← Chapters

ကူးတောက်တောင်ထိပ်မှာ မြည်သော ခေါင်းလောင်းသံ

Vol. 149 Ch. 2064

ကူးတောက်တောင်ထိပ်မှာ မြည်သော ခေါင်းလောင်းသံ

Vol. 149 Ch. 2064

ရှေးတောက်ကုန်းမြေတွင် တောင်တန်းများကြားရှိ အတားအဆီးတောင်ကြား၊ လွင်ပြင်ဒေသရှိ ရေကန်၊ မြေအောက်သင်္ချိုင်းတို့သည် မဟာကံကောင်းမှုများ ရှိနေသော နေရာသုံးခုပင်။ ရွှမ်လောသည် ထိုနေရာတို့ကို သူ့တပည့်၊ဝမ်လင်းအတွက် ကြိုပြင်ဆင်ထားခဲ့၏။

တောင်တန်းများထဲ၌ ဝမ်လင်းနှင့် ရွှမ်လောတို့သည် ရပ်နေကြ၏။ သူတို့၏ ပုံရိပ်သည် ရေကန်အပြင်ဘက်နှင့် မြေအောက်သင်္ချိုင်းတွင်လည်း ပေါ်လာကြသည်။

လွင်ပြင်ရှိ ရေကန်တွင် အားကောင်းသော သတ်ဖြတ်လိုစိတ် ပါဝင်၏။ ဝမ်လင်းသည် ၎င်းအတွင်း၌ သူ့ကိုယ်သူ သုံးလတာ နစ်မြုပ်ထား၏။

ရွှမ်လောသည် ရေကန်အပြင်ဘက်တွင် တချိန်လုံး ရှိနေသည်။ ဝမ်လင်းကို ကာကွယ်ပေးထားလျက် သူက သူ့တပည့်ဖြစ်သူကို ငြိမ်သက်စွာ စောင့်ကြည့်၍ ကြင်နာဟန် ပြုံးနေ၏။

တောင်ကြား၏ တောင်အစွန်းများတွင် စာလုံးများ ရေးထွင်းထားပြီး တစ်ခုစီတွင် အတားအဆီးများ ပါဝင်နေ၏။ နှစ်များစွာ ကုန်လွန်လာသည်နှင့် အမျှ ထိုတောင်ကြားသည် ရှေးတောက်တွင် ကျော်ကြားသောနေရာတစ်ခု ဖြစ်လာခဲ့၏။ အတားအဆီးတောင်ကြားဟု အမည်တွင်လာခဲ့သည်။

သာမန်လူများသည် ဟိုးလွန်ခဲ့သော နှစ်ရာချီလောက်က ရွှမ်လောသည်  ဒီနေရာကို ချိပ်ပိတ်ထားသဖြင့် မဝင်ရောက်နိုင်ကြပေ။ ၎င်းသည် သူ့တပည့် အတားအဆီးအနှစ်သာရကို နားလည်ဆင်ခြင်ဖို့ ပြင်ဆင်ပေးထားသော နေရာတစ်ခု ဖြစ်လာခဲ့ပေသည်။

ဝမ်လင်းသည် ထိုအတားအဆီးတောင်ကြားထဲ၌ သုံးလကြာ နားလည်ဆင်ခြင်ခဲ့၏။

ရှေးတောက်၌ နောက်ထပ်အလွန်ဆန်းကြယ်သည့် နေရာတစ်ခု ရှိသေး၏။ ၎င်းမှာ မြေအောက်သင်္ချိုင်းပင်။ ထိုနေရာတွင် မည်သည့်ခန္ဓာကိုယ်ကိုမျှ မမြှုပ်နှံ့ထားပေ။ သို့သော် စွန့်ပစ်ရတနာများက ဟိုဒီပြည့်နေ၏။ ယင်းတို့မှာ အသုံးမဝင်၊ တန်ဖိုး မရှိပေ။ သို့သော် အချိန်မည်မျှ ကြာကြာ မသိရဘဲ တစုံတစ်ယောက်က ယင်းတို့ကို သည်နေရာတွင် စတေးမှုတစ်ခုကဲ့သို့ မြှုပ်နှံ့ထားခဲ့ပေ၏။

သည်ရတနာများ၏ တည်ရှိမှုကြောင့် ဒီဧရိယာသည် ဒြပ်စင်ငါးခုအနှစ်သာရ၏ စွမ်းအားများဖြင့် ထုံးမွှမ်းသွားခဲ့သည်။ ထိုအော်ရာက တဖြည်းဖြည်း ပိုသိပ်သည်းလာခဲ့ကာ နောက်ဆုံးတွင် အနှစ်သာရများ၏ အော်ရာပင် စတင် ပေါ်လာခဲ့လေ၏။

ဝမ်လင်းသည် ထိုမြေအောက်သင်္ချိုင်းတွင်လည်း အချိန်သုံးလကြာ ထိုင်နေခဲ့၏။ သူသည် မထချင်သေးသော်လည်း သုံးလပြည်ပြီးနောက် ဒြပ်စင်ငါးခုအနှစ်သာရများကို စုပ်ယူခြင်းအား ရပ်တန့်ဖို့ ဆုံးဖြတ်ကာ ရွှမ်လောနှင့်အတူ ထွက်ခွာလာခဲ့သည်။

ရှေးရှီ၌ ဝမ်လင်းသည် ရှေးရှီ၏ မဟာအင်ပါယာကို တွေ့မြင်ခဲ့၏။ သူက ရှေးရှီ၏ နေရာသုံးခုထံ ကျင့်ကြံရန်နှင့်ဆင်ခြင်ရန် သွားရောက်ခဲ့၏။ ဤသည်မှာ ငါးလတာ ကြာမြင့်ခဲ့သည်။

ရှေးဂျီတွင် ဝမ်လင်းသည် မဟာအင်ပါယာကို မတွေ့မြင်ခဲ့ပေ။ သို့သော် သူက နှစ်ဝက်နီးပါး နိုင်ငံဆယ့်နှစ်နိုင်ငံ အနှံ့ရှိ နေရာအမျိုးမျိုးထံ သွားရောက်ကာ နားလည်ဆင်ခြင်မှု ပြုခဲ့သည်။

ဖြတ်ခနဲအတွင်း ဝမ်လင်းနှင့်ရွှမ်လောတို့ ရှေးတောက်အင်ပါယာမြို့ကနေ ထွက်လာခဲ့ကြတာ တစ်နှစ်နှင့်နှစ်ဝက် ရှိလာခဲ့လေပြီ။

ထိုအချိန်အတောအတွင်း ဝမ်လင်းသည် မည်သည့်အန္တရာယ်ကိုမျှ ရင်မဆိုင်ခဲ့ရသလို အသက်ဘေးလည်း မကြုံခဲ့၊ မရုန်းကန်ခဲ့ရပေ။ သူသည် အနှစ်သာရများကို စုပ်ယူပြီး သူ၏ကျင့်ကြံမှုအဆင့် တိုးတက်လာအောင် အေးဆေးသက်သာစွာ လုပ်ဆောင်နိုင်ခဲ့သည်။

သူ့အနေဖြင့် အများကြီး တွေးနေဖို့ မလိုပေ။ အရာအားလုံးကို သူ၏ဆရာဖြစ်သူ ရွှမ်လောက ဂရုစိုက်ပေးထား၏။

ဝမ်လင်းသည် ရွှမ်လောမှာ သူ့ကို မည်သည့်အကြံအစည်မျှ မပါဝင်ဘဲ တိုက်ရိုက်တပည့်တစ်ယောက်အဖြစ် ပြုမူဆက်ဆံသည်ကို အမှန်တကယ် ခံစားမိ၏။ ရွှမ်လောထံမှ နွေးထွေးသော အကြည့်က ဝမ်လင်းကို သူ့မွေးရပ်မြေ၌ ကျင့်ကြံရသလိုမျိုး နွေးထွေးမှုကို ခံစားရစေသည်ပင်။

ဝမ်လင်းသည် ဤသို့သောအရာကို သူ့ဘဝ၌ များများ မကြုံခဲ့ဖူးပေ။ သို့သော် ပို၍ ရှားပါးလေ သူ့အနေဖြင့် ပို၍ တန်ဖိုးထားလေသာ။ သူ့အနေဖြင့်လည်း ရွှမ်လောကို ဆရာတစ်ယောက်အဖြစ် အမှန်တကယ် သတ်မှတ်ထားခဲ့၏။

သူ့စိတ်ထဲ၌ သည်လို အခိုက်အတန့်များကို ထာဝရ လိုချင်နေမိသည်။ ဝမ်လင်းသည် ရှေးတောက်အင်ပါယာ၏ ဖိနှိပ်လိုမှုကိုလည်း လစ်လျူရှုထားနိုင်၏။

“ဆရာက ငါ့ကို ကောင်းကောင်း ပြုမူဆက်ဆံခဲ့တယ်။ ငါ ရှေးတောက်ကို ကာကွယ်ပေးရမယ်…”

ဝမ်လင်းသည် စိတ်ထဲကနေ ထိုသို့ တခါ ထပ်မံ ပြောမိ၏။

သူသည် သူ၏ ပတ်သတ်ဆက်ဆံမှုများကို အရေးစိုက်လှသူ မဟုတ်လား။ ရွှမ်လောသည် သူ့ကို လှိုဏ်ဂူလောက၌လည်း သူ့အား ကူညီပေးခဲ့ပြီး သူ၏ဆရာ ဖြစ်၏။ သူသည် ရွှမ်လော သူ့အပေါ် လုပ်ပေးခဲ့သမျှကို စိတ်ထဲကနေ မှတ်သားထားပေမည်။

သူသည် ရွှမ်လောကို စိတ်မပျက်စေချင်ပေ။

တစ်နှစ်နှင့်နှစ်ဝက်ကြာ သွားလာပြီးနောက် ဒီခရီးစဉ်က အဆုံးသပ်ခဲ့၏။ သူတို့နှစ်ယောက်သည် ရှေးကလန်အများစုကို ဖြတ်သန်းလာခဲ့ပြီးနောက် ဝမ်လင်းနှင့် ရွှမ်လောတို့သည် ကူးတောက်တောင်ပေါ်သို့ ရောက်ရှိလာကြသည်။

ကူးတောက်တောင်သည် ရှေးကလန်သုံးခုကြား နယ်စပ်တွင် တည်ရှိကာ မဟာအင်ပါယာကူးတောက် နေထိုင်ရာ နေရာ ဖြစ်၏။

သည်တောင်ကို မြင့်မြတ်သောတောင်၊ မြင့်မြတ်သော ကုန်းမြေဟုလည်း ညွှန်းဆိုခေါ်ဝေါ်ကြ၏။ အားလုံးမှာ မဟာအင်ပါယာကူးတောက်ကြောင့်ပင်။

ကူးတောက်တောင်အောက်တွင် ရွှမ်လောသည်ပင် လေးစားမှု ပြရ၏။ သူသည် မပျံသန်းသလို တည်နေရာရွှေ့ပြောင်းခြင်းလည်း မပြုပေ။ ထိုအစား သူသည် တောင်ပေါ်သို့ ဝမ်လင်းနှင့်အတူ သေမျိုးကဲ့သို့ ခြေလှမ်း၍ တက်လာ၏။

သည်တောင်ပေါ် လှေကားထစ်များက မိုးထိ ဦးတည်နေသလား မှတ်ထင်ရကာ တိမ်စိုင်တို့ ဖုံးလွှမ်းထားသည်။ လူတစ်ယောက်သည် အဆုံးသပ်ကို မမြင်ရနိုင်ပေ။

တောင်အောက်ခြေတွင် ရွှမ်လောသည် ရှေ့မှ လျှောက်နေရင်း လှည့်၍ ဝမ်လင်းကို ကြည့်ကာ ဆိုသည်။ “မဟာအင်ပါယာ ကူးတောက်က မင်းကို တွေ့မယ်ဆို လေးစားမှုပြဖို့ မှတ်ထားပါ။ မဟာအင်ပါယာကူးတောက်ဟာ စီနီယာတစ်ယောက်ပဲ။ ဆရာတောင် သူ့ကို အရိုအသေပေးဖို့ လိုအပ်တယ်…”

“ဆရာ…စိတ်ချနေပါ။ တပည့် နားလည်ပါတယ်…”  ဝမ်လင်း၏အမူအရာက အလေးအနက် ဖြစ်နေ၏။ သူ့စိတ်ထဲ၌လည်း နွေးထွေးမှုကို ခံစားမိသည်။

“မဟာအင်ပါယာကူးတောက်ဟာ ရှေးဘိုးဘေးနဲ့ တူညီတဲ့ခေတ်ကာလကနေ လာခဲ့တဲ့သူပဲ။ သူဟာ ရှေးကလန်ရဲ့ စောင့်ရှောက်သူလည်း ဟုတ်တယ်။ သူသာ မတည်ရှိရင် ငါတို့ ရှေးကလန်ဟာ ကောင်းကင်ဘုံကလန်ရဲ့ ဖျက်စီးတာခံရပြီး ဆက်ပြီးမတည်ရှိနိုင်တော့မှာကို ငါ စိုးရိမ်မိတယ်…”

ရွှမ်လောသည် ကူးတောက်တောင်ထံ စိတ်ထဲကနေလာသော လေးစားမှုဖြင့် ကြည့်သည်။

“တပည့်က ကောင်းကင်ဘုံကလန်မှာ ရှိခဲ့တဲ့အချိန်တည်းက မဟာအင်ပါယာကူးတောက်အကြောင်း ဖော်ပြချက်အချို့ကို စာအုပ်စာပေထဲမှာ တွေ့မြင်ခဲ့ဖူးပါတယ်။ သူတို့က မဟာအင်ပါယာကူးတောက်ရဲ့ ကျင့်ကြံမှုအဆင့်ဟာ တခြားမဟာအင်ပါယာတွေထက် မြင့်မားပြီး တခြား မဟာအင်ပါယာနှစ်ယောက်ကို သတ်ပစ်နိုင်တဲ့ တစ်ဦးတည်းသောသူလို့လည်း ဆိုကြတယ်။ တပည့်အနေနဲ့ ဒီလိုအစွမ်းထက်လှတဲ့သူကို လေးစားမှု ရှိပါတယ်…”

ဝမ်လင်းသည် ခြေလှမ်းလာကာ တောင်ထိပ်သို့ မော့ကြည့်သည်။

“ဆရာတောင် မဟာအင်ပါယာကူးတောက်ရဲ့ အစစ်အမှန်ကျင့်ကြံမှုအဆင့်က ဘာလဲဆိုတာကို မသိဘူး။ ဒါပေမဲ့ သူ့ရှေ့မှာဆို ဆရာ့အနေနဲ့ သေမျိုးတစ်ယောက်လို ဖြစ်တည်မှုမျိုး ခံစားမိခဲ့ရတယ်…”

ရွှမ်လောသည် ခေါင်းယမ်းကာ သက်ပြင်းချ၏။

“မဟာအင်ပါယာတွေကလွဲလို့ စီနီယာကူးတောက်ဟာ လူတိုင်းကို ဆင့်ခေါ်ခဲတယ်။ ရှေးအင်ပါယာမျိုးဆက်သစ်အဖြစ် ရွေးချယ်ခံရတဲ့သူကိုသာ ဒီနေရာကို ဆင့်ခေါ်ခံရတာ…”

ရွှမ်လောသည် လှေကားထစ်များအတိုင်း ဆက်လျှောက်လာ၏။ သူသည် အနည်းငယ် မလွယ်ကူသလို ခံစားမိ၏။

“မဟာအင်ပါယာကူးတောက်က ဝမ်လင်းကို ငါ ခေါ်လာခဲ့တာကို တွေ့မလားလို့ ငါ သိချင်မိတယ်။ ဝမ်လင်းက ဘိုဘေးသွေးစက်ဆယ်စက် ရခဲ့ပြီး နောက်ဆုံးသွေးစက်ဟာ စိတ်ဝိညာဉ်သွေးဖြစ်တဲ့အကြောင်းကိုတော့ ငါ သူ့ကို တင်ပြထားခဲ့ပြီးပြီ…”

သူတို့သည် လှမ်းတက်လာရင်း ရွှမ်လောက ငြိမ်သက်နေ၏။ သူတို့ တောင်ထိပ်ထံ ပိုနီးကပ်လာလေလေ ရွှမ်လောသည် မလွယ်ကူမှုကို ပိုခံစားမိလေပင်။

“မဟာအင်ပါယာကူးတောက်ကသာ ဝမ်လင်းကို ဆင့်ခေါ်ခဲ့ရင် ရှေးတောက်ရဲ့ စောင့်ရှောက်သူ ဖြစ်မယ့် ဝမ်လင်းရဲ့ ကိစ္စဟာ ချောမွတ်သွားပြီ။ ကူးတောက်ရဲ့ အသိအမှတ်ပြုမှုနဲ့ဆို ရှေးတောက်မှာ ဝမ်လင်းရဲ့ အဆင့်အတန်းဟာလည်း မြင့်တက်သွားပြီ။ ယဲ့တောက်က သူ့ကို ဘယ်လိုပဲ မုန်းတီးနေပါစေ သူက ဘာမှ ထပ်ပြီး ပြောဝံ့တော့မှာ မဟုတ်ဘူး…”

“ဒါပေမဲ့ မဟာအင်ပါဘာကူးတောက်ကသာ သူ့ကို မဆင့်ခေါ်ခဲ့ရင်တော့…”

ရွှမ်လောသည် သက်ပြင်းချမိ၏။ အမှန်တော့ သူသည် ကူးတောက် ဒေါသထွက်မည်ကို စွန့်စား၍ ဝမ်လင်းကို သည်နေရာသို့ ခေါ်လာခဲ့ခြင်းပင်။ သူသည် ဆင့်ခေါ်မှု မရှိဘဲ ဝမ်လင်းကို ခေါ်လာခဲ့တာသာ ဖြစ်၏။

သူသည် ရှေးတောက်အတွက်၊ ထို့အပြင် သူ့တပည့် အရှက်ရခြင်းမရှိဘဲ ရှေးတောက်ကို ကာကွယ်ပေးဖို့အတွက် သည်အရာတို့ကို ပြုလုပ်ခဲ့တာပင်။

တဖက်တွင် သူ့တဘဝလုံး ကာကွယ်ပေးခဲ့သော သူ့ကလန်၊ တဖက်တွင်မူ သူ အကျေနပ်ရဆုံး၊ သူ့ကိုယ်ပိုင်မျိုးဆက်ကဲ့သို့ ရှုမြင်သော သူ၏တပည့်။ ရွှမ်လောသည် ထိုဘက်နှစ်ဖက်လုံးကို မျှခြေဖြစ်စေချင်၏။

ဝမ်လင်းသည် ရွှမ်လောနောက်မှ လျှောက်လာရင်း ရွှမ်လော၏ နောက်ကျောကို ကြည့်၏။ ရွှမ်လော၏ နောက်ကျောက ဝမ်လင်းကို နွေးထွေးမှုအား ခံစားမိစေ၏။ ထိုနွေးထွေးမှုသည် သူနှင့်အတူ ရှိခဲ့တာ တစ်နှစ်နှင့်နှစ်ဝက် ရှိလာခဲ့လေပြီ။

“ငါဟာ ရှေးကလန်က ငါ့ကို ပိုင်ဆိုင်တယ်လို့ အာရုံမခံစားမိဘူး။ ငါ ဒီကို လာခဲ့တာ ဆရာရွှမ်လောအတွက်ပဲ။ ဆရာရွှမ်လောအတွက် ငါ ရှေးတောက်ကို ကာကွယ်ပေးရမယ်…”  ဝမ်လင်းသည် ငြိမ်သက်စွာ လျှောက်လှမ်းလာ၏။

သူတို့၏ ခြေလှမ်းတို့မှာ အေးဆေးငြိမ်သက်နေ၏။ သူတို့သည် တောင်ထိပ်နှင့် နီးကပ်လာချိန်တွင် ဝမ်လင်းက မျှော်စင်တစ်ခုကို တွေ့မြင်သည်။

ထိုမျှော်စင်တွင် အလွှာကိုးခု ပါဝင်ပြီး ၎င်းကို ချိန်းကြိုးများဖြင့် တုပ်နှောင်ထားသည့် ဧရာမတိုင်လုံးလေးလုံး ရှိသည်။ ယင်းချိန်းကြိုးများပေါ်တွင် ခေါင်းလောင်းများကို ချိတ်ဆွဲထားသေးသည်။ ဝမ်လင်းနှင့် ရွှမ်လောတို့ နီးကပ်လာသည့်အခါ ယင်းခေါင်းလောင်းများသည် တချွင်ချွင် မြည်သံ ပေးလာသည်။

ထိုအသံကို ကြားရသည်မှာ သာယာနာပျော်ဖွယ် ကောင်းလှသည်။ ယင်းအသံသည် လူတစ်ယောက်၏ စိတ်ထဲသို့ ဝင်ရောက်သည့်အခါ သူတို့၏ စိတ်များကိုပင် ကြည်လင်လာစေလိမ့်မည် ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်ထဲရှိ ရှေးစွမ်းအားကိုပင် ပိုမိုမြန်ဆန်စွာ လှည့်ပတ်စေနိုင်စွမ်း ရှိသည်။

နေရာတွင်ရပ်နေလျက် ဝမ်လင်း၏ မျက်နှာက အနည်းငယ် ဖြူရောသွား၏။ သူက သူ့ကျင့်ကြံမှုသည် ဖိနှိပ်ခံရသည်ကို ရှင်းလင်းစွာ ခံစားမိသည်။ သို့ပေမည့် သူ၏ ရှေးတောက်စွမ်းအားကမူ ဖိနှိပ်ခံရခြင်း မရှိသည့်အပြင် အသက်ဓာတ်ဖြင့် ပြည့်လာခဲ့သည်။

ကျင့်ကြံမှုနှင့် အနှစ်သာရကို ဖိနှိပ်ခြင်းက ဝမ်လင်းကို တောင်များစွာ သူ့အပေါ် ဖိနှိပ်ခံရသလိုမျိုး ခံစားမိရစေ၏။ ၎င်းက သူ့ကို အသက်ရှုအနည်းငယ် ကြပ်စေ၏။ သို့သော် သူက အံတင်းတင်းကြိတ်ကာ ရွှမ်လော၏နောက်တွင် ရပ်နေသည်။

တိုင်လုံးလေးလုံးပေါ်၌ လူလေးယောက် ထိုင်နေကြ၏။ သူတို့က သက်လတ်ပိုင်းအရွယ် ရှိကြကာ အလွန်ပိန်ပြီး မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူတို့၏ ဝတ်ရုံက လေနှင့်အတူ တဖျတ်ဖျတ် လွင့်နေ၏။ သူတို့က မျက်လုံးမှိတ်ထားကြသည်။

ရွှမ်လော ရောက်ရှိလာမှုသည်ပင် သူတို့ကို မျက်လုံးဖွင့်လာအောင် မလုပ်နိုင်ပေ။

ဝမ်လင်း၏မျက်နှာက ဖြူရောနေ၏။ သူ့အကြည့်က ထိုလေးယောက်ပေါ် ကျရောက်သွားသည်။ သူက အနည်းငယ် တုန်လှုပ်မိသွား၏။ ထိုလေးယောက်သည် သူတို့၏ခန္ဓာကိုယ်တွင်း၌ ရှေးစွမ်းအားကင်းမဲ့နေကာ သေမျိုးများကဲ့သို့ ဖြစ်နေသည်။

“ဂျူနီယာရွှမ်လောက မဟာအင်ပါယာကူးတောက်ကို တွေ့ခွင့်ရဖို့ တောင်းဆိုပါတယ်…”

ရွှမ်လောက သူ့လက်နှစ်ဖက်ကို ဆုပ်ကာ မျှော်စင်ထံ ဦးညွှတ်လိုက်၏။

ဝမ်လင်းသည်လည်း သူ့လက်နှစ်ဖက်ကို ဆုပ်ကာ ရွှမ်လောနောက်ကနေ ဦးညွှတ်သည်။

ပတ်ဝန်းကျင်တခုလုံး ငြိမ်သက်တိတ်ဆိတ်နေသည်။ လေတိုးသံနှင့် ခေါင်းလောင်သံတို့သာ ပဲ့တင်ထပ်၍ နေ၏။ ယင်းအသံတို့က ထူးခြားသောအားတစ်ခုကို ဖော်ကြူးပြီး ဝမ်လင်း၏ အနှစ်သာရနှင့်ကျင့်ကြံမှုကို ပို၍ ဖိနှိပ်လေသည်။ ထိုအခါ သူ့နှဖူးထက်၌ပင် ချွေးများ ပြန်လာသည်။

အချိန်အတန်ကြာပြီးနောက် မျှော်စင်ပထမထပ်ရှိ တံခါးက ပွင့်ဟလာကာ လူတစ်ယောက် လှမ်းထွက်လာ၏။ ထိုသူမှာ မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ဦးခေါင်းပြောင်လူငယ်တစ်ယောက်ပင်။ သူ လှမ်းထွက်လာပြီးနောက် ရွှမ်လောကို ဦးညွှတ်၏။

“အရှင်ကူးက စိတ်ပိုင်းခရီးစဉ်တစ်ခုမှာ ရှိနေတုန်း ဖြစ်ပါတယ်။ မဟာအင်ပါယာ ရွှမ်လော ခဏလောက် စောင့်ပေးပါအုံး…”

ထိုလူငယ်က တလေးတစား ပြောလာသည်။

“ပြဿနာ မရှိဘူး။ ငါ ဒီမှာ စောင့်နေမယ်…”  ရွှမ်လောသည် စိတ်ထဲ မထားပေ။ သူက ပြုံး၍ ခေါင်းညိတ်၏။

ထိုလူငယ်က ဝမ်လင်းကိုလည်း တချက် ကြည့်လိုက်သည်။ သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီးနောက် သူက ရွှမ်လောထံ ထပ်မံ ဦးညွှတ်သည်။ ထို့နောက် သူက မျှော်စင်ထံ ပြန်သွားပြီး တံခါးသည် ဖြည်းဖြည်းချင်း ပိတ်သွားသည်။

အချိန် တဖြည်းဖြည်း ကုန်လွန်လာသည်။ ဖြတ်ခနဲအတွင်း သုံးရက်တာ ကုန်လွန်သွားသည်။ သည်သုံးရက်အတါင်း ရွှမ်လောသည် မည်သည့်စိတ်မရှည်မှုကိုမျှ မပြဘဲ လေးစားမှုကိုသာ ပြသထားသည်။ ဝမ်လင်းသည်လည်း ရွှမ်လောနောက်တွင် ရပ်နေသည်။ သည်သုံးရက်က သူ့အတွက် နှစ်ပေါင်းသုံးရာကဲ့သို့ ခံစားမိစေ၏။

ခေါင်းလောင်းသံတို့က ဝမ်လင်း၏စိတ်ထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေ၏။ ယင်းအသံတို့က သူ၏ကောင်းကင်ဘုံကျင့်ကြံခြင်းနှင့် အနှစ်သာရအားလုံးကို အရည်ပျော်ဝင်စေချင်သလား ထင်ရသည်။

ယင်းတို့သည် သူ၏အနှစ်သာရများနှင့် ကျင့်ကြံခြင်းကို ခွဲထုတ်နေသလို ထင်ရပြီး သို့မှသာ ရှေးကလန်၏ စွမ်းအားတစ်ခုသာ သူ၏ခန္ဓာကိုယ်ထဲ၌ ကျန်ရှိမည် ဖြစ်ပြီး သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်သွေးသည် သူ့တကိုယ်လုံး အနှံ့ ပျံ့နှံ့လိမ့်မည်။

All Chapters