← Chapters

အင်ပါယာနန်းတော်မှ ဖိတ်ကြားချက်

Vol. 150 Ch. 2070

အင်ပါယာနန်းတော်မှ ဖိတ်ကြားချက်

Vol. 150 Ch. 2070

သူ့အသံက မကျယ်ပေ။ ကောင်းကင်ကိုလည်း မလှုပ်ခါသွားစေပါ။ သို့ပေမည့် ထိုအသံ ထွက်ပေါ်လာသည့်အခါ ဝမ်လင်းထံမှ ကူးတောက်ထံမှ ထွက်ပေါ်သည့် ဖိအားထက် အားမနည်းသော ဖိအားတစ်ခု ထွက်ပေါ်လာသည်။

ထိုဖိအားသည် ခံစားမိသူတိုင်းကို တုန်လှုပ်သွားစေဖို့အတွက် လုံလောက်ပေသည်။

ကူးတောက်တောင်၏ ဖိအားသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ အစွမ်းထက်ဆုံးဖြစ်သော မဟာအင်ပါယာကူးတောက်ထံမှ လာခြင်းဟု ဆိုနိုင်၏။ သို့ပေမည့် ဝမ်လင်းထံမှ ပေးစွမ်းနေသော ဖိအားက မဟာအင်ပါယာကူးတောက်၏ ဖိအားနှင့် ယှဉ်၍ ရနေပေသည်။

ဤသည်မှာ လူတိုင်းကို တုန်လှုပ်ကြောက်လန့်သွားစေဖို့ လုံလောက်နေသည်။

သူ မာန်သွင်းအော်ဟစ်လိုက်စဉ် တောင်တစ်ခုလုံး စတင် တုန်ခါလာ၏။ တောင်ပေါ်မှ သဲမှုန့်များ ကျဆင်းလာကာ ယင်းတောင်သည် ပျက်စီးလေတော့မည့်အလား။ မီးခိုးရောင်ဝတ်ရုံဖြင့်လူနှစ်ယောက်က တစ်ယောက်တည်းအဖြစ်သို့ ပေါင်းစည်းကာ သူ့ထံ လက်သီးချက် ပစ်သွင်းလာ၏။ ထိုလက်သီးပတ်လည်ရှိ မီးခိုးရောင်မြူမှ ဖန်တီးလေသော ဦးခေါင်းကလည်း ငြီးသံပေးကာ ဝမ်လင်းနှင့် ပေသုံးဆယ်အကွာသို့ ရောက်လာခဲ့သည်။

ထိုဦးခေါင်းမှာ ပြင်းထန်သော လေပြင်း၏ တိုက်ခတ်ခြင်း ခံလိုက်ရပြီး ဗလာနတ္တိအဖြစ် ပျောက်ကွယ်သွားတော့၏။။ သူတို့နှစ်ယောက် ပူးပေါင်းရာမှာ ထွက်ပေါ်လာသော လက်သီးချက်မှာလည်း ရုတ်တရက် ပျက်စီးသွားချေသည်။

ထိုလက်သီးချက် ပျက်စီးသွားခိုက်တွင် သူတို့၏ပူးပေါင်းပုံရိပ်သည် ပြင်းထန်သောအားတစ်ခုကြောင့် လွင့်ထွက်သွားကာ လူနှစ်ယောက်အဖြစ် ပြန်ကွဲထွက်သွား၏။ သူတို့သည် သွေးအန်ထုတ်လိုက်ရပြီး သူတို့၏ ထာဝရမပြောင်းလဲသော အမူအရာ၌ မယုံကြည်နိုင်ဟန် လှစ်ဟပေါ်လာ၏။

သူတို့ သွေးအန်လိုက်ရပြီးနောက် မရပ်တန့်နိုင်ဘဲ နောက်သို့ ဆက်၍ လွင့်ထွက်သွားလေ၏။ သူတို့သည် ဝမ်လင်း၏ ဟိန်းသံကြောင့် ပေတစ်သောင်းကျော်ထိ နောက်သို့ လွင့်ထွက်သွားသည်။

ကူးတောက်တောင်မှာ တုန်ဟည်းနေ၏။ တောင်ထိပ်ရှိ မျှော်စင်ထံမှ ကြီးမားသော အနက်ရောင်လက်တစ်ဖက် ထွက်ပေါ်လာကာ လေပြင်းကဲ့သို့ ဝေ့ခတ်လာပြီး ပေထောင်ချီ ကြီးမားလာသည်။ ၎င်းက နက်မှောင်သော လက်ငါးချောင်းတောင်တစ်လုံးကဲ့သို့ ဝမ်လင်းထံ ရိုက်ချလာ၏။

ထိုလက်ငါးချောင်းက ဝမ်လင်း၏ ကောင်းကင်ဘုံသားနှင့်ရှေးပူးပေါင်းမှု စွမ်းအားတို့ဖြင့် ထိပ်တိုက်တွေ့ချေ၏။

ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်ကာ လက်ငါးချောင်းတောင်သည် အပြင်းအထန် တုန်ခါပြီးနောက် နောက်သို့ လွင့်သွား၏။ ၎င်းသည် ကောင်းကင်ထက်တွင် လွင့်ပြယ်သွားသည်။ တချိန်တည်းမှာ ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး သူ၏ ပူးပေါင်းစွမ်းအားသည် ကောင်းကင်ဘုံနှင့်ရှေးအဖြစ်သို့ ပြန်ကွဲထွက်သည်။ ထိုပူးပေါင်းအားက စတင်၍ ဒုတိယကြိမ်မြောက် လှည်ပတ်လေ၏။ သို့သော် ဒီတစ်ခါ လှည့်ပတ်မှုက အတော့်ကို နှေးကွေးကာ တပတ်ပြည့်အောင် လှည့်ပတ်နိုင်ဖို့ ဆယ်စုနှစ်များ လိုမည့်ပုံအလား။

ရွှမ်လောသည် ထိုသည်ကို တွေ့မြင်သည့်အခါ ပင့်သက်ရှိုက်မိသွား၏။

မျှော်စင်အတွင်း၌ ပုံရိပ်က ခဏတာ စဉ်းစားသည်။ ထို့နောက် အေးတိအေးစက်အသံ ထွက်ပေါ်လာသည်။

“တက်လာခဲ့ပါ…ငါ မင်းအတွက် စိတ်ဝိညာဉ်သွေးကို နိုးထစေအောင် လုပ်ပေးမယ်…”

ဝမ်လင်း၏မျက်နှာက ဖြူရောနေ၏။ သူသည် သုံးရာမြောက်လှေကားထစ်ပေါ်တွင် မားမားရပ်နေသည်။ သူသည် စကားမဆိုပေ။ သို့သော် သူက နောက်ထပ် ခြေတလှမ်းလှမ်း၏။ သူ သုံးရာ့တစ်ခုမြောက် လှေကားထစ်ပေါ် ခြေလှမ်းလိုက်သည့်အခိုက်တွင် သူ၏ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်သွေးသည် ရုတ်တရက် အရည်ပျော်ကျကာ သူ့ခန္ဓာကိုယ်နှင့် လုံးဝ ပေါင်းစည်းသွားသည်။

သူသည် စိတ်ဝိညာဉ်သွေးကို သူ့ခန္ဓာကိုယ်နှင့် ပေါင်းစည်းဖို့ မဟာအင်ပါယာကူးတောက်၏ အကူအညီကို ဆက်၍ မလိုအပ်တော့ပေ။ သွေးမျိုးဆက် အမွေအနှစ်သည် ၎င်းဘာသာ တဖြည်းဖြည်း လှစ်ဟပေါ်လာ၏။

နေရာတွင် ရပ်ကာ ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ ထို့နောက် သူက ကူးတောက်တောင်ထိပ်ထံသို့ လက်နှစ်ဖက်ဆုပ်ကာ ဆိုလိုက်သည်။

“ကျုပ်ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မဟာအင်ပါယာကူးတောက်…”

ဝမ်လင်းသည် အဆင်အခြင်မဲ့လှသူ တစ်ယောက် မဟုတ်ပါ။ သူနှင့် မဟာအင်ပါယာကူးတောက်တို့ကြား ကွာခြားချက်က ကြီးမားလွန်းပေ၏။ ကူးတောက်သည် ခြေလှမ်းသုံးရာပြီးနောက်မှ ထွက်သွားဟု ဆိုခဲ့လျှင်ပင် သူ့အနေဖြင့် မဟာအင်ပါယာကူးတောက် အပေါ် မထင်မဲ့မြင် ပြန်လုပ်လိုမှုကို မြှပ်နှံ့ထားဖို့ လိုကာ ထိုပုဂ္ဂိုလ်ကို နှုတ်ဆက်စကား ပြောဖို့ လိုသေးပေ၏။

ထို့အပြင် သူသည် ကူးတောက်၏ ဖိအားကြောင့် သူ၏ ရှေးနှင့်ကောင်းကင်ဘုံစွမ်းအားကို ပေါင်းစည်းနိုင်စွမ်း ရှိခဲ့တာ ဖြစ်၏။ ဤသည်မှာ မတော်တဆ  ဖြစ်နိုင်သည်။ သို့မဟုတ် ကူးတောက်၏ လူမသိသူမသိ အသိအမှတ်ပြုခြင်းလည်း ဖြစ်နိုင်နေသေးသည် မဟုတ်လား။

သို့ပေမည့် မည်သို့ပင်ဖြစ်စေ ဝမ်လင်းသည် မဟာအင်ပါယာကူးတောက်မှာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတွင် အစွမ်းထက်ဆုံးသူမှန်း နားလည်၏။ ထို့ကြောင့် သူသည် လေးစားမှု ပြရန် လိုသည်သာ။

အချိန်အတန်ကြာပြီးနောက် မဟာအင်ပါယာကူးတောက်၏ အေးစက်စက်အသံသည် ထွက်ပေါ်လာ၏။ “မင်း စိတ်ချနေပါ။ မင်း ခြေလှမ်းသုံးရာပြီးရင် ထွက်သွားနိုင်လိမ့်မယ်လို့ ငါ ပြောခဲ့အတွက် အခု မင်း ထွက်သွားနိုင်တယ်…”

ဝမ်လင်းက ဆက်၍ မဆိုတော့ပေ။ သို့သော် သူက တောင်ပေါ်မှ တည်ငြိမ်စွာ ဆင်းလာ၏။ သူသည် ရွှမ်လောနားသို့ ရောက်လာသည့်အခါတွင် ရွှမ်လောပတ်လည်တွင် ကွယ်ဝှက်ထားသော လှိုင်းဂယက်များကို မြင်လိုက်ရ၏။ ကူးတောက်သာ သူ့စကားများကို မတည်ပါက ရွှမ်လောသည် လှုပ်ရှားတော့မည့်မှာ သိသာနေ၏။

“ဆရာ…”  ဝမ်လင်းက ခပ်တိုးတိုး ဆို၏။ ရွှမ်လော၏ အပြုအမူက သူ့စိတ်နှလုံးကို နွေးထွေးစေသည်။ ရှေးကလန်အပေါ် သူ၏ ပဋိပက္ခအက်ကြောင်းအပေါ်တွင် ရွှမ်လောကြောင့် နွေးထွေးမှု ရသွားစေသည်။

“သွားကြစို့…”  ရွှမ်လောသည် ဝမ်လင်းကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်၏။ သံစဉ်ရှစ်ခုနှင့် သင်္ကေတနှစ်ခုတို့ကြောင့် တုန်လှုပ်မှုကိုလည်း သူက စိတ်ထဲ၌သာ ထားလိုက်တော့၏။ သူက သူ့လက်ကို ဝေ့ယမ်းလိုက်ပြီး ဝမ်လင်းနှင့်အတူ အကွာအဝေးတစ်ခုထံ ပျံသန်းလာတော့သည်။

သူတို့ မိုးကုပ်စက်ဝန်းထံ မပျောက်ကွယ်သွားခင်မှာပင် ဒဏ်ရာရထားသော မီးခိုးရောင်ဝတ်ရုံဖြင့် လူနှစ်ယောက်သည် တိုင်လုံးပေါ်သို့ ပြန်ရောက်လာကြ၏။ သူတို့က အကွာအတေးတစ်ခုထံ စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်လိုက်သည်။ ထို့နောက်တွင် သူတို့က ကျင့်ကြံဖို့ မျက်လုံးမှိတ်လိုက်ကြတော့၏။

အချိန်အတန်ကြာပြီးနောက် မျှော်စင်ထံမှ သက်ပြင်းချသံ တစ်သံ ထွက်ပေါ်လာသည်။

မြူထဲရှိ ပုံရိပ်က ထရပ်ကာ မျှော်စင်ပြတင်းပေါက်ထံ လျှောက်လှမ်းလာ၏။ သူက ကောင်းကင်ထက်သို့ လှမ်းကြည့်၏။ သူ၏အကြည့်က ရွှမ်လောနှင့် ဝမ်လင်းတို့ ရှိရာအရပ်သို့ ကျရောက်သွားသကဲ့သို့ ထင်ရလေသည်။

ရက်အနည်းငယ် ကြာပြီးနောက် ရွှမ်လောသည် ဝမ်လင်းကို ရှေးတောက်အင်ပါယာမြို့သို့ ပြန်ခေါ်လာခဲ့၏။ သူတို့က ရှေးတောက်ဘုံးကျောင်း နောက်ရှိ တောင်ထံ ပြန်ရောက်လာကာ အထိုင်ချကြ၏။

ရွှမ်လောသည် ကူးတောက်တောင်ထံ၌ ဖြစ်ပျက်ခဲ့သမျှနှင့် ပတ်သတ်၍ မမေးခဲ့ပေ။ ဝမ်လင်းကလည်း မည်သို့မျှ မဖြစ်ခဲ့သကဲ့သို့ မရှင်းပြတော့ပေ။ တစ်လတာ ကုန်လွန်သွား၏။ အရာအားလုံးသည် မည်သို့မျှ မဖြစ်ပျက်ခဲ့လေသည့်အလား။

သည်တစ်လအတွင်း ဝမ်လင်းသည် သစ်သားအိမ်ထဲ၌ တံခါးပိတ်ကျင့်ကြံဖို့ ဝင်ရောက်ခဲ့၏။ ကူးတောက်တောင်ထံ ခရီးစဉ် မတိုင်ခင်က ဝမ်လင်းသည် နေရာတော်တော်များများသို့ ရောက်ခဲ့ကာ အနှစ်သာရများစွာကို စုပ်ယူခဲ့ပေ၏။ သူ့အနှစ်သာရများ၏ စွမ်းအားသည် အတော်လေး တိုးတက်လာကာ သူ၏ကျင့်ကြံမှုလည်း တိုးတက်လာခဲ့ပေသည်။

အနှစ်သာရများနှင့် ရှေးစွမ်းအားတို့သည် သည်တစ်လအတွင်း သူတို့၏ ပုံမှန်အနေအထားအတိုင်း ပြန်ရောက်သွားကြပုံ ပေါ်၏။ အနှစ်သာရများက သူတို့၏ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်များအဖြစ် ပြန်ဖွဲ့စည်းကြသလို ရှေးစွမ်းအားကလည်း ကြယ်နှစ်ဆယ့်ခုလုံးအဖြစ်သို့ ပြန်ပြောင်းလဲသွားသည်။

ယင်းတို့သည် ပုံမှန်ဟုသာ ထင်ရ၏။ သို့သော် ဝမ်လင်းက အတွေးတစ်ချက်ဖြင့်ပင် သူသည် ထိုသည်တို့ကို ထပ်မံ၍ ပေါင်းစည်းကာ အချိန်တိုအတွင်း ပေါက်ကွဲစွမ်းအားကို ရနိုင်ကြောင်းကို သိ၏။

ထိုစွမ်းအားနှင့်ဖိအားက ကူးတောက်တောင်နှင့်ပင် ယှဉ်၍ ရသည်။

သူ၏အနှစ်သာရများနှင့် ရှေးစွမ်းအားတို့ တိုးတက်လာနေလျက် သည်ပေါင်းစည်းမှု ကြာချိန်ကလည်း ပိုပို ကြာလာမည်သာ။ တနေ့တွင် သူသည် ယင်းတို့ကို လုံးဝ သမူဟ ဖြစ်သည့်အထိ ပေါင်းစည်းနိုင်ပြီး အချိန်တိုမျှသာ ပေါင်းစည်းနိုင်တာ ဟုတ်လေတော့မည် မဟုတ်ပါ။ သူသည် မဟာအင်ပါယာကူးတောက်၏ စွမ်းအားနှင့် ညီမျှသော စွမ်းအားကို ပိုင်ဆိုင်လာနိုင်လိမ့်မည်။

ခုခါတွင်မူ ပေါင်းစည်းမှုစွမ်းအား အမျှင်တန်းက သူ့ခန္ဓာကို တလျှောက် တဖြည်းဖြည်း လှည့်ပတ်နေ၏။ ၎င်း တပတ်ပြည့်ဖို့မှာ အချိန်အတော်ကြာလိမ့်မည်ဟု ထင်ရသည်။

ယနေ့တွင် ဝမ်လင်းသည် ကျင့်ကြံရာကနေ မျက်လုံးဖွင့်လာ၏။ သူက သူ့ညာလက်ကို ဝေ့ယမ်းရာ သူ့လက်ထဲတွင် ကျောက်စိမ်းဆလင်ဒါတစ်ခု ပေါ်လာ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက ထိုဆလင်ဒါကို ဖွင့်ဟလိုက်ရာ အတွင်း၌ သန့်စင်သော သစ်သားအနှစ်သာရ ပါဝင်သည့် အရည်အချို့ ရှိနေသည်။

သူက တစ်စက်ကို ယူကာ သူ့ခန္ဓာကိုယ်နှင့် ပေါင်းစည်းလိုက်၏။ ထိုအရည်စက်က ရုတ်တရက် ပျောက်ကွယ်သွားသည်။ တချိန်တည်းမှာ ဝမ်လင်း၏ သစ်သားအနှစ်သာရစွမ်းအားသည် များစွာ တိုးတက်လာချေသည်။

သုံးရက်ကြာပြီးနောက် ဝမ်လင်းသည် နောက်ထပ်အရည်စက်နှင့် ပေါင်းစည်းသည့်အခါ သူ၏ သစ်သားအနှစ်သာရသည် အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ် ဖွဲ့စည်းနိုင်ဖို့ အလျင်အမြန် နီးကပ်လာချေသည်။

လဝက်မပြည့်တပြည့် ကြာမြင့်ပြီးနောက် ဆလင်ဒါထဲရှိ အရည်အားလုံးကို စုပ်ယူပြီးချိန်တွင် ဝမ်လင်းသည် နေရာတွင် ထိုင်နေ၏။ သူနှင့် ထိပ်နေသော ပုံရိပ်တစ်ခု ပေါ်လာ၏။ သူ၏ ဒြပ်စင်ငါးခုအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်က လှမ်းထွက်လာကာ သူ့ရှေ့တွင် ရပ်သည်။

ထိုခန္ဓာကိုယ်သည် အရင်နှင့် အတူတူသာ ဖြစ်ကာ ဝမ်လင်းရှေ့တွင် ရပ်၍ အရောင်ငါးရောင်ကို ထုတ်လွှတ်ပေးနေသည်။ ထိုအရောင်တို့တွင် သစ်သားနှင့် သတ္တုကို ကိုယ်စားပြုသော အရောင်များသည် တခြားသုံးခုထက် မှိန်နေ၏။ သို့သော် သစ်သားကို ကိုယ်စားပြုသော အရောင်က တဖြည်းဖြည်း တောက်ပလာကာ ရက်အနည်းငယ် ကြာပြီးနောက် ၎င်းသည်လည်း မီး၊ရေနှင့်မြေတို့နှင့် အဆင့်တူ ဖြစ်သည့်အထိ တောက်ပလာသည်။

ဒြပ်စင်ငါးခုအနှစ်သာရခန္ဓာကိုယ်သည် တုန်ယင်သွား၏။ ပုံရိပ်လေးခုနှင့် အလင်းလုံးတစ်ခု ပေါ်လာသည်။ ထိုပုံရိပ်လေးခုထဲတွင် သစ်သား၊မီး၊ မြေတို့အပြင် ကျန်သည့်ပုံရိပ်မှာ ဝမ်လင်း၏ သစ်သားအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ် ဖြစ်ချေတော့၏။

ထိုအနှစ်သာရလေးခုခန္ဓာကိုယ်များ၏ ဗဟိုချက်တွင် ရွှေရောင်အလင်းလုံးတစ်ခု ရှိနေသည်။ ၎င်းမှာ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ် မဖွဲ့စည်းရသေးသော သတ္တုအနှစ်သာရပင်။

ဝမ်လင်းသည် မျက်လုံးဖွင့်လာ၏။ သူက ရွှေရောင်အလင်းလုံးကို ကြည့်သည်။ တအောင့်အကြာတွင် ပြတ်သားသောအကြည့်ကို ထုတ်ဖော်ကာ လက်ဝေ့ယမ်းသည်။ ရွှေရောင်အပိုင်းအစတစ်ခု ပေါ်လာ၏။

၎င်းမှာ ဝမ်လင်းကို လမ်းမရှည်ပေါ်၌ ကျိုးသဲပေးခဲ့သော ကောင်းကင်ဘုံဘိုးဘေး၏ ဓားအစိတ်အပိုင်းပင်။ သူသည် ၎င်းကို သန့်စင်ခဲပြီး ဖြစ်သော်လည်း ခုထိ အပြည့်အဝ မသန့်စင် မပေါင်းစပ်ရသေးပေ။

သူသည် ၎င်းဓားအစိတ်အပိုင်းနှင့် ရွှမ်လော သူ့အား လိုက်ပို့ခဲ့သော နေရာများထံမှ စုပ်ယူခဲ့သည့် သတ္တုအနှစ်သာရတို့ကို အသုံးပြုကာ သူ့ သတ္တုအနှစ်သာရခန္ဓာကိုယ်ကို ဖွဲ့စည်းရန် ရည်ရွယ်ထား၏။ သူ၏ သတ္တုအနှစ်သာရခန္ဓာကိုယ်သာ ဖွဲ့စည်းပြီးပါက ထို့နောက် သူ၏ ဒြပ်စင်ငါးခုအနှစ်သာရခန္ဓာကိုယ်၏ စွမ်းအားသည် ကြီးစွာ တိုးတက်လာမည်ပင်။ ၎င်းက သူ့ အနာဂတ်ကျင့်ကြံမှု လမ်းကြောင်းနှင့် ပတ်သတ်ပြီး သူ ကြံဆထားခြင်းက မှန်၊မမှန်ကို ဆုံးဖြတ်ဖို့အတွက်လည်း အထောက်အကူ ဖြစ်စေလိမ့်မည်။

“ဒြပ်စင်ငါးခု အနှစ်သာရခန္ဓာကိုယ်ဟာ ပြီးပြည့်စုံသွားလိမ့်မယ်ဆိုရင် ငါ့ကျင့်ကြံမှုအဆင့်သာ တိုးတက်လာခဲ့ရင် ငါ့ရဲ့ ကျင့်ကြံမှုလမ်းကြောင်းအပေါ် ငါ့အယူအဆဟာ မှန်လိမ့်မယ်…”

ဝမ်လင်းက ဆက်၍ ချီတုံချတုံ မဖြစ်တော့ပေ။ သူက ပါးစပ်အပြည့် ရွှေရောင်အခိုးအငွေ့များကို ထွေးထုတ်လိုက်၏။ ၎င်းက ရွှေရောင်သတ္တုဓားအစိတ်အပိုင်းကို ခြုံလွှမ်းသွားသည်။

အချိန် ကုန်လွန်လာသည်။ ဖြတ်ခနဲအတွင်း နောက်ထပ် တစ်လတာ ကုန်လွန်သွားခဲ့သည်။

ဝမ်လင်းနှင့် ရွှမ်လောတို့ ပြန်ရောက်လာသည်မှာ နှစ်လနှင့်လတဝက် ရှိလာခဲ့လေပြီ။ ဝမ်လင်းသည် သစ်သားအိမ်အတွင်း၌သာ နေထိုင်ပြီး အပြင်သို့ မထွက်ခဲ့ပေ။ ရွှမ်လောသည် သူ့ထံ နှစ်ကြိမ်လာခဲ့ပြီး ဝမ်လင်း သူ၏အနှစ်သာရများကို ဖွဲ့စည်းတာကို လာကြည့်ကာ အန္တရာယ်မရှိတာကို သိသည့်အတွက်ကြောင့် သူက ပြန်ထွက်ခွာသွားခဲ့သည်။

သည်မနက်တွင် ကောင်းကင်ထက်မှ နေရောင်က မြေကမ္ဘာပေါ်ရှိ အမှောင်ထုကို ဖယ်ရှားလာသည့်အခါ၌ သည်နေရာကို အနွေးဓာတ် ဖြစ်စေချိန်တွင် ရှေးတောက်ဘုံကျောင်းထံ ရှိရာအရပ်မှ ကျောက်စိမ်းပြားတစ်ခု ပျံသန်းလာ၏။ ၎င်းသည် သစ်သားအိမ်ကို အကြိမ်အနည်းငယ် လှည့်ပတ်ပြီးနောက် သစ်သားအိမ်အပြင်ဘက်ရှိ မြက်ခင်းပြင်ပေါ်သို့ ကျရောက်သွား၏။

သို့ပေမည့် တအောင့်အကြာတွင် ထိုကျောက်စိမ်းပြားသည် တုန်ခါကာ သစ်သားအိမ်ထံ ပျံသန်းလာ၏။ ၎င်းကို သစ်သားအိမ်ထဲ၌ ထိုင်နေသော ဝမ်လင်းကို ဖမ်းယူလိုက်သည်။

သူ့နတ်ဘုရားအာရုံဖြင့် ၎င်းကို ကြည့်ရှုစစ်ဆေးလိုက်၏။ ၎င်းမှာ သတင်းပို့ကျောက်စိမ်းပြား ဖြစ်သည်။ ထိုကျောက်စိမ်းပြားထဲ၌ ဖိတ်ကြားမှုတစ်ခုသာ ရှိနေသည်။

“ရှေးတောက်အင်ပါယာက ဆက်ရက်ကြာရင် သူ့ကြင်ယာတော် ဘွဲ့ထူးအပ်ပွဲကို ကျင်းပမှာ ဖြစ်တယ်…”

ဝမ်လင်း၏အမူအရာက ပုံမှန်သာ။ သည်ကျောက်စိမ်းပြားသည် ဝမ်လင်းကို ထိုအခမ်းအနားသို့ ရှေးတောက်အင်ပါယာထံမှ ဖိတ်ကြားမှု ဖြစ်လေ၏။

“ဒီကျောက်စိမ်းပြားကို ဒီနေရာထိ ပို့နိုင်မှတော့ ဆရာ့အနေနဲ့ ဒါကို အသိအမှတ်ပြုခဲ့လို့ပဲ ဖြစ်မယ်။ ပြီးတော့ ဒီအခမ်းအနားဟာ ရှေးတောက်အတွက် အတော်လေး အရေးကြီးလိမ့်မယ်…” ဝမ်လင်းသည် စဉ်းစားနေသည်။

“ဒီရှေးတောက်အင်ပါယာက နှစ်ပေါင်းရာချီ ကိုယ်လုပ်တော် ရွေးချယ်နေခဲ့တာ။ အခု နောက်ဆုံးတော့ သူက တစ်ယောက်ကို ရွေးချယ်ခဲ့ပြီး သူ့ရဲ့ကြင်ယာတော်အဖြစ် ဘွဲ့ထူးပေးအပ်တော့မှာပေါ့…။ ငါ အဲ့အခမ်းအနားကို သွားသင့်လား၊ မသွားသင့်ဘူးလား…”

ဝမ်လင်းသည် သူ့သတ္တုအနှစ်သာရနှင့် ပေါင်းစည်းခြင်းတွင် အရေးကြီးသော အခိုက်သို့ ရောက်နေလေ၏။ ထို့ကြောင့် သူသည် ထိုကြင်ယာတော်ခန့်အပ်ပွဲသို့ မသွားချင်ပေ။

All Chapters