ရွှေရောင်အခွင့်အရေး
Vol. 150 Ch. 2067
“စုစုပေါင်း လှေကားထစ် ကိုးရာ့ကိုးဆယ့်ကိုးခု ရှိတယ်။ လှေကားထစ်တစ်ရာတိုင်းက ငါ့စွမ်းအားရဲ့ ဆယ်ရာခိုင်နှုန်းကို ကိုယ်စားပြုတယ်။ ခေတ်ကာလတလျှောက် ဘယ်မဟာအင်ပါယာကမျှ ငါ့စိတ်ဆန္ဒအောက်မှာ ခြောက်ရာမြောက်လှေကားထစ်ထိ မတက်လှမ်းနိုင်ခဲ့ကြဘူး…”
“အဝေးဆုံး တက်လှမ်းနိုင်ခဲ့တဲ့သူက ကောင်းကင်ဘုံကလန်က တန်လင်းဆိုတဲ့ မဟာအင်ပါယာပဲ။ သူက ခြောက်ရာမြောက်လှေကားထစ်မှာ ကျရှုံးခဲ့တယ်။ သူက တစုံတစ်ယောက်ကို ချန်ခဲ့တဲ့နောက် ငါ့အနေနဲ့ သူ့ကို ထွက်သွားခွင့် ပြုခဲ့တယ်…”
“မင်းကတော့ ခြေလှမ်းဘယ်လောက်များများ တက်လှမ်းနိုင်မလဲ ငါ ကြည့်နေမယ်…”
ခြေလှမ်းတစ်ရာမြောက်တွင် ဝမ်လင်း၏နားထဲသို့ အင်မတန် မထူးခြားနားသော အသံတစ်သံ ပဲ့တင်ထပ်လာ၏။
ထိုအသံ ပဲ့တင်ထပ်လာသည့်အခါတွင် လှေကားထစ်သည် ၎င်း၏အစစ်အမှန်အမှန်ကို ဖော်ပြသည့် သဘောဖြင့် နဂါးတစ်ကောင်အသွင်သို့ ပြောင်းသည်။ ၎င်းမှာ နဂါးအစစ်ဖြစ်၏။ ၎င်း၏ခန္ဓာကိုယ်သည် လုံးဝ နက်မှောင်နေသည်။ ၎င်းက ပေါ်လာသည့်နောက် ဟိန်းသံပေးကာ ဝမ်လင်းထံ တိုက်ရိုက် တိုးဝင်လာသည်။
ညှိစို့စို့အနံတစ်ခု လှေကားထစ်တစ်ရာမြောက်တွင် ဝမ်လင်းကို ရပ်တန့်စေဖို့ အလို့ငှာ တရကြမ်း တိုးဝင်လာသည်။ ထိုနဂါးက ချက်ခြင်းလိုလို နီးကပ်လာချေသည်။
ဝမ်လင်း၏မျက်လုံးက အရောင်တောက်နေ၏။ သူ့မျက်နှာသည် ဖြူရောနေသော်လည်း သူက သွေးမကြောင်ပေ။ သူက အပေါ်သို့ မော့ကြည့်ကာ လေဟာနယ်ထံ လက်ဆန့်ထုတ်သည်။ သူ၏နောက်ရှိ မဟာအင်ပါယာနေမင်းအကြမ်းထည်က အနည်းငယ် ကြုံ့သွားကာသူ့လက်တွင် အဖြူ၊အနက်အလင်း စုဝေးလာလေ၏။ ၎င်းမှာ ထူးခြားသောမြင်ကွင်းတစ်ခုပင်။
ဝမ်လင်း၏ ညာလက်ဖဝါးသည် အဖြူ၊ သူ့လက်ဝါးနောက်မှာ အနက် ဖြစ်နေ၏။ နဂါး နီးကပ်လာစဉ် သူ့လက်ကို အောက်သို့ ဖိချကာ နဂါးဖြင့် ထိပ်တိုက်ထိတွေ့သည်။
ရုတ်တရက် ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ နဂါးသည် တုန်ခါကာ နာကျင်စွာ အော်ဟစ်သံ ပြုသည်။ ၎င်း၏ဦးခေါင်သးသည် ပျက်စီး၏။ ထိုပျက်စီးနှုန်းသည် မြန်လှသည်။ နဂါး၏ ခန္ဓာတစ်ခုလုံးသည် ပြာမှုန့်အဖြစ်သို့ ချက်ခြင်း လွင့်ပြယ်ကာ ပျောက်ကွယ်သွားချေသည်။
တချိန်တည်းမှာ တောင်ထိပ်ထံ ဦးတည်သည့် လှေကားထစ်များက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ အစောပိုင်းတုန်းက ဝမ်လင်း တွေ့မြင်ခဲ့သမျှသည် ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်ခဲ့သည့်အလား။
ဝမ်လင်းက သွေးအန်ထုတ်လိုက်ရ၏။ သူက နဂါးကို ဖျက်စီးပြီးနောက် သူ့ညာလက်မှာလည်း ကွယ်ပျောက်သွား၏။ သည့်နောက်တွင် သူ့လက် ပျောက်ကွယ်သွားသော နေရာတွင် အနက်ရောင်အခိုးငွေ့များ စုဝေးကာ လက်အသစ်တစ်ဖက် ပေါ်လာသည်။
သို့ပေမည့် သူ၏ညာခြေထောက်မှာလည်း နဂါးနှင့် ထိမိခဲ့သေး၏။ သူက မရေမတွက်နိုင်သော တောင်များဖြင့် ရိုက်နှက်ထုချခြင်း ခံရသလိုမျိုး ခံစားလိုက်ရသည်။ သူက ညာခြေကို ကြွလိုက်စဉ် သူ့နောက်မှ လှေကားထစ်များသည် ကိုးဆယ့်ကိုးခုမြောက် လှေကားထစ်ထိ စတင် ပျက်စီးလာလေ၏။
သူသည် ထိုအဆင့်တွင် ခြေချမိလိုက်ပါက တစ်ရာမြောက်လှေကားထစ်အပေါ် ခြေမလှမ်းနိုင်သည်ဟု ဆိုလိုနေသည်။
သူ့ညာခြေ ကျရောက်တော့မည့် အခိုက်၌ ဝမ်လင်းက မာန်သွင်းလိုက်၏။ တစီစီအသံများ ထွက်ပေါ်လာသည်။ သူက ရှေးကလန်၏ ခန္ဓာကိုယ်ကို အသုံးပြုကာ သည်အားကို ခုခံ၏။ သူ့ညာခြေသည် ရုတ်တရက် မကျရောက်ခင် လမ်းကြောင်း ပြောင်းသွားသည်။ သို့ပေမည့် ၎င်းက ကိုးဆယ့်ကိုးခုမြောက်လှေကားထစ်ပေါ်သို့ ခြေလှမ်းမိလိုက်ခြင်းမဟုတ်၊ ထိုအစား တစ်ရာမြောက်လှေကားထစ်ပေါ်သို့သာ ခြေချမိသွားခြင်း ဖြစ်လေသည်။
ဝမ်လင်းက အသက်ခပ်ပြင်းပြင်း ရှုလိုက်၏။ သူက တစ်ရာမြောက်လှေကားထစ်ပေါ်သို့ ခြေချလိုက်သည့်နောက်တွင် သူ၏ ရှေးနှင့် ကောင်းကင်ဘုံစွမ်းအားများသည် ပေါင်းစည်းမည့် အရိပ်လက္ခဏာတစ်ခု ပြလာတာကို ဝိုးတဝါး ခံစားမိသည်။ ထိုဖြစ်စဉ်က ဝမ်လင်းကို တုန်လှုပ်မိသွားစေသည်။
သူ စဉ်းစားနေလျက် နောက်ထပ် ရှေ့သို့ ခြေလှမ်းသည်။ သူသည် မမြန်လွန်းပေ။ တစ်ခါလှမ်းပါက လှေကားထစ်ဆယ်ထစ်ကိုသာ ဖြတ်သန်းသည်။ သို့ပေမည့် ခြေလှမ်းတိုင်းက ကူးတောက်တောင်ကို တုန်ဟည်းစေသည်။
တစ်ရာမြောက်လှေကားထစ် ပြီးသည့်နောက်တွင် ကူးတောက်တောင်ထံမှ ဖိအားက နှစ်ဆ ဖြစ်လာ၏။ ဝမ်လင်းက တောင့်မခံနိုင်လုနီးပါး ခံစားမိလာသည်။ သူသည် လှေကားထစ်ပေါင်း တစ်ရာငါးဆယ်မြောက်တွင် နေရာတွင် မရပ်မိဘဲ မနေနိုင် ဖြစ်သွားရ၏။
တောင်ထိပ်ပေါ်၌ ရွှမ်လောသည် မျှော်စင်ထိပ်ကနေ ဝမ်လင်းကို ကြည့်နေပြီး သူ့စိတ်နှလုံးမှာ နာကျင်နေရသည်။ သူက သူ့စိတ်ကိုယ်သူ ပြင်ဆင်ထားပြီး ဖြစ်သည်။ ဝမ်လင်းသာ ကျရှုံးသွားပါက သူသည် ကူးတောက်ကို ဆန့်ကျင့်ကာ ဝမ်လင်းကို ခေါ်ဆောင်သွားမည် ဟူ၍ စိတ်ပိုင်းဖြတ်ထားသည်။
“ငါ သူ့ကို ဒီကို ခေါ်လာခဲ့တာ။ သူက ငါ့ကြောင့်လည်း ရှေးကလန်ကို ရောက်လာခဲ့ရတာ ဖြစ်တယ်။ ငါ သူ့ကို ပြန်ခေါ်ကို ခေါ်သွားရမယ်…” ရွှမ်လောက ငြိမ်သက်စွာ စဉ်းစားနေသည်။
“ရွှမ်လော သူ နှစ်ရာမြောက်လှေကားထစ်ထိ မဖြတ်သန်းနိုင်ရင် မင်း တပည့်ကို ထားခဲ့ရမယ်…” ရွှမ်လောနောက်ရှိ မြူထဲမှ ပုံရိပ်က အေးစက်စက် ပြောလာ၏။
ရွှမ်လော ပြန်၍ မပြောနိုင်ခင်မှာပင် ဝမ်လင်းက မာန်သွင်း၏။ သူ၏နောက်မှ မဟာအင်ပါယာနေမင်းအကြမ်းထည်က အလျင်အမြန် ကြုံ့လာသည်။
၎င်းသည် ကြုံ့နေစဉ် ဝမ်လင်းက ရုတ်တရက် မော့ကြည့်ကာ ရှေ့သို့ လှမ်း၏။ သူသည် တစ်ရာ့ခြောက်ဆယ်မြောက် လှေကားထစ်ပေါ်သို့ ခြေလှမ်းလိုက်သည်။
တုံ့နှေးမနေဘဲ သူက ရှေ့သို့ ထပ်မံ၍ ခြေလှမ်း၏။ သူ့နောက်မှ မဟာအင်ပါယာနေမင်းက ဆက်လက်၍ ကြုံ့လာ၏။ အဆုံးမဲ့စွမ်းအားက ဝမ်လင်း၏ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသကဲ့သို့ပင်။ သူက လှေကားထစ်ပေါင်း တစ်ရာ့ခုနစ်ဆယ်မြောက်၊ တစ်ရာ့ရှစ်ဆယ်မြောက်၊ တစ်ရာ့ကိုးဆယ်မြောက်ထိ ခြေလှမ်းလာ၏။ ထိုစဉ် သူ၏ မဟာအင်ပါယာနေမင်းအကြမ်းထည်သည်လည်း အကန့်အသတ်ထိ ကြုံ့သွားကာ ပျောက်ကွယ်သွားပြီး ဝမ်လင်းကို နောက်ဆုံးတွင် နှစ်ရာမြောက်လှေကားထစ်ထံ ခြေလှမ်းနိုင်စေသည်။
သူ ခြေချလိုက်သည့်အခိုက်တွင် မျှော်စင်ထိပ်ရှိ မြူထဲမှ ပုံရိပ်သည် အနည်းငယ် အံ့အားသင့်သွားသည်။
ရွှမ်လော၏ မျက်လုံးမှာလည်း အရောင်တောက်သွား၏။ သူက ပထမဆုံးအကြိမ်အဖြစ် ပြုံးလာသည်။
ဝိုးတဝါးပုံရိပ်က တဖြည်းဖြည်း ပြောလာ၏။ “သူက နှစ်ရာမြောက်လှေကားထစ်ကို တက်လှမ်းနိုင်တဲ့ စွမ်းအားရဖို့ မဟာအင်ပါယာနေမင်းရဲ့ စွမ်းအားကို လောင်ကျွမ်းစေခဲ့တာပဲ။ ဒါပေမဲ့လည်း နောက်ကျန်တဲ့ လှေကားထစ်တစ်ရာအတွက် သူ ဘာကို အသုံးပြုမလဲ…”
ဝမ်လင်းက နှစ်ရာမြောက်လှေကားထစ်ပေါ်သို့ ခြေချမိသည့်အခိုက်တွင် မျှော်စင်ပတ်လည်ရှိ တိုင်လုံးလေးလုံးထဲမှ မြောက်ဘက်ကျသော တိုင်လုံးပေါ်တွင် ထိုင်နေသောလူသည် ရုတ်တရက် မျက်လုံးဖွင့်လာသည်။ မီးခိုးရောင်အလင်း လင်းလက်သွားကာ သူသည် သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။
ထို့နောက်တွင် သူသည် လှေကားထစ်များပေါ်တွင် ပြန်ပေါ်လာကာ ဝမ်လင်းထံ လျှောက်လှမ်းလာ၏။ သူ့လက်ကို ဝေ့ယမ်းကာ ဝမ်လင်းထံ လက်ညွှန်လာသည်။
ထိုလက်ညွှန်ချက်ကြောင့် လောကမှာ အရောင် ပြောင်းသွား၏။ လောကတွင် ဧရာမတွင်းပေါက်တစ်ခု ပေါ်လာသည့်အလား။
ဝမ်လင်း၏မျက်လုံးသူငယ်အိမ် ကြုံ့သွားမိ၏။ သူ့အမြင်အရ ထိုလက်ညွှန်ချက်သည် မဟာအင်ပါယာတစ်ပါးထံမှ တစ်စုံတစ်ရာနှင့် ယှဉ်၍ ရနေ၏။
“မျက်နှာဖုံး ဝတ်ထားပုံရတဲ့ ဒီမီးခိုးရောင်လူက မဟာအင်ပါယာတစ်ပါးနဲ့ ယှဉ်နိုင်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတယ်။ သူ…ဘယ်သူလဲ…”
ဝမ်လင်းသည် ထိုသူ့ထံမှ လက်ညွှန်ချက် သူ့နှဖူးထံ တိုးဝင်လာချိန်တွင် သူ့အနေဖြင့် အများကြီး စဉ်းစားနေဖို့ အချိန်မရှိလေပေ။
ထိုလက်ချောင်းနှင့်သာ ထိမိပါက သူ၏ရှေးခန္ဓာကိုယ်သည်ပင် တောင့်ခံနိုင်မည် မဟုတ်၊ သူသည် ချက်ခြင်း သေဆုံးသွားရလိမ့်မည်။
ထိုသို့သော အန္တရာယ်အခြေအနေ၌ သူ လှေကားထစ်တစ်ရာငါ့ဆယ်းမြောက်ကနေ နှစ်ရာ့ငါးဆယ်မြောက်ထိ တက်လှမ်းဖို့ စုပ်ယူထားခဲ့သော မဟာအင်ပါယာနေမင်း စွမ်းအားအားလုံးသည် သူ၏ခန္ဓာကိုယ်တွင်း၌ ပေါက်ကွဲသည်။
ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်က လှည့်ပတ်လာ၏။ သူ၏ အနှစ်သာရများက အသက်ဝင်လာကာ သူ့ပတ်လည်တွင် ပုံရိပ်ကိုးဆယ့်ကိုးခု ပေါ်လာ၏။ သူက ညာခြေကို ပင့်မြှောက်ကာ ထိုလက်ချောင်းထံ လက်သီးတစ်ချက် ပစ်သွင်းသည်။
ထိုလက်သီးချက်နှင့်အတူ သူ့နောက်တွင် ရှေးတောက်အရိပ်များလည်း ပေါ်လာ၏။ ရှေးဟောင်းနတ်ဘုရား၊ နတ်ဆိုး၊ မိစ္ဆာများသည် လက်သီးချက်များ ပစ်သွင်းလာ၏။ ရှေးတောက်အရိပ်များ၏ အထက်တွင် ရွှေရောင်ပုံရိပ်တစ်ခု ရှိနေသည်။ ၎င်းပုံရိပ်ထံမှ အလွန်တရာ သန့်စင်လှသော ကောင်းကင်ဘုံစွမ်းအင်ကို ပေးစွမ်းနေ၏။ ၎င်းကလည်း လက်သီးချက် ပစ်သွင်းလာသည်။
ထိုအခိုက်တွင် ဝမ်လင်း၏ခန္ဓာကိုယ်ထံမှ အနက်ရောင်အခိုးအငွေ့ မြောက်များစွာ ပျံ့လွင့်လာ၏။ သည်အခိုးအငွေ့တို့တွင် သတ်ဖြတ်ခြင်းနှင့် ရူးသွပ်ခြင်းတို့ ပြည့်၏။ ၎င်းက မိုးကြိုးနှင့် ပေါင်းစည်းကာ သတ်ဖြတ်သူ မိုးကြိုးကို ဖန်တီးပြီး နောက်ထပ်လက်သီးချက်ကို ဖွဲ့တည်သည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ကူးတောက်တောင်ပေါ်အနှံ့ ပဲ့တင်ထပ်ကာ အဘက်ဘက်သို့ ပျံ့လွင့်လေ၏။
မီးခိုးရောင်ဝတ်စုံနှင့်လူ၏ လက်ချောင်းမှာ ပျက်စီးသွား၏။ သူ၏ခန္ဓာကိုယ်မှာလည်း တုန်ယင်သွားသည်။ သူက ဝမ်လင်းကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်ကာ ထို့နောက်တွင် တောင်ထိပ်ထံ လှည့်ပြန်သွားသည်။ သူက ဝမ်လင်း၏ အမြင်တွင် ပျောက်ကွယ်သွား၏။ ထို့နောက်တွင် သူသည် မြောက်ဘက်ရှိ တိုင်လုံးပေါ်တွင် ပြန်ထိုင်ကာ မျက်လုံးမှိတ်လိုက်တော့၏။
ဝမ်လင်းက သွေးအန်လိုက်ရ၏။ သူ၏နောက်မှ ရှေးတောက်အရိပ်သည် လွင့်ပြယ်သွားသည်။ အလွန်တရာ သန့်စင်လှသော ကောင်းကင်ဘုံစွမ်းအင်ကို ပေးစွမ်းနေသည့် ရွှေရောင်ပုံရိပ်သည်ပင် လွင့်ပြယ်သွားသည်။ သူ့အသက်ရှုသံက မမှန်တော့ပေ။ သို့သော် သူသည် နှစ်ရာမြောက်လှေကားထစ်ပေါ်တွင် ခိုင်ခိုင်မြဲမြဲ ရပ်နေနိုင်ဆဲ ဖြစ်လေ၏။
သူ ထိုသို့ ရပ်နေစဉ် သူက သူ့ခန္ဓာကိုယ်ထဲရှိ ရှေးနှင့်ကောင်းကင်ဘုံစွမ်းအားတို့သည် အတိုင်းမသိနည်းလမ်းတစ်ခုဖြင့် ပေါင်းစည်းနေသည်ကို ကောင်းစွာ ခံစားမိသည်။ ထိုပေါင်းစည်းမှုက ကူးတောက်တောင်ထံမှ ဖိအားကြောင့် အတင်းအကြပ် ပေါင်းစည်းခြင်းတည်း။
“ကောင်းကင်ဘုံကလန်ရဲ့ အင်ပါယာအတု ဖြစ်ဖြစ်၊ ဩဇာအင်ပါယာဖြစ်ဖြစ် သူတို့က ငါ့ရဲ့ တောင်ပေါ်ကို ခြေမလှမ်းနိုင်ဘူး။ မဟာအင်ပါယာတွေကသာ လုပ်နိုင်တယ်။ မင်းက လှေကားထစ်နှစ်ရာထိ တက်လှမ်းနိုင်ခဲ့တယ်ဆိုတော့ မင်းမှာ မဟာအင်ပါယာတစ်ယောက်ရဲ့ကနဦးစွမ်းအားကို ပိုင်ဆိုင်ထားပြီ။ ကဲ ဆက်ပါ။ မင်းအနေနဲ့ သုံးရာမြောက်လှေကားထစ်ရှိ တက်လှမ်းနိုင်မလား ငါ ကြည့်မယ်….”
မထူးခြားနားသောအသံသည် ဝမ်လင်း၏နားထဲတွင် ပဲ့တင်ထပ်လာသည်။
“မဟာအင်ပါယာကူးတောက်…သူက ကျုပ်ရဲ့ တပည့်ပါ…” တောင်ထိပ်ထံမှ ရွှမ်လော၏ ဟိန်းအော်သံ ထွက်ပေါ်လာသည်။ မျှော်စင်ထံမှ အလင်းတန်းတစ်ခု ပျံသန်းလာပြီး ဝမ်လင်းနား ရောက်ရှိလာသည်။ ထိုအလင်းတန်းမှာ ရွှမ်လောပင်။
“ကျုပ် သူ့ကို ဒီနေရာဆီ ခေါ်လာခဲ့တာသာ ဖြစ်တယ်။ ပြီးတော့ ကျုပ်ကပဲ သူ့ကို ပြန်ခေါ်သွားမယ်…။ မဟာအင်ပါယာကူးတောက်…၊ ကျုပ်…ရွှမ်လောဟာ ရှေးတောက်အတွက် တဘဝလုံး ရှင်သန်နေထိုင်ခဲ့တယ်။ ကျုပ်ရဲ့ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်ကို လုံးဝ အရေးမစိုက်ခဲ့ဖူးဘူး။ ရှေးအချိန်တည်းကစလို့ ကျုပ်က လုံးဝ အထွန့်မတက်ခဲ့ပဲ ရှေးကလန်အဝွက် စိတ်လိုလက်ရ အမြဲတမ်း လုပ်ဆောင်ပေးခဲ့တယ်…”
“ဒါပေမဲ့…ဒီနေ့တော့ ကျုပ်က မဟာအင်ပါယာကူးတောက်ကို လစ်လျူရှုပြီး ကျုပ်တပည့်ကို ပြန်ခေါ်သွားရလိမ့်မယ်…”
ရွမ်လောသည် တောင်ထိပ်ပေါ်သို့ မော့ကြည့်နေ၏။ သူသည် ထိုသို့ ပြောနေစဉ် ပြတ်သားမှုနှင့် ပြည့်နေသည်။
အချိန်အတန်ကြာပြီးနောက် အနည်းငယ်အေးစက်မှု လျှော့ပါးသွားသည်ဟု ထင်ရသော အေးတိအေးစက်အသံ ထွက်ပေါ်လာပြန်၏။
“ရွှမ်လော…မင်း မဟာအင်ပါယာတစ်ယောက် ဖြစ်လာတဲ့အချိန်မှာ မင်းကို ငါ့တပည့်ဖြစ်လာပြီး ဒီမှာ ငါနဲ့အတူ နေမလားလို့ မေးခဲ့တယ်။ မင်းက ရှေးတောက်ကိုပဲ ကာကွယ်ပေးချင်ခဲ့ပြီး ငါနဲ့ တချိန်လုံး မနေချင်ခဲ့ဘူး။ ဒါ့ကြောင့် မင်းက ငြင်းဆန်ခဲ့တယ်…”
“မင်းက နှစ်ပေါင်းများစွာ ရှေးတောက်ကို ကာကွယ်ပေးခဲ့တယ်။ ဒါက မင်းရဲ့ ပထမဆုံး တောင်းဆိုမှု ဖြစ်တဲ့အတွက် ငါ သဘောတူတယ်။ ဒါပေမဲ့ ဒါက မင်းရဲ့ နောက်ဆုံးတောင်းဆိုမှုလည်း ဟုတ်တယ်…”
ရွှမ်လောသည် စိတ်ရှုပ်ထွေးဟန် အမူအရာ ထုတ်ဖော်ကာ မျှော်စင်ထံ ဦးညွှတ်လိုက်၏။ သူသည် အားနည်းနေသော ဝမ်လင်းကို ခေါ်သွားရန် ဟန်ပြင်လိုက်၏။
“ဆရာ တပည့် ဆက်ပြီး ခြေလှမ်းချင်သေးတယ်…” ဝမ်လင်းက အသက်ဝဝရှိုက်သွင်းကာ သူ့ခန္ဓာကိုယ်ကို မားမားရပ်စေသည်။
“မင်း…” ရွှမ်လော၏ မျက်လုံးထဲတွင် စိတ်ပူဟန် ပေါ်နေသည်။
“ဆရာ…ကူးတောက်တောင်ရဲ့ ဖိအားက တပည့်အတွက် အကောင်းဆုံးကျင့်ကြံမှုပဲ။ တပည့်ကို ဆက်သွားခွင့် ပြုပါ…” ဝမ်လင်းက လက်နှစ်ဖက်ဆုပ်ကာ ရွှမ်လောကို အရိုအသေ ပေးလိုက်သည်။ ထို့နောက်တွင် သူက နောက်လှည့်ကာ နှစ်ရာ့တစ်ခုမြောက် လှေကားထစ်ထံ လျှောက်လှမ်းသည်။
သူ ခြေလှမ်းလိုက်သည့်အခိုက်တွင် သူ့ခန္ဓာကိုယ်သည် ဖိအားကို မခံနိုင်သည့်အတွက် အသံများ မြည်ဟိန်းလာ၏။ သို့သော် သူ၏မျက်လုံးတို့ကမူ အတော့်ကို တောက်ပ၏။
“ရှေးစွမ်းအားဟာ ကျုပ်ရဲ့ သွေးမျိုးဆက်ကြောင့် တည်ရှိိတာ။ ကောင်းကင်ဘုံဆိုင်ရာ ကျင့်ကြံမှုကတော့ ကျုပ်ရဲ့ အနှစ်သာရတွေကြောင့် တည်ရှိတာ။ ဒါပေမဲ့ သူတို့ဟာ အတူတကွသမူဟ ဖြစ်စွာ လုံးဝ မပေါင်းစည်းနိုင်ခဲ့ဘူး။ လှိုဏ်ဂူလောကမှာ တုန်းက ကျုပ်က ဒီစွမ်းအားနှစ်ခုကို ပေါင်းစည်းဖို့ ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ တစ်ခုနဲ့တစ်ခုက တွန်းကန်နေကြတယ်။အဆုံးသပ်မှာ ဒီစွမ်းအားနှစ်ခုဟာ ပိုင်းခြားပြီးတော့သာ ဆက်ရှိနေခဲ့တယ်…”
“ဒါပေမဲ့ ခုချိန်မှာတော့ ကျုပ်ရဲ့ ကောင်းကင်ဘုံနဲ့ရှေးစွမ်းအားတွေကို ပေါင်းစည်းဖို့ အထောက်အကူ ဖြစ်စေမယ့် နေရာဟာ ဒီနေရာထက် ကောင်းတဲ့နေရာ မရှိတော့ဘူး။ မဟာအင်ပါယာကူးတောက်ဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတခုလုံးမှာ အသန်မာဆုံးသူပဲ။ သူ့ဖိအားက ဒီစွမ်းအားနှစ်ခုကို ပေါင်းစည်းနိုင်ဖို့ အကောင်းဆုံးအကူအညီပေးမှု ဖြစ်တယ်…”
ဝမ်လင်းသည် လှေကားထစ်များကို ဆက်တက်ရန် ခိုင်မာစွာ ဆုံးဖြတ်ထားပေ၏။ အ ကြောင်းမှာ ပထမဆုံး လှေကားထစ်နှစ်ရာတွင် သူသည် သူ့ရှေးနှင့်ကောင်းကင်ဘုံ ကျင့်ကြံခြင်းတို့ကို ပေါင်းစည်းနိုင်မည့် အခွင့်အရေးကို ခံစားမိခဲ့သောကြောင့်ပင်။ ဤသည်မှာ သူ့အတွက် ရွှေရောင်အခွင့်အလမ်းတည်း။