အရံအစီအစဉ်
Vol. 149 Ch. 2060
“မင်းသားကျိတုဟာ ဉာဏ်များလှတာပဲ။ သူ့ကျောက်စိမ်းပြားထဲက ပုံတုပန်းချီဟာ ငါနဲ့ ချွတ်ဆွတ်ပဲ။ ပြီးတော့ အကြည့်တချက်နဲ့တင် ဒီပန်းချီကားကြောင့် ငါ ဘယ်သူဘယ်ဝါမှန်း ချက်ခြင်း သိစေနိုင်တယ်။ ဆိုလိုတာက သူ ကျောက်တုံးနက်မြို့မှာ ငါ့ကို တွေ့မြင်ခဲ့တဲ့အချိန်တည်းက သူ့မှာ ငါဟာ ဆံဖြူဩဇာအင်ပါယာဖြစ်လောက်မယ်ဆိုတဲ့ သံသယ သူ့မှာ ရှိနှင့်နေလောက်ပြီ…”
“ဒါပေမဲ့ သူက ဒါကို ကောင်းကောင်း ဖုံးကွယ်ထားခဲ့တယ်။ အဲ့အချက်ကို ငါကိုယ်တိုင်တောင် သတိမပြုမိခဲ့ဘူး…” ဝမ်လင်းသည် ကျောက်စိမ်းပြားကို ယူကာ ကျိတုကို ကြည့်၏။ ကျိတု၏မျက်နှာထက်၌ လေးစားမှု ပြည့်နေဆဲပင်။ သို့သော် ချွေးများ ပြန်နေ၏။
“ဒါ့ကြောင့် သူက ရှေးဟောင်းနတ်ဆိုးနဲ့ ငါ့ကို တိုက်ခိုက်စေခဲ့တာပဲ။ ဒါမှ သူ့ သံသယကို သက်သေပြနိုင်မှာ။ ပြီးတော့ သူ သေချာသွားတာနဲ့ သူက သင့်တင့်တဲ့ တုန်လှုပ်မှုကို ထုတ်ဖော်ပြခဲ့တယ်။ နောက်ဆုံးမှာ သူက ငါ့ကို ထွက်မသွားသေးအောင်လို့ လေးစားသမှုနဲ့ တောင်းဆိုခဲ့တာပဲ…”
“ဒါပေမဲ့ သူက ငါ့ကို ဒီနေရာမှာ ငါ့ရဲ့ နောက်ခံအဆင့်အတန်းကို ဖော်ထုတ်ဝံ့ပြီး ဦးညွှတ်မှတော့ သူ ငါ့အပေါ် ရန်လိုတဲ့ရည်ရွယ်ချက် မရှိကြောင်း ပြသဖို့ ကြိုးစားနေတာပဲ။ ဒါပေမဲ့ သူက ကောင်းကင်ဘုံကလန်ရဲ့ ဩဇာအင်ပါယာတစ်ယောက်က သူ့လို မင်းသားတစ်ယောက်ကို မသတ်ဘူးလို့များ ထင်နေတာလား…”
“မဟုတ်ရင်…” ဝမ်လင်း၏အမူအရာက တည်ငြိမ်နေ၏။ သူ့အကြည့်က မင်းသား ကျိတုပေါ် ကျရောက်သွားသည်။
ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလာ၏။ “မင်းက ငါ့ရှေ့မှာ ဒီလို ပြောဝံ့မှတော့ မင်းအနေနဲ့ ငါ့အဆင့်အတန်းကို သိနှင့်ထားပြီး မဟုတ်လား…”
မင်းသားကျိတုက ထိုသည်ကို ကြားသည့်အခါ နည်းနည်း စိတ်အေးသွားသည်။ သူ့ အစောပိုင်းတုန်းက အပြုအမူသည် မရဏလမ်းဆီကို အခန့်မသင့်ရင် ရောက်သွားနိုင်ပေသည်။ သို့သော် သူက ပြတ်သားစွာ ထုတ်ဖော်ပြောခဲ့သည်။ ဝမ်လင်းကို တွေ့ဆုံပြီးနောက် သူသည် ထိုအခွင့်အရေး၊ အထူးသဖြင့် သူ၏ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်လိမ့်မည့် ထိုအခွင့်အရေးကို လက်မလွှတ်နိုင်ပေ။
“ရှေးတောက်မဟာအင်ပါယာ ရွှမ်လောရဲ့ တဦးတည်းသောတပည့်ရဲ့ အမည်ကလည်း ဝမ်လင်းပါပဲ။ ဒီကိစ္စဟာ လျှို့ဝှက်ချက်တစ်ခု ဆိုပေမဲ့ တော်ဝင်မိသားစုတစ်ယောက်အနေနဲ့တော့ ကျုပ်တို့က ဒါကို ရှာဖွေသိရှိခဲ့တယ်။ ရွှမ်လော ကောင်းကင်ဘုံကလန်ကို သွားပြီး ပြန်ရောက်လာတဲ့အချိန်တုန်းက သူဟာ ချက်ခြင်း တံခါးပိတ်ကျင့်ကြံခဲ့တယ်။ ကျုပ်တို့က စတင် စူးစမ်းမှု ပြုခဲ့တယ်။ မဟာအင်ပါယာစုန့်ရဲ့ အကူအညီနဲ့ ကျုပ်တို့က ရွှမ်လော ကောင်းကင်ဘုံကလန်ကို သွားခဲ့တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး အများစုကို ခန့်မှန်းနိုင်ခဲ့ပါတယ်…”
“ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အဖေနဲ့ မဟာအင်ပါယာစုန့်ထန်တို့ကတောင် ကောင်းကင်ဘုံကလန်ရဲ့ ဆံဖြူဩဇာအင်ပါယာဝမ်လင်းဟာ မဟာအင်ပါယာရွှမ်လောရဲ့ တပည့်ဖြစ်တဲ့သူနဲ့ လူအတူတူပဲလားကို မသေချာကြဘူး…”
“ဂျူနီယာလည်း စီနီယာ့ကို ကျောက်တုံးနက်မြို့မှာ မြင်ပြီးတဲ့နောက်မှာ ဒီအချက်ကို သဘောပေါက် နားလည်ခဲ့တာပါ။ ဒီတော့ စီနီယာဟာ မဟာအင်ပါယာရွှမ်လောရဲ့ တပည့် အမှန်တကယ်ပဲ မဟုတ်လား…”
ကျိတုသည် ထိုသို့ ခပ်သွက်သွက် ပြောနေရင်း သူ့နှဖူးထက်မှ ချွေးများ ပိုမို စီးကျလာသည်။ ဝမ်လင်း၏ရှေ့တွင် သူသည် သူ့အဖေနှင့် မျက်နှာချင်းဆိုင်ရသည့်အချိန်ထက် ပိုအားကောင်းသော ဖိအားကို ခံစားနေရ၏။ ၎င်းဖိအားသည် မဟာအင်ပါယာစုန့်ထျန်နှင့်ပင် ယှဉ်၍ ရသည်။
သူ့နောက်မှ အမျိုးသမီးသည် ထိုအခြင်းအရာများကို နားထောင်လိုက်ရပြီးနောက် ဖြူဖပ်ဖြူရော ဖြစ်သွားမိ၏။ သူမ၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှုတို့ ပြည့်နေသည်။
ဝမ်လင်း၏အကြည့်က ထိုအမျိုးသမီးပေါ် ကျရောက်သွား၏။ သူမက ကျိတုနှင့် ရုပ်ချင်း ဆင်သည်။
“ဒါက ကျုပ်ရဲ့ ညီမပါ။ သူမဟာ ကျုပ်နဲ့ အမေတူတူပဲ..” ကျိတုက ခပ်မြန်မြန် ရှင်းပြသည်။
ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလာ၏။ “မင်းက ငါ့နောက်ခံကို သိမှတော့၊ ငါဟာ ရွှမ်လောရဲ့ တပည့်မှန်း သိမှတော့ ငါ ရှေးတောက်ကလန်ရဲ့ မြေပုံကို တောင်းဆိုတာကို တွေ့မြင်မှတော့ မင်းအနေနဲ့ ဘာကြောင့်များ ငါ့ကို ဦးညွှတ်ရသေးတာလဲ…”
“စီနီယာ…ရှေးတောက်ဟာ နေရာကောင်းတစ်ခု မဟုတ်ဘူး။ စီနီယာဟာ မဟာအင်ပါယာရွှမ်လောရဲ့ တပည့်ဖြစ်နေရင်တောင် ရှေးတောက်အင်ပါယာဟာ စိတ်ထားကျဉ်းမြောင်းတယ်။ စီနီယာ အဲ့ကို သွားမယ်ဆိုရင် ကျိန်းသေပေါက် ဖိနှိပ်ခံရလိမ့်မယ်…”
မင်းသားကျိတု ပြော၍ မပြီးခင်မှာပင် ဝမ်လင်း၏မျက်လုံးထဲ အေးစက်မှု ဖြတ်ပြေးသွားသည်။
သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ နန်းတော်ထဲမှ ထွက်ခွာရန် တဖက်သို့ လှည့်သည်။
“စီနီယာ…” မင်းသား ကျိတုက အံတင်းတင်းကြိတ်ကာ ဒူးတဖက်ထောက်လိုက်၏။ မင်းသားတစ်ယောက်အနေဖြင့် သူသည် သူ့အဖေနှင့်အမေထံတွင်သာ ဒူးထောက်ဖူးကာ မည်သူ့ထံတွင်မျှ ဒူးမထောက်ခဲ့ဖူးပေ။ သို့သော် ယနေ့၌ သူသည် ဝမ်လင်းရှေ့တွင် ဒူးထောက်နေလေပြီ။
ဤအပြုအမူက ကောင်းကင်ဘုံကလန်၌သာ ဆိုပါက ကိစ္စရပ်ကြီး မဟုတ်ပေ။ သို့သော် အင်ပါယာစွမ်းအားက အထွတ်အထိပ်ဖြစ်သော ဤရှေးကလန်တွင်မူ မင်းသားကျိတု၏အပြုအမူသည် လူတိုင်းကို တုန်လှုပ်သွားစေဖို့ လုံလောက်သည်။
တော်ဝင်ညီမဖြစ်သူပင် မင်သက်သွား၏။ အနည်းငယ် ချီတုံချတုံ ဖြစ်ပြီးနောက် သူမသည်လည်း ဒူးထောက်လိုက်၏။
“စီနီယာ…ဂျူနီယာက သင့်ရဲ့ မွေးစားသား ဖြစ်လာချင်ပါတယ်။ သင့်ကို ကျုပ်ရဲ့ မွေးစားအဖေ ဖြစ်လာစေချင်ပါတယ်။ ကျုပ် ရှေးရှီအင်ပါယာ ဖြစ်လာတာနဲ့ သင်ဟာလည်း အင်ပါယာရဲ့အဖေ ဖြစ်လာပါလိမ့်မယ်…”
“ကျုပ်က စီနီယာ ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်။ အဖေ့မှာက သားခုနစ်ယောက်ရှိပြီး ကျုပ်က ငါးယောက်မြောက်သားပါ။ စီနီယာသာ ကျုပ်ကို ကူညီပေးမယ်ဆို ကျုပ်အနေနဲ့ စီနီယာရဲ့ တောင်းဆိုချက်တွေကို ကျေကျေနပ်နပ်နဲ့ ဖြည့်ဆည်းပေးပါ့မယ်…”
မင်းသား ကျိတုက ကျယ်လောင်စွာ ဆို၏။ သူ၏အသံတွင် လေးစားသမှု၊ လေးနက်မှုနှင့် လိုအင်ဆန္ဒတို့ ပြည့်နေသည်။
ဝမ်လင်းက ရပ်ကာ မင်းသားကျိတုထံ လှည့်ကြည့်၏။ သူ၏မျက်လုံးသည် တဖြည်းဖြည်း တောက်ပလာသည်။
“ရှေးရှီမင်းသားတစ်ယောက်အနေနဲ့ မင်းက ငါ့ရှေ့မှာ တကယ်ပဲ ဒူးထောက်ခဲ့တယ်။ ငါ့ကို ဖြေပါ။ မင်းကို ရှေးတောက်တမန်တော်တွေနဲ့ အတူလိုက်သွားဖို့ ဘယ်သူ ပြောခဲ့တာလဲ…”
“မင်းကို ငါနဲ့ တွေ့ရင် ငါ့ရှေ့မှာ ဒူးထောက်လိုက်ဖို့ ဘယ်သူက ပြောခဲ့တာလဲ…”
“ကျောက်တုံးနက်မြို့မှာ မင်း ငါနဲ့ တွေ့လိမ့်မယ်လို့ ဘယ်သူက ပြောခဲ့တာလဲ…”
ဝမ်လင်းသည် ခုဖြစ်ပျက်သမျှသည် အကြောင်းရင်းအချို့ မရှိနိုင်သည်ကို မယုံကြည်ပေ။ မဟုတ်ပါက မင်းသားသည် ဒူးထောက်လိမ့်မည် မဟုတ်ပေ။ တစုံတစ်ယောက် သူ့ကို တင်ကြို၍ ထိုသို့ လုပ်ဆောင်ရန် ပြောထားခဲ့တာ ဖြစ်ရပေမည်။
မင်းသားကျိတု၏ အမူအရာက ဖြူရောနေ၏။ သူသည် ဉာဏ်ကောင်းဉာဏ်များလှသော်လည်း ဝမ်လင်း၏ရှေ့တွင် အရာအားလုံးကို ထွင်းဖောက်ခြင်ခြင်း ခံရသလိုမျိုး ခံစားမိရ၏။
“ဒါ…ဒါက အင်ပါယာဆရာသခင်ပါ။ အင်ပါယာဆရာသခင်က ကျုပ်ဦးလေးပဲ။ ကျုပ်အမေရဲ့ မောင်ငယ်ပါ။ လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက သူ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခဲ့ပြီး ကျုပ်ရဲ့ အနာဂတ်ကို ရှေ့ဖြစ်ကြည့်ပေးခဲ့တယ်။ သူက ရှေးတောက်တမန်တော်တွေ လာရင် သူတို့နဲ့အတူ လိုက်သွားဖို့ ကျုပ်ကို ပြောခဲ့ပါတယ်။ အဲ့ဒီနောက် ကျုပ်က ကျုပ်ရဲ့ ကံကြမ္မာကို ပြောင်းလဲစေနိုင်မယ့် အခွင့်အရေးတစ်ခု တွေ့ကြုံရလိမ့်မယ်တဲ့…”
“ကျုပ်သာ အဲ့အခွင့်အရေးကို ဖမ်းဆုပ်နိုင်ခဲ့ရင် ကျုပ်ရဲ့ကံကြမ္မာက ပြောင်းလဲသွားပြီး အနာဂတ်ဟာလည်း အကန့်အသတ် မဲ့သွားလိမ့်မယ်တဲ့။ ဒါပေမဲ့ အဲ့တာကို မဖမ်းဆုပ်နိုင်ခဲ့ရင်တော့ ကျုပ်က နှစ်တစ်ရာထက် ပိုပြီး အသက်ရှင်နိုင်မှာ မဟုတ်ဘူးလို့ သူ ပြောခဲ့ပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ သူလည်း မမြင်နိုင်ခဲ့ပါဘူး။ အဲ့လို ပြောပြီးတဲ့နောက် သူလည်း သေဆုံးသွားခဲ့ပါတယ်…”
ဝမ်လင်း၏ အားကောင်းလှသော အကြည့်နှင့် ရင်ဆိုင်ရသည့်အခါ မင်းသားကျိတု၏စိတ်သည် တုန်ယင်နေ၏။ သူသည် မည်သည့်အရာကိုမျှ မဖုံးကွယ်ထားဝံ့ပေ။
ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။ သူသည် အင်ပါယာဆရာသခင် ဟူသည့် ဂုဏ်ပုဒ်အပေါ် အတော်လေး ရှိန်ပေ၏။ ထိုသူများသည် ရှေ့ဖြစ်ကြည့်ခြင်း၌ တော်ကြပေသည်။ ဝမ်လင်းသည် သူတို့သည် မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို ကောင်းကင်ဘုံကလန်၌ တွေ့မြင်ခဲ့ဖူးပြီး မဟုတ်လား။
သို့သော် ရှေးကလန်၏ အင်ပါယာဆရာသခင်က ကောင်းကင်ဘုံကလန်နှင့် မယှဉ်နိုင်သည်မှာ သိသာသည်။ သူသည် အရာများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ဖြင့် မင်းသား ကျိတု မည်မျှ ဉာဏ်များပါစေ သူသည် လိမ်ပြောနေတာ မဟုတ်မှန်းကို ပြောနိုင်သည်။
“မွေးစားအဖေသာ ကျုပ်ကို ကူညီပေးမယ်ဆို အရာအားလုံးက ပြီးပြည့်စုံသွားပါလိမ့်မယ်။ အဖေဟာ အခု အသက်ကြီးလာပြီး အနားယူတော့မှာ ဖြစ်တယ်။ နောက်ထပ် အင်ပါယာအသစ်ဟာ ကျုပ်တို့ မွေးချင်းခုနစ်ယောက်ကြားမှာ ရွေးချယ်လိမ့်မယ်။ မွေးစားအဖေက ဒါကို ချက်ခြင်း ဆုံးဖြတ်ပေးဖို့ မလိုပါဘူး။ ဒါပေမဲ့ မွေးစားအဖေ ရှေးတောက်ကနေ ထွက်လာဖို့ ဆုံးဖြတ်တဲ့ တနေ့ရှိခဲ့ရင် ဒီနေရာကို အရောက်လာခဲ့ပေးပါ။ ဒါမှသာ ဒီကောင်လေးက မွေးစားအဖေရဲ့ ဆန္ဒတွေကို အားတက်သရော ဖြည့်ဆည်းပေးလို့ ရမှာ ဖြစ်ပါတယ်…”
မင်းသာ ကျိတုက ခပ်သွက်သွက် ဆိုသည်။
“ဒီကောင်လေးဟာ မွေးစားအဖေအတွက် လက်ဆောင်တစ်ခု ပြင်ဆင်ထားပါသေးတယ်။ ကျေးဇူးပြုပြီး ဒါကို လက်ခံပေးပါ…” မင်းသားက သူ့ညာလက်ကို ပင့်မြှောက်၏။ တခုခု ပေါ်လာသည်။
ထိုပစ္စည်းမှာ ကျောက်စိမ်းသေတ္တာတစ်ခုပင်။ သူက ၎င်းကို ဝမ်လင်းထံ တလေးတစား ကမ်းပေးလိုက်၏။
ဝမ်လင်းသည် အနည်းငယ် စဉ်းစားပြီးနောက် ၎င်းကျောက်စိမ်းပြားကို ယူ၏။ သူက ၎င်းကို သူ့နတ်ဘုရားအာရုံဖြင့် စစ်ကြည့်ရာ ၎င်းထံ၌ လက်ချောင်းတချောင်းလောက် ထူသော သွယ်လျသည့် ကျောက်စိမ်းတစ်ခုကို တွေ့မြင်သည်။
“ဒီကျောက်စိမ်းသေတ္တာက ကျုပ်တို့ ရှေးရှီရဲ့ အစွမ်းထက်ရတနာတစ်ခုပါ။ ဒါ့ကို အဖေက ကျုပ်မွေးခဲ့တဲ့အချိန်တုန်းက ပေးခဲ့တာပါ။ ရှေးရှီရဲ့ တော်ဝင်မိသားစုကသာ ဒါကို ရနိုင်ပါတယ်။ သူတို့က တသက်မှာ တစ်ခုကိုသာ ရနိုင်ပါတယ်…”
“ဒီပစ္စည်းဟာ ရှေးဘိုးဘေးကျောက်စိမ်းပါ။ ဒီအထဲမှာ ရှေးဘိုးဘေးရဲ့ လက်ချောင်းစွမ်းအားကို ချိပ်ပိတ်ထားပါတယ်။ဒီပစ္စည်းဟာ အလွန်ပဲ အစွမ်းထက်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အကြီးမားဆုံး အခန်းကဏ္ဍကတော့ နားလည်ဆင်ခြင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ လူတစ်ယောက်က ဒီလက်ချောင်းကို နားလည်နိုင်ရင် အလွန်ပဲ အသုံးဝင် ပါလိမ့်မယ်…”
“ဒါပေမဲ့ ပြီးခဲ့တဲ့ ရှေးရှိမင်းသားမျိုးဆက်တိုင်း၊ အင်ပါယာတွေတောင်မှ ဒါကို နားလည်နိုင်စွမ်း မရှိခဲ့ကြဘူး။ ဒါဟာ မင်းသားတပါး ရနိုင်တဲ့ အစွမ်းထက်ဆုံးရတနာတစ်ခုပါပဲ။ ဒီကောင်လေးက ဒီအရာကို မွေးစားအဖေရှိ လက်ဆောင်ပေးချင်ပါတယ်…”
“ဒီကျောက်စိမ်းသေတ္တာထဲမှာ အရည်တစ်ခုလည်း ပါပါတယ်။ ၎င်းရဲ့ ရင်းမြစ်ကိုတော့ ထောက်လှမ်းနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ရှေးဘိုးဘေးဟာ ဒါကို ချန်ထားခဲ့တာပါ။ ၎င်းထဲမှာ သန့်စင်လှတဲ့ သစ်သားအနှစ်သာရလည်း ပါဝင်ပါတယ်။ ဒီကောင်လေးက ကောင်းကင်ဘုံကလန်မှာ မွေးဖွားအဖေရဲ့ ဂုဏ်သတင်းကို သိရှိခဲ့ပါတယ်။ သင်ဟာ အနှစ်သာရတွေကို ကျင့်ကြံရတဲ့သူလို့ သိကြားခဲ့ရပါတယ်။ ဒါ့ကြောင့် ဒီအရာကို သင့်အတွက် ပြင်ဆင်ပေးထားခဲ့တာပါ…”
“ဒီကောင်လေးဟာ ခု မင်းသားတပါးသာ ဖြစ်သေးပြီး ရှေးရှီအင်ပါယာ မဟုတ်သေးပါဘူး။ ဒါပေမဲ့ ကျုပ်ကသာ ရှေးရှီအင်ပါယာ ဖြစ်လာခဲ့ရင် မွေးစားအဖေ ရွေးချယ်ဖို့အတွက် ရှေးရှီရတနာအခန်းကို ဖွင့်လှစ်ပေးပါ့မယ်။ ကျုပ်က မွေးစားအဖေ ကျုပ်ကို ပလ္လင်ဆက်ခံနိုင်အောင် ကူညီပေးခဲ့မှုအတွက် အဲ့အခါကျရင် ရှေးရှီရဲ့ စွမ်းအားကုန်ကို အသုံးပြုပြီး မွေးစားအဖေကို ပြန်ပေးဆပ်ပါ့မယ်…”
မင်းသားကျိတု၏ စကားများသည် ပြတ်သားခိုင်မာမှု ပြည့်နေသည်။
ဝမ်လင်းသည် ကျောက်စိမ်းသေတ္တာကို ယူကာ ငြိမ်သက်စွာ စဉ်းစားနေ၏။ သို့သော် သူက ၎င်းကို မသိမ်းဆည်းသေးပေ။
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေစဉ် နန်းတော်တစ်ခုလုံးသည် တိတ်ဆိတ်နေ၏။ မင်းသား ကျိတုသည် အလွန်စိတ်ပူပန်နေသည်။ ယင်းမှာ ဟန်ဆောင်နေတာ မဟုတ်ပေ။ သူ့စိတ်ထဲကနေ အမှန်တကယ် ပူပန်နေခြင်းသာ ဖြစ်၏။ သူသည် အလွန်လေးစားမှုနှင့် တန်ဖိုးကြီးကြီးမားမား ပေးအပ်မည့်အကြောင်း ပြသခဲ့ပြီး ဖြစ်၏။ သူသည် ဒူးထောက်ကာ ဝမ်လင်းကို မွေးစားအဖေအဖြစ်ပင် တွေဝေခြင်း မရှိ အသိအမှတ် ပြုခဲ့ပေသည်။ ဝမ်လင်း၏ အကူအညီရဖို့အတွက် သူ စွမ်းနိုင်သမျှ လုပ်ဆောင်ခဲ့ပြီး ဖြစ်၏။
သူက လွန်ခဲ့သောဆယ်နှစ်က သေဆုံးသွားခဲ့သော သူ့ဦးလေးကို ယုံပေ၏။ သူ့ဦးလေး မသေခင် ပြောခဲ့သော အခြင်းအရာတို့က သူ့စိတ်ထဲတွင် သံမှိုကဲ့သို့ စွဲထင်နေခဲ့သည်။
“အဲ့သူက ဘယ်သူလဲတော့ ငါ မခန့်မှန်းနိုင်ဘူး။ ဒါပေမဲ့ သူသာ ကူညီဖို့ ဆန္ဒရှိတယ်ဆိုရင် မင်းဟာ ရှေးရှီအင်ပါယာ ဖြစ်လာလိမ့်မယ်။ မင်း ရှေးကလန်သုံးခုလုံးကိုတောင် စုစည်းနိုင်ပြီး အစစ်အမှန်ရှေးအင်ပါယာ ဖြစ်လာနိုင်မယ့် အခွင့်အရေး ရှိနိုင်လိမ့်မယ်…”
“ငါ မမှားနိုင်ဘူး။ ဒါက ငါ့အသက်နဲ့ ရင်းပြီး ရှေ့ဖြစ်ကြည့်ခဲ့တဲ့ မင်းရဲ့အနာဂတ်နဲ့ ပတ်သတ်တဲ့ မြင်ရတဲ့ အရိပ်အမြွက်ပဲ ဖြစ်တယ်…”
“သူက မင်းကို မကူညီခဲ့ရင်တော့ မင်းအနေနဲ့ နှစ်တစ်ရာထက် ပိုရှင်သန်နိုင်လိမ့်မှာ မဟုတ်ဘူး…”
ကျိတုက သူ့ဦးလေးအကြောင်းကို ပြန်တွေးမိ၏။
“မွေးစားအဖေ…” ကျိုတုက မြေပေါ်တွင် ဒူးထောက်ချကာ ဝမ်လင်းကို ဦးညွှတ်ဂါဝရ ပြုလိုက်သည်။
နန်းတော်အတွင်း၌ တောင်းပန်လျှိုးသံများ ပဲ့တင်ထပ်ကာ တိတ်ဆိတ်မှုကို ဖျက်စီးသည်။ သူ၏ တော်ဝင်ညီမဖြစ်သူ၏ မျက်နှာမှာ ဖြူရောလာသည်။ သူမသည် ဒီကိစ္စမှာ သူမ၏တော်ဝင်အစ်ကိုအတွက် အလွန်အရေးကြီးမှန်းကို ခံစားမိသည်။
အချိန်အတန်ကြာပြီးနောက် တောင်းပန်လျှိုးသံ ပဲ့တင်ထပ်လာရင်း ဝမ်လင်း၏ စကားသံသည် ထွက်ပေါ်လာသည်။
“မင်းကို ရှာလို့ ရမယ့် ကျောက်စိမ်းပြား ငါ့ကို ပေးပါ…”
ကျိတု၏ ခန္ဓာကိုယ်သည် တုန်ယင်သွားမိ၏။ သူ၏မျက်နှာထက်တွင် အပျော်နှင့် ပြည့်သွားသည်။ သူသည် ကျောက်စိမ်းပြားတစ်ခုကို အမြန်ထုတ်ယူကာ ဝမ်လင်းထံ စိတ်လှုပ်တရှားဖြင့် ကမ်းပေးလိုက်သည်။
“ငါ ရှေးတောက်ကနေ ထွက်လာတဲ့ တနေ့ တကယ် ရောက်လာခဲ့ရင် အဲ့နောက်ကျ မင်း ငါ့ကို မွေးစားအဖေလို့ ခေါ်နိုင်တယ်…” ဝမ်လင်းသည် ရှေးတောက်အပေါ်၌ သူ၏အနာဂတ်တစ်ခုလုံးကို လောင်းကြေးမထပ်ဖို့ ဆုံးဖြတ်ထားပေ၏။ သူသည် ဒီအခွင့်အရေးကို ယူကာ အရံအစီအစဉ်တစ်ခု ချန်ထားရပေမည်။
ထိုသို့ ပြောပြီးနောက် ဝမ်လင်းသည် ကျောက်စိမ်းသေတ္တာနှင့် ကျိတု သူ့ကိုပေးခဲ့သော ကျောက်စိမ်းပြားတို့ကို သိမ်းဆည်းလိုက်သည်။ သူက လှည့်၍ အပြင်သို့ ခြေလှမ်းလိုက်သည်။ ထို့နောက် သူ့ပုံရိပ်သည် ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်း ထွက်သွားသည့်နောက် ကျိတုက ချွေးများ ရွှဲနစ်နေတုန်းပင်။ သို့သော် သူကား အတော့်ကို စိတ်လှုပ်တရှား ဖြစ်နေကာ လက်သီးပင် ခပ်တင်းတင်း ဆုပ်ထားမိသည်။
“တော်ဝင်ညီမ…ရှေးတောက်အင်ပါယာအပေါ် ငါ့နားလည်မှုအရဆို မွေးစားအဖေအတွက် အတော့်ကို အဆင်မပြေ ဖြစ်စေလိမ့်မယ်။ သူ့လို အစွမ်းထက်တဲ့သူဟာ ရှေးတောက်အင်ပါယာလောက်က ထိန်းချုပ်ထားနိုင်မယ့်လူမျိုး မဟုတ်ဘူး။ မွေးစားအဖေဟာ ကျိန်းသေပေါက် လာပြီး ငါ့ကို ကူညီလိမ့်မယ်။ သူ သေချာပေါက် ကူညီပေးလိမ့်မယ်…”
ထိုအမျိုးသမီးက ထရပ်၏။ ထို့နောက် သူမက တိုးညင်းစွာ မေးသည်။ “ဒါက ထိုက်တန်ရဲ့လား…”
မင်းသားကျိတုက ရယ်သည်။
“ထိုက်တန်တာပေါ့။ သူ့ခုလက်ရှိ ခွန်အားနဲ့ဆို သူဟာ မဟာအင်ပါယာရွှမ်လောကို လာရှာဖို့ မလိုအပ်တော့ဘူး။ ခုလို လာရှာတယ်ဆိုတာဟာ သူ့ရဲ့ ဆက်ဆံပတ်သတ်မှုအပေါ် အရေးစိုက်ကြောင်းကို ပြသနေတာပဲ။ ငါက သူ့ကို လေးစားမှု ပြပြီး မွေးစားအဖေအဖြစ် သတ်မှတ်လိုက်မှတော့ သူက ငါ့ကို ဘေးဖြစ်စေလိမ့်မှာ မဟုတ်ဘူး…”