← Chapters

သံစဉ်ကိုးခု၊ သင်္ကေတသုံးခု(၁၀)

Vol. 150 Ch. 2068

သံစဉ်ကိုးခု၊ သင်္ကေတသုံးခု(၁၀)

Vol. 150 Ch. 2068

ဝမ်လင်း၏ ပြတ်သားမှုကို တွေ့မြင်သည့်အခါ ရွှမ်လောသည် မျက်လုံး ကျဉ်းမြောင်းသွားသည်။ သို့သော် သူက ဝမ်လင်းကို မဟန့်တားပေ။ သူသည် ဝမ်လင်း နှစ်ရာ့တစ်ခုမြောက်လှေကားထစ်ထံ လျှောက်လှမ်းသည်ကို စောင့်ကြည့်နေလိုက်တော့၏။

ကူးတောက်ထံမှ ဖိအားက မမြင်ရသောဖိအားကိုဖြစ်ပေါ်စေကာ ဝမ်လင်းကို ထိုးနှက်လာ၏။ သူက နှစ်ရာ့တစ်ခုမြောက် လှေကားထစ်ပေါ်သို့ ခြေလှမ်းလိုက်လေ၏။

နှစ်ရာမြောက်လှေကားထစ်နှင့် နှစ်ရာ့တစ်ခုမြောက် လှေကားထစ်ကြား စွမ်းအားကွာဟမှုက ကြီးမားလှ၏။

ခြေတစ်လှမ်းမျှ လှမ်းပြီးရုံ ရှိသေး ဝမ်လင်း၏မျက်နှာမှာ ပို၍ ဖြူရောလာ၏။ သူ၏ခန္ဓာကိုယ်သည် တုန်ယင်ကာ သူ့ပါးစပ်ထောင့်မှ သွေးများ အဆက်မပြတ် ကျလာ၏။ သူ့အရိုးများမှာ ညှစ်ချေခံရသည့်နှယ်။ သူ့အသွေးအသားတို့သည် ဆုတ်ဖြဲခံရပြီး သူ့မူလစိတ်ဝိညာဉ်မှာ တစစီ ဖြစ်သွားမတတ်ပင်။

သို့သော် ဝမ်လင်းက နောက်ပြန်မဆုတ်ပေ။ သူသည် ဒီလမ်းကြောင်းကို အလွန်အန္တရာယ်ရှိမှန်း သိသော်လည်း ရှေ့ဆက်ခဲ့သည်ဆိုတည်းက အခွင့်အရေးကို လက်မလွှတ်ချင်၊ မဆုံးချင်၍ဖြစ်၏။ ဤသည်မှ တသက်တွင် တစ်ခါသာ ရမည့် အခွင့်အရေး ဖြစ်၏။

သူသာ လက်လျှော့လိုက်ပါက သူ၏ ပေါင်းစည်းခြင်း ကျရှုံးသွားမည့်အပြင် ဤသည်က ဝမ်လင်း၏စိတ်နှလုံးထဲတွင်လည်း အရိပ်တစ်ခုကို ဖန်တီးသွားပေလိမ့်မည်။ ၎င်းမှာ ကူးတောက်မှာ ခုခံ၍မရသော တည်ရှိမှုဟု လက်ခံသော အရိပ်ပင် ဖြစ်၏။ ၎င်းအဖြစ်က အချိန်အကြာ တွယ်ငြိနေမည့် အကြောက်တရားတစ်ခုကို ဖန်တီးကာ ဝမ်လင်းအတွက် ကြီးစွာ ဘေးဖြစ်စေပေလိမ့်မည်။

“မဟာအင်ပါယာကူးတောက်…ကျုပ် လှေကားထစ် သုံးရာကို ဖြတ်သန်းမယ်…”

ဝမ်လင်း၏မျက်နှာသည် ရှုံ့တွနေ၏။ သူ့ခန္ဓာကိုယ်၏ အတွင်းအပြင်နာကျင်မှုက သူ့ကို ကောင်းကင်ထက်သို့ အော်ဟစ်ပစ်ချင်စိတ် ပေါက်စေသည်။ သို့သော် သူက ၎င်းကို ဖိနှိပ်ထား၏။ သူ၏ခန္ဓာကိုယ်ထဲရှိ ထိုအော်ဟစ်ပစ်မည့် စွမ်းအားကို သိမ်းယူကာ သူက ဒုတိယခြေလှမ်းကို လှမ်းသည်။

သူ ဒုတိယခြေလှမ်းကို လှမ်းသည့်အခါ ဝမ်လင်း၏စိတ်သည် တုန်ဟည်းသွား၏။ သူ၏ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ယင်သွားသည်။ သို့သော် သူသည် သူ၏ခန္ဓာကိုယ်တွင်းရှိ ကောင်းကင်နှင့်ရှေးစွမ်းအားမှာ ထိုဖိအားကြောင့် ပေါင်းစည်းနေတာကို ရှင်းလင်းစွာ ခံစားမိသည်။

သို့ပေမည့် ယင်းသို့ ပေါင်းစည်းနေစဉ် တုန်လှုပ်ဖွယ်ကန်အားက ပေါ်လာသည်။ ၎င်းကို တောင်ထံမှ ဖိအားကြောင့်သာ မဟုတ်ပါက ဝမ်လင်းအနေဖြင့် ၎င်းတွန်းကန်အားကို ရပ်တန့်နိုင်သည့် နည်းလမ်း မရှိဘဲ ပေါင်းစည်းမှုသည် ထပ်မံ ကျရှုံးအုံးမည်သာ ဖြစ်သည်။

သို့သော် ခုခါတွင်မူ ဝမ်လင်းသည် ၎င်းကို ဖိနှိပ်ဖို့ မလိုတော့ပေ။ ကူးတောက်တောင်ထံမှ ဖိအားက သည်တွန်းကန်အားကို အဓိကဖိနှိပ်ပေးထားလေ၏။

သူသည် ရုန်းကန်ရင်း တတိယမြောက်၊ လေးခုမြောက်၊ ငါးခုမြောက်၊ ခြောက်ခုမြောက် ခြေလှမ်းများကို လှမ်းသည်။

သူသည် တုန်ယင်နေသော်လည်း သူ၏ခန္ဓာကိုယ်၌ အံ့ချီးဖွယ်မာကြောမှု ပိုင်ဆိုင်ထားသည်။ ယင်းမာကြောမှုက သူ၏ နောကျောရိုးကို ထောက်ပိုးထားကာ သူ့အား လူတိုင်းနှင့် ရင်ဆိုင်သည့်အခါ မော့ကြည်နိုင်စေသည်။

ခုနစ်လှမ်းမြောက်၊ ရှစ်လှမ်းမြောက်။ ဝမ်လင်းသည် လှေကားထစ်ပေါင်း နှစ်ရာ့ရှစ်ဆင့်တွင် ရပ်သွားသည်။ သူ့မျက်နှာထက်ရှိ သွေးကြောများ ဖောင်းကြွလာသည်။ သူ၏ခန္ဓာကိုယ်ထဲ၌ အက်သံများပင် ပဲ့တင်ထပ်နေသည်။ သူ၏အရိုးတို့က တစ်ခုနှင့်တစ်ခု ပွတ်တိုက်နေကြသည့်အလား။

သို့သော် သူ့မျက်လုံးထံမှ အညံ့မခံ၊ဖိဆန်သောအကြည့်ကို ထုတ်ဖော်နေဆဲပင်။ သူက သူ၏ကောင်းကင်ဘုံနှင့်ရှေးစွမ်းအားများသည် ဒီဖိအားအောက်၌ အလျင်အမြန် ပေါင်းစည်းနေတာကို ခံစားမိသည်။ ယင်းအခိုက်တွင် သူသည် တခုခု ကွဲပြားနေတာကို ခံစားမိလာ၏။

“ရှေးစွမ်းအားဟာ အပြင်ပိုင်း၊ ကောင်းကင်ဘုံကျင့်ကြံခြင်းက အတွင်းပိုင်း။ ကောင်းကင်ဘုံနဲ့ ရှေးစွမ်းအားကို တစ်သားတည်းအဖြစ် ပေါင်းစည်းစေမယ်…”

ဝမ်လင်းက သူ့ခြေထောက်ကို ပင့်မြှောက်ကာ ကိုးလှမ်းမောက်ကနေသည် ဆယ်လှမ်းမြောက်ထိ ခြေလှမ်းသည်။

သူ ခြေချလိုက်သည့်အခိုက်တွင် ဝမ်လင်း၏ အနှစ်သာရကျင့်ကြံမှုနှင့် ရှေးစွမ်းအားတို့သည် နောက်ဆုံးတွင် အပြင်ဘက်မှ ပြင်းထန်သောဖိအားအောက်တွင် အမျှင်တန်းတစ်ခုစာလောက် ပေါင်းစည်းသွားခဲ့တော့သည်။

ယင်းပေါင်းစည်းစွမ်းအားတွင် ကောင်းကင်ဘုံနှင့်ရှေးတို့၏ စွမ်းအား ရောနှောပါဝင်သည်။ ၎င်းသည် နှစ်ခုလုံး၏ စွမ်းအားသာမက ဝမ်လင်း၏ ကိုယ်ပိုင်စွမ်းအားလည်း ပါဝင်သေးသည်။

အနှီစွမ်းအား ပေါ်လာသည့်အခါ ကောင်းကင်ထက်တွင် မြင်ကွင်းတစ်ခု ပေါ်လာသည်။ ထိုမြင်ကွင်းက ရွှမ်လောကို တုန်လှုပ်သွားစေပြီး တောင်ထိပ်၊ မျှော်စင်ထိပ်ရှိ မြူထဲမှ ပုံရိပ်ကိုပင် မျက်လုံးဖွင့်လာစေသည်။

ကောင်းကင်သည် ချက်ခြင်းပင် အပြာရောင်ကနေ ရွှေရောင်သို့ ပြောင်း၏။ ရွှေရောင်ကောင်းကင်သည် တောက်ပလာသည်။ မျက်စိတမှိတ်အတွင်း ပေထောင်သောင်းချီအတွင်းရှိ ကောင်းကင်သည် ရွှေရောင်အဖြစ်သို့ ပြောင်းတော့သည်။

ထိုရွှေရောင်ကောင်းကင်ကို အဝေးမှပင် မြင်နိုင်ကာ ၎င်းသည် တုန်လှုပ်ဖွယ်ရာ မြင်ကွင်းတည်း။

သည်ရွှေရောင်မှာ မန္တာန်များကြောင့် ဖြစ်ပေါ်လာခြင်းတည်း။ ရှေးကလန်တခုလုံးတွင် မန္တာန်များမှ ဖြစ်ပေါ်ခြင်း မဟုတ်သော ယခုလို ရွှေရောင်ကောင်းကင်သည် အရင်က လုံးဝ မပေါ်ထွက်လာခဲ့ဖူးပါ။

သည်မြင်ကွင်းအသွင်အပြင်က ရွှမ်လောကို မော့ကြည့်လာ၏။ သူ့မျက်လုံးထဲတွင် ရွှေရောင်ရောင်ပြန်ဟပ်နေသည်။

ရှေးကလန်၏ မြေပြင်ထုက အနက်ရောင်ဖြစ်၏။ သို့သော် ရွှေရောင်ကောင်းကင်အောက်တွင် ၎င်းအနက်ရောင်က အဆများစွာ ပို၍ သိပ်သည်းလာသည်။ မြေပြင်တခုလုံးသည် အဆုံးမဲ့အနက်ရောင်ထုက ဖုံးလွှမ်းချေသည်။

လူတိုင်းသည် မဟူရာအသွင် နက်မှောင်လှသော မြေပြင်ထုကို ကြည့်ကာ သူတို့၏စိတ်နှလုံးများ တုန်ယင်ကုန်သည်။

ဤသည်မှာ…။

“သံစဉ်ကိုးခု၊သင်္ကေတသုံးခု။ ပထမဆုံး သင်္ကေတ၊ ရွှေရောင်ကောင်းကင်နဲ့ မဟူရာမြေထု…”

ရွှမ်လောသည် အသက်ဝဝရှိုက်သွင်းမိလိုက်သည်။

သံစဉ်ကိုးခု၊သင်္ကေတသုံးခုတို့သည် ကောင်းကင်ဘုံဘိုးဘေးနှင့် ရှေးဘိုးဘေးတို့ မွေးဖွားလာခဲ့ချိန်၌ ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်ဖြစ်စဉ်ပင်။ သံစဉ်ကိုးခုသည် ရှေးဘိုးဘေးအတွက်၊ သင်္ကေတသုံးခုသည် ကောင်းကင်ဘုံဘိုးဘေးအတွက် ဖြစ်၏။ သူတို့၏ မွေးဖွားမှုကလွဲ၍ သည်ဖြစ်စဉ်မှာ မည်သည့်နေရာတွင်မှ ထပ်မံ ဖြစ်ပွားလာခဲ့တာ မရှိခဲ့တော့ပေ။

သို့သော် ယနေ့တွင် ၎င်းဖြစ်စဉ်မှာ ကူးတောက်တောင်ပေါ်တွင် ဖြစ်ပွားနေလေပြီ။ ရွှေရောင်ကောင်းကင်နှင့် မဟူရာမြေထုက ဖော်ပြ၍မရသော ထူးခြားမှုကို ပေးစွမ်းနေ၏။ ပတ်ဝန်းကျင်တစ်ခုလုံး ချက်ခြင်း ငြိမ်သက်တိတ်ဆိတ်သွားသည်။

ဝမ်လင်းသည် အရာအားလုံးကို ရင်ဆိုင်ထား၏။ သူသည် ဤမြင်ကွင်းကို မတွေ့မြင်သည့်အလား။ သူ့စိတ်ထဲတွင် ရှိနေသော တစ်ခုတည်းသောအရာမှာ သုံးရာမြောက်လှေကားထစ်ကို တက်လှမ်းဖို့၊ သည်လိုတက်လှမ်းနေစဉ်အတွင်း သူ၏ ကောင်းကင်ဘုံနှင့်ရှေးစွမ်းအားတို့ကို ပေါင်းစည်းရန်သာ ဖြစ်သည်။

ရွှေရောင်ကောင်းကင်နှင့် အနက်ရောင်မြေပြင်ထုတို့ ပေါ်လာသည့်အခါတွင် ဝမ်လင်း၏ ညာခြေက နှစ်ရာတစ်ဆယ့်တစ်ခုမြောက် လှေကားထစ်ပေါ် ခြေလှမ်းသည်။ တောင်သည် တုန်ဟိန်းခါသွားသလို ထင်ရ၏။ ဝမ်လင်းသည် သူ့အပေါ် မရေမတွက်နိုင်သည့် တောင်များ ဖိသိပ်ချလာသလိုမျိုး ခံစားရသည်။ သို့သော် သူသည် တုန့်နှေးမနေဘဲ နောက်ထပ် ခြေလှမ်းသည်။

ဆယ့်တစ်လှမ်းမြောက်၊ ဆယ့်နှစ်လှမ်းမြောက်နေသည် ဆယ့်ကိုးလှမ်းမြောက်အထိ။

ခြေလှမ်းတိုင်းက ဝမ်လင်း၏ခန္ဓာကိုယ်ကို တုန်ယင်စေ၏။ သူသည် အလွန်အားနည်းနေလေပြီ။ သူ၏မူလစိတ်ဝိညာဉ်နှင့် စိတ်ဝိညာဉ်တို့သည်ပင် အနှီဖိအားအောက်တွင် တုန်ယင်နေသည်။

သူ နှစ်ရာ့တစ်ဆယ့်ကိုးထစ်မြောက်သို့ ခြေချလိုက်သည့်အခိုက်တွင် ဝမ်လင်း၏ ခန္ဓာကိုယ်သည် ပျက်စီးသွားတော့၏။ သို့သော် ၎င်းသည် မရေမတွက်နိုင်သော အနက်ရောင်အခိုးအငွေ့ အမျှင်တန်းများအဖြစ်သို့ ပြောင်းကာ သူ၏ခန္ဓာကိုယ်အဖြစ် မြန်ဆန်စွာ ပြန်ဖွဲ့စည်းသည်။

သူက သတ်ဖြတ်သူစွမ်းအားကို အသုံးပြုကာ သူ၏ခန္ဓာကိုယ်ကို အားဖြည့်တင်းချင်နေခြင်းပင်။ သူ့စိတ်ဝိညာဉ် မဖျက်စီးခံရသ၍ သူသည် ထိုပေါင်းစည်းအားကို သူ ဆန္ဒရှိသလိုမျိုး လုပ်ဆောင်နိုင်သည်။

သို့သော် ထိုဖိအားအောက်တွင် သူသည် သူ၏ခန္ဓာကိုယ်ကို အကြိမ်ထောင်ချီ ဖွဲ့စည်းနိုင်ခဲ့လျှင်ပင် သူ့အနေဖြင့် ၎င်းကို မလုပ်နိုင်တာ ဖြစ်နိုင်တုန်းပင်။ အကြောင်းမှာ ယင်းဖိအားကြောင့် သူ့စိတ်ဝိညာဉ်သည် သေဆုံးသွားနိုင်ချေ ရှိသည်။

သို့ပေမည့် ယင်းသို့ အသက်ဘေးအန္တရာယ်ကို ချိန်းခြောက်နိုင်သော ဖိအားက သူ၏ ကောင်းကင်ဘုံနှင့် ရှေးစွမ်းအားတို့ကို ပေါင်းစည်းဖို့ အကောင်းဆုံးအရာတစ်ခုပင်။ ဝမ်လင်းက မာန်သွင်းကာ နှစ်ရာ့နှစ်ဆယ်မြောက်လှေကားထစ်ပေါ်သို့ ခြေလှမ်းလိုက်သည်။

တစီစီအသံများ လောကတခွင် အရူးအမူး ပဲ့တင်ထပ်သည်။ ဝမ်လင်း၏ ခြေထောက်က အနက်ရောင်အခိုးအငွေ့အဖြစ်သို့ အကြိမ်ဒါဇင်ချိ ပြောင်းလဲကာ ထို့နောက်တွင် အကြိမ်ဒါဇါချီ ပြန်ဖွဲ့စည်းပြီးမှ နောက်ဆုံးတွင် သူ့ကိုယ်သူ ပြန်ထိန်းမတ်နိုင်သွားသည်။

သူသည် မားမားရပ်နေဆဲ အခိုက်၌ ရွှေရောင်ကောင်းကင်နှင့်မဟူရာမြေပြင်ထုတို့တွင် အသံတစ်သံ ရုတ်တရက် မြည်ဟိန်းလာ၏။ ထိုအသံက သိပ်မရှင်းလင်းပေ။ သို့သော် ၎င်းအသံက ရွှေရောင်ကောင်းကင်နှင့်မဟူရာမြေပြင်ထုထံ ဖြတ်သန်းကာ ပို၍ ရှင်းလင်းလာချေသည်။

ထိုအသံကို ဂရုတစိုက် နားထောင်ပါက လေတိုးသံ ဖြစ်မည်။ သို့သော် ထူးဆန်းသည်မှာ မည်သည့်လေမျှ တိုက်ခတ်နေခြင်း မရှိပေ။

သို့သော် ထိုလေတိုးသံကဲ့သို့ သံစဉ် ထွက်ပေါ်လာချိန်တွင် ရွှမ်လော၏ အမူအရာက ပြောင်းလဲသွားသည်။

တိုင်လုံးလေးလုံးပေါ်တွင် ထိုင်နေသော မီးခိုးရောင်ဝတ်ရုံဖြင့်လူလေးယောက်သည်လည်း မျက်လုံးဖွင့်လာ၏။ သူတို့က ကောင်းကင်ထက်သို့ မော့ကြည့်ချိန်တွင် သူတို့၏ အပြင်ပိုင်းအမူအရာများ ပြောင်းလဲသွားကြသည်။

ရွှေရောင်ကောင်းကင်နှင့် မဟူရာမြေပြင်ထု ပေါ်လာချိန်တွင် မျက်လုံးဖွင့်လာသော မြူထဲမှ ပုံရိပ်သည်ပင် အနည်းငယ် ငြိမ်သက်စွာ စဉ်းစားနေပြီးနောက် ခပ်တိုးတိုး ရေရွတ်လိုက်၏။

“ကောင်းကင်ဘုံလေသံစဉ်…သံစဉ်ကိုးခုရဲ့ ပထမဆုံးသံစဉ်…”

ဝမ်လင်း၏ခန္ဓာကိုယ်ထဲ၌ နောက်ထပ် ကောင်းကင်နှင့်ရှေးစွမ်းအား ပေါင်းစည်းမှု အမျှင်တန်းတစ်ခု ပေါ်လာခဲ့ပြန်သည်။ ၎င်းက သူ၏ခန္ဓာကိုယ်ထဲ၌ စီးဆင်းခြင်းမရှိဘဲ အထိုင်ကျသွား၏။ သူ့ ကောင်းကင်ဘုံနှင့်ရှေးစွမ်းအားတို့ ဆက်တိုက် ပေါင်းစည်းနေစဉ် သည်စွမ်းအားသည် တဖြည်းဖြည်း တိုးပွားလာသည်။

သို့သော် ဝမ်လင်းကမူ သူသည် ဤစွမ်းအားကို ထွင်းဖောက် မမြင်နိုင်သော်လည်း ၎င်းမှာ ကောင်းကင်ဘုံနှင့်ရှေးစွမ်းအားတို့၏အလွန်ရှိ တည်ရှိမှုတစ်ခု ဖြစ်သည်ကိုတော့ သိသည်။

ယင်းသည် သူ ပေါင်းစည်းခြင်းကနေ လိုလားမျှော်မှန်းခဲ့သော စွမ်းအားပင်။ ဤသည်မှာ သူ အတိတ်တုန်းက ပေါင်းစည်းဖို့ ကျရှုံးခဲ့ချိန်၌ နှမြောတသ ဖြစ်ခဲ့ရသော စွမ်းအားပင်။

သူက လေသံစဉ်ကို ကြား၏။ ထိုအသံက လောကတွင် ပဲ့တင်ထပ်ကာ သီဆို၍ ဇာတ်လမ်းတစ်ခုကို ပြောပြနေသည့်အလား။ သို့သော်လည်း ဝမ်လင်းက ၎င်းကို နားမလည်ပေ။ ဤသည်မှာ သူသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အတွင်းရှိ ခပ်တိုးတိုး ရေရွတ်သံကို နားမလည်နိုင်ခဲ့သလိုမျိုးပင်။

စဉ်းစားနေလျက် ဝမ်လင်းသည် ပင်ပန်းမှုကို ခံစားမိသည်။ သို့သော် သူသည် ကူးတောက်တောင်ထံ ဆက်၍ ခြေလှမ်းနေတုန်းပင်။ သူက အံတင်းတင်းကြိတ်ကာ နှစ်ရာနှစ်ဆယ့်မြောက်လှေကားထစ်ထံမှ ဆက်၍ ခြေလှမ်းသည်။ ခြေလှမ်းနှစ်လှမ်းတိုင်းတွင် သူ၏ခန္ဓာကိုယ်သည် အနက်ရောင်အမျှင်တန်းအဖြစ် ပျက်စီးကာ ပြန်ဖွဲ့စည်းရသည်။ သို့သော် သူ့မူလစိတ်ဝိညာဉ်နှင့် စိတ်ဝိညာဉ်တို့မှာ ထိုအဖြစ်ကို ဆက်၍ တောင့်ခံနိုင်စွမ်း မရှိတော့ပေ။

ကြည့်ရသည်မှာ သူက သူ့အကန့်အသတ်သို့ ရောက်လာတော့မည့်ပုံပင်။

ခြေတစ်လှမ်းပြီးတစ်လှမ်း။ ဝမ်လင်းသည် နှစ်ရာ့သုံးဆယ်မြောက်လှေကားထစ်ပေါ် ခြေလှမ်းချိန်၌ သူသည် သွေးများစွာ အန်ထုတ်လိုက်ရ၏။ သူ့သွေးက လှေကားထစ်ပေါ် ကျသွားသည်။ ဤသည်မှာ တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခုပင်။

သို့ပေမည့် ထိုသွေး ကျဆင်းသွားခိုက်တွင် ဒုတိယမြောက်အသံ ကောင်းကင်ဘုံလေသံစဉ်အတွင်း၌ ပေါ်လာ၏။

၎င်းမှာ မိုးကြိုးသံပင်။ အဘက်ဘက်၌ ကျယ်လောင်သော မိုးကြိုးသံများ တဝုန်းဝုန်း ပဲ့တင်ထပ်၏။ ယင်းမိုးကြိုးသည် ဟိန်းအော်မြည်နေသလို ထင်ရသည်။ သို့သော် ၎င်းထံ၌ စည်းချက်အာရုံ ပါဝင်သည်။ ၎င်းသည် မိုးကြိုးသံစဉ်အလား။

မိုးကြိုးသည် ပဲ့တင်ထပ်ကာ လေသံစဉ်နှင့် ပေါင်းစည်း၏။ လေနှင့်မိုးကြိုးတို့ ရောနှောကာ ၎င်းသည် မြင်းကောင်ရေ သန်းချီ ရွှေရောင်ကောင်းကင်နှင့်မဟူရာမြေပြင်ထုတို့ ကြား ဖြတ်သန်းကဆုတ်ပေါက် ပြေးလေသည့်အလား။

“ရှေးဘိုးဘေး မွေးဖွားခဲ့တဲ့ အချိန်တုန်းက သံစဉ်ကိုးခုက သူ့ကို အဖော်ပြုပေးခဲ့တယ်။ သံစဉ်ကိုးခုလုံး ပေါ်လာတဲ့အခါ ယင်းတို့ဟာ မွေးဖွားခြင်းသံစဉ်တစ်ခုကို ဖန်တီးနိုင်တယ်။ ရှေးအချိန်တည်းကစလို့ သံစဉ်ကိုးခုနဲ့ သင်္ကေတသုံးခုတို့ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ပေါ်လာခဲ့ရင် ကောင်းကင်ဘုံဘိုးဘေးနဲ့ ရှေးဘိုးဘေးတို့ရဲ့ ဆက်ခံသူ ပေါ်လာလိမ့်မယ်လို့ ကောလဟာလ စကား ရှိကြတယ်…”

ရွှမ်လောသည် ဝမ်လင်းကို ကြည့်၏။ သူသည် သူ့တပည့်ကို ထပ်မံ၍ ထွင်းဖောက်မမြင်နိုင်တော့သလို ခံစားရသည်။

“လှိုဏ်ဂူလောကမှာတုန်းကလည်း ငါ သူ့အပေါ်မှာ ငွေရောင်မျက်လုံးကို တွေ့မြင်ခဲ့ရသေးတယ်…”

“ဒါဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ပျံ့နှံ့နေတဲ့ ကောလဟာလတစ်ခု ရှိတယ်။ ဒါက သူပဲ ဖြစ်နိုင်လား…”

ရွှမ်လောသည် မိန်းမောနေ၏။ သူ့အနေဖြင့် ယနေ့အဖြစ်အပျက်များသည် ယုံကြည်ဖို့ ခက်ခဲလှတာကို တွေ့ရှိခဲ့ရပေသည်။

All Chapters