← Chapters

ဒေါသပုန်ထခြင်း(၃)

Vol. 150 Ch. 2077

ဒေါသပုန်ထခြင်း(၃)

Vol. 150 Ch. 2077

ဝမ်လင်း၏ ဟိန်းအော်သံ ပျံ့လွင့်လာကာ အင်ပါယာမြို့၏ တစိတ်တပိုင်းကို ခြုံလွှမ်းသွားသည်။ ယင်းအသံက ကြားရသူတိုင်းကို တုန်လှုပ်သွားစေကာ သူတို့၏မျက်နှာများတွင် အလန့်တကြား ဖြစ်ကုန်ခြင်းတို့ ပြည့်နှက်သွားသည်။

ခုချိ၌ လူအများစုက ညခင်းပွဲသို့ ရောက်နေကြ၏။ သို့သော် ထိုပွဲသို့ သွားရောက်ရန် အရည်အချင်း မပြည့်မှီသော သူများလည်း ရှိကြသည်။ သူတို့သည် မနက်ဖြန် ကြင်ယာတော်ခန့်အပ်ပွဲကို မြို့ထဲ၌ ကြည်ရှုဖို့ စောင့်နေကြသည်။

ထို့ကြောင့် ကလန်သုံးခုမှ လူများသည် ပတ်ပတ်လည်တွင် ရှိနေသည်။ သူတို့က စိတ်အား တက်ကြွနေ၏။ ဝန်းကျင်မှာ မြူးထူးပျော်မွေ့ဖွယ်ပင်။ သို့ပေမည့် ဝမ်လင်း၏ ယဲ့တော…မင်းကို ငါ သတ်မယ် ဟူသော ရူးသွပ်ဖွယ်စကားကို ကြားသည့်အခါ လူတိုင်းသည် တုန်လှုပ်သွားကာ တေးဂီတံတီးမှုတ်သံတို့လည်း ရပ်တန့်သွားသည်။

သက်ဝင်လှုပ်ရှားနေသော ဝန်းကျင်သည် သေလောက်အောင် ငြိမ်သက်တိတ်ဆိတ်မှုကအစားထိုးသွား၏။

“ဒီအသံ ပိုင်ရှင်က ဘယ်သူလဲ…”

“ယဲ့တောက်…ယဲ့တောက်…ဒါက ရှေးတောက်အင်ပါယာနဲ့ အမည်မလား…”

“ဒီလူ…သူက ရှေးတောက်အင်ပါယာမြို့ထဲမှာ ဒီလောက် မောက်မာတဲ့ စကားတွေကို ပြောဝံ့နေတယ်…”  သေလောက်အောင် ခဏတာ ငြိမ်သက်တိတ်ဆိတ်သွားပြီး ဝမ်လင်း၏ ဟိန်းအော်သံ ခြုံလွှမ်းသော ဧရိယာသည် တုန်လှုပ်ချောက်ခြားမှုဖြင့် လွှမ်းမိုးသွားလေသည်။

ရှေးတောက်ဘုံကျောင်းအတွင်း၌ ရွှမ်လောလက်အောက်မှ လူကိုးယောက်သည် သူ့အနီးအနားတွင် ရှိနေ၏။ သူတို့က မျက်လုံးဖွင့်လာကာ ရှေးတောက်ဘုံကျောင်းနောက်ရှိ ဝမ်လင်း၏ တောင်ကြားထံသို့ မော့ကြည့်လာကြသည်။

ရှေးတောက်ဘုံကျောင်း၏ ဗဟိုချက်တွင် လုံးဝ ချိပ်ပိတ်ထားသော နေရာတစ်ခု ရှိသည်။ ရွှမ်လောသည် ထိုနေရာတွင် မျက်လုံးမှိတ်၍ တည်ငြိမ်စွာ ထိုင်နေ၏။ သူသည် သူ၏ ပြန်လည်မွေးဖွားဖို့ အချိန်ဖြစ်စဉ်မှာ သိပ်မဝေးတော့တာကို ခံစားမိသည်။ သူသည် သူ ပြန်လည်မမွေးဖွားခင် ဝမ်လင်းအတွက် အစွမ်းထက်သော ယုံကြည်မှုရတနာတစ်ခုကို သန့်စင်ထားခဲ့ချင်၏။

သူ၏ရှေ့တွင် ငါးရောင်စုံဓားတစ်လက် လွင့်မြောနေသည်။ ထိုဓားက အလွန်ထူးခြား၏။ ၎င်းထံတွင် ဓားသွားလေးခု ပါဝင်သည်။ ၎င်းသည် ဓားနှင့်မတူ ခရင်းနှင့် ပိုတူနေ၏။

ဓားအစွန်း၌ အချိန်မရွေး ပေါ်လာနိုင်သော ပုန်းကွယ်နေသည့် ငါးခုမြောက်ဓားသွားပင် ရှိနေသည်။

ရွှမ်လောသည် အစိမ်းရောင်အခိုးငွေ့များ ပါးစပ်အပြည့် ထွေးထုတ်ကာ အနှီဓားကို ဝန်းရံစေသည်။

“ငါ ဒီဓားကို သန့်စင်ခဲ့တာ ကြာခဲ့ပြီ။ အခု ဓားသွားလေးခု ပေါ်လာခဲ့ပြီ။ ဒါက အရေးတကြီး အခိုက်အတန့်ပဲ။ ဒါပေမဲ့ ဓားသွားငါးခု ပေါ်လာတာနဲ့ ဒီဓားဟာ ဝမ်လင်းအတွက် အစွမ်းထက်ရတနာတစ်ခု ဖြစ်လာလိမ့်မယ်…”

ရွှမ်လောသည် မျက်လုံးဖွင့်ကာ ပြုံးလာ၏။ သူ၏အမူအရာတွင် ဂုဏ်ယူနေဟန် အငွေ့အသက် ပေါ်နေသည်။

ဝမ်လင်းကို ရှေးတောက်အင်ပါယာထံ လက်ဆောင်သွားပေးခိုင်းပြီးနောက် သူက ဝမ်လင်းအတွက် ယုံကြည်မှုရတနာကို သန့်စင်ဖို့ တံခါးပိတ်ကျင့်ကြံနေခဲ့၏။ သူသည် ဝမ်လင်း၏ ဆရာဖြစ်လာပြီးနောက် ခုထိ ဝမ်လင်းကို အစွမ်းထက် ရတနာတစ်ခု မပေးရသေးဟု ခံစားမိနေခဲ့သည်။ ထို့အတွက် သူသည် ထိုရတနာကိုသန့်စင်ဖို့ တံခါးပိတ်ကျင့်ကြံကာ သူ့နတ်ဘုရားအာရုံ အမြောက်အများဖြင့် အနှီဓားကို ဝန်းရံထားသည်။ သည့်အတွက် အချိန်တိုအတွင်း သူ့နတ်ဘုရားအာရုံများကို ပြန်ရုတ်သိမ်းဖို့ မလွယ်ပေ။

သို့သော် သူ မျက်လုံးဖွင့်လာသည့်အခိုက်တွင် သူသည် လောကကို ဖျက်စီးပစ်ချင်သည့် ရူးသွပ်ဖွယ်အသံသည် တောင်ကြားရှိ သစ်သားအိမ်ထံမှ ထွက်ပေါ်လာတာကို ခံစားမိသည်။

ထိုဟိန်းအော်သံတွင် လောကကို လှုပ်ခါမည့် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်ပေသည်။ အနှီဟိန်းအော်သံကြောင့် ရွှမ်လောသည်ပင် မင်သက်မိသွားသည်။

သူသည် ရုတ်တရက် ထရပ်ကာ သူ့နောက်သို့ လှမ်းကြည့်သည်။ သူ၏အကြည့်က တောင်ကို ထွင်းဖောက်သွားသည်ဟု ထင်ရကာ သူသည် သစ်သားအိမ်အတွင်းရှိ အရာအားလုံးကို တွေ့မြင်လိုက်သည်။

“ဘာတွေ ဖြစ်ကုန်တာလဲဟ…”  ရွှမ်လောသည် တစ်ခုခု ကြီးကြီးမားမား ဖြစ်လာတော့မည်ကို ခံစားမိ၏။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ သူ့နတ်ဘုရားအာရုံကို အမြန် ရုတ်သိမ်းသည်။ သို့သော် ဓားက သန့်စင်ခြင်းဖြစ်စဉ်အတွင်း အရေးကြီးဆုံးအချိန် ရောက်နေသည်။ ထို့ကြောင့် သူသည် သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်ဖို့ အမွှေးတိုင်တစ်တိုင်ထွန်းစာလောက် ကြာမြင့်မည် ဖြစ်သည်။

စိုးရိမ်ပူပန်မှုကို ခံစားနေရလျက် ရွှမ်လောသည် ရှေးတောက်ဘုံကျောင်းရှိ သူ့နောက်လိုက် ကိုးယောက်ထံ အလျင်အမြန် သတင်းစကား လှမ်းပို့သည်။

“ဝမ်လင်းရဲ့ နေရာရှိ သွားပြီး အကြောင်းရင်း သွားရှာကြ။ သူ့ကို ငါ ရောက်လာတဲ့အထိ တည်ငြိမ်အောင် လုပ်ပေးထားနှင့်။ ဒီကိစ္စကို မကြီးကျယ်သွားစေနဲ့…”

သစ်သားအိမ်အတွင်း၌ ဝမ်လင်းသည် မာန်သွင်းအော်ဟစ်နေစဉ် မရေမတွက်နိုင်သော လှိုင်းဂယက်များထကာ သည်ဧရိယာတခွင်သို့ ပျံ့လွင့်သည်။ သည်လှိုင်းဂယက်များတွင် ဝမ်လင်း၏ ရူးသွပ်ဖွယ်အော်သံ၊ ရှေးတောက်အင်ပါယာအပေါ် သူ၏ သတ်ဖြတ်လိုစိတ်တို့ ပါဝင်သည်။

ဟိန်းအော်သံ ထွက်ပေါ်နေစဉ် ဝမ်လင်း ထိုင်နေသော သစ်သားအိပ်ယာမှာ အမှုန့်ဖြစ်သွားသည်။ သစ်သားအိမ်တစ်ခုလုံးမှာလည်း အမှုန့်ဖြစ်သွားသည်။ လှိုင်းဂယက်များ ပဲ့တင်ထပ်စဉ် တောင်ကြား၌ ကြီးမားသော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။

ဝမ်လင်းသည် ထိုမုန်တိုင်း၏ ဗဟိုချက်တွင် ရှိနေ၏။ သူ၏ ဆံပင်တို့မှာ ဖွာလန်ကြဲနေသည်။ သူ့မျက်လုံးမှာ ပုံမှန်မဟုတ် နီရဲနေ၏။ သူသည် ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်နေ၏။ သူ ရူးသွားခဲ့လေပြီ။

သူသည် ခုလောက် တခါမျှ မရူးသွပ်ခဲ့ဖူးပေ။ သူ့စိတ်နှလုံးမှာ ဓားဖြင့် ပိုင်းဖြတ်ခံရသည့်အလား။

သူ၏ရှေ့တွင် သူ့ဒြပ်စင်ငါးခုန္ဓာကိုယ်ထဲမှ သတ္တုအနှစ်သာရသည် သူ၏ ဒေါမာန်ဟုန်ကြောင့် ရုတ်တရက် ပျက်စီးသွား၏။ ထို့နောက်တွင် သတ္တုအနှစ်သာရခန္ဓာကိုယ်သည် ရုတ်တရက် ဖွဲ့စည်းပေါ်ပေါက်လာသည်။

ထိုခန္ဓာကိုယ်ပေါ်လာသည့်အခါ ၎င်းသည် လေထဲသို့ ပျံတက်ကာ သူ၏ ကျန်ဒြပ်စင်ငါးခုခန္ဓာကိုယ်များမှာလည်း လေထဲသို့ ပျံဝဲတက်လာသည်။ ဒြပ်စင်ငါးခုသည် ဝမ်လင်း၏ရှေ့တွင် အတူတကွ ပူးပေါင်းကာ ပြီးပြည့်စုံသော ဒြပ်စင်ငါးခုန္ဓာကိုယ်ကို ဖွဲ့စည်းလေ၏။

၎င်းခန္ဓာကိုယ်ကို ငါးရောင်စုံက ခြုံလွှမ်းထားသည်။ ၎င်းသည် မျက်လုံးမှိတ်ထား၏။ သို့သော် ၎င်းသည် ရုတ်တရက် မျက်လုံးဖွင့်လာချိန်တွင်မူ ရူးသွပ်ခြင်းတို့ ပြည့်နေသည်။

ဝမ်လင်းသည် လေထဲသို့ ခုန်တက်၏။ သူ့ဆံပင်တို့မှာ လှုပ်ခတ်နေသည်။ သူ့ညာလက်ဖြင့် သူ၏ဒြပ်စင်ငါးခုခန္ဓာကိုယ်ထံ ဆန့်ထုတ်သည်။ ထိုခန္ဓာကိုယ်သည် ခုန်တက်လာကာ ဝမ်လင်းနှင့် ပေါင်းစည်းသည်။ ထိုအခိုက်တွင် ဝမ်လင်းသည် နောက်ထပ် အော်ဟစ်လိုက်ပြန်၏။

သူ အော်ဟစ်နေစဉ် သူ၏ ကျင့်ကြံမှုသည် လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့်ကနေ မြင့်တက်လာကာ အထွတ်အထိပ်သို့ ရောက်သည်။ ဝမ်လင်း၏ သူ၏ အနာဂတ်ကျင့်ကြံမှုနှင့် ထင်မြင်ယူဆထားသောလမ်းကြောင်းမှာ မှန်ကန်သွားလေပြီ။

ထို့အတွက် ဝမ်လင်းသည် အတော်လေး ပျော်ရွှင်သင့်သည်။ သို့သော် ခုချိန်တွင် ဝမ်လင်းသည် သူ၏ကျင့်ကြံမှု ပြောင်းလဲခြင်းကိုပင် မခံစားမိနိုင်တော့ပေ။ သူ့စိတ်ထဲ၌ ရှိနေသော တစ်ခုတည်းသော အတွေးမှာ နန်းတော်သို့ ဦးတည်သွားရောက်ကာ ရှေးတောက်အင်ပါယာကို သတ်ရန်၊ ဝမ်အာကို ပြန်ခေါ်ဆောင်ရန်သာ ဖြစ်လေ၏။

သူ၏ခန္ဓာကိုယ်ကို ကြမ်းကြုတ်သော အော်ရာက ဖုံးလွှမ်းထား၏။ သူက တောင်ကြားထံ လက်ဝေ့ယမ်းသည်။ မြေပြင်ထု တုန်ခါသွားကာ ရှေးတောက်တောင်တစ်ခုလုံး လှုပ်ရမ်းသွားသလို ထင်ရသည်။ မြေအောက်ရှိ လှိုဏ်ဂူ၌ ဝမ်လင်း၏ မဟာအင်ပါယာနေမင်းနှင့် ကောင်းကင်ဘုံဘိုးဘေးဦးခေါင်းတို့မှာ အပေါ်သို့ ပျံသန်းတက်လာသည်။ လှိုဏ်ဂူအတွက်တွင် အက်ကြောင်းတစ်ခု ပေါ်လာကာ ဝမ်လင်း မဟာအင်ပါယာနေမင်းသည် ထိုအက်ကြောင်းကနေ ဦးခေါင်းကိုပါ ထုတ်ယူလာသည်။

သို့ပေမည့် ထိုအခိုက်တွင် ရွှမ်လော၏ သတင်းစကားကို ကြားသိသော လူကိုးယောက် ရောက်လာသည်။ အလင်းတန်းများသည် ကောင်းကင်ကို ထွင်းဖောက်ကာ တောင်ကြားအထက်သို့ ရောက်လာသည်။

အကြည့်တချက်ဖြင့် သူတို့သည် ဒီနေရာမှာ အပျက်အစီးပုံ ဖြစ်သွားတာကို မြင်သည်။ သူတို့က အက်ကြောင်းနှင့် သည်ဧရိယာကို ဝေ့ယမ်းတိုက်ခတ်နေသော မုန်တိုင်းတို့ကို မြင်သည်။ ထိုမုန်တိုင်းအတွင်း၌ ဝမ်လင်း ရှိနေသည်။ သူ့ဆံပင်တို့မှာ ဖွာလန်ကြဲနေ၏။ သူ့ထံမှ ချောက်ခြားဖွယ် သတ်ဖြတ်လိုစိတ်ကို ပေးစွမ်းနေသည်။

“လူငယ်သခင်…သင်…”

“ဘာတွေ ဖြစ်ကုန်လာတဲ။ လူငယ်သခင်…ကျေးဇူးပြုပြီး တည်ငြိမ်ပေးပါအုံး…”

“ကျုပ်တို့ကိုးယောက်က အရှင်ရွှမ်လောရဲ့ အမိန့်ပေးမှုကြောင့် ရောက်လာခဲ့တာပါ။ လူငယ်သခင်…ကျေးဇူးပြုပြီး ဘာတွေ ဖြစ်ကုန်တာလဲ ကျုပ်တို့ကို ပြောပြပေးပါ…”

ထိုကိုးယောက်မှာ တုန်လှုပ်နေလျက် ဝမ်လင်းထံသို့ လက်နှစ်ဖက်ဆုပ်ကာ ဆိုသည်။

မုန်တိုင်းအတွင်း၌ ဝမ်လင်း၏မျက်လုံးမှာ အေးစက်နေ၏။ သူက သူ့ညာလက်ကို မြေပြင်ထက်သို့ ထပ်မံ ဆန့်ထုတ်သည်။ သူသည် နောက်ထပ်ဟိန်းအော်သံ ပြုရာ အက်ကြောင်းသည် ပို၍ ပွင့်ဟသွားသည်။ အဖြူအနက်အလင်းတန်းတစ်ခု ပျံသန်းထွက်လာသည်။ ၎င်းနှင့်အတူ ရွှေရောင်အလင်းတန်းလည်း ပါဝင်သည်။ ယင်းတို့ကို ဝမ်လင်းက သူ၏သိုလှောင်နေရာလွတ်ထဲသို့ သိမ်းဆည်းလိုက်သည်။

ထိုသို့ ပြုလုပ်ပြီးနောက် ဝမ်လင်းသည် ရုတ်တရက် လှည့်ကာ ရှေးတောက်အင်ပါယာမြို့ထံ စိုက်ကြည့်သည်။

“ယဲ့တောက်…”  ဝမ်လင်းသည် အံတင်းတင်းကြိတ်ထား၏။ သူသည် ထိုကိုးယောက်ကို ကြည့်ပင် မကြည့်ပေ။ သူက နန်းတော်ထံသို့သာ ကြည့်၍ လျှောက်လှမ်းသည်။

သို့ပေမည့် ဝမ်လင်း လှုပ်ရှားလာသည်နှင့် ထိုကိုးယောက်၏ အမူအရာသည် ပြောင်းလဲသွားကာ သူတို့သည် ဝမ်လင်းကို ဟန့်တားဖို့ သူ့ရှေ့သို့ ရောက်လာသည်။ သူတို့ထဲမှ ခုနစ်ယောက်သည် ချိပ်ဟန်များ ဖြစ်စေကာ ရှေးတောက်ဘုံကျောင်းထံမှ အခိုးအငွေ့တစ်ခု ပျံ့လွင့်လာ၏။ ၎င်းက ကြီးမားသောအစီအရင်တစ်ခုအဖြစ်သို့ ပြောင်းသွားသည်။

ထိုကိုးယောက်သည် ဝမ်လင်းကို ဟန့်တားဖို့ ရှေးတောက်ဘုံကျောင်း၏အစီအရင်ကို ချက်ခြင်း အသက်သွင်းကြသည်။

ဝမ်လင်း၏ပုံရိပ်က ခဏရပ်သွားကာ သူက မော့ကြည့်လာ၏။ သူ၏ နီရဲနေသော မျက်လုံးထံမှ ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ်ကို လှစ်ဟပြနေသည်။

“မင်းတို့က ငါ့ကို တာဆီးရဲတာလား…”

ကျင့်ကြံမှုအဆင့်မြင့်ဆုံး အဘိုးအိုက ဝမ်လင်းကို အလန့်တကြား ကြည့်ကာ လက်နှစ်ဖက်ဆုပ်၍ ပြောလာ၏။ “လူငယ်သခင်…ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့။ ကျုပ်တို့က အရှင်ရွှမ်လောရဲ့ အမိန့်အရ လူငယ့်သခင်ကို ဒီမှာ နေခိုင်းရတာပါ။ အရှင်ရွှမ်လော ရောက်လာတဲ့နောက် ဆုံးဖြတ်ချက်တစ်ခု ပေးပါလိမ့်မယ်…”

“ဆရာရွှမ်လော…”  ဝမ်လင်းသည် နာကျင်စွာ ခံစားလိုက်ရ၏။ သူသည် ရွှမ်လောမှာ ရှေးတောက်၏ စောင့်ရှောက်သူ ဖြစ်မှန်း သိ၏။ ခုလက်ရှိ ရှေးတောက်အင်ပါယာသည်ပင် ရွှမ်လောက ရွေးချယ်ပေးထားခဲ့တာပင်။ သို့သော် အခု သူက ထိုအင်ပါယာကို သတ်ရပေတော့မည်။

“ငါ့အတွက် ထွက်သွားကြစမ်း…”  ဝမ်လင်း၏ မျက်လုံးထဲတွင် ပြတ်သားမှုတို့ ပြည့်နေသည်။ သူသည် ရွှမ်လော မရောက်လာခင် ရှေးတောက်အင်ပါယာကို သတ်ရလေမည်။ သို့မှသာ သူ့ဆရာအတွက် မခက်ခဲစေတာ့မှာ ဖြစ်သည်။

ဤသည်မှာ ဝမ်လင်း၏ တစ်ခုတည်းသော လမ်းကြောင်းပင်။

သူတို့ကိုးယောက်၏ အမူအရာများသည် ဝမ်လင်း၏နောက်မှ မဟာအင်ပါယာနေမင်းကို တွေ့မြင်သည့်အခါ ပြောင်းလဲသွားကုန်သည်။ ထိုနေမင်းသည် အတိတ်တုန်းက ကူးတောက်တောင်ပေါ်မှထက် ပို၍ အထည်ဒြပ်ဆန်ကာ ပိုပီပြင်လာသည်။ ထိုနေမင်း ပေါ်လာသည့်အခါ ထိုကိုးယောက်၏ မျက်လုံးသူငယ်အိမ်များ ကြုံ့ကုန်သည်။

“မဟာအင်ပါယာ…”

“ဒါက မဟာအင်ပါယာနေမင်းပဲ…”

“သူ…သူက တကယ်ပဲ မဟာအင်ပါယာတစ်ပါး ဖြစ်နေပြီလား…”  ဝမ်လင်းက သူ့ဘယ်လက်ကို ပင့်မြှောက်ကာ ဝေ့ယမ်းလိုက်ချိန်တွင် ထိုကိုးယောက်သည် မယုံကြည်မှုတို့နှင့် ပြည့်ကုန်၏။ လောကသည် တုန်ဟည်းသွားကာ ရှေးတောက်ဘုံကျောင်း ပတ်လည်ရှိ အစီအရင်သည် ပျက်စီးသွားသည်။ ထိုကိုးယောက်သည် သွေးအန်ကာ ဖိသိပ်အားကြောင့် လွင့်ထွက်သွားသည်။ ဝမ်လင်းသည် သူတို့ကို မသတ်ခဲ့ပေ။ သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းကာ တောင်ကြားထဲမှ တဟုန်ထိုး ထွက်လာသည်။

A ray of red light slaughtered its way toward the palace!

အနီရောင်အလင်းတန်းသည် နန်းတော်ထံသို့ မရဏလမ်းခင်းကာ ဦးတည်လာနေပေပြီ။

All Chapters