← Chapters

စုန့်ကျိဆိုသည့် အမျိုးသမီးတစ်ယောက်

Vol. 149 Ch. 2058

စုန့်ကျိဆိုသည့် အမျိုးသမီးတစ်ယောက်

Vol. 149 Ch. 2058

ဝမ်လင်း၏အမူအရာက တည်ငြိမ်နေ၏။ သူ့ဆံပင်ဖြူတို့က လွင့်ဝဲနေသည်။ သူသည် သက်ပြင်းချကာ ရှေ့သို့ လှမ်းသည်။ ပထမဆုံးအကြိမ်အဖြစ် သူသည် ရှေးကလန်မှာ သူနှင့် မသင့်တော်ဟု ခံစားမိလိုက်ရသည်။

“ငါ ဒီကိစ္စလေးကနေတင် ရှေးကလန်ရဲ့ အင်ပါယာစွမ်းအားနဲ့ ပတ်သတ်ပြီး တော်တော်များများ မြင်လိုက်ရနိုင်ပြီ…”  မြေပုံကျောက်စိမ်းပြား ကိစ္စအပြင် ဝမ်လင်း သည်နေရာတွင် နေလိုသည်မှ ရှေးကလန်၏ အစစ်အမှန် အင်ပါယာစွမ်းအားက မည်မျှ သန်မာသည်ကို မြင်လို၍ပင်။

ရှေးရှီအင်ပါယာမြို့မဟုတ်ဘဲ မင်းသားတစ်ယောက်ကပင် တမြို့လုံးကို ဒူးထောက်အောင် လုပ်နိုင်နေ၏။ သူသည် ဒူးမထောက်ရုံဖြင့် လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။

ရွှေရောင်ချပ်ဝတ်ဖြင့်လူက မူလတုန်းက ဝမ်လင်းကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံခဲ့၏။ သို့သော် သည်ခဏအတွင်း သူသည် သတ်ဖြတ်လိုစိတ်၊ ဒေါသတို့နှင့် ပြည့်လာသည်။ ဒူးမထောက်ခြင်းက ပြစ်မှုကြီးတစ်ခုကို ကျူးလွန်လိုက်သည့်နှယ်။

မင်းသားအတွက်ကမူ သူ ဒူးမထောက်ရုံဖြင့် သူ့အသက်ကို နှုတ်ယူချင်နေသည်။ မင်းသား၏ ပုံပန်းသွင်ပြင်အရ ကလန်ဝင်တစ်ယောက်ကို သတ်ဖြတ်ခြင်းသည် အသက်ရှုသလို ဖြစ်ရိုးဖြစ်စဉ်ကဲ့သို့မျိုး လွယ်ကူနေသည်။

ဤသည်က အင်ပါယာစွမ်းအားက အစွန်းရောက်ခြင်းကြောင့် ဖြစ်ပွားလာသော အခြင်းအရာတည်း။ ပို၍ အရေးကြီးသည်မှာ ဒူးထောက်နေသော လူအားလုံးကို စိတ်ပါလက်ပါ မင်းသားရှေ့တွင် ဒူးထောက်နေခြင်းပင်။ သူတို့သည် မင်းသားကသာ သူတို့ကို သတ်သေဟု ပြောခဲ့လျှင်ပင် ကိုယ့်ကိုကိုယ် သတ်သေကြမည့်ပုံစံမျိုး ရှိသည်။

“ရှေးရှီကလန်က ဒီလိုဆိုမှတော့ ရှေးတောက်ကလန်လည်း အဲ့လိုပဲ ဖြစ်ရမယ်။ ဖြစ်နိုင်တာက ငါဟာ ဒီနေရာနဲ့ မသင့်တော်တဲ့ပုံပဲ…”

ဝမ်လင်းသည် စဉ်းစားနေလျက် ခြေလှမ်းသည်။ သူသည် တတိယမြောက်ခြေလှမ်းချိန်တွင် ရှေးဟောင်းနတ်ဆိုး၏ လက်သည်းက နီးကပ်လာသည်။ လူတိုင်းသည် ရှေးဟောင်းနတ်ဆိုး၏ လက်သည်းက ဝမ်လင်း၏ပုံရိပ်ကို လွှမ်းခြုံလာသည်ကို စောင့်ကြည့်နေသည်။

၎င်းလက်သည်းများက ဝမ်လင်းကို ဖမ်းဆုပ်ကိုင်မိသကဲ့သို့ပင်။

လူတိုင်းက ထိုသည်ကို တွေ့မြင်သည့်အခါ အားလုံးသည် အေးစက်စက်အကြည့်ကို ထုတ်ဖော်ကြ၏။

သူတို့၏အကြည့်များက စကားတခွန်းကို ကိုယ်စားပြုနေသလို ထင်ရသည်။

“အင်ပါယာအာဏာစက်စွမ်းအားကို မလေးမစား လုပ်တဲ့ သူတိုင်း သေရမယ်…”

ရှေးဟောင်းနတ်ဆိုး၏ လက်သည်းများက ဝမ်လင်း၏ခန္ဓာကိုယ်ပေါ်သို့ ထပ်ကျလာသည့်ခါ သူ၏ခန္ဓာကိုယ်သည် ဝေဝါးသွားကာ သူသည် ယင်းလက်သည်းများကို တည်ငြိမ်စွာ ဖြတ်လျှောက်လာသည်။

သို့တည်းမဟုတ် ၎င်းရှေးဟောင်းနတ်ဆိုး၏ လက်သည်းများက မည်သည့်အရာကိုမျှ မဖမ်းဆုပ်ကိုင်မိလိုက်သည့်အလား။ တုန်ဟည်းသံများ ထွက်ပေါ်လာကာ ရှေးတောက်တမန်တော်များ ရှိနေသော ရှေးဟောင်းမိစ္ဆာထံ ဝမ်လင်းသည် လှမ်းလာသည်။

ရှေးဟောင်းနတ်ဆိုးသည် မည်သည်ကိုမျှ မဖမ်းဆုပ်မိသည့်အခါ သူ့မျက်လုံးထဲရှိ ရူးသွပ်မှုသည် ပိုပြင်းထန်လာသည်။ ၎င်း၏ညာလက်ကို ဝမ်လင်း၏နောက်ကျောထံ လှမ်းဆန့်တန်းသည်။ သို့သော် မင်းသား၏မျက်လုံးကမူ ကျဉ်းမြောင်းသွားသည်။ သူကဝ ဝမ်လင်းကို အလေးအနက် ကြည့်လာ၏။

သူသည်သာမက ဒူးထောက်နေသော လူအားလုံးမှာလည်း မင်သက်သွားသည်။ သူတို့၏အမြင်အရ ဝမ်လင်းသည် သေဆုံးသင့်နေလေပြီ။ သို့သော် သူက မည်သို့ လှမ်းလျှောက်ထွက်လာရသနည်း။

ရွှေရောင်ချပ်ဝတ်ဖြင့်ဗလတောင့်တောင့်လူ၏ မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားမိ၏။ သူသည်လည်း ကြယ်ကိုးလုံး ရှေးဟောင်းနတ်ဘုရား ဖြစ်၏။ သူက သူသည် ထိုသို့ မလုပ်နိုင်တာကို သိသည်။

ကုန်းရှီ၏ စိတ်နှလုံးမှာ ဗရမ်းဗတာ ဖြစ်ကုန်သည်။ ဝမ်လင်း လှမ်းလျှောက်လာသည့်အခိုက်တွင် သူသည် မည်သည့်နတ်ဆိုးစွမ်းအားကိုမျှ မခံစားမိပေ။ သို့သော် ဤသည်က ပုံမှန်မဟုတ်တာကို ဖြစ်စေသည်။

“သူ…သူက ဘယ်သူလဲ…”

ရှေးဟောင်းမိစ္ဆာပေါ်ရှိ လူခုနစ်ယောက်သည် ရှေးတောက်အင်ပါယာ၏အမိန့်အရ သည်နေရာသို့ ရောက်လာခဲ့ကြတာ ဖြစ်၏။ သူတို့က ဝမ်လင်း ဒူးမထောက်သည်ကို မြင်သည့်အခါ၌ ပြပွဲတစ်ခုကို ကြည့်ရတော့မည်ဟု တွေးထားကြသည်။ သို့သော် သူတို့သည် ဝမ်လင်းက လှမ်းလျှောက်လာသည်ကို မြင်သည့်အခါ အံ့အားမသင့်မိဘဲ မနေနိုင် ဖြစ်ကုန်သည်။ တကယ်တော့ သည်ကိစ္စမှာ ရှေးရှီကလန်နှင့်သာ ပတ်သတ်သည်။ သူတို့နှင့် လားလားမျှ မဆိုင်ပေ။

သို့ပေမည့် ဝမ်လင်းက သူတို့ထံ လျှောက်လာသည်ကို တွေ့သည့်အခါ သူတို့သည် စဉ်းစားမရ ဖြစ်ကုန်သည်။

ဝမ်လင်းသည် မမြန်လွန်း၊ မနှေးလွန်းပေ။ သူ့နောက်တွင် ရှေးဟောင်းနတ်ဆိုး၏ လက်သည်းများက ကျရောက်လာပြန်သည်။ ဝမ်လင်းသည် အနည်းငယ် မျက်မှောင်ကြုတ်ကာ ရပ်သည်။ ထိုလက်သည်းများ နီးကပ်လာချိန်၌ သူက တဖက်သို့ လှည့်၍ ရှေးဟောင်းနတ်ဆိုးကို ကြည့်သည်။

“မင်းက သေချင်နေတာပဲ…”

သူ၏ စကားသံက မကျယ်လောင်၊ လောကကိုလည်း အရောင်များ မပြောင်းလဲသွားစေပေ။ သို့သော် ထိုရှေးဟောင်းနတ်ဆိုးသည် တုန်ယင်သွားကာ ၎င်း၏မျက်လုံးထဲရှိ ရူးသွပ်မှု ပျောက်ကွယ်ပြီး ကြောက်ရွှံ့မှုအဖြစ်သို့ ပြောင်းသွားသည်။

ရှေးဟောင်းနတ်ဆိုး၏ ဒေါသတကြီးအော်သံမှာလည်း ရပ်သွား၏။ ၎င်းအစား သူက နာကျင်စူးဝါးစွာ အော်ဟစ်လိုက်ရသည်။ ၎င်းသည် မြန်မြန် နောက်ဆုတ်ကာ မြေပေါ်သို့ ဒူးထောက်ချလိုက်သည်။ ၎င်း၏ကြီးမားသော ခန္ဓာကိုယ်ကြီးက ဝမ်လင်းကို စတင်၍ ဒူးထောက်ကာ ဦးညွှတ်လေတော့သည်။

ထိုသို့ဖြစ်လာချိန်တွင် လူတိုင်းသည် ပင့်သက်ရှိုက်ကုန်၏။

ရွှေရောင်ချပ်ဝတ်ဖြင့်လူသည်လည်း တုန်ရီသွားသည်။ သူသည် သူက ဝမ်လင်းကို သတ်ပစ်ပေးမည်ဟု ပြောခဲ့တာအပေါ် ပြန်တွေးမိသွားသည်။ သူသည် ဝမ်လင်းထံ၌ အကြည့်တချက်ဖြင့် ရှေးဟောင်းနတ်ဆိုးကို ထိတ်လန့်ကြောက်ရွှံ့သွားစေနိုင်သည့် စွမ်းအားမျိုး ရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

မင်းသားနှင့် သူ့ဘေးမှ အမျိုးသမီးတို့က လေထဲသို့ ပျံတက်လိုက်၏။ သူတို့ကလည်း တုန်လှုပ်စွာ အောက်သို့ ငုံ့ကြည့်သည်။ မင်းသားသည် ထိုရှေးဟောင်းနတ်ဆိုး၏ ခွန်အားကို ကောင်းကောင်းသိသည်။ ၎င်းမှာ ကောင်းင်ဘုံကလန်ရှိ အင်ပါယာအတုအဆင့်ထိပ်သီးများနှင့်ပင် ယှဉ်တိုက်ခိုက်နိုင်ပေသည်။

သို့သော် ထိုမျှ အစွမ်းထက်သော ရှေးဟောင်းနတ်ဆိုးမှာ ခုခါ၌ အသကုန် ကြောက်လန့်နေ၏။

“မင်း…မင်း…”  မင်းသားကျိတု၏ အမူအရာက ဖြူရောသွားသည်။

ဝမ်လင်းသည် လူတို်ငးကို လစ်လျူရှုကာ ရှေးဟောင်းမိစ္ဆာထံ လှမ်းလျှောက်လာသည်။

ထိုရှေးဟောင်းမိစ္ဆာ၏မျက်လုံးမှာ မူလတုန်းက နီရဲနေကာ ရူးသွပ်မှု အငွေ့အသက်ကို ပေးနေသည်။ သို့သော် ဒီအခိုက်တွင် ၎င်း၏ခန္ဓာကိုယ်သည် တစက်စက် တုန်ယင်ကာ မြေပေါ်သို့ ညွတ်ကျ၍ နာခံကြောင်းကို ပြသည်။ ၎င်းသည် လှုပ်ပင် မလှုပ်ဝံ့တော့ပေ။

၎င်း၏ဦးခေါင်းထက်ရှိ လူခုနစ်ယောက်သည် ဝမ်လင်း လှမ်းလာသည်ကို စောင့်ကြည့်နေလျက် အလန့်တကြား ဖြစ်နေသည်။ အဘိုးအိုတစ်ယောက်မှ လွဲ၍ ကျန်ခြောက်ယောက်သည် နောက်ဆုတ်ကာ သူတို့၏ သက်ဆိုင်ရာ ရှေးကလန်စွမ်းအားများကို အပြည့်အဝ ပေါက်ကွဲထွက်စေလိုက်သည်။

သူတို့ခုနစ်ယောက်တွင် လေးယောက်သည် ကြယ်ကိုးလုံးအဆင့်သို့ ရောက်နေပြီး ကျန်နှစ်ယောက်တော့ ချိတ်ဆက်ခြင်း၊ ပေါင်းစည်းခြင်းနှင့် သန့်စင်ခြင်းအားဖြင့် အဆင့်တစ်ခုကို ရောက်နေပြီ ဖြစ်သည်။

သူတို့ထဲရှိ အသန်မာဆုံးအဘိုးအိုကတော့ ဝမ်လင်း နီးကပ်လာချိန်တွင် နောက်မဆုတ်ပေ။ သူ၏အမူအရာက လေးလံနေ၏။ သူက မာန်သွင်းလိုက်ရာ သူ့မျက်ခုံးနှစ်ခုကြားနှင့် မျက်လုံးတစ်ခုချင်းစီတွင် ကြယ်ကိုးလုံး ပေါ်လာသည်။

စုစုပေါင်း ကြယ်နှစ်ဆယ့်ခုနစ်လုံး။ ယင်းကြယ်များထံမှ တစ္ဆေအလင်းကို ထုတ်လွှတ်နေကာ ကြီးမားသောအရိပ်ကြီးသုံးခုသည် ထိုအဘိုးအိုနောက်တွင် ပေါ်လာသည်။ ယင်းတို့မှာ ရှေးဟောင်းနတ်ဘုရား၊ နတ်ဆိုးနှင့် မိစ္ဆာတို့ ဖြစ်သည်။

ထိုအရိပ်သုံးခုသည် နေရာတွင် မားမားရပ်ကာ တိုးဝင်လာသော ဝမ်လင်းကို ကြည့်သည်။

“သင်နဲ့ ရှေးရှီကြားမှာ ဘာပြဿနာပဲ ရှိရှိ ကျုပ်တို့ ရှေးတောက်နဲ့ မသတ်ဆိုင်ဘူး…”

ထိုအဘိုးအို၏ စိတ်ထဲတွင် ခါးသီးစွာ ခံစားနေရသည်။ သူသည် ဝမ်လင်းက သူတို့ထံ ဘာကြောင့်လှမ်းလာသည်ကို မသိပေ။

“လန်းယွမ်တို့သုံးယောက်အုပ်စက ဆန်းကြယ်လေဟာနယ်အဆင့်နဲ့ ညီမျှတယ်။ သွေးမျိုးဆက်ကွာခြားမှုကြောင့် သူတို့ကြားမှာ ကွဲပြားမှု ရှိနေတယ်။ ဒီကြယ်နှစ်ဆယ့်ခုနစ်လုံး အဘိုးအိုရဲ့ ကျင့်ကြံမှုကတော့ လေဟာနယ်အတိဒုက္ခအဆင့်နဲ့ ညီမျှတယ်…”

“ငါ လှိုဏ်ဂူလောကမှာ ရှိနေတုန်းက ငါ့ရဲ့ ကြယ်နှစ်ဆယ့်ခုနစ်လုံးဟာ မပြီးပြည့်စုံခဲ့ဘူး။ ကောင်းကင်ဘုံကလန်မှာ နှစ်ပေါင်းရာချီ ရှိခဲ့တဲ့အတွက်း ၎င်းတို့ဟာ ဖြည်းဖြည်းချင်း ပြည့်စုံလာခဲ့တယ်။ ဒါပေမဲ့ ငါ ထုတ်ဖော်နိုင်တဲ့ စွမ်းအားဟာ ဒီလူ့ရဲ့ အထက်မှာ ရှိနေတယ်…”

“ဒါဟာ သွေးမျိုးဆက်ကွာခြားမှုကြောင့် ဖြစ်နိုင်တယ်။ ယဲ့မိုရဲ့ ကျင့်ကြံမှုဟာ ခုနစ်ရောင်စုံထက် မြင့်မားခဲ့တာ သိသာတယ်။ ဒါ့ကြောင့်လည်း ခုနစ်ရောင်စုံဟာ လီကောင်းရဲ့ လေး အကူအညီလိုအပ်ခဲ့တာပဲ။ လီကောင်းရဲ့ ကျင့်ကြံမှုကတော့ အင်ပါယာအတုအဆင့်လောက် ဖြစ်နိုင်တယ်။ သူ ဩဇာအင်ပါယာဖြစ်လာနိုင်တဲ့ အခွင့်အရေးဟာ သိပ်မမြင့်မားလောက်ဘူး။ မဟုတ်ရင် သူ သေဆုံးခဲ့လိမ့်မှာ မဟုတ်ဘူး…”

“အဲ့ရှုထောင့်က ကြည့်ရင် ယဲ့မိုရဲ့ စွမ်းအားဟာ အင်ပါယာအတုတစ်ယောက်လောက်ပဲ ရှိမယ်။ သူ့ကြယ်နှစ်ဆယ့်ခုနစ်လုံးဟာ ပေါင်းစည်းခဲ့ပြီး စမ်းသပ်မှုသုံးခုကိုလည်း ဖြတ်ကျော်ခဲ့ပြီးပြီး။ အဲ့ဒီနောက် အဲ့ရှေးကလန်ဝင်ယဲ့မိုဟာ အင်ပါယာအတုတွေနဲ့ ယှဉ်လို့ရခဲ့တာပဲ…”

“ရှေးကလန်ဟာလည်း ကောင်းကင်ဘုံကလန်နဲ့ ဒီအင်ပါယာအတု အရေအတွက်မှာ တူတူလောက်ပဲ ဖြစ်လောက်မယ်။ ဒီလိုစွမ်းအားနဲ့ လူဟာ တစ်ထောင်မကျော်နိုင်ဘူး…”

ဝမ်လင်းသည် ရှေးဟောင်းနတ်ဆိုး၏ လက်မောင်းပေါ်သို့ ခြေလှမ်းကာ ၎င်း၏ဦးခေါင်းပေါ်သို့ ရောက်လာ၏။ သူသည် အမူအရာပျက်နေသော ထိုအဘိုးအိုကို ကြည့်၏။ ထိုအဘိုးအိုသည် ဝမ်လင်း၏မျက်လုံးထံမှ ဖိအားကို ဆက်၍ တောင့်မခံနိုင်တော့ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။

သူသည်ပင် ထိုသို့ ဖြစ်နေသဖြင့် သူ့နောက်မှ ကျန်ခြောက်ယောက်ကမူ ပြောနေဖို့ပင် မလိုတော့ပေ။ သူတို့အားလုံးက ဖြူရောသော အမူအရာများဖြင့် နောက်ဆုတ်ကုန်သည်။

“မင်းတို့က ရှေးတောက်အင်ပါယာမြို့က လာခဲ့ကြတာလား…”  ဝမ်လင်းက ထိုသို့ ပြော၏။ သူ့ထံမှ မဟာပညာရှိတစ်ယောက်၏ အော်ရာ ပေးစွမ်းကာ မမြင်ရသော ဖိအားတစ်ခုကို ဖန်တီးပြီး ထိုအဘိုးအိုကို အာစေးကပ်ကာ နှလုံးခုန် မြန်သွားစေ၏။ သူသည် ရှေးအင်ပါယာနှင့် မျက်နှာချင်းဆိုင်ရချိန်တွင်သာ ထိုသို့ ခံစားမိရသည် ဖြစ်၏။ သို့သော် ယင်းသို့ ခံစားမိခြင်းမှာ ရှေးအင်ပါယာ၏ အမွေဆက်ခံမှုကြောင့်သာ ဖြစ်သည်။

အခု သူ့ရှေ့မှ လူထံကနေ ပေးစွမ်းနေသော ခံစားချက်ကမူ ကိုယ်ပိုင်စွမ်းအားပေါ် မှီခိုနေပေသည်။

“ဟုတ်ပါတယ်။ ကျုပ်ကို ရှေးအင်ပါယာက ယဲ့ဟိုင်လို့ အမည်ပေးထားပါတယ်။ ဒါက အင်ပါယာ ကိုယ်လုပ်တော်ကို ရှာဖို့ ကူညီပေးဖို့အတွက် ရှေးရှီကလန်ကို ခြောက်ကြိမ်မြောက် လာခဲ့တဲ့ ခရီးစဉ်ပါ…”

ထိုအဘိုးအိုသည် အသက်ဝဝရှုသွင်းကာ ဝမ်လင်းထံမှ ဖိအားကို ခုခံနေခြင်းကို ရပ်တန့်ပြီး ထိုအစား လေးစားမှုကို ပြသသည်။

“ကိုယ်လုပ်တော်တစ်ယောက် ရှာဖို့ နှစ်ပေါင်းရာချီ အချိန်အသုံးပြုနေခဲ့တာ…”  ဝမ်လင်းသည် ထိုအကြောင်းကို ကြားသည့်အခါ အံ့အားသင့်မိသွားဆဲ ဖြစ်သည်။

ထိုအဘိုးအိုက ခါးသီးစွာ ပြုံး၍ ခေါင်းညိတ်သည်။

ဝမ်လင်းက သာမန်ကာလျှံကာ မေးလိုက်၏။ “နည်းနည်းတော့ စိတ်ဝင်စားစရာပဲ။ ခုထိ အဲ့ကိုယ်လုပ်တော်ကို မရွေးချယ်ရသေးဘူးလား…”

“အခု ကျုပ်တို့ မင်းသား ကျိတု ဦးဆောင်မှုနဲ့အတူ ရောက်လာခဲ့တာက ကျုပ်တို့ နိုင်ငံခြောက်ခုကို သွားပြီး အမျိုးသမီးသုံးယောက်ကို သွားရွေးချယ်မလို့ပါ။ နောက်ဆုံးတစ်ယောက်ကတော့ ခု ကျောက်တုံးနက်မြို့မှာ ရှိပါတယ်။ အဲ့တာပြီးရင် ကျုပ်တို့ ရှေးတောက်ကို ပြန်မှာပါ…”

ထိုအဘိုးအိုသည် ခပ်သွက်သွက် ပြန်ဖြေ၏။ သူသည် ဘာကိုမျှ မဖုံးကွယ်ထားဝံ့ပေ။ သူက သူ့အောက်ရှိ ရှေးဟောင်းမိစ္ဆာကို ခပ်မြန်မြန် ရိုက်လိုက်သည်။

ရှေးဟောင်းနတ်ဆိုး၏ ခန္ဓာကိုယ်သည် တုန်ယင်သွားကာ လှိုင်းဂယက်များထ၍ လှပသောအမျိုးသမီးနှစ်ယောက်သည် လှမ်းထွက်လာသည်။ သူတို့၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှုတို့ ပြည့်ကာ သူတို့သည် ဝမ်လင်းကို ဦးညွှတ်ကြသည်။

ထိုအဘိုးအိုက တလေးတစား ပြော၏။ “ဒီနှစ်ယောက်က ရွေးချယ်ခံရတဲ့သူတွေပါ…”

ဝမ်လင်း၏ အကြည့်က ထိုအမျိုးသမီးနှစ်ယောက်ပေါ်သို့ ဖြတ်သန်းသွားသည်။ ထို့နောက် သူက တည်ငြိမ်စွာ ပြောလိုက်သည်။ “မင်းက ရှေးတောက်ကလန်က လာခဲ့တာဖြစ်လို့ ရှေးတောက်အင်ပါယာမြို့ရှိ သွားရောက်နိုင်တဲ့ မြေပုံတချပ် ငါ့ကို ပေးပါ…”

ထိုအဘိုးအိုက မင်သက်သွား၏။ ခဏတာ တုံ့ဆိုင်းပြီးနောက် သူက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ ဝမ်လင်းထံ တရိုတသေ ကမ်းပေးလိုက်သည်။

ထိုကျောက်စိမ်းပြားကို ယူကာ တချက်ကြည့်လိုက်ပြီးနောက် ဝမ်လင်းသည် ရှေးဟောင်းမိစ္ဆာ၏ ဦးခေါင်းထံမှ လှမ်းလျှောက်လာသည်။ သူသည် ထွက်ခွာသွားဖို့ အဆင်သင့် ဖြစ်နေပေပြီ။ မင်းသားကမူ ဝမ်လင်း၏အာရုံစိုက်ဖို့ မထိုက်တန်ပေ။

“စီနီယာ…ကျေးဇူးပြုပြီး ကျနော့်ကို စောင့်ပါအုံး…”  မင်းသားက ဝမ်လင်း ထွက်မသွားခင် ထိုသို့ လှမ်းပြောလာ၏။ သူက ဝမ်လင်းကို လေးလေးနက်နက် အရိုအသေပေးကာ သူ၏အမူအရာသည် အတော့်ကို အလေးအနက် ဖြစ်လာ၏။

“ဂျူနီယာကျိတုက စီနီယာ့ကို အစောပိုင်းတုန်းက စော်ကားမိခဲ့ပါတယ်။ စီနီယာ စိတ်ထဲမထားဖို့ ကျနော် မျှော်လင့်ပါတယ်။ ကျေးဇူးပြုပြီး စီနီယာ့ကို တောင်းပန်ကျေနပ်စေနိုင်မယ့် အခွင့်အရေးတစ်ခု ပေးပါ…”

“အို…မင်းက ငါ့ကို ဘယ်လိုများ ကျေနပ်အောင် လုပ်ပေးမလို့လဲ…”  ဝမ်လင်းက အပြုံးမမြည်သော အပြုံးကို ပြုံးသည်။

ဝမ်လင်းက ထိုသို့ ပြောသည်ကို တွေ့မြင်သည့်နောက် ထိုမင်းသားကျိတုသည် စိတ်တက်ကြွလာကာ သူ့လက်နှစ်ဖက်ကို ခပ်သွက်သွက် ဆုတ်၏။

“ကျေးဇူးပြုပြီး စီနီယာ ခဏလောက် စောင့်ပေးဖို့ မျှော်လင့်ပါတယ်။ ကျနော် ရှေးတောက်တမန်တော်တွေကို ပို့ဆောင်ပေးပြီးတာနဲ့ စီနီယာ ကျိန်းသေပေါက် စိတ်ကျေနပ်စေရပါ့မယ်…”

ဝမ်လင်းက ခေါင်းညိတ်ပြလိုက်သည့်နောက် ထိုမင်းသားသည် အောက်ဘက်ရှိ ရွှေရောင်ချပ်ဝတ်ဖြင့် ဗလတောင့်တောင့်လူထံ သတင်းစကား ပို့လိုက်သည်။

“ကျေးဇူးပြုပြီး ရှေးတောက်တမန်တော်တွေနဲ့အတူ သွားဖို့ အမျိုးသမီးစုန့်ကျိကို ဖိတ်ခေါ်လိုက်ပါ…”

ခဏအကြာတွင် အပြာရောင်ဝတ်စုံဖြင့် အမျိုးသမီးတစ်ယောက်သည် မြို့တံခါးထံမှ လှမ်းလျှောက်လာ၏။ သူမ၏ရုပ်သွင်က ပြီးပြည့်စုံမနေပေ။ သို့သော် ကြည်လင်ရိုးစင်းသောအလှတရားကို ပိုင်ဆိုင်ထားသည်။ သူမ လှမ်းလျှောက်လာပြီး ခေါင်းမော့ကြည့်လိုက်စဉ်အခိုက်တွင် ဝမ်လင်းကလည်း လှမ်းကြည့်လာ၏။

သူတို့၏အကြည့်များက လေထဲ၌ ထိပ်တိုက်ဆုံသွားသည့်အလား။

All Chapters