင့် ထိုးခဲ့၏။

“ဟုတ်ကဲ့ ... သခင်လေး ... ”

ယန်အာက နောက်ဆုံးတွင် တည်ငြိမ်သွားပြီး သူမမျက်လုံးတွင် အလင်းရောင် မှိန်မှိန်လေး ရှိနေလေ၏။

မိုဝူကျီက အကူညီ ကင်းမဲ့စွာ ပြောလိုက်သည်။

“ယန်အာ ... ငါက သခင်လေးနှင့် တူနေသေးလို့လား ... အခုက စပြီးတော့ နာမည်ပဲခေါ်တော့ ... အတိတ်က အတိတ်မှာ ကျန်ရစ်ခဲ့ပြီ ... ဒီနေ့ကစပြီး အသစ်ကို စတင်မယ် ... ငါ့နာမည်က မိုရှင်းဟယ် မဟုတ်တော့ဘူး ... မိုဝူကျီပဲ ...”

“ဟုတ်ကဲ့ပါ ... သခင်လေး ... ”

ယန်အာသည် အမြန်အဆန် တုံ့ပြန်လိုက်၏။

မိုဝူကျီသည် သူမကို ထပ်၍ မဖျောင်းဖျတော့ပေ ... တချို့သော အလေ့အကျင့်များသည် ပြောင်းလဲရန် အလွန်ခက်ခဲလှ၏။

“ကောင်းကင်တောင် မှောင်မည်းလာပြီ ... ပြန်ကြစို့ ... မနက်ဖြန် ငါလည်း အလုပ်သွားရှာမယ် ... ”

မိုဝူကျီသည် အိမ်မပြန်သော်လည်း သူ့တွင် စဉ်းစားထားသည့် ကိစ္စများရှိ၏။ သူ့မိဘ၏ သေဆုံးခြင်းနှင့် သူတို့မိသားစု ကြွယ်ဝမှု ကုန်ခန်းသွားခြင်း နှင့်အတူ မိုမိသားစုသည်လည်း ငွေကြေးကျပ်တည်း သွားလေသည်။ ထို့နောက် မိုရှင်းဟယ်သည် ရူးသွပ်သွားလေ၏။ ယန်အာက အလုပ်လုပ်သည့်အပြင်  မိုရှင်းဟယ်နှင့် အရူးကစားနည်း များကိုလည်း ဆော့ကစား ပေးရသည်။ သူတို့ အသက်ရှင် နေခြင်းသည် ဆိုးရွားလှခြင်း မဟုတ်ပေ။

“သခင်လေး ... သခင်လေးက အလုပ်လုပ်စရာ မလိုပါဘူး ... အခုကစပြီး နေ့တိုင်းအပြင် မထွက်လာရင် ရပါပြီ ... ကျွန်မ နောက်အလုပ်တစ်ခု ထပ်ရှာပါ့မယ် ... အဲဒီလိုဆို လုံလောက်မှာပါ ...”

မိုဝူကျီ၏ အလုပ်ရှာမည့် အကြောင်း ကြားသည်နှင့် ယန်အာသည် အလောတကြီး တားလိုက်၏။

မိုဝူကျီသည် ယန်အာ၏ အရောင်လွင့်ပြယ် နေသည့် အဝတ်အစားနှင့် ဝါကြင့်ကြင့် ဆံပင်တွင် ထိုးထားသည့် ရိုးရှင်းသည့် ဆံထိုးကို ကြည့်ပြီး ဘာမှ ထပ်မပြောတော့ပေ။ တချို့သော အရာများသည် စကားဖြင့် ရှင်းလင်းစွာ မဖော်ပြနိုင်ပေ။ သူ မသေဆုံးခင် အချိန်အထိ မိုရှင်းဟယ်သည် ယန်အာ ဖြတ်သန်းခဲ့ရသည့် အခက်အခဲများကို နားမလည်ခဲ့ပေ။

ယောင်ကျိုးမြို့တွင် မြို့ဂိတ်ပေါက်နှင့် နံရံများ ရှိသော်လည်း အစောင့်များ တစ်ယောက်မှ မရှိချေ။ နေ့ဖြစ်စေ ညဖြစ်စေ အားလုံးသည် လွတ်လွတ်လပ်လပ် သွားလာ လှုပ်ရှားနိုင်၏။

တခြားနည်းဖြင့် ဆိုရလျှင် ယောင်ကျိုးမြို့၏ မြို့ဂိတ်ပေါက်နှင့် နံရံများသည် စစ်ပွဲအတွက် အကာအကွယ် တစ်ခုအစား အဆောင်အယောင် တစ်ခုသာ ဖြစ်နေလေ၏။

မိုရှင်းဟယ်သည် သူ့နိုင်ငံကို ပြန်လည် ထိန်းသိမ်းရန် ဆုံးဖြတ်ထားပြီး ယောင်ကျိုးမြို့၏ လုပ်ငန်း တာဝန်များကို ဂရုမစိုက်ပေ။ မိုဝူကျီသည် ယောင်ကျိုးမြို့သည် အလွန် အလုပ်ရှုပ်လှသည် ဖြစ်ကြောင်း မိုရှင်းဟယ် မှတ်ဉာဏ်ထဲမှ ပြန်သတိရလိုက်၏။

ယန်အာနောက်မှ မြို့ထဲလိုက် သွားပြီးနောက်တွင် မိုဝူကျီသည် ယောင်ကျိုးမြို့၏ ဆူညံရှုပ်ထွေး လှသည့် အခြေအနေကို မြင်တွေ့လိုက်ရသည်။ ကျယ်ဝန်းသည့် လမ်းမထက်တွင် သိပ်သည်းလှသည့် လူများဖြင့် ပြည့်နှက်နေပြီး လမ်းတစ်ဖက် တစ်ချက်တွင် ဆိုင်များဖြင့် တောက်ပစွာ ထိန်လင်း နေလေသည်။ မိုဝူကျီသည် ဤနေရာသည် ကမ္ဘာမြေမှ မြို့တော်လားဟု သံသယဝင်မိ၏။

လူနေထူထပ်သည့် ဧရိယာသည် မိုဝူကျီ နေထိုင်ရန် တတ်နိုင်သည့် နေရာမဟုတ်ပေ။ အလုပ်ရှုပ် နေကြသည့် ဈေးဆိုင်များကို ဖြတ်ကျော်လာပြီး တစ်နာရီလောက် လမ်းလျှောက်ပြီးသည့် နောက်တွင် သူတို့သည် ဖရိုဖရဲ လူနေရပ်ကွက် အတွင်းသို့ ရောက်ရှိလာကြသည်။ ဤနေရာတွင် အလင်းရောင်များပင် မှိန်၍ ဖျော့တော့နေလေ၏။

မိုဝူကျီသည် သူတို့ နေထိုင်သည့် နေရာကွက်လပ်လေးကို အဝေးမှ မြင်တွေ့နိုင်၏။ ငှားရမ်းခသည် အလကားနီးပါး ဖြစ်နေသော်လည်း သူတို့အနေနှင့် မတတ်နိုင်သေးချေ။ အိမ်ရှင်၏ သနားမှုကြောင့်သာ မဟုတ်လျှင် သူတို့သည် အိပ်စက်ဖို့ရန်ပင် နေရာ မရှိလောက်ချေ။

“အိုဟိုး ... ဘုရင်ကြီး ပြန်လာပြီပဲ ... ငါတို့ သူ့အတွက် လမ်းရှင်းပေးရမယ် ...”

မိုဝူကျီ၏ အတွေးများကို ဖြတ်တောက် ပစ်လိုက်သည့် အသံသည် ထွက်ပေါ်လာခဲ့၏။

“ဟူဖေး ... ရှင် ထွက်သွားတော့ ...”

မိုဝူကျီနောက် ခြေတစ်လှမ်းစာ အကွာတွင် ရပ်နေသည့် ယန်အာသည် ဒေါသထွက်နေသာ ကျားသစ်ပေါက်လေး ကဲ့သို့ ရုတ်တရက် ရှေ့ထွက်ပေါ်လာပြီး မိုဝူကျီကို သူမနောက်သို့ တွန်းပို့လိုက်၏။

အလင်းရောင် မှိန်မှိန်အောက်တွင် မိုဝူကျီသည် ခေါင်းလိမ်းဆီ အများကြီး လိမ်းထားသည့် လူငယ်ကို တွေ့လိုက်သည်။ သူသည် မိုဝူကျီအတွက် လမ်းဖယ်ပေးမည်ဟု ပြောသောလည်း သူကိုယ်တိုင်သည် လမ်းလယ်ကောင်တွင် ရပ်နေပြီး ထိုသို့ လုပ်ဆောင်ပေးမည် မဟုတ်ကြောင်း သိသာနေ၏။

“ယန်အာလေး ... အစ်ကိုကြီးဟူက ဝက်သားကို မင်းအတွက် သီးသန့် ယူလာပေးတာ ... မင်း ဒီလိုလုပ်တာက အစ်ကိုကြီးကို ဝမ်းနည်းစေတယ် ...”

ဟူဖေးသည် သူ့လက်မှ ကြာရွက်ကို ဖြေလိုက်ရင်း ပြောလိုက်သည်။

မိုဝူကျီ၏ အစာအိမ်သည် အလိုက်ကန်းဆိုး မသိစွာ ကျယ်ကျယ်လောင်လောင် မြည်လာခဲ့သည်။ မူလက ဟူဖေးကို ထွက်သွား ချင်စေသည့် ယန်အာသည် ကြာရွက်အထုပ်ကို တွေဝေစွာ ကြည့်လိုက်၏။

“ဒါက ပိုမကောင်းဘူးလား ... မင်းနဲ့ အစ်ကိုကြီးက သူစိမ်းတွေမှ မဟုတ်တာ ...”

ဟူဖေးသည် ယန်အာပခုံးကို လက်တင်၍ ဖက်ရန် ရှေ့တိုးလာရင်း ပြောလိုက်၏။ ယန်အာမျက်နှာတွင် အမာရွတ် ရှိနေပြီး ခန္ဓာကိုယ်သည် အာဟာရ ချို့တဲ့မှုကြောင့် မဖွံ့ဖြိုးသေး သော်လည်း သူမတွင် လှပသည့် မျက်နှာ အစိတ်အပိုင်းများ ရှိလေ၏။

ယန်အာ မျက်လုံးသည် တွေဝေသည့် အရိပ်အယောင်များ ထွက်ပေါ်နေသည်။ သူမ တစ်ယောက်တည်းသာ ဆိုလျှင် သူမသည် ဟူဖေးနှင့် ပတ်သက်မည် မဟုတ်ပေ။ သို့သော် ဒီနေ့တွင် သခင်လေးသည် တစ်နေကုန် ဘာမှမစားရသေးသည့်အပြင် သူ့အစာအိမ် သည်လည်း မြည်တမ်းနေလေသည်။ ထို့အပြင် အိမ်တွင်လည်း ဆန်ပင် မရှိတော့ချေ။ ပြန်ရောက်သည့်အခါ သူမ ဘာလုပ်နိုင်မည်နည်း။

မိုဝူကျီသည် ယန်အာ တွေးနေသည်များကို မသိချေ။ သူသည် ဟူဖေးလက်က ယန်အာပခုံးပေါ် ရောက်မည်ကို စောင့်မနေဘဲ ခြေထောက်ဖြင့် ကန်လွှတ်လိုက်သည်။

ဟူဖေးသည် မိုဝူကျီ ထိုသို့ တုံ့ပြန်လိမ့်မည်ဟု ထင်မထားခဲ့ချေ။ မိုဝူကျီသည် သူ့ရင်ဘတ် တည့်တည့်ကို ကန်လွှတ်လိုက်၏။

မိုဝူကျီသည် သံမဏိအတုံးကို ကန်လိုက်သည်ဟု ခံစားလိုက်ရပြီး တွန်းကန်အားကြောင့် တော်တော်များများ နောက်ဆုတ် သွားခဲ့ရ၏။

“သခင်လေး ... အဆင်ပြေရဲ့လား ...”

ယန်အာသည် မိုဝူကျီကို ကူရန် အလျင်အမြန် ပြေးသွားလိုက်၏။

မိုဝူကျီသည် ခြေတစ်လှမ်းသာ နောက်ဆုတ်သွားသည့် ဟူဖေးကို ကြည့်လိုက်ပြီး မအံ့သြဘဲ မနေနိုင်ချေ။ သူ့လက်ရှိ ခန္ဓာကိုယ်သည် အလွန်အားနည်း နေသော်လည်း ဟူဖေးကိုပင် မကန်ထုတ်နိုင်ချေ။ ဟူဖေးက သိုင်းသမားများလား ...

“မင်းက သေချင်နေတာပဲ ...”

ဟူဖေးသည် ဘုရင်ဖြစ်ရန်သာ စိတ်ကူးယဉ်နေသော အားနည်းသည့် မိုရှင်းဟယ်သည် သူ့ကို ဆန့်ကျင်လိမ့်မည်ဟု မမျှော်လင့် ထားခဲ့ပေ။ သူသည် ဒေါသူပုန် ထလာပြီး ခါးမှ ဓားမြှောင်ကို ထုတ်ကာ မိုဝူကျီသည် ပြေးဝင်လာလေသည်။

လမ်းသွားလမ်းလာ များသည် ဟူဖေးက မိုဝူကျီထံ ပြေးဝင်သွားသည်ကို မြင်သော်လည်း တစ်ယောက်မှ အကူအညီပေးခြင်း မရှိပေ။ စကားတစ်ခွန်းပင် မပြောခဲ့ပေ။

“ဟူဖေး ... မြန်မြန် ရပ်လိုက်ပါ ... အခုနေ့လယ် မြင်သာထင်သာ အချိန်မှာ ရှင် လူသတ်ရဲတယ်လား ...”

ယန်အာ၏ မျက်နှာသည် ဖြူဖျော့သွားပြီး သူမသည် ညရောက် နေသည်ကိုပင် သတိမပြုမိပေ။

“ဟဟ ... ဒီအရူးကို ဖယ်ရှားပစ်ချင်တာ ကြာလှပြီ။ ဒီနေ့ ဒီအရူးကိုယ်တိုင် ငါ့ကို အရင် ဆန့်ကျင်တာ။ သူ့ကို သတ်ရင်တောင် ... အများဆုံး ဒဏ်ကြေး ဆောင်ရရုံလောက်ပဲ ...

ယန်အာ ... ငါက ဒါကို မင်းအတွက် လုပ်ပေးနေတာ။ မင်းသာ ငါ့နောက်လိုက်ရင် မင်းမှာ စားဖို့ ဝတ်ဖို့ ဘာမှ ပူစရာမလိုဘူး ...” ကြည့်ရသည်မှာ ဟူဖေးသည် ရပ်တန့်ရန် ရည်ရွယ်ချက် မရှိပေ။

ယန်အာသည် ပို၍ စိုးရိမ်လာလေသည်။ သူမ ခန္ဓာကိုယ်ဖြင့် မိုဝူကျီကို ကာကွယ်ရန်မှ အပ တခြားနည်းလမ်း မရှိတော့ချေ။

ထိုအခိုက်အတန့်တွင် မိုဝူကျိသည် လုံးဝ တည်ငြိမ်နေလေ၏။ ချင်ယွီပြည်နယ်တွင် ထိုသို့ ဥပဒေရှိကြောင်း သူမှတ်ထားသည်များမှ သိ၏။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ... တစ်ယောက်ယောက်က မင်းကို ရန်စပြီး မင်းက အရင်ဆုံး သတ်နိုင်ခဲ့မယ် ဆိုလျှင် မင်းအနေဖြင့် ဒဏ်ကြေးအနည်းငယ် ပေးဆောင်ရန်သာ လိုအပ်လေသည်။

နောင်တရရန် နောက်ကျလွန်း နေပေမဲ့လည်း မိုဝူကျီသည် ယန်အာကို ဘေးသို့ ဆွဲခေါ်လိုက်သည်။ သူသည် ဟူဖေးကို တည်ငြိမ်စွာကြည့်ပြီး ပြောလိုက်သည်။

“ဟူဖေး ... မင်း ငါ ဆံချည်မျှင် တစ်ပင်ကို ထိရဲထိကြည့် မင်း ဆိုးရွားစွာ သေဆုံးရလိမ့်မယ် ... ”

All Chapters