← Chapters

ဒေါသပုန်ထခြင်း(၄)

Vol. 150 Ch. 2078

ဒေါသပုန်ထခြင်း(၄)

Vol. 150 Ch. 2078

ရှေးတောက်မြို့တော်၊ လွင့်မြောနေသောမြို့။ မြို့၏ နေရာအများစုမှာ သက်ဝင်လှုပ်ရှားနေသည်။ တေးဂီတသံကလည်း အဆက်မပြတ်ပေ။

ရှေးတောက်ဘုံကျောင်း ပတ်လည်ရှိ အဖြစ်အပျက်မှာ အင်ပါယာမြို့၏ အရွယ်အစားနှင့် ရှေးတောက်ဘုံကြောင်း၏ ထူးခြားသောဖြစ်တည်မှုကြောင့် ဝေးဝေးသို့ မပျံ့လွင့်လာခဲ့ပေ။

ရှေးတောက်အင်ပါယာ၏ မင်္ဂလာပွဲမတိုင်ခင်ည၌ ရှေးတောက်တွင်သာမက ရှေးတောက်ကလန်တစ်ခုလုံးတွင် ရိုက်ခတ်မည့် ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ပွားလာခဲ့မည်ကို မည်သူကမျှ သတိမပြုမိကြပေ။

ကလန်သုံးခုမှ မရေမတွက်နိုင်သော သူများသည် သီချင်းများ သံပြိုင်ဆိုကာ ခွက်မြှောက်နေကြ၏။ သို့ပေမည့် သူတို့သည် တုန်ဟည်းသံကို ကြားသည့်အခါ မျက်မှောင်ကြုတ်၍ ကောင်းကင်ထက်သို့ မော့ကြည့်လာ၏။ လူများသည် တုန်ယင်စွာ ခံစားမိကာ ရုတ်တရက် ထရပ်သည်။

တေးဂီတသံသည် ရုတ်တရက် ရပ်သွားစဉ် အကွာအဝေးတစ်ခုမှ တုန်ဟည်းမြည်သံ ထွက်ပေါ်လာသည်။

ကောင်းကင်ထက်၌ အလင်းတန်းတစ်ခုသည် မြည်ဟိန်းသံပေးကာ လောကကို ခွင်းလာ၏။ ၎င်းအလင်းတန်းသည် ပျံသန်းသွားစဉ် မြေပြင်ထုသည်ပင် တုန်ခါ၍ ကောင်းကင်တွင် လှိုင်းဂယက်များ ထသည်။

ဖော်ပြ၍ပင် မရသော သတ်ဖြတ်လိုစိတ်က ကောင်းကင်ထက်မှ ဆင်းသက်လာ၏။ ရှေးကလန်ဝင်တိုင်းသည် ထိုသတ်ဖြတ်လိုစိတ်ဖြင့် ကျူးကျော်ခြင်း ခံရကာ သူတို့၏မျက်လုံးထဲတွင် အကြောက်တရား လှိုက်တက်လာသည်။

သူတို့သည် ရှေးတောက်အင်ပါယာမြို့တွင် ကိစ္စကြီးကြီးမားမား ဖြစ်လာတော့မည်ကို ခံစားမိသည်။

ဝမ်လင်းသည် ကောင်းကင်ထက်ရှိ သက်ဝင်လှုပ်ရှားနေသော နန်းတော်ကို မြင်သည်။ ရှေးတောက်ဘုံကျောင်းကနေ သည်နေရာသို့ ရောက်လာဖို့ သူသည် အသက်ရှိုက်စာအချိန်အနည်းငယ် အသုံးပြုခဲ့ရ၏။ ဤအမြန်နှုန်းက ဟင်းလင်းပြင်ကွေးညွှတ်ခြင်းနှင့် ယှဉ်၍ရသည်။ သည်နန်းတော်ပတ်လည်တွင် အတားအဆီးမျာစွာ ရှိသဖြင့် ထိုနေရာသို့ တိုက်ရိုက်သွားဖို့မှာ မဖြစ်နိုင်ပေ။

နန်းတော်ကို ကြည့်ကာ ဝမ်လင်း၏မျက်လုံးထဲတွင် လီမူဝမ်၏ ပုံရိပ် ပေါ်လာ၏။ ထိုပုံရိပ်က ဝမ်လင်း၏ နှလုံးကို အပိုင်းပိုင်း ခုတ်ခံရသလိုမျိုး ခံစားရစေသည်။ သွေးစိမ်းရှင်ရှင် ထွက်သလိုမျိုး ခံစားမိစေသည်။ သူက မာန်သွင်းအော်ဟစ်လိုက်ကာ အရူးတစ်ယောက်အလား နန်းတော်သို့ တိုးဝင်လာချေသည်။

သို့ပေမည့် သူ နန်းတော်နှင့် ကီလိုမီတာတစ်ရာအတွင်းသို့ ရောက်လာသည့်အခါ ပုံရိပ်ရာချီ ပေါ်လာသည်။ သူတို့သည် နန်းတော်၏ ချပ်ဝတ်များဖြင့် အစောင့်အကြပ်များပင်။

မကြာမီတွင် ရှေးတောက်ဝင်တစ်သောင်းနီးပါး ပေါ်လာ၏။ မတူကွဲပြားသော အရပ်များမှာ မာန်သွင်းသံများပေးကာ ဝမ်လင်းကို ပိတ်ဆို့ဟန်တားရန် ထွက်ပေါ်လာ၏။

“ဒါက အရှင်ဝမ်လင်းလား…”   လူတစ်ယောက်သည် ဝမ်လင်းကို မြင်သည့်အခါ ကောင်းကင်ထက်မှ လှမ်းထွက်လာပြီး သူ၏မျက်လုံးက အရောင်တောက်သွား၏။ သူ့အမူအရာက သုန်မှုန်လာသည်။

“အရှင် ထွက်သွားတာ မဟုတ်ဘူးလား။ ဘာကြောင့် ဒီနေရာကို ချိုးဖျက် ဝင်ရောက်လာတာလဲ။ ဒါက သေစေနိုင်တဲ့ ပြစ်မှု…”  ထိုသူ့ စကားမဆုံးခင်မှာပင် ဝမ်လင်းက အော်ဟောက်လိုက်သည်။

“ထွက်သွားစမ်း။ ငါ့ကို တားတဲ့သူမှန်သမျှ သေရမယ်….”  ဝမ်လင်းသည် ကြမ်းကြုတ်သော သားရဲတစ်ကောင်အလား ရှေ့လှမ်းလာသည်။ သူက လက်သီးချက်ပစ်သွင်းလိုက်သည်။ လောကမှာ တုန်ခါထွက်သွားသည်။ သူ့ရှေ့မှ လူဒါဇင်ချီသည် တုန်ယင်သွားပြီး သူတို့၏ ခန္ဓာကိုယ်များသည် ပေါက်ကွဲကုန်သည်။

ထိုစဉ်တွင် ဝမ်လင်းနောက်သို့ အလင်းတန်းကိုးခု ရောက်လာ၏။ သူတို့သည် ရွှမ်လော၏ လက်အောက်မှ သူများပင်။ သူတို့က ဝမ်လင်း သတ်ဖြတ်သည်ကို မြင်သည့်အခါ သူတို့၏မျက်နှာများ ဖြူရောကုန်သည်။

“မြန်မြန်…အင်ပါယာကို ပြောလိုက်။ ဝမ်လင်း…သူက အင်ပါယာကို သတ်ချင်နေတယ်…”

ထိုအဘိုးအိုသည် ရွှမ်လော လက်အောက်မှ ကျင့်ကြံမှုအမြင့်ဆုံးသူ ဖြစ်သော်လည်း သူ၏ ဦးစားပေးမှုမှာ အင်ပါယာအာဏာစက်သာ ဖြစ်သည်။ အင်ပါယာနှင့် ယှဉ်ပါက သူတို့သည် ရွှမ်လော၏ အမိန့်ကိုပင် ဖိဆန်ကြမည်။

ထိုစကားသံတို့ ပဲ့တင်ထပ်သည့်အခါ နန်းတော်အစောင့် တစ်သောင်းအားလုံး၏ အမူအရာများ ပြောင်းလဲကုန်သည်။ သူတို့သည် ဝမ်လင်း၏ လက်သီးချက်ကြောင့် တုန်လှုပ်နေရာကနေ သည်စကားများကြောင့် နိုးနိုးကြားကြား ဖြစ်ကုန်သည်။

သို့ပေမည့် နောက်ကျသွားလေပြီ။ ကျယ်လောင်စွာ တုန်ဟည်းမြည်သံ၊ နာကျင်ထိတ်လန့်စွာ အော်ဟစ်သံများ ပဲ့တင်ထပ်ကုန်၏။ ဝမ်လင်းသည် ရှေ့ဆက်လျှောက်လာကာ သူ့အား တားဆီးသူမှန်သမျှသည် ဆိုးဆိုးဝါးဝါး သေဆုံးကုန်သည်။

ရွှမ်လော၏ လက်အောက်မှ လူကိုးယောက်သည် အံတင်းတင်းကြိတ်ကာ ဝမ်လင်းထံ တရကြမ်း ဦးတည်လာ၏။ သူတို့သည် အမည်မသိမန္တာန်အချို့ အသုံးပြုကာ ဝမ််လင်းရှေ့တွင် ပေါ်လာပြီး ရုတ်တရက် တိုက်ခိုက်ရန် ရွေးချယ်တော့သည်။

သူတို့ကိုးယောက်မှာ ရွှမ်လောနှင့် အင်ပါယာအာဏာစက်အကြား ရွေးချယ်ရပါက အင်ပါယာကိုသာ တုံ့နှေးခြင်းမရှိ ရွေးကြမည့်သူများသာ။

“မင်းတို့က သေချင်နေတာပဲ…”  ဝမ်လင်းသည် ထိုကိုးယောက်ကို မသတ်ချင်ခဲ့ပေ။ သို့သော် သူတို့က သူ့ကို ပိတ်ဆို့ဖို့ အကြိမ်ကြိမ် ကြိုးစားလာကြ၏။ သူတို့သည် ဝမ်လင်း၏ရှေ့တွင် ပေါ်လာသည့်အခါ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ဖြတ်ခနဲ ပေါ်သည်။ သူက သူ့ညာလက်ကို ဝေ့ယမ်း၏။ ကြီးမားသောလက်ဝါးတဖက် ပေါ်လာသည်။ ၎င်းမှာ စစ်စိတ်ဝိညာဉ်လက်ဝါးပင်။

ထိုလက်ဝါးချက် ပေါ်လာသည့်အခါ ပုံရိပ်ယောင်ကိုးဆယ့်ကိုးခုလက်ဝါးချက်လည်း ပေါ်လာ၏။ ထို့နောက် နောက်ထပ်ပုံရိပ်ယောင်လက်ဝါးများ ပေါ်လာကာ စုစုပေါင်း တစ်ရာ့နှစ်ဆယ့်တစ်ခု ဖြစ်လာ၏။ ယင်းတို့သည် အတူတကွ စုဝေးပြီး ခြောက်ခုမြောက်လက်ချောင်း၊ ငါးခုမြောက်လက်ချောင်းကနေသည် ဆယ်ခုမြောက်လက်ချောင်းထိ ပေါ်လာစေသည်။

ထိုလက်ဆယ်ချောင်းဖြင့် လက်ဝါးချက်သည် သူတို့ထံ တရကြမ်း ဦးတည်လာသည်။ ထိုလူကိုးယောက်သည် အံတင်းတင်းကြိတ်ကာ သူတို့၏ ခန္ဓာကိုယ်ထံမှ ရှေးစွမ်းအားများသည် ခုခံဖို့ရာ မြင့်တက်လာ၏။ နန်းတော်၏ရှေ့တွင် ကျယ်လောင်စွာ မြည်ဟိန်းသံတို့ ပဲ့တင်ထပ်ကုန်သည်။

ထိုသို့ ကျယ်လောင်စွာ တုန်ဟည်းမြည်နေစဉ် ထိုကိုးယောက်သည် အော်ဟစ်ကာ တစ်စက်လေးမျှ ခုခံနိုင်စွမ်း မရှိပေ။ လက်ဝါးနှင့်ထိမှန်ခံရသည်နှင့် သူတို့၏ ခန္ဓာကိုယ်များ ပျက်စီးကာ ကိုးယောက်လုံး သေဆုံးသွားသည်။

ထိုလက်ဝါးချက်က တားဆီးရန် ကြိုးစားသော အစောင့်များကိုပါ သေသွားစေသည်။ သည်နေရာမှာ သွေးနံ့လှိုင်တက်သွားသည်။

ကောင်းကင်ဘုံကလန်၏ အင်ပါယာမြို့သာ ဖြစ်ပါက သည်မြင်ကွင်းကို တွေ့မြင်သူတိုင်းသည် တကွဲတပြား ပြေးကြပေလိမ့်မည်။ သူတို့သည် ခွန်အားခြင်း ကွာဟမှု ကြီးမားတာကို သိပါက အသေခံရန် တိုးလာကြမည် မဟုတ်ပါ။

သို့သော် ဤနေရာမှာ ရှေးကလန်၊  အင်ပါယာအာဏာကို အကြွင်းမဲ့ထားသော နေရာ ဖြစ်၏။အစောင့်များသည် ရူးသွပ်သွားသည့်အလား အတင်းအကြပ် တိုးဝင်လာသည်ပင်။

ရှေးတောက်အင်ပါယာက အခမ်းအနားပွဲတွင် ပြုံးနေ၏။ ရံဖန်ရံခါဆို သူက ကျယ်ကျယ်လောင်လောင်ပင် ရယ်လိုက်သေးသည်။ စုန့်ကျိက ခေါင်းငုံ့ကာ သူ့ဘေးတွင် ထိုင်နေပြီး တစ်ခုခုကို တွေးနေသည်။

သို့သော် ရှေးတောက်အင်ပါယာက စုန့်ကျိကို ဆော့ကစားဟန် အပြုံးဖြင့် ကြည့်နေ၏။ ခုချိန်တွင် သူသည် အမှန်ပင် ပျော်နေမိသည်။

သူသည် ဝမ်လင်းနှင့် ထိုစိတ်ဝိညာဉ်အပိုင်းအစတို့ တစ်ယောက်နှင့်တစ်ယောက် သိနေကြမှကို ကိုးဆယ်ရာခိုင်နှုန်း သေချာနေ၏။ ဝမ်လင်း၏ ဟန်ပန်သွင်ပြင်အရ သူတို့၏ ပတ်သတ်မှုသည် မရိုးရှင်းနိုင်ပေ။ သူတို့သည် တာအိုလက်တွဲဖော်များ ဖြစ်ပုံရသည်။

သူ ထိုသို့ တွေးမိတိုင်း ရယ်မိကာ အရက်သောက်မိလေ၏။ သူက ထိုခံစားချက်ကို ကြိုက်သည်။ နောက်ပိုင်းတွင် သူသည် ဧကရီနှင့် ဆော့ကစားရန် အချိန် ရှိလာသည့်အခါ သူသည် ဝမ်လင်း၏ နာကျင်သောအမူအရာကို ဟာသလုပ်ကာ ပျော်မိပေအုံးမည်။

“မင်းမှာ စိတ်ဝိညာဉ်သွေး ပိုင်ဆိုင်ထားတော့ရော ဘာဖြစ်သေးသလဲ။ ငါဟာ ရှေးဘိုးဘေးရဲ့ မျိုးဆက်ပဲ။ ရွှမ်လောရဲ့ တပည့်ဖြစ်ဖို့ ငါ အတင်းအကြပ် တောင်းပန်တောင်းဆိုတဲ့ အချိန်တုန်းက ရွှမ်လောဟာ ငါ့ကို ပယ်ချခဲ့ပြီး အခု ဘာမဟုတ်တဲ့မင်းကိုတော့ တပည့်အဖြစ် လက်ခံခဲ့တယ်။ အဲ့တောကော ဘာဖြစ်သေးသလဲ…”

“မင်းမှာ ဘာအခွင့်အရေး ရှိလို့လဲ။ မင်းဟာ လှိုဏ်ဂူလောကက ပုရွတ်ဆိတ်သာသာပဲ။ အရိုင်းသာသာပဲ။ မင်းက ငါ့လို ပါရမီရှင်နဲ့ ယှဉ်ရဲတယ်လား။ အခု မင်း ရှေးတောက်ကို ရောက်လာတာတောင် ငါ့ရှေ့မှာ ဒူးမထောက်ဘဲ နေဝံ့တယ်။ ဝမ်လင်း…မင်း သတ္တိ သိပ်ရှိနေတယ်ပေါ့။ မင်းဟာ ငါ့ကို အရေးမပါဘူးလို့ ယူဆထားတာပဲ။ မင်းရဲ့ ကျင့်ကြံမှုအဆင့်က ဘာပဲ ဖြစ်နေဖြစ်နေ ငါ ဂရုမစိုက်ဘူး။ ရှေးကလန်မှာဆိုရင် မင်း ငါ့ရှေ့မှ ဒူးထောက်ရမယ်…”

“မင်း ဒူးမထောက်ရင် အဆင်ပြေသေးတယ်။ မနက်ဖြန် အခမ်းအနားပြီးရင် ငါဟာ ငါ့ဧကရီနဲ့ ချစ်ရည်လူးတော့မှာ။ မင်းရဲ့ အမျိုးသမီးဖြစ်တဲ့သူရဲ့ အရသာဟာ ဘယ်လိုလဲဆိုတာကို ငါ ခံစားရတော့မယ်…”

“ဝမ်လင်းပုံစံအရ သူဟာ အဲ့စိတ်ဝိညာဉ်အပိုင်းအစကို အသည်းအသန် ရှာဖွေနေတဲ့ပုံပဲ။ ဒါပေမဲ့ သူက သူ ရှာနေတဲ့သူဟာ ငါ့ဘေးမှာ ရှိနေတာကို သိလိမ့်မှာ မဟုတ်ဘူး…။ ဟားဟား…”

ရှေးတောက်အင်ပါယာသည် ထိုသို့ တွေးမိကာ ထပ်မံ ရယ်မောလိုက်ပြန်သည်။

ရှေးတောက်အင်ပါယာက အကြောင်းရင်းမရှိ ရယ်မောသည်ကို တွေ့သည့်အခါ စင်မြင့်ပေါ်ရှိ လူများကလည်း ပြုံး၍ ခွက်မြှောက်လိုက်ကြ၏။

သို့သော် သူတို့ ခွက်မော့၍ မပြီးခင်၊ ရှေးတောက်အင်ပါယာ၏ ရယ်သံ မဆုံးခင်မှာပင် သူတို့အားလုံးသည် နန်းတော်အပြင်မှ ကျယ်လောင်စွာ တုန်ဟည်းမြည်သံကို ကြားလိုက်ရသည်။

ထိုမြည်ဟိန်းသံ ထွက်ပေါ်လာသည့်အခါ သည်နေရာရှိ  ဆူညံမှုကိုပါ ရပ်တန့်သွားစေသည်။ လူတိုင်းသည် ယင်းအသံ ထွက်ပေါ်ရာအရပ်ထံ အကြည့်ရောက်သွားသည်။

သို့မေပည့် နန်းတော်ရှိ နတ်ဘုရားအာရုံအတားအဆီးများကြောင့် သူတို့သည် ဝိုးတဝါးကိုသာ မြင်ရသည်။ ပို၍ အရေးကြီးသည်မှာ ရူးသွပ်ဖွယ်အော်ရာက သည်နန်းတော်ရှိ နတ်ဘုရားအာရုံအားလုံးကို ပိတ်ဆို့ထားခြင်းပင်။ ရှေးတောက်အင်ပါယာသည်ပင် အရာရာကို မမြင်နိုင်ပေ။

“ပြဿနာ မရှိပါဘူး…”  ရှေးတောက်အင်ပါယာက ဖြည်းဖြည်းချင်း ပြောကာ သူ့ပါးစပ်နားသို့ အရက်ခွက်တော့၍ မော့လိုက်၏။

သူ၏အပြုအမူက ရင်ပြင်နှင့် စင်မြင့်များပေါ်ရှိ လူများကို တည်ငြိမ်သွားစေသည်။ သူတို့က မပူပန်ပေ။ သည်နေရာမှာ ရှေးတောက်အင်ပါယာနန်းတော်၊ ရှေးတောက်၏ ဗဟိုချက် ဖြစ်သည်မဟုတ်လား။ သည်နေရာရှိ အကာအကွယ်က အစွမ်းထက်လှသည်။ သူတို့သည် ဒီနေရာသို့ တယောက်ယောက်က ချိုးဖျက်ဝင်ရောက်လာပြီး အသက်ရှင်နိုင်လိမ့်မည်ကို မယုံကြည်ပေ။

ရင်ပြင်သည် ထပ်မံ သက်ဝင်လာ၏။ ဂုဏ်ပြုသံများ ထပ်မံ၍ ပဲ့တင်ထပ်ပြန်သည်။

သို့ပေမည့် အပြင်ဘက် မြည်ဟိန်းသံများက ပိုကျယ်လောင်လာ၏။ လူတိုင်းသည် တဖန် ငြိမ်သက်သွားပြန်သည်။ မည်သူကမျှ ရှေးတောက်အင်ပါယာ၏ လက်သည် အနည်းငယ် တုန်ခါနေတာကို သတိမပြုမိကြပေ။ သူက အရက်ခွက်ကို ပြန်ချလိုက်သည်။ သူသည် မျက်မှောင်ကြုတ်ကာ အကွာအဝေးတစ်ခုထံသို့ စိုက်ကြည့်သည်။

ရှေးတောက်အင်ပါယာက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “အစောင့်တွေ ဘယ်ရောက်နေကြလဲ…”

သူ ထိုသို့ ပြောလိုက်စဉ် ကျင်းတစ်ရာ့ရှစ်ယောက်သ်ည ထရပ်ကာ အင်ပါယာထံ ဒူးတစ်ဖက်စီ ထောက်လိုက်ကြ၏။

“သွားပြီးတော့ ပြဿနာလာရှာတဲ့သူကို သတ်လိုက်။ သူ့ခေါင်းကို ငါ့ရှိ ယူခဲ့ကြ…”

“အမိန့်အတိုင်းပါ အရှင်…”  ကျင်းတစ်ရာ့ရှစ်ယောက်က ပြိုင်တူ ပြောလိုက်၏။ သူတို့၏အသံများသည် အသံတစ်သံအဖြစ်သို့ ပေါင်းစည်းသွားကာ အားကောင်းလှသော သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်သည်။ သူတို့သည်အလင်းတန်း တစ်ရာ့ရှစ်ခုအဖြစ်သို့ ပြောင်းကာ နန်းတော်အပြင်သို့ တရကြမ်း ထွက်သွားသည်။

ထိုသူတို့ ပျံသန်းသွားသည့်နောက် ရှေးတောက်အင်ပါယာက ပြောလာ၏။ “ကြင်ယာတော်ကို အနားယူဖို့ ပြန်ပို့လိုက်ကြတော့…”  စုန့်ကျိ၏နောက်တွင် အရိပ်နှစ်ခု ပေါ်လာကာ သူမကို ဦးညွှတ်လိုက်သည်။

စု့န်ကျိက ထရပ်သည်။ သူမ၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုက ပို၍ အားကောင်းလာသည်။ သူမသည် တုန်ဟည်းသံများ ထွက်ပေါ်လာသော နန်းတော်အပြင်သို့ လှမ်းကြည့်သည်။ ဝမ်အာ ဟူသော အမည်ဖြင့် စကားလုံးတို့က သူမ၏စိတ်ထဲတွင် ပဲ့တင်ထပ်နေတုန်းပင်။

“ခုထိ ပြန်မသွားသေးဘူးလား…”  ရှေးတောက်အင်ပါယာက မျက်မှောင်ကြုတ်သွား၏။ သူက စုန့်ကျိကို အေးစက်စက် လှမ်းကြည့်သည်။

စုန့်ကျိသည် အတော်လေး ကြောက်ရွှံသွားပုံ ရသည်။ သူမ၏ခန္ဓာကိုယ်သည် တုန်ယင်ကာ သူမသည် ခေါင်းငုံ့လိုက်သည်။ သူမသည် အရိပ်နှစ်ခုနောက်သို့ လိုက်ပါရန် ဟန်ပြင်စဉ် ကျယ်လောင်စွာ အော်ဟိန်းသံ ပဲ့တင်ထပ်သည်။ ၎င်းအသံက အတော်လေး နီးနေ၏။

ထိုဟိန်းအော်သံ ပဲ့တင်ထပ်သည့်အခါ ရှေးတောက်အင်ပါယာသည် ရုတ်တရက် လှမ်းကြည့်လိုက်ရာ သူ့အမူအရာက ကြီးစွာ ပြောင်းလဲသွားသည်။

သူသည် ကျင်းတစ်ရာ့ရှစ်ယောက် နောက်ဆုတ်ရကာ သွေးများ အန်ထွက်ရသည်ကို တွေ့မြင်လိုက်ရ၏။ သူတို့၏ခန္ဓာကိုယ်များသည် ကောင်းကင်ထက်တွင် ပေါက်ကွဲသွားသည်။ လူတစ်ယောက်သာ မသေခဲ့တာ ဖြစ်၏။ ထိုသူက မြေပြင်ထက်သို့ ပြုတ်ကျလာပြီး အင်ပါယာရှေ့တွင် ဒူးထောက်သည်။ သူသည် စူးရှသော အသံဖြင့် သွေးအန်ထွက်ရင်း ပြောလာ၏။

“သူက ဝမ်လင်းပဲ။ သူက အင်ပါယာကို သတ်ချင်နေတယ်…”

All Chapters